YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Remember.2015.E02.WEB-DL.1080P(CM).mp4

1.22 GB N/A video/mp4 298 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Virgin Rose (18+)
4

(၃၀-၄-၂၀၂၃) ဒီနေ့ကတော့ ကျွန်တော်တို့အမျိုးသားထုကြီးရဲ့ရင်ကို မကြာခဏဆွဲကိုင်လှုပ်တတ်တဲ့ ကျူးဘား-စပိန်မင်းသမီးလေး Ana de Armas ရဲ့ အသက်(၃၅)ပြည့်မွေးနေ့ပဲဖြစ်ပါတယ်....ဒီတော့ သူမ အသက် ၁၈ နှစ်မှာ ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ်ပွဲထွက်ခဲ့တဲ့ ခုဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ ၁၈ နှစ်မပြည့်သေးတဲ့ မင်းသမီးလေးက ၁၆ နှစ်သမီးဇာတ်ရုပ်လေးနဲ့ ဘယ်လောက်တောင် လိုက်ဖက်နေလဲ ကိုယ်တိုင်သာ ကြည့်လိုက်ပါတော့။ ဒီမင်းသမီးလေးက အဖော်အချွတ်လေးတွေနဲ့ မင်းသမီးဘဝစခဲ့ပေမယ့် ဟောလိဝုဒ်မှာတော့ တစ်နေရာ ရသွားသေးတာပဲလေ။ သူ့ကို Blade Runner 2049 မှာ စပြီးသတိထားမိတာ။ ပြေပြစ်တဲ့ကောက်ကြောင်းနဲ့၊ မျက်လုံးရွဲကြီးနဲ့၊ ဘယ်လိုကောင်မလေးလားပေါ့။ Knives Out မှာ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ကာတင်စာရင်းဝင်တော့ ကြိတ်ပြီး ရင်ခုန်လိုက်ရသေးတယ်။ No time to Die မှာ bond girl လေးအဖြစ်ပြန်တွေ့လိုက်ရတော့ တော်တော်လေးကို အလွမ်းပြေသွားခဲ့တာ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကိုယ်ကြိုက်ခဲ့ရတယ်ပေါ့လေ။ နောက်ဆုံး မွန်ရိုး ဝင်လုပ်တော့လဲ ဇာတ်လမ်းကချာပေမယ့် သူမကြောင့်တော့ ရင်တလှပ်လှပ်ဖြစ်ခဲ့ရသေး။ ဒီဇာတ်လမ်းကတော့ crime, drama လေးပါ။ ကျူးဘားနိုင်ငံမှာ အရက်ခိုးချက်တဲ့အမှုထက် လူကုန်ကူးတဲ့အမှုက ပိုများသတဲ့ဗျာ။ လူကုန်ကူးတယ်ဆိုတာ အမေရိကားကို အလုပ်သမားအဖြစ် သွားကြမယ့်သူတွေကို ခိုးသွင်းတဲ့အလုပ်တဲ့။ ဒါပေမဲ့လေ၊ ခရီးသည်တွေကို လှေဝမ်းထဲထည့်၊ လူသူမနီးတဲ့ ကျွန်းတစ်ခုပေါ်မှာ အမေရိကားရောက်ပြီပြောပြီး ဒီအတိုင်းထားခဲ့တာပဲဗျို့။ ကင်းလှည့်ယာဉ်တွေ၊ ငါးဖမ်းသင်္ဘောတွေ တွေ့လို့ကယ်ရင် အသက်ရှင်မယ်ပေါ့လေ။ အကယ်မခံရဘဲ သေကုန်ကြတာတွေလည်း ဒုနဲ့ဒေး။ ဒီမှာ ဇာတ်လိုက်ကျော်နှစ်ပါး ဆင်မွန် နဲ့ အန်ဒရီ က ဒီလိုမျိုး လူကုန်ကူးနေတဲ့သူတွေ။ ဒါတင်မက တောသူမလေးတွေခေါ်လာ၊ အရောင်တင် လှပအောင်ပြင်ပေးပြီး လူချမ်းသာအဘိုးကြီးတွေဆီ လက်ထပ်ဖို့ ရောင်းစားတဲ့အလုပ်ပါလုပ်သေးတယ်။ ဆင်မွန် က တောသူမလေးတစ်ယောက် ဥထားတာရှိတယ်။ အလှဆုံးလေးပေါ့။ ဒီမှာ ဆင်မွန် တို့ လှေကို အမေရိကန်ကင်းလှည့်သင်္ဘောက လိုက်ပစ်လို့ မင်းသားချော အန်ဒရီ ဒဏ်ရာရသွားတယ်။ သူ့ကို အိမ်ခေါ်လာပြီး ကုပေးတော့ ဆင်မွန် ဥထားတဲ့ အလှပဂေး မာရီ နဲ့ အန်ဒရီနဲ့ ဆုံပါလေရော။ လူငယ်နှစ်ဦး ချစ်ခြင်းတွေ ကူးလူးယှက်သွယ်ကြတော့ ဆင်မွန် ကြီး အူနုကျွဲခတ်ပြီပေါ့။ ဒီမှာတင် ဆင်မွန် က မိန်းကလေးကိုမရွေး၊ မိတ်ဆွေဖြစ်တဲ့ အန်ဒရီ ကိုရွေးခဲ့ပေမဲ့၊ အန်ဒရီ ကတော့ မာရီ ကို မင်းမှမင်းပဲတဲ့။ နောက်ဆုံး ဘာဖြစ်ကုန်ကြမလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ကြပေတော့ လူကြီးမင်းများ။ ဒီဇာတ်ကားဟာ 18+ အဆင့်မရှိပေမယ့် တစ်ခါတစ်ခါ ပေါ်လာတတ်တာလေးတွေကြောင့် မိသားစုနဲ့တော့ အတူမကြည့်ကြပါနဲ့နော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(1 GB) Quality….WEB-DL 720p Format…mp4 Duration….01:33:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Arr Khun Winchester

Action & Adventure • Crime • Drama
4 2006 100 mins
Virgin Rose (18+)
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Halloween Ends
6.2

ဟောလိုးဝင်းဆိုတဲ့ ရုပ်ရှင်တွေဟာ စုစုပေါင်း ၁၃ ကားတောင်ထွက်ရှိခဲ့တဲ့ ဂန္ဓဝင်ဟော်ရာကားတွေပဲဖြစ်ပါတယ်။ မျက်နှာဖုံးကြီးနဲ့ ဓားမြှောင်ရှည်တစ် ချောင်းနဲ့ မိုက်ကယ်မိုင်ယာစ်ရဲ့ ပုံရိပ်ဟာ ဟော်ရာကားတွေရဲ့ အထိမ်းအမှတ် တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အခုလည်း ၂၀၂၂ ဟောလိုးဝင်းအတွက် တစ်ကားထွက်ရှိလာပါပြီ။ ဒီကားမှာတော့ မိုက်ကယ်မိုင်ယာစ်ရဲ့လက်က လွတ်ခဲ့တဲ့ မြေးအဘွားနှစ်ယောက်ရယ်၊ တစ်မြို့လုံးက မုန်းကြတဲ့ ကောင်လေးတစ်ယောက်ရယ်အကြောင်းကို အခြေခံထားပါတယ်။ လှည့်ကွက်နဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ ပိုးစိုးပက်စက်တွေ လုပ်တာကို ကြည့် ချင်ရင်တော့ ဒီဟော်ရာရုပ်ရှင်က ကြည့်လို့အလွန်ကောင်းမှာပါပဲ။ ဒါရိုက်တာကလည်း ဟောလိုးဝင်း ၂၀၁၈ နဲ့ ၂၀၂၁ ရဲ့ ပရိုဂျူဆာပါပဲ။ ဒီတော့ အဆက်အစပ်လေးနဲ့ကြည့် ရမှာပေါ့။ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.43 GB) / (580 MB) / (320 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Mr.Anderson Encoder..........SWM

Comedy • Drama
6.2 2022 111 mins
Halloween Ends
Case 39
6.3

Bradley Cooper  ,Renée Zellweger တို့ နာမည်ကြီး သရုပ်ဆောင်ထားတဲ့ ဒီကားကတော့ horror, thriller အမျိုးအစားဖြစ်ပြီးတော့ အတော်ကောင်းတဲ့ဇာတ်ကားဖြစ်လို့ BO လည်း ဝင်ခဲ့ပါတယ်... Emily က ကလေးတွေကူညီရေးအဖွဲ့တခုမှာအလုပ်လုပ်ပါတယ် ကလေးတွေ မိသားစုကောင်းကောင်းရှိရဲ့လား မိဘတွေက ကောင်းကောင်းဆက်ဆံရလား စစ်ဆေးရတဲ့အခါ ၃၉ ယောက်မြောက် ကလေးမလေးတစ်ယောက်လည်း ပါလာပါတယ်.... ၁၀ နှစ်အရွယ် Lilyကို သူ့ရဲ့မိဘတွေက သူ့ကို သတ်ဖို့ကြိုးစားနေတာ သိရပြီး Emily က ကယ်လိုက်ပါတယ်.... မိဘတွေထောင်ထဲရောက်တော့ Lily တစ်ယောက် Emily ဆီ လိုက်နေပါတယ် အစက အဆင်ပြေပေမဲ့ တဖြေးဖြေး Lily ပတ်ဝန်းကျင်မှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါ Emily တစ်ယောက် ဘာလုပ်မလဲ File Size : (2.1GB)(729MB) and (278MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:49:00 Genre : Horror, Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

Drama • History
6.3 2009 109 mins
Case 39
Get Paid

သိပ်ချစ်ရတဲ့အမျိုးသားနဲ့ သားလေးနဲ့အတူ စီးပွားရေးလည်း အဆင်ပြေလာတဲ့ ဒွန်နီရဲ့ ဘဝက သိပ်ကို သာယာကောင်းမွန်နေခဲ့ ပါတယ်။  သို့ပေမဲ့ တစ်နေ့မှာ အိမ်ဓားပြတိုက်မှုကြောင့် သူမရဲ့သား လေးက သေဆုံးသွားခဲ့ရတာကြောင့် သူမနဲ့ အမျိုးသားဖြစ်သူ ပိတ်တို့က သူငါအပြန်အလှန်အပြစ်တင်ရင်း ခွာပြဲသွားပါတယ်။ စိတ်လေနေတဲ့ ဒွန်နီရဲ့ ဘဝထဲကို ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံး၊ ဒွန်နီ့ကိုအချစ်ဆုံးယောကျာ်းတစ်ယောက် ထပ်ရောက်လာခဲ့ပြီး ဒွန်နီ ပြန်လည်ပျော်ရွှင်လာခဲ့ရပေမဲ့၊ သူမရဲ့အချစ်ရေးအသစ်ကရော အဆုံးထိ ပျော်ရွှင်ရတဲ့အချစ်ရေးဖြစ်နိုင်မလား၊ မထင်ထားတဲ့ဇာတ်အလှည့် အပြောင်းနဲ့အတူ သူမသားလေးအသတ်ခံရမှုရဲ့ တရားခံတွေကိုရော ဖမ်းမိနိုင်မလား ဆိုတာကို စောင့်ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ NaNa Yuni ဖြစ်ပါတယ်) File Size..........(673 MB) / (437 MB) Quality............WEBRIP 720p / 480p Duration.........1Hr 18mins Subtitle...........Myanmar Hardsub Format............MP4 Translator.......NaNa Yuni Encoder..........SWM

Drama • Romance
0 2022
Get Paid
Pirates of the Caribbean: Dead Men Tell No Tales
6.6

ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Action • Romance
6.6 2017 128 mins
Pirates of the Caribbean: Dead Men Tell No Tales
Dilan 1990
7.7

အမှန်က အပေါ်ယံမြင်ရုံနဲ့ဘာမှပြောလို့မရဘူးလေ ခုနကထင်ထားတဲ့သူတွေလည်း မှန်နေတာဖြစ်နေနိုင်တာပဲ ခုလို​ရေးထားတာကို သဘောမတူတဲ့သူလည်းရှိကောင်းရှိနိုင်ပါတယ် ဒါပေမယ့်လည်း နောက်ကွယ်ကမှန်တယ်လို့ဘာလို့ပြောနိုင်လဲဆိုတာကိုတော့ဒီကားလေးကိုဆက်ကြည့်ပြီးအ​​ပေါ်မှာ​ပြောတာ ဟုတ်ရဲ့လား မှန်ရဲ့လား​ ကြည့်လိုက်ပါတော့​နော်​ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Nandar Kyaw  ဖြစ်ပါတယ်) File Size : (915 MB) Quality : WEB-DL 720p Running Time : 1hr 50min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEB-DL AAC H.264 Translated by May Nandar Kyaw Encoded by Thanhtike Zaw

Drama
7.7 2018 109 mins
Dilan 1990
Janhit Mein Jaari
6.8

တကယ်လို့ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဆွေမျိုးမိဘကရော ပတ်ဝန်းကျင်အသိုင်းဝိုင်းကရော ရှေးရိုးစွဲဖြစ်နေတဲ့ နေရာမျိုးမှာ ကွန်ဒုံးရောင်းရမယ်ဆိုရင် .... ကိုယ်ရည်မှန်းထားတဲ့အလုပ်နဲ့ ကိုယ်လုပ်နေရတဲ့အလုပ် မကိုက်လို့စိတ်ညစ်နေလား ဒါမှမဟုတ် ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ် မကျေမနပ်ဖြစ်နေပါသလား ဒီရုပ်ရှင်လေးကိုစီးမျောခံစားရင်း သင်ခန်းစာနဲ့ ခွန်အားရယူဖို့တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း =============== မာစတာဘွဲ့ပါရထားပေမယ့် ထူထပ်လွန်းတဲ့ လူဦးရေနဲ့အိန္ဒိယမှာ အလုပ်ရဖို့ခက်နေတဲ့ မိန်းကလေးတစ်ယောက်.. အများလိုအချိန်တန်အရွယ်ရောက်အိမ်ထောင်ပြုပြီး လင်ယောက်ျားပေါ်မှီခိုရမယ့်ဘဝမှာမနေချင်တဲ့အမှီအခိုကင်းသူဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်.. ကွန်ဒုံးကုမ္ပဏီမှာ အလုပ်ရဖို့ဖြစ်လာပြီး ကွန်ဒုံးရောင်းရဖို့ မားကတ်တင်းဆင်းရတဲ့အခါ… ရှေးရိုးစွဲအယူဝါဒတွေမပျောက်ပျက်သေးတဲ့နယ်မြေမှာ ကွန်ဒုံးရောင်းဖို့ ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ အချစ်နဲ့ဆုံတွေ့တဲ့အချိန်မှာလည်း ဘယ်သူမှမလုပ်တဲ့အလုပ်ကို လုပ်နေသူတစ်ယောက်မို့ ဘယ်လိုပြဿနာရင်ဆိုင်လာရမလဲ။ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် မိသားစုဖိအား အသိုင်းအဝိုင်းဖိအားတွေကို ဘယ်လိုကျော်ဖြတ်မယ်ဆိုတာကို ဇာတ်လမ်းအစကတည်းက ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ စိတ်ဝင်စားအောင်ဆွဲခေါ်သွားနိုင်မယ့် comedy-drama film လေးဖြစ်လို့ ဘောလိဝုဒ်ပရိသတ်များ လိုက်ပါစီးမျောခံစားကြည့်ဖို့အကြုံပြုပေးလိုက်ပါတယ်။ File size…2.07GB / 1.04GB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii ~ Lwin Htoo Aung ~  Go-O ~ K-Mon

Action • Drama • History • Thriller
6.8 2022 146 mins
Janhit Mein Jaari
Doom Doom
7

Doom Doom (2021) စိတ်တုန်လှုပ်​ခြောက်ခြားပြီး အစိုးရိမ်လွန်တတ်တဲ့ အ​မေ နဲ့ ​နေထိုင်ရသူ အီနာ့မှာ အ​မေ မသိ​အောင် ဖွက်ထားရတဲ့ သမီး​လေးတစ်ဦး ရှိ​နေတယ်။ သမီးငယ်​လေးကို အ​မေ့အသိ အ​ဒေါ်တစ်​ယောက်စီမှာ အပ်ထားရတဲ့ အီနာ့ရဲ့ ဘဝဟာ ဝန်​တွေ ဖိအား​တွေ အပြည့်နဲ့ဖြစ်​နေ​ရှာတာပေ့ါ။ တစ်ချိန်က လျှမ်းလျှမ်း​တောက် ကလပ် ဒီ​ဂျေ တစ်ဦးဖြစ်ခဲ့​ပေမဲ့ အခု​တော့ ​Call Center မှာ ​​​အော်ပရာတာအဖြစ်သာ လုပ်ကိုင်ရင်း အ​မေ​ပြောတဲ့ သာမန် ဘဝ​လေးထဲ ​နေထိုင်ဖို့ ကြိုးစား​နေလျက်ရှိတယ်။ ဒါ​ပေမဲ့ တစ်​နေ့မှာ လမ်း​လေး​တစ်ခုထဲ ​လျှောက်လာရင်း ရင်ကို တဒိတ်ဒိတ် ခုန်​စေတဲ့ တီးလုံးသံ​တွေကို အီနာ ကြားလိုက်ရချိန်မှာ​တော့ သံစဥ်​တွေရဲ့ ဆွဲ​ဆောင်မှု​အောက် ​မျောပါသွားကာ နှလုံး​စေရာ အတိုင်း ဒီ​​ဂျေ ​လောကထဲ ပြန်လည် ​ခြေချဖို့ ကြိုးစားတဲ့အခါ … အီနာတစ်ယောက် သူ့ရဲ့ အိပ်မက်တွေကို တစ်ဖန် ပြန်လည် အသက်သွင်းနိုင်ပါ့မလား? သူ့သမီးလေးကိစ္စကိုကော ပြေလည်အောင် ဖြေရှင်းနိုင်ပါ့မလား? ဆိုတာတော့ ဒီဒရမ်မာ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Song Song ပါ။) File Size : 1.9GB, 637MB, 316MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr & 52mins Genre : Drama Translated by Song Song Encoded by Kinnov

Comedy • Drama • Romance
7 2021
Doom Doom
Sisu
7.3

Sisu(2022) ********* ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့ စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။ သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။ မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတဲ့ ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။ သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့် ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။ File Size :(8.1GB)(1.98GB) &(719MB) Quality : ‌AMZN.4K.AC3.5.1Ch,1080P5.1Ch,720P Format…mp4 Duration…01:31:00 Genre :Action , War Subtitle : Myanmar Subtitle (Hard Sub) Translated Mr.Anderson Encoded by Phyo Pyae

7.3 2022
Sisu
As I Am
6

ကျောင်းသားဘဝ (၁) ပတ်သာ ကျန်တော့တဲ့ ကိုင် နဲ့ သူငယ်ချင်းတစ်သိုက်တို့ နောက်ဆုံးစာမေးပွဲဖြေဖို့ လုံးပမ်းရင်းနဲ့မှ သူတို့အတွက် ဒဏ္ဍာရီတွင်စရာ ကိစ္စတစ်ခုတော့ ကျန်ခဲ့အောင် ကြိုးစားဖို့ တိုင်ပင်ကြပါတော့တယ်. Coming-of-Age Movie အမျိုးအစားလေးဖြစ်တဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ကောင် ကိုင်ရဲ့ ဘဝရွေးချယ်မှုတွေ၊ ဘဝတစ်ဆစ်ချိုးအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြတ်သန်းရင်း ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပုံတွေကို ပေါ့ပေါ့ပါးပါး အခိုက်အတန့် များ နဲ့ လေးနက်အရေးကြီးတဲ့ ဇာတ်ကွက်များ ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်၊ ဇာတ်လမ်းအနေနဲ့ ပြောရရင်လည်း ဇာတ်ရှိန်အတက်နှေးပေမယ့် နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အချက်ကပဲ ဒီဇာတ်လမ်းလေးကို စီးမျောစေတဲ့အချက်လို့ ဆိုရပါလိမ့်မယ်. အချုပ်အနေနဲ့ ပြောရရင် အင်္ဂလန်ကျေးလက်ဒေသကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့ ကျောင်းသားဘဝ အချစ်ရေးကိုလည်း အလှည့်အပြောင်း၊ ရှုပ်ထွေးမှုတွေ နဲ့ တင်ဆက်ထားတဲ့အပြင် ကိုင်ရဲ့ တည်ငြိမ်လေးနက်တဲ့ ဒဿနတွေ နဲ့ တစ်ဖက်ကကျောင်းသားဘဝရဲ့ ပေါ့ပါးမှု၊ လွတ်လပ်မှု၊ အရိုင်းဆန်မှု၊ ဗရုတ်ကျမှုများကိုလည်း အချိုးကျစွာ ဟာသနှောသရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်. File size… 1.74 GB / 752 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 2h Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6 2019
As I Am
My Little Nightmare
5.2

My Little Nightmare (2024) ===================== ဒီဇာတ်လမ်းထဲမှာ သူငယ်ချင်းငါးယောက်က အပျော်ခရီးထွက်ရင်း ကလေးလေးတစ်ဦးကို ကားနဲ့တိုက်မိပြီး ကလေးလေး သေသွားခဲ့ တယ်။ လူငယ်တွေဖြစ်ပြီး မူးနေတာကြောင့် ထောင်မကျချင်တဲ့ သူ တို့သူငယ်ချင်းငါးယောက်က ကလေးရဲ့အလောင်းကို လမ်းဘေးထား ပြီးထွက်ပြေးဖို့ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီမတော်တဆမှုကို အားလုံးက မေ့ပျောက်လိုက်ကြပေမဲ့ နောက်ပိုင်း နှစ်ကြာလာတဲ့အခါမှာ အဲဒီအရာက သူတို့ကိုပြန်လက်စားချေဖို့ တစ် ယောက်ချင်းစီကို ဘယ်လိုရောက်လာမလဲဆိုတာကိုတော့ ဒီဇာတ်လမ်း ထဲမှာ သဲထိတ်ရင်ဖို ကျောချမ်းစွာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.26 GB) / (630 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

5.2 2024
My Little Nightmare
Lobola Man

မင်္ဂလာဆောင်တွေမှာ မိသားစုနှစ်စုပေါင်းဖက်ဖို့အတွက် တင်တောင်းငွေညှိနှိုင်းမှုအတွက် ထုံးတမ်းကို သူတို့အတွက် လိုဘိုလာညှိနှိုင်းမှုလို့ခေါ်ကြပါတယ်။ မင်္ဂလာမဆောင်ခင်မှာ လိုဘိုလာညှိနှိုင်းမှုက မဖြစ်မနေလုပ်ဆောင်ရတဲ့ ထုံးတမ်းတစ်ခုပေါ့။ ဒီလို ညှိနှိုင်းမှုမျိုးမှာ ညှိနှိုင်းတတ်တဲ့သူမရှိရင် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် လိုဘိုလိုညှိနှိုင်းသူအနေနဲ့ လုပ်ကိုင်နေတဲ့ အေ့စ်ငူဘီနီဆိုသူရှိပါတယ်။ အေ့စ်ငူဘီနီဟာ ငယ်ငယ်လေးကတည်းက အချစ်ကို အယုံအကြည်မရှိခဲ့သူတစ်ဦးပါ။လိုဘိုလိုညှိုနှိုင်းသူအနေနဲ့လုပ်ဆောင်နေရင်း ဘားတစ်ခုမှာ ဇန်ဒီဆိုတဲ့ကောင်မလေးကိုမြင်ပြီးတော့ ကြွေသွားပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီကောင်မလေးဟာ သူ့ရဲ့ ဖောက်သည်တစ်ဦးဖြစ်တဲ့ဒုခ်နဲ့ လက်ထပ်မဲ့သူဖြစ်နေတဲ့အခါမှာတော့ …… ပရော်ဖက်ရှင်နယ်ကျတဲ့ လိုဘိုလာညှိနှိုင်းသူတစ်ယောက်အနေနဲ့ ဒုခ်နဲ့ ဇန်ဒီကို ဘယ်လိုတွေ ညှိနှိုင်းမှုပြုလုပ်ပေးမလဲ …. သူတို့ကိစ္စတွေကရော အဆင်ပြေပါ့မလား …… အေ့စ်အနေနဲ့ကရော ဇန်ဒီနဲ့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Lobola Man
Lucy Shimmers and the Prince of Peace
7.1

ခရစ္စမတ်ဆိုတာက ယေရှုခရစ်တော် မွေးဖွားတဲ့နေ့ရက်ဖြစ်ပြီးတော့ ပျော်ရွှင်မှု၊ ယုံကြည်မှု၊ နဲ့ မျှော်လင့်ချက် စတဲ့အရာတွေကို ကိုယ်စားပြုတဲ့နေ့ရက်ဆိုရင်လည်း မမှားပါဘူး.။ မိသားစုတွေနဲ့အတူ အချိန်တွေကုန်ဆုံးပြီး အချစ်မေတ္တာတွေ ဝေမျှကြတဲ့ ခရစ္စမတ်ကာလကို နောက်ခံထားတဲ့ဇာတ်လမ်းတွေအများကြီးထဲကမှ ရိုးရှင်းပြီးချစ်စရာကောင်းလွန်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ လူစီရှင်းမားစ်ဆိုတဲ့ ၅ နှစ်အရွယ်ကလေးမလေးဟာ အရွယ်နဲ့မလိုက်အောင် သိတတ် ပါးနပ် စကားကြွယ်လွန်းတဲ့သူမို့ တွေ့မြင်ကြသူတိုင်းက ချစ်ခင်ကြသူလေးလည်း ဖြစ်ပါတယ်။ အဘိုးတွေ အဘွားတွေနဲ့ အနေများတဲ့သူလေး ဖြစ်တာကြောင့်လည်း လူကြီးဆန်ပြီး တစ်မျိုးလေး ချစ်ဖို့ကောင်းနေပါတယ်။ ဘုရားသခင်က လူသားတိုင်းကို ကြင်နာသလို လူတွေကလည်း အချင်းချင်းချစ်ခင်ကြင်နာကြရမယ်လို့ ရိုးရှင်းစွာ ခံယူထားခဲ့ပါတယ်။ တစ်ရက်မှာတော့ လူစီ့ဆီကို နမိုးနီးယားဆိုတဲ့ ရောဂါဆိုးကြီး ကူးစက်လာခဲ့ပါတယ်။ သေဆုံးသွားတဲ့ အဘိုးဖြစ်သူကို အနားမှာမြင်နေရတဲ့အကြောင်း အမြဲပြောနေတဲ့အပြင် သူ့အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးအကြောင်း တဖွဖွပြောနေတာကြောင့် ဂျိမ်းစ်နဲ့ဧပရယ်တို့ ဇနီးမောင်နှံအဖို့ သမီးအတွက် ရတက်မအေးစရာ ဖြစ်လာခဲ့ပါတယ်။ ရောဂါအခြေအနေဆိုးရွားလာတဲ့အချိန်မှာတော့ ဆေးရုံမှာ ရက်အနည်းငယ်စောင့်ကြည့်ဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုအချိန်မှာပဲ လူစီရဲ့ အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးဖြစ်တဲ့ အက်ဂါကို အပြင်မှာ မျက်ဝါးထင်ထင် တွေ့ကြုံဖို့ ဖြစ်လာခဲ့ပါတယ်။ အတိတ်က လုပ်ရပ်ဆိုးတွေကြောင့် ထောင်ဒဏ်ကျခံနေရသူ အက်ဂါအနေနဲ့ သူ့ရဲ့ကျောက်ကပ်က အလုပ်မလုပ်နိုင်တော့တဲ့အခြေအနေမှာ လိုအပ်တဲ့ဆေးကုသမှုခံယူဖို့ ဆေးဝါးကိရိယာပြည့်စုံတဲ့ လူစီကုသနေတဲ့ ဆေးရုံဆီကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ သူ့ရဲ့ အိပ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီး အက်ဂါဆီကို ဘုရားသခင်အလိုတော်အရ ကူညီလမ်းပြပေးနိုင်ဖို့ စိတ်အားထက်သန်နေတဲ့ လူစီနဲ့ မိသားစုကပါ စွန့်ခွာထားခဲ့ပြီး ခံစားနေရတဲ့ဝေဒနာကြောင့် အနှေးနဲ့အမြန်သေဖို့သာ စိတ်စောနေတဲ့ အက်ဂါတို့ရဲ့ တွေ့ဆုံမှုက ဘုရားသခင်ရဲ့ ဆန်းကြယ်လှတဲ့ အစီအစဉ်တစ်ခုသာ ဖြစ်လာခဲ့မယ်ဆိုရင်… အမှားတွေ ကျူးလွန်မိခဲ့တဲ့ အက်ဂါအတွက် ဒုတိယအခွင့်အရေးဆိုတာ ရှိလာနိုင်မလား လူစီကရော အရှင်ယေရှု ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မလား. ဆိုတာကို အဖြေရှာနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် File Size : 1 GB, 450 MB Quality : WEB-DL 1080p / 720p Running Time : 1hr 27min Format :Mp4 Genre : Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

7.1 2020 87 mins
Lucy Shimmers and the Prince of Peace
Kisspeptin Chronicles
6.7

Kisspeptin Chronicles (2023) ***************************** 2023 က ထွက်ရှိခဲ့ပေမဲ့ 2025 မှာပါ ရုံတင်ပြသခဲ့တဲ့ ဒီဂျပန်ဇာတ်ကားလေးဟာ မိန်းကလေးတစ်ယောက်ရဲ့ ငယ်စဉ်ဘဝအစ အရွယ်ရောက်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် လူ‌အမျိုးမျိုး အတွေ့အကြုံအမျိုးမျိုး ကျော်ဖြတ်ခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်စဉ်တုန်းက ဖေဖေမေမေလုပ်တမ်းကစားခဲ့တဲ့ ရှိဂုဆာဆိုတဲ့ ကောင်မလေးက ဆယ်ကျော်သက်အရွယ်မှာ ပတ်ဝန်းကျင်က မှားနေတဲ့အရာတွေကို နားယောင်ပြီး “ကောင်လေးထားရင် ပိုလှလာတယ်”ဆိုတဲ့စကား‌ကို အမှန်ထင်ကာ ကောင်လေးရဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ကျူရှင်ဆရာဆီကနေ အနှောင့်အသွားမလွတ်တဲ့ စကားတွေကို အပြောခံနေရပေမဲ့ အမှားအမှန် မဝေခွဲနိုင်သေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဒီလိုအရာတွေကို ပုံမှန်လို့ သဘောထားလိုက်ပါတယ်။ ကောလိပ်ရောက်ပြန်တော့လည်း ကိုယ့်ဘက်က အစစအရာရာကောင်းပေးပေမဲ့ သူ့ရဲ့ပညာရေးကို နှောင့်နှေးစေတယ်ဆိုတဲ့ အကြောင်းအရင်းနဲ့ ပညာဂုဏ်မမက်တဲ့ ကောင်လေးအိမ်ကနေ နှင်ချခံလိုက်ရပြန်ပါတယ်။ အလုပ်မှာလည်း အိမ်ထောင်ရှိမန်နေဂျာဆီက လိင်ပိုင်းဆိုင်ရာအရ မလွတ်တဲ့စကားတွေနဲ့ နှောင့်ယှက်ခံရပြီး ဒါတွေဟာ အလုပ်မှာ ပုံမှန်ဖြစ်တဲ့ အကြောင်းအရာတွေပါလို့ ဦးနှောက်ဆေးခံခဲ့ရပါသေးတယ်။ အမျိုးမျိုးသော ယောက်ျားတွေနဲ့ တွေ့ဆုံခဲ့ရပြီးနောက် ရှိဂုဆာရဲ့ ဘဝဟာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.63GB / 667MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Family • Comedy • Adventure
6.7 2023
Kisspeptin Chronicles