YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Red Shoes.2021.EP9.mp4

388.44 MB 720p video/mp4 775 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shiri
6.4

၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့် Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality….  720p | 480p File size…2GB | 875MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Comedy
6.4 1999 125 mins
Shiri
[21+]A Serbian Film
5.5

(သွေးထွက်သံယိုနဲ့ မိသားစုနဲ့မကြည့်သင့်တဲ့ အခန်းများစွာပါလို့ သတိထားစေချင်ပါတယ်..) မီလိုဆိုသူကတော့ မိန်းမရောသားသမီးရောကို အလေးထားတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မီလိုဟာ ညစ်ညမ်းရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တာကြောင့် ဝမ်းစာအတွက် ညစ်ညမ်းရုပ်ရှင်ရိုက်ရင်း အတော်လေး အောင်မြင်တဲ့သူတစ်ဦးအဖြစ် ရပ်တည်နေတဲ့ အနေအထားမှာပါ။ အချိန်‌အတော်ကြာ အနားယူထားတဲ့ မီလိုဆီကို ငွေကြေးအမြောက်အများတန်တဲ့ ကမ်းလှမ်းချက်တစ်ခု ရောက်လာခဲ့ပါတယ်။ သားဖြစ်သူရဲ့ ပညာရေးစရိတ်တွေအတွက် စိတ်ချချင်တဲ့ မီလိုတစ်ယောက် ကမ်းလှမ်းချက်ကို လက်ခံပြီးနောက်မှာတော့ မထင်ထားတဲ့ ဖြစ်ရပ်တွေက ဆိုက်ရောက်လာပါတော့တယ်။ ဇာတ်ညွှန်းမရတဲ့ ညစ်ညမ်းရုပ်ရှင်တစ်ခုရဲ့ နောက်ကွယ်မှာ ဘယ်လိုသည်းထိပ်ရင်ဖိုစရာတွေ ရှိနေမလဲဆိုတာ ရင်ခုန်စရာကောင်းတာမို့ သွေးထွက်သံယိုကြိုက်တဲ့ ပိရိသတ်တွေ အကြိုက်တွေ့ကြလိမ့်မယ်လို့လည်း မျှော် File Size : (2.1GB)(623 MB) and (232MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:44:00 Genre : Horror,Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by DS Encoded by SD

Action • Drama • War
5.5 2010 104 mins
[21+]A Serbian Film
The Hunt for Red October
7.4

~ IMDb - 7.5/10, Rotten Tomatoes - 88% ~ ဒီရုပ်ရှင်က စာ​ရေးဆရာ Tom Clancy ရဲ့ ဇာတ်​ကောင် Jack Ryan တစ်ယောက် စာမျက်နှာ​ထက်က​နေ ပိတ်ကား​ပေါ်ကို စတင်​ရောက်ရှိခဲ့တဲ့ရုပ်ရှင်ဆို မမှားပါဘူး။ Prime ရဲ့ Jack Ryan shows တွေလိုပဲ ရုပ်ရှင်ဘက်မှာ Jack Ryan Franchise ဆိုပြီး ဇာတ်ကား၅ကား ထွက်ခဲ့ဖူးပါတယ်။ CM မှာ 2014 ခုနှစ်ထွက် Jack Ryan ဇာတ်ကားကို တင်ပြီးပြီဖြစ်ပြီး အခုတင်ဆက်​ပေးမှာက​တော့ ဒီ Franchise ထဲက ပထမဆုံးကားပါ။ ဒီဇာတ်ကားက ၁၉၉၀မှာထွက်ရှိခဲ့တာဖြစ်ပြီး Jack Ryan's Theme ဖြစ်တဲ့ Political Spying ပုံစံကို သေချာခံစားရလို့ Old but Gold မှ ကြိုက်တယ်ဆိုသူ​တွေ​ရော Action ကားပရိသတ်​တွေပါ ကြိုက်မယ့် ဇာတ်ကားပါပဲ။ ဇာတ်လိုက်၂​ယောက်က​တော့ အားလုံးသိတဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး Sean Connery နဲ့ Pearl Harbor နဲ့ Beetlejuice အပြင် တခြားကားပေါင်းများစွာထဲက မင်းသားကြီး Alec Baldwin ပါ။ ရုရှား​ရေတပ်ကပ္ပတိန် ရေးမီယပ်စ် ဦး​ဆောင်တဲ့ Red October ဆိုတဲ့ အဖျက်ရေငုပ်သင်္ဘောကြီးဟာ ရုရှားပြည်တွင်းက​နေ အ​မေရိကန်ကို ထွက်​ပြေးလာပြီးနောက် ရုရှားနိုင်ငံတွင်းက ​ရေတပ်သင်္ဘောအားလုံး သူတို့ပိုင်သင်္ဘောကို ပြန်ရဖို့ ဖမ်းဆီး​ရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရေးမီယပ်စ်က မထွက်ခွာခင် ​ရုရှားရေတပ်ရဲ့ဗိုလ်ချုပ်ကြီးပါဒိုရင်ကို အ​မေရိကန်ဘက်မှာ ခိုလှုံမယ့်အ​ကြောင်းစာပို့ခဲ့တာဖြစ်လို့ ရုရှား​တွေ အသည်းအသန်တားဆီးဖို့ အ​ကြောင်းဖန်လာတာပါ။ အ​မေရိကန်​တွေအမြင်မှာ​တော့ တာ​​ဝေးပစ်ဒုံး​တွေ သယ်​ဆောင်လာတဲ့ ဆိုဗီယက်ပိုင်​ရေငုပ်သင်္ဘောကြီးက အ​ကြောင်းအရင်းမသိရဘဲ သူတို့နိုင်ငံဘက်ကို ဦးတည်လာတဲ့အတွက် တားဆီးရဖို့ဖြစ်လာပါတယ်။ Red October ရဲ့ ရည်ရွယ်ချက်အစစ်ကို သတိပြုမိခဲ့က​တော့ CIA ရဲ့ သု​တေသီ ဂျက်ရိုင်ယန်ဖြစ်ပြီး သူ့အ​နေနဲ့ အဆိုပါသင်္ဘောရဲ့ကပ္ပတိန် ရေးမီယပ်စ်ရဲ့ ခိုလှုံချင်တဲ့သ​ဘောထားကို ယူအက်စ်​အာဏာပိုင်​တွေ၊ ရေတပ်အရာရှိ​​တွေ ယုံကြည်အောင် နားချရပါ​တော့တယ်။ ဆိုဗီယက်အစိုးရဘက်ကလည်း သူတို့ရဲ့​ရေငုပ်သင်္ဘောကြီး သူတို့ရဲ့မဟာရန်သူ လက်ထဲ အလွယ်တကူအ​ရောက်မခံနိုင်လို့ ​​သွေးထိုးမှု​တွေ ဆက်တိုက်လုပ်လာခဲ့လို့ ဂျက်ရိုင်ယန်နဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ဟာ အ​မေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ ​ရှေ့​နောက်ညှပ်တိုက်မှုကို ခံရမယ့်အ​​​ခြေအ​နေပါ။ ဂျက်အ​​နေနဲ့ ဆိုဗီယက်ရဲ့​သွေးထိုးမှု​တွေကို ယူအက်စ်​​အာဏာပိုင်​တွေ နားမ​ယောင်​အောင် ​ပြောနိုင်မလား။ အ​နောက်ကလိုက်ပါလာတဲ့ ရုရှားအဖျက်သင်္ဘော​တွေရန်က​နေ Red October ကိုကယ်တင်ပြီး ခိုလှုံခွင့်တောင်းချင်တဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ချပြနိုင်မလားဆိုတာ ကြည့်ရှုရမယ့် Action Thriller ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 780MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 15Min Genre - Action, Adventure, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama
7.4 1990 135 mins
The Hunt for Red October
Bridget Jones: The Edge of Reason
6.2

Bridget Jones: The Edge of Reason (2004) ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။ မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ မာ့ခ်က ဘရစ်ဂျစ်လွတ်အောင်ကူညီတာကိုတော့ အမှန်အတိုင်းမပြောခဲ့ပါဘူး။ သူငယ်ချင်းတွေပြောပြလို့ အမှန်အတိုင်းသိလိုက်ရတဲ့အခါ ဘရစ်ဂျစ်တို့ ချစ်သူနှစ်ဦး ပြန်လည်အဆင်ပြေပြီး ပျော်ရွှင်စရာအဆုံးသတ်ဖြစ်မလား... ဘရစ်ဂျစ်အထင်လွဲနေတဲ့ရှေ့နေမလေးရဲ့ တကယ့်ချစ်သူကရော ဘယ်သူလဲဆိုတာ လှည့်ကွက်လေးတွေနဲ့ ကြည်ကြည်နူးနူး ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 960MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 48Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Drama • Mystery • Sci-Fi & Fantasy
6.2 2004 108 mins
Bridget Jones: The Edge of Reason
Becky
6.4

နှစ်ရှည်ထောင်ကျနေတဲ့ အစွန်းရောက်လူမိုက်ကြီး (၄)ယောက်ရှိတယ်.. ဒီလူတွေက လူသတ်ဖို့ဝန်မလေးသလို အတွေ့အကြုံပေါင်းများစွာရှိနေတဲ့သူတွေ..တစ်နေတော့ သူတို့ကို ထောင်ပြောင်းဖို့ ကြိုးစားချိန်မှာ လုံခြုံရေးတွေကို သတ်ဖြတ်ပြီး လွတ်မြောက်သွားတယ်.. သူတို့(၄)ယောက်ဟာ ထောင်က ထွက်လာပြီးတဲ့နော် ရည်ရွယ်ကြီးတစ်ခုလုပ်ဖို့ရှိတယ်.. အဲ့ဒါက တောအုပ်တစ်ခုထဲက အိမ်မှာအရေးပါတဲ့သော့တစ်ချောင်းကို ထောင်မကျခင်က ဝှက်တဲ့ဟာဟာကိုသွားယူဖို့ပါပဲ.. ဒီအိမ်မှာလက်ရှိ မိသားစုတစ်စုနေထိုင်ပြီး အဲ့ဒီထဲမှာ ဘက်ကီဆိုတဲ့ချာတိတ်အရွယ်ကောင်မလေးလည်းရှိတယ်.. လူကြမ်းကြီး(၄)ယောက်နဲ့ ဒီမိသားစုနဲ့ တွေ့ဆုံချိန် ဘက်ကီလေးတစ်ယောက်ပဲ သူ့မိသားစုကိုကယ်ဖို့အခွင့်အရေးရှိလာတဲ့အခါမှာတော့... File Size :( 1.6GB)(623MB) Quality : BLU-RAY.1080P, 720p Format…mp4 Duration…01:33:00 Genre : Action, Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae

Action & Adventure • Drama • Mystery
6.4 2020 93 mins
Becky
Edge of Tomorrow
7.6

(Link အသစ်ပြန်ချိတ်ပေးရင်း 1080p BluRay 5.1 DTS  နဲ့720p နှစ်မျိုးနဲ့  ပြန်လည်တင်ဆက်လိုက်သည်…)) ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းကတော့ ဥရောပမှာ အမှတ်မထင်ပဲ အာကာသ ထဲက နေ ဂြိုလ်သားတွေရောက်လာတာက စတင်ပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ချက်၊ အီတလီ၊ပိုလန် စတဲ့ နိုင်ငံတွေ ကျသွားပြီးနောက် အနောက်ဖက်မှာ အင်္ဂလန်နဲ့ အရှေ့ဖက်မှာ ရုရှားတို့ လောက်ပဲ ကျန်တော့ပါတယ်။ ငါးနှစ်အတွင်းမှာ စစ်ပွဲအချို့ ပြန်နိုင်လာသလို၊ ဂြိုလ်သားတွေကို နှိမ်နင်းဖို့ Armor တွေလည်း တီထွင်ခဲ့ပါတယ်။ ဒီလိုနဲ့ East ဖက်က ရုရှား နဲ့ တရုတ်၊ West ဖက်က အမေရိကန်နဲ့ ကျန် Allied တွေက ထိုးစစ်စင်ခဲ့ပြီး၊ နောက်ဆုံး စစ်ပွဲကို ရောက်လာပါတယ်။ ဒီအချိန်မှာ Tom Cruise က စစ်ပွဲမှာ အဓိက ကျတဲ့ General နဲ့ တွေ့ဖို့ လန်ဒန်ကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အမှတ်မထင်ပဲ Tom Cruise ကို စစ်ပွဲမှာ ပါဝင်ဖို့ ပြောတဲ့အခါမှာတော့ Tom Cruise က စစ်ပွဲအတွေ့အကြုံ လုံးဝမရှိသလို၊ သူက တစ်ခါမှာလည်း စစ်မတိုက်ဖူးပါဘူး။ ဒါကြောင့် သူက ငြင်းဆန်ပေမယ့် နောက်ဆုံး ရာထူးချခံရပြီး၊ စစ်မှုထမ်းခဲ့ရပါတယ်။ တကယ်တမ်းတိုက်ပွဲမှာ တော့ ဂြိုလ်သားတွေကို လုံးဝမနိုင်ခဲ့ပါဘူး။ ဒါပေမယ့် Tom Cruise က မထင်မှတ်ပဲ သာမန် ဂြိုလ်သားတွေထက် အကောင်ကြီးတဲ့ ဂြိုလ်သားတစ်ကောင်ကို သတ်မိသွားပါတယ်။ အဲ့ဒီအချိန်မှာ အဲ့ဒီ ဂြိုလ်သားရဲ့သွေးက သူ့ကိုယ်ပေါ်ကို လာစင်ပြီးနောက် သူလည်း သေသွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ သူက ပထမဆုံး စစ်တပ်ထဲ စရောက်ခဲ့တဲ့ အချိန်ကို ပြန်ရောက်သွားပြီး၊ အဖြစ်အပျက်အားလုံးကိုလည်း မှတ်မိနေပါတယ်။ ဒီလိုနဲ့ သူသေသွားတိုင်း ဒီနေရာကပဲ ပြန်ပြန် စနေခဲ့ရာက၊ စစ်ပွဲထဲမှာ မင်းသမီး Emily Blunt ကို ကယ်တင်လိုက်တဲ့အခါမှာ သူမ ထံကနေ အကြောင်း စုံသိလိုက်ရပါတယ်။ Tom Cruise ဖြစ်နေတာမျိုး တစ်ချိန်က သူမလည်းဖြစ်ခဲ့ဖူးတယ်လို့ Emily Blunt ကပြောပြပါတယ်။ အကြောင်းအရင်းက သူသတ်လိုက်တဲ့ ဂြိုလ်သားက ရှားရှားပါပါးတွေ့ရခဲပြီး တစ်ကောင် တစ်လေသာ ရှိတယ်လို့လည်းဆိုပါတယ်။ ဒီအကောင်ကို Alpha လို့ခေါ်ပြီး၊ ဂြိုလ်သားတွေကို Micmic လို့ခေါ်ပါတယ်။ သူတို့ကို ထိမ်းချုပ်တဲ့ Central Brain ကိုတော့ Omega လို့ခေါ်ပြီး၊ Omega က အချိန်ကို ထိမ်းချုပ်နိုင်စွမ်းရှိပါတယ်။ Alpha တစ်ခါ သေတိုင်းမှာ အဲ့ဒီနေ့ကို ပြန်ပြီး Reset လုပ်လိုက်ပါတယ်။ ဒါပေမယ့် Alpha ရဲ့ Memory ကတော့ ပျက်မသွားပါဘူး။ Tom Cruise က Alpha ကို သတ်လိုက်တုန်းမှာ အမှတ်မထင်ပဲ Alpha ရဲ့ ပါဝါကို ရလိုက်ပါတယ်။ ဒါကြောင့် သူသေတိုင်းမှ နေ့က အသစ် ပြန်ပြန်စတာဖြစ်ပါတယ်။ ဒီနည်းနဲ့ Micmic တွေက ဂြိုလ်တွေကိုလိုက်သိမ်းနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတွေက နောက်ဆုံး Battle ကို အနိုင်မရတာဖြစ်ပါတယ်။ Emily ကလည်း ဒါမျိုးပါဝါရခဲ့ပေမယ့် သူမရဲ့ စွမ်းအားက ပျောက်သွားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ရက်မှာ စစ်ပွဲမှာ သူမက မသေပဲ သွေးထွက်လွန်သွားခဲ့ပြီး၊ ဆေးရုံရောက်သွားပါတယ်။ အဲ့ဒီအခါမှာ သူမ ရဲ့ ပါဝါလည်း ပျောက်သွားတာဖြစ်ပါတယ်။ စွမ်းအားက သွေးထဲမှာ ပဲရှိတာဖြစ်ပါတယ်။ ဒါကြောင့် Tom Cruise အနေနဲ့ Reset လုပ်ချင်ရင် အသေခံရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ သူ အကြိမ်ကြိမ် Reset ပြန်လုပ်ပြီး၊ Training တွေလုပ်၊ Omega ရဲ့ နေရာကို ရှာရင်းနဲ့ တစ်နေရာမှာ သူ ကျပ်ရိုက်သွားပါတယ်။ သူက Emily Blunt နဲ့ သံယောဇဉ်ဖြစ်နေပြီး၊ အဲ့ဒီတစ်နေရာမှာ Emily Blunt ကအမြဲသေနေပါတယ်။ သူဘယ်လို့မှ ကယ်လို့မရပါဘူး။ ဒါကြောင့် သူသာ ရှေဆက်သွားပြီး Omega ကို သတ်လိုက်ရင် Emily က ပြန်ရှင်လာတော့မှာမဟုတ်ပါဘူး။ ဇာတ်လမ်းက ဒီထက်အများကြီးပိုကောင်းပြီး၊ စိတ်ဝင်စားဖု့ိလည်းကောင်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဂိမ်းကစားသလိုပါပဲ၊ မနိုင်တဲ့ Stage ကို အကြိမ်ကြိမ်ပြန်ကစားသလိုပါပဲ။ ရန်သူတွေကလညး ဒီနေရာကပဲထွက်ထွက်လာသလို၊ ကိုယ်ကလည်း အကုန်လုံးကို မှတ်မိနေပါတယ်။ တစ်ခုပဲ ရှိတာက ပါဝါပိတ်လိုက်ရင် Check Point က နေပြန်စလို့မရတော့ပါဘူး။ ဂိမ်းထဲမှာက အစကနေ ပြန်ပြီး ဆော့လို့ရပေမယ့် ဒီမှာကတော့ No Reset ပါ။ ဇာတ်ကားကောင်းတစ်ကားပါ။ မင်းသားမင်းသမီးကတော့ ဝါရင်နာမည်ကြီးသရုပ်ဆောင်တွေ ဆိုတော့ ပြောနေစရာတောင်မလိုပါဘူး။ ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းပြီး၊ ဇာတ်ကားတစ်ကားလုံးကောင်းပါတယ်။ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ No Sex, No Nudity ပါ။ #Sololay (ရုပ်ရှင်မိတ်ဆက် Movie Reviews မှကူးယူဖော်ပြပါသည်....) (မြန်မာစာတန်းထိုးကိုတော့ ကသာသားလေး မှရေးသားခဲ့ပါတယ်...) File Size…(2.3GB) and (1.03 GB) Quality…Blu-Ray 1080p 5.1 CH, BluRay 720p Format…mp4 Duration…01:53:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae

Crime • Mystery
7.6 2014 114 mins
Edge of Tomorrow
Cryo
4.7

Cryo (2022) ========= Cryo chamber ဆိုတာ လူကိုအေးခဲအောင်လုပ်ပြီး၊ မပုပ်မသိုးအောင် ထိန်းသိမ်းပြီး ကာလရှည်ကြာအိပ်စက်စေနိုင်တဲ့ အခန်းတွေပါ။ အဲ့အခန်းတွေ ထဲကနေ အင်ဂျင်နီယာ၊ ဇီဝဓာတုပညာရှင်၊ စစ်သား၊ စိတ်ပညာရှင်နဲ့ ဆရာဝန်တို့ ‌ နိုးထလာပြီး သူတို့ ဘယ်ရောက်နေလဲ၊ ဘယ်သူတွေလဲဆိုတာကိုတောင် မမှတ်မိကြဘဲ မှတ်ဉာဏ်တွေအကုန်နီးပါးပျောက်နေကြတာပေါ့။ နောက်ပြီး သူတို့ရောက်နေတဲ့ နေရာကလည်း အုတ်နံရံပတ်လည်ဝိုင်းနေတဲ့ မြေအောက်ခန်း ဖြစ်နေတယ်။ အပြင်ထွက်ဖို့လုပ်တော့လည်း လေထဲမှာ အဆိပ်တွေရှိတယ် ဆိုတော့ ဒီ cryo အခန်းတွေကို တီထွင်သူရဲ့အလာကိုမျှော်နေကြရင်း အချင်းချင်း တဖြည်းဖြည်းရင်းနှီးသွားကြတယ်။ အဲဒီနောက် survival mystery ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ရှင်သန်ဖို့အတွက် ရုန်းကန်ရတဲ့အပြင် cryo chambers တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် မှတ်ဉာဏ်တွေပျက်စီးပြီး ‌ထင်ယောင်ထင်မှားတွေမြင်ရကြားနေရတယ်။ ဒီလိုအဖြစ်ကနေ ရုန်းထွက်ဖို့ အဓိကသော့ချက်က မှတ်ဉာဏ်တွေပြန်ရမှ ဖြစ်မယ်ဆိုတာ သိသွားကြတဲ့အခါမှာ သူတို့ မှတ်ဉာဏ်တွေပြန်ရအောင် ဘယ်လိုလုပ်မလဲ။ ဘာလို့ cryo chamber တွေထဲမှာ အိပ်ခဲ့ကြတာလဲ ဆိုတဲ့အကြောင်းကို ဇာတ်ရှိန်မအေးတအေးလေးနဲ့ ကြည့်ရမှာဖြစ်တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)

Crime • Drama
4.7 2022 118 mins
Cryo
The Lost King
6.6

The Lost King (2022) The Shape of Water မင်းသမီးကြီး Sally Hawkins ရဲ့ ဖြစ်ရပ်မှန် Historical Comedy ရုပ်ရှင်ကားသစ်ကို တင်ဆက်​ပေးလိုက်ပါတယ်။ IMDb 6.6/10, RT – 66% ရရှိထားတာဖြစ်ပြီး ၁၅ရာစုနှစ်တုန်းက ဗြိတိန်ဘုရင်ဖြစ်ခဲ့တဲ့ King Richard III အ​ကြောင်းကို ဖြစ်ရပ်မှန်ပေါ်အခြေတည် ဇာတ်လမ်းဆင် ရိုက်ကူးထားတာဖြစ်ပါတယ်။ အ​ပျော်တမ်းသမိုင်း​​လေ့လာသူ၊ အိမ်​ထောင်ရှင်၊ အလုပ်သမားဖြစ်တဲ့ Phillipa Langley ဟာ အထက်လူကြီးနဲ့ အဆင်မ​​ပြေမှု​တွေ​ကြောင့် အလုပ်မှာ ထိုက်သင့်တဲ့​နေရာကို မရသလို အိမ်​ထောင်​​ရေးကံလည်း မ​ကောင်းလို့ စိတ်​ထောင်းကိုယ်​ကြေ ဖြစ်​နေသူပါ။ တစ်ညမှာ​တော့ သားဖြစ်သူနဲ့ ရှိတ်စပီးယားပြဇာတ်သွားကြည့်ရင်း ပြဇာတ်မှာပါတဲ့ King Richard III အ​​ကြောင်း စိတ်ဝင်စားသွားခဲ့ပါတယ်။ King Richard III ဆိုတာ အင်္ဂလန်သမိုင်း​ကြောင်းမှာ နှယ်နှယ်ရရ မဟုတ်ဘဲ အစ်ကို​တော် Edward IV ရဲ့သား သူ့ရဲ့တူ​​တော်တွေကို လုပ်ကြံပြီး နန်းလုခဲ့သူ၊ ခါးမှာ ဘို့ကြီးနဲ့ ဆိုးရွားတဲ့ရုပ်အဆင်းရှိသူ ရက်စက်တဲ့ဘုရင်အဖြစ် သမိုင်းစာအုပ်​တွေထဲမှာ အာ​ဘော်တူတူပဲ ​ဖော်ညွှန်းထားတာပါ။ ရှိတ်စပီးယားပြဇာတ်ထဲမှာလည်း အလားတူ ပုံ​ဖော်​ရေးသားထားတာပါ။ Phillipa က အဆိုပါသမိုင်းကို​ရော ပြဇာတ်ကို​ရော အစစ်အမှန်လို့ မယုံကြည်ဘဲ Tudor မင်းဆက်ရဲ့ Richard III အ​ပေါ် ဂုဏ်သိက္ခာချတာလို့ တရား​သေစွဲမှတ်ရင်း သူနဲ့အမြင်တူတဲ့ သမိုင်း​လေ့လာသူ ဝါသနာရှင်‌တွေနဲ့ပေါင်းပြီး သမိုင်း​ကြောင်းအမှန်ကို သိ​​အောင်​လေ့လာရင်း Richard III ရဲ့ရုပ်အ​လောင်းနဲ့ပတ်သက်ပြီး တိတိကျကျသိထားတာမရှိခဲ့သလို မြုပ်နှံထားတဲ့​နေရာကိုပါ မသိလို့ Phillipa တစ်​ယောက် ရုပ်အ​လောင်းကိုရှာဖို့ စတင်ကြိုးစားပါ​တော့တယ်။ အလယ်ခေတ်နှောင်းပိုင်း၊ ရီနေးဆန့်ခေတ်အစဖြစ်ခဲ့တဲ့ ၁၅ ရာစုရဲ့ သမိုင်းဝင်ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ Richard III ကို ခုခေတ်ကြီးမှာ ပြန်ရှာဖွေ တူးဖော်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ကိစ္စပါ။ အဲဒါကို Phillipa က တကယ်ကြီး လုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်း‌ဆောင်ခဲ့မှုအတွက်လည်း အင်္ဂလန်ဘုရင်မကြီးက သူ့ကို MBE ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီလို အင်္ဂလန်ရဲ့ တကယ့်သမိုင်းဝင်အခိုက်အတံ့တစ်ခုကို ဖော်ထုတ်ခဲ့တဲ့အကြောင်းတွေကို ပြန်ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို JimX နဲ့ Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by JimX & Htet Kyaw Myo Encoded by Y

Crime • Drama
6.6 2022
The Lost King
Lamya’s Poem

ကဗျာ၊ စာပေဆိုတာ နှလုံးသားရဲ့အာဟာရလို့ ဆိုတတ်ကြပါတယ်။ ချစ်ခြင်းရဲ့အတိမ်အနက်၊ မေတ္တာရဲ့သဘောတရားကို စာသားတွေ လင်္ကာကာရံတွေနဲ့ ချိန်ထိုးပြတတ်သူတွေအဖို့တော့ ကဗျာ စာပေဆိုတာ အသွားထက်တဲ့ ဓားတစ်လက်နဲ့ ညီမလားမသိနိုင်ဘူးပေါ့။ ‌ကာရန်တွေ နဘေတွေ ညီနေမှ ကဗျာဖြစ်တာမဟုတ်သလို ချစ်ခြင်းအကြောင်း ဖွဲ့သီတာဆိုမှလည်း ကဗျာမည်တာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူတွေရဲ့အကြောင်း ဘယ်လိုအကြောင်းအရာမျိုးမဆို ကဗျာကိုတင်ပြသူနဲ့ ဖတ်ရှုသူရဲ့ စိတ်ခံစားချက်ကို လိုက်ပြီး ယူဆချက်လည်း ကွဲပြားသွားနိုင်တာမျိုးပါပဲ။ အမေ့ပါးက သနပ်ခါးလေးကလည်း ကဗျာတစ်ပုဒ်ဖြစ်သွားနိုင်သလို ပုရွတ်ဆိတ်လေးတွေ အစာရှာရင်း တရွေ့ရွေ့သွားနေပုံလေးက‌လည်း အတွေးနယ်ချဲ့တတ်တဲ့သူအဖို့ အိပ်မပျော်တဲ့ညကို ကုန်လွန်စေမယ့်အကြောင်းပြချက် ဖြစ်သွားနိုင်တာမျိုးမဟုတ်ပါလား။ စိတ်ပျက်အားငယ် ဝမ်းနည်းနေချိန်မှာ သီချင်းလေးတစ်ပုဒ်၊ ကဗျာလေးတစ်ကြောင်းက ခံစားချက်ကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ဘဝရဲ့အခက်ခဲ အပင်ပန်းဆုံးအချိန်ရောက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့နေရာမှာရော အထောက်အကူ ဖြစ်စေနိုင်လေမလား။ ကဗျာလေး တစ်ပုဒ်သာဖြစ်ပေမယ့် ရင်ထဲရောက်အောင်သာ သွားနိုင်မယ်ဆိုရင် သိမြင်နိုင်ဖို့ အခဲယဉ်းဆုံးဖြစ်တဲ့ ကိုယ့်ရဲ့အတ္တနဲ့ မာနကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာ တင်ပြထားတဲ့၊ IMDB 7/10, Rotten Tomatoes 90% ရရှိထားတဲ့ Lamya’s Poem ဆိုတဲ့ ကာတွန်းကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာကြိုးစားပြီး စကားနားထောင်တတ်တဲ့ လန်မ်ရာက Syria က ၁၂အရွယ်ကလေးမလေးပါ။ စာတော်တဲ့သူ့ကို ဆရာဖြစ်သူက ရှေးရှေးတုန်းက ကဗျာပညာရှင် ဂျလာအာဒင်ရူမီရဲ့ ကဗျာစာအုပ်လေးတစ်အုပ်ကို ပေးခဲ့ပါတယ်။ စာပေကိုမြတ်နိုးသူ လန်မ်ရာလေးက ရူမီ့ရဲ့ကဗျာစာအုပ်လေးကို ရရှိအပြီးမှာပဲ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်ပျက်ခဲ့ပါတော့တယ်။ အဲဒါကတော့ ကဗျာစာအုပ်လေးကတစ်ဆင့် လန်မ်ရာက ညစဉ်ညတိုင်း အိပ်မက်ထဲမှာ ၁၃ ရာစုနှစ်က လူငယ်လေး ရူမီနဲ့ တွေ့ဆုံခဲ့တာပါပဲ။ သူနဲ့ အိပ်မက်ထဲမှာတွေ့တဲ့ ကဗျာဆရာလေး ရူမီကတော့ သူတို့နေတဲ့မြို့ကို မွန်ဂိုတွေဝင်တိုက်လို့ ဒုက္ခသည်လေးဖြစ်နေရှာသူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ အမှတ်မထင်ဘဲ လန်မ်ရာ့ဆီကိုလည်း တူညီတဲ့ကံကြမ္မာက ကျရောက်ခဲ့ပါတော့တယ်။ အဲဒါကတော့ Syria ပြည်တွင်းစစ်ပါပဲ။ နေ့ချင်းညချင်း အိမ်ခြေရာမဲ့ဖြစ်သွားရှာတဲ့ လန်မ်ရာတို့သားအမိနှစ်ယောက်က နယ်မြေသစ်ကိုသွားရင်း တကွဲတပြားစီဖြစ်သွားခဲ့ရပြီး လန်မ်ရာ့အတွက် အားထားစရာဆိုလို့ ရူမီ့ရဲ့ကဗျာစာအုပ်လေးသာကျန်ရစ်ခဲ့တော့တာပေါ့။ ဒီလိုနဲ့ လန်မ်ရာက ၁၃ရာစုနှစ်က ဒုက္ခသည်လေး ရူမီနဲ့ ကဗျာစာအုပ်လေး တစ်အုပ်အရင်းပြုလို့ ညစဉ်ညတိုင်း အိပ်မက်ထဲမှာ တွေ့ဆုံရင်း ထပ်တူညီတဲ့အခြေအနေမှာ ဒုက္ခတွေကို အတူဖြတ်ကျော်နိုင်မလားဆိုတာ.. ဘာအကြောင်းကြောင့်များ ၂၀ရာစုက လန်မ်ရာနဲ့ ၁၃ရာစုက ရူမီတို့ ကဗျာစာအုပ်လေးကနေတစ်ဆင့် အိပ်မက်ထဲမှာ သွားတွေ့ကြတာလဲဆိုတာ.. လက်တွေ့ဘဝမှာရော သူတို့နှစ်ယောက် အတူရှိနိုင်မလားဆိုတာ.. ကဗျာလေးတွေက သူတို့နှစ်ယောက်ကြား ဘယ်လိုဖြစ်တည်မှုတွေကို ဖန်တီးပေးမလဲဆိုတာ.. စတာတွေကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(700 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:29:00 Genre…Drama, Adventure, Animation, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2021
Lamya’s Poem
Before the Devil Knows You’re Dead
7.3

Imdb rating – 7.3/10 ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။ အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ရင်ဆိုင်​ရပါ​တော့တယ်။ Indie ရုပ်ရှင်​ဖြစ်လို့​ လူသိမများပေမဲ့ ဒီရုပ်ရှင်က အရည်​အသွေး​မြင့်မားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မတော်တဆ​တိုက်​ဆိုင်သွားတဲ့ ဖြစ်ရပ်​တစ်ခုက​နေ​ မိသားစု​ပြိုကွဲတဲ့အထိ​ ဆင့်ကဲသက်ရောက်သွားပုံကို​ Pulp Fiction​ ဇတ်​ကားလို​ non-linear စတိုင်နဲ့တင်ဆက်သွားတာဖြစ်ပါတယ်။ ဇာတ်​အိမ်ဖွဲ့စည်းမှုကောင်းမွန်ပြီး Philip Hoffmann နဲ့​ Ethan Hawke​ လို​ ဝါရင့်သရုပ်ဆောင်တွေရဲ့ပုံဖော်တင်ဆက်မှုကလည်း​ပီပြင်​တဲ့အတွက်​ ရုပ်​ရှင်​ဝေဖန်​သူတွေ​ အထူးချီးကျူးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ အင်​ဒီရုပ်ရှင်​နှစ်သက်​သူများနဲ့ မှုခင်းဒရာမာ​ Thriller ရုပ်ရှင်​များကိုကြိုက်နှစ်သက်သူတိုင်း မဖြစ်​မနေကြည့်ရှုသင့်တဲ့ ဇာတ်​ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်​မှာ​ အန်ဒီအဖြစ်အကောင်းဆုံးသရုပ်ဆောင်သွားတဲ့ ဝါရင့်မင်းသားကြီး Philip​ Hoffmann ကတော့​ ၂၀၁၄ မှာကွယ်လွန်သွားခဲ့ပါပြီ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Romance • Comedy • Drama
7.3 2007
Before the Devil Knows You’re Dead
The X-Treme Riders

The X-Treme Riders (2023) အသစ်ထွက်ရှိထားတဲ့ ထိုင်းအက်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Fun နဲ့ Kla ရဲ့ အဖေက လက်ဝှေ့အားကစားရုံပိုင်ရှင်ဖြစ်ပြီးတော့ သားဖြစ်သူ Kla ကို လက်ဝှေ့အမွေ ပေးချင်နေတဲ့သူပါ။ အဖေဖြစ်သူ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာ သမီးဖြစ်တဲ့ Fun ကပဲ လက်ဝှေ့ရုံကို အမွေဆက်ခံပြီးတော့ သားဖြစ်တဲ့ Kla ကတော့ အိမ်ကနေထွက်သွားပြီး မူးယစ်ဆေးရောင်းဝယ်ရေးလုပ်တဲ့ ပြိုင်ကားမောင်းတဲ့အဖွဲ့ထဲ ဝင်သွားပါတယ်။ တစ်နေ့မှာ အမေဖြစ်သူ ကျန်းမာရေးမကောင်းဖြစ်ပြီး နှလုံးအစားထိုးကုသဖို့ ငွေအများကြီးလိုလာတဲ့အခါ Fun က MMA ချန်ပီယံတစ်ယောက်နဲ့ ယှဉ်ပြိုင်ရမယ့် လက်ဝှေ့ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆုကြေးဘတ်တစ်သန်းရအောင် ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း မူယစ်ဆေးရောင်းဝယ်တဲ့ အဖွဲ့တွေက လက်ဝှေ့ပွဲအကြောင်းပြပြီး မူးယစ်ဆေးသယ်ပို့ဖို့ လုပ်ကြတဲ့အခါ မောင်နှမနှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါစို့။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p File size… 1.4GB | 587MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

0 2023
The X-Treme Riders
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
Grave Torture
7.1

အခုတင်ဆက်ပေးမဲ့ Horror ဇာတ်ကားလေးကတော့ တွေ့မြင်နေကျ Horror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကား လေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur (Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန် ရရှိထားပါတယ်။ အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူ နှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့ ဘာသာဝင်တွေလည်း ရှိပါသေးတယ်။ အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေ အများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင် မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့ အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင် ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့ မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။ စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေး အပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့ အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့ လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့ ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီး အစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့ စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီး တကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့ အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့ မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့ Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.62GB / 782MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.1 2024
Grave Torture
Close-Up
8.2

Close-Up (1990) ~ IMDb – 8.2/10, Rotten Tomatoes – 89% ~ အီရန်နယူးဝေ့ဟာ ၁၉၆၄မှာ Hajir Darioush ရဲ့ Serpent’s Skin နဲ့ စခဲ့တယ်။ ၆၅မှာပဲ သူက Social Documentaries နှစ်ကား ထပ်ရိုက်ခဲ့ပြီး Face 75 ကို ရိုက်ခဲ့တယ်။ ဒီရုပ်ရှင်တွေက အီရန်နယူးဝေ့ရဲ့ အုတ်မြစ်တွေလို့ အားလုံးလက်ခံထားကြတယ်။ နောက် Davoud Mollapour ရဲ့ Shohare Ahoo Khanoom ထွက်ပြီး ၁၉၆၉မှာ Dariush Mehrju က The Cow ကို ရိုက်ခဲ့တယ်။ အဲဒီမှာ အီရန်နယူးဝေ့က ခိုင်မာလာခဲ့တယ်။ ၁၉၇၀မှာတော့ Abbas Kiarostami က သူ့ရဲ့ပထမဆုံး ရုပ်ရှင်တို The Bread and Alley ကို ရိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်း The Experience (1973), The Traveler (1974) အပါအဝင် တခြားရုပ်ရှင်ပေါင်းစုံ ဆက်တိုက်ဆိုသလို ဆက်ရိုက်ခဲ့တယ်။ ဒါပေမဲ့ Where is the Friend’s Home? (1987) ထွက်ပြီးနောက်ပိုင်းမှပဲ သူ့ကို နိုင်ငံတကာ ပရိသတ်က စလက်ခံခဲ့ကြတယ်။ အဲဒါနဲ့ခပ်ဆင်ဆင် Homework (1989) ဆိုတဲ့ ဒိုကူမန်ထရီတစ်ကားကိုရိုက်ခဲ့တယ်။ Close-Up (1990) ကလည်း ဒိုကူမန်ထရီလိုဖြစ်နေတော့ ဒီကာလမှာ သူ ဒိုကူမန်ထရီ ၂ကားဆက်တိုက်ရိုက်ခဲ့တယ်လို့ပြောရမယ်။ နောက် And Life Goes On (1992) နဲ့ Through the Olive Trees (1994) ကို ဆက်ရိုက်ခဲ့တယ်။ ဒီ၂ကားနဲ့ Where Is the Friend’s Home? (1987) က သူ့ရဲ့နာမည်ကျော် Koker Trilogy ဖြစ်လာခဲ့တယ်။ ဒီ Trilogy က ပြင်သစ်နဲ့ ဥရောပနိုင်ငံတွေမှာ အောင်မြင်ခဲ့တယ်။ နောက်ပိုင်း Taste of Cherry နဲ့ The Wind Will Carry Us တို့လို သူ့မာစတာပိစ်တွေကို ဆက်ရိုက်ခဲ့တယ်။ နောက် Ten (2002) နဲ့ Shirin (2008)… Certified Copy (2010) နဲ့ Like Someone in Love (2012) ကိုတော့ အီရန်ပြင်ပမှာ ရိုက်ခဲ့တယ်။ ၂၀၁၆မှာတော့ ဆုံးပါးသွားခဲ့ပြီး ၂၀၁၇မှာ သူ့ရဲ့နောက်ဆုံးရုပ်ရှင် 24 Frames ထွက်လာခဲ့တယ်။ ဒါက အီရန်နယူးဝေ့အစကနေ စရိုက်ခဲ့သလို အီရန်စီနီမာရဲ့ အခရာတစ်ယောက်ဖြစ်တဲ့ Abbas Kiarostami ရဲ့ ဒစ္စကိုဂရပ်ဖီပါပဲ။ Close-Up (1990) က တကယ့်အဖြစ်အပျက်ကို အဲဒီတကယ့်အဖြစ်အပျက်ထဲက လူတွေနဲ့ ဒိုကူမန်ထရီရိုက်ထားသလိုဖြစ်နေတဲ့ ဒိုကူမန်ထရီမကျ ဖစ်ရှင်မကျ ဒိုကူဖစ်ရှင် ရုပ်ရှင်အမျိုးအစားပဲ။ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာအယောင်ဆောင်ပြီး မိသားစုတစ်ခုကို လိမ်လည်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ခြေရာကောက်တဲ့အကြောင်း ရိုက်ပြထားတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်ကို Abbas က စိတ်ဝင်စားစရာကောင်းအောင် Rashomon Effect သုံးပြီး တင်ပြသလို တင်ပြမှုမျိုးနဲ့ တင်ပြသွားခဲ့တယ်။ Abbas အတွက် ဒီကိစ္စက သိပ်တော့မဆန်းလှဘူး။ ကျွန်တော့်အမြင်အရတော့ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ဒိုကူမန်ထရီတွေသာ မဖြစ်နေမယ်။ ရုပ်ရှင်တစ်ခုကိုတင်ပြပုံထက် တကယ့်ဘဝကို တင်ပြပုံနဲ့ အမြဲတူနေလို့ပါပဲ။ တခြားအီရန်ဒါရိုက်တာတွေနဲ့ သူကွဲထွက်နေတဲ့ အဓိကအချက်ကလည်း ဒီအချက်လို့ပဲ မြင်တယ်။ ဒုက္ခကို ဇာတ်နာအောင် တင်ပြမှုများတတ်တဲ့ အီရန်ရုပ်ရှင်တွေထဲ Abbas ကတော့ ဒုက္ခကို တင်ပြပေမဲ့ ဇာတ်ကြောင်းပြောသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီအဖြစ်ကို လိုက်ကြည့်နေတဲ့သူတစ်ယောက်အနေနဲ့ပဲ တင်ပြနေကျပဲ။ ပြောရရင် Abbas ဟာ လောကဓံတွေကို တင်ပြပေမဲ့ ဘယ်တော့မှ အဆိုးသက်သက်နဲ့ အဆုံးမသတ်သွားဘူး။ဒါကိုကလည်း ကမ္ဘာကြီးဆန်နေတာပါပဲ။ 24 Frames လို ရုပ်ရှင်ဟာ သူ့ရဲ့နောက်ဆုံးအဆင့်ဆိုရင် Abbas ဟာ ဒီတစ်လျှောက်လုံးမှာလည်း ရုပ်ရှင်ဟာ သေသပ်လှပစွာတည်ဆောက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ သူမမြင်သွားဘူးထင်ပါတယ်။ Close-Up (1990)ကလည်း လိမ်လည်မှုတစ်ခု တရားခွင်တစ်ခုကို တင်ဆက်ထားပေမဲ့ အဆိုးအကောင်းတွေအတွက် ဇာတ်ကြောင်းပြောသူဘက်က အကဲဖြတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ထားတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်လို့ ပြောလို့ရတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 875MB Quality – BluRay 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 38Min Genre – Docudrama, Biography, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.2 1990 98 mins
Close-Up