YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Red Shoes.2021.EP6.mp4

386.21 MB N/A video/mp4 1639 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nightmares

ယနေ့ခေတ်မှာ ဘယ်သူမဆို အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။ အဲဒီလို ရုန်းကန်နေရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အတွက် မေ့လျော့တတ်နေကြတာပေါ့။ ဒါကြောင့် ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာနေဖို့အတွက် ကိုယ်ကိုယ်ကိုယ် အမြဲဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အသက်ရှင်လာတဲ့ကာလတလျှောက်လုံး ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ (Trauma) တွေဟာ လူကြီး၊ လူငယ်မှန်သမျှကို ဒုက္ခပေးနိုင်တာမို့ အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး ပျော်စရာတွေ ဖန်တီးဖို့ဆိုတာ အရေးကြီးတာကြောင့် စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ မှာကြားပါရစေ… ဒီဇာတ်ကားလေးကတော့ ဖွန်အန်းဆိုတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ကို အခြေခံရိုက်ကူးထားပြီး သူ့ရဲ့ အတိတ်က စိတ်ဒဏ်ရာတွေက သူ့လိုအောင်မြင်နေတဲ့ဆရာဝန်ကိုတောင် ဘယ်လောက်ထိ နှိပ်စက်လဲဆိုတာကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ Horror Vibe နဲ့ Thriller Vibe ကို ရောစပ်ပြီးပေးစွမ်းနိုင်တဲ့ဇာတ်ကားဖြစ်တာကြောင့် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဖွန်အန်းဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တဲ့အပြင် သန်းချီတန်တဲ့ ပရောဂျက်ကိုတောင် ဦးဆောင်ဖို့အတွက် တာဝန်ပေးခြင်းခံရတဲ့ ထူးချွန်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ငွေကြေးကလည်း ချမ်းသာပြီး သူ့ရဲ့ခင်ပွန်းသည်ကလည်း လိုလေသေးမရှိအောင် ချစ်ပေးပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကလည်း သည်းသည်းလှုပ်ဂရုစိုက်ကြပြီး အပြင်ပန်းကြည့်ရင် အစစအရာရာ ပြီးပြည့်စုံတဲ့သူလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့… လျှို့ဝှက်ချက်တွေ၊ စိတ်ဒဏ်ရာတွေများစွာကြောင့် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူတွေကိုတောင် ဘယ်လောက်ထိ ဆိုးကျိုးသက်ရောက်လာမလဲ…? သူ့ရဲ့အတိတ်က ဖြစ်ရပ်ဆိုးကြီးက ဘာများလဲ…? သူ့ကိုချစ်တဲ့သူတွေကရော သူ့ကို တကယ်ချစ်ကြရဲ့လား…? ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် CM ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kai Zenn ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 992MB | 502MB | 253MB Format… mp4 Duration….  1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kai Zenn Encoder ..... August

Adventure • Comedy • Western
null 2022 86 mins
Nightmares
My Dear Bootham
6

ဟိုးရှေးရှေးတုန်းက ဝိဉာဉ်လောကရဲ့ ဘုရင်ကြီးတစ်ပါးရှိပါသတဲ့။ သူက သူ့သားလေးနဲ့ သူတော်စင်တွေနေတဲ့ မာကရလောကထဲကို အလည်အပတ်သွားရင်း တရားကျင့်နေတဲ့ သူတော်စင်တစ်ပါးကို သူ့ရဲ့သားလေးက နှောက်ယှက်မိတာကြောင့် စိတ်ဆိုးသွားတဲ့ သူတော်စင်ကြီးရဲ့ ကျိန်စာကို သူ့သားလေးအစား သူက လက်ခံလိုက်ပါတယ်။ အဲ့ဒီကျိန်စာကတော့ သူ့ဟာ ရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့ကို ပိတ်လှောင်ထားတဲ့ ရုပ်ထုကြီးပေါ်က စာတွေကို ဖတ်နိုင်တဲ့သူမှသာ ဒီကျိန်စာကနေ လွတ်မြောက်အောင်လုပ်ပေးနိုင်တယ်ဆိုတာပါပဲ။ နောက်ထပ် နှစ်ပေါင်း3000ကြာမြင့်သွားတဲ့နောက်။ ကျောင်းမှာ တခြားကလေးတွေက ဝိုင်းပြောင်လှောင်၊ ဆရာမတွေက ကြည့်မရ၊ လူတွေက မျက်မုန်းကျိုး၊ ဘဝကို အရှုံးသမားပေါက်စလေးလိုနေနေရပေမဲ့ သာမန်ကလေးတွေလို စကားပြောချင် ရယ်ရယ်မောမောနေချင်တဲ့ သီရူနာဆိုတဲ့ စကားထစ်နေတဲ့ ကလေးလေးတစ်ယောက်က ဝိဉာဉ်လောကဘုရင်ကြီးရဲ့ ကျိန်စာကို ပယ်ဖျက်ပေးဖို့ ကံဖန်လာတဲ့အခါမှာတော့....။ ဟာသနှောထားတဲ့ ကားလေးမို့ ရယ်ရယ်မောမောကြည့်လို့ရတာတင် မဟုတ်သေးပါဘူး။ အားနည်းသူကို နှိမ်ပြီး လှောင်ပြောင်တတ်တဲ့ လောကရဲ့ သဘာဝအပြင် မှတ်သားစရာ အချက်လေးတွေအများကြီး ထည့်ရိုက်ထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။ IMDb rating 6.8အထိရရှိထားပြီး အိမ်က သားသားမီးမီးလေးတွေနဲ့ အတူတူကြည့်ဖို့လည်း သင့်တော်တဲ့ ကားလေးပါ။ 2022ထွက် My dear Boothamဆိုတဲ့ ကားအသစ်လေးပဲ အခုပဲ ကြည့်လိုက်ကြရအောင်ပါနော်။ File size…1.6GB / 884MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & OeliuJ & Sora

Drama
6 2022 124 mins
My Dear Bootham
A Wedding to Remember
6.1

A Wedding To Remember (2021) ======================= IMDb Rating – 6.1/10 အချစ်ဆိုသည်မှာ အံ့ဩမှုများနဲ့ ဆန်းကြယ်သောအရာတဲ့။ မြင်မြင်ချင်း ချစ်မိတာက အချစ်စစ်လား၊ ရယူဖန်တီးထားတာကရော အချစ်လား၊ လုပ်ယူမထားဘဲ သဘာဝဆန်ဆန်လေး ချစ်ကြိုက်မိသွား ကြတာကမှ အချစ်စစ်လား။ လူတိုင်းက အချစ်ကို ခံယူချက်အမျိုးမျိုးနဲ့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို တတ်ကြပါတယ်။ ဒီဇာတ်ကားလေးကတော့ အချစ်ရဲ့ ချိုချဉ်ငံစပ်သဘော တရားတွေ အားလုံး မြင်တွေ့ရနိုင်မယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ကံကြမ္မာက ဖန်တီးပေးတဲ့ လက်တွဲဖော်ကိုပဲ လိုချင်ကြတဲ့ ဘရိုင်ယန် နဲ့ အိုလစ်ဗီယာ တို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စတွေ့ကတည်းက ပဋိပက္ခတွေ အပြည့်နဲ့ လူနှစ်ယောက်က မင်္ဂလာဆောင်တစ်ခုမှာ သတို့သားအရံနဲ့ သတို့သမီးအရံအဖြစ် ပြန်လည်ဆုံစည်းလာကြတဲ့အခါ ဘာတွေ ဆက်ဖြစ် လာနိုင်မလဲ။ သူတို့ယုံကြည်ထားတဲ့ အချစ်ကရော လက်တွေ့ဘဝမှာ တကယ် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါလို့ပဲ တိုက်တွန်းပါရစေ။ ဘရိုင်ယန် အဖြစ် မင်းသား Greyston Holt နဲ့ အိုလစ်ဗီယာအဖြစ် မင်းသမီး Christina Rosato တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.1 ရရှိထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.64 GB) / (837 MB) / (516 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 25mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….May Thet Khine Soe Encoder……….SWM

Action • Adventure • Science Fiction • Thriller
6.1 2021
A Wedding to Remember
Taipei Story
7.6

Taipei Story ( 1985 ) ————————– IMDb – 7.6 Rotten Tomatoes – 100% Directed By Edward Yang New Taiwenese Cinema ရဲ့ အစောပိုင်းရုပ်ရှင်တွေထဲ တစ်ကားအပါအဝင်ဖြစ်တဲ့ ထိုင်ပေစတိုရီကို ထိုင်ဝမ်ရုပ်ရှင်သစ်ရဲ့ ပဲ့ကိုင်ရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အတ်ဒဝတ်ယန်းက ရိုက်ကူးထားပါတယ်။ Criterion Collectionကလည်း World CInema Project အတွက် 4k နဲ့ပြန်ထုတ်ခဲ့တဲ့ ထိုင်ဝမ်ရုပ်ရှင်ရဲ့ မှတ်တိုင်တစ်ခုလို့ ပြောလို့ရပါတယ်။ A Brighter Summer Day မှာ ယန်းဟာ ပြည်မနဲ့ထိုင်ဝမ် ခွဲထွက်တဲ့ကာလကို ရိုက်ပြပြီး အဲဒီခေတ်က အခြေအနေတွေကို ထင်ဟင်အောင်ရိုက်ပြခဲ့သလို ဒီရုပ်ရှင်မှာလည်း ယန်းဟာ ဂျပန်နဲ့ အမေရိကန်လွှမ်းမိုးမှုအောက်က ထိုင်ဝမ်စီးပွားရေးအခြေအနေကို သူ့ဟန်အတိုင်း ကာရိုက်တာတွေအများကြီးသုံးပြီး ပုံဖော်ရိုက်ကူးသွားတာပါပဲ။ ရိုးရိုးရှင်းရှင်းဇာတ်ဝင်ခန်းတွေ tragedy တွေ မထင်ရင်မထင်သလို တော်တော်လှလာတတ်တဲ့ စီနီမာတိုတွေကို သုံးပြီး ၁၉၆၉ဝန်းကျင်က ထိုင်ပေမြို့ပြရဲ့ အခြေအနေကို မသိမသာရော သိသိသာသာရော ပြထားတဲ့ ရုပ်ရှင်ပါ။ ဒီကာလဟာ ယန်းလည်း ၂၀ဝန်းကျင်လောက်ပဲ ရှိသေးတဲ့ကာလဖြစ်သလို ဒီရုပ်ရှင်ရဲ့ တရုတ်နာမည်က ငယ်ဘဝရည်းစားကို ရည်ညွှန်းတယ်ဆိုတော့ ဒီရုပ်ရှင်ထဲက ကာရိုက်တာဟာ သူ့အကြောင်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မင်းသမီးကတော့ သူနဲ့ယူလိုက်တဲ့ Tsai Chin ကို သုံးထားပြီး မင်းသားက‌တော့ သူ့ရောင်းရင်း ထိုင်ဝမ် new wave ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Hou Hsiao – Hsien ပါ။ ယန်းဟာ တော်တော်တော်တဲ့ ဒါရိုက်ပေမဲ့ That Day on the beach , Taipei Story , Terrorizers , A brighter Summer Day , A Confucian Confusion , MahJong, Yi YI အစရှိသဖြင့် features Film ၇ကားပဲရိုက်ကူးခဲ့ပြီး CMမှာတော့ A Brighter Summer day , Yi Yi နဲ့ အခု ထိုင်ပေစတိုရီ ၃ကားတင်ပြီးပါပြီ။ ယန်းရဲ့ ရုပ်ရှင်တွေဟာ ထိုင်ဝမ်ရဲ့ မာစတာပိစ်တွေအကြောင်း ပြောရင် ဖယ်ထားလို့မရတဲ့ ရုပ်ရှင်တွေပါပဲ။ ထိုင်ပေစတိုရီဟာ ထိုင်ပေမြို့ပြလရောက်တမ်းခြင်းလို့ ပြောရင်လည်း မမှားပါဘူး။ ယန်းရဲ့ A brighter Summer Dayနဲ့တန်းတူ critic rating 100% ရထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:59:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Crime • Drama • Thriller
7.6 1985
Taipei Story
Critical Keertanegalu
6.3

Critical Keertanegalu (2023) ” ဒလိမ့်ကောင်ရှေ့နေနဲ့ အသေကြူးမယ့် မမများအဖွဲ့” IMDb 6.3/10 မြန်မာနိုင်ငံမှာ လူကြီးလူငယ်မရွေး ဘောလုံးပွဲကိုနှစ်သက်ကျသလို အိန္ဒိယမှာလည်း ခရစ်ကတ်ဆိုတာ အရွယ်မရွေးနှစ်သက်တဲ့အားကစားပါပဲ။ အားကစားရဲ့ရည်ရွယ်ချက်ကကောင်းပေမဲ့ ယှဉ်ပြိုင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ အနိုင်အရှုံးနဲ့ အလောင်းအစားလေးက ကပ်ပါလာတဲ့အခါ… အပျော်တွေက ကောင်းကျိုးထက် ဆိုးကျိုးတွေကို ဖြစ်လာစေတဲ့အခါမှာ လောင်းကစားကလည်း အပျော်ဆော့တယ်ဆိုပေမဲ့ လောင်းရင်းလောင်းရင်း စွဲလမ်းစိတ်များလာတဲ့အခါမှာ ဒီစွဲလမ်းစိတ်ကြောင့် အိမ်ခြေရာမဲ့ဘဝတွေသာမကဘဲ အသက်တွေကိုပါ ဆုံးရှုံးရတာမျိုးတွေရှိလာတတ်ပါတယ်… ဒီဇာတ်လမ်းလေးကတော့ ဒီအချက်တွေကို အလေးထားပြီးတော့ လောင်းကစားတားမြစ်ဖို့အတွက် အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီလို အချက်တွေကို ထောက်ပြပြီးတော့ တရားရုံးမှာ အယူခံခဏခဏဝင်တဲ့ ပြည်သူ့ဘက်တော်‌သားအကြံပေးရှေ့နေ ကာရီရပ်ပါ… အမှုတွေတစ်ခုမှမနိုင်တဲ့အပြင် ပိုက်ဆံတစ်ပြားမှမရှာနိုင်တဲ့အတွက် အိမ်ထောင်ရှင်တို့ဘဝမှာ ဖြစ်တတ်တဲ့ မိန်းမသားတို့ရဲ့ ဆူပူနားငြီးတတ်တာတွေ… အချစ်အိမ်လေးကိုရှေ့တန်းတင်ပြီးတော့ ပညာရေးကို လစ်ဟထားလိုက်တော့ ဖြစ်လာတတ်တဲ့အကျိုးဆက်တွေ… ဒီလိုဇာတ်ရှုပ်ပေါင်းများစွာကို ဟာသလေးကို အခြေခံပြီးတော့ ရိုက်ကူးထားလိုက်တော့ ကြည့်ရှုရင်းနဲ့ ဘဝအမောတွေကို ပြေပျောက်သွားစေမှာမလို့ review လေးဖတ်ရင်း တစ်လက်စတည်း ကြည့်ရှုလိုက်ကြပါဦး… ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

6.3 2023 129 mins
Critical Keertanegalu
Endless Borders

IMDB 7/10 ရရှိထားပြီး ဆု ၃ ခုနဲ့ Nomination တစ်ဆု ဝင်ထားတဲ့ 2 023 ခုနှစ်ထွက် Thriller/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမှုတစ်ခုကြောင့် နယ်နှင်ဒဏ်ပေးခံထားရတဲ့ အီရန်နိုင်ငံသား ကျောင်းဆရာဖြစ်သူ အာမက်က နယ်စပ်ရွာလေးက အရွယ်စုံ လူမျိုးစုံ ကလေးတွေကို စာသင်ပြပေးသူဖြစ်ပါတယ်။ သူများကို ကူညီတတ်ပြီး စိတ်ရင်းကောင်းတာမို့ ဒုက္ခရောက်နေသူတွေ့ရင် လက်မနှေးတတ်တဲ့ အာမက်က ခါတိုင်းလိုပဲ တာလီဘန်တွေလက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် အာဖဂန်နစ္စတန်မိသားစုကို ကူညီပေးခဲ့ပြန်ပါတယ်။ စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့ပေမဲ့လည်း အာဖဂန်မိသားစုရဲ့ အရှုပ်အထွေးတွေနဲ့ သွားပတ်သက်မိတဲ့ သူ့တပည့်ဖြစ်သူ ဘာလာ့ဂျ်ကြောင့် တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို ပြဿနာတောထဲ ဝင်ပါမိသွားရာက အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် သူတို့နေထိုင်တဲ့ရွာလေးကနေ ထွက်ပြေးဖို့ဖြစ်လာတဲ့အခါမှာတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(789 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
Endless Borders
Okiku and the World
6.8

Okiku and the World (2023) IMDb 6.8 ရထားတဲ့ ဂျပန် အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၉ ရာစုအလယ် အဲဒို(လက်ရှိတိုကျို)မှာ ဇာတ်လမ်းတည်ထားတဲ့ ဒီရုပ်ရှင်လေးမှာ ချူးဂျိဆိုသူက မစင်တွေလိုက်ကျုုံးပြီး ရောင်းချအသက်မွေးရတဲ့လူပါ ဒီလိုနဲ့ တစ်နေ့မှာ အိုကီကူဆိုတဲ့ ကောင်မလေးနဲ့တွေ့ပါတယ် အိုကီကူကတော့ ဆာမူရိုင်းမဟုတ်တော့တဲ့ တစ်ချိန်က ဆာမူရိုင်းကြီးရဲ့သမီးဖြစ်ပြီး လက်ရှိမှာတော့ ဆင်းရဲသားအိမ်တန်းလျားမှာ ငှားနေရပါတယ် နိမ့်ဆင်းသွားတဲ့လက်ရှိဘဝကို စိတ်ပျက်ညှိုးမှိုင်လျက်ရှိတဲ့ မိန်းကလေးတစ်ယောက်… သူ့ဘဝထဲကို မစင်ကျုံးသမားလေး ဝင်လာတဲ့အခါမှာ အေးစက်တဲ့ လောကဓံကြားမှာ နွေးထွေးတဲ့ ချစ်ခြင်းကို ရှာတွေ့သွားနိုင်မှာလား ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုအားပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ KKKZ ~ ToMo တို့ပဲ ဖြစ်ပါတယ်

6.8 2023
Okiku and the World
Demonte Colony 2
7.6

Demonte Colony 2(2024)”ဒီမွန့် စံအိမ်ကြီး အပိုင်း ၂” ============================================= IMDb 7.7 ရရရှိထားတဲ့ တမီလ်စကားပြော ရုံတင်ရုပ်ရှင်ကားတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့Demonte Colony ရုပ်ရှင်ရဲ့ တိုက်ရိုက်အဆက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုလည်း ပထမ Demonte Colony ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ အာဂ်အဂျေးဂါနန်နာမူသူကပဲ ဆက်လက်ရိုက်ကူးထားတာဖြစ်ပဲ ပထမရုပ်ရှင်မှာရခဲ့တဲ့ သည်းထိတ်ရင်ဖိုသရဲကားဆိုတဲ့အရသာကို ဆက်လက်ပေးစွမ်းနိုင်ဆဲပါပဲ။ ဒီ နံပါတ် ၂ မှာတော့ ဆုံးပါးသွားတာ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ခင်ပွန်းအတွက် ဖြေမဆည်နိုင်သေးတဲ့ ဒယ်ဘီဆိုတဲ့မိန်းကလေးဟာ သဘာဝလွန်အစီအရင်တွေသုံးကာ ခင်ပွန်းဖြစ်သူနဲ့ ဆက်သွယ်ဖို့ကြိုးစားရင်း လူတစ်ယောက်နဲ့တွေ့ကာ ဒီမွန့်စံအိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြပုံကို မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.6 2024 145 mins
Demonte Colony 2
Human Animals
5.6

တစ်ခါတုန်းက တိရစ္ဆာန်ရုံတစ်ခုမှာ “ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး တိရစ္ဆာန်” ဟု ပြသထားတဲ့နေရာမှာ မှန်တစ်ချပ် ချိတ်ဆွဲထားရှိခဲ့ဖူးပါတယ်။ ဆင့်ကဲပြောင်းလဲလာမှုကနေတစ်ဆင့် ဖြစ်တည်လာတဲ့ လူသားတွေဟာ ကမ္ဘာပေါ်မှာ အသိဉာဏ်အရှိဆုံး သတ္တဝါဖြစ်သလိုပဲ အရက်စက်ဆုံး၊ အကောက်ကျစ်ဆုံး သတ္တဝါအဖြစ်နဲ့ ကမ္ဘာကြီးကို အန္တရာယ်အပေးနိုင်ဆုံး သတ္တဝါလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်စုမှာ ယောက်ျားသားတွေဖြစ်တဲ့ ရွိုင်းနဲ့ချာဗာတို့က ပုလဲနံပသင့်ပေမယ့် ရွိုင်းရဲ့ဇနီး ဖာဘီရိုလာ နဲ့ ချာဗာရဲ့ဇနီး အန်နာဟီးတို့ကတော့ သူတို့ကြားထဲက ကွဲပြားမှုကို သတိထားမိနေကြပါတယ်။ ခွေးကြောက်တတ်တဲ့ ရွိုင်းတို့ရဲ့သမီးလေး တယ်ရစ်ဆာ နဲ့ ခွေးချစ်သူဇနီးမောင်နှံဖြစ်တဲ့ ချာဗာနဲ့အန်နာဟီးရဲ့ သားလိုချစ်ရတဲ့ ခွေး. ဂျက်ဂါတို့ကြောင့် မိသားစုနှစ်စုကြားက အတားအဆီး တစ်ခုသဖွယ် ဖြစ်နေပါတယ်။ တစ်ရက်မှာတော့ ချာဗာတို့က ရွိုင်းတို့မိသားစုကို ထမင်းစားဖိတ်ခဲ့ပြီးတော့ ခွေးကြောက်တတ်တဲ့ တယ်ရစ်ဆာအတွက်လည်း သူတို့ခွေးကို ပိတ်လှောင်ထားပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ထမင်းစားဝိုင်းမှာပဲ ချာဗာနဲ့အန်နာဟီးတို့ဟာ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေ ဖြစ်ခဲ့ဖူးကြောင်း စကားစပ်မိရင်းနဲ့ ရွိုင်းတို့ကို ပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပိတ်ထားခဲ့တဲ့ ဂျက်ဂါက လွတ်လာခဲ့ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားခဲ့ပါတယ်။ တယ်ရစ်ဆာရဲ့ ခွေးကြောက်တတ်တဲ့အကျင့်ကို ဖျောက်နိုင်ဖို့ ဂျက်ဂါ့ကို ပွတ်သပ်ခိုင်းခဲ့ပေမယ့် ဂျက်ဂါကလည်း တယ်ရစ်ဆာ့အပေါ်မှာ ရန်လိုနေခဲ့ပါတယ်။ တစ်ခုခုကို ကြောက်ရွံနေရင် အဲဒီအရာက မလွဲမသွေဖြစ်လာတတ်တဲ့ နိယာမအတိုင်းပဲ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်ခုကြားထဲမှာ အရုပ်ဆိုးတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာခဲ့ပါတယ်။ ရွိုင်းတို့ခြံဝင်းထဲကို ကျူးကျော်နေတတ်တဲ့ ဂျက်ဂါဟာ တယ်ရစ်ဆာရဲ့ အရုပ်ကို ဖျက်ဆီးနေတာ တွေ့တာကြောင့် တယ်ရစ်ဆာက ရန်မူခဲ့ပါတယ်။ ဂျက်ဂါကလည်း စိတ်ရိုင်းဝင်ပြီး တယ်ရစ်ဆာရဲ့ လက်မောင်းကို ကိုက်ဆွဲခဲ့ပါတယ်။ အပြင်းအထန်ဒဏ်ရာရသွားတဲ့ တယ်ရစ်ဆာကို ဆေးရုံကို ပို့အပြီးမှာ ချာဗာတို့ဇနီးမောင်နှံက ခွေးရုပ်ကလေးလက်ဆောင်ပေးဖို့ ကြိုးစားခဲ့တာကြောင့် ရွိုင်းနဲ့ချာဗာတို့ မိသားစုနှစ်စုကြားမှာ ပိုပြီး တင်းမာလာခဲ့ပါတယ်။ မီးစလေးကနေ တငွေ့ငွေ့လောင်ကျွမ်းပြီး မီးတောက်ကြီးဖြစ်လာခဲ့သလို ကိစ္စတွေက ထင်ထားတာထက် ပိုပြီး ပြင်းထန်လာခဲ့ပြီးတော့ ရွိုင်းရဲ့ဆိုင်ရာပိုင်ရာတွေကို တိုင်ကြားခဲ့မှုကြောင့် ဂျက်ဂါကို တိရစ္ဆာန်ထိန်းချုပ်ရေးကနေ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဂျက်ဂါမရှိတော့တဲ့နောက်ပိုင်း မိသားစုနှစ်ခုဆက်ဆံရေးက နောက်ပြန်လှည့်လို့မရတဲ့ အခြေအနေရောက်သွားခဲ့ပြီး ရွိုင်းတို့မိသားစုအတွက် ခြောက်ခြားထိတ်လန့်ဖွယ်ကိစ္စတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ နောက်ပိုင်းမှာ ချာဗာနဲ့အန်နာဟီးတို့ရဲ့ နောက်ကြောင်းကို စုံစမ်းမိပြီး နာမည်တုနဲ့နေထိုင်နေသူတွေဖြစ်ကြောင်း သိရှိသွားချိန်မှာတော့ ရွိုင်း၊ ဖာဘီရိုလာနဲ့ သမီးဖြစ်သူ တယ်ရစ်ဆာတို့အတွက် အရမ်းနောက်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ အန္တရာယ်အများဆုံး၊ အကောက်ကျစ်တတ်ဆုံး လူသားသတ္တဝါတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် ကြုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပြီဖြစ်ပါတော့တယ်…။ File size… 1.3 GB / 511 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Drama / Horror / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Science Fiction • Drama • Romance
5.6 2020 89 mins
Human Animals
Blood Star
6.1

ဒီတစ်ခါ cm ပရိသတ်ကြီးကို Thriller ဇာတ်ကား‌‌လေး တစ်ကားနဲ့ မိတ်ဆက်‌‌ပေးချင်ပါတယ်။ ဇာတ်ကားအဖွင့်မှာပဲ ပထမဆုံး သားကောင်ဖြစ်တဲ့ ကောင်မလေး ကန္တာရထဲပြေးလွှားရင်း လဲကျနေချိန် ရေဘူးပေး ကျည်တစ်‌‌တောင့်နဲ့ သေနတ် ပစ်ချ‌‌‌‌‌‌‌ပေးပြီး ကားနဲ့တိုက်သတ်တဲ့ အခန်းနဲ့ စတင်ထားပါတယ်။ ရိုဘတ်တာ (ဘော်ဘီ) လို့ခေါ်တဲ့ ‌‌‌‌‌‌ကောင်မ‌‌‌‌လေးတစ်ယောက် စတိုးဆိုင်တစ်ခုမှာ အလစ်သုတ်တဲ့ အမှုနဲ့ အချုပ် ကျရာကနေ လွတ်လာပြီးတော့ သူ့ရဲ့ ရည်းစားဆီကို ပြန်ဖို့ ကန္တာရကို ဖြတ်မောင်း လာခဲ့ပါတယ်။ လမ်းမှာ သူ့အစ်မနဲ့ ဖုန်းပြောရင်း ကားမောင်းနေတဲ့ ရိုဘတ်တာ တစ်ယောက် ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်း သူ့ကို အတင်း အရောဝင် အအေးဘူးတိုက်တဲ့ ကောင်တီရဲ(ရှဲရစ်) ဘီစတိန်းနဲ့ စပြီးတွေ့ဆုံမိကြပါတယ်။ သူစိမ်းတွေကို သိပ်မယုံတတ်တဲ့သူ ဖြစ်တော့ ခပ်တန်းတန်းပဲ ဆက်ဆံပြီး ကားဆက်မောင်းထွက်လာတဲ့ ဘော်ဘီတစ်ယောက် လမ်းမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ကားတွေကို ရှောင်တခင် ဖမ်းတဲ့နေရာမှာ မိပြီး အနောက်ကနေ ရဲကား လိုက်လာပါတော့တယ်။ အဲဒီရဲက တခြားသူတော့ မဟုတ်ပါဘူး သူနဲ့ ဆီဆိုင်မှာ ဆုံခဲ့တဲ့ ကောင်တီရဲ ဘီစတိန်းပါပဲ။ အရှိန်လွန် မောင်းတဲ့ အတွက်ရော လမ်းမှာ ဘော်ဘီပစ်ချလိုက်တဲ့ တစ်ခုခုကြောင့် သူ့ရဲကားက မီးလုံးပြာ ကွဲသွားတယ်ဆိုပြီး ဒဏ်ငွေတောင်းခံ ငွေညှစ်ပါတော့တယ်။ မြို့ပြင်ဘက် နယ်စွန်က ပြည်သူတွေ ဥပဒေကို မလိုက်နာဘဲ ပြစ်မှုလုပ်မိရင် ဖမ်းဆီးထိန်းသိမ်း ဒဏ်ငွေတပ်ဖို့ ကောင်တီရဲခန့်ထားတယ်ဆိုပေမယ့် ဥပဒေဘက်တော်သား ဆိုသူတွေက ဥပဒေကို ခုတုံး လုပ်ပြီး စိတ်ထင်ရာလုပ် ရက်စက်မှုတွေ ကျူးလွန်တဲ့ အခါမှာ ဘယ်သူတွေက သူတို့ကို တားဆီးမှာလဲဆိုတာကို ဥပမာပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်.. လူတွေကို အပျော်တမ်း အမဲလိုက်သလို သားကောင်အဖြစ် သဘောထားတဲ့ ကောင်တီရဲ ဘီစတိန်း လက်ထဲကနေ ဘော်ဘီတစ်ယောက် ဘယ်လို ထွက်ပြေးမလဲ လွတ်အောင်ရော ပြေးနိုင်ပါ့မလား ဆိုတာကိုတော့…..။ File size… (1.30 GB) / (737 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • History • War
6.1 2024 97 mins
Blood Star
Fog of War
5.3

ဂျာမန်နဲ့အမေရိကန်တို့ စစ်ဖြစ်နေစဉ်ကာလက ကြေကွဲစရာ အချစ်ဇာတ်လမ်းလေးတစ်ကို စိတ်ကူးယဉ်ပုံဖော်တင်ဆက် ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေး လိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Fog Of War ဖြစ်ပြီး လက်ရှိ IMDb Rating 5.3 အထိရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီး Supernatural Series ထဲမှာ Michael အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jake Abel တို့ Deadpool ထဲကမီးကောင်မလို့လူသိများကြတဲ့ Brianna Hildebrand ကိုဒီဇာတ်ကားထဲမှာ ရှေးခေတ်ပုံစံလှလှပပ တွေ့ရမှာဖြစ်ပြီး တခြားသော နာမည်ကြီးသရုပ်ဆောင် များလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းအစကတော့ ဂျင်းဆိုတဲ့ အမေရိကန်တိုက်လေယာဉ်မှူး ဂျာမန်တွေလက်ချက်ကြောင့် လေယာဉ်ပျက်ကျပြီး ဒဏ်ရာ ရခဲ့ရာကနေစတာပါပဲ။ဂျင်းက ဂျာမန်တွေကိုတိုက်ထုတ်ရာမှာ ထူးချွန်ခဲ့တဲ့တပ်သားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုဆုချဖို့ အတွက် သူ့ရဲ့ဇနီးလောင်းဖြစ်သူ OSS အေးဂျင့် ပန်နီတို့ကို ခွင့်ပေးပြီး ပန်နီ့ဦးလေးနဲ့အဒေါ်တို့ဆီကိုသွားလည်ခွင့်ပေးခဲ့ ပါတော့တယ်။ဒါပေမယ့် ဒီခရီးစဉ်ရဲ့နောက်ကွယ်မှာတော့ ဂျင်းအတွက်စစ်ဆင်ရေးတစ်ခုရှိ‌နေခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့ရဲ့ကျူးကျော်တိုက်ခိုက်မဲ့ အချက်အလက်တွေပေါက် ကြားခဲ့ပြီး ပေါက်ကြားခဲ့တဲ့နေရာက သူတို့သွားမဲ့နေရာအနီး အနားမှာဖြစ်နေတဲ့အတွက် ဂျင်းကိုစုံစမ်းစစ်ဆေးခိုင်းဖို့အကြံနဲ့ လွှတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဂျင်းနဲ့ပန်နီတို့အဲ့ဒီကိုရောက်ခဲ့ကြပြီး ဒီပေါက်ကြားမှုကြီးရဲ့ နောက်ကွယ်က တရားခံအစစ်အမှန်ကို ဂျင်းတစ်ယောက် ရှာဖွေဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို စစ်ပွဲကာလဇာတ်ကား ဆိုပေမဲ့ ဒရာမာဆန်ဆန်စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူး ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… (1.25GB) / (759MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Action • Thriller
5.3 2025 103 mins
Fog of War
Drishyam 2 Hindi Version
8.2

Drishyam 2 (2022) IMDb Rating (8.2) / Rotten Tomatoes (70%) ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Drishyam (2015) ရဲ့အဆက် Drishyam-2 လာပါပြီ။ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ ဇာတ်လမ်းအညွှန်းကတော့ Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး။ Drishyam ဇာတ်ကားက သိပ်ကောင်းပေမယ့် မူရင်းတော့ မဟုတ်ခဲ့ဘဲ တောင်ပိုင်းက မလာယမ်စကားပြောရုပ်ရှင်ကို Remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။ မူရင်း Malayalam Version ဖြစ်တဲ့ Drishyam (2013 ) က ၂၀၁၃ မှာ စတင်ထွက်ရှိခဲ့ပြီး တောင်ပိုင်းရဲ့နာမည်ကျော် မင်းသားကြီး မိုဟာလာနဲ့ရိုက်ကူးခဲ့ပေမယ့် လူသိပ်မသိခဲ့ဘဲ ဘောလိဝုဒ်က အဂျေးနဲ့ရိုက်မှပဲ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မူရင်း Malayalam Version က ၂၀၂၁ ခုနှစ်မှာ Drishyam 2 ကိုဆက်ရိုက်ခဲ့ပြီး ဘောလိဝုဒ်ကလဲ Drishyam 2 (2022) ဆိုပြီး ထပ် Remake ခဲ့ပါတယ်။ ဆိုတော့ Hindi Version နဲ့ ၂ ကားရှိပြီး Malayalam Version နဲ့ ၂ ကားရှိပါတယ်။ ဘယ်မင်းသားကိုကြိုက်လဲပေါ်မူတည်ပြီး ကြည့်လို့ရပါတယ်။ Version ၂ ခုစလုံးက ဇာတ်လမ်းသွားလာအကုန်တူတာမလို့ ၄ ကားလုံးကြည့်ဖို့ မလိုအပ်ပါဘူး။

Thriller • Drama
8.2 2022 140 mins
Drishyam 2 Hindi Version
The Possession of Hannah Grace
5

သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thriller အမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်… ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာ သေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။ သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။ အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ဝန်ထမ်းအသစ် ရဲဝန်ထမ်းဟောင်း Megan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး သွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲဆိုတာတွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ကနေဒါ-ဖိလစ်ပိုင် သရုပ်ဆောင်မင်းသမီး Shay Mitchell နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Grey Damon ၊ Kirby Johnson နဲ့ Stana Katic တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၆ သန်းနဲ့ ၉ သန်းခွဲကြား အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ Boxoffice မှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅ ဒဿမ ၉ သန်း ရရှိထားပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Rated R အဆင့် သတ် မှတ်ထားပါတယ်။ ဒီကားဟာ မထွက်ခင်ကတည်းက လူအများစိတ်ဝင်တစား စောင့်မျှော်နေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်… File size… 1. GB / 600MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

5 2018 86 mins
The Possession of Hannah Grace