YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Reborn.Rich.2022.(EP16).END.DNSP.WEB-DL.720P.PP(CM).mp4

421.85 MB N/A video/mp4 3765 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Credimi!
6

Credimi! (2022) ~ IMDb rating - 7/10 ~ သားသားမီးမီးတွေနဲ့ တူတူကြည့်ဖို့အတွက် အီတလီ Superhero Fantasy ကားလေးပါ။ ဆာလ်ဗာတိုရဲဆိုတဲ့ ကောင်လေးဟာ စူပါဟီးရိုး လူစွမ်းကောင်းတွေကို အရမ်း သဘောကျပြီး ကိုယ်တိုင်လည်း စူပါဟီးရိုးတစ်ယောက်ဖြစ်ချင်နေတဲ့ ကလေးတစ်ယောက်ပေါ့။ Astroman လို့ခေါ်တဲ့ စီးရီးတစ်ခုက ဇာတ်ကောင်ဟာ သူ့ရဲ့ ဆရာသခင်ဖြစ်ပြီး သူဘာလုပ်လုပ် တိုင်တည်ရသူလည်းဖြစ်ပါတယ်။ ဆာလ်ဗာတိုရဲလေးရဲ့ နေ့စဉ်မပါမဖြစ် လုပ်ငန်းဆောင်တာတွေကတော့ သူ့မေမေရဲ့ဖုန်းနဲ့ Astroman စီးရီးကို ကြည့်တာ၊ သူ့မေမေရဲ့ဖုန်းကင်မရာနဲ့ Astroman ကို ပြောချင်တာလေးတွေ ဗီဒီယိုရိုက်ထားတာ၊ နောက်ပြီး ဘာအလုပ်လေးလုပ်လုပ် သူ့အတွက် စူပါဟီးရိုးဖြစ်ဖို့အတွက် လေ့ကျင့်နေတဲ့ Mission ပိစိလေးတွေလိုသဘောထားတာ။ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ဘဝလေးထဲ သူ့မေမေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းပေးဖို့ရာ စူပါ ပါဝါတစ်ခု ပွင့်စေဖို့ သူကြိုးစားတဲ့အခါမှာတော့… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကလေးတစ်ယောက်ကို ဖုန်းတစ်လုံးပေးပြီး အလိုလိုက်ထားတဲ့ကားထက် ပိုတယ်မထင်မိပါဘူး။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ့် Fantasy နဲ့ကိုယ် ကျင်လည်တတ်ကြသမို့ သားသားမီးမီး ကြည့်ဖို့ပဲ ဒေါင်းဒေါင်း ကိုယ်တိုင်ကြည့်ဖို့ပဲ ဒေါင်းဒေါင်း ဒေါင်းကြည့်လိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 730MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 24Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action
6 2022
Credimi!
The Price of Perfection
5.5

ဒီကားလေးကတော့ လူငယ်တွေအတွက် ပညာပေးပုံစံမျိုးနဲ့ အထာကျကျ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးပြထားတာပါ။ ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ K တွေ E တွေနဲ့ ဆင်တူတဲ့ ဆေးတစ်မျိုးကို စမ်းသုံးကြရင်း ပြဿနာတွေ ဖြစ်ကြတာပေါ့။ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်လို့မရတဲ့ရောဂါ ကုသဖို့အတွက် ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်ခွင့်ရှိတဲ့ဆေးကို လူငယ်လေးယောက်က စမ်းသုံးခဲ့ကြပါတယ်။ အဲဒီထဲက အေဗာဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုရဖို့အတွက် အာရုံစူးစိုက်နိုင်အောင် စပြီးသုံးခဲ့တာပါ။ အဲဒီလိုနဲ့ စွဲသွားခဲ့ပါတယ်။ အဲဒီကိစ္စကို အမေဖြစ်သူက မသိဘဲ ဗိုင်းကောင်းကျောက်ပိ သမီးအလိမ္မာလေးအတွက် အမြဲတမ်း ဂုဏ်ယူနေပေမယ့် တစ်နေ့မှာတော့ ရဲစခန်းကနေ သူ့သမီးဟာ သူငယ်ချင်းဖြစ်သူကို ကားနဲ့တိုက်ပြီး ထွက်ပြေးနေကြောင်း သိလိုက်ရပါတယ်။ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေတဲ့မိခင်အနေနဲ့ သက်သေတွေကို ရဲတွေလက်ထဲ အရင်မရောက်အောင် ကြံဖန်ရင်း အမှုမှန်ပေါ်ဖို့ သူကိုယ်တိုင် ကြိုးပမ်းပါတော့တယ်။ အေဗာရဲ့ကားကလည်း ကားရှေ့ပိုင်းမှာ လူကို တိုက်ထားသလိုမျိုး ရှာဖွေတွေ့ခဲ့ပြီးနောက် ကားတိုက်ပြေးတဲ့သူဟာ အေဗာမှန်း တဖြည်းဖြည်း သေချာလာခဲ့ပါတယ်။ သူ့သမီးဟာ ရာဇဝတ်ကောင်မဟုတ်ဘူးလို့ တထစ်ချယုံကြည်နေတဲ့ မိခင်ဖြစ်သူကတော့ ရဲတွေနဲ့အပြိုင် အမှုကိုလိုက်ရင်း သူ့သမီးကို လိုက်ရှာပါတော့တယ်။ တကယ်ပဲ အေဗာဟာ သူငယ်ချင်းကို ဆေးကြောင်ပြီး ကားနဲ့တိုက်ခဲ့တာလား…? မိခင်ဖြစ်သူထင်သလို နောက်ကွယ်မှာ ဘာတွေရှိဦးမလဲ…? စိတ်ဝင်စားဖွယ် ကြည့်ရမှာဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ File size…(1.16GB)  / (688MB) /343MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Kham Mon

Comedy • Romance
5.5 2022 90 mins
The Price of Perfection
Starship Troopers
7

ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်း ပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျ ဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီး လူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ် အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကို ရိုက်ကူးထားတဲ့လူပါ။ နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effect စကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic World ဆိုတော့ ယှဉ်မရဘူးပေါ့လေ) ဇာတ်လမ်းအကျဉ်းကတော့ နောင်အနာဂတ်တွေမှာ ကမ္ဘာကြီးတစ်ခုလုံးက နိုင်ငံတွေအနေနဲ့ ရှိမနေတော့ပဲ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ် ပြည်ထောင်စုလိုက်ကြီး ဖြစ်နေပါပြီ။ ရန်စွယ်အနေနဲ့ကလည်း ကလန်ဒတ်သူဂြိုလ်က အယ်ရာခနစ်ဆိုတဲ့ ပိုးကောင်တွေဖြစ်ပြီး သူတို့ကလည်း ဥက္ကာခဲတွေ လွှတ်ပြီး တိုက်ခိုက်တယ်ပေါ့လေ။ အဲဒီအချိန် ဖက်ဒရယ်ပညာရေးကျောင်းမှာ သူငယ်ချင်း ၃ ယောက်ရှိကြတယ် ရီကိုရယ် ကားလ်ရယ် ကာမန်ရယ်ပေါ့၊ ရီကိုနဲ့ ကာမန်က အတွဲ၊ ရီကို့ကို ခိုးကြိုက်နေတဲ့ ကောင်မလေး ဒစ်ဇီဆိုတာလည်းရှိတယ်။ ကားလ်နဲ့ ကာမန်ကတော့ ဖက်ဒရယ်စစ်တာဝန် ထမ်းဆောင်ချင်ကြသူတွေပေါ့၊ ရီကိုကတော့ သူဌေးသား စိတ်ကသိပ်မပါပေမယ့် ကောင်မလေး ကာမန်သဘောကျအောင် မိဘတွေ တားနေရက်နဲ့ စစ်ထဲဝင်ချင်တဲ့ကောင်ပေါ့လေ။ ဖြစ်ချင်တော့ ဖက်ဒရယ်စနစ်မှာ အမျိုးအစားက ၃ နေရာရှိတယ် ပထမ ဉာဏ်အတော်ဆုံး ဆရာကြီးဌာနက ထောက်လှမ်းရေးပေါ့လေ (စိတ်စွမ်းအားရှိတဲ့လူတွေကို ပျိုးထောင်ပေးတဲ့နေရာ) အဲဒီကို ကားလ်က ရောက်သွားခဲ့တယ်၊ ဒုတိယကတော့ ယာဉ်တန်းစု တပ်ဖွဲ့ကြီး၊ ယာဉ်အမျိုးအစားပေါင်းစုံ မောင်းနှင်ရတာပေါ့၊ အဲဒီမှာက ပိုင်းလော့ဖြစ်ချင်တဲ့ ကာမန်ရောက်သွားတယ်၊ တတိယအနေနဲ့ကတော့ သချာၤနဲ့ အမျိုးအစားခွဲပါတယ်ဆိုမှ အမှတ်အနည်းဆုံးရရင် သွားရတဲ့ ခြေလျင်တပ်ရင်း ဖြစ်ပါတယ် ရီကိုတစ်ကောင် ဒီကိုရောက်သွားတာပေါ့၊ သူ့ကို ကြိုက်နေတဲ့ ဒစ်ဇီကလည်း ဒီကိုရောက်လာပါတယ်။ ဒီလိုနဲ့ ကိုယ်စီ ကြိုးစားလေ့ကျင့်နေကြတုန်း ရန်သူတွေဖြစ်တဲ့ အယ်ရာခနစ်တွေ ခြေလှမ်းစလှမ်းလိုက်တဲ့အခါမှာတော့……….။ ရုပ်ရှင်တစ်ကားများ ကောင်းပြီဆို ဘယ်နှခုနှစ်ကထွက်တာဖြစ်ဖြစ် ကြည့်လို့ကောင်းနေဆဲပဲ။ တစ်ခုရှိတာက အပေါ်ပိုင်းတွေ လွတ်လပ်စွာ တင်ဆက်ထားတဲ့ R Rated ကားဖြစ်တဲ့အတွက် ကြည့်ရှုမယ်ဆို သတိပြုစေလိုပါတယ် သွေးသံရဲရဲ သတ်ဖြတ်မှုတွေလည်း ပါဝင်ပါတယ်။ ကဲ Old School တွေ ပြန်ခံစားလိုက်ကြရအောင်ဗျာ

Comedy • Romance
7 1997 129 mins
Starship Troopers
Selina’s Gold

(18+) Selina’s Gold (2022) CM ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်က မင်းသမီးလေးရဲ့ အသစ်ထွက်ရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးက တော်တော်လေးကို ဇာတ်အိမ်နာအောင်တည်ထားတာပါ။ အင်ဒိုချိုင်းနားကျွန်းဆွယ် အမေရိကန်နှင့် ဂျပန်တို့ရဲ့ ဒုတိယကမ္ဘာစစ်ကာလမှာ အခြေတည်ထားပြီး အရာရာဟာ ပျက်စီးနေတဲ့ကာလမှာ ဘဝတွေဟာဘယ်လောက် ပျက်စီးနေပြီလဲဆိုတာ အချိန်ကာလလေးနဲ့ လိုက်ပြီးဇာတ်လမ်းဆင်ထားတာလေးကတော်တော်လေး သဘောကျစရာပါ။ စစ်ပွဲကာလ လူတွေဟာ ဘဝတွေပျက်တယ် ကိုယ်ကျင့်တရားတွေပျက်ကြတယ် သိက္ခာတရား ဆိုတာ ဗိုက်ဆာနေချိန်မှာ မြောင်းထဲရောက်ကုန်ကြတယ် ဒီလိုအဘက်ဘက်ကပျက်စီးယိုယွင်းနေတဲ့ ခေတ်ပျက်ကြီးမှာ ဆယ်လီနာဆိုတဲ့ ကလေးမတစ်ယောက် အသက် ၁၇ နှစ်ပြည့်ပြီး လှလှပပလေး ဖူးပွင့်လာခဲ့တယ်။ သို့ပေမဲ့ ကံတရားရဲ့ ရက်စက်မှုတွေက ဒီလိုနုနုနယ်နယ် ကလေးမကို အရက်သမား ဖခင်ကြီးဆီမှာနေစေခဲ့တယ်။ နောက်ဆုံးတော့ ဖခင်ကြီးက သူ့ရဲ့ အကြွေးတွေကိုဆပ်ဖို့ ရွာကငွေတိုးချေးစားတဲ့ သူဆီမှာ ဆယ်လီနာလေးကို ရောင်းစားခဲ့တယ်။ တီအာဂိုဆိုတဲ့ ငွေတိုချေးတဲ့သူဟာလဲ သူ့ရဲ့ယုံကြည်ချက်တွေမှာ သူ့ရဲ့အာဏာရှင်စိတ်ဓာတ် ဩဇာပေးချင်တဲ့စိတ်တွေကို ဆယ်လီနာလေးအပေါ်ပုံချခဲ့ရာ ငယ်ငယ်ရွယ်ရွယ်ကလေးမတစ်ယောက် လောကကြီးကို ဘယ်လိုရင်ဆိုင်ပြမလဲ မိန်းမတို့ရဲ့ မာယာကိုဘယ်လိုထုတ်ပြမလဲ ဆိုတာကို လှည့်ကွက်မျိုးစုံနဲ့ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ *** ကုတင်ပေါ်ကအခန်းများ စကားလုံးကြမ်းကြမ်းများ ပေါပေါသီသီပါဝင်သဖြင့် မိသားစုနှင့် အတူကြည့်ရှုလို့မရတဲ့ ၁၈+ အမျိုးအစား ဒရာမာကားလေးဖြစ်ပါတယ်။ *** အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.8GB | 842MB | 375MB Format… mp4 Duration….1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder …..Blank

Action • Horror • Science Fiction • Thriller
0 2022
Selina’s Gold
10 Years
6.1

အထက်တန်းကျောင်းနဲ့ပက်သက်ပြီး အမှတ်တရများတဲ့သူတွေကိုမှ Nostalgia feelingမျိုးပေးနိုင်တဲ့ Friendshipအသားပေး slice of life ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို၁၀နှစ်ကြာဝေးကွာသွားတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ ပြန်တွေ့ကြတဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲအခိုက်အတန့်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတယ်။ ဇာတ်လမ်းထဲမှာ ဂျိတ်က သူ့ရဲ့ရည်းစားနဲ့အတူ မွေးရပ်မြေက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ပြန်လာခဲ့တယ်။ ကျန်တဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကာလီနဲ့ဆမ်တို့လင်မယား၊ တက်သစ်စအဆိုတော်ရီးဗ်၊ မာတီနဲ့အေဂျေတို့နဲ့အတူ တခြားသရုပ်ဆောင်များစွာပါဝင်ပါတယ်။ ကျောင်းသားဟောင်းပါတီပွဲကို သွားကြရင်း good old daysတွေအတိုင်း ပျော်ကြတာ ကဲကြတာတွေနဲ့ ကျောင်းတုန်းကတွဲခဲ့တဲ့ex နဲ့ပြန်တွေ့တဲ့သူကတွေ့ ၊ high school loveကိုမမေ့နိုင်တဲ့သူကမမေ့နိုင်၊ prom queenကို ပြန်ကြောင်ကြတဲ့သူတွေကကြောင်နဲ့ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲmomentတွေမှာ မတူညီတဲ့ဘဝအတွေ့အကြုံတွေ အချိန်နဲ့အမျှပြောင်းလဲသွားတဲ့အခြေအနေတွေခံစားချက်တွေအပြင်၊ ဘယ်လောက်အချိန်တွေကြာကြာမပြောင်းလဲတဲ့အရာတွေကိုပါ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။ File size…(1.6 GB)/(832 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

6.1 2011
10 Years
Talk to the Dead

Talk to the Dead (2013) ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူ့ကို ပြောချင်တဲ့စကားတွေအများကြီး ကျန်နေခဲ့ဦးမှာပါ။ ဒီလိုပဲ ဒီဇာတ်ကားမှာလည်း ယူရီဆိုတဲ့ ကောင်မလေးက မောင်လေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး မပြောလိုက်ရတဲ့ စကားတွေကို ပြောပြချင်နေခဲ့တဲ့သူတစ်ယောက်ပါ။ ယူရီဟာ ဆိုးသွမ်းတဲ့ မိခင်ကြောင့် အကြွေးတွေပိနေခဲ့ပြီး call girl အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း မောင်လေးဖြစ်သူကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာ မောင်လေးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး အချိန်မီမကယ်တင်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နောင်တတွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မာယူဆိုတဲ့ မိန်းကလေးက ထူးဆန်းတဲ့ App တစ်ခုအကြောင်းကို ပြောလာခဲ့ပါတယ်။ အဲဒီ App က သေသွားတဲ့သူတွေကို ဖုန်းဆက်ပြီး စကားပြောလို့ရတဲ့ App ဖြစ်နေခဲ့ပါတယ်။ တစ်ခုရှိတာက စကားပြောလို့ရပေမယ့် သေသွားတဲ့လူဘက်က “တွေ့ချင်တယ်” လို့ပြောတဲ့အခါမှာ ပြန်မပြောရပါဘူး။ မောင်လေးနဲ့ဆက်သွယ်ခွင့်ရဖို့ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူရီဟာ အဲဒီ App ကို Down ပြီး အသုံးပြုလာပါတော့တယ်။ ဒီ App ဟာ တကယ်ပဲ သေသွားတဲ့သူတွေကို ဆက်သွယ်လို့ရတာလား၊ တွေ့ဖို့ပြောတာကို လက်ခံလိုက်တဲ့အခါမှာရော ဘာတွေဖြစ်ကြမလဲဆိုတာကိုတော့ ရင်ဖိုဖိုနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ Genre….. Horror Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thada NL Encoder ….. Aaron

Drama
0 2013
Talk to the Dead
Boys Don’t Cry
7.5

2000 ခုနှစ်မှာ ဒီဇာတ်ကားနဲ့ပဲ Best Actress အော်စကာဆုရခဲ့ပြီး Best Performance နဲ့ Best Actress ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး Hilary Swank နဲ့ ဇာတ်ကားကောင်းတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Peter Sarsgaard က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် တီနာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ လိင်သတ်မှတ်ဖို့အတွက်ပြဿနာရှိနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့နော် Operation လုပ်ဖို့ဆရာဝန်တွေနဲ့တိုင်ပင်ထားပေမယ့် လက်ရှိမှာတော့ ယောကျ်ားလေးလိုပဲဝတ်စားပြီး စော်တကာကို ပတ်ကြူနေတာပေါ့ ဒါပေမယ့် အဲဒီလိုလိင်အပြောင်းအလဲတွေကို လက်မခံတဲ့ Falls City ဆိုတဲ့မြို့ကို အမှတ်မထင်ရောက်သွားတာကနေ သူ့ဘဝကြီးတစ်ခုလုံး ဘယ်လိုမျှော်လင့်မထားတဲ့ ကံကြမ္မဆိုးတွေနဲ့ ရင်ဆိုင်ရမလဲ၊ သူချစ်မိသွားတဲ့ကောင်မလေးကရော ဘယ်လောက်ထိသူ့ကိုနားလည်ပေးနိုင်မလဲဆိုတာကိုတော့……….. LGBT တွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ လူတိုင်းလည်းကြည့်သင့်ပြီး ပညာယူသင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ (***တကယ်တော့ လူ့ဘဝကြီးကဆန်းကြယ်လွန်းပါတယ်***) ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.9 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

7.5 1999 118 mins
Boys Don’t Cry
Ketika Berhenti Di Sini
Walang kaParis

လူတစ်ယောက်ရဲ့ဘဝမှာသုံးကြိမ် ချစ်မိတတ်တယ် ငါကတော့ ပထမ ဒုတိယ တတိယ အရာအားလုံးမင်းပါပဲ….. လှပါတယ်ဆိုတဲ့အချစ်မြို့တော် ပါရီ/ပဲရစ်မြို့ရဲ့ လမ်းသွယ်တွေမှာ လမ်းပတ်လျှောက်ရင်း စကားတွေဖောင်ဖွဲ့ခဲ့ကြတဲ့ Before sunset ထဲက Jessie နဲ့ Celine ကိုမှတ်မိကြတယ်ဟုတ် အဲ့လို vibe လေးကို ဒီဖိလစ်ပိုင်အချစ်ဇာတ်ကားလေးမှာပြန်ခံစားမိတယ် ပြောရရင် ဇာတ်အိမ်မတူပေမဲ့ ကော်ဖီဆိုင်တူတူထိုင်တာ သုဿန်ကိုတူတူသွားကြတာ စသဖြင့် ရိုက်ကွင်းနေရာလေးတွေကိုလည်း reference ယူထားတာကိုတွေ့ရတယ် နှစ်ယောက်သား လမ်းလျှောက်စကားဖောင်ဖွဲ့ရင်း အချစ်အကြောင်း ဘဝအကြောင်း အနုပညာအကြောင်းတွေဆွေးနွေးကြနဲ့ ကြည့်ရတာတကယ်ကို ငြိမ့်ငြိမ့်လေးပါပဲ Ghost ကားထဲက အိုးလုပ်တဲ့ ဂန္ဓဝင်အခန်းလေးကိုတောင် လက်စွမ်းပြ မှီငြမ်းထားတဲ့တစ်ခန်းပါပါသေးတယ် ဇာတ်ကားလေးက ရိုက်ချက်တွေ ရိုက်ကွင်းတွေ ဒိုင်ယာလော့တွေ အပြစ်ပြောစရာမရှိသလို ဇာတ်အိမ်လေးကလည်း ရိုးရိုးလေးနဲ့ပဲ အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုထားတယ် ပဲရစ်မြို့က ဖိလစ်ပိုင်ပန်းချီဆရာ ဂျိုဂျို နဲ့ သူ့ရဲ့လက်ရာပုံတူပန်းချီထဲက ငယ်သူချင်းကောင်မလေး မေရီတို့ရဲ့ အချစ်ကို ရှာဖွေကြပုံ အချစ်ကို အဓိပ္ပာယ်သတ်မှတ်ကြပုံလေးတွေကို တီးလုံးလှလှလေးတွေနဲ့ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size_(1.4GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

Documentary
0 2023
Walang kaParis
Thadam
8.1

Thadam (2019) “ဟာကွက်” IMDb 8.1 အထိရထားတဲ့ တေလဂူး မှုခင်း/လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မင်းသား Arun Vijay က ဒီရုပ်ရှင်မှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ပြီး တေလဂူးရုပ်ရှင်ပွဲတိုင်းကျော် ‘ယိုဂီဘာဘူ’ လည်း ပါဝင်ထားပါတယ် အေဟီလ်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်၊ အိပ်မက်တွေနဲ့လူဖြစ်ပြီး ချစ်ရသူနဲ့ တစ်အိုးတစ်အိမ်တည်ဆောက်ဖို့ ကြံရွယ်ထားတဲ့ လူရည်လူမွန် ကာဗင်ကတော့ ဆန့်ကျင်ဘက်၊ အသေးစားလူလိမ်ဆိုပေမယ့် သူများကို လိမ်လည်လှည့်ဖြားတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်နေသူ၊ လောင်းကစားနွံမှာ နစ်နေတဲ့ လူလေလူလွင့်တစ်ယောက် မိုးသည်းတဲ့ ညတစ်ညမှာ လူတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါ ဓာတ်ပုံသက်သေတစ်ခုကြောင့် အေဟီလ်ကို သံသယတရားခံအဖြစ် ခေါ်ယူမေးမြန်းခံရတယ် သိပ်မကြာခင်မှာပဲ အေဟီလ်နဲ့ ချွတ်စွပ်တူနေတဲ့ ကာဗင်ပါ မူးပြီးကားမောင်းမှုကြောင့် စခန်းရောက်လာတဲ့ အချိန်မှာတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ V ~ KKKZ တို့ ဖြစ်ပါတယ်

8.1 2019 138 mins
Thadam
Suspiria
7.3

ဘဲလေး အကကို တဆင့်မြင့်တင်ဖို့ ဂျာမနီမှာရှိတဲ့ အကယ်ဒမီကို ရောက်လာတဲ့ ဘဲလေးအကမယ်လေး ဆူဇီတယောက် ကျောင်းကို ရောက်တဲ့အချိန် ကျောင်းသူတွေထူးဆန်းစွာတယောက်ပြီးတယောက်သေကြတာကိုတွေ့ရှိလိုက်ရပြီးနောက် အကယ်ဒမီရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ လုပ်တဲ့အခါမှာတော့ …. ဒီဇာတ်ကားကတော့ ဒါရိုက်တာ Dario Argento’s ရိုက်ကူးခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ စတင်ပြသခဲ့ပါတယ် သွေးသံရဲရဲအခန်းတွေ ထိတ်လန့်စရာတွေ အသဲချမ်းစရာတွေပါဝင်တဲ့ဇာတ်ကားဖြစ်လို့ Horror ကြိုက်တဲ့သူတွေသေချာပေါက်ကြည့်ရှုရမယ့်ဇာတ်ကားပါ ၂၀၁၈ ခုနှစ်မှာလည်း သူ့ကို အခြေခံပြီးပြန်ရိုက်ထားတဲ့ဇာတ်ကားထွက်လာခဲ့ပါတယ် ထိတ်လန့်သည်းဖိုကြိုက်တဲ့သူတွေအတွက် ရင်ထဲအမြဲရှိနေတဲ့ ဂန္ဓဝင်ဇာတ်ကားလေးမို့ ကြည့်ရှုလိုက်ပါဦး….. File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

7.3 1977 99 mins
Suspiria
Desperado
7.1

ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့… Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို CM App နဲ့ Website https://www.channelmyanmar.to/?s=Mexico+Trilogy မှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ Desperado (1995) IMDb Rating (7.1) / Rotten Tomatoes (70%) ဒီရုပ်ရှင်က တစ်ကားလုံး ချတာမှမြင်ချင်တဲ့လူတွေအတွက် ရုပ်ရှင်ပါ။ ၈၀% လောက်က ဝုန်းဒိုင်းကြဲနေတာကို တွေ့လိမ့်မယ်။ ဂန်းတွေပစ်မယ်။ သွေးတွေအလိမ်းလိမ်းနဲ့ ကြမ်းပေ့ဆိုတဲ့ အက်ရှင်ကားမျိုးပေါ့။ ဒီရုပ်ရှင်က ရုပ်ရှင်လောကထဲ အန်တိုနီယို ဘန်းဒရက်စ် ခပ်ကြမ်းကြမ်း ဝင်လာတဲ့ရုပ်ရှင်တစ်ခုဆိုရင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ရှေ့မှာ ဒါရိုက်တာ ရောဘတ်ရိုဒရီဂူးဇ်က El Mariachi ဆိုတဲ့ ရုပ်ရှင်တစ်ခုရိုက်ခဲ့ဖူးတယ်။ ဘတ်ဂျက်ကို ဒေါ်လာ ၇၀၀၀ ပဲ သုံးပြီး သန်းနဲ့ချီ ပြန်အမြတ်ထွက်တဲ့အတွက် တော်တော် ချီးကျူးခံခဲ့ရတဲ့ရုပ်ရှင်ပေါ့။ ဒီကားက El Mariachi ကို အမေရိကန်အထာ ဘတ်ဂျက် ၇ သန်းသုံးပြီး ပြန်ရိုက်ထားတဲ့ကားပါ။ ဒီရုပ်ရှင်ကလည်း ၁၀ဆ နီးပါး ပြန်အမြတ်ထွက်ခဲ့တယ်။ ဇာတ်လမ်းက သူ့မိန်းမကို သတ်ခဲ့တဲ့လူကို ပြန်လက်စားချေတဲ့ Miriachi မက္ကဆီကန် ဂီတသမားအပေါ် တည်ထားတယ်။ သူ့မိန်းမကို သတ်သွားတဲ့ မူးယစ်ရာဇာတွေကို လက်စားချေဖို့ ဘဝတစ်ခုလုံးကို ရင်းထားတဲ့လူပေါ့။ ဂီတာသေတ္တာကြီးတစ်လုံးကို ဆွဲပြီး သူလက်စားချေချင်တဲ့ မူးယစ်ရာဇာကို တစ်မြို့ဝင် တစ်မြို့ထွက် လိုက်ရှာတယ်။ သူ့ရဲ့ ဂီတာသေတ္တာထဲက သေနတ်ကြီးကို ထုတ်ပြီး လူဆိုးတွေကို ဘယ်လိုသတ်ကြောင်း ဇာတ်လမ်းက ဂိုဏ်းတွေကြားမှာပါ ဒဏ္ဍာရီတစ်ပုဒ်အနေနဲ့ ပျံ့နေတယ်။ တစ်နေ့‌တော့ မက္ကဆီကို မြို့ငယ်လေးကို သူရောက်လာတယ်။ အဲဒီမြို့မှာ သူလက်စားချေချင်တဲ့ မူးယစ်ရာဇာလည်း ရောက်နေတယ်။ အဲဒီမှာ စာအုပ်ဆိုင်ကကောင်မလေး (Salma Hayek) နဲ့ တွေ့ပြီး ချစ်သွားကြတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က အက်ရှင်ကိုအသားပေးတဲ့အတွက် ချစ်ခန်း ကြိုက်ခန်းတွေ သိပ်တော့မပါဘူး။ ‌ဇာတ်လမ်းထဲမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သံသယဝင်ရက်စရာတွေ ပါတယ်။ လက်စားချေဖို့အတွက် သူ့ဘဝတစ်ခုလုံးကိုရင်းထားတာ တန်ရဲ့လားပေါ့။ ဇာတ်လမ်းကတော့ အပစ်အခတ်တွေနဲ့ လက်စားချေတဲ့ ဇာတ်ကြောင်းတစ်ခုပဲ။ Plot Twist ကတော့ ဇာတ်လမ်းပြီးခါနီးမှလာတယ်။ ဒီရုပ်ရှင်မှာ အန်တိုနီယိုဘန်းဒရက်စ်ရဲ့နာမည်ကို မပြောသွားဘူး။ Manito (ကောင်လေး) နဲ့ Miriachi (ဂီတသမား) လို့ပဲသုံးသွားတယ်။ အဲဒီလို နာမည်မပြောသွားတာက တမင်လုပ်ထားတဲ့သဘောပဲ။ သူ့ရဲ့ Mysterious ဆန်ဆန် အငွေ့အသက်ကို တတ်နိုင်သမျှ ထိန်းချင်တဲ့ ဒါရိုက်တာရဲ့ စိတ်ကူးပဲဖြစ်လိမ့်မယ်။ Cast တွေကလည်း တော်တော်ကောင်းတယ်။ ထိပ်တန်းသရုပ်ဆောင်တွေကို သူတို့ရဲ့ အရှိန်အတက်ဆုံးအချိန်မှာ သုံးလိုက်တာပဲ။ Antonio Banderas က ဒီရုပ်ရှင်မထွက်ခင်ကတည်းက စပိန်မှာ နာမည်တော်တော်ရနေပြီ။ Desperado မှာ သူ့ရဲ့ performance ကြောင့် ဟောလိဝုဒ်အက်ရှင်လောကမှာ ခြေဆန့်ဖို့ အရှိန်တော်တော်ရသွားတယ်။ Salma Hayek ကတော့ ဘာပြောကောင်းမလဲ ဟော့လိုက်တာမှ အရမ်းပဲ။ Quentin Tarantino လဲ Cameo ပါထားပါတယ်။ ဒီရုပ်ရှင်က အကောင်းရော၊ အဆိုးရော ဝေဖန်ခံခဲ့ရတဲ့ရုပ်ရှင်ပါ။ Cinematography ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ ချီးကျူးခံရသလို ဇာတ်လမ်းသွက်တဲ့အပေါ်လည်း ဝေဖန်ခံခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုနောက်ပိုင်း ဖောဖောသီသီထွက်နေတဲ့ မရယ်ရတဲ့ဟာသတွေနဲ့ အက်ရှင်ကားတွေထက်စာရင်တော့ ဇာတ်လမ်းပိုင်း၊ စတန့်ပိုင်း နဲ့ Cinematography ပိုင်းမှာ သာတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)

7.1 1995
Desperado
The Walk

Rotten Tomatoes 83%, IMDb 7.3 ၁၉၇၄ခုနှစ်မှာ ပြင်သစ်လူမျိုး ကောင်းကင်ကြိုးတန်းလျှောက်သူ Philippe Petitဟာ အထပ်၁၁၀မြင့်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ(World Trade Center) အမြွှာမျှော်စင်ရဲ့ ခေါင်မိုးထပ်မှာ စွန့်စွန့်စားစား ကောင်းကင်ကြိုးတန်းလျှောက်ပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ The Walk ရုပ်ရှင်ဟာ ဖီးလစ်ပတေး (Philippe Petit) ရဲ့ အတ္ထုပ္ပတ္တိဖြစ်ရုံသာမက 9/11တိုက်ခိုက်မှုမှာ ပျက်စီးခဲ့ရတဲ့ အမြွှာမျှော်စင်ကြီးရဲ့ မှတ်တမ်းတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မှတ်တမ်းရုပ်ရှင်စစ်စစ်မဟုတ်တဲ့အတွက်ကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတဲ့ဇာတ်လမ်းမျိုးပါ။ ၂၀၁၅ခုနှစ်မှာ ထွက်ထားခဲ့တဲ့ရုပ်ရှက်ဖြစ်တဲ့အတွက် 3Dခံစားချက်အသားပေး အသည်းတအေးအေးပြကွက်တွေ လည်းအပြည့်ပေါ့။ ၁၉၉၀ခုနှစ်နဲ့အစောပိုင်းနှစ်တွေမှာ မွေးဖွားခဲ့သူတွေအဖို့ ၂၀၀၁ခုနှစ်မှာ တီဗွီဖန်သားပြင်ထက်အထိတ်တလန့်နဲ့ မြင်တွေ့ကြုံကြိုက်ခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီရုပ်ရှင်ရိုက်ကူးချိန်မှာ မျှော်စင်ကြီး၂ခုစလုံးက အပြင်မှာရှိမနေခဲ့တော့ပါဘူး။ ဒါကြောင့် အထူးပြုလုပ်ချက်နည်းပညာတွေ မြိုငိမြိုင်သုံးပြီးဖန်တီးထားတဲ့ ရုပ်ရှင်ပြကွက်တွေဟာ ထွက်ရှိလာချိန်မှာ အများရဲ့ချီးကျူးမှုကို လက်ခံရရှိခဲ့ပါတယ်။ Philippe Petit ရဲ့ဆောင်ပုဒ်အတိုင်း “မဖြစ်နိုင်တာမရှိ အိမ်မက်တွေနောက် လိုက်လျှောက်ပါ (Nothing is Impossible, Follow your Dreams)” ဆိုတဲ့ ခံစားချက်အပြည့်အဝပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khatar Aung

0 2015
The Walk
Weeping Rock
5.5

လောကကြီးကို စိတ်ပျက် စိတ်ကုန်ပြီး… ဘဝကို ဖြစ်ချင်ရာဖြစ်နေတော့မယ်ကွာလို့ တွေးမိတဲ့သူရှိရင်… ဒီကားလေးကို ကြည့်ကြည့်ဖို့ ပြောချင်ပါတယ်… ဒီကားလေးထဲမှာ မိဘနှစ်ပါး ငယ်ငယ်က ဆုံးပါးသွားလို့ အစ်ကိုနဲ့ အဆင်မပြေ… ဘဝကို ဘယ်လို တန်ဖိုးထားရမယ်မသိဘဲလေလွင့်နေတဲ့ ကောင်မလေးတစ်ယောက်… တစ်နေ့တစ်နေ့ အရက်နဲ့ပဲ နှစ်ပါးသွားနေတဲ့ ကောင်မလေးတစ်ယောက်… ဒီအရက်ကြောင့်ပဲ လူတစ်ယောက်ကို ဆိုင်ကယ်နဲ့ တိုက်ခဲ့ပြီး… ရှီထုံဆိုတဲ့ ကလေးလေးတစ်ယောက်နဲ့ ရေစက်ဆုံပြီးတွေ့ခဲ့တယ်… အဲ့မှာ ကလေးကပဲ သူ့ကို ပြန်ဂရုစိုက်ရမလား…သူကပဲ ကလေးထိန်းရမလား… နောက်ပြီး သူ့မိဘမဲ့ဘဝကြောင့် ရထားတဲ့ လောကဓံဒဏ်ရာကို ကုစားပေးမယ့် ဆေးပင်လေးပဲဖြစ်နေမှာလား… ဇာတ်လမ်းလေးကို ကြည့်မယ်ဆို ဘဝအတွေးလေးတစ်ခုရသွားမှာပါ..

5.5 2025
Weeping Rock
Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam
6.1

Oru Jaathi Jaathakam (aka) Oru Jaathi Oru Jaathakam (2025 ) (လူပျိုသိုးကြီး၏ ဇနီးရှာပုံတော်) ဂျေရက်ရှ်ဆိုသူဟာ အသက် ၃၇နှစ်ပြည့်သွားပြီဖြစ်ပေမဲ့လည်း ယခုအချိန်ထိ အိမ်ထောင်ဖက်ရှာမတွေ့သေးတဲ့ လူပျိုသိုးကြီးပေါ့။ သူဟာ အိမ်ထောင်မပြုချင်လို့ လူပျိုကြီးဖြစ်နေတာမျိုးမဟုတ်ဘဲ အရွေးလွန်နေပြီး အကြိုက်မတွေ့တဲ့အတွက်နဲ့ လူပျိုကြီးဖြစ်နေရသူပါ။ အိမ်ထောင်ဖက်တွေ့ဖို့အတွက် လူရွေးပြီဆိုရင် အရင်ဆုံး ဇာတာစစ်ပါတယ်၊ ဇာတာစစ်ပြီးရင် အဲဒီမိန်းကလေးဘက်က မိသားစုဝင်တွေအထိ မှုခင်းပြစ်မှု ရှိမရှိကို ရဲအရာရှိတွေထံမှာ စစ်ဆေးပါသေးတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး ဒါတွေစစ်ဆေးလို့ပြီးသွားရင်တောင်မှ လိုက်ဖက်မှုရှိမရှိ, ဟိုဟာစစ် ဒီဟာစစ်နဲ့ နည်းမျိုးစုံနဲ့ကို စစ်ဆေးတော့တာပါပဲ။ ဒီလိုတွေ ချေးများပြီး ရွေးနေလို့လဲ လူပျိုသိုးကြီးဖြစ်နေရတာပေါ့နော်။ အသက် ၃၈နှစ်မရောက်ခင် အိမ်ထောင်ပြုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျေရက်ရှ်ဟာ သောကြာနေ့ရုံးဆင်းချိန်ဆို ဇာတိမြေကိုပြန် စနေ၊တနင်္ဂနွေဆိုရင် အိမ်ထောင်ဖက်ရှာ၊ တနင်္လာနေ့ရောက်ရင် ရုံးပြန်တက်။ ဒီလိုနည်းလမ်းကို သုံးပြီးအပူတပြင်းကို လိုက်ရှာလို့နေပါတော့တယ်။ ဂျေရက်ရှ်တစ်ယောက် အသက်၃၈နှစ်မတိုင်ခင် သူလိုချင်တဲ့ အိမ်ထောင်ဖက်ကောင်းနဲ့ ရှာတွေ့သွားမလား ……. အိမ်ထောင်ဖက်ရှာရင်း ဘယ်လို အခွီဇာတ်လမ်းတွေ ဖြစ်လာမလဲ …. ဆိုတာကို ကြည့်ရှုရမဲ့ ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Comedy • Drama
6.1 2025 122 mins
Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam