YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Raisinghani.vs.Raisinghani.S01E23.1080p.WEBDL.YK(CM).mp4

396.73 MB 1080p video/mp4 83 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
Babylon
7.5

La La Land ဒါရိုက်တာ Damien Chazelle ရဲ့ Feature Film အသစ်ပါ။ Brad Pitt, Margot Robbie, Tobey Maguire တို့လို နာမည်ကျော် cast တွေကိုသုံးထားသလို Diego Calva လို နာမည်မရှိသေးတဲ့ မင်းသားကိုပါ တွဲဖက်သုံးပေးထားပါတယ်။ လာမယ့်အော်စကာအတွက် Best Original Score, Best Production Design နဲ့ Best Costume Design ဆုတို့အတွက် ၃နေရာ ဆန်ခါတင် ဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၂၀နှောင်းပိုင်းက ဟောလိဝုဒ်ရဲ့ အသံတိတ်ရုပ်ရှင်တွေကနေ အသံထွက်ရုပ်ရှင်တွေဆီ အကူးအပြောင်းကာလမှာ ဟောလိဝုဒ်ရဲ့ ရွှေခေတ်တုန်းဆီမှာ ဇာတ်အိမ်တည်ထားပါတယ်။ အကြောင်းအရာကတော့ အဲဒီဟောလိဝုဒ်ရွှေခေတ်တုန်းက အသံတိတ်ကနေ အသံထွက်အကူးအပြောင်းမှာရော လောကကြီးရဲ့တခြားဖြစ်မြဲ အကူးအပြောင်းတွေမှာပါ အောင်မြင်ခဲ့ ကျရှုံးခဲ့ကြတဲ့ ရုပ်ရှင်လောကသားတွေ သရုပ်ဆောင်တွေ သူတို့အိပ်မက်တွေအကြောင်းပါ။ ဇာတ်ကတော့ ဘတ်ဂျက်နိုင်နိုင်နဲ့ ဟောလိဝုဒ်ရွှေခေတ်တစ်ခါကို Epic Film တစ်ကားလို ခင်းကျင်းထားတယ်။ ဒါပေမဲ့ သူ့ ဟောလိဝုဒ်ရွှေခေတ်ကို ပြပုံက တာရန်တီနိုရဲ့ Once Upon A Time In Hollywood ပုံစံမျိုးသွားတယ်။ နည်းနည်းတောင် ပိုဂကြောင်နိုင်မလားပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဒရာမာတွေမှာ လွှမ်းမိုးမှုကြီးတဲ့ အထင်ကရရုပ်ရှင် Citizen Kane ဆန်ဆန် အငွေ့အသက်မျိုး ပြန်လွှမ်းထားတယ်။ ပြောရရင် ဒီကားက ကြောင်လည်းကြောင်တယ် ဒရာမာလည်းအားကောင်းတယ်။ ဘရက်ပစ်ကတော့ ဘရက်ပစ်နဲ့တူအောင်ပဲ သရုပ်ဆောင်သွားသလို မားဂေါ့ကလည်း မားဂေါ့နဲ့ပဲ တူအောင် သရုပ်ဆောင်သွားတယ်။ ကျွန်တော်တို့မြင်နေကျ သူတို့ပုံစံတွေပဲ အများကြီး ထူးကဲသွားခြင်းမျိုးတော့ မရှိဘူး။ ဒါပေမဲ့လည်း အရင်လိုပဲ ကြည့်တော့ကောင်းဆဲပါပဲ။ မားဂေါ့ဟာလည်း ဆက်စီကျကျနဲ့ လှဆဲပါပဲ။ ထူးတာက Tobey Maguire... ဒီထဲကလို ဇာတ်ရုပ်မျိုး သိသလောက် သူသရုပ်မဆောင်ဖူးဘူး။ သူ့ကို ဒီကားရဲ့ မထင်မှတ်ထားဆုံးနေရာမှာ တွေ့လိုက်ရတယ်လို့တောင်ပြောရမယ်။ နောက် ဒီကားရဲ့ တကယ့်မင်းသားလို့ပြောရမယ့် Diego Calva, သူလည်း သူ့ဇာတ်ရုပ်နဲ့လိုက်ဖက်တယ်ပြောရမှာပဲ။ စတားတွေကြား စတားမဟုတ်ပေမဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ဘဲပေါ့။ Jean Smart လို ဝါရင့် မင်းသမီးကြီးလည်း အဆစ်ပါသေးတယ်။ Epic Film ပီသစွာပဲ ခမ်းခမ်းနားနား ပုံဖော်သွားတာကြောင့်ရော အပုပ်အစပ်တွေရောနေတဲ့ ဟောလိဝုဒ်ရဲ့လှပတဲ့ရွှေခေတ်ကို ပုံဖော်ထားတာကြောင့်ရော ဒီရုပ်ရှင်ဟာ ခမ်းနားတယ်။ ရုပ်ရှင်သမိုင်းရဲ့ နာမည်အကြီးဆုံး ကားမှန်သမျှနီးပါးကို Homage ပေးသွားတယ်။ ကူးဘရစ် အင်ဂမာဘာ့ခ်မန်း ချာလီချက်ပလင် Singing in the Rain, The Wizard of Oz, A Trip to the Moon, ဘူတာရုံမှာ ရထားဆိုက်တဲ့ ပထမဆုံးရုပ်ရှင် စစသဖြင့် အစုံပါပဲ။ ဒါပေမဲ့ ဒီဇာတ်အိမ်ကာလကတော့ ဒီရုပ်ရှင်တွေထဲကအများစုထက်ရှေးကျပါတယ်။ ရုပ်ရှင်ရဲ့ပြောင်းလဲမှု အဆင့်ဆင့်ကို ပြသွားခဲ့တယ်လို့ ပြောလည်းရတာပါပဲ။ ဇာတ်ကောင်တွေဟာ တကယ့်လူတွေမဟုတ်ပေမဲ့ တကယ်ရှိခဲ့တဲ့လူတွေကနေပဲ အခြေခံပြီး ဖန်တီးထားတာပါ။ ဘရက်ပစ်ရဲ့ဇာတ်ကောင်ဆို John Gilbert လို့ခေါ်တဲ့ အဲဒီခေတ်ကာလက မင်းသားကြီးကိုပဲ အခြေခံပြီး တည်ဆောက်ထားတာဖြစ်သလို တကယ့်သမိုင်းထဲမှာပဲ အခြေတည်ပြီး ဖန်တီးထားတဲ့ ဇာတ်အိမ်လည်းဟုတ်တယ်။ မားဂေါ့နေရာမှာ အစက အမ်မာစတုန်းကို မင်းသမီးကြီး Clara Bow ကို အခြေခံထားတဲ့ ဇာတ်ကောင်နဲ့ထည့်ဖို့လုပ်ထားပေမဲ့ မားဂေါ့နဲ့ လူစားလဲလိုက်တဲ့အခါမှာတော့ ဒီဇာတ်ကောင်ဟာ ဖစ်ရှင်ဇာတ်ကောင်ဘက်ကိုပဲ ပိုရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်လီဇာတ်ကောင်ကတော့ Clara Bow ကို အခြေခံထားတဲ့ဇာတ်ကောင်ပါပဲ။ ဒီဇာတ်ဟာ ၃နာရီလောက် တမေ့တမောကြည့်ရမယ့် ဇာတ်ပေမဲ့ လေးကန်ခြင်းအလျဉ်းမရှိဘဲ သွက်သွက်လက်လက်နဲ့ကို တင်ဆက်သွားပါတယ်။ ဆိုတော့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရယ်လည်းရယ်ရ၊ ဒရာမာတွေလည်း ခံစားရ၊ မိသားစုနဲ့လည်း အတူမကြည့်ရမယ့် ဟောလိဝုဒ်ရဲ့ ရွှေခေတ်အကြောင်း နောက်ထပ်ကားကောင်းတစ်ကား ထွက်လာတယ်လို့ ဆိုလို့ရပါတယ်။ (ဒီဇာတ်ကားကို Pyi Ti Nyein, Thiha Yan Naing နဲ့ X တို့မှ ပြန်ဆို‌ပေးထားကြပါတယ်) Size - 2.7GB, 1.3GB, 810MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 3H 9Min Genre - Comedy, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Pyi Ti Nyein, Thiha Yan Naing and X Encoded by Y

Adventure • Animation • Comedy • Family • Fantasy
7.5 2022 189 mins
Babylon
The Quiet Girl
7.6

Rating အမြင့်တွေပဲ ရထားတဲ့ Coming of Age ရုပ်ရှင်လေးပါ။ ဘာလင် ဒတ်ဗလင် တိုင်ပေ အိုင်းရစ် ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ တသီကြီးလည်း ရထားပါတယ်။ 2023 အော်စကာအတွက် အိုင်ယာလန်ကနေ Best International Feature Film အရွေးခံဖို့အတွက် ကိုယ်စားပြုရုပ်ရှင်အနေနဲ့ ရွေးထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်လမ်း သရုပ်ဆောင် စီနီမာ အကုန်လှပနေတဲ့ ဒီရုပ်ရှင်လေးက တော်တော်တော့ ရိုးရှင်းပါတယ်။ ဆင်းရဲပြီး ကလေးတွေအများကြီးရှိတဲ့ မိသားစုတစ်ခုဟာ နောက်ကလေးထပ်မွေးတော့မှာမို့ သူတို့ရဲ့အငယ်ဆုံးသမီးလေးကို ဝမ်းကွဲအမအိမ်ပို့ထားတဲ့အကြောင်း ဇာတ်လမ်းလေးပါပဲ။ အမေရဲ့ ဝမ်းကွဲအစ်မအိမ်မှာ ကလေးမလေးဖြတ်သန်းခဲ့ရတဲ့ အချိန်တွေအကြောင်းသက်သက်ပဲ။ သို့ပေမဲ့ သူဇာတ်အိမ်တည်ဆောက်ထားတဲ့ပုံလေးက မြင်နေကျမဟုတ်ဘဲ ဆန်းတော့ဆန်းပါတယ်။ ဒီလို Coming of Age ကားတွေဟာ သိပ်မကောင်းတောင် ပရိသတ်ရင်ကို ငြိနေကျမို့ ဒီရုပ်ရှင်ကလည်း Coming of Age ကားကောင်းတစ်ကားဆိုတော့ အကြိုက်တွေ့ကြမယ်လို့ပဲ ညွှန်းချင်ပါတယ်။ အဓိကသရုပ်ဆောင်ကလေးမလေးက ချစ်ဖို့လည်းကောင်း သရုပ်ဆောင်လည်းကောင်းသလို ဒါရိုက်တာကလည်း သူ့ကာရိုက်တာကို တော်တော် support ပေးနိုင်ခဲ့တာမို့ အသက်ဝင်လှပနေတဲ့ ထိခတ်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 850MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 34Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama • Romance
7.6 2022 94 mins
The Quiet Girl
The Phantom of the Open
7.2

ဒီတစ်ခါတော့ ဖြစ်ရပ်မှန်ဂေါက်သီးရိုက်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာမာရိစ်ဆိုတဲ့သင်္ဘောကျင်းမှာ ကားမောင်းတဲ့ အဖိုးကြီးတစ်ယောက်က သူတို့အလုပ်ကို နိုင်ငံတော်ပိုင်သိမ်းတော့မှာ ကြိုသိသွားတော့ တခြားအလုပ် တစ်ခုကိုရှာဖွေရင်း ဂေါက်ရိုက်ဖို့ စတင်ကြိုးစားခဲ့တဲ့ သူတစ်ယောက်ပေါ့ ဗြိတိသျှအိုင်းပင်းပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးစားရင် အလွဲလွဲဖြစ်ခဲ့တာပေါ့ တကယ့်ကို မကြုံဖူးတဲ့ စံချိန်တွေချိုးခဲ့သူတစ်ယောက်ပါပဲ ဒါပေမဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကတော့ အဲဒါမဟုတ်ပါဘူး မိဘတစ်ယောက်က သားသမီးတွေကို ဘယ်လောက်တောင် အနစ်နာခံ ပြုစုရလဲ ဆိုတဲ့အကြောင်းလေးကို မီးမောင်းထိုးပြချင်တာပါ ပေါ့ပေါ့ပါးပါးလေးဆိုပေမဲ့ တကယ့်ကိုရင်ထဲခံစားရအောင် ရိုက်ပြထားတဲ့ ကားကောင်းလေးတစ်ကားဆိုတော့ မလွတ်တန်းကို ကြည့်တန်တဲ့ကားကောင်းလေးတစ်ကားပါပဲ File size…(1.83GB)/(876MB)/(406MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre…Comedy/ Drama / Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Animation • Comedy • Family • Fantasy
7.2 2022 106 mins
The Phantom of the Open
The Boys in the Boat
7.1

The Boys in the Boat (2023) ~ IMDb – 7.1/10, Rotten Tomatoes – 57% ~ George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက အဖွဲ့ကြီးမဟုတ်ဘူး။ နယ်ဘက်လို ဘက်က ဝါရှင်တန်တက္ကသိုလ်ရဲ့ လှေလှော်အသင်းက ဂျူနီယာကောင်လေးတွေအကြောင်း။ ဝါရှင်တန်တက္ကသိုလ်ရဲ့ လှေလှော်အသင်းက လူသစ်စုဖို့ လူရွေးပွဲလုပ်တယ်။ လာတဲ့လူတွေတော့ အများကြီးပဲ။ အဲဒီထဲကနေမှ သူတို့က ၈ယောက်လှေလှော်အသင်းအတွက်လိုတဲ့ ရှစ်ယောက်ကိုပဲရွေးမှာ။ သူတို့ထဲက တချို့ဆို ပိုက်ဆံပေး နေစရာပေးတယ်ဆိုလို့ အဲဒါကိုမက်ပြီး ရောက်လာကြတာ။ လှေလှော်တဲ့အားကစားကို ချစ်ဖို့မပြောနဲ့ သေချာတောင်သိကြသေးတာမဟုတ်ဘူး။ ဆိုတော့ လှေလှော်အားကစားအကြောင်း နကန်းတစ်လုံးမှ မသိသေးတဲ့ဇာတ်ကောင်တွေနဲ့အတူတူ လှေလှော်တဲ့အားကစားအကြောင်းကြည့်ရင်း သူတို့ဒီအားကစားကိုချစ်လာပုံကို ကြည့်ရမှာဆိုတော့လည်း အားကစားဒရာမာတစ်ကားအနေနဲ့ ကြည့်ရတာ တော်တော်တော့ အဆင်ပြေတယ်။ ဆိုခဲ့သလို လှေခတ်တဲ့အကြောင်း ဘာမှတောင်မသိခဲ့တဲ့ကောင်လေးတွေကို လှေလှော်အသင်းနည်းပြက သေချာသင်ပေးရင်း ဒီအားကစားကို ချစ်တတ်လာအောင်ပါ သင်ပေးတာကို မြင်ရလိမ့်မယ်။ ရှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ချက်တောင် ရစ်သမ်မလွတ်သွားဘဲ တစ်သားတည်းဖြစ်အောင်လှေခတ်နိုင်တဲ့အခါကျ လှေခတ်တာက အားကစားတစ်ခုဆိုတာထက် ကဗျာတစ်ပုဒ်သီရသလိုဖြစ်သွားလိမ့်မယ်တဲ့။ လူ၈ယောက် တစ်ယောက်နဲ့တစ်ယောက် မတိမ်းမစောင်း ဟန်ချက်ညီနေဖို့က တော်တော်ခက်လိမ့်မယ်။ ဒါကြောင့် နည်းပြက ၈ယောက်လှေလှော်တာက ကမ္ဘာ့အခက်ဆုံးအားကစားလို့ဆိုခဲ့တယ်။ ဒီလိုခက်ခဲတဲ့အားကစားနဲ့ ဘာမှမသိတဲ့ကလေးတွေကို 1936 Summer Olympics ကို ဝင်ပြိုင်နိုင်အောင် နည်းပြတစ်ယောက်ရဲ့ အားထုတ်မှုတွေကိုလည်း မြင်ရလိမ့်မယ်။ နောက်ထပ်တော့ အားကစားကားဆိုတဲ့အတိုင်း အားကစားစိတ်ဓာတ်အကြောင်း အားကစားသမားတွေရဲ့ စိတ်ဓာတ်အကြောင်းတွေကိုလည်း ပါးပါးလေးပြတယ်။ သရုပ်ဆောင်တွေကတော့ လောက်လောက်လားလားဆိုလို့ Joel Edgerton နဲ့ Callum Turner တို့ပဲပါမယ်။ သူတို့လည်းထူးထူးခြားခြားတော့ ကောင်းတယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ရှာရှားပါးပါး လှေလှော်အသင်းတွေ တက္ကသိုလ်တွေနဲ့ လှေလှော်အားကစားအကြောင်းကို ကြည့်ရမှာဖြစ်ပြီး အိုလံပစ်အထိပါ သမိုင်းဝင်ခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ရိုက်ပြထားတာဆိုတော့လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုဖြစ်နေတယ်။ ဂျော့ကလူးနေးရဲ့ ဒါရိုက်တင်းစကေးကတော့ ထူးပြီးလည်းကောင်းမနေသလို ထူးပြီးလည်းညံ့မနေတော့ ကြည့်ကောင်းတဲ့ကားတစ်ကားအဖြစ်တော့ ရှိနေတယ်။ အမှန်ဆို ဒီရုပ်ရှင်ကို ၂၀၁၁ကတည်းက ဝင်းစတိန်းကုမ္ပဏီက ရိုက်ဖို့ကြံခဲ့ဖူးတယ်။ စာရေးဆရာဆီက ရိုက်ခွင့်လည်း ဝယ်ထားခဲ့တယ်။ စာအုပ်က ၂၀၁၃မှ ထွက်တာဆိုတော့ မရေးခင်ကတည်းက ရိုက်ခွင့်ကြိုဝယ်ထားသလား မထုတ်ခင်ဝယ်ထားသလားတော့ မသိပါဘူး။ စစတော့ Kenneth Branagh ကို ဒါရိုက်တာလုပ်ခိုင်းဖို့လုပ်ခဲ့တယ်။ အကြောင်းကြောင်းနဲ့ မရိုက်ဖြစ်ရင်း မတ်လ ၂၀၂၀မှာတော့ ဂျော့ကလူးနေးရိုက်ဖို့ ကြေညာခဲ့ပြီး ၂၀၂၄ ဇန်နဝါရီမှာ ဒစ်ဂျစ်တယ်အနေနဲ့ထွက်လာခဲ့ပါတယ်။ သေချာတာကတော့ Kenneth ဗားရှင်းဆို ပိုကောင်းမှာဖြစ်လို့ နှမြောတော့ နှမြောစရာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.4GB, 2.3GB, 1.2GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 2H 3Min Genre – Biography, Drama, Sport Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 2023 124 mins
The Boys in the Boat
Fate/Grand Order: First Order
5.7

Fate/Grand Order: First Order(2016) ရင်းနှီးပြီးသားဖြစ်တဲ့ Fate/Grand Order ဂိမ်းရဲ့ Live action ဖြစ်တဲ့ Fate/Grand Order ရုပ်ရှင်စီးရီးတွေထဲက ပထမဆုံး prequel ပါ။ လူသားမျိုးနွယ် ဆက်တည်တံ့ဖို့ Chaldea အဖွဲ့အစည်းဟာ ပညာရှင်တွေစုစည်းပြီးတော့ အချိန်ခရီးသွားခြင်း(ရေးရှစ်ဖ်)နဲ့ လူသားမျိုးနွယ်မပျက်သုဉ်းသွားအောင်ကာကွယ်ဖို့ကြိုးစားနေတာပါ။ မာစတာဖြစ်နိုင်တဲ့ လူသားတွေကိုစုစည်းပြီးတော့ အချိန်ခရီးသွားစေပြီး လူသားမျိုးနွယ်ပျက်သုဉ်းစေတဲ့အကြောင်းရင်းကို ဖြေရှင်းတဲ့နည်းလမ်းကိုသုံးတာပါ။ ပထမဆုံးစမ်းသပ်တဲ့မစ်ရှင်မှာပဲ မတော်တဆပေါက်ကွဲမှုဖြစ်ပြီး စီစဉ်ထားသလိုမဖြစ်လာခဲ့ပါဘူး။ ပေါက်ကွဲမှုထဲမပါဘဲ ကျန်ခဲ့တဲ့မာစတာဖြစ်နိုင်သူ ဖူဂျီမာရုနဲ့ သူရဲကောင်းဝိဉာဉ်နဲ့ပေါင်းပြီး အစေခံတစ်ပိုင်းဖြစ်သွားတဲ့ မက်ရှ်တို့နှစ်ယောက် ရေးရှစ်ဖ်နဲ့ အချိန်ခရီးသွားမိသွားပြီး မစ်ရှင်ကိုဆက်လုပ်ဖို့ဖြစ်လာပါတော့တယ်။ ဖူဂျီမာရု နဲ့ မက်ရှ်တို့ မစ်ရှင်အောင်ပြီးတော့ လူသားမျိုးနွယ်ကိုထိန်းသိမ်းနိုင်မှာလား ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပြီးတော့ ဘယ်လိုမြင့်မြတ်တဲ့ သူရဲကောင်းတွေက‌ရော မစ်ရှင်မှာဝင်ကူညီမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။ File size… 1 GB / 490 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Aniamtion/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

5.7 2016
Fate/Grand Order: First Order
The Mission
7.4

The Mission (1986) IMDb 7.4/10 Rotten Tomatoes 64% (တောတွင်းမျိုးနွယ်ဓလေ့များအရ ဗလာကျင်း အခန်းတချို့ပါဝင်သဖြင့် ကြည့်ရှုသူများ သတိထားနိုင်ရန် ကြိုတင်အသိပေးအပ်ပါတယ်) ဒီဇာတ်ကားလေးကတော့ ၁၉၇၀ လောက်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ စပိန်လက်အောက်ခံဖြစ်နေစဉ်ကာလမှာ တောထဲက မျိုးနွယ်စုတစ်စုစီကို ခရစ်ယာန်သာသနာပြန့်ပွားရေး သွားရောက်လုပ်ဆောင်ခဲ့တဲ့ ဖာသာဂေဘရီရယ်အကြောင်းဆိုလည်း မမှားပါဘူး။ ဖာသာက အသစ်အဆန်းဆို ငြင်းတတ်၊ ကြောက်တတ်ကြတဲ့ မျိုးနွယ်စုလေးဆီကို ဂီတနဲ့အတူ သာသနာကိုစိမ့်ဝင်အောင်လုပ်ခဲ့ပြီး ကြေးစားလူသတ်သမားကိုပါ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာအောင် တော်တဲ့သူလည်းဖြစ်ပါတယ်။ ဖာသာ့ရဲ့ဦးဆောင်မှုနဲ့ ဒီတောတွင်းမျိုးနွယ်စုဟာ တောထဲကလိုက်ထွက်လာခဲ့အပြီးမှာတော့ ထင်မှတ်မထားတာတွေဖြစ်လာပါတော့တယ်။ အဲဒါကတော့ စပိန်နိုင်ငံဟာ ဘရာဇီးကို ပေါ်တူကီနိုင်ငံဆီ ရောငိးစားလိုက်တဲ့အခါမှာတော့ ဒီမျိုးနွယ်စုကို ပြန်ကာကွယ်ပေးဖို့တွေဖြစ်လာပါတော့တယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။ File size… 2.3 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 5m Genre ….. Adventure/Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Aditi

7.4 1986 126 mins
The Mission
Paint it Gold

Paint It Gold [2023] (IMDb 5.6/10) ရန်ဇို နာဗီဆိုတာ ခေတ်ဟောင်းက ပန်းချီဆရာတစ်ယောက်… ပန်းချီကားရောင်းရငွေလေးနဲ့ပဲ ရှင်သန်နေတယ်… သိပ်ချစ်ရတဲ့ ဇနီးသည်ဆုံးသွားပြီးကတည်းက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း လွင့်ပါးသွားခဲ့ရတယ်… ပန်းချီဆရာတို့ ထုံးစံ လူ့လောကနဲ့ ဆန့်ကျင်ဘက်… ဘောင်တို့ရဲ့ ပြင်ပက လူတစ်ယောက်ပေါ့… နာဗီ့မှာ အာသာဆိုတဲ့ ပြတိုက်မှူးမိတ်ဆွေတစ်ယောက် ရှိတယ်… အာသာက နာဗီကို အမြဲတစေ ကူညီတယ် ဒါပေမယ့် နာဗီက အကုန်လုံးကို သဲထဲရေသွန်ဖြစ်အောင်ပဲ လုပ်လေ့ရှိတယ်… ဒီလိနေ့မှာတော့ အာသာ သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားခဲ့ပါတယ်… အဲ့နောက်တော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် တည်တံ့ခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း ပျက်စီးသွားလေတော့သတည်းပေါ့… ဒါပေမယ့်လည်း အချိန်တစ်ခုအကြာမှာတော့ သူတို့ ပြန်ခေါ်ပြန်ပြော ဖြစ်သွားပါတယ်… ပြန်တည့်သွားကြတဲ့နောက် နာဗီတစ်ယောက် သူ့အချိန်ပြီးသွားပြီ သူသေဖို့ အသင့်ဖြစ်ပြီလို့ ဆိုကာ သူ့ကိုယ်သူ သတ်သေမယ့်အစီအစဉ်မှာ ကူညီပေးဖို့ အာသာကို အကူအညီတောင်းပါတယ်… အာသာကတော့ မကူညီခဲ့ပါဘူး… အဲ့နောက်တော့ နာဗီလည်း သူလုပ်စရာ ရှိတာကိုသာ လုပ်ဖို့ ကြိုးစားရင်းက ဘာတွေဆက်မဖြစ်လဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1GB | 575MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2023
Paint it Gold
Mortal Ouija
5.7

ကားလေးဟာ2019 juneလပိုင်းမှာထွက်ထားပြီး box officeမှာ $သိန်း၇၀ကျော် ဝင်ငွေစံချိန်တင်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်.. Ouijaကစားနည်းကို အားလုံးရင်းနှိးပြီးကျအတိုင်းပဲ ဒီကစားနည်းလေးကိုအခြေပြုပြီး ဒီဇာတ်လမ်းဖြစ်လာရပါတယ်… Onlineမှာ ဇာတ်လမ်းတိုလေးတွေပြောပြရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ single momတစ်ယောက် သူ့ရဲ့သမီးဝိန်ဝိန်နဲအတူ တိုက်ခန်းသစ်ကိုပြောင်းရွှေ့လာတဲ့အခါ. ဒီတိုက်ခန်းမှာ Ouijaရှိနေတဲ့အခါ… ဒီ Ouijaကစားမိသူတိုင်း ဘယ်လိုဒုက္ခတွေကြုံတွေ့ခဲ့ရတာလဲ… သူ့ရဲ့သမီးဝိန်ဝိန်တစ်ယောက်လည်း အိပ်မက်ယောက်ယောက်ရင်း ouijaကို ကစားမိတဲ့အခါ… ဘယ်လိုဒုက္ခမျိုးတွေကြုံတွေ့ရမှာလဲ…သူတို့တွေလွတ်မြောက်နိုင်ပါ့မလား ဆိုတာတွေကို ထိတ်လန့်ခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ

TV Movie • Family • Drama
5.7 2019 83 mins
Mortal Ouija
Don’t Move
6

နက်ဖလစ်က အသစ်ထွက်တဲ့ စိတ္တဇ ဟော်ရာ သည်းထိပ်ရင်ဖိုကားပါ။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ္တဇလူသတ်သမားတစ်ယောက်ဟာ လူသူမနီးတဲ့ လမ်းပေါ်မှာ တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်ကို ဖမ်းပြီး သူ့ရဲ့အိမ်ကိုခေါ်သွားဖို့ ကြိုးစားပါတယ်။ အဲဒီမိန်းကလေးကို သူက အကြောသေဆေးတစ်မျိုး ထိုးပေးထားပြီး အဲဒီဆေးက အာနိသင်အပြည့်ပြဖို့ မိနစ် ၂၀ လိုပါတယ်။ အဲဒီမိနစ် ၂၀ အတွင်းမှာ သူ့လက်ကနေ ဘယ်လို လွတ်အောင်ပြေးရမလဲဆိုတာရယ် သူကရော အဲဒီသားကောင်ကို ပြန်ရဖို့ နည်းမျိုးစုံသုံးပြီး လိုက်ရှာပုံကို ပြထားတာပါ။ ဒီလိုအမျိုးအစားကြိုက်တတ်သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။ File size…1.57GB / 781MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Comedy
6 2024
Don’t Move
BINI Chapter 2: Here With You

BINI Chapter 2 Here With You (2024) “တစ်မိုးအောက်က မိန်းမပျိုလေးများ ၂” =============================================== ကမ္ဘာပေါ်မှာ pop bands တွေ တဖြည်းဖြည်းများလာတာနဲ့အမျှ ဖိလစ်ပိုင်နိုင်ငံမှာလည်း တော်တော်လေးအောင်မြင်တဲ့ အမျိုးသမီး pop bands တစ်ခု ပေါ်လာခဲ့ပါတယ်။ ဒီ Girl Bands ဟာ တော်တော်လေးအောင်မြင်တယ်ဆိုတာထက် ကိုရီးယားမှာ Blackpink တို့ Twice တို့ နာမည်ကြီးသလိုမျိုး ဖိလစ်ပိုင်နိုင်ငံမှာ လျှမ်းလျှမ်းတောက်ကို နာမည်ကြီးတာပါ။ အဲဒီ Girl Bands ရဲ့နာမည်ကတော့ BINI ပါ။ BINI ထဲမှာ အဖွဲ့ဝင် ရှစ်ယောက်ပါဝင်ပြီး အားလုံးကလည်း ငယ်ငယ်ချောချော ချစ်စရာလေးတွေပါ။ ဒီ မှတ်တမ်းရုပ်ရှင်ကတော့ သူတို့အဖွဲ့ရဲ့ ပထမဆုံး Solo Concert မစတင်ခင် Concert အတွက် ပြင်ဆင်ကြပုံတွေ၊ သူတို့ရဲ့ ငယ်ဘဝတွေ Idol ဘယ်လိုဖြစ်လာတယ်ဆိုတာတွေကို ပျော်စရာ၊ စိတ်အားတက်စရာ၊ emotional ဖြစ်စရာကောင်းအောင် ပုံဖော်တင်ဆက်ပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ ဒီ BINI အဖွဲ့ဟာ pop bands တစ်ခုအနေနဲ့ တော်တော်လေးမိုက်တဲ့အပြင် သီချင်းတွေ၊ Performance တွေကလည်း သိပ်နှစ်သက်ဖို့ကောင်းတာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamဖြစ်ပါတယ်)

Action • Thriller
0 2024
BINI Chapter 2: Here With You
The NeverEnding Story
7.3

မိတဆိုးသားလေး ဘတ်ရှန်ဟာ စိတ်ကူးယဉ်ဆန်တတ်ပေမဲ့ လက်တွေ့သမားကြီးအဖေကတော့ စိတ်ကူးယဉ်မဆန်တေ့ာဖို ရင့်ကျက်ပြီး ပြဿနာတွေကို ရှောင်မပြေးဘဲ စပြီးရင်ဆိုင်စေချင်တယ်။ တနေ့မှာ ကျောင်းက ကလေးတွေရဲ့ အနိုင်ကျင့်တာကိုမခံချင်တော့လို့ စာအုပ်ဆိုင်တစ်ဆိုင်မှာ ၀င်ပုန်းရာကနေ ဆိုင်ပိုင်ရှင်အဖိုးကြီးဖတ်‌နေတဲ့ ထူးခြားတဲ့စာအုပ်တစ်အုပ်ကို စိတ်၀င်စားမိပြီး ဆိုင်ရှင်မသိအောင် ယူလာခဲ့တယ်။ ဆိုင်ရှင်အဖိုးကြီးပြောတာကတော့ အဲဒီစာအုပ်ဟာ ဘတ်ရှန်ဖတ်နေကျစာအုပ်တွေလိုမျိုး မလုံခြုံဘူးတဲ့။ အမြဲတမ်း လုံခြုံတဲ့စာအုပ်တွေကိုပဲဖတ်နေခဲ့တဲ့ဘတ်ရှန်ဟာ ထိုစာအုပ်ကို ဖတ်ပြီးနောက်မှာ ဖန်တေးရှားဆိုတဲ့တိုင်းပြည်တစ်ပြည်အကြောင်းကိုသိရပြီး ဖတ်နေတဲ့စာအုပ်ဟာ သူနဲ့ဆက်စပ်မှုရှိတယ်ဆိုတာကို သိလာရတဲ့အခါမှာတော့…ဘယ်လိုစွန့်စားခန်းမျိုးတွေကို ကြုံတွေ့ရမလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(7.7 GB)/ (1.5 GB)/(700 Mb) Quality….Blu-Ray 4K HEVC/ 1080p / 720p Format… mp4 Duration…. 01:42:00 Genre… Adventure, Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

7.3 1984 102 mins
The NeverEnding Story
True Crime

True Crime ဟာ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီးClint Eastwood ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး ဇာတ်ဆောင်မင်းသားအဖြစ်လည်း ပါဝင်ထားတဲ့ Old but Gold မှုခင်းကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အလုပ်ခွင်အခက်အခဲ၊အိမ်ထောင်ရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ‌‌စိတ်လေနေတဲ့သတင်းထောက် စတိဗ်အဲဗားရက်(Clint Eastwood) ဟာ လုပ်ဖော်ကိုင်ဖက်ဖြစ်သူမတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးခြင်းနဲ့အတူ သေဆုံးသွားသူတာဝန်ယူထားတဲ့ ၁၂နာရီအတွင်းသေဒဏ်ကျခဲ့ရတော့မယ့် လူသတ်တရားခံတစ်ဦးကို အကျဉ်းထောင်မှာအင်တာဗျူးဖို့တာဝန်ကို လွှဲယူခဲ့ရပါတယ်။ အထက်ဖိအားကြောင့်သာ မယူချင်ယူချင် ယူခဲ့ရတဲ့ အဲဗားရက်ဟာ တရားခံကိုအင်တာဗျူးရင်း အမှုရဲ့ပုံမှန်မဟုတ်တဲ့အချက်တွေကို သိလာရတဲ့အခါမှာတော့ ……. မိသားစုကိုဂရုမစိုက်၊အလုပ်ကိုဂရုမစိုက် ယုတ်စွအဆုံး ကိုယ့်အသက်ကိုယ်‌ေတာင် ဂရုမစိုက်တဲ့ အဲဗားရက်ဟာ အဆင်မပြေမှုအားလုံးရဲ့ထွက်ပေါက်အဖြစ် တရားခံကို အပြစ်မဲ့ကြောင်းသက်သေပြဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် မုသားဖော်စက်စစ်ဆေးမှုမှာကျရှုံးခဲ့တဲ့အပြင် ခိုင်မာတဲ့မျက်မြင်သက်သေနှစ်ဦးလည်းရှိနေတဲ့တရားခံကို သူ့ရဲ့ထင်ကြေးတစ်ခုတည်းနဲ့အပြစ်ကင်းတယ်လို့ယူဆခဲ့တဲ့ အဲဗားရက်ရဲ့ အထင်ဟာမှန်ပါ့မလား…….. တကယ်လို့မှန်ခဲ့ရင်တောင်၁၂နာရီအတွင်းသေဒဏ်ပေးခံရတော့မယ့် အကျဥ်းသားကိုဘယ်လိုနည်းလမ်းတွေနဲ့ကယ်တင်မလဲ….. မှုခင်းဖြစ်ပွားရာနေရာမှာ လူလေးဦးသာရှိနေပြီး တစ်ဦးကနစ်နာသူ၊တစ်ဦးကတရားခံ၊နှစ်ဦးကမျက်မြင်သက်‌သေဖြစ်နေတဲ့အချိန်မှာ အားလုံးကတရားခံလို့ယူဆထားကြသူက သတ်တာမဟုတ်ဘူးဆိုတာ အဲဗားရက်က သက်သေပြနိုင်ခဲ့မယ်ဆိုရင်ကော တကယ့်တရားခံကဘယ်သူဖြစ်နေမလဲ….. ၉၀ခုနှစ် မှုခင်းကားတွေရဲ့ ထုံးစံအတိုင်း အေးအေးလေးနဲ့ငြိမ့်ငြိမ့်လေးဆွဲခေါ်သွားမယ့် ကားကောင်းလေးဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကို တော့ Swan Yee Myo Thant ကတင်ဆက်ထားပါတယ်။ File size… (2.3 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama, Mystery, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Swan Yee Myo Thant

0 1999
True Crime
Aristocrats
7.1

Aristocrats (2020) ********************* ဇာတ်လမ်းအညွှန်း *************** ဟာနာကိုဟာ တိုကျိုမြို့မှာကြီးပြင်းလာတဲ့ ကောင်မလေးတစ်ယောက်။ သူအလိုရှိတာက အိမ်ထောင်ပြုပြီး အေးချမ်းတဲ့ဘဝလေးတစ်ခုနဲ့ မိသားစုလေး ထူထောင်ဖို့ ဆိုပေမဲ့ လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဟာနာကိုရဲ့ချစ်သူက သူ့ကို အသက် ၃၀ ပြည့်ခါနီး မိဘတွေနဲ့ တွေ့ပေးဖို့လုပ်ခါနီးမှာ ထားသွားပါတော့တယ်။ တစ်ဖက်က မိကိကတော့ နယ်မြို့လေးကနေ တိုကိုမှာကျောင်းတက်နိုင်ဖို့ ကြိုးစားခဲ့ရတဲ့သူပါ၊ လက်ရှိမှာတော့ လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းလုပ်နေပြီး အဆင်မပြေလို့ လုပ်ငန်းပြောင်းချင်နေသူပေါ့။ ဒီလို ဘဝအခြေအနေချင်း ဆီနဲ့ရေလိုခြားနေတဲ့ အမျိုးသမီးနှစ်ယောက် ကိုအိချိရိုဆိုတဲ့ ယောက်ျားတစ်ယောက်ကြောင့် ဆုံဆည်းဖို့ဖြစ်လာချိန်မှာတော့… (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.63GB / 875MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 5m Genre ….. Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ Encoded by AHtet

Romance • Comedy • TV Movie
7.1 2020 124 mins
Aristocrats