YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Rebirth For You 22 720p CM.mp4

458.82 MB N/A video/mp4 900 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Big George Foreman
7.7

~ IMDb rating - 6.5/10 ~ Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။ လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ၄၅ နှစ်အရွယ်မှာတစ်ခါ လက်ဖျားခါစေခဲ့တာပေါ့။ Director ကလဲ နာမည်ကျော် Power စီးရီးကိုရိုက်ခဲ့တဲ့ Tillman Jr. ဆိုတော့ အတိုင်းဖက်အလွန်ပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 890MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 2H 9Min Genre - Biography, Drama, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Drama • Mystery • Thriller
7.7 2023 129 mins
Big George Foreman
Once a Thief
6.7

အနောက်တိုင်းက မာစတာပိစ်ကားတွေလို သတ်မှတ်ခဲ့ကြတဲ့ Léon: The Professional တို့ The Departed တို့လို ကားတွေရဲ့ မြစ်ဖျားခံရာလို့ ပြောလည်းမမှားတဲ့ Heroic Bloodshed Genre ရဲ့ ပဲ့ကိုင်ရှင်နဲ့ ဒီ Genre ကို ပိုထင်ရှားအောင် လုပ်ပေးခဲ့တဲ့သူဖြစ်တဲ့ ဂျွန်ဝူးရိုက်ခဲ့တဲ့ ကားတွေထဲကမှ ဟောင်ကောင် Heroic Bloodshed ကားတွေကို မနှစ်ကတည်းက တဖြည်းဖြည်းချင်းတင်ဆက်ပေးခဲ့တာ A Better Tomorrow ကားတွေ၊ The Killer, Hard Boiled, Bullet in the Head စသဖြင့် အတော်များခဲ့ပါပြီ။ စတီဖင်ချောင်ပါပါတဲ့ Just Heroes နဲ့ အခု Once a Thief ပဲကျန်ပါတယ်။ ဒါပြီးရင်တော့ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed Collections ပြည့်ဖို့ Just Heroes ပဲလိုပါတော့မယ်။ ဟောလိဝုဒ်တက်ပြီး ဂျွန်ဝူးရိုက်ခဲ့တဲ့ ကားတစ်ချို့ကလည်း Heroic Bloodshed စာရင်းဝင်တာတွေလည်းရှိပေမဲ့ ဟောင်ကောင်မှာ သူရိုက်ခဲ့တာတွေလောက်တော့ အားရစရာမကောင်းပါဘူး။ Once a Thief မှာတော့ ဂျွန်ဝူးရဲ့လက်စွဲတော်လိုဖြစ်ခဲ့တဲ့၊ ဒီ Genre အစကတည်းက လက်တွဲခဲ့တဲ့ ချောင်ယွန်ဖတ်နဲ့ လတ်စလီချောင်တို့ပဲ သရုပ်ဆောင်ထားပါတယ်။ နောက်မင်းသမီးတစ်ယောက်နဲ့ Trio ရိုက်ထားတာပါ။ သူတို့သုံးယောက်ဟာ ငယ်ငယ်ကတည်းက လူဆိုးတစ်ကောင်က လက်သပ်မွေးခံခဲ့ရတဲ့ မိဘမဲ့ကလေးတွေ။ နောက်ကျ နာမည်ကျော် သူခိုးသုံးကောင်ဖြစ်လာတယ်။ သူတို့ခိုးတာက ဈေးကြီး အနုပညာပစ္စည်းတွေချည်း။ လတ်စလီကတော့ စွန့်စားလုပ်တတ်ပေမဲ့ ချောင်ယွန်ဖတ်က စွန့်စားလည်းလုပ်တတ်သလို ခေါင်းလည်းကောင်းတယ်။ တစ်နေ့ကျ သူတို့ တော်တော်ခိုးရခက်တဲ့ ပန်းချီကားကို ခိုးရင်း ချောင်ယွန်ဖတ်ဒုက္ခိတဖြစ်သွားတယ်။ အဲဒီနောက် သူတို့ကို မွေးစားထားတဲ့ အဖေနဲ့ အတိုက်အခံဖြစ်လာတယ်ပေါ့။ ဒီကနေမှ အမှန်နဲ့အမှားရဲ့စည်းကြား သူတို့နင်းလျှောက်ကြပုံတွေကို ဆက်ပြသွားတယ်။ ဒီကားက ဂျွန်ဝူးကိုယ်တိုင်ရိုက်တဲ့ Heroic Bloodshed ကားတော့ ဟုတ်ပေမဲ့ Comedy ပါနှောထားတော့ ရှေ့က ကြည့်ဖူးတဲ့ကားတွေနဲ့ နည်းနည်းတော့ကွဲတယ်။ Heroic Bloodshed ကားတွေရဲ့ ဟန်တွေလည်း ပါသေးပေမဲ့ ချောင်ယွန်ဖတ်က ချရင်းပါ ဟာသတွေပြောနေ လုပ်နေတတ်တော့ စတီဖင်ချောင်ဆန်သလိုလို အငွေ့အသက်လည်းရပါတယ်။ သို့ပေမဲ့ ဒီကားစရိုက်တုန်းကတော့ ချောင်တောင် ကားသိပ်မရှိသေးဘူးပေါ့။ ဘာနေနေပါ နည်းနည်းတော့ ဂျွန်ဝူးကားမဆန်သလိုလိုဖြစ်သွားပေမဲ့ ဂျွန်ဝူကားဖြစ်နေဆဲဆိုတဲ့ အရသာမျိုးကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ [တစ်နေ့နေ့မှာတော့ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed တွေထဲ လိုနေတဲ့ နောက်ဆုံးကားဖြစ်တဲ့ စတီဖင်ချောင်ပါတဲ့ Just Heroesကို ဆက်လက်တင်ဆက်သွားပါမယ်...] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.22GB, 1.01GB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 48Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller
6.7 1991 103 mins
Once a Thief
Another Way
7.2

" အဆုံးစီရင်ခြင်းက အဖြေလား " ..... ပင်ပန်းလာတဲ့အခါ ကိုယ်လွတ်ရုန်းထွက်သွားခြင်းက အဖြေလား? ဘဝမှာအခက်အခဲတွေရှိလာတဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် ဆုံးဖြတ်ချက်တွေမတူညီကြပုံ နဲ့ လူ့သဘာဝ ၊ လူ့စရိုက်တွေကိုချပြထားတဲ့ Life style drama အမျိုးအစားဖြစ်ပါတယ်။ Main lead တွေအနေနဲ့တော့ Actor Kim Jae Wook , Actress Seo Ye Ji တို့ပဲဖြစ်ပါတယ်။ အချိန်ပိုင်းအကမယ်ကောင်မလေးတစ်ယောက်နဲ့ ယာဥ်ထိန်းရဲကောင်လေးတစ်ယောက်.. . Suicide site တစ်ခုကနေ သိကျွမ်းခဲ့ရာကနေ အပြင်မှာအတူတူအဆုံးစီရင်ဖို့ ချိန်းဆိုထားတဲ့အတိုင်း ကျွန်းလေးတစ်ခုမှာ အတူဆုံဖို့ဖြစ်လာခဲ့တယ်။ စိတ်ခံစားချက်တစ်ခုတည်း အကြံတစ်ခုတည်းရှိနေကြတဲ့ သူစိမ်းနှစ်ယောက် လောကကြီးကိုမနှုတ်ဆက်ခင်မှာ နောက်ဆုံးအနေနဲ့ စိတ်လွတ်လက်လွတ်နေလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ.... File Size : (999MB) and (361 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by Phyo Pyae

Action • Adventure • Thriller
7.2 2017 90 mins
Another Way
Accident
6.7

Brain လို့ နာမည်ရတဲ့ ကြေးစားလူသတ်သမားက သူ့အဖွဲ့နဲ့အတူ လူသတ်မှုတွေကို မတော်တဆမှုဖြစ်အောင် ဖန်တီးပြီး အဖွဲ့လိုက် လှုပ်ရှားပေးကြတာပါ။ သူတို့ရဲ့လှုပ်ရှားမှုတစ်ခု မမျှော်လင့်ဘဲ လွဲချော်ပြီးခဲ့တဲ့နောက်မှာတော့ ဒီအဖြစ်အပျက်ဟာ တမင် ဖန်တီးခံရတာလို့ ဘရိန်းက ယူဆပါတယ်။ တစ်ယောက်ယောက်က သူနဲ့ သူ့အဖွဲ့ကို မလှုပ်ရှားနိုင်တော့အောင် ဖန်တီးတယ် ထင်လာပါတော့တယ်။ ဒီအဖြစ်အပျက်နဲ့ သက်ဆိုင်မယ်လို့ ယူဆရတဲ့ အာမခံကိုယ်စားလှယ်တစ်ယောက်နဲ့ ဆုံလာချိန်မှာတော့ .... တကယ်ပဲ ကတုံးပေါ် ထ်ပ်ကွက်သလို မတော်တဆမှုနဲ့ လူသတ်နေတဲ့ ကြေးစားအဖွဲ့ကို မတော်တဆမှုတွေ တကယ်ပဲ ဖန်တီးနေတာလား? တခြားတခြားသော အကြောင်းရင်းတွေ ရှိနေတာလား ဆိုတာကတော့ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xiao Zhen ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 554MB | 2489MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xiao Zhen Encoder ..... August

Crime • Horror • Thriller
6.7 2009 89 mins
Accident
A Bad Moms Christmas
6.3

ခရစ်စမတ်လဲနီးပြီဆိုတော့အားလုံးနဲ့မစိမ်းတဲ့ ဒရမ်မာဟာသခရစ်စမတ်ကားလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ် ရုသ်ဆိုတာကတော့ သမီးဘာလုပ်လုပ်အကောင်းမမြင်ပဲ အမြဲတမ်းပြီးပြည့်စုံတာကိုပဲလိုချင်တဲ့ အမေ ခရစ်စမတ်ကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းချင်တဲ့သမီးအေမီ သူတို့နှစ်ယောက်ခရစ်စမတ်ပွဲတော်အတွက်ပြင်ဆင်ကျတဲ့အခါ..... ဆန်ဒီဆိုတာကတော့ သမီးကိုမျက်လုံးထဲမှာကလေးတစ်ယောက်အဖြစ်သာမြင်နေပြီး အရာရာအကုန်သမီးနဲ့ဆင်တူတွေလိုက်လုပ်တဲ့အမေ အိမ်ထောင်ကျပြီးကလေးတွေနဲ့နေနေတဲ့ကိကိကတော့ သူ့အမေအဲဒီလိုလုပ်တာကိုသဘောမကျတဲ့အချိန် ခရစ်စမတ်ကိုသူနဲ့အတူနေဖို့သူ့အမေရောက်လာတဲ့အခါ.... အိုင်းစက်ဆိုတဲ့အမေကတော့ သူ့သမီးဆီပိုက်ဆံလိုမှပြန်ပြန်လာတောင်းတက်တဲ့အမေပေါ့ သူ့သမီးကတော့အမေနဲ့အတူအချိန်တွေအတူတူကုန်ဆုံးချင်ပြီး အတူနေဖို့ဆန္ဒရှိတဲ့သမီးတစ်ယောက် ဒီနှစ်ခရစ်စမတ်မှာလဲသူ့သမီးဆီပိုက်ဆံပြန်လာတောင်းတဲ့အခါ..... သမီးနဲ့အမေကြားက ဖွင့်မပြောဖြစ်ကျတဲ့စကားတွေနဲ့ပေါက်ကွဲထွက်လာကျတဲ့အခါမှာ.... မိသားစုသုံးစုရဲ့မတူညီတဲ့ပြဿနာတွေကို ဟာသတွေနဲ့ရိုက်ကူးထားတဲ့ခရစ်စမတ်ကားကောင်းလေးတစ်ကားပါ File Size : ( 980 MB , 367 MB ) Quality :  Web-DL 720p Running Time : 1 hr 44 min Format : Mp4 Genre :   Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin

Comedy • Drama
6.3 2017 104 mins
A Bad Moms Christmas
Saving Shiloh
6.2

Saving Shiloh (2006) ================ Shiloh ဆိုတဲ့ ခွေးလေးကို ဂျက်ဒ်ဆိုတဲ့ ဦးလေးကြီးတစ်ယောက် ပိုင်ဆိုင်ခဲ့ပေမယ့် Shiloh ကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့တဲ့ အတွက် မာတီဆိုတဲ့ ကောင်လေးက မွေးစားခဲ့တာပါ။ မာတီတို့ မိသားစုက မြို့ထဲမှာ လူတိုင်းနဲ့အဆင်ပြေပြီး လူမှုဆက်ဆံရေးကောင်းတဲ့ မိသားစု လေးပါ။ ဒါပေမယ့် သူတို့ရဲ့အိမ်နီးချင်း ဂျက်ဒ်ကတော့ လူဂွစာဦးလေးကြီး တစ်ယောက်ပေါ့။မြို့ထဲက လူတွေက ဂျက်ဒ်ဆိုတဲ့ လူဂွစာကြီးကို အပေါင်း အသင်းမလုပ်ဖို့ မာတီတို့ မိသားစုကို နားချလေ့ရှိပါတယ်။ တစ်နေ့ မြို့ထဲမှာ အိမ်တိုင်းလိုလို ပစ္စည်းတွေပျောက်တဲ့အချိန်မှာတော့ မြို့ကလူတွေက ဂျက်ဒ်ကိုပဲ အပြစ်တင်စွပ်စွဲကြပါတယ်။ တကယ်ပဲ ဂျက်ဒ် ဆိုတဲ့လူက အပေါင်းအသင်းမဆံ့တဲ့ လူ့ဂွစာကြီးလား၊ သူ့ရဲ့အတိတ်မှာရော ဘာတွေဖြစ်ခဲ့တာလဲ၊ မာတီတို့ မိသားစုကရော ဂျက်ဒ်နဲ့ ဘာတွေဆက်ဖြစ် မှာလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ ဒီဇာတ်ကားလေးက တိရစ္ဆာန်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ လူတစ်ယောက်ကို အပေါ်ယံမကြည့်ဘဲ တကယ်ပေါင်းကြည့်မှ သူ့ရဲ့စိတ်ဓာတ်ကို ကောင်းကောင်း သိနိုင်တယ်ဆိုတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးမို့ အားလုံးကြိုက် နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)

Crime • Drama • Thriller
6.2 2006
Saving Shiloh
The Travelling Cat Chronicles
6.8

The Travelling Cat Chronicles (2018) “ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့”တဲ့။ ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။ ဆတိုးရုက သိပ်ကို ကြံကြံဖန်ဖန်တွေးတတ်တာပဲနော်။ပြီးတော့ ကျွန်တော့်ကို သိပ်ချစ်ရှာပြီး ကျွန်တော့်အတွက်ဆို ငိုပါငိုကြွေးတဲ့ လူသားပေါ့။ ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။ သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။ စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ခါတိုင်းလို ကြောင်အစည်းအဝေးပွဲ သွားရမယ့်ညမှာ ကျွန်တော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်ဗျ။ ဒါကတော့ လမ်းဖြတ်ကူးနေတုန်း ကားတိုက်ခံလိုက်ရတာပါ။ အမှားလေး တစ်ချက်​ကအသက်ကို နှုတ်ယူသွားနိုင်တဲ့ လေလွင့်ကြောင်တွေရဲ့ဘဝပေါ့ဗျာ။ ကျွန်တော်တစ်ကောင်တည်း လမ်းမကြီးထက်မှာ ကူရာကယ်ရာမဲ့ ဝေဒနာခံစားနေရပြီး သိပ်နာကျင်လွန်းလို့ သေရတော့မှာပါလားလို့ တွေးမိတဲ့အချိန်မှာ ကျွန်တော့်အတွေးထဲ ပေါ်လာတာက သူပါပဲ။ ဟုတ်တယ် သူ၊ ကျွန်တော့်ကို ကြင်နာယုယပေးတဲ့သူ၊ ကျွန်တော်အသံကုန်ခြစ်ပြီး အော်ခေါ်ခဲ့တယ်။ ကယ်ပါဦး၊ ငါ့ကို လာကယ်ပါဦး ဆိုပြီးတော့လေ။ တကယ်လည်း သူ ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် ဆတိုးရုဆိုတဲ့ကောင်လေးက ကျွန်တော့်သခင်ဖြစ်လာတာပေါ့ဗျာ။ သူနဲ့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပြီး တစ်နေ့မှာတော့ ဆတိုးရုက ထူးထူးဆန်းဆန်း ကျွန်တော့်ကို ခေါ်ပြီး ခရီးထွက်ပါလေရော။ ကျွန်တော်ကတော့ ဘာကြောင့်မှန်းမသိပေမယ့် ဆတိုးရုနဲ့အတူ မမြင်ဖူးမတွေ့ဖူးတဲ့ နေရာအသစ်အဆန်းတွေကို သွားရလို့ပျော်နေတာပေါ့ဗျာ။ ပြီးတော့မှ ဘယ်ဟုတ်မလဲ ဆတိုးရုက ကျွန်တော့်ကို သူများဆီမှာ ထားခဲ့ဖို့လုပ်နေတာဗျ။ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး ကျွန်တော်က ဆတိုးရုရဲ့ကြောင်လေ။ တစ်သက်လုံး သူနဲ့ပဲနေမှာကို သူ့နားကနေ တစ်ဖဝါးမှခွာမှာ မဟုတ်ဘူးဆိုတာ အဲဒီအရူးကြီး မသိဘူးထင်တယ်။ ခင်ဗျားတို့ရော ဆတိုးရုကို ဘ ာလို့ကျွန်တော့်ကို သူများဆီပေးဖို့ လုပ်နေတာလဲ သိကြလားဟင်။ …………………….. ဂျပန်စာရေးဆရာမ Hiro Aikawa ရဲ့ ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ 「旅猫リポート」ကြောင်လေးရဲ့ ခရီးသွားမှတ်တမ်း ဝတ္ထုစာအုပ်ကို ဇာတ်လမ်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မြန်မာဘာသာပြန် စာအုပ်လည်းထွက်ရှိထားပြီး ဇာတ်ကားအနေနဲ့လည်း ကြောင်ချစ်သူတွေသာမက အားလုံးအတွက် အချိန်ပေးရတာနဲ့တန်တဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

Action • Crime • Thriller
6.8 2018
The Travelling Cat Chronicles
Cut Bank
6.2

Cut Bank(2014) ============ Cut Bank ရုပ်ရှင်လေးကတော့ 2014 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး သရုပ်ဆောင် Liam Hemsworth၊ John Malkovich၊ Billy Bob Thornton အစရှိတဲ့ နာမည်ရှိပြီးသား သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒါ့အပြင် ဇာတ်လမ်းလေးကလည်း သည်းထိတ်ရင်ဖိုစရာလည်းကောင်းတော့ ကြည့်ရှုသူတွေ အကြိုက်တွေ့ကြမှာပါ။ ဒီဇာတ်လမ်း‌လေးမှာ အဓိကဇာတ်ကောင်က နေရပ်ကို စွန့်ဖို့ လုပ်ရင်း အသက်ဘေးနဲ့ ကြုံလာရပါတယ်။ ဇာတ်ရှိန်ရလာတာနဲ့အမျှ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ plot twist တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ သင်က suspense၊ thriller ဇာတ်ကားလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီဇာတ်ကားလေးကို ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဝါရင့် ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု၊ ဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာကောင်းမှုတို့က သင့်အတွက် ကြည့်ရကျိုးနပ်စေမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.80GB / 592MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin

6.2 2014
Cut Bank
Quan Dao: The Journey of a Boxer
5.9

ဒီဇာတ်လမ်းမှာတော့ ရှောင်နျိုဆိုတဲ့ကောင်လေးရဲ့အဖေက သူ့သူငယ်ချင်းကောင်းကို ကာကွယ်ပေးဖို့အတွက် မျက်စိမမြင်ဖြစ်သွားခဲ့တယ် အဲဒီအချိန်ကစပြီး သူ့သူငယ်ချင်းတွေဆီကဝေးကွာပြီး သူ့သားနှင့်အတူ တိတ်ဆိတ်အေးချမ်းတဲ့ဘဝကို ဖြတ်သန်းခဲ့တယ် နှစ်ပိုင်းလောက်ကြာပြီးတဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်ကပြန်တွေ့ကြပြီး သူ့သားရှောင်နျိုကို သူငယ်ချင်းထံမှာလက်ဝှေ့သင်စေခဲ့တယ် ဆရာဖြစ်သူရဲ့သင်ကြားပေးမှုအောက်မှာ ရှောင်နျိုက ထူးချွန်တဲ့လက်ဝှေ့သမားတစ်ယောက် ဖြစ်လာခဲ့တယ် နောက်တော့လက်ဝှေ့သင်တန်းရဲ့ ငွေကြေးအခက်အခဲကြောင့် ရှောင်နျိုနှင့်သူငယ်ချင်းဖြစ်သူမာကျိုင်တို့က ငွေရှာဖို့ကြိုးစားရင်း လမ်းမှားသို့ရောက်ရှိခဲ့ပါတော့တယ်

5.9 2020
Quan Dao: The Journey of a Boxer
Bhoothnath Returns
6.6

Bhoothnath Return (2014) ************************* ဒီဇာတ်ကားလေးကတော့ 2008က ထွက်ရှိထားတဲ့ Bhoothnathဆိုတဲ့ ဇာတ်ကားရဲ့ အဆက် Comedy/Drama အမျိုးအစား ဟင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.6အထိ ရရှိထားပါတယ်။ Bhoothnath 2008ထဲမှာဆိုရင် ဘူးသ်နားသ်ဟာ ကလေးတစ်ယောက်ကို ခြောက်ပေမဲ့ အဲ့ကလေးက မကြောက်ခဲ့တာကြောင့် ကလေးတစ်ယောက်ကိုတောင် ကြောက်အော်မခြောက်နိုင်ဘူး ဆိုပြီး တခြားသရဲတွေက လှော်ပြောင်သရော်ကြပါလေရော။ အဲ့လိုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ရာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီး သရဲအဖြစ် ပြန်လည် ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ဒီလိုနဲ့ ကမ္ဘာမြေကို ရောက်လာပြီးတော့ အက္ကရူးသ် ဆိုတဲ့ ကောင်လေးကို ခြောက်လှန့်ခဲ့ပေမယ့် အက္ကရူးသ်ကမကြောက်ခဲ့ပဲ ဘူးသ်နားသ်နဲ့ သူငယ်‌ချင်းတောင်ဖြစ်သွားကြပြီး သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတွေမှာ ဆက်မခြောက်တော့အောင် နှစ်ယောက်သား လိုက်လံကူညီကြပြီး အခအကြေးငွေကြေးတွေလည်း ရလာပါတော့တယ်။ တစ်နေ့မှာတော့ ဘောင်းဝ်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ ရှိနေတဲ့ သရဲကို ရှင်းထုတ်ပေးနိုင်ရင် ရူပီ သိန်း၂၀ ပေးမယ်လို့ ကမ်းလှမ်းလာရာမှာတော့… ဘယ်လို အရှုပ်အထွေးတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ… ဘူးသ်နားသ်တို့အဖွဲ့ သရဲကို ရှင်းထုတ်နိုင်မှာလား… ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ… ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့… ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.6 2014
Bhoothnath Returns
Never Been Kissed
6

Never Been Kissed (1999) ~ IMDb – 6/10, Rotten Tomatoes – 55% ~ ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။ တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်‌နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ဝင်ပါခဲ့ရပါတော့တယ်။ ဒီလိုနဲ့ ကလေးတွေရဲ့ဘဝကို မိဘတွေပိုသိလာဖို့အတွက် ဆောင်းပါးလည်းရေးရင်း ကျောင်းမှာလည်း လူဝင်ဆံ့လာပြီး ကျောင်းကပွဲမှာ အလှဘုရင်မရတဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ ကျောင်းကပွဲညမှာတင် ဖုံးကွယ်ထားတဲ့ အလိမ်အညာတွေပေါ်သွားခဲ့ပြီး ကျောင်းသားနဲ့ဆရာဝတ္တရားကြောင့် စောင့်ထိန်းထားခဲ့ရတဲ့ ဂျိုစီနဲ့ ကိုလ်ဆင်ကြားက ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 895MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 47Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Fantasy
6 1999
Never Been Kissed
Nunakkuzhi
7.5

Nunakkhuzhi (2024) “အပျော်မှအပျက်ဆီသို့” ယခုအခါမှာတော့ IMDB 7.5/10 ရရှိထားတဲ့ ဘောလီးဝုဒ်ဟာသကားလေးကို တင်ဆက်ပေးသွားမှာပါ။ မိခင်ဖြစိသူရဲ့ ဖူးဖူးမှုတ်ဂရုစိုက်မှုတွေကြောင့် ကလေးစိတိမကုန်သေးတဲ့ အက်ဘီ… ဖခင်ဖြစ်သူရဲ့ မသေခင်ဆန္ဒကြောင့်အိမ်ထောင်ပြုပီ့း ကုမ္ပဏီကိုဦးဆောင်ခဲ့ရသော်လည်း ကလေးစိတ်မကုန်သေးသော အက်ဘီ… မိန်းမဖြစ်သူနဲ့မင်္ဂလာဦးဗီဒီယိုတွေရိုက်ပြီးသိမ်းထားတတ်တဲ့ အက်ဘီ.. သူဦးဆောင်နေတဲ့ကုမ္ပဏီကို အခွန်ကိစ္စနဲ့ပတ်သက်ပြီးလာရောက်စစ်ဆေးတဲ့အခါ သူ့ကွန်ပျူတာကိုသိမ်းသွားတဲ့အခါ…. သူ့မိန်းမနဲ့ကြားအိမ်ထောင်ရေးအဆင်မပြေဖြစ်လာမလား … သူတို့လင်မယားရဲ့မင်္ဂလာဦးဗီဒီယိုတွေကရော လူံခြုံမှုရှိပါ့မလား… ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာရပြီး ရင့်ကျက်လာမှာလား.. စတာတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team ပဲ ရေးသားပေးထားပါတယ်)

Comedy • Drama
7.5 2024
Nunakkuzhi
A Burning Hot Summer
5

A Burning Hot Summer (2011) ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဂန္ဓဝင်အလှတရားပိုင်ရှင်မမကြီး မော်နီကာရဲ့ဇာတ်ကားဟောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ ရောမရဲ့နွေရာသီတစ်ခုက စုံတွဲနှစ်တွဲဖြစ်တဲ့ ပန်းချီဆရာဖရက်ဒရစ်နဲ့ သူ့ရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးဇနီးချော အိန်ဂျယ်၊ နောက်တော့ သူတို့ရဲ့ဖိတ်ခေါ်မှုနဲ့အိမ်ကိုရောက်လာတဲ့ ဖရက်ဒရစ် သူငယ်ချင်း ပေါလ်နဲ့သူ့ကောင်မလေး အဲလိဇဘတ်တို့ကိုအခြေခံပြီး အချစ်၊ပေါင်းသင်းဆက်ဆံရေးနဲ့လူသားတွေရဲ့စိတ်သဘောတွေကို နှီးနွယ်တင်ပြထားတာဖြစ်ပါတယ်။ အီတလီဇာတ်ကားတွေထုံးစံအတိုင်း အေးအေးငြိမ့်ငြိမ့်နဲ့ cinematography လှလှ မင်းသမီးလှလှတွေကိုတစ်၀ငေးရမယ့် ဇာတ်ကားပါပဲ။

Crime • Thriller
5 2011 95 mins
A Burning Hot Summer
Corina
7

Corina (2025) IMDb Rating (7.0) ဒီဇာတ်လမ်းက Mexican ဒရမ်မာနဲ့ ဟာသအရောအနှော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လူငယ်တစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ ဘဝအတွက် ရုန်းကန်မှုတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ Plot Overview Corina က သူ့အိမ်နဲ့ သူအလုပ်လုပ်တဲ့ စာပေထုတ်ဝေရေးဌာနကလွဲရင် ဘယ်ကိုမှမသွားရဲတဲ့ ၂၈ အရွယ် မိန်းကလေးတစ်ယောက်ဖြစ်တယ်။ စကားလည်းအရမ်းနည်းပြီး လူအရမ်းကြောက်တတ်တဲ့ Corina က သူများတွေအမြင်မှာတော့ အူကြောင်ကြောင်လေး ဖြစ်နေတာပေါ့။ တစ်နေ့မှာတော့ သူ့ရဲ့လုပ်ငန်းခွင်မှာ အရမ်းအရေးကြီးတဲ့ စာအုပ်စီးရီးတစ်ခုနဲ့ပတ်သက်ပြီး Corina အမှားကြီးတစ်ခုကို လုပ်မိသွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ကုမ္ပဏီနဲ့ သူ့အလုပ်ကို ကာကွယ်ဖိုအတွက် Corina တစ်ယောက် သူ့ရဲ့ကြောက်ရွံမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဘယ်လိုစွန့်စားခန်းတွေကိုဖွင့်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.3 GB) / (830 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:38:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Crime • Drama
7 2025 96 mins
Corina