YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Reclaim.E1.720p.(CM).mp4

411.53 MB N/A video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+)Step Up Love Story: Double Love

Step Up Love Story: Double Love ==================== ဒီဇာတ်ကားက Eigaban Futari ecchi ဆိုတဲ့ manga ကို ရုပ်ရှင်အနေနဲ့ပြန်ရိုက်ထားတာပါ။ မှောင်တော့မှောင်ချင်တယ် တအားမမှောင်ပဲ ကြည်ကြည်နူးနူးလေးကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားလေးကြည့်သင့်ပါတယ်။ အိမ်ထောင်ပြုထားတာ ၃နှစ်ကြာပြီဖြစ်တဲ့ မာကိုတို နဲ့ ယူရ တို့ဟာ ကလေးဘ၀ကတည်းကခင်မင်လာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်တော့ ခင်ပွန်းဖြစ်သူစန်းပွင့်ချိန်ရောက်ပြီဆိုတဲ့ ဗေဒင်တစ်ခုကို ယူရ ဖတ်မိလို့ သူ့ခင်ပွန်းကိုပြောပြပေမယ့် မာကိုတိုကတော့ အယုံအကြည်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဗေဒင်ကမှန်ကန်နေတဲ့အခါမှာတော့ ယူရလည်းစိတ်ပူရပါတော့တယ်။ အလုပ်မှာကောင်မလေးတွေဝိုင်းဝိုင်းလည်လာတဲ့ မာကိုတိုဟာ အိမ်ပြန်ရောက်လို့ ဇနီးသည်နဲ့ပူတူတူးမယ့်အချိန်ရောက်တော့ ညီငယ်ကမထောင်မတ်လာတော့ပါဘူး။ ဒီတော့ ယူရခမျာ ခင်ပွန်းသည်ဖောက်ပြန်မှာလည်းပူရ၊ ညီငယ်ကိုလည်း နိုးထအောင်ကြိုးစားပေးရနဲ့ အလုပ်တွေများပါတော့တယ်။ ဒီလိုနဲ့ သူတို့လင်မယားရဲ့ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲ၊ ဒီအတိုင်းပဲအဆုံးသတ်သွားတော့မှာလားဆိုတာကို ကြည့်ရှုနိုင်ဖို့အတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ File size…903MB / 405MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1 h 6 min Subtitle…Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Sylvie

Horror • Thriller
0 2019 66 mins
(18+)Step Up Love Story: Double Love
Aksar
4.4

ဒီတစ်ခါတင်ဆက်ပေးမယ့် ကားကောင်းလေးကလည်း လှည့်ကွက်လေးတွေနဲ့ တကယ်ကို ကြည့်လို့ကောင်းတဲ့ ကားလေးပါပဲ..မင်းသားအနေနဲ့ကတော့ မင်းသားချော အင်မရန်းဟက်ရှမီနဲ့ Raaz 2002 ထဲက မင်းသားချောလေး ဒီနိုမောရိယတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ လူတွေရဲ့ဖြစ်တတ်တဲ့သဘောကို ရိုက်ကူးတင်ဆက်ထားခြင်းပါ။ အောင်မြင်ကျော်ကြားတဲ့ ဓါတ်ပုံဆရာလေး ရစ်ကီဆီကို ရာဂျ်ဆိုတဲ့ လူချမ်းသာတစ်ယောက်ရောက်လာပြီး ငါ့မိန်းမ မင်းကိုချစ်လာအောင် စည်းရုံးပေးနိုင်ရင် ငွေ သိန်း ၃၀ ပေးမယ်လို့ ကမ်းလှမ်းလာတယ်။ သူ့ရဲ့မိန်းမဖြစ်သူကလည်း နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ရှီနားရွိုင်း...။ ရှီနားနဲ့ ရစ်ကီတို့က ကတောက်ကဆဖြစ်ခဲ့ဖူးတယ်။ ဒါကို သိနေတဲ့ ရှီနားယောက်ျားက ရစ်ကီကို လာကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ ရစ်ကီဆိုတာကလည်း နယ်နယ်ရရ ဓါတ်ပုံဆရာလေးမဟုတ် မော်ဒယ်တော်တော်များများရဲ့ အလှစစ်ကို အိပ်ရာထက်နဲ့ ဓါတ်ပုံပေါ်မှာ ရှာဖွေတဲ့သူတစ်ယောက်ဆိုပါတော့...။ ဒီအလုပ်ကို ရစ်ကီလက်ခံခဲ့ပါတယ်...။ ခုမေးစရာက ရာဂျ်က ရစ်ကီကို ဘာလို့ ကိုယ့်မိန်းမကိုမှ ချစ်လာအောင် ဖမ်းစားခိုင်းတာလဲ...။ ရစ်ကီနဲ့ ရှီနားတို့ကရော ဘယ်လိုအခြေအနေဖြစ်လာမလဲ...။ နောက်ဆုံး ဒါရိုက်တာရဲ့ဇာတ်လမ်းလှည့်ကွက်လေးတွေမှာ ဘယ်လိုမျောပါသွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ အဖြေရှာကြည့်ရအောင်နော်...။ ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ ကိုယ့်ဒူးတောင်ကိုယ်မယုံရပါလားဆိုတဲ့ စကားပုံလေးက အမှန်ပါလားလို့ သံဝေဂရမိပါတယ် ဆိုတော့ ရှုစားလို့ရပါပြီနော်...။ File size…1.8GB / 1GB Quality…1080p AMZ WEBRIP / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama • Romance
4.4 2006 135 mins
Aksar
Ready or Not
7.1

ချမ်းသာပြီး လျို့ဝှတ်တက်တဲ့ မိသားစု တစ်ခု ရှိတယ် သူတို့ဟာ ဂိမ်းမင်းမျိုးဆက် လို့ ခေါ်ခံရပြီး ဂိမ်းကစားနည်းတွေကို ထုတ်လုပ်သူတွေဖြစ်ပါတယ် သူတို့ရဲ့ ကြီးကျယ်ခန်းနားတဲ့ နန်းတော်လို စံအိမ်ကြီးမှာ နေပြီး မျက်နှာတွေကတော့ တစ်ခုခုကို အလိုမကျတဲ့သူတွေလိုပေါ့ အဲ့ဒီအိမ်ကြီးမှာ အငယ်ဆုံးသားဖြစ်သူ အဲလစ်ကတော့ တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ကောင်မလေးကို လက်ထပ်ယူဖို့ အိမ်ကိုခေါ်လာခဲ့ပါတော့တယ် ဒီမိသားစု အကြောင်း ဘာမှ မသိပဲ မောင့် တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်လာခဲ့တဲ့ ဂရေ့စ် ကတော့ ဒီမိသားစု နဲ့ အသားကျသွားဖို့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားမယ်လို့ အဆုံးစွန်ထိ တွေးပြီးသားပါ အားလုံးအဆင်ပြေပြေ ဖြစ်ခဲ့ပါတယ် မင်္ဂလာဆောင်တဲ့ ညမှာပဲ ဒီမိသားစု ဟာ အစဉ်အလာ တစ်ခုကို ထိန်းသိမ်းထားပြိး ဂိမ်း တစ်ခုကို ကစားရမှာ ဖြစ်ပါတယ်... မိသားစု ထဲ လူအသစ်ဝင်လာရင် ဒီမိသားစု နဲ့ ထိုက်တန်လား ဆိုတာ ဆုံးဖြတ်ကြဖို့ အတွက် သတို့သမီးက ပုန်းရမှာ ဖြစ်ပြီး မိသားစု များက လိုက်ရှာရမှာပါ ဒီလို တူတူပုန်းတမ်း ကစားနည်းကို ကစားဖို့ ပျော်ရွှင်နေတဲ့ သတို့သမီးလေး တစ်ယောက် ဒီညမှာ ဘယ်သူမှ မတွေ့အောင် ပုန်းနိုင်မလား ဒါမှ မဟုတ် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြရအောင်လား ဒီရုပ်ရှင်ကားဟာ ရုံတင်ထားတာ မကြာသေးပါဘူး ထိတ်လန့်သည်းဖို ရုပ်ရှင်ကား အမျိုးအစားဖြစ်ပြီး အသဲငယ်သူများ ၊ အသက်မပြည့်သေးသူများ နှလုံးရောဂါရှင် နှင့် ကိုယ်ဝန်ဆောင်သည် များ ကြည့်ရှုရန် မသင့်တော်ပါ ရုပ်ရှင်ကားကို Htet Way Lwin က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်

Animation • Family
7.1 2019 95 mins
Ready or Not
Bugaw

Bugaw (2023) ဒလောရက်စ်ဟာ သူတို့ရွာမှာ ပြည့်တန်ဆာအဖြစ် အသက်မွေးပြီး သူ့အလုပ်တွေအတွက် ရက်ချိန်းတွေ၊ ဈေးနှုန်းတွေ၊ ဖောက်သည်တွေနဲ့ချိတ်ဆက်တာကနေ အလုပ်လုပ်မယ့်နေရာတွေကိုလိုက်ပို့တာအထိ သူ့ဖခင်ကတာဝန်ယူပါတယ်။ သူရော ဖခင်ဖြစ်သူရော နှစ်ဦးလုံးရဲ့ ရည်မှန်းချက်က အငယ်နှစ်ယောက်ဖြစ်တဲ့ အိုင်းဆက်စ်နဲ့ဂလိုရီယာတို့ကိုပညာတတ်ကြီးဖြစ်ပြီး ဒီဘဝကနေရုန်းထွက်နိုင်ဖို့ပါပဲ။ တစ်နေ့တော့ သူ မလိုက်လျောတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဖောက်သည်တစ်ဦးနဲ့ အချင်းများရာကနေ သူတို့ဖခင်သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူ့ဖခင်နေရာကို မောင်ငယ် အိုင်းဆက်စ်က တာဝန်ယူလာခဲ့ပြီး တစ်ဖြည်းဖြည်းသိလာရတာတွေကတော့ သူ့ဖခင်ဟာ သူတို့ဝင်ငွေတွေထဲက မနည်းလှတဲ့ ပမာဏတစ်ခုကို နယ်မြေရဲတစ်ယောက်ကိုအချိန်မှန်မှန်ဆက်ကြေးပေးနေခဲ့ရတယ်ဆိုတာပါ။ ငွေအင်အားလူအင်အား ဘာကိုမှမယှဉ်နိုင်တဲ့ မိဘမဲ့ မောင်နှမသုံးယောက်ဟာ ရဲတောင်းဆိုတဲ့အတိုင်း ဆက်လက်ငုံ့ခံ လိုက်နာနေခဲ့ပေမယ့် အဲ့ဒီရဲက တစ်ဖြည်းဖြည်းအတင့်ရဲလာတဲ့အခါမှာတော့... ဒီဘဝကနေ ဘယ်လိုနည်းနဲ့ အလွတ်ရုန်းကြမလဲဆိုတာကိုယ်တိုင်အဖြေရှာလိုက်ကြပါ။ ကြည့်လည်းကြည့်ကောင်းလှသလို မြင်နေတွေ့နေကျမဟုတ်တဲ့ မင်းသမီးအသစ်လေးတွေကိုလည်း ပွဲထုတ်ပေးထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 690MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Horror • Thriller
0 2023 90 mins
Bugaw
Airlift
7.1

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့ မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။ ၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။ File size...(900MB) Quality...BR-Rip 720p Format...mp4 Duration....02:11:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay Translator.....Tariq L Walker

Action & Adventure • Drama • Sci-Fi & Fantasy
7.1 2016 126 mins
Airlift
Dear Mr. Gacy
6.4

Dear Mr. Gacy (2010) ================= IMDb Rating – 6.4/10 စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့စိတ်ကို နားလည်ချင်ပါသလား၊ နားလည်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်း ပါတယ်။ စိတ္တဇလူသတ်သမားနဲ့မိတ်ဆွေဖြစ်ခဲ့တဲ့သူက အရိပ်လို လွှမ်းမိုးနိုင်ခဲ့တဲ့အကြောင်းတွေရဲ့ ဖြစ်ရပ်မှန်အချက်အလက်တွေကို သေချာရိုက်ပြထားတာပါ။ အက်ဖ်ဘီအိုင်တောင်အဖြေမရှာနိုင်တဲ့ စိတ္တဇကွင်းဆက်လူသတ်သမား တစ်ယောက် ဂျွန်ဝိန်းဂေဆီ ကို ၁၈နှစ်အရွယ် ကောလိပ်ကျောင်းသား ဖြစ်တဲ့ ဂျေဆန်မော့စ် ကတော့ စိတ်ဝင်စားမိပါတယ်။ ကျောင်းမှာလည်း စာတော်တဲ့ မော့စ်က သူ့စာတမ်းအတွက် ဂေဆီ့အကြောင်းရေးဖို့ ဆုံး ဖြတ်ချက်ချခဲ့ပါတယ်။ အချိန်ကတော့ ဂေဆီကိုသေဒဏ်မပေးခင် ခြောက်လအလို… မော့စ်က ဂေဆီကိုချဉ်းကပ်ဖို့အတွက် စာတစ်စောင်ရေးခဲ့ပါတယ်။ လွယ်လွယ်နဲ့စာပြန်မလာတဲ့အတွက် ဂေဆီစိတ်ဝင်စားမယ့် ဂေးဆန် ဆန်ဓါတ်ပုံတွေပါ ထည့်ပြီး စာပို့လိုက်ပါတယ်။ ယောက်ျားလေး ၃၃ ယောက်ကို မုဒိန်းကျင့်လူသတ်ခဲ့တဲ့ ဂေဆီအတွက်တော့ ထောင်ထဲ နေရင်း မုတ်ဆိတ်ကိုပျားစွဲတော့တာပေါ့။ သိပ်မကြာခင်မှာ မော့စ် နဲ့ ဂေဆီတို့ စာအပြန်အလှန်ရေးဖြစ်ရင်း ဖုန်းပါပြောဖြစ်ခဲ့ကြပါတယ်။ ဂေဆီ့အကြောင်းတွေကို တစ်ဖြေးဖြေးနားလည်လာခဲ့တဲ့ မော့စ် တစ် ယောက်၊ ဂေဆီ နဲ့သူက တစ်သားတည်းဖြစ်လာသလို ခံစားခဲ့ရပါတယ်။ အပြစ်တင်စိတ်တွေစိုးမိုးလာခဲ့တယ်။ ကြောက်စိတ်တွေပြင်းထန်လာခဲ့ တယ်။ မော့စ်ဆိုတဲ့ လူတစ်ယောက် တစ်ဖြေးဖြေးပျောက်ကွယ်လာတဲ့ အချိန် ဂေဆီ သေဒဏ်ပေးခံရတဲ့နေ့မှာတော့…. မော့စ် ဘယ်လိုရပ်တည် သွားလဲ… အမှောင်ထုထဲကနေ ဘယ်လိုရုန်းထွက်ခဲ့လဲဆိုတာတွေကို ဆက်ပြီးကြည့်ရှူလိုက်ကြပါကုန်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.75 GB) / (658 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Thriller Translator…….Jo Jo Va Encoder……….SWM

6.4 2010
Dear Mr. Gacy
What the Peeper Saw
5.8

IMDb Rating – 5.8/10 (18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ) မားကပ်စ်ရဲ့အမေရင်းဆုံးသွားပြီးတဲ့နောက် အယ်လီစ်က မားကပ်စ်ရဲ့အဖေပေါလ်နဲ့လက်ထပ်ခဲ့ပြီး သူတို့အိမ်ကိုပြောင်းနေခဲ့ပါတယ်။ မားကပ်စ်နဲ့စတွေ့ပြီးနောက်ပိုင်း အယ်လီစ်က မားကပ်စ် ရဲ့အပြုအမူတွေမူမမှန်တာ ထူးဆန်းနေတာကိုစတင်သတိထားမိလာပြီး မားကပ်စ်က သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး လျှို့ဝှက်ထားတာတွေရှိနိုင်တယ်လို့သံသယဝင်လာပါတော့တယ်။ အယ်လီစ်က အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားရင်း မိသားစုအတွင်းမှာဖြစ်လာတဲ့စိတ်ဖိစီးမှုတွေ,မယုံကြည်မှုတွေ, အလိမ်အညာတွေ နဲ့ နောက်ကွယ်ကအကြောင်းတွေ,လျှို့ဝှက်ချက်တွေ………. စတဲ့အကြောင်းတွေကိုpsychological thrillerဆန်ဆန် ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size… 3.6 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Crime / Drama / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Paing

Action • Adventure
5.8 1972 89 mins
What the Peeper Saw
The Cigarette

ဂျက်စမင်ဆိုတဲ့ ကောင်မလေးက အလုပ်မရှိအကိုင်မရှိ အသုံးအဖြုန်းကလည်းကြီးတာကြောင့် သူ့ရည်းစားက တိုက်ခန်းကနေ မောင်းထုတ်လိုက်ပြီး ခွာသွားပါတယ် နေစရာမရှိလို့ မိဘအိမ်ပြန်လာတော့လည်း လက်မခံတာကြောင့် ကိုယ့်ဘာသာ အလုပ်တစ်ခုရှာဖို့ ကြံဆရင်း ဘားတစ်ခုမှာ စီးကရက်ဘူးတစ်ဘူးကို လာပေးတဲ့ လူတစ်ယောက်နဲ့ ဆုံတယ် အဲဒီလူက အထူးပြုလုပ်ထားတဲ့ စီးကရက်တွေကို လိုက်ဖြန့်ခိုင်းပြီး သောက်သုံးသူအသက်ငယ်လေ ပိုက်ဆံပိုရမယ်လို့ ဆွယ်လာလို့ အဆိုပါ စီးကရက်ကို လိုက်လံဖြန့်ရင်းမှ မထင်မှတ်ထားတဲ့ အိပ်မက်ဆိုးသဖွယ် အဖြစ်ဆိုးတွေ ဖြစ်လာတဲ့အခါမှာတော့ ….. File size…(873 MB) Quality….Webrip 720p Format…mp4 Duration….01:22:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
The Cigarette
In Time
6.7

အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့ Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ ။ နှစ်ပေါင်းများစွာကြာပြီးနောက် ၂၁၆၉ခုနှစ်မှာ လူသားတွေရဲ့ မျိုးရိုးဗီဇကို ပြောင်းပြီး အသက်၂၅ နှစ်ပဲ ရှင်သန်ခွင့်ရအောင် စမ်းသပ်တီထွင်ခဲ့ကြတယ် မွေးဖွားလာကတည်းက လက်မောင်းမှာ နာရီပါလာပြီး အသက်၂၅နှစ်ကျော်တာနဲ့ တစ်ရက်စာအချိန်တိုင်းအတွက် အသက်နာရီတွေကို ရှာဖွေကြရပါတော့တယ် အချိန်ချမ်းသာတဲ့လူတွေကတော့ ထာ၀ရ အသက်ရှင်နိုင်ကြပြီး ဆင်းရဲတဲ့သူတွေကတော့ နာရီတိုင်းမှာ အချိန်ရပ်တန့်ကာ သေဆုံးနေကြရတာပေါ့… တစ်နေ့မှာ နာရီနှစ်ပေါင်း သန်းချီချမ်းသာတဲ့ သူတစ်ယောက်က အရက်ဘားတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ နေရင်း လူဆိုးတွေနဲ့တွေ့ချိန် မင်းသား Justin Timberlake က ၀င်ကယ်ရင်း သူ့ဆီက နာရီအချိန်တွေအကုန်လုံး အလကားပေးသွားတာခံလိုက်တဲ့အခါ… တစ်ရက်စာအတွက် ဘ၀ကို ရုံးကန်နေရာကနေ နာရီနှစ်သန််းပေါင်းများစွာ ရလိုက်တဲ့သူတစ်ယောက် Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား…ဘာတွေ ဆက်လုပ်မလဲဆိုတာကို သည်းထိပ်ရင်ဖို ခပ်ကြမ်းကြမ်း Action တွေ ၊ အလန်းစားရိုက်ချက်တွေနဲ့ ကြည့်ရှု့ကြရမှာပါ ။ ( အညွှန်းရေးသားထားသူကတော့ Naing Aung Latt ပါ ) File size_(1.5GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:51:00 Genre_Action, Crime, Sci-Fi, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_Naing Aung Latt Translated by aungmyintoo

6.7 2011
In Time
Journey’s End
6.7

Journey’s End (2017) IMDb Rating (6.7) / Rotten Tomatoes (91%) ဒီဇာတ်ကားကတော့ 2017ကထွက်ရှိထားပြီး IMDb 6.7/10ရရှိခဲ့တဲ့ war/dramaရုပ်ရှင်အမျိုးအစားပါပဲ။ 1928 တုန်းကပြသခဲ့တဲ့ပြပွဲတစ်ပွဲကို အခြေခံပြီး ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။ နာမည်ကျော်” The Space between us “,” Hugo “အစရှိတဲ့ဇာတ်လမ်းတွေထဲက သရုပ်ဆောင် Asa Butterfield.. ” Me before u”,”Love Rosie!” အစရှိတဲ့ Romanceကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသား Sam Clafin.. ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေက သူတို့ရိုက်နေကြ Characterတွေကနေခွဲထွက်ကာ ဒီဇာတ်လမ်းထဲမှာပီပြင်အောင်သရုပ်ဆောင်နိုင်သွားတာလဲ ချီးကျူးစရာပါပဲ။ Rating ကပ်စေးနည်းတဲ့ Rotten Tomatoesကတောင် 91%ပေးထားတာမို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရုပ်ရှင်ဝေဖန်ရေးသမားတွေကလဲ Rating တွေရက်ရက်ရောရောပေးထားတာတွေ့ရပြန်ပါတယ်။ ဇာတ်လမ်းလေးကိုမြည်းစမ်းကြည့်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးလဲ တင်ပြပေးပါရစေ။ ဇာတ်လမ်းအကြောင်းကတော့ ပထမကမ္ဘာစစ်တုန်းက ရှေ့တန်းမှာရောက်နေခဲ့တဲ့အင်္ဂလိပ်စစ်သားတွေရဲ့ဘဝနဲ့ အခက်အခဲတွေကိုရိုက်ကူးပြထားတာပါ။ သူတို့စခန်းချထားတဲ့နေရာရဲ့ရှေ့မှာက အင်အားများလွန်းတဲ့ရန်သူတွေဖြစ်ပြီး နောက်ကိုပြန်ဆုတ်ဖို့ကလဲ အထက်ကလူကြီးတွေက နောက်ဆုတ်ခွင့်လုံးဝမပေးလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေတဲ့အချိန်ပါ။ ဒါ့အပြင်သူတို့တပ်စိတ်ရဲ့ကပ္ပတိန်ဖြစ်သူကပါ စိတ်ဖိစီးတာတွေများပြီး အရက်တွေပဲအမြဲသောက်နေတော့ ဘယ်လိုမှရှောင်လွဲလို့မရတော့တဲ့ကံကြမ္မာကိုဘယ်လိုရင်ဆိုင်ကြမှာလဲဆိုတာကို သေသေချာချာရိုက်ကူးတင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mastero ဖြစ်ပါတယ်။) File size…(1.3 GB) / (710 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, War Duration….01:48:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mastero

Action • Crime • Comedy
6.7 2017 108 mins
Journey’s End
The Outfit
7

ဒီရုပ်ရှင်လေးကတော့ neo-noir film တွေ စတင်ပေါ်ပေါက်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်ကာလမှာ ထွက်ရှိခဲ့တဲ့ crime/drama အမျိုးအစားပါ IMDb rating 7 နဲ့ Letterboxd မှာ 3.6 ထိ ရထားပါတယ် Neo-noir ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ဒီဇာတ်လမ်းမှာ လူကောင်း လူဆိုး ဆိုတာရယ်လို့ ကွဲကွဲပြားပြားမရှိနေဘဲ ဇာတ်ကောင်တွေရဲ့ စိတ်တွင်းကစရိုက်ကို မြင်သာအောင် ရိုက်ပြထားပါတယ် အဓိကဇာတ်ဆောင်အဖြစ် Legendary actor လို့ တင်စားကြတဲ့ Robert Duvall က သရုပ်ဆောင်ထားပါတယ် သူနဲ့ ဆိုးဖော်ဆိုးဖက်အဖြစ် tough guy ကာရိုက်တာတွေမှာ တော်တော်များများတွေ့ရတတ်တဲ့ Joe Don Baker က ပါဝင်ထားပါတယ် ဒီရုပ်ရှင်ဟာ ဒီဇာတ်လမ်းရဲ့ main villain အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Robert Ryan ရဲ့ နောက်ဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ် neo-noir style အလင်းအမှောင်၊ ဇာတ်လမ်းဇာတ်ကွက်၊ ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ၁၉၇၀ ခုနှစ်ကာလတွေရဲ့ သရုပ်ကို ကောင်းကောင်းရိုက်ပြထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ ဇာတ်လမ်းအကျဉ်းကတော့ ဒုစရိုက်သမားတစ်ယောက်ဖြစ်သူ မက်ကလင်ဟာ ထောင်ကနေထွက်လာချိန် သူ့ရဲ့ညီဖြစ်သူ အက်ဒီတစ်ယောက် The Outfit ဆိုတဲ့ဂိုဏ်းရဲ့ အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ် သူ့ညီအတွက် လက်စားပြန်ချေဖို့ တွဲဖက်ဟောင်းကြီး ကိုဒီနဲ့ ပြန်ပူးပေါင်းပြီး The Outfit ဂိုဏ်းကို တိုက်ဖို့ စီစဉ်ပါတော့တယ် ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်း လူဆိုးလူမိုက်တွေရဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ဆိုတာမျိုးပါပဲ အချင်းချင်း အပြန်အလှန် သတ်ဖို့ချောင်းနေကြတဲ့အချိန်မှာ ကံကောင်းတဲ့ကောင်က အသာစီးရတတ်သလိုပေါ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်နဲ့ တစ်ထပ်တည်းကျတဲ့ သရုပ်ဆောင်မှု၊ neo-noir ရုပ်ရှင်ရသ၊ crime, drama ရသကို အပြည့်အဝ ခံစားရမှာပါခင်ဗျ…. File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Heist, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khey Ki

Comedy
7 1973 103 mins
The Outfit
Kidnapped
6.4

Kidnapped (2010) ********************** IMDb….6.4 ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Spanish Thriller ဇာတ်ကားတစ်ကားဖြစ်ပြီး Miguel Ángel Vivas က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီးတော့ နိုင်ငံတကာမှာလည်း ဆုပေါင်းများစွာကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆင်ခြေဖုံးရပ်ကွက်ကိုပြောင်းလာကြတဲ့ ဟိုင်မဲ၊ မာတာနဲ့ အီစာတို့မိသားစုဟာ တစ်ညမှာတော့ သူခိုးတွေရဲ့ဖောက်ထွင်းမှုကို ခံရပြီး သူတို့မိသားစု အဲဒီသူခိုးတွေရဲ့လက်ကနေ လွတ်အောင်ကြိုးစားကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဒါရိုက်တာရဲ့သေသပ်ပြောင်မြောက်လှတဲ့ရိုက်ကွက်တွေက ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသ အပြည့်အဝပေးပါတယ်။ IMDB မှာလည်း 6.4/10 rating ကို ရရှိထားပြီးတော့ သွေးသံတရဲရဲ Action Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Austin ပဲဖြစ်ပါတယ်…) File Size : 1.20GB/ 520MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:21:00 Genre : Action, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Austin Encoded by Tiff

Drama • Comedy
6.4 2010 85 mins
Kidnapped
Sorop
5.4

Sorop (2024) IMDb Rating (5.4) နေဝင်ရီတရောအချိန်၊ နွားရိုင်းသွင်းချိန်လို့ သညာပြုကြတဲ့ Sorop သို့မဟုတ် မာဂရစ်အချိန်ဟာ ဝိဉာဉ်တွေလွတ်လပ်စာလှုပ်ရှားသွားလာနိုင်တဲ့အချိန်ဖြစ်တယ်လို့ ဘာသာဓလေ့အတော်များများမှာအယုံအကြည်ရှိကြသလို ဂျာဗားကျွန်းသားတွေမှာလည်းရှိပါတယ်။ အဲ့ဒီလိုပဲ “Puasa Sorop” ဆိုတဲ့ အစာရှောင်ခြင်းဓလေ့ဟာလည်း ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ ဝိဉာဉ်တွေကိုခေါ်ယူတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ဒီနေရာမှာထူးခြားချက်ကတော့ အစာရှောင်သူဟာ သင်္ချိုင်းမြေတွေကိုစားသုံးရတာပါပဲ။ ဒီဓလေ့ကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့လုပ်ဆောင်လေ့ရှိကြပေမယ့် ကာယကံရှင်အပေါ်မူတည်ပြီး အကောင်းအဆိုး အကျိုးအပြစ်တွေ ရလဒ်ထွက်လာရစမြဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ဟာနစ်ဖ်နဲ့အစ်စ်တီဆိုတဲ့ ညီအစ်မနှစ်ယောက် သူတို့ဦးလေးအသည်းအသန်ဖြစ်နေတယ်ဆိုတဲ့ စကားကြောင့် ငယ်ငယ်လေးကတည်းက စွန့်ခွာခဲ့တဲ့ မိသားစုပိုင်နေ အိမ်ကြီးကိုပြန်ရောက်လာပြီးမကြာခင်မှာ သေဆုံးသွားတဲ့ ဦးလေးဖြစ်သူနဲ့အတူ ထူးခြားကြောက်မက်ဖွယ်ဖြစ်ရပ်တွေကိုရင်ဆိုင်ရတာကိုတွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒီအချိန်မှာပဲ သူတို့ငယ်စဉ်ကကြုံတွေ့ခဲ့ရဖူးတဲ့ ထိတ်လန့်ခြောက်ခြားစရာကိစ္စတွေဟာ အခုဖြစ်နေတာတွေနဲ့တိုက်ဆိုင်နေတယ်ဆိုတာကို သိလာရပြီး ရုန်းထွက်ဖို့ အဖြေရှာကြရမှာပါ။ တစ်ချိန်က Twitter မှာနာမည်ကြီးခဲ့တဲ့ thread တစ်ခုကိုအခြေခံဖန်တီးထားတာဖြစ်ပြီး Jumpscare တွေကို အားမကိုးပဲ ကင်မရာအယူအဆ၊နောက်ခံတေးဂီတ တိတ်ဆိတ်မှုတွေကနေ ခြောက်ခြားစရာဖြစ်အောင် တင်ဆက်ထားတာပါ။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း cinematography လှလှနဲ့သိချင်စိတ်ကိုနှိုးဆွပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (600 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:45:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.4 2024 103 mins
Sorop
Bringing Up Baby
7.4

Bringing Up Baby ရုပ်ရှင်ဇာတ်ကားဟာ ၁၉၃၈ ခုနှစ်မှာ ဒါရိုက်တာ Howard Hawks ရိုက်ကူးထားတဲ့ screwball comedy ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဒိုင်နိုဆောအမျိုးနွယ်ဝင်ဖြစ်တဲ့ brontosaurus ရုပ်ကြွင်းကို ပြီးဆုံးအောင် တပ်ဆင်နေတဲ့ ရုပ်ကြွင်းပညာရှင် David Huxley ဟာ သူ့ပြတိုက်အတွက် အလှူငွေရနိုင်အောင် ကြိုးစားနေအချိန် ပေါ့ပေါ့ပျက်ပျက်နဲ့ဘာကိုမှဂရုမစိုက်ဘဲ လုပ်တတ်တဲ့ Susan Vance နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက် ဂေါက်ကွင်းမှာ တွေ့ဆုံမှုကစပြီး နောက်ပိုင်း ဒိုင်နိုဆောအရိုးပျောက်လို့ ရှာပုံတော်ဖွင့်တာတွေ၊ Susan ရဲ့အဒေါ် Elizabeth အတွက် ပို့ပေးလိုက်တဲ့ ကျားသစ်ကို ရှာပုံတော်ဖွင့်တာတွေကစပြီး ဂယက်ပေါင်းသောင်းခြောက်ထောင်နဲ့အတူ သူ့ရဲ့ဘဝနဲ့ အနာဂတ်ကို ထိန်းသိမ်းဖိုကြိုးစားနေတဲ့ David နဲ့ သွက်လက်ပြီး ကိုယ်လုပ်ချင်တာကိုပဲ လုပ်တတ်တဲ့ Susan တို့အကြား ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်လာမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပေးပါဦးနော် File size…(1.7 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:42:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

Adventure • Action • Comedy • Fantasy
7.4 1938 102 mins
Bringing Up Baby
The Third Murder
6.7

The Third Murder (2017) ************************** ဒီတစ်ခေါက် ဂျပန်ရှေ့နေကား တစ်ကားကို တင်ဆက်ပေးချင်ပါတယ် .. နာမည်ကြီး ဥပဒေပညာရှင် ရှိဂဲမိုရိက သတ်ဖြတ်မှုနဲ့ ဓားပြမှုအမှုအတွက် စွပ်စွဲခံနေရတဲ့ မိဆုမိကို ကာကွယ်ဖို့ တရားပြိုင်စွပ်စွဲခံရသူဘက်ကနေ ရှေ့နေလိုက်ခဲ့ပါတယ်။ မိဆုမိကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ ခန့်တုန်းက လူသတ်မှုအတွက် ထောင်ကျဖူးပြီးသားဖြစ်ပါတယ်။ မိဆုမိက မိမိရဲ့ အပြစ်ကို .. ဖမ်းဆီးခံရ ပြီးပြီးချင်းမှာ ဝန်ခံပြီးသား ဖြစ်‌နေတာကြောင့် ရှိဂဲမိုရိနဲ့ သူ့ရဲ့ ရှေ့နေအဖွဲ့အနေနဲ့ ဒီအမှုမှာ အနိုင်ရဖို့အတွက် အလားအလာနည်းသွားပါတယ်။ အပြစ်ဒဏ်အတွက်ကလည်း သေဒဏ်ပေးခံရနိုင်တဲ့ အခြေအနေမျိုးပါ .. ဒါပေမဲ့ ရှိဂဲမိုရီက ဓားစားခံ မိသားစုဝင်တွေနဲ့ မိဆုမိရဲ့ အမြင်တွေကို လိုက်နားထောင်ကြည့်ပြီး .. ဒီအမှုကို နက်နက်ဖြာဖြာ ဆန်းစစ်မိသွားပြီးတော့ .. မိဆုမိက တကယ့် လူသတ်သမား ဟုတ်ရဲ့လားဆိုတာကို ခေါင်းထဲမှာ အနည်းငယ် သံသယဖြစ်လာတဲ့အချိန်… မိဆုမိရဲ့ ထပ်တိုး ပြောင်းလဲလာတဲ့ ဝန်ခံချက်တစ်ခုကြောင့် မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ စပွိုင်းပါသွားမှာစိုးလို့ ဒီလောက်ပဲ ပြောပါတော့မယ်နော်။ ရှေ့နေကား ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ ကားကောင်းလေး တစ်ကားပါ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.71GB / 876MB Quality… BluRay 1080p/ 720p Format…mp4 Duration…. 2 hr. 4 min. Genre ….. Mystery, Psychological, Law, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

War • History
6.7 2017 125 mins
The Third Murder