YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ran Dok Ngiew(2022)Ep.31.mp4

354.12 MB 720p video/mp4 193 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gabriel's Inferno
8.5

အခု တခေါက်ဇာတ်ကားလေးကတော့ ကန်နေဒီရန်စာရေးဆရာတစ်ယောက် ရေးသားထားပြီး New York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီး တချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ ခက်ခဲပင်းပန်းပြီး အချစ်စစ်တစ်ခုဆုံဆည်းဖို့ကြိုးစားကြတာကို အခုလိုမိုးရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် romance ဇာတ်ကားလေး တစ်ကားပါပဲ။ ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size : (1.03GB) and (454MB) Quality : WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Drama • Horror • Thriller
8.5 2020 122 mins
Gabriel's Inferno
Naanum Rowdydhaan
6.4

နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်‌ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့‌သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni

Action • Adventure • Comedy
6.4 2015 140 mins
Naanum Rowdydhaan
Missing and Alone
5.3

မတည့်အတူနေ ခင်ကြတဲ့ သူငယ်ချင်းမလေး ၂ယောက်ရှိတယ်။ တစ်ယောက်က မိတဆိုး၊ တစ်ယောက် ဖတဆိုး။ အမြဲရန်ဖြစ်နေကြပေမဲ့ သူတို့က သိပ်ချစ်ကြတယ်။ တစ်ယောက်က လိမ္မာတယ်။ တစ်ယောက်က ဆိုးတယ်။ တစ်ယောက်ရဲ့ အဖေက တောထဲမှာစခန်းချခရီးထွက်ရင်း ဆုံးသွားခဲ့တာ။ အဲဒီတစ်ယောက်အဖေရဲ့နှစ်ပတ်လည်နေ့မှာ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက် သူ့အဖေဆုံးခဲ့တဲ့ တောထဲအတူတူသွားကြတယ်။ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေကို လိမ်ပြီးသွားကြတာပေါ့။ မနက်ကျ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေနဲ့ တွေ့ကြတော့ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက်က သူတို့ကိုလိမ်သွားတာကို သူတို့သိသွားကြတယ်။ ဒီတော့ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေက သူတို့ကိုလိုက်ရှာကြတယ်။ ဟိုတစ်ယောက်က ပြန်ပေါ်လာပေမဲ့ အဲဒီတစ်ယောက်က ပျောက်နေတယ်။ အဲဒီတစ်ယောက်အမေ စိတ်ပူပြီးရှာတာပေါ့။ အဲဒီတစ်ယောက်ဘာဖြစ်သွားတာလဲ။ ဟိုတစ်ယောက်ကရော ဘာလို့ တစ်ယောက်တည်းပြန်လာတာလဲ။ အဲဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြားဘာတွေဖြစ်ခဲ့လဲဆိုတာကို ရင်ခုန်စွာကြည့်ရမယ့် ကားလေးပါ။ ဇာတ်လမ်းအချိုးအကွေ့တွေလည်း လှပါတယ်။ အဲဒီတစ်ယောက်ကလည်း လှပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.53GB, 700MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 26Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Animation • Family • Music
5.3 2021 90 mins
Missing and Alone
Where the Tracks End
7.2

Where the Tracks End (2023) ~ IMDb rating – 7.2/10 ~ ” လောကကြီးမှာ ရှင်သန်နိုင်ဖို့ ပုတ်သင်ညိုလို ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေနေတတ်ရမယ် ” တဲ့။ ဒီကားထဲက အဓိကကျတဲ့ဒိုင်ယာ‌လော့ပါ။ အဓိပ္ပါယ်ရှိပါတယ်။ ဘ၀မှာ ရေကြည်ရာမြက်နုရာ နေထိုင်ရင်း ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာပါ။ အေးအေးငြိမ်ငြိမ်လေးကြည့်ရမယ့် စပိန်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အီကာဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်းကလေးတွေက အဓိကဇာတ်လိုက်တွေပါ။ အီကာရဲ့အဖေက ရထားလမ်းဖောက်တဲ့အလုပ်သမားဖြစ်တဲ့အတွက် သူတို့မိသားစုက ရထားလမ်းဖောက်ရာ မြို့တွေတစ်မြို့ပြီးတစ်မြို့ ပြောင်းရွှေ့နေထိုင်ရပါတယ်။ ဒီလိုနဲ့ မက်ဆီကိုက နယ်မြို့လေးတစ်မြို့ကို ရောက်လာပါတယ်။ ဒီ‌နေရာလေးမှာ သူချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ ဆရာမနဲ့ ခွေးလေးကို ရခဲ့ပါတယ်။ နယ်မြို့လေးဆိုတော့ စာသင်ကျောင်းလေးကလည်း ကျောင်းသားအနည်းစုပဲရှိပြီး ကျောင်းအုပ်ဆရာမတစ်ယောက်တည်းကပဲ စာသင်ပေးပါတယ်။ အဲဒီဆရာမက အီကာကို စာဖတ်တတ်အောင် သင်ပေးပါတယ်။ သူက အီကာကို ပုတ်သင်ညိုတစ်ကောင်လို နေနိုင်ရမယ်လို့ ‌ဆုံးမခဲ့သူပါ။ အီကာချစ်ခင်ရတဲ့ သူငယ်ချင်းတွေလည်းရလာပြီး သူတို့နဲ့ အတူ ကလေးသဘာ၀ဆော့ကစားရင်း အီကာက ဒီမြို့လေးကနေ မပြောင်းချင်တော့ပါဘူး။ ရထားလမ်းဖောက်တဲ့နေရာမှာလည်း အလုပ်ရှင်က အလုပ်သမားတွေကို ညှာတာမှုမရှိဘဲ အလုပ်မြန်မြန်ပြီးအောင် ခိုင်းတာပါ။ နောက်တော့ အီကာမပြောင်းချင်တာကိုသိတဲ့ မိဘတွေက အလုပ်ထွက်ပြီး ဒီမြို့လေးမှာပဲအခြေချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အီကာပျော်နေတုန်းမှာပဲ သူ့အဖေက အလုပ်ထဲမှာမတော်တဆဖြစ်ပြီးဆုံးသွားတဲ့အခါ….. အဖေမရှိတော့တဲ့အတွက် အီကာတို့သားအမိ ဘယ်လိုဆက်လုပ်ကြမလဲ… အီကာက ဆရာမပြောသလို ပုတ်သင်ညိုလို ဘယ်နေရာမှာမဆို ရှင်သန်နိုင်အောင် ကြိုးစားမှာလား… သိချင်ရင်တော့ ဆက်လက်အားပေးလိုက်ကြပါဦး။ တစ်ခုခုတော့ ရင်ထဲကျန်ခဲ့မှာသေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 750MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 35Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

7.2 2023
Where the Tracks End
Anatomy of Time
6.4

Anatomy of Time (2021) နာမည်နဲ့လိုက်အောင်ကိုပဲ ဒီကားရဲ့ အချိန်စဉ်တွေက ဟိုတစ်စ ဒီတစ်စဆိုသလိုဖြစ်နေတယ်။ အဖြစ်အပျက်စဉ်အလိုက်တော့မဟုတ်ဘူး ဒါပေမဲ့ အချိန်ကာလအားဖြင့်တော့ ၂ခုကို သုံးထားတယ်။ မိန်းမတစ်ယောက်ရဲ့ အပျိုဘဝနဲ့ အဘွားကြီးဖြစ်သွားတဲ့အချိန်ပေါ့။ ဒီနေရာမှာ သူက ဒီအမျိုးသမီးရဲ့ ငယ်ဘဝကို ပုံဖော်တဲ့နေရာမှာ အရောင်တွေစိုစိုပြည်ပြည်သုံးထားသလို ခန္ဓာလှုပ်ရှားပုံဖော်မှုတွေကအစ ရမ္မက်နဲ့သိချင်စိတ်ကို မြင်နေရတယ်။ တော်တော်လေးသိသိသာသာပါပဲ။ ဒါတော့ ဒီထိုင်းဒါရိုက်တာရဲ့ အားသာချက်လို့ပြောရမလား မင်းသမီးရဲ့သရုပ်ဆောင်စွမ်းကိုပဲ ချီးကျူးရမလားပါပဲ။ နောက် သူ့အဖေက နာရီပြင်ဆရာဖြစ်သလို ဒီကားရဲ့ အပြတွေရဲ့ ဖြည့်စွက်မှုတစ်ခုလိုဖြစ်နေတဲ့ အရှေ့တိုင်းဖလော်တွေကို ပြောသွားတဲ့လူပေါ့။ ဒီဇာတ်ကောင်ကို တည်ဆောက်ထားတာ တော်တော်ဝေဝါးပေမဲ့ သူ့ထည့်ချင်တဲ့အဖြည့်တစ်ခုနဲ့ ပဟေဠိတစ်ခုကို ထည့်ပေးနိုင်တဲ့ ဇာတ်ကောင်လို့မြင်ရတယ်။ နောက်ထပ်မြင်ရတဲ့ ဇာတ်ကောင်က မင်းသမီးရဲ့ ယောက်ျားဖြစ်လာမယ့်သူတစ်ဖြစ်လဲ ဖြစ်နေတဲ့သူတစ်ဖြစ်လဲ စစ်ခေါင်းဆောင်တစ်ယောက်။ သူလည်းမထူးဘူးပြောရမလိုလိုပဲ ။ သူ့မကောင်းမှုတွေများတာကို သိရပေမဲ့ အဲဒီမကောင်းမှုတွေက ဘယ်လောက်ထိတာသွားသလဲတော့ ရေရေရာရာပြမသွားဘူး။ ဒါတော့ သူ့အပြအပိုင်းပေါ့။ သူ့ခေတ်က ထိုင်းနိုင်ငံရဲ့ အာဏာရှင်စနစ်နဲ့ ကွန်မြူနစ်သူပုန်တွေကြားက တင်းမာမှုတွေရှိခဲ့တဲ့ ဆိုးဆိုးရွားရွားခေတ်တစ်ခုမှာတည်ထားတယ်။ တိုင်းပြည် ဒုက္ခဝေတဲ့ခေတ်ပေါ့။ ဒီကားရဲ့ အဓိကပုံဖော်မှုဟာ ခေတ်ရယ် သူ့ဖလော်အတိုင်း အကျိုးအဆက်ရယ်လို့တော့ ထင်သာမြင်သာရှိနေတယ်။ ခုနဇာတ်ကောင်တွေအားလုံးဟာလည်း အချိန် နိုင်ငံနဲ့ လူတွေကို ကိုယ်စားပြုထားတဲ့ ဇာတ်ကောင်တွေလို့လည်း မသိမသာတော့ ပုံပေါ်နေတယ်။ ဘာအကြောင်းလဲမေးလာရင်တော့ ခေတ်ပျက်ကြီးတစ်ခုပေါ့ အဲဒီထဲကလူတွေပေါ့။ အဲဒီထဲက အမိနိုင်ငံတစ်ခုပေါ့။ နောက်ပြီးတော့ အဲဒီအရာတွေအားလုံးကို တိုက်စားသွားတဲ့အချိန်ပေါ့။ အဲဒီလူတွေရဲ့မကောင်းမှုတွေကိုလည်း အချိန်အဆက်ဆက်ကိုဖြတ်ပြီး အဲဒီနိုင်ငံကြီးက မစွန့်မပစ် ထွေးပိုက်ထားတုန်းပဲ။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.9GB | 946MB | 468MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sandaku Encoder ….. Aaron

Comedy
6.4 2021
Anatomy of Time
She Came from the Woods
4.5

She Came from the Woods (2023) ========================= Horror ရုပ်ရှင်ကြည့်နေကျသူတွေဆို ဇာတ်ကားနာမည်မြင်လိုက်ရုံနဲ့ ခန့်မှန်းမိကြမယ်ထင်ပါတယ်။ဟုတ်ပါတယ်… အမေရိကန် Horror ရုပ်ရှင်တစ်ကားပါ။ သွေးရဲရဲသံရဲရဲတွေနဲ့ အမှန်အကန် ကြောက်စရာ ကောင်းတာမို ကြောက်တတ်သူများ မကြည့်ကြဖို ကြိုသတိပေးထား ပါရစေ။ ဇာတ်လမ်းအကျဥ်းတော့… ကျောင်းသားအရွယ် ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တစ်စုဟာ မက်ကာလစ်စတာမိသားစုရဲ့ဦးဆောင်မှုနဲ့ နွေရာသီစခန်းချခရီးထွက်ခဲ့ ကြပါတယ်။ ကန့်ပ်၀င်နေတဲ့ တစ်လျှောက်လုံး ပျော်ပျော်ပါးပါးရှိခဲ့ကြပေမဲ့ ပြဿနာက ခရီးစဉ်နောက်ဆုံးညမှာ စတင်ခဲ့ပါတယ်။ အဲဒါကတော့ သ ဘာ၀လွန်ကိစ္စတွေကို မယုံတတ်ဘဲ စူးစမ်းချင်တဲ့ လူငယ်တိုရဲ့ထုံးစံအတိုင်း ပီတာတိုလူငယ်တစ်စုဟာ ရှေးရိုးအစီအရင်တစ်ခုကို အပျော်သဘော လုပ် မိသွားတာပါ။ အဲဒီကစလို ပျော်နေတဲ့ လူငယ်လေးတွေဆီ ဂြိုလ်ဆိုးတွေ စတင်၀င်ရောက်လာပါတော့တယ်။ အဲဒီအခါ မက်ကာလစ်စတာမိသားစုနဲ့ ပီတာတိုသူငယ်ချင်းတစ်စုဟာ အသက်ရှင်သန်ရေးအတွက် ကြိုးစားကြရပြီပေါ့။ ဒီလိုနဲ့ ဘာတွေရုန်းကန် ရင်ဆိုင်ရပြီး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်မလဲ…။ သွေးသံရဲရဲဆိုပေမဲ့ လည်း သူ့မြှုပ်ကွက်ဇာတ်ကြောင်းလည်း ရှိတာကြောင့် အသည်းတအေး အေးနဲ့ စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.21 GB) / (543 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator……C’mon Encoder……….SWM

4.5 2023 101 mins
She Came from the Woods
Hot Tub Time Machine
6.4

လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်‌နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာ‌ေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာပါ။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူးဗျ။ File size…(2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Science Fiction, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

6.4 2010
Hot Tub Time Machine
Blood Diamond
8

Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။ သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။ စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ သုံးနေကြလို့ပါ။ ဒါကြောင့် သွေးစွန်းသောစိန်တွေပါ။ ကမ္ဘာကြီးက အပေါ်ယံကကြည့်ရင် သိပ်ကောင်းသလို၊ သိပ်ကို တရားမျှတသလိုပဲ။ စစ်ဖြစ်ရာ ပဋိက္ခမြေက သွေးစွန်းသောစိန်တွေကို ကမ္ဘာ့စိန်ဈေးကွက်မှာ တရားဝင်တင်သွင်းလို့မရပါဘူး။ တရားမျှတလိုက်တာဗျာလို့ လူကြီးမင်း ချီးကျူးမစောသင့်ပါဘူး။ စိန်ဆိုတာ ရှားပါတယ်။ တန်ဖိုးကြီးပါတယ်ဆိုတဲ့ နိယာမတစ်ခုကို အသက်သွင်းဖို့ စိန်တွေကို လုပ်ငန်းရှင်တွေစုပေါင်းပြီး မြေအောက်အလုံတိုက်ထဲမှာ ဝယ်ထည့်ထားပါတယ်။ ဝယ်ချင်သလောက် ဝယ်မရရင် စိန်ဆိုတာ ရှားပြီလေ။ ရှားရင် ဈေးရပြီပေါ့ဗျာ။ ဒီတော့ လက်နက်လိုချင်လို့ စိန်တွေ ဆာလာအိတ်နဲ့ လာရောင်းကြတဲ့ အာဖရိကသူပုန်တွေရဲ့ စိန်ထောက်ပံ့လမ်းကြောင်းက ကမ္ဘာ့စိန်အဖွဲ့ကြီးရဲ့ ချမ်းသာရာ ချမ်းသာကြောင်းပေါ့။ သိတယ်မလား။ မင်းစိန်က တရားမဝင်ဘူး၊ ဘယ်လောက်ပဲရမယ်ပေါ့လေ။ အာဖရိကတိုက် စီရာ လီယုံ နိုင်ငံလေးက လိုင်ဘီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံပါ။ အစိုးရတပ်နဲ့ သူပုန်တပ်တွေဆိုပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့‌နေရာပါ။ လက်နက်ဝယ်ယူမှုက အစိုးရတပ်ရော သူပုန်တပ်ရောပေါင်းလိုက်ရင် လက်နက်ကုန်သည်များအတွက် ရွှေတွင်းကြီးတစ်ခုပါပဲ။ လိုင်ဘီးရီးယားက စိန်မထွက်ပေမဲ့ ကမ္ဘာ့စိန်ဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းကို တင်ပို့နိုင်တဲ့နိုင်ငံပါတဲ့။ ဒီလောက်ဆိုရင်တော့ ဘယ်နိုင်ငံက ဘယ်လိုစိန်တွေ ဘယ်လိုလည်ပတ်နေတယ်ဆိုတာ သိနိုင်လောက်ပါပြီ။ ဇာတ်လမ်းကတော့ ဇင်ဘာဘွေနိုင်ငံမှာမွေးခဲ့တဲ့ အာဖရိကသားလူဖြူ ဒန်နီ အာချာ (လီယိုနာဒို ဒီကာပီရို) က ကြေးစားစစ်သားဘဝကနေ စိန်မှောင်ခိုသမား လက်နက်ကုန်သည်တစ်ယောက်ပါ။ ဆိုလိုမွန် ဗန်ဒါ (ဂျီမိုဟွန်စူ) ကတော့ မန်ဒီမျိုးနွယ်စုဝင် တံငါသည်တစ်ယောက်ပါ။ မတ်ဒီ ဘိုဝင် (ဂျနီဖာ ကွန်နယ်လီ) ကတော့ အာဖရိကတိုက်ကို စွန့်စားရောက်လာတဲ့ မဂ္ဂဇင်းသတင်းထောက်မလေးပေါ့။ ဆိုလိုမွန် တို့ရွာကို သူပုန်တွေဝင်လာပြီး ဆိုလိုမွန် အဖမ်းခံရတယ်။ မိုင်းတွင်းကို အလုပ်သမားအဖြစ် ပါသွားတယ်။ ပြီးတော့ စိန်သမိုင်းမှာ တန်ဖိုးအရမ်းကြီးတဲ့ ပန်းရောင်စိန်ကြီးကိုတွေ့လိုက်ရတယ်။ ဒန်နီ က ထောင်ထဲမှာ အတူဆုံခဲ့ရတဲ့ ဆိုလိုမွန် ဆီက ပန်းရောင်စိန်အနံ့ရပြီး ဆိုလိုမွန် နောက်ကို တကောက်ကောက်လိုက်တော့တာပဲ။ မတ်ဒီ ကတော့ ဒန်နီ ဆီက သတင်းညှစ်ယူပြီး သွေးစွန်းတဲ့စိန်တွေကို ခဝါချပြီး စိန်ဈေးကွက်ထဲထည့်နေတဲ့ စိန်လုပ်ငန်းရှင်အကြောင်းတွေ ဖွင့်ချချင်တာပါ။ သူတို့သုံးယောက်က ပြည်တွင်းစစ်ထဲမှာ သက်စွန့်ဆံဖျားနဲ့ ကိုယ်လိုချင်ရာနောက်ကို လိုက်ကြသူတွေပါ။ ဆိုလိုမွန် က သူ့မိသားစုရယ် သူပုန်တွေဖမ်းခေါ်သွားတဲ့ သူ့သား ဒီရာ နောက်ကိုလိုက်တယ်။ ဒန်နီ က ပန်းရောင်စိန်နောက်ကိုလိုက်တယ်။ မတ်ဒီ က သတင်းနောက်ကိုလိုက်တယ်။ ဒီဇာတ်ကားက သိပ်ကိုအောင်မြင်ခဲ့ပြီး အော်စကာ ဆန်ကာတင်ငါးဆုဝင်ခဲ့ပါတယ်။ လီယိုနာဒို နဲ့ ဂျီမိုဟွန်စူ တို့လည်းပဲ အကောင်းဆုံးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ပို့ဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ အမြတ်ငွေကလည်း ကြီးကြီးမားမားရခဲ့တယ်။ ရိုက်ချက်တွေ သေသပ်လှပကောင်းမွန်ပြီး ဂန္ထဝင်ဆန်တဲ့ဇာတ်ကားကြီးမလို့ အချိန်ပေးပြီး ကြည့်ရှုထိုက်ကြောင်းပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

8 2006 143 mins
Blood Diamond
A Neighbor’s Vendetta

ဒီတစ်ခါမှာတော့ A Neighbour’s Vendetta ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ဆွန်ယာနဲ့ဂျေဆန်တို့လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ကလေးလေးကို ဆုံးရှုံးပြီးလိုက်ရပြီးနောက်မှာ သူတို့နှစ်ယောက်လည်းအဆင်မပြေဖြစ်ပြီး ကွဲမလိုဖြစ်ခဲ့ကြပါတယ် ဆွန်ယာတစ်ယောက်လည်း ဝမ်းနည်းပက်လက်ဖြစ်ပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးနေရတဲ့အထိဖြစ်နေပါတယ် အဲ့လိုဖြစ်နေချိန်မှာ ဆွန်ယာဟာ စိတ်ထွက်ပေါက်အနေနဲ့ညသူနဲ့အတူတူအလုပ်လုပ်နေတဲ့ သူဌေး ရော့ဘတ်နဲ့ဖောက်ပြန်မိပါတယ် တစ်နေ့မှာ သူတို့နှစ်ယောက် sex chat နေရင်း ရော့ဘတ်တစ်ယောက် ကာမစိတ်အလွန်နိုးကြားခြင်းကြောင့်ဖြစ်တဲ့အသက်ရှူကြပ်ရောဂါနဲ့ မတော်တဆသေဆုံးသွားပါတယ် ရော့ဘတ်မှာလည်း မီယာဆိုတဲ့ ဇနီးသည်ရှိပါတယ် မီယာဟာ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်ဆိုတာသိလိုက်ရတဲ့အခါမှာ မကျေမနပ်ဖြစ်ပြီး သူခံစားခဲ့ရတဲ့အတိုင်း ဆွန်ယာကိုလက်စားပြန်ချေဖို့ဆုံးဖြတ်လိုက်ပါတယ် အဲ့ဒီတော့ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးဆိုတဲ့အတိုင်း သူ့ယောက်ျားသေရတဲ့အတွက် ဆွန်ယာရဲ့ယောက်ျားဖြစ်သူ ဂျေဆန်ကို အသုံးချပြီး ဘယ်လိုလက်စားချေသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ File size…(622 MB) Quality…. 720p Format…mp4 Duration….01:29:00 Genre…Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2023
A Neighbor’s Vendetta
Amerikatsi
7.2

Amerikatsi (2023) ~ IMDb – 7.2/10, Rotten Tomatoes – 88% ~ Amerikatsi ဟာ သူ့ Tagline နဲ့ တော်တော်လိုက်ဖက်တဲ့ ရုပ်ရှင်တစ်ကားလို့ပြောရမယ်။ ပြောရရင် ဒီဇာတ်ကားတစ်ခုလုံးရဲ့ Point of View ဟာ “Freedom is a state of mind.” ဆိုတဲ့ သူ့ Tagline ပဲ။ ၁၈၉၀ကနေ ၁၉၁၉အထိ အာမေးနီးယားနိုင်ငံသားတွေ ၃ကြိမ်တိတိ အစုအပြုံလိုက်အသတ်ခံရဖူးတယ်။ အဲဒီလိုအခြေအနေတွေမှာ နိုင်ငံကနေထွက်ပြေးပြီး အမေရိကန်ကို ဝင်ရောက်ခိုလှုံခဲ့တဲ့ အာမေးနီးယန်းတွေ ရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ၁၉၁၅မှာစခဲ့တဲ့ Armenian Genocide ကာလမှာ ကလေးပေါက်စလေးဘဝနဲ့ အမေရိကန်ကိုထွက်ပြေးခိုလှုံခဲ့တဲ့သူပေါ့။ သူ့နာမည်က ချာလီဘတ်ချင်ရန်။ နှစ်တွေတော်တော်ကြာပြီး လူကြီးဖြစ်လာတဲ့အချိန် သူ့ဇစ်မြစ်နိုင်ငံ ဇာတိမြေ အာမေးနီးယားနိုင်ငံအကြောင်းသိချင်သလို အာမေးနီးယားနိုင်ငံသားတွေကိုလည်း တွေ့ချင်တယ်ဆိုတဲ့ စိတ်နဲ့ အမေရိကန်နိုင်ငံသားအဖြစ်ကိုစွန့်လွှတ်ပြီး ဆိုဗီယက်သမဂ္ဂနိုင်ငံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ ဆိုဗီယက်အာမေးနီးယားကို ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ အာမေးနီးယားနိုင်ငံစစ်စစ်မဟုတ်ဘဲ ဆိုဗီယက်အောက်က အာမေးနီးယားဆိုတော့ တကယ်တမ်းအာဏာကို ကိုင်ထားတာက ရုရှတွေ။ သူတို့က အာမေးနီးယားတွေကို ရွံစရာကောင်တွေလို့ပဲမြင်ပြီး ဖိနှိပ်ကြတယ်။ ချာလီဟာ ဒီလို အာမေးနီးယားကို ပြန်ရောက်လာခဲ့တယ်။ ကံကောင်းချင်တော့ ရာထူးကြီးကြီးထဲက လူတစ်ယောက်ရဲ့ မိန်းမတစ်ယောက်ရဲ့ ကလေးကို ကယ်ပေးလိုက်ရင်း အဲဒီမိန်းမနဲ့ သိကျွမ်းသွားရာက ချာလီ အဆင်ပြေဖို့ လမ်းစလေး ပွင့်မလိုဖြစ်လာတယ်။ ဒါပေမဲ့ တကယ်တမ်း အဲဒီရာထူးကြီးကြီးလူကမှ သူ့ကို အန္တရာယ်ပေးမယ့်သူဖြစ်နေပြီး နက်ကတိုင်တပ်တဲ့အမှုနဲ့ ထောင်ထဲထည့်ပစ်ပြီး ထောင်ဒဏ်၁၀နှစ်နဲ့ ဆိုက်ဘေးရီးယားကို အလုပ်ကြမ်းနဲ့နယ်နှင်ဖို့အထိပါ သူ့တပည့်တွေကို ခိုင်းခဲ့တယ်။ ဒါပေမဲ့ ငလျင်လှုပ်ပြီး ထောင်ရော တစ်မြို့လုံးရော ပျက်စီးသွားတဲ့နောက် မြို့ပေါ်မှာပဲ ထောင်သားတွေကို ပျက်စီးသွားတာတွေကို ပြင်ဖို့ဆင်ဖို့ အလုပ်ကြမ်းတွေ ခိုင်းဖို့အကြောင်းဖန်လာခဲ့တယ်။ အဲဒီထောင်ကလည်း တော်တော်ကြမ်းတယ်။ အလုပ်ကြမ်းလည်း ဆက်တိုက်ခိုင်းနေရင်းကို သောကြာနေ့ဆို ပလိန်းကြီး ထောင်သားတွေကို တစ်ယောက်ချင်းစီ အခန်းထဲခေါ်ပြီး ထောင်စောင့်တစ်ယောက်ကို အသေရိုက်ခိုင်းတဲ့ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်မျိုးအထိပါ လုပ်တယ်။ ဒီလိုနဲ့ မတရားခံပြီးနေနေရင်း သူ့ကို တိုက်ပိတ်ထားတဲ့ ထောင်ခန်းပြတင်းပေါက်ကနေ အာမေးနီးယားသား ထောင်စောင့်တစ်ဖြစ်လဲ ပန်းချီဆရာဟောင်းလင်မယားနေတဲ့ တိုက်ခန်းကို သူနေ့တိုင်းကြည့်နေခဲ့တယ်။ အဲဒီလိုကြည့်ပြီးနေရတာကိုက သူ့ဘဝအဓိပ္ပာယ်လို ဖြစ်လာခဲ့တယ်။ ဒီမတရားမှုကြီးကို သူစိတ်မပျက်ခဲ့သလို လက်လည်းမလျှော့ခဲ့ဘူး။ ဟိုးဘက်ခြမ်းက မီးလင်းနေတဲ့ တိုက်ခန်းလေးမှာ လှုပ်နေရှားနေတာတွေကို ကြည့်ရင်း ပျော်ပျော်ကြီး သူနေလာခဲ့တယ်။ ပြတင်းပေါက်က သူမြင်နေရတဲ့အရာဟာ သူသိချင်ခဲ့တဲ့ သူ ဒီနိုင်ငံကိုရောက်လာခဲ့တဲ့အကြောင်းရင်းဖြစ်တဲ့ အာမေးနီးယားနိုင်ငံသားတွေရဲ့ ဘဝဆိုတာကို သူကောင်းကောင်းကြီး နားလည်ခဲ့တယ်။ ပြတင်းပေါက်က သူမြင်နေရတဲ့လူရဲ့ဘဝကိုကပဲ ဆိုဗီယက်တွေ ဖိနှိပ်ခံထားရတဲ့ အားမေးနီးယားတွေရဲ့ အခြေအနေကို ထပ်ဟပ်နေခဲ့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာထက် ဒီဇာတ်က ဘာအကြောင်းလဲဆိုတာက ပိုအဓိကကျလိမ့်မယ်။ ဆက်ဖြစ်တာတွေကတော့ ဆန်းတယ်လို့ပြောလည်းရတယ် မဆန်းဘူးလို့ ပြောလည်းရတယ်။ ဘာလို့ဆို ဆက်ဖြစ်တာတွေက ဒီလိုကားမျိုးတွေမှာ ကျွန်တော်တို့ မလွဲမသွေမြင်ရမယ့် အခြေအနေတွေပဲ… အဲဒါတွေတော့ မဆန်းဘူး။ ဆန်းတာက ချာလီ့ တုံ့ပြန်ပုံပဲ။ သူ့မျက်နှာမှာရော သူ့လုပ်ရပ်တွေမှာရောပေါ်နေတဲ့ သူ့နှလုံးသားဟာ ပကတိရှင်းလင်းနေတယ်။ မကျေနပ်ချက်‌တွေ မတွေ့ရဘူး။ ဘယ်လောက်ရှင်းလင်းနေသလဲဆို မျှော်လင့်ချက်ထားတာကိုတောင် မမြင်ရဘူး။ လွတ်လပ်ခြင်းဆိုတာ စိတ်ရဲ့အခြေအနေသက်သက်ပဲဆိုတဲ့ Tagline နဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေတယ်။ အဓိကဇာတ်ကောင် ချာလီနေရာက သရုပ်ဆောင်တဲ့သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းဆရာလည်းဖြစ် တည်းဖြတ်သမားလည်းဖြစ်တဲ့ Michael A. Goorjian ဟာ တော်တော်တော့မခေပါဘူး။ Amerikatsi ဟာ ဒီနှစ်အော်စကာမှာ အာမေးနီးယန်းကိုယ်စားပြုရုပ်ရှင်ဖြစ်ခဲ့သလို Shortlist ၁၅ကားထဲလည်း ဝင်ထားပါတယ်။ ဆန်ခါတင်ထဲဝင်ရင်တော့ အော်စကာဆန်ခါတင်ပထမဆုံးဝင်တဲ့ အာမေးနီးယားရုပ်ရှင်ဖြစ်လာပါလိမ့်မယ်။ မသေတော့မသေချာပါဘူး။ ဒီ၁၅ကားမှာ ဂန္ထဝင်ဒါရိုက်တာကြီးတွေရဲ့ကားတွေပါ ပါနေသလို ကားကောင်းတွေလည်းတော်တော်များနေတယ်။ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်က ရုပ်ရှင်ကောင်းတစ်ကားဆိုတဲ့ အချက်ကတော့ ငြင်းမရပါဘူး။ ဒီရုပ်ရှင်ဟာ တစ်ခါတလေကျ ကျွန်တော်တို့ခေါင်းထဲရှိနေဖို့ လိုအပ်တဲ့ အကြောင်းအရာတစ်ခုကိုပြထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ အဆိုးဆုံးအခြေအနေမှာတောင် မယိမ်းယိုင်ခဲ့တဲ့ နှလုံးသားတစ်ခုအကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 940MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 1Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • History • War
7.2 2023
Amerikatsi
Pilecki’s Report
6

ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါ သူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့် ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့ တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့ အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာ သူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံ မြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင် ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့် သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့ နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေ ကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်း လည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း … File size…1.53GB / 700MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Biography , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6 2023 119 mins
Pilecki’s Report
In Time
6.7

အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့ Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ ။ နှစ်ပေါင်းများစွာကြာပြီးနောက် ၂၁၆၉ခုနှစ်မှာ လူသားတွေရဲ့ မျိုးရိုးဗီဇကို ပြောင်းပြီး အသက်၂၅ နှစ်ပဲ ရှင်သန်ခွင့်ရအောင် စမ်းသပ်တီထွင်ခဲ့ကြတယ် မွေးဖွားလာကတည်းက လက်မောင်းမှာ နာရီပါလာပြီး အသက်၂၅နှစ်ကျော်တာနဲ့ တစ်ရက်စာအချိန်တိုင်းအတွက် အသက်နာရီတွေကို ရှာဖွေကြရပါတော့တယ် အချိန်ချမ်းသာတဲ့လူတွေကတော့ ထာ၀ရ အသက်ရှင်နိုင်ကြပြီး ဆင်းရဲတဲ့သူတွေကတော့ နာရီတိုင်းမှာ အချိန်ရပ်တန့်ကာ သေဆုံးနေကြရတာပေါ့… တစ်နေ့မှာ နာရီနှစ်ပေါင်း သန်းချီချမ်းသာတဲ့ သူတစ်ယောက်က အရက်ဘားတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ နေရင်း လူဆိုးတွေနဲ့တွေ့ချိန် မင်းသား Justin Timberlake က ၀င်ကယ်ရင်း သူ့ဆီက နာရီအချိန်တွေအကုန်လုံး အလကားပေးသွားတာခံလိုက်တဲ့အခါ… တစ်ရက်စာအတွက် ဘ၀ကို ရုံးကန်နေရာကနေ နာရီနှစ်သန််းပေါင်းများစွာ ရလိုက်တဲ့သူတစ်ယောက် Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား…ဘာတွေ ဆက်လုပ်မလဲဆိုတာကို သည်းထိပ်ရင်ဖို ခပ်ကြမ်းကြမ်း Action တွေ ၊ အလန်းစားရိုက်ချက်တွေနဲ့ ကြည့်ရှု့ကြရမှာပါ ။ ( အညွှန်းရေးသားထားသူကတော့ Naing Aung Latt ပါ ) File size_(1.5GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:51:00 Genre_Action, Crime, Sci-Fi, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_Naing Aung Latt Translated by aungmyintoo

6.7 2011
In Time
[18+] At the Beginning, It’s All Good
6.1

အဲဒါကြောင့်ပဲ သူတို့ GYM မှာ လာကစားကြတဲ့ မိန်းကလေး အဖွဲ့ဝင်တွေအားလုံး ထွက်ကုန်ကြပြီး GYM လည်း ပိတ်ရခါနီး အခြေအနေ ဖြစ်လာခဲ့တယ် .. အဲဒီအခါမှာ အမေရိကန်က ဂျယ်နီလို့ခေါ်တဲ့ ဒါရိုက်တာတစ်ယောက်က သူတို့ GYM ကို ရောက်လာခဲ့ပြီးတော့ လုပ်ငန်း ပြန်လည်ကယ်ဆယ်ရေး အစီအစဉ်တွေ စလုပ်ပါတော့တယ် .. ဂျယ်နီနဲ့ အတူတူ ကြည့်ကောင်းတဲ့ အမေရိကန်သား ဒေးဗစ် ခပ်ဟော့ဟော့ ရုရှားမလေး အိုးဂါနဲ့ ဂျပန်မလေး အာအိုအီတို့လည်း ရောက်လာကြတယ် .. GYM မှာကလည်း ဒုံဟျွန်းအပြင် မာရီအိုဆိုတဲ့ မိန်းမမြင်တိုင်း နှာဘူးထနေတဲ့ အထန်ကောင်လည်း ရှိနေခဲ့ရာ သူတိုတွေ တစ်မိုးအောက်မှာ ဘယ်လို အတူနေသွားကြပြီးတော့ ဘယ်လို ဇာတ်လမ်းတွေ ဖြစ်ပေါ်လာကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော် .. File Size : 1.8GB, 669MB Quality : 1080p,720p Format…mp4 Duration…1 hr. 15 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

6.1 2017
[18+] At the Beginning, It’s All Good
The Job Whisperer
5.5

ဟာသဆန်ဆန် ဘရာဇီးရုပ်ရှင်ကားလေးကိုတင်ဆက် ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းက အရမ်းတော်တဲ့ဗိသုကာပညာရှင် တစ်ယောက်ဖြစ်တဲ့ အူလိစ်ကကိုယ့်ကိုယ်ကို မကျေနပ်သလိုလို နောင်တရနေသလိုလိုဖြစ်နေတယ်။ အကြောင်းကတော့ ဒီပညာရပ်ကိုသူ့စိတ်ကြိုက်ရွေးချယ် ခဲ့ရတာမဟုတ်ဘဲ မိဘနှစ်ယောက်လုံးကဗိသုကာပညာရှင်တွေ ဖြစ်တဲ့အတွက်သူလည်း ဒီပညာရပ်ကိုရွေးခဲ့ရလို့ဖြစ်တယ်။ အဲဒါကြောင့် သူ့သမီးလေးကိုလည်း သူ့လိုမျိုးအသက်ကြီးမှ အသက်မွေးဝမ်းကြောင်းပညာရပ်အရွေးမှားပြီးနောင်တတွေ ရမှာမျိုးကို မလိုလားတဲ့အတွက် ဆရာမျိုးစုံနဲ့တိုင်ပင်နေရတယ်။ သမီးဖြစ်သူကလည်း ဘမျိုးဘိုးတူဆိုသလိုပဲ ဒီဗိသုကာပညာရှင်ပဲ လုပ်မယ်ချည်းပြောနေတော့ အူလိစ်လည်းအကျပ်ရိုက်နေတယ်။ တစ်နေ့ ဂျာနယ်တစ်စောင်မှာ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရှာဖွေရေးနည်းပြဆိုတဲ့ဆောင်းပါးကိုဖတ်မိပြီး ဆောင်းပါးပါလိပ်စာအတိုင်းသွားလိုက်တယ်။ ဟိုလည်းရောက်သွားရော နည်းပြဆိုတဲ့တစ်ယောက်က သူ့ကို မေ့ဆေးခပ်ပြီးပါလာတဲ့ပစ္စည်းတွေပါခိုးသွားတယ်။ ဒါပေမယ့်သတိမေ့ရာကနေနိုးလာတော့လူတွေကိုကိုင်ပြီး အနာဂတ်မှာဖြစ်လာမယ့်စစ်မှန်တဲ့အသက်မွေးဝမ်းကြောင်းကို အာရုံခံလို့ရတဲ့စွမ်းအင်ကိုပိုင်ဆိုင်သွားတယ်။ ဒီစွမ်းအင်ကိုအသုံးချရင်းတလွဲတွေဖြစ်လာတဲ့အခါမှာတော့….. File size… (1.97 GB) / (1.02 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre …..Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Documentary
5.5 2024 93 mins
The Job Whisperer
Killbill Society
5.3

Killbill Society (2025) “ပန်းတစ်ပွင့်ရဲ့ပုံပြင်” ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ရသစုံကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ပူရ်နာဟာ အောင်မြင်လူကြိုက်များတဲ့ ဆိုရှယ်အင်ဖလူရန်ဇာဘ၀ကနေ သရုပ်ဆောင်ဘ၀ကို တက်လှမ်းနိုင်ခဲ့တဲ့ တက်သစ်စမင်းသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့အလုပ်ကို မိသားစုကရော ချစ်သူကပါ မကြည်ဖြူပါဘူး။ သူ့အိပ်မက်တွေကို ပုံဖော်ခွင့်ရတော့မယ် သူ့အနာဂတ်ဟာ တောက်ပနေပြီလို့ ထင်ရပေမဲ့ အနှောင့်အယှက်ကြီးကြီးတစ်ခု ၀င်လာခဲ့ပါတယ်။ တစ်နေ့တော့ သူ့အလုပ်နဲ့ပတ်သက်ပြီး ချစ်သူနဲ့ အကြီးအကျယ်စကားများရာကနေ ပြဿနာအစပျိုးလာတာ ဖြစ်ပါတယ်။ ပူရ်နာတစ်ယောက် အညွှန့်တလူလူတက်ရမဲ့အချိန်မှာ အညွှန့်ချိုးခံရတဲ့အဖြစ်မျိုး ကြုံလိုက်ရတာပါ။ အဲဒီအဖြစ်ကြောင့် ပူရ်နာဟာ သတ်သေဖို့ကြိုးစားပေမဲ့လည်း မအောင်မြင်တာကြောင့် သူ့ကိုသတ်ဖို့ လူသတ်သမားကို ကိုယ်တိုင်ငှားရမ်းလိုက်ပါတယ်။ ဒီလိုနဲ့ ပူရ်နာတစ်ယောက် ဘာတွေဆက်ကြုံတွေ့ရမဲ့၊ သူ့ကိုယ်သူသေအောင်လုပ်မဲ့ အကြံကအောင်မြင်ပါ့မလား ဆိုတာကို တွေးတောဆင်ခြင်စရာတွေနဲ့အတူ စိတ်၀င်တစားကြည့်ကြရမှာပါ။ (ဒီစီးရီးအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~KKKZ~Alex~ZweYan ဖြစ်ပါတယ်။)

5.3 2025 130 mins
Killbill Society