YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Recipe.for.Farewell.S01E02.1080p.CM.mp4

704.2 MB N/A video/mp4 92 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raaghu
7

Raaghu 2023 IMDb - 9.6/10 ဇာတ်လမ်းအကျဉ်း ကိုဗစ်ကာလအတွင်း တစ်နိုင်ငံလုံးနီးပါး လော့ခ်ဒေါင်းချလိုက်တဲ့အချိန်မှာ တော်တော်များများဒုက္ခရောက်ကုန်ကြတယ်။ အလုပ်တွေလည်းနားလိုက်ရပြီး အိမ်မှာပဲပိတ်မိနေရတဲ့အချိန်ပေါ့။ ဒါပေမဲ့ ဆေးဝါးပို့ဆောင်ရေးသမားဖြစ်တဲ့ ရာဂူကတော့အဲဒီအချိန်မှာ ဆေးဝါး‌‌တွေပို့ရင်းအလုပ်များနေရတယ်။ လူတကာပိတ်မိနေတဲ့ချိန်မှာ လွတ်လပ်စွာသွားလာနိုင်တဲ့ ပို့ဆောင်ရေးသမားကိုသတိထားမိသွားတဲ့ မသမာသူတွေက ဒါကိုအခွင့်ကောင်းယူပါတော့တယ်။ တစ်နေ့မှာ‌ ပါဆယ်တစ်ခုပို့ပေးဖို့ ရာဂူတစ်ယောက် ဖုန်းလက်ခံရရှိသွားတဲ့အချိန်မှာတော့ ပါဆယ်တစ်ထုပ်ကြောင့် မထင်မှတ်ဘဲသူ့အသက်ကိုပါ ခြိမ်းခြောက်လာတော့တယ်။ ဇာတ်လမ်းအစမှာတင် ဇာတ်ကွက်ကိုခပ်သွက်သွက်ပဲစထားတာမို့ တစ်ကွက်မှမပျင်းရဘဲ ဇာတ်ကားဆုံးတဲ့အထိ ရင်တမမနဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Nyein ဖြစ်ပြီး ဘာသာပြန်တွေကတော့ Nyein~Aditi~Chiclon3နဲ့ Yunni တို့ပဲဖြစ်ပါတယ် File size…1.5GB / 600MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 31min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein~Aditi~Chiclon3 ~ Yunni

Romance
7 2023 93 mins
Raaghu
That Thing You Do!
6.9

ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That Thing You Do ဟာဆိုရင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီချင်းဆုအဖြစ် ဆုပေးပွဲများစွာမှာ အနိုင်ရရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၆၄ ခုနှစ်မှာ Erie, Pennsylvania က လူငယ်လေး ၄ယောက်ပါဝင်တဲ့ တီးဝိုင်းအဖွဲ့လေးက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများထင်ရှားလာခဲ့ပါတယ်။ တဖြည်းဖြည်းနာမည်ကြီးလာတော့ အသံသွင်းကုမ္ပဏီကြီးတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့အတူ နိုင်ငံတစ်ဝှမ်း ဖျော်ဖြေပွဲတွေ သွား၊ ဓာတ်ပုံတွေရိုက်နဲ့ မအားမလပ်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပေါ့။ လူမသိသူမသိဘဝလေးကနေ ရုတ်တရက်ကြီး အောင်မြင်သွားပြီး တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်သွားတဲ့အခါ ဒီအောင်မြင်မှုရဲ့ဝန်ကို ဘယ်လိုတွေထမ်းပိုးရမလဲဆိုတာ၊ အောက်ခြေမလွတ် ဘဝင်မမြင့်ဘဲ အဆုံးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ အတုယူစရာ ပညာရစရာလေးတွေကိုလည်း တစ်ပါတည်း ရှုစားနိုင်မှာပါ။ အောင်မြင်မှုဆိုတာ စတင်ဖို့မလွယ်သလို ထိန်းသိမ်းထားဖို့က ပိုခက်ခဲတယ်ဆိုတာ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်မြင်ကျော်ကြားမှုရဲ့ ကျေးကျွန်ဖြစ်မသွားဖို့ သတိထားသင့်ပုံလေးတွေပါ သိရှိနိုင်မှာပါ။ (ဒီကားလေးထဲက ကြည်နူးစရာလေး တစ်ခုကတော့ ဦးသန့်ကို ထည့်သွင်းဖော်ပြပေးသွားတာပါ။ စာလေးတစ်ကြောင်း ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲပေမယ့် ဦးသန့်အကြောင်းကို တလေးတစား ထည့်သုံးသွားတာလေးနဲ့တင် အဲဒီခေတ်အဲဒီအခါက ဦးသန့်ရဲ့ အောင်မြင်မှုကို တွက်ဆကြည့်လို့ရနိုင်ပါတယ်။ ဒီကားရဲ့ စာရေးဆရာ ဒါရိုက်တာဖြစ်တဲ့ Tom Hanksရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အလေးအမြတ်ထားတတ်မှုကိုတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ) အညွန်းနဲ့ ဘာသာပြန်က Emily ပါ။ File size…(2.5 GB)/(1.7 GB)/(822 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Comedy, Romance, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
6.9 1996 108 mins
That Thing You Do!
Chun Tae-il: A Flame That Lives On
6

ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့ IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊ ကာတွန်းကားကို ဒီလောက် rating ရထားတယ်ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူး ဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးရအောင် စည်းရုံးတောင်းဆိုခဲ့တဲ့ ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါတယ် ၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်ဖန်တီးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်... သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ် ၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ် အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက် တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့ Jang Dong Yoon, Kwon Hye Hyo နဲ့ Yeom Hye Ran တို့ဖြစ်ပါတယ် File size…953MB / 492MB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subbtitle (Hard Sub) Encoder….YK Translated by Thu Thu

Horror • Mystery • Thriller
6 2021 99 mins
Chun Tae-il: A Flame That Lives On
Introduction
6.2

Introduction (2021) ~ IMDb – 6.2/10, Rotten Tomatoes – 81% ~ တောင်ကိုရီးယား Art House ဒါရိုက်တာ Hong Sang-Soo ဟာ ၂၀၂၁မှာ နှစ်ကားထွက်ခဲ့ပါတယ်။ မနှစ်က တော်တော်ကောင်းခဲ့တဲ့ In Front of Your Face ထဲမှာ သူ့နဲ့ Right Now, Wrong Then နောက်ပိုင်း ဆက်တိုက်တွဲရိုက်နေကျ နောက်ပိုင်း သူနဲ့ပါ ညားသွားတဲ့ ဂင်မင်ဟီးကို မသုံးခဲ့ပါဘူး။ Introduction ထဲမှာတော့ ဂင်မင်ဟီးပြန်ပါလာပေမဲ့ အဓိကဇာတ်ဆောင်နေရာကတော့ မဟုတ်ပါဘူး။ ဒီနှစ်ထွက်မယ့် The Novelist’s Film မှာလည်း ဂင်မင်ဟီးကို ပြန်သုံးထားပါတယ်။ Introductionရော နောက်ထွက်လာမယ့် The Novelist’s Film ရောဟာ အဖြူအမဲနဲ့ ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပါ။ Introduction ရဲ့ Introduction ဆိုတဲ့ စကားလုံးဟာ Hong Sang-Soo ရုပ်ရှင်တွေရဲ့မိတ်ဆက်ကို ဆိုလိုတာဖြစ်နိုင်သလို The Novelist’s Film ရဲ့ မိတ်ဆက်လည်းဖြစ်နိုင်တာပါပဲ။ နှစ်ခုလုံးလည်း ဖြစ်နိုင်ပါတယ်။ Introduction ဟာ Introduction ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဇာတ်ကောင် ဇာတ်အိမ် ဘာမှသေသေချာချာမပြသွားဘဲ မိတ်ဆက်သဘောလောက်သာ အနည်းအကျဉ်းပြသွားပါတယ်။ Hong Sang-Soo ဟာ Nonlinear narrative ပုံစံနဲ့ပြသွားပြီ ဘာအရင်လာလဲ သိသိသာသာ မြင်ရတဲ့နေရာတွေရှိသလိုပဲ ဘာအရင်လဲ မသိသာတာတွေလည်း ရှိနေပါတယ်။ အဲဒီကြားက အချိန်ကွာဟချက်ဘယ်လောက် ဘာညာကိုလည်း မပြသွားပါဘူး။ ဟိုရောက်နေတယ်ထင်ရင်း ဒီရောက်သွားသလိုပေါ့။ အဆုံးထိလည်း အဆုံးဖြစ်နိုင်တဲ့ဟာနှစ်ခုမှာ ဘယ်ဟာက တကယ့် Timeline အဆုံးသတ်လဲဆိုတာလည်း မသိလိုက်ပါဘူး။ Hong Sang-Soo ရုပ်ရှင် အကုန်နီးပါး ကြည့်ဖူးကြတဲ့ ဝေဖန်ရေးသမားတွေကတော့ Hong ဟာ Nonlinear narrative အသုံးများတဲ့ လူလို့ဆိုပါတယ်။ “TIME IS NOT a real thing.”လို့ Hong Sang-Soo ကိုယ်တိုင်က ရုပ်ရှင်တစ်ကားမှာ ပြောဖူးထားတော့ ‌Introduction ဟာ Hong Sang-Soo မိတ်ဆက်လို့ ဆိုလို့ရတဲ့ ရုပ်ရှင်ပါပဲ။‌ သို့ပေမဲ့ ဒီရုပ်ရှင်ဟာ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဇာတ်ညွှန်းဆု ရခဲ့ပါတယ်။ Introduction ဟာ ဘာအကြောင်းအရာမှ သေချာမပါသလို ဘယ်ဇာတ်ကောင်ကိုမှလည်း သေချာပုံဖော်မသွားတဲ့ ဘာမှရမှာမဟုတ်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Hong Sang-Soo အရသာကို မြည်းစမ်းကြည့်ချင်မှပဲ ကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ရုပ်ရှင်ဟာ ဒီတိုင်း အရသာခံဖို့အတွက်ပဲ မဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 990MB, 460MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 6Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
6.2 2021 66 mins
Introduction
Magic Mike’s Last Dance

လတ်တလောလေးကမှ ထွက်ရှိထားတဲ့ ပူပူနွေးနွေးကားသစ်လေးလာပါပြီ။ Magic Mike 1 & 2 ထွက်ရှိထားပြီး အခုတော့ သုံးကားမြောက်အနေနဲ့ Magic Mike’s Last Dance ပါ။ Lost City, 21 Jump Street, Dog, Dear John, White House Down တို့နဲ့ကျော်ကြားလှတဲ့ ကိုယ်တွေရဲ့ မင်းသားချော Channing Matthew Tatum က သရုပ်ဆောင်အဖြစ်ရော ထုတ်လုပ်သူတွေထဲကတစ်ယောက်အဖြစ်နဲ့ပါ ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Hitman’s Wife Bodyguard ထဲက Salma Hayek ဖြစ်ပြီး Director က Steven Soderberghပါ။ (ဒီနေရာမှာ Dance ဆိုတာကို မိတ်ဆက်ပေးရရင် ကခုန်ခြင်းဆိုတာ ရှေးခေတ်ဦးကတည်းက ပေါ်ပေါက်လာတဲ့အရာတဲ့.. ရှေးမျိုးနွယ်စုတွေ ပိုးပန်းတာမျိုးလုပ်တဲ့အချိန် အချင်းချင်း စကားမပြောကြခင် အတူတွဲကပြီး ရင်းနှီးမှုတည်ဆောက်ကြတာပါတဲ့.. ကလပ်မှာ အရင် အတူတွဲကရင်းနဲ့မှ ရင်းနှီးသွားပြီး အဆင်ပြေရင် စကားဆက်ပြောဖြစ်ကြတာမျိုးနဲ့ ဆင်တူမယ်ထင်ပါတယ်) လူသားတွေက အချိန်တိုင်းလိုလို တစ်ခုမဟုတ်တစ်ခုတော့ လိုချင်နေတတ်ကြတာမလား.. ဒါပေမယ့် တစ်ယောက်သောသူနဲ့သာဆိုရင်တော့ သူ့အတွက် ကိုယ်ကသာ အရာရာဖြစ်ချင်ကြတာမျိုး.. အဲဒီလို သူ့အတွက် ကိုယ်ကသာ အရာရာဆိုတဲ့ အကြီးမြတ်ဆုံးစိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တဲ့အခါ.. ဇာတ်လမ်းအကျဉ်း ဖော်ချွတ်အကသမားအဖြစ်က ထွက်ခဲ့ပြီး ကုမ္ပဏီလေးတစ်ခုထောင်ထားတဲ့ မိုက်ခ်က ကမ္ဘာ့ကပ်ရောဂါကြောင့် ထင်သလောက် အလုပ်မဖြစ်ဘဲ အရက်စပ်တဲ့သူအဖြစ် ဝင်လုပ်ခဲ့ပါတယ်.. ပရဟိတပွဲတစ်ခုမှာ အရက်စပ်ပေးရင်းနဲ့ တစ်ညမှာတော့ အထီးကျန်နေတဲ့ သူဌေးကတော်လေး မက်စ်အတွက် တစ်ကိုယ်တော်ကပြဖျော်ဖြေဖြစ်သွားတယ်ပဲ ဆိုပါတော့လေ… မိုက်ခ်ရဲ့ ဖျော်ဖြေမှုကြောင့် အကြံအစည်သစ်တစ်ခု ရသွားတဲ့ မက်စ်က လန်ဒန်ကို အတူလိုက်ခဲ့ဖို့၊ မိုက်ခ်အတွက် အလုပ်တစ်ခု စီစဉ်ပေးမှာဖြစ်လို့ သူနဲ့တစ်လလောက် အလုပ်အတူလုပ်ပါလို့ ကမ်းလှမ်းလာခဲ့တာမို့ မိုက်ခ်တစ်ယောက် လန်ဒန်ကို ပါသွားပါတော့တယ်.. ဟိုရောက်မှ သိရတာက သူလုပ်ရမှာက ပြဇာတ်ရုံတစ်ခုမှာ ဒါရိုက်တာအဖြစ် ပွဲတစ်ခုစီစဉ်ပေးရမှာဖြစ်ပြီး အမျိုးသမီးတွေအတွက် ဦးစားပေးတင်ဆက်တဲ့ အကြီးစားအကဖျော်ဖြေပွဲတစ်ခုကို အစအဆုံး တာဝန်ယူလုပ်ပေးရမှာဆိုတာပါ.. အဓိက ပြဿနာကတော့ သူတင်ဆက်ရမယ့် ပြဇာတ်ရုံက မက်စ်ရဲ့အရင်ယောက်ျားဘက်ကနေ မက်စ်ရထားတဲ့ ဂန္တဝင်ပြဇာတ်ရုံဖြစ်ပြီး သူတို့ကို ပွဲမလုပ်နိုင်အောင် ပြဇာတ်ရုံပြင်ဆင်မွမ်းမံရေးမှာ အရင်ယောက်ျားဘက်က နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်လာတာပါပဲ.. အကအဖွဲ့တွေ ရှာရ၊ အရင်ယောက်ျားရဲ့ နှောင့်ယှက်မှုတွေကို နည်းမျိုးစံနဲ့ခံရနဲ့ ဗျာများနေခဲ့တဲ့ မိုက်ခ်နဲ့ မက်စ်တို့နှစ်ယောက်ကြား နားမလည်နိုင်ခြင်းတွေ မယုံကြည်နိုင်ခြင်းတွေ ပေါက်ဖွားလာခဲ့ချိန်မှာတော့.. သူတို့ စီစဉ်ထားသလို ပွဲက အောင်အောင်မြင်မြင်နဲ့ ပြီးသွားနိုင်မှာလား.. သူဌေးမလေးမက်စ်ကရော မိုက်ခ်ကိုထားခဲ့ပြီး အရင်ယောက်ျားဆီ ပြန်သွားမှာလား.. မိုက်ခ်ကရော မက်စ်ဖြစ်စေချင်သလို ပြီးပြည့်စုံအောင် တင်ဆက်ပြသနိုင်ပါ့မလား.. ဆိုတာကိုတော့ မင်းသမီးကအကိတ် မင်းသားကအလန်း ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါလို့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(900 MB)/(400 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by…. Emily

0 2023
Magic Mike’s Last Dance
One Cut Two Cut

One Cut Two Cut (2022) One cut two cutဆိုလို့ သွေးသံတရဲရဲနဲ့ သတ်မယ်ဖြတ်မယ်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ကြည်နူးဖို့ကောင်းပြီး အလွဲလွဲအချော်ချော် ဟာသတွေနဲ့ကြည့်ရှုရမဲ့ ကန်နဒါဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း အမေဖြစ်စေချင်တဲ့ အလုပ်ကောင်းကောင်းရဖို့နဲ့ အိမ်ထောင်ပြုဖို့ဆိုတဲ့ဆန္ဒတွေကို ဥပေက္ခာပြုထားတဲ့ လက်မှုပညာနဲ့ဘွဲ့ရထားသူ လူပျိုသိုးကြီး ဂိုပီ…။ ဂိုပီဟာ လက်မှုပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့ အဝတ်အစားတွေ ပုံစံတွေကြောင့် ပတ်ဝန်းကျင်ကအလှောင်ပြောင်ခံရသူတစ်ယောက်။ ဂိုပီတစ်ယောက် အစိုးရကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာပဲ လူတွေအာရုံစိုက်တာခံချင်တဲ့လူတစ်စုက စပိန်ဘဏ်ဓားပြတိုက်တဲ့ စီးရီးထဲကလို ဝတ်စုံတွေ မျက်နှာဖုံးတွေနဲ့ရောက်ချလာပြီး ကျောင်းသားတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပါတော့တယ်။ ဒီမှာပဲ ဆရာဂိုပီတစ်ယောက် Money Heistစီးရီးထဲကလို ဝတ်စုံနဲ့လူတွေကို ဘယ်လိုရင်ဆိုင်ပြီး ကျောင်းသားတွေကို ကယ်တင်လိုက်နိုင်မလားဆိုတာ အလွဲလွဲအချော်ချော်‌တွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~V~Dee~Yunni တို့ပဲဖြစ်ပါတယ်။)

0 2022
One Cut Two Cut
Monster High 2

Halloween အတွက် 2022က ထွက်ခဲ့တဲ့ Monster High ရုပ်ရှင်ရဲ့ sequel ဖြစ်တဲ့ Monster High 2 ထွက်ရှိလို့လာပါပြီ ဝံပုလွေလူသားတစ်ယောက်ဖြစ်တဲ့ ကလောဒင်းဝုဖ်ဟာ သူမရဲ့ ကျောင်းအသစ်ဖြစ်တဲ့ မွန်းစတားဟိုက်ခ်ကို ပြောင်းရွှေ့လာပြီးတဲ့နောက် အတန်းဖော်တွေဖြစ်တဲ့ ဖကန်ကီစတိန်း၊ ဒရက်ကူလော်ရာတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ကလောဒင်းဝုဖ်ဟာ မွန်းစတားဟိုက်ခ်မှာ မွန်းစတားမျိုးစပ်တွေကို လက်ခံပေးဖို့ရာ ရပ်တည်ခဲ့တာကြောင့် မွန်းစတားဟိုက်ခ်ရဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ Eek Tok မှာ နာမည်ကြီးပြီး လူချစ်လူခင်ပေါနေသူတစ်ယောက်ပါ။ တစ်ချိန်တည်းမှာပဲ စံပြကျောင်းသူဟောင်းတစ်ယောက်ဖြစ်တဲ့ တော်ရာလိုင်းစတွိုက်ပ်ဟာ ပြင်သစ်မှာ တစ်နှစ်တာ ကျောင်းသွားတက်ပြီးနောက် မွန်းစတားဟိုက်ခ်ကိုပြန်လာခဲ့ပါတယ်။ စာသင်နှစ်ရဲ့ ကျောင်းသားခေါင်းဆောင် ရွေးချယ်ပွဲမှာ တော်ရာလိုင်းနဲ့ ကလောဒင်းတို့နှစ်ယောက်ဟာ ကျောင်းသားခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ရာ ရွေးချယ်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းကို အမည်မသိ ခြိမ်းခြောက်မှုတစ်ခုရောက်လာပြီး ဒီခြိမ်းခြောက်မှုဟာ စုန်းတစ်ပိုင်း ဗန်ပိုင်းယားတစ်ပိုင်းဖြစ်တဲ့ ဗန်ပိုင်းယားမင်းသမီး ဒရက်ကူလော်ရာရဲ့ စုန်းအတတ်နဲ့သက်ဆိုင်နေတယ်လို့ တော်ရာလိုင်းတို့အုပ်စုက စွပ်စွဲလာခဲ့တဲ့နောက်မှာတော့… ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲမှာ ဘယ်သူကအနိုင်ရသွားမလဲ၊ ‌ဒရက်ကူလော်ရာအနေနဲ့ရော ဒီခြိမ်းခြောက်မှုနောက်ကွယ်က အဖြစ်မှန်ကိုဖော်ထုတ်ဖို့ရာကို သူငယ်ချင်းတစ်အုပ်နဲ့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို မြူးမြူးကြွကြွ ဇာတ်၀င်တေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Family, Fantasy, Science Fiction, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Monster High 2
May December
7.4

May December (2023) ~ IMDb – 7.4/10, Rotten Tomatoes – 92% ~ May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို မွေးပေးခဲ့တယ်။ ဒီအမှုဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ ၂၀၀၄ထိ ထောင်ထဲနေခဲ့ရပြီး ၂၀၀၅မှာ ကျောင်းသားလေးနဲ့ လက်ထပ်ခဲ့တယ်။ ၂၀၁၉အထိ ၁၄နှစ် ပေါင်းသင်းခဲ့ကြတယ်။ ဒါကတော့ ဖြစ်ရပ်မှန်ပေါ့။ ဇာတ်ကားက ဒီအတိုင်းအတိအကျကြီးယူထားတာတော့ မဟုတ်ခဲ့ဘူး။ ဒီကားထဲတော့ ဂျူလီယန်မိုးရ်က အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ အလုပ်အတူတူလုပ်ရင်း သူ့သားရဲ့အခင်ဆုံးသူငယ်ချင်းကောင်လေးနဲ့ ဖောက်ပြန်တဲ့ ဂရေစီဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဇာတ်ကြောင်းပြောပြတဲ့ဆီမှာပဲ တွေ့နိုင်တော့မယ်။ ဒီကားက အဲဒီအဖြစ်တွေအလွန် အနှစ်နှစ်ဆယ်တာကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်မင်းသမီး အယ်လီဇဘက်ဘယ်ရီ တစ်ဖြစ်လဲ နာတာလီပေါ့မန်းဟာ ဂရေစီ့ဇာတ်ရုပ်နေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာတော့ ဂရေစီ့ကိုလေ့လာဖို့ ဂရေစီတို့အိမ်ကို လာလည်တယ်။ လာလည်တယ်ဆိုပေမဲ့ ခဏတဖြုတ်လာလည်တာမဟုတ်ဘဲ ဂရေစီ့ကိုလေ့လာဖို့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကချပေးတဲ့ ဘတ်ဂျက်ကျော်တဲ့အထိ နေခဲ့တယ်။ ဂရေစီ့ကိုရော ဒီအမှုနဲ့ ဆက်စပ်နေတဲ့လူတွေကိုရော အကုန်မေးမြန်းစုံစမ်းပြီး ဒီကိစ္စကြီးကို သေချာနားလည်နိုင်အောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ရင်း ထူးခြားစွာနဲ့ ဂရေစီဟာ အပြစ်ရှိစိတ်ရော နောင်တရော လုံးဝမခံစားရတာ သိလာတယ်။ ဒီလိုနဲ့ သူဟာ ဂရေစီ့ကို ပိုစိတ်ဝင်စားလာပြီး ဂရေစီ့ကို ပိုနားလည်လာအောင် သူ့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ပြီး ကြိုးစားကြည့်တဲ့အကြောင်းပေါ့။ အနှစ်နှစ်ဆယ်က ကိစ္စကြီးတစ်ခုရဲ့ သက်ရောက်မှုတွေကိုရော အနှစ်နှစ်ဆယ်က ကိစ္စကြီးကို ဇာတ်ကြောင်းပြန်ပြီးရော တငွေ့ငွေ့ချင်း အသက်သွင်းထားတာမို့ ဆွဲဆောင်အားတော့ တော်တော်လေးကောင်းတယ်။ နောက် သရုပ်ဆောင်တွေကလည်း ထိတ်ထိတ်ကြဲမင်းသမီး၂ယောက်အပြင် လက်သစ်ပေမဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အော်စကာဆန်ခါတင်ဝင်နိုင်တယ်ပါပြောနေကြတဲ့ Charles Melton အထိဆိုတော့ သရုပ်ဆောင်တွေရဲ့စကေးကိုလည်း ကောင်းကောင်းစောင့်ကြည့်လို့ရတယ်။ စီနီမာတိုဂရပ်ဖာကလည်း A24 ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ First Cow (2019), Mid90s (2018) တို့အပြင် Don’t Worry, He Won’t Get Far on Foot (2018), Emma (2020), Showing Up (2022) တို့ရဲ့ စီနီမာတိုဂရပ်ဖာ Christopher Blauvelt ကို သုံးထားတယ်။ သူက ခရစ္စတိုဖာ ဒွိုင်းလက်အောက်မှာလည်း အလုပ်လုပ်ဖူးတယ်။ ဒီကားဟာ ဒရာမာသက်သက်ပေမဲ့ အော်စကာဆန်ခါဝင်တွေ ဝင်နိုင်တဲ့ ဒီနှစ်ရဲ့အလန်းဆုံးကားတွေထဲက တစ်ကားဖြစ်လာနိုင်တယ်။ ‌မေဒီဇင်ဘာဆိုတဲ့နာမည်ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့ စုံတွဲတွေကို သုံးတဲ့စကားလုံးလို့ ဒါရိုက်တာက ဆိုထားတယ်။ မေဒီဇင်ဘာရဲ့ ဇာတ်လမ်းချဉ်းကပ်ပုံက ထူးတော့ ထူးတယ်ပြောရမှာပဲ။ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်အရ ဘယ်လိုမှကို လက်မခံနိုင်လောက်တဲ့ အမှားမျိုးကို လုပ်ထားတဲ့ လူတစ်ယောက်ကို နောက်လူတစ်ယောက်က ပြန်လေ့လာတာကို ပြထားတယ်။ ဒီလိုလေ့လာရင်း သူလည်း အဲဒီလိုလူမျိုးဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း ပြထားတယ်။ ဒါပေမဲ့ မတူတာက လူတွေဟာ ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတာမို့ တစ်ယောက်လိုလိုက်လုပ်တိုင်းလည်း အဲဒီတစ်ယောက်မဖြစ်လာနိုင်ဘူး။ ဂျူလီယန်မိုးရ်က သူလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်လုံကြောင်းပြောလိုက်ရင်း စိတ်မလုံနေတဲ့ နာတာလီပေါ့မန်းကို ခနဲ့လိုက်တဲ့အခန်းမှာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ဟာ အရမ်းသိသာသွားသလိုပေါ့။ တစ်ဖက်မှာလည်း ဂျူလီယန်မိုးရ်လုပ်ခဲ့တဲ့ကိစ္စကို နာတာလီပေါ့မန်းခြေရာကောက်ရင်း နားလည်သလိုလိုရှိလာတာကို ကျွန်တော်တို့တွေ့ထားရသလို သူကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေအရရော သူ့ခင်ပွန်းဖြစ်တဲ့ကောင်လေးရဲ့ စကားတွေအရရော သူ့လုပ်ရပ်ဟာ တရားဥပဒေအရတော့ အပြစ်ရှိပေမဲ့ သူတကယ်အပြစ်ရှိလား အပြစ်မရှိလား အကဲဖြတ်ဖို့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ဘူး။ May December ဟာ ဘာအကြောင်းလဲဆိုရင် ဒီလူ့ဘောင်ထဲက ကျင့်ဝတ်တွေနဲ့ လူ့ဆန္ဒကြားက ကျွန်တော်တို့နားမလည်နိုင်တဲ့ အကျိုးအကြောင်းတရားတွေကို တစေ့တစောင်းပြထားတဲ့ ရုပ်ရှင်သက်သက်လို့ ဆိုရမှာပဲ။ သူတို့ရဲ့အကြောင်းတရားတွေကိုတော့ ဇာတ်လမ်းမှာ လုံးစေ့ပတ်စေ့မရှင်းသွားသလို ဒါရိုက်တာအနေနဲ့ အဖြေတစ်ခုခုလည်း မပေးသွားပါဘူး။ Todd Haynes ဟာ ဒီတိုင်း သူတင်ပြချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုပဲ စိတ်ဝင်စားစရာကောင်းအောင် တင်ပြသွားခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2023
May December
Pendulum
7.8

Pendulum (2023) “အိပ်မက်အပိုင်းအစများကို ခြယ်လှယ်ခြင်း” IMDb 7.7 CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူရင်း ကြည့်ဖို့ Malayalam စကားပြော fantasy/ thriller ဇာတ်လမ်းအဆန်းလေး တင်ဆက်ပေးလိုက်ပါတယ်… တက်သစ်စ ဒါရိုက်တာတစ်ယောက် ကိုယ်ပိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ထားတဲ့ ပွဲဦးထွက် ရုပ်ရှင်တစ်ကားအနေနဲ့ ဒီလောက် rating ရတာ မဆိုးဘူး ပြောရမှာပါ အမီးရ်ဆိုတဲ့ လူတကာအပယ်ခံ ကောင်လေးတစ်ယောက်… အရပ်ထဲက လူတွေက အမီးရ်ရဲ့ အဖေကို မိစ္ဆာမှော်ပညာရှင်လို့ သမုတ်ထားကြတာ ဖြစ်ပြီး… သူချစ်မိတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေး ကတော့ သူ့ရဲ့ တစ်ဦးတည်းသော စကားပြောဖော် ကောင်မလေးပေါ့… ဒါပေမဲ့လည်း ကောင်မလေးရဲ့အဖေ သိသွားခဲ့အခါမှာ အမီးရ်နဲ့ အဆက်အသွယ်ဖြတ်ခိုင်းလိုက်ပါတယ် အမီးရ်မှာ အိပ်မက်တွေကိုခြယ်လှယ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းတစ်ခု ရှိနေပြီး တစ်နေ့ အိန်ဂျယ်နဲ့ အိပ်မက်တစ်ခုထဲမှာ ဆက်သွယ်ဖို့ ချိန်းဆိုခဲ့ပေမယ့် အိန်ဂျယ် သူ့အိပ်မက်ထဲ ရောက်လာတဲ့အချိန် သူတို့နှစ်ယောက် အပြင် သူစိမ်းတစ်ယောက် ရှိနေတဲ့အခါမှာတော့ ….. ဒီထူးဆန်းတဲ့ အဖြစ်ကို ဒေါက်တာ မဟေ့ရှ်ဆိုတဲ့ လူတစ်ယောက် မထင်မှတ်ပဲကြုံတွေ့လာတဲ့အခါ နောက်ဆုံး အိပ်မက်မက်ခြင်းနည်းနဲ့ သူ့အတိတ်စာမျက်နှာကို ပြန်လည် တူးဆွဖို့ ကြိုးပမ်းပါတော့တယ် သူကရော သူ့ရဲ့အတိတ်ကအမှားတွေကို ပြင်ဆင်ပြီး အနာဂတ်ကို ပြန်လည်ပြုပြင်နိုင်မလားဆိုတာကို ၁ နာရီ ၄၅ မိနစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ ပရိသတ်ကို မျက်တောင်တစ်ချက် မခတ်ရအောင် တင်ဆက်ထားတာမို့ ထူးဆန်းထွေလာ ဇာတ်လမ်းမျိုး နှစ်ခြိုက်ကြသူတွေ သဘောတွေ့မယ့် လက်ရာတစ်ခု ဖြစ်ကြောင်း ပြောရင်း… အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Thriller • Drama • Horror
7.8 2023 106 mins
Pendulum
Pure O

Pure O (2023) ============ IMDb Rating – 6.1/10 ဘဝမှာ အခက်အခဲတွေဆိုတာ အများကြီး ကြုံကြရမှာပဲ။ တကယ်တမ်း အရေးကြီးတာက အဲဒါတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာပါပဲ။ ကျွန်တော်တို့ အားလုံး တခြားသူတွေဆီက အကူအညီကိုလိုအပ်ကြတာ ပါပဲ။ မိသားစုဆီက၊ သူငယ်ချင်းတွေဆီက၊ ကိုယ်ချစ်တဲ့သူတွေဆီကပေါ့။ အဲဒါတွေကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ကား ကောင်းလေးတစ်ကား တင် ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကူးပါးဟာ ပြန်လည်ထူထောင်ရေး စင်တာ အလုပ်လုပ်တဲ့လူတစ်ယောက်ပါ။ ဆေးစွဲနေတဲ့သူတွေ၊ အရက်စွဲနေတဲ့သူ တွေကို ကူညီပေးနေပေမယ့်လည်း သူ့ဘာသာသူလည်း OCD လို့ခေါ်တဲ့ စိတ်ကို ထိန်းချုပ်လို့မရတဲ့ ရောဂါမျိုးဖြစ်နေတဲ့သူပါ။ အဲအတွက် ကုထုံး ဆရာဝန်တွေနဲ့ ကုသမှု ခံယူသလို၊ အုပ်စုလိုက် ရင်ဖွင့်ကြတဲ့ တွေ့ဆုံပွဲမျိုး ကိုလည်း သွားပါတယ်။ သူ့ရောဂါဟာ စိတ်ကို ထိန်းလို့မရဘဲ အရာရာကို အတွေးလွန်ပြီး ကြောက်နေတာမျိုးပါ။ သူ့ဇနီးလောင်း အမ်မလီ့ကို ထိခိုက်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ၊ သူ့မှာ ကုမရတဲ့ ကင်ဆာမျိုးဖြစ်နေရင်ဘယ်လိုလုပ်မလဲ အစသဖြင့်အတွေး လွန်ပြီး စိတ်ကို ထိန်းမရဘဲ ကြောက်တာပါ။ အဲအတွက်ကြောင့် ကူးပါးလည်း သူ့ဇနီးလောင်း အမ်မလီနဲ့ ကတောက်ကဆ ဖြစ်ရတာတွေ ရှိပါတယ်။ ဒီလိုနဲ့ ကူးပါးလည်းအုပ်စုလိုက် ရင်ဖွင့်တဲ့ တွေ့ဆုံပွဲကနေ သူ့ဘဝအတွက် အပြောင်း အလဲဖြစ်အောင် ကြိုးစားပုံ၊ အခက်အခဲတွေ ကျော်လွှားပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.67 GB) / (1.02 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Leonard Lin Encoder……….SWM

0 2023 118 mins
Pure O
The Boy and the Heron
7.6

(Digital အကြည် ထွက်လာလို့ ပြန် Update ပေးလိုက်ပါတယ်) IMDb – 7.6/10 Rotten Tomatoes – 97% Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီး Spirited Awayဇာတ်ကားအပြီး ဒုတိယမြောက် Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာ ပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။ ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီး ဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့ ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။ ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့ ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။ ကောင်းကိုကောင်းစေရမယ်။ လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။ တခြားstudioတွေသာ အဲ့အကွက်လုပ်ရင် ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့ Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့ ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာ ဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl’s moving castleရဲ့ အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီး Japan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရ Spirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice in wonderlandလို အရသာမျိုးလည်း ကြည့်နေရင်း ရပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မဟိတိုဆိုတဲ့ကောင်လေး အမေဟာ ဆေးရုံမီးလောင်မှုမှာဆုံးပါးသွားခဲ့ပါတယ်။ မဟတိုဟာ နောက်တော့ သူ့အဖေနဲ့အတူ တိုကျိုမြို့ကနေထွက်ခွာပြီး နယ်မြေလေးကိုပြောင်းရွှေ့ခဲ့တာပါ။ အဲ့ဒီနယ်မြို့လေးမှာက မဟိတိုရဲ့မိထွေးဖြစ်သူဟာ နေထိုင်နေတာလေ။ တရက်ကျတော့ ငဟစ်ငှက်ကြီးတစ်ကောင်ပေါ်လာပြီး မဟိတိုရဲ့အမေမသေသေးကြောင်း မဟိတိုကိုလာပြောပါတယ်။ အမေကိုပြန်တွေ့ချင်ရင် သူ့နောက်လိုက်ခဲ့ဖို့ပါထပ်ပြောတယ်လေ။ နောက်ရက်အနည်းငယ်ကြာတော့ မဟိတိုရဲ့မိထွေးဟာ ပျောက်သွားခဲ့တယ်။ အဲ့လိုနဲ့မဟိတိုဟာ မိထွေးဖြစ်သူကိုလိုက်ရှာရင်းကနေ ငဟစ်ငှက်ကြီးနဲ့ပြန်ဆုံပါတယ်။ ငဟစ်ငှက်ကြီးဟာ တကယ်တော့……. အညွှန်းကိုဒီလောက်နဲ့ရပ်လိုက်ပါမယ်။ ဇာတ်လမ်းကောင်းတာလေးနဲ့အချိန်ကုန်ဆုံးချင်သူတွေကတော့ ကြည့်ကိုကြည့်သင့်ပါတယ်။ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး ဇာတ်လမ်းအညွှန်းကို Dr.Nyan ကပဲ ကိုယ်တိုင်ရေးပေးထားပါတယ်။ File size… 2 GB / 1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 2h 4m Genre ….. Animation/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Dr.Nyan

Animation • Action • Crime
7.6 2023 124 mins
The Boy and the Heron
Asterix & Obelix Take on Caesar

ပိတ်ရက်မှာပဲ ဖြစ်ဖြစ် အားလပ်ချိန်မှာပဲ ဖြစ်ဖြစ် အနားယူချိန်မှာ serious မဖြစ်ပဲ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ အမျိုးစားလေးဖြစ်ပါတယ် ။ဒီကားလေးကတော့ ဥရောမမှာ အောင်မြင်ခဲ့တဲ့ ပြင်သစ်ရုပ်ပြ ကာတွန်းကနေ ရုပ်ရှင်ပြန်ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်တွေကတော့ ခပ်တုံးတုံး ရှိပေမဲ့ စွမ်းအားကြီးတဲ့ အိုဘိလိစ် ရယ် ဉာဏ်ကောင်းတဲ့ သူငယ်ချင်း အက်စထရိစ် တို့ဖြစ်ပြီး သူတို့ရဲ့ ရွာကို ကျူးကျော် လာတဲ့ ရောမတွေ ရန်ကနေ ကာကွယ်တဲ့ စွန့်စားခန်းကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ ခံစားရမှာပါ ၊ ခေတ်ကတော့ ဂျူးလိယက် ဆီဆာရဲ့ ခေတ်ကို အခြေပြုထားပြီး ၊ ဆီဆာက အိုဘိလိစ် တို့ ဂေါလ်ရွာကို ဘာကြောင့် တိုက်ခိုက်လဲ ၊ ‌ဒီထရိကျုစ် ဆိုတဲ့ ဆီဆာ့ရဲ့ အမှုထမ်းက ဘယ်လို လှည့်စားမလဲ ၊ ဂေါလ်တွေရဲ့ လျို့ဝှက်လက်နက် ဖြစ်တဲ့ မှော်ဆေးရည်ကိုသောက်လိုက်တာနဲ့ အင်အားကြီးလာတဲ့ ဂေါလ်တွေကို ဆီဆာ့ တပ်တွေ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ် ကလေးရော လူကြီးပါ မိသားစုနဲ့ ပေါ့ပေါ့ပါးပါး အပန်းပြေစေမယ့် ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ် File size… (2.7 GB) / (1.5 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Family,Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kafka

Drama
0 1999
Asterix & Obelix Take on Caesar
Absolute Dominion
4.8

Absolute Dominion (2025) 2044ခုနှစ်၊ ကမ္ဘာအနှံ့အပြားမှာ ဘာသာရေးပဋိပက္ခတွေကြောင့် အသေခံတိုက်ခိုက်မှုတွေနဲ့ ဖျက်ဆီးမှုတွေကနေ သေဆုံးသူအရေအတွက်က စံချိန်တင်မြင့်တက်လို့နေခဲ့ပါတယ်။ ဒီမှာပဲ အင်ဖလူယန်ဆာတစ်ယောက် စိတ်ကူးပေါက်သလိုထပြောလိုက်တဲ့ အကြွင်းမဲ့အာဏာတိုက်ပွဲဆိုတာကြီးက တကယ်ဖြစ်လာခဲ့တယ်။ ကိုယ့်ဘာသာတရားက ဖိုက်တာတွေကို သေချာလေ့ကျင့်ပေးပြီး အားကစားကွင်းကြီးထဲမှာ တစ်ယောက်ချင်းစီထိုးခိုင်း၊ အနိုင်ရတဲ့ဘာသာတရားက တစ်ကမ္ဘာလုံးကို ကိုယ့်စိတ်ကြိုက်အုပ်ချုပ်ခွင့်ရမဲ့ အကြွင်းမဲ့အာဏာတိုက်ပွဲဆိုတာကြီး တကယ်ပေါ်ပေါက်လာပါတော့တယ်။ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဆေဂန်ကတော့ လူ့ဝါဒနဲ့သိပ္ပံအဖွဲ့အစည်းကဖြစ်တာမို့ ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့အဖွဲ့အစည်းကဖြစ်ပေမဲ့ တစ်ယောက်ပြီးတစ်ယောက် အလဲထိုးအနိုင်ယူလာနိုင်ချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size… (1.3 GB) / (610 MB) Quality…. WEB-Rip 1080p / 720p Format…. mp4 Genre…. Action, Sci-Fi Duration…. 01:41:20 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Pyae Phyo

Drama • Romance
4.8 2025 100 mins
Absolute Dominion
We’re All Gonna Die
6

ပရိတ်သတ်ကြီးကို ၂၀၂၄ထွက် We’re all gonna die ဆိုတဲ့ Sci-fi romance comedy ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းရဲ့နာမည်ကိုက သေခြင်းတရားနဲ့နီးစပ်နေသလိုပဲ ဇာတ်လမ်းအစဟာလည်း လူသားတွေအတွက် ဆိုးဝါးတဲ့ ကပ်ဆိုးကြီးတစ်ခုနဲ့အစပြုခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးအမည်မသိ အရွယ်အစား မိုင် တစ်သောင်းလောက်ရှိတဲ့ ဆူးချွန်(spike)ပုံအရာဝတ္ထုကြီးတစ်ခု ရုတ်တရက်ပေါ်ပေါက်လာပြီး လူတွေအများကြီးသေဆုံးသွားပါတယ်။ ပိုဆိုးတာက ဒီလောက်ကြီးမားတဲ့အရာကြီးက တစ်နေရာထဲမှာငြိမ်ငြိမ်နေနေတာမဟုတ်ပဲ ရွေ့နေတတ်တဲ့အပြင် ရုတ်တရက်ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာကလည်း အခြေအနေတွေကိုပိုပြီး ဆိုးဝါးအောင် လုပ်နေသလိုဖြစ်နေပါတယ်။ အစိုးရပေါင်းများစွာက ဒါကြီးကိုဖယ်ရှားဖို့ ကြိုးစားပေမဲ့လည်း အရာမထင်ခဲ့ဘဲ ကမ္ဘာကြီးကသာ ဒီဆူးချွန်ကြီးကြောင့် ပြောင်းလဲလာခဲ့ရပါတယ်။ ဇာတ်လမ်းလေးကတော့ ဒီဆူးချွန်ကြီးပေါ်လာအပြီး ၁၂ နှစ်အကြာကိုဇာတ်အိမ်တည်ထားတာပါ။ အကြွေးတွေပိနေတဲ့ ထာလီရာဆိုတဲ့ ပျားမွေးတဲ့ကောင်မလေးဟာ သူပျားတွေကိုအလုပ်ကိစ္စအတွက်ပို့ရင်း လမ်းမှာ ကိုင် ဆိုတဲ့ ကောင်ချောလေးတစ်ယောက်နဲ့ဆုံမိသွားပါတယ်။ အဲဒီအချိန်မှာပဲ ဆူးချွန်ကြီးက ရုတ်တရက်နေရာရွေ့သွားတဲ့အတွက် သူတို့နှစ်ယောက်က တစ်နေရာရာကိုအပို့ခံလိုက်ရပါတော့တယ်။ ဘဝမှာဆုံးရှုံးမှုတွေကိုယ်စီရှိပြီးသားနှစ်ယောက်က သူတို့လက်ကျန် လက်ရှိပိုင်ဆိုင်နေတဲ့အရာလေးတွေ ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ ….. သူတို့ရဲ့ပစ္စည်းတွေကို ပြန်လည်ရှာတွေ့ဖို့ စရိုက်မတူတဲ့နှစ်ယောက်အတူတူခရီးဆက်ရပါတော့တယ် Minor spoiler လေးအနေနဲ့ကတော့ ဒီဇာတ်ကားက တခြား Sci-fi တွေလိုမျိုး ဆန်းဆန်းပြားပြားတွေထက် ဒီလိုရှောင်လွှဲလို့လည်းမရ နားလည်ဖို့လည်းခက်ခဲတဲ့ သေခြင်းတရားနဲ့ရင်ဆိုင်နေရတဲ့ လူသားတွေ ဘယ်လိုအသက်ရှင်နေကြလည်း ရုန်းကန်လှုပ်ရှားနေကြလည်းဆိုတာကို ပိုပြီးအာရုံစိုက်ပြသထားတဲ့ ကားကောင်းလေးလို့ညွှန်းဆိုပါရစေ။ ဒါရိုက်တာ Matthew Arnold နဲ့ Freddie Wong တို့ကရိုက်ကူးထားပြီး Jordan Rodrigues, Ashly Burch တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size… (1.93 GB) / (1.05 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 50m Genre …..Comedy , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

Action • Fantasy • Comedy
6 2024 110 mins
We’re All Gonna Die