YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Remember.2015.E05.WEB-DL.1080P(CM).mp4

1.35 GB N/A video/mp4 270 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Heneral Luna
7.6

ဖီလစ်ပိုင်နိုင်ငံကို အမေရိကန်တွေကျူးကျော်စစ်ဝင်ထိုးနေတဲ့အတွက် ဖီလစ်ပိုင်းသမ္မတကြီးက ဖြေရှင်းဖို့အတွက် အစည်းအဝေးလုပ်တယ်။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံရေးသမားတွေနဲ့ အပြန်အလှန်ဆွေးနွေးငြင်းခုံနေကြတယ်။ အမေရိကန် အင်အားနည်းနေချိန်မှာ တိုက်ခိုက်မှ ဖြစ်မယ် မဟုတ်ရင်တစ်နိုင်ငံလုံးကျွန်ဘဝရောက်မယ့်အကြောင်းကို ဗိုလ်ချုပ်လူနာကတင်ပြတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက သူတို့ကိုယ်ကျိုး ထိခိုက်မှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ပဲဆန္ဒရှိကြတယ်။ နောက်ဆုံးမှာတော့ သမ္မတကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းမယ် စစ်ရေးအတွက်လည်းပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ချိန်မှာ အမေရိကန်တွေက မနီလာမြို့အပါအဝင်အခြားနေရာကိုသိမ်းယူလိုက်ပါတယ်.. ဖိလစ်ပိုင်တို့အတွက်တော့ အတော်ကြီးအထိနာတဲ့ကိစ္စလို့ဆိုရပါ့မယ်..အဒီနောက် ဗိုလ်ချုပ်လူနာတို့ ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာကိုတော့.. ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး ဘက်ဂျက်အတော်များများသုံးရိုက်ကူးထားတဲ့အတွက် ဖိလစ်ပိုင်ကားဆိုသော်ငြား တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်ပါကြောင်း... File Size :(3.3GB)(1.2 GB) and (407MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre : Action, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Drama • Thriller
7.6 2015 118 mins
Heneral Luna
Kissable Lips
1

ဒီကားလေးက blကိုမှ သွေးစုပ်ဖုတ်ကောင်နဲ့သွေးသန့်လူသားတို့ရဲ့အချစ်ဇာတ်လမ်းလေး wpတွေမှာ အရမ်းစိတ်ကူးယဥ်ပြီးရေးဖူးတာတွေတွေ့မှာပါ ဒီကားလေးကလည်းအဲ့လိုပါပဲ။ "ချန်ရစ်ခဲ့သူနဲ့ကျန်ရစ်ခဲ့သူတွေမှာ အခံစားရဆုံးက ကျန်ရစ်ခဲ့သူတွေ" လို့ ပြောကြတယ် အဲ့ထဲမှာမှ ကိုယ့်ကြောင့်ချစ်ရတဲ့သူက ထွက်သွားရတာဆို လုံးဝဖြေမဆည်နိုင်အောင်ပါပဲ ဇာတ်လမ်းလေးထဲမှာလည်း ဂျန်ဟိုဆိုတဲ့သွေးစုပ်ဖုတ်ကောင်ဟာ သူ့စိတ်မထိန်းနိုင်မှုကြောင့် သူ့ချစ်သူဒိုဟွန်းကိုဆုံးရှုံးခဲ့ရပါတယ် ပိုဆိုးတာက သူတို့သွေးစုပ်ဖုတ်ကောင်တွေမှာလဲ စည်းမျဥ်းတွေရှိနေတာပါပဲ လူသား (သို့မဟုတ်) မျိုးတူအချင်းချင်းကိုသတ်မိရင် အဲ့ဒီသွေးစုပ်ဖုတ်ကောင်ဟာ ၁၀ နှစ်အတွင်းပျောက်ကွယ်သွားမှာပါ ခုလည်းချစ်သူလူသားကိုသတ်မိတဲ့ ဂျန်ဟိုဟာ ပျောက်ကွယ်ဖို့အချိန်နီးကပ်လာပါတော့တယ် ဒါပေမဲ့ ရှင်သန်ချင်ရင် နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး အဲ့ဒါကတော့ သွေးသန့်လူသားကို ရှာပြီးသူ့သွေးကိုစုပ်ရမှာပါ သွေးသန့်လူသားကလည်း ရာစုနှစ်တစ်ခုကြာမှတစ်ယောက်ပဲမွေးဖွားပါတယ် လူသားဖြစ်ဖို့နည်းလမ်းရှာနေတဲ့ဂျန်ဟိုတစ်ယောက် သွေးသန့်လူသားချွဲမင်ဟျွန်းကိုတွေ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုကြိုးစားမလဲ စိတ်ဝင်စားစရာလေးမို့ကြည့်ကြည့်ပါနော် ပြီးတော့ uke လေးရော seme လေးရောအရမ်းချောတာမို့ ကြည့်ရတာတန်ပါတယ်ရှင် ဂျန်ဟိုအဖြစ် Kim Ji Woong ချွဲမင်ဟျွန်းအဖြစ် Yoon Seo Bin ဟေးဆိုးအဖြစ် Moon Ji Hoo တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။ Genre.....BL, Drama, Romance Quality….WEB-DL 1080p and 720p File size…1.23GB and 647MB and 230MB Format…mp4 Duration….1h 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... Kong Hou Encoder ..... August

Horror
1 2022 86 mins
Kissable Lips
Diary

ဒီတစ်ခေါက်မှာတော့ Mystery, Thriller တွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ Dejavu မင်းသား Arulnithi ရဲ့ နောက်ထပ် Crime, Thriller ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ မတ်တူပါလာယမ်ကနေ အိုတီမြို့ကိုသွားတဲ့လမ်းက ထူးဆန်းတဲ့ ၁၃လမ်းကွေ့ဆိုတဲ့နေရာအကြောင်းကို‌ ဖော်ပြထားပါတယ် ။ အဲ့ဒီနေရာရောက်တိုင်း ယာဉ်မတော်တဆမှုတွေဖြစ်လေ့ရှိတာကြောင့် ရဲတပ်ဖွဲ့၀င်တွေကပါ သတိပေးထားရတာကြောင့်ပါ ။ တချို့ကလဲ အဲ့ဒီနေရာကသရဲခြောက်တယ်လို့ ပြောကြပါတယ် ။ ၁၃လမ်းကွေ့ရဲ့အကြောင်းကတော့ အိုတီမြို့မှာပြောစမှတ်တွင်လာပါတော့တယ်။ ဗာရတ်ဒါဟာ စုံစမ်းစစ်ဆေးရေးသင်တန်းသား အရာရှိလောင်းတစ်ဦးဖြစ်ပါတယ် ။ တစ်ရက်မှာ ဌာနကသင်တန်းသားတွေကို အဖြေမပေါ်သေးတဲ့အမှုတွေကိုပြန်လည်စစ်ဆေးဖို့ တာ၀န်ပေးလိုက်ပါတော့တယ်။ ဗာရတ်ဒါစုံစမ်းရမဲ့အမှုက ၁၆နှစ်ကြာတဲ့အထိအဖြေမပေါ်သေးတဲ့ အိုတီမြို့ကဟိုတယ်မှာ လင်မယားနှစ်ယောက် အသတ်ခံရတဲ့အမှုပါ။ ဗာရတ်ဒါနဲ့အတူ အမှုကိုကူညီပြီးစုံစမ်းပေးဖို့ ဒုစုံစမ်းရေးမှူး ပါဗီသရာကိုလည်းတာ၀န်ပေးထားပါတယ် ။ ဒါပေမဲ့ သူတို့စုံစမ်းရမဲ့အမှုဟာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး ... ဒါ့အပြင်အိုတီမြို့က တခြားသောအမှုတွေနဲ့လည်း ပတ်သတ်နေပါသေးတယ်... သူတို့နှစ်ယောက် လွန်ခဲ့တဲ့၁၆နှစ်ကအမှုကိုပြန်လည်ဖော်ထုတ်နိုင်ပါ့မလား... ဇာတ်လမ်းအစက သရဲခြောက်ပါတယ်ဆိုတဲ့ ၁၃လမ်းကွေ့နဲ့ရော ဘယ်လိုပတ်သတ်နေမလဲ... ဇာတ်လမ်းမှာဘာဆက်ဖြစ်မယ်ဆိုတာကြိုမသိရပဲ ရင်တထိတ်ထိတ်နဲ့ ပရိသတ်ကိုအဆုံးထိဆွဲခေါ်သွားမှာပါ ။ လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်နော် File size…1.7GB /  849MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & HM & OeliuJ & Kevin Ag

Action • Thriller
0 2022 17 mins
Diary
Mank
6.7

IMDb Rating - 7.4/10 #Unicode မနှစ်ကတင် Tarantinoက ဟိုးအရင် ဟောလိဝုဒ်ကို တမ်းတတဲ့ရုပ်ရှင်တစ်ကား ထွက်ထားပါတယ်။ ဒီနှစ်တော့ David Fincher အလှည့်ပါပဲ။ Mankရဲ့ ဒါရိုက်တာ David Fincherကိုတော့ အတော်များများသိကြမှာပါ။FightClub , Gone Girl, Seven, Zodiacတို့လို နာမည်ကျော်ကားတွေနဲ့ နာမည်ကျော်ပါတယ်။ အခု Mankရဲ့ ဇာတ်ညွှန်းကိုရေးထားတာက သူ့အဖေ Jack Fincherပါ။ ဒီရုပ်ရှင်ကို Jackဟာ သူ့အရင်ရွှေခေတ်ကိုတမ်းတသမှုနဲ့ 1990ကတည်းကစ ဇာတ်ညွှန်းရေးခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်သုံးဆယ်က မြစ်ဖျားခံတဲ့ ဟောလိဝုဒ်ရွှေခေတ်တမ်းတမှုဟာ နောက်ထပ်ခေတ်တစ်ဆက်ခြားပြီးတဲ့ ဟောလိဝုဒ်ရဲ့ခေတ်မဟုတ်တော့တဲ့ခေတ်မှာ ထွက်လာခဲ့ပါပြီ။ ဇာတ်အိမ်ရော ‌ဇာတ်လမ်းနာမည်ရောက လူတစ်ယောက်တည်းပေါ်ပဲ အခြေပြုထား တယ်။ အဲ့ဒီလူက ဇာတ်ညွှန်းရေးဆရာ မန့်ခ်ပါ။ သူအကြောင်းဆိုတာက သူလုပ်ခဲ့တဲ့ ရုပ်ရှင် ကုမ္ပဏီအကြောင်း၊ သူအော်စကာရခဲ့တဲ့ ဇာတ်ညွှန်းကိုရေးခဲ့တဲ့အကြောင်းတွေ။ တစ်ချိန်လုံးဘာမှမလုပ်ဘဲ ဥက္ကဌတောင်းကာမှ နှုတ်တန်းဇာတ်ညွှန်းတစ်ခုကို တစ်ယောက် တစ်ကြောင်းကောက်ရေးကြတာတဲ့ အကြောင်းတွေ။ဟောလိဝုဒ်လောကက သူဌေးတွေနဲ့ သူတို့လိုဇာတ်ညွှန်းရေးဆရာတွေရဲ့ ဆက်ဆံရေးတွေပါပဲ။။ဇာတ်ကားက အေးပေမယ့်လည်း ဒီအခန်းတွေက တကယ်အားရစရပါပဲ။ အေးစက်တဲ့ရုပ်ရှင်ပေမယ့် ရုပ်ရှင်က အချိန်အစဉ်လိုက်မဖြစ်တော့ သူ့ဘ၀ကို ကျွန်တော့်တို့အတွေးထဲမှာ ပုံပြန်ဖမ်းယူရတဲ့ အလုပ်ကို ဒါရိုက်တာက ပေးထားတယ်။ တစ်ခုရှိတာက ဒီအစဉ်လိုက် ဖြစ်‌မနေမှုအတွက် ဇာတ်ညွှန်းကို သူတော်တော်နိုင်ပါတယ်။ မန့်ခ်ရဲ့ ခါးသက်တဲ့ နေ့တွေကို ကနဦးမှာကတည်းက ထည့်သွင်းထားပေမယ့် ခါးသက်တယ်မထင်ရအောင် သေချာထည့်ထားတာပါပဲ။ အမှတ်မထင်ထည့်ထားတဲ့ တစ်ချို့ဟာသတွေကလည်း ခိုးခနဲခွက်ခနဲရယ်ရနေတာမဟုတ်ပေမဲ့ ဖြစ်တတ်တဲ့သဘာ၀လေးကိုပဲ သဘောကျမိစေတာမျိုးတွေပါ။ ရုပ်ရှင်ဓာတ်ပုံပညာကလည်း ကျွန်တော်ဆို leaked photoတွေ ထွက်လာကတည်းက သဘောကျမိတာတွေတောင်ရှိတော့ အထွေအထူးပြောစရာမလိုပါဘူး။ ဂန္တ၀င်ရုပ်ရှင်ကားတွေများစွာကို ထုတ်ပေးခဲ့တဲ့ ဟောလိဝုဒ်ရဲ့ ရွှေရောင်အတိတ်နေ့တွေကိုရော ဂန္တ၀င်ကားတစ်ကားကို ဇာတ်ညွှန်း ဖန်တီးခဲ့ပုံကိုရော Mankမှာ သေချာပုံဖော်ပေးသွားပါတယ်။ ရုပ်ရှင်ထဲက မန့်ခ်ကတော့ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်တာကို ၂နာရီဆိုတဲ့အချိန်အတွင်းမှာ အမိအရရိုက်ပြလို့မရဘဲ အဲ့ဒီလူရဲ့ ခံစားမှုသွင်ပြင်တစ်ခု ထင်ကျန်နေအောင်ပဲလုပ်ပြလို့ရမယ်ဆိုတယ်။ ဒါဆိုရင်‌တော့ Grey Oldmanရော David နဲ့ Jackရော သူတို့တာ၀န်ကို ကြေခဲ့ကြပါတယ်။ Mankဟာ 2021အော်စကာစာရင်း၀င် ရုပ်ရှင်တစ်ကားလည်း ဖြစ်လာဦးမှာပါ။ (ဒီဇာတ်ကားရဲ့ အညွှန်းကို ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပြီး ၊ WiRa Aung နဲ့ d3mon က တွဲဖက် ဘာသာပြန်ပေးထားပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 11min Subtitle – Myanmar Hardsub Format – Mp4 Genre : Biography, Comedy, Drama Source : 1080p.WebRip Translator – WiRa Aung, d3mon Encoder – SWM

Drama • Mystery
6.7 2020 132 mins
Mank
The Judgement [De veroordeling]
7.3

The Judgement [De veroordeling] (2021) ============================= Genre – Biography, Crime, Drama IMDb Rating – 7.3/10 တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ နယ်သာလန်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၉ ခုနှစ်မှာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမကြီးတစ်ယောက် သေဆုံးမှုကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ စတွေ့တဲ့သက်သေတွေအရ လောင်ဝက်စ်ဆိုတဲ့လူကို ဖမ်းဆီးလိုက်ကြပါတယ်။ ဒါပေမဲ့ နောက်နှစ်နည်းနည်းကြာလာတော့ ပြန်လွှတ်ပေးလိုက် ကြပါတယ်။ နောက်ပြီးတော့ ဒီအန်အေစစ်တာ ကိုက်ညီတယ်ဆိုပြီး ထောင်ဒဏ် ၁၂ နှစ် ပြန်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ နက်ဝေါ့ဆိုတဲ့ ရုပ်သံလိုင်းက သတင်းထောက် ဘတ်စ်ဟန်းဟာ ဒီအမှုနောက်ကို စိန်ခေါ်မှုတွေများစွာနဲ့ သတင်းလိုက်ပြီး အမှန်တရားကို ရှာဖွေပါ တော့တယ်။ တစ်ချိန်တည်းမှာလည်း မောရစ်စ်ဆိုတဲ့လူ ပြောစကား အရ မုဆိုးမကြီးကို သတ်တဲ့လူဟာ သူမရဲ့ လက်တိုလက်တောင်း ခိုင်းတဲ့ မီခေး ဖြစ်နေတယ်လို့လည်း စွပ်စွဲလာပါတယ်။ အဲဒီမှာ သပွတ် အူလို ရှုပ်ထွေးလှတဲ့ အမှုအခင်းကြီး ဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာ သတင်းထောက်အမြင်နေရာကနေ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.77 GB) / (667 MB) / (372 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………2Hr 10Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Crime, Drama Translator…….Thura Aung Encoder……….SWM

Romance
7.3 2021 130 mins
The Judgement [De veroordeling]
Baantjer het begin
6.8

Baantjer het begin (2019) ================== IMDb Rating – 6.8/10 ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ် နယ်သာလန်ဘုရင်မကြီး ဘီယက်ထရစ်နန်းတက်ပွဲမတိုင်ခင်ရက်ပိုင်းအနည်းငယ် အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ ယူရီယန်နယ် ကော့ဆိုတဲ့ ကျေးလက်ဒေသကနေမှ အမ်စတာဒမ်ကိုပြောင်း ရွှေ့လာခဲ့တဲ့ စုံထောက်လေးပေါ့။ သူနဲ့အတူတူတွဲလုပ်ရတဲ့ စုံထောက်ကတော့ တိုနီမွန်တိုင်းဆိုတဲ့ အမ်စတာဖွားငလည် စုံထောက်တစ်ယောက်။ ယူရီယန်တစ်ယောက် ရောက်ရောက် ချင်းမှာတင်ကိုပဲ ကံဆိုးချင်တော့ လူဆိုးလိုက်ဖမ်းရာကနေ လူသေအလောင်းတစ်လောင်းကိုရှာတွေ့သွားခဲ့ပြီး၊ အဲဒီလူသေ အလောင်းကနေမှ နန်းတက်ပွဲကိုဝင်တိုက်ခိုက်နိုင်မယ့် သဲလွန် စတွေကိုသိသွားခဲ့ရပါတယ်။ ဒီတော့ နန်းတက်ပွဲကို တိုက်ခိုက်ဖို့ကြံစည်နေကြတာ ဘယ်သူ တွေလဲ၊ ယူရီယန်နဲ့ တိုနီတို့နှစ်ယောက် အချိန်မီတားဆီးနိုင်ကြ မလား၊ တခြားသူတို့မသိကြသေးတာတွေ ဘာတွေရှိနေနိုင်သ လဲဆိုတာကိုတော့ ဒီ Baantjer het begin (2019) ကားထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.87 GB) / (680 MB) / (364 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 53Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Drama Translator…….Fiona Gillen Encoder……….SWM

Comedy • Drama • Fantasy • Romance
6.8 2019
Baantjer het begin
Don’t Buy the Seller
7.8

Don’t Buy the Seller aka Target (2023) Shin Hye Sun ရဲ့ ဇာတ်လမ်းအသစ်လေး ထွက်လာပါပြီ၊ Kang Tae Oh ကလည်း စစ်မှုမထမ်းခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမို့ အလွမ်းပြေလေး ကြည့်လို့ရပါပြီ ဒီဇာတ်လမ်းကတော့ သရဲထက်ပိုကြောက်ဖို့ကောင်းတဲ့ လူတွေရဲ့ လောဘစိတ်ကြောင့်ဖြစ်လာတာကို အခြေခံပြီး ရိုက်ကူးထားတဲ့ Thriller ဇာတ်လမ်းကောင်းကောင်းလေးဖြစ်ပါတယ် လစာနဲ့လည်ပတ်နေတဲ့ လခစားတွေဆိုရင် ပေါချောင်ကောင်းပစ္စည်းလေးတွေကို ရှာဝယ်တတ်ကြပါတယ်.. ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ဂျန်ဆူဟျွန်းဟာဆိုလည်း အဝတ်လျှော်စက်ကို တစ်ပတ်ရစ် website ကနေမှာလိုက်ရာကနေ မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းစလာပါတော့တယ် တစ်ပတ်ရစ်ဈေးကနေ အလိမ်ခံလိုက်ရပြီးတော့ အဲလူလိမ်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းကနေ ဖုန်းနံပါတ်၊ အိမ်လိပ်စာကစလို့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါက်ကြားသွားပြီး အိမ်မှာနေရတာကိုက ထိတ်တလန့်လန့်ဖြစ်နေရပါတော့တယ် တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဒုက္ခပေးနိုင်လွန်းတဲ့ အဲလူလိမ်ကို ဂျန်ဆူဟျွန်းက ဘယ်လိုအနိုင်တိုက်မလဲ.. ဖြစ်လာသမျှကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ် Genre….. Crime, Mystery, Thriller Quality…. 1080p | 720p File size… 1.1GB | 439MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz & Hmwe Encoder ….. Aaron

7.8 2023
Don’t Buy the Seller
Ghost Rookie
6

Ghost Rookie (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ”Ghost Rookie ”ဆိုတဲ့ 2023 ထွက်သရဲကားလေးပါ သူကသရဲကားဆိုပေမယ့်ရုပ်ဆိုးဆိုးသရဲမဟုတ်ပဲ သရဲအလှလေးနဲ့ သရဲအဆင်လေးတွေပါနော် ဝင်း ဆိုတဲ့ ကောင်လေးက မွေးတည်းက ကံဆိုးမှုနဲ့မွေးလာလို့ ဘဝတစ်လျှောက်လုံးအဆင်မပြေဖြစ်နေတဲ့ကောင်လေးပါ တစ်နေ့မှာသူကထုံးစံအတိုင်းအပြင်ထွက်ပြီး အလုပ်လုပ်ရင်းကံဆိုးပြီးမတော်တဆသေ သွားတဲ့အခါ တမလွန်ဘဝမှာ သူ အသက်ရှိစဥ်တုန်းက မိဘနှစ်ပါးအပေါ် တာဝန်မကျေခဲ့ရတဲ့အတွက် ထီပေါက်အောင်လုပ်ပေးဖို့ကြိုးစားပါတော့တယ် ဝင်းတစ်ယောက်မိဘတွေကိုထီပေါက်အောင်လုပ်ပေးပြီး နောက်ဘဝမှာစိတ်ချလက်ချနဲ့ပြန်ပြီးဝင်စားနိုင်ပါ့မလားဆိုတာကြည့်လိုက်ရအောင်နော် အညွန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 607MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

Romance
6 2023
Ghost Rookie
Christmas As Usual
5.4

Christmas As Usual (2023) ==================== Thea က ခရစ္စမတ်အတွက် သူ့မွေးရပ်မြေကိုပြန်ဖို့ သူနဲ့စေ့စပ် ထားတဲ့ ချစ်သူ Jashanကိုပါ ခေါ်လာခဲ့တယ်။ ဒါပေမဲ့ Theaက သူ့မိသားစုကို Jashanက အိန္ဒိယလူမျိုးဖြစ်ကြောင်းနဲ့ သူတို့စေ့ စပ်ထားကြောင်းကို မပြောရသေးပါဘူး။ လူမျိုးချင်းမတူတဲ့ Thea နဲ့ Jashan တို့ ခရစ္စမတ်မှာ မတူညီတဲ့ ယဥ်ကျေးမှုဓလေ့ရိုးရာ ယုံကြည်မှုတွေကို ဘယ်လို မေးခွန်းထုတ် အမြင်ပြောင်းလဲစေ မလဲ၊ မိသားစုကြားက ခရစ္စမတ်အတွင်း ဘယ်လိုနွေးထွေးမှုတွေ ရှိလဲဆိုတာကို ကြည့်ရှုရမှာပါ။ နော်ဝေးမိသားစုလေးရဲ့ ပုံမှန်ခရစ္စ မတ်လေးက Jashan အတွက်တော့ ပုံမှန်ခရစ္စမတ်မဟုတ်ခဲ့တာမို့ သူဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ရင်တ မမနဲ့ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.39 GB) / (482 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Thwal Htoo Zin Encoder……….SWM

Horror • Action • Fantasy
5.4 2023 89 mins
Christmas As Usual
Dark Blue
6.6

အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာ LAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ် လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေး လက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီး ဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲ သံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။ တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီး ဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟု အကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူက လူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီး တစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။ အဲဒီလို အခြေအနေမှာပဲ စတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင် လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါ ပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။ မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲ ဆိုတာအပြင် ရဲမှူး ဟောလန်း ကရော ပ ယ်ရီရဲ့ ကျူးလွန်မှုတွေကိုဖော်ထုတ် နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ ရဲဝန်ထမ်းတွေရဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ကြပုံတွေ အ ချင်းချင်း ထိုးကျွေးကြတာတွေကို ပြတဲ့ ဖန်တရာ‌တေဇာတ်လမ်းမျိုးဖြစ်ပေမယ့်လည်း ဇာတ်လမ်း ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ လူမျိုးရေးအဓိကရုဏ်းတွေကိုပါ နောက်ခံထားရိုက်ကူးထားတဲ့အတွက် မတူညီတဲ့ခံစားမှုမျိုးရမှာပါ။ 2002 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 6.6 ရထားတဲ့ ဟောင်းပေမယ့် ကောင်းနေဆဲ ဇာတ်ကားလေးပါ။ မင်းသားကြီး Kurt Russell က အယ်ဒွန် ပယ်ရီ နေရာက သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်တွေ နဲ့ ဒိုင်ယာလော့တွေက အရမ်းမိုက်ပါတယ်။ အက်ရှင်ကားတွေ၊ ရဲစုံထောက်ဇာတ်လမ်းတွေကို နှစ်သက်သူတွေ မဖြစ်မနေကြည့်ရှုသင့်လို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.4 GB / 815 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

Romance • Drama • Thriller
6.6 2002 118 mins
Dark Blue
Jane
6.1

Jane (2017) *********** ဒီတစ်ခေါက်မှာတော့ ကိုရီးယားရုပ်ရှင်ပွဲတော်များစွာမှာ သရုပ်ဆောင်မှုအတွက်ရော ဇာတ်ဝင်ခန်းရိုက်ချက်တွေအတွက်ပါ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးလောကမှာလည်း ချီးကျူးမှုတွေ ခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ D.P. ထဲက မင်းသား Koo Gyo Hwan, Lee Min Ji နဲ့ Itaewon Class ထဲက Lee Joo Young တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးမှာ စွန့်ပစ်ခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေး ဘန်းဆိုဟျွန်းနဲ့ မိခင်သဖွယ်‌နွေးထွေးကြင်နာတတ်တဲ့ လိင်ပြောင်းအမျိုးသမီး ဂျိန်း (Jane)တို့နှစ်ဦးကို ဇာတ်အိမ်တည်ထားပါတယ် .. ဘန်းဆိုဟျွန်းဟာ အစ်ကိုသဖွယ် အားကိုးရတဲ့လူတစ်ယောက်ရဲ့ စွန့်ပစ်တာကို ခံရပြီး ဘဝကြီးကို သူများလက်အောက်မှာ ကျီးလန့်စာစားရင်း ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ ဦးတည်ရာမဲ့ရင်း ဆိုးလ်မြို့လမ်းမပေါ် သွားလာနေချိန်မှာ .. သူမလိုပဲ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်ခြင်းကို ခံရတဲ့ Jane က သူမကို ခေါ်ယူမွေးစားပြီး သူမလို ပုံစံတူလူငယ်များနဲ့ မိသားစုလေးတစ်စု ဖွဲ့စည်းခဲ့တယ်။ ဒီလိုနဲ့ ဆိုဟျွန်းအတွက် Jane ဟာ စိတ်ခွန်အားတစ်ရပ်၊ နားခိုရာအိမ် ဖြစ်လာခဲ့ပြီး ဘဝဒဿနတွေကို သင်ယူရာ ကျောင်းတော် ဖြစ်လာခဲ့ပါတော့တယ် .. သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းလေးဟာ ရုပ်ရှင်ထဲမှာ အိပ်မက်လိုလို လက်တွေ့ဘဝလိုလို ဇာတ်ကွက်တွေ ရောယှက်နေပြီး လူ့အဖွဲ့အစည်းက ‌ဘေးဖယ်ထားတဲ့သူတွေရဲ့ ဘဝကို ကောင်းကောင်းမီးမောင်းထိုးပြနိုင်ခဲ့တဲ့ကားကောင်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် .. File size…1.9GB / 631MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by AHtet

Drama • Romance
6.1 2017
Jane
Distant
5.7

Distant (2024) IMDb Rating (5.7) အန်ဒီရာမီရက်ဇ်ဆိုတဲ့ လူငယ်လေးဟာ အိပ်မွေ့ချအိပ်စက်ခြင်းကနေ ရုတ်တရက်လန့်နိုးလာခဲ့ပြီး သူတို့ရဲ့အာကာသယာဉ်ကြီးဟာ ဂြိုလ်သိမ်ဂြိုလ်မွှားတွေနဲ့ဝင်တိုက်ပြီး ပျက်ကျလုဆဲဆဲဆိုတာ သိလိုက်ရပါတယ်။ အဲ့ဒီမှာပဲ အရေးပေါ်လုံခြုံရေးစနစ်တွေအသက်ဝင်လာခဲ့ပြီး လွတ်မြောက်ရေးယာဉ်ငယ်တွေက တစ်ဆင့်အမည်မသိဂြိုလ်တစ်စင်းပေါ် ဆင်းသက်ခဲ့ရပါတယ်။ ဂြိုလ်ပေါ်ကိုအဝင်မှာတင်ပဲ မမျှော်လင့်တဲ့ပြဿနာတွေကြောင့် ယာဉ်ငယ်တွေအားလုံးနီးပါးပျက်ကျခဲ့ပြီး ပါဝင်သူတွေပါသေဆုံးခဲ့ပါတယ်။ ရေဒီယိုအသံလွှင့်စနစ်ကတစ်ဆင့် အချက်ပြဆက်သွယ်ပေမယ့် ဘယ်သူ့ဆီကမှ အကြောင်းပြန်မလာခဲ့ပါဘူး။ သူ့မှာအဖော်ဆိုလို့ AI တစ်ခုဖြစ်တဲ့ “L.E.O.N.A.R.D” သာရှိပါတယ်။ ကမ္ဘာမြေနဲ့ မိုင်ထရီလီယံပေါင်းများစွာဝေးကွာတဲ့ သူစိမ်းဂြိုလ်တစ်ခုမှာ သူ့အတွက် ဘယ်လိုအန္တရာယ်တွေစောင့်ကြိုနေမလဲ? ကမ္ဘာမြေကိုဘယ်လိုပြန်အဆက်အသွယ်လုပ်ကြမလဲ? သူ့အတွက် အိမ်ပြန်နိုင်မယ့်အခွင့်အရေးရောရှိပါဦးမလား? sci-fi ရုပ်ရှင်တစ်ကားမှာမြင်နေကျအကြောင်းအရာတွေကို အသုံးချဖန်တီးထားပေမယ့် ဇာတ်အိမ်ကိုဟာသနှောပြီးပေါ့ပေါ့ပါးပါးသွားထားပါတယ်။ အထူးပြုလုပ်ချက်ကောင်းကောင်းတွေ၊ cinematography အမိုက်စားတွေနဲ့အဓိက သရုပ်ဆောင်နှစ်ယောက်ကြောင့် ကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (660 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Sci-Fi Duration….01:28:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5.7 2024 87 mins
Distant
2nd Miracle in Cell No. 7
7.8

2nd Miracle in Cell No. 7 (2024) IMDb Rating (7.8) Miracle in Cell No. 7 ဟာ မူရင်းကတော့ ကိုရီးယားရုပ်ရှင်ဖြစ်ပြီး တော်တော်လေးအောင်မြင်မှုကြီးခဲ့တယ်။ မူရင်းကတော့ ကိုရီးယားက လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး တူရကီကား အိန္ဒိယကား အင်ဒိုကား ဖိလစ်ပိုင်ကားစသဖြင့် မျိုးစုံရိုက်ခဲ့တယ်။ မူရင်းကနေ နည်းနည်းစီတော့ ကွဲထွက်ကြပါတယ်။ တူရကီကားမှာတော့ ဇာတ်သိမ်းကောင်းအောင်ပြောင်းပေးထားခဲ့ပြီး အခု အင်ဒိုကားကတော့ ၂၀၁၉တုန်းကတော့ မူရင်းကားနဲ့ခပ်ဆင်ဆင်အတိုင်းပဲ ထုတ်ခဲ့ပြီး ၂၀၂၄မှာတော့ အစွပ်စွဲခံရပြီး သေဒဏ်ပေးခံလိုက်ရတဲ့ ကျပ်မပြည့်တဲ့ ကလေးမလေးရဲ့အဖေသေသွားပြီးတဲ့နောက် ကလေးမလေးဘဝက ဆက်ဖြစ်သွားတဲ့ အဖြစ်အပျက်တွေရယ်။ ထောင်သားတွေနဲ့ အဲဒီကလေးမလေးရဲ့ ရှေ့ဆက်ဆံရေးတွေရယ်။ နောက် ကလေးမလေးအဖေနဲ့ အမေရဲ့ အတိတ်အကြောင်းရယ်ကို ပြထားတယ်။ မူရင်းကိုရီးယားကားမှာတော့ ထောင်မှူးက မွေးစားခဲ့ပြီး နောက်ဆုံးမှာ ရှေ့နေဖြစ်လာတာကို တစ်ဖြတ်ပြသွားပေမဲ့ ကြားထဲက အဖြစ်အပျက်တွေကိုတော့ မပြခဲ့ဘူးဆိုတော့ အင်ဒိုဗားရှင်းက မူရင်း ကိုရီးယားကားရဲ့အဆုံးသတ်အတိုင်းဖြစ်မလာခင် ကြားက အခြေအနေတွေကို ရိုက်ပြထားတယ်ပြောလို့ရတယ်။ နာမည်ကြီးပြီးသားကားရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေကိုမူရင်းကားကို သစ္စာမဖောက်ဘဲ ရိုက်ထားတာဆိုတော့ 2nd Miracle in Cell No. 7ဟာ ပထမ Miracle in Cell No. 7လို အားလုံးကို မျက်ရည်ထပ်ခြူဦးမယ့်ရုပ်ရှင်ပါပဲ။ အားလုံးကြိုက်ကြမယ့် ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Family Duration….02:27:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

7.8 2024 147 mins
2nd Miracle in Cell No. 7