YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Raising Dion S02 E01 720p (CM).mp4

313.17 MB N/A video/mp4 1231 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Johnny English Reborn
6.2

IMDb Rating (6.3) ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။ Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo

Horror • Mystery • Thriller
6.2 2011 101 mins
Johnny English Reborn
X Zone
9.5

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘောလီဝုဒ် ၁၈ အပေါင်း ကားလေးပဲ ဖြစ်ပါတယ်နော် ၁၈ အပေါင်းအခန်းတွေလည်း ပါဝင်သလို သည်းထိတ်ရင်ဖို ခြောက်ခြားစရာအခန်းများလည်းပါလို့ စောင်ကိုက်တဲ့သူကကိုက်..ခြုံတဲ့သူက ခြုံ.. FA တွေဆိုရင်တော့ ထိုင်ငိုလို့ရအောင် တစ်သျှူးပါဆောင်ထားကြနော်။ ဇာတ်လမ်းအကျဉ်း...။ လူငယ်သဘာဝ စွန့်စားချင်တဲ့ သူငယ်ချင်းအုပ်စုတစ်စုဟာ အတွဲကိုယ်စီနဲ့ တောကြီးမျက်မည်းထဲက အပန်းဖြေအိမ်ကြီးတစ်ခုဆီ အပန်းဖြေခရီးထွက်လာကြပါတယ်။ ညရောက်တော့ သူတို့လေးတွေ ပျော်ပျော်ပါးပါးဆော့ကစားကြတယ် သောက်စားကြတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအိမ်ကြီးက ခြောက်နေတာကို သူတို့မသိကြရှာဘူး။ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကလည်း သူတို့မရိပ်မိခင်မှာဘဲ တဖြည်းဖြည်း အရှိန်တက်လာနေခဲ့ပါတယ်။ သူတို့တွေအားလုံးကလည်း ကိုယ့်စိတ်ကူး ကိုယ့်အကြံကိုယ်စီနဲ့ ဒီခရီးကို ထွက်လာခဲ့ကြတာပေါ့။ ဒီလိုနဲ့ သူတို့တွေကြားမှာ လူသတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဘယ်သူဘယ်ဝါသတ်လို့သတ်မှန်းမသိကြဘဲ အချင်းချင်းကလည်း သံသယစိတ်တွေဝင်လာကြပါပြီ။ ကဲ ဆက်လက်ပြီး ရင်ခုန်ရမယ့်အပိုင်းကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပြီး သူတို့သူငယ်ချင်းတွေအားလုံး လွတ်မြောက်နိုင်ပါ့မလား...။ ဒီအိမ်ကြီးရဲ့တကယ့်ဖြစ်ရပ်မှန် နောက်ကြောင်းရာဇဝင်က ဘာတွေဖြစ်နေမလဲဆိုတာကိုတော့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…1.6GB  / 757MB Quality…1080p WEB DL /720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil

Action • Comedy • Fantasy
9.5 2020 97 mins
X Zone
Bhaag Saale

Bhaag Saale 2023 (IMDb 7/10) CM ဘောလိဝုဒ် ပရိသတ်ကြီးကို ယခုပဲထွက်ရှိလာတဲ့ comedy-crime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် အာဂျွန်နဲ့မာယာက ချစ်သူတွေပါ မာယာထင်နေတာ‌ကတော့ အာဂျွန်ကို ချမ်းသာတဲ့မိသားစုရဲ့သားလေး အောင်မြင်တဲ့စီးပွားရေးသမားလေးပေါ့ အဲ့လိုထင်အောင်လည်း ဟိုငတိက ရှစ်စပ်ကဂျင်ခြေလည်သလိုကို မွှတ်ထွက်နေတဲ့အပြင် မှင်မောင်းလဲကောင်းပြီး အရမ်းကို ချမ်းသာချင်နေတဲ့ လူလည်တစ်ယောက်ပါ အဲ့ဇာတ်လမ်းထဲမှာ အဓိကပါဝင်အသုံးတော်ခံမှာကတော့ လက်စွပ်တစ်ကွင်းပါ one ring to rule them all ဘာညာဆိုတဲ့ LOTR ထဲက လက်စွပ်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီလက်စွပ်ကလဲမခေပါဘူး ကိုလိုနီခေတ်ဗြိတိသျှလက်ထက်တည်းက လူအဆင့်ဆင့် တိုင်းပြည်အနှံ့ရောက်နေတဲ့ စိန်ကြီးကိုကွပ်ထားတဲ့ စိန်လက်စွပ်ပါ ဒီလက်စွပ်ကိုပိုင်ဆိုင်သူဟာ ကံကောင်းခြင်းများစွာရရှိမှာဖြစ်သလို ကံဆိုးမှုတွေလည်း ဒွန်တွဲပါလာပါတယ်တဲ့.... ကဲ အဲ့တော့ ဒီလက်စွပ်က အာဂျွန်ရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ဘယ်လိုသက်ဆိုင်လာမလဲ တခြားဘယ်လိုလူတွေကရော ပါဝင်ပတ်သတ်နေလဲ စသည်ဖြင့် ဇာတ်လမ်းအမိုက်‌စားလေးကို ကြည့်ရှုရမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေလည်း ပါတာမို့ ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.13GB / 1022MB Quality…1080p  WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Drama • Mystery • Thriller
0 2023
Bhaag Saale
Confessions of Felix Krull
6.4

Confessions of Felix Krull (2021) ======================== IMDb Rating – 6.4/10 ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်‌ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေ‌သူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.7 GB) / (732 MB) / (403MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 54mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Crime, Drama Translator…….C’mon Encoder……….SWM

Science Fiction • Thriller
6.4 2021 114 mins
Confessions of Felix Krull
The Perfect Find
6.7

The Perfect Find(2023) ********************** ဂျန်နာဂျုံးစ်ဟာ တစ်ချိန်က နာမည်ကျော် ဖက်ရှင်မော်ဒယ်ဖြစ်ပေမယ့် ချစ်သူဖြစ်သူက (၁၀)နှစ်တာ အချစ်ရေးကို တစ်ဖက်သတ် တစ်ခန်းရပ်လိုက်တာကြောင့် အသည်းကွဲရုံသာမက အလုပ်ကပါအထုတ်ခံလိုက်ရပြီး အမေ့အိမ်မှာ သောင်တင်နေတာပါ။ အသက်ကလည်း ၄၀ကျော်ဖြစ်နေပြီဖြစ်တဲ့အပြင် အသည်းကွဲပြီး ၁နှစ်လောက် စားလိုက်သောက်လိုက်နဲ့ အလုပ်မလုပ်ဘဲနေနေတဲ့အတွက် အမေဖြစ်သူက အိမ်ကနေ အတင်းနှင်ထုတ်ပြီး အလုပ်ပြန်လျှောက်ခိုင်းပါတော့တယ်။ ကြံရာမရတော့ တချိန်က ပြိုင်ဘက်လည်းဖြစ်၊ ရည်းစားလုဘက်လည်းဖြစ် တဲ့ ဒါစီရဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍမှာ အလုပ်ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူ့ဆီကို မောင်လေးတစ်ယောက်၊ အစ်ကိုကြီးတစ်ယောက်နဲ့ တချိန်က ပလစ်သွားတဲ့ ရည်းစားဟောင်းတို့က တပြိုင်နက်တည်း ချဉ်းကပ်လာပါတော့တယ်။ ကဲ သူ ဘယ်သူ့ကို လက်ခံမှာ လဲ၊ အချစ်ရေးကို စိတ်ပျက်သွားတဲ့ သူ့အတွက် ဒါဟာ အကောင်းလား၊ အဆိုးလား၊ ပြိုင်ဘက်ဖြစ်သူဆီမှာ ခေါင်းငုံ ပြီးအလုပ်ဝင်လုပ်တာ အဆင်ပြေပါ့မလား၊ သူ့ဘဝတက်လမ်းဘက်ကိုပဲဦးတည်မှာလားဆိုတာတွေကို ရယ်စရာ မောစရာအဖြစ်တွေနဲ့ ခံစားရမှာဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးထင်တဲ့ မမကြီးများအတွက်ရော၊ အသည်းကွဲနေသူများအတွက်ရော အင်မတန်ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ပဲ ဒီစာသင်ခန်းလေးထဲမှာပဲပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ်ချင်တိုင်း၊ လုပ်ချင်တိုင်း အမြင်စောင်းနေတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေ၊ တလွဲတချော်ဖြစ်နေတဲ့ သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခု တော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။ File Size :(1.2GB)& (546MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:39:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Drama
6.7 2023 99 mins
The Perfect Find
To Kill a Stepfather

နစ်ကိုးလ်ရေးဟာ ကယ်လီဖိုးနီးယားက ထိပ်တန်းဥပဒေရုံးကြီးမှာ လုပ်ကိုင်နေတဲ့ အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမဟာ သူမရဲ့မွေးစားအဖေဖြစ်သူ လှေကားပေါ်ကနေ တွန်းချခံလိုက်ရပြီး သေဆုံးသွားတဲ့အပေါ် သူမရဲ့အမေဖြစ်သူကို လူသတ်မှုနဲ့ဖမ်းဆီးခံလိုက်ရတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့အမေဘက်ကနေ ရှေ့နေလိုက်ပေးဖို့နှင့် ဘာဖြစ်ခဲ့လဲဆိုတာက စုံစမ်းဖို့ ပြန်လာခဲ့ပါတော့တယ်၊ ဒီလိုနဲ့ အမှုအတွက် စတင်စုံစမ်းတဲ့အခါမှာ အဖြစ်အပျက်တွေက သူမထင်သလို မရိုးရှင်းနေဘူးဆိုတာ သူမသိလာရပါတော့တယ်။ သူမရဲ့အမေက တစ်ကယ်ပဲ သူ့မရဲ့မွေးစားအဖေကို သတ်ခဲ့တာလား၊ အပြင်မှာရော တစ်ကယ့်လူသတ်သမားရှိနေတာလား၊ သူမအနေနဲ့ရော ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲ၊ အမှန်တရားကိုရောရှာဖွေတွေ့ရှိနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
To Kill a Stepfather
Polly Pocket Sparkle Cove Adventure
6.8

Polly Pocket Sparkle Cove Adventure (2023) ================================ IMDb Rating – 6.8/10 သာမန်လူသားတွေ မမြင်နိုင်တဲ့ Dimension တွေမှာ Pockite လို့ခေါ်တဲ့ မှော်ကျောက်မျက်မျိုးစုံ ပျံ့နှံ့တည်ရှိနေပါတယ်။ Pockite အရောင်ကွဲတွေ တိုင်းမှာ ကိုယ်စီအစွမ်းသတ္တိတစ်မျိုးစီ ရှိကြတာပါ။ ဒီကျောက်မျက်ကို မျိုးရိုး စဉ်ဆက် လက်ဆင့်ကမ်းအသုံးချတဲ့ Pockite ကိုင်ဆောင်သူတွေလည်း ကမ္ဘာ အနှံ့၊ Dimension အစုံမှာ ရှိနေကြပါသေးတယ်။ Pockite တို့ပေါ်ရာမြေကို တော့ Sparkle Cove လို့ခေါ်ပြီး Prudence Pocket ဆိုတဲ့ နယ်လှည့်ခရီး သည်မိန်းကလေးတစ်ယောက်က Pockite ပေါင်း ၃၀၀ ကျော်ကို ရှာဖွေတွေ့ ရှိခဲ့တာပါ။ မှော်အစွမ်းမျိုးစုံနဲ့ Pockite တွေအားလုံးကို ကိုယ့်အမျိုးအတွက်ပဲ သုံးမယ့်အစား Prudence က သူ့မျိုးဆက်တွေကို ခရမ်းရောင် Pockite တစ် မျိုးပဲ အမွေပေးပါတယ်။ ချုံ့/ချဲ့သတ္တိရှိတဲ့ ခရမ်းရောင် Pockite လေးကို အဆင့်ဆင့်လက်ဆင့်ကမ်းလာ ရင်း Prudence မျိုးဆက်ပီသပြီး စွန့်စားရတာကြိုက်တဲ့ Polly Pocket အလှည့် ရောက်လာပါတော့တယ်။ ဆယ်ကျော်သက်ပီပီ ဖြစ်နိုင်ချေမှန်သမျှကို စမ်းကြည့် ချင်မိတဲ့ Polly ကတော့ Pockite တစ်ခုတည်းနဲ့ မကျေနပ်နိုင်ဘဲ အမွေတစ်မျိုးပဲ ချန်ခဲ့တဲ့ အဘေးတကာ့အဘေးဖြစ်သူ Prudence အကြောင်း လှန်လှောစုံစမ်းတော့ တာပါပဲ။ ဒီလိုနဲ့ Sparkle Cove ရဲ့ ဆယ်နှစ်တစ်ခါ အစောင့်အကြပ်ရာထူးလွှဲပြောင်း ဖို့ ကျင်းပတဲ့ပြိုင်ပွဲမှာ ခရမ်းရောင် Pockite ကိုင်ဆောင်သူအနေနဲ့ Polly တစ်ယောက် ဖိတ်ခေါ်ခြင်းခံရပါတော့တယ်။ နေရာအသစ်မှာ အခြားသော Pockite ကိုင်ဆောင်သူတွေနဲ့ အတွေ့အကြုံအသစ် ရမှာမို့ မှော်ကျွန်းတစ်ကျွန်းရဲ့ စွန့်စားခန်းပြိုင်ပွဲထဲ Polly ဝင်ပါမိတဲ့နောက် Pockite တွေရဲ့ တကယ့်ရည်ရွယ်ချက်ကိုနားလည်စရာ အကြောင်းဖန်လာပါတော့တယ်။ Magical adventure story ကောင်းလေးတွေ ကြိုက်တတ်သူတွေအတွက် မပျင်း တမ်းကြည့်ရ၊ ဇာတ်ကောင်တွေနေရာကနေပါ ဝင်ရောက်ခံစားကြံစည်မိစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ကြောင်း Recommend ပေးလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1 GB) / (455 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 06Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Family, Animation Translator……Hnin Wut Yi Encoder……….SWM

Thriller
6.8 2023
Polly Pocket Sparkle Cove Adventure
Impuratus

အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။ အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။ File size…(1.1 GB)/(570 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2022 135 mins
Impuratus
Half Nelson
7.1

ဒီဇာတ်ကားလေးကတော့ rating တွေလည်းကောင်း၊ ဆုပေါင်းများစွာလည်း ဆွတ်ခူးခဲ့တဲ့အပြင် Oscar nomination တစ်ခုပါရရှိခဲ့တဲ့ drama ဇာတ်လမ်းတိုလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အထွေအထူး မိတ်ဆက်ပေးနေစရာမလိုတဲ့ Ryan Gosling တို့ Anthony Mackie တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Captain Marvel ကားမှာ ဒါရိုက်တာလုပ်ခဲ့တဲ့ Ryan Fleck နဲ့ Anna Boden တို့ရဲ့ က ဇာတ်ညွှန်းရော directing ပါလုပ်ခဲ့တဲ့ debut လည်းဖြစ်ပါတယ်။ Short film ဆိုပေမယ့် ၁နာရီနဲ့မိနစ်၄၀ကျော်လောက် runတာဆိုတော့ သေချာခံစားပြီး ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးပါ။ အဓိကဇာတ်ဆောင် Ryan Gosling က လူမည်းရပ်ကွက်တစ်ခုက သမိုင်းသင်တဲ့ ကျောင်းဆရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဖော်ပြထားပါတယ်။ သူဟာ စာသင်ခန်းထဲမှာတော့ အသင်အပြကောင်းတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်တော်တစ်ယောက်ဆိုပေမယ့် နောက်ကွယ်မှာတော့ မူးယစ်ဆေးနဲ့ လုံးပါးပါးနေသူတစ်ယောက်ပါ။ Half Nelson ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ရုန်းထွက်ရခက်တဲ့ နပမ်းချုပ်ကွက်မိနေတဲ့ လမ်းမှားပေါ်ကနေ ရုန်းထွက်ရင်း ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဇာတ်ကောင်တွေနဲ့အတူ စီးမျောခံစားရမယ့်ကားဖြစ်လို့ plotကိုတော့အများကြီးမပြောပြတော့ပါ့ဘူး။ Drama ကောင်းကောင်းကြိုက်တတ်သူတွေအတွက် လုံးဝနောင်တမရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားမို့လို့ လုံးဝကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

7.1 2006 107 mins
Half Nelson
Ribblehead

အင်ဒီရုပ်ရှင်တစ်ခုဖြစ်တဲ့ Ribblehead က ထွက်​တာ​မကြာသေးတဲ့ ဗြိတိသျှ​ စိတ္တဇ​ဒရာမာရုပ်ရှင်ဖြစ်ပြီး သဘာဝ​လွန် Horror လို့​လည်းပြောလို့ရပါတယ်။ ဇာတ်ကား​နာမည်ဖြစ်တဲ့ Ribblehead​ က ဗြိတိန်​နိုင်​ငံမှာတည်​ရှိပြီး လူသိများကျော်ကြားတဲ့ Landmark ဒေသဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ တောင်ကြားဖြတ်တံတားနဲ့ ရထားလမ်း​အကြောင်း​ကို​လည်း​ Documentary တွေ​အများကြီး​ရိုက်​ထားတာရှိပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ မာခ့်စမစ်ဆင် ဟာ စာအုပ်​တစ်​အုပ်​တည်း​နဲ့ အောင်မြင်​သွား​တဲ့​ လူငယ်​စာရေးဆရာ​ဖြစ်ပြီး အရက်​စွဲနေပါတယ်။ ဒုတိယ​တစ်အုပ်ကိုရေးဖို့ကြိုးစားရင်း စိတ်ပိုင်းအခြေအနေဆိုးဝါးလာပြီး စာဆက်ရေးဖို့ အခက်​အခဲတွေရှိလာတာကြောင့် ဇနီး​ဖြစ်သူနဲ့အတူ အမွေရထားတဲ့ ကျေး​လက်​ဒေသ​က အိမ်ကြီးတစ်လုံးကိုပြောင်းလာခဲ့ပါတယ်။ အဲဒီ​ဒေသမှာ နာမည်​ကျော်​ Ribblehead တံတား​ကြီးနဲ့ ရထားလမ်း​ရှိပြီး ဒီရထားလမ်းကိုဖောက်လုပ်ရင်း အလုပ်သမား​တွေအများကြီးကွယ်လွန်ခဲ့ရပြီး မာခ့်​ရဲ့အဘေးဖြစ်သူလည်းပါဝင်ပါတယ်။ သူ့ရဲ့​ဒုတိယ​ဝတ္ထု​ကို ဒီ​ရထား​လမ်းအကြောင်း အခြေခံပြီး ရေးမယ်လို့ဆုံးဖြတ်ပြီး လိုအပ်​တဲ့သမိုင်းအချက်အလက်တွေကို သုတေသန​ပြုရှာဖွေရာကနေ ကြောက်​စရာကောင်းတဲ့ အဖြစ်​အပျက်တွေ တစ်ခု​ပြီး​တစ်ခုပေါ်လာပြီး အရှိတရားနဲ့ စိတ်​ထင်​ယောင်မှား​မှုကြား ဝေခွဲမရဖြစ်လာကာ သူနဲ့သူ့ဇနီးဖြစ်သူ ဆာရာတို့ရဲ့အသက်အန္တရာယ်အထိ ခြိမ်း​ခြောက်​လာပါတော့တယ်။ ဇာတ်လမ်း​က slow burn အမျိုး​အစားဖြစ်ပြီး ဇာတ်​အိမ်​က လှပကောင်းမွန်ပါတယ်။ ဇာတ်​ရှိန်​တက်တာ အနည်းငယ်နှေးပြီး စိတ္တဇ​ဒရာမာ​အမျိုးအစား​ဖြစ်ပေမဲ့ သဘာဝလွန်ပြကွက်တွေလည်းပါဝင်ပါတယ်။ မာခ့်​မြင်နေရတဲ့ ဖြစ်​ရပ်တွေက သူ့စိတ်ထင်မဟုတ်ဘဲ တကယ်​ဖြစ်​ခဲ့တာမျိုးပါ။ ဇာတ်ကား​ရဲ့ Cinematography​ က ကောင်း​မွန်ပြီး Ribblehead​ ဒေသရဲ့လှပတဲ့ရှုခင်းတွေကို မြင်​တွေ့ရမှာပါ။ Slow burn အင်ဒီရုပ်ရှင်မျိုးကြိုက်ရင် သေချာ​အချိန်​ယူပြီး ကြည့်ရှုသင့်တဲ့ ဇာတ်​ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.3 GB)/(550 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Fantasy • Animation • Family
0 2022 85 mins
Ribblehead
Uyir Thamizhukku
7

Uyir Thamizhukku (2024) တမီးလ် အဓွန့်ရှည်စေသော် ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating 7.3 အထိ ရရှိထားတဲ့ တမီးလ်ဘာသာစကားပြော နိုင်ငံရေးဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Adam Bhava ရိုက်ကူးပေးထားပြီးတော့ Ameer Sultan, Imman Annachi, Chandini Sreedharan တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင်တော့ တမီးလ်နာဒူရဲ့ လူမှုရေး နိုင်ငံရေးကို အခြေခံထားပြီး ယဉ်ကျေးမှုနဲ့ နိုင်ငံရေးလှည့်ကွက်တွေ စတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တင်ဆက်ပေးထားတာမလို့ စိတ်ဝင်စားစရာကောင်းမှာကတော့ သေချာပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် သစ္စာဖောက်မှုတွေ ပူးပေါင်းကြံစည်မှုတွေက ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ကို လွှမ်းမိုးနေတဲ့အခါ သူကိုယ်တိုင်ကလည်း အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့ဆိုပြီး စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဉာဏ်ပညာနဲ့ ကိုယ့်ရဲ့ မဟာမိတ်တွေကို အသုံးချရင်း တရားမျှတမှုနောက် လိုက်ရာကနေ ဘယ်လို အခက်အခဲ အတားအဆီးမျိုးစုံကို ကျော်ဖြတ်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်

7 2024 128 mins
Uyir Thamizhukku
Skelly
5.6

Skellyဆိုတဲ့ ဇာတ်ကားလေးကတော့. Rating 5.6ရှိပြီး ကလေးသရုပ်ဆောင်တွေပါတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးလေးရဲ့အစမှာတော့ Jonah ဟာ သူကလေးတွေနဲ့ သူရဲ့အဖေအတွက် ကြိုးစားပြီးရေးထားတဲ့ သူငယ်ဘဝအကြောင်း စာအုပ်ကို ကလေးတွေကိုဖတ်ပြတာကနေ အစချီထားပါတယ်။ Jonah ကလေးဘဝရဲ့ အမှတ်ရစရာအားလပ်ရပ်ဟာ ပုံမှန်ခရစ်စမတ်စ် အားလပ်ရက်မဟုတ်ဘဲ ဟောလိုးဝင်းအားလပ် ရက်ပဲ ဖြစ်နေပါတယ်။ ဟောလိုးဝင်းမှာ သူနဲ့ သူ့သူငယ်ချင်းတို့ဟာ Jonah ရဲ့အဖေနဲ့အဖိုး အကူအညီနဲ့ သရဲအိမ်ကိုနှစ်တိုင်းဆောက်ကြပြီး အမှတ်တရတွေဖန်တီးကြပါတယ်။ တစ်ခုသောနှစ်မှာတော့ သူ့အဖိုးရဲ့နောက်ဆုံးအချိန်ရောက်လာခဲ့ပြီး Jonah ရဲ့အဖေဟာ စိတ်ဓာတ်ကျကာ Jonah တို့အတွက် သရဲအိမ်ကိုကူဆောက်ပေးဖို့ ခွန်အားမရှိတော့ပါဘူး။ သို့သော်လည်း.Jonahနဲ့သူ့သူငယ်ချင်းတို့က ကိုယ်တိုင်ရုန်းကန်ကြရင်း သရဲအိမ်ကိုဆောက်ဖို့ကြိုးစားကြပါတော့တယ်။ သူတို့က သရဲအိမ်ကိုအောင်မြင်စွာဆောက်လုပ်နိုင်ကြမလား ဘယ်လိုအလှည့်အပြောင်းလေးတွေရှိလာမလဲ Jonahအဖေကလည်း စိတ်ပြောင်းသွားမလား ဆိုတာတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါတယ်။ ဒီကားထဲမှာတော့… ဆုံးရှုံးမှုတွေနဲ့ကြုံလာရတဲ့အခါ ဘာဆက်လုပ်ရမလဲ ဘာကပိုအရေးကြီးလဲဆိုတာကို ပြောပြပေးတဲ့ကားဖြစ်ပြီး မိသားစု သူငယ်ချင်း အမှတ်တရတွေ ရဲ့နွေးထွေးမှုကို တွေ့မြင်နိုင်ရမယ် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Skellyဆိုတဲ့နာမည်အတိုင်း Skelly gameအကြောင်းလေးပါ လေ့လာလို့ရမယ့် အပြင် မိသားစုလိုက်ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…(1.66GB) / (681MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre ….. Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Science Fiction • Horror
5.6 2024 85 mins
Skelly
Michael Jackson’s Ghosts
7.5

ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ Michael jackson သရုပ်ဆောင်ထားတဲ့ ကားလေး တင်ဆက်ပေးသွားမှာပါ ဒီဇာတ်လမ်းလေးကိုတော့ Michael Jackson နဲ့ The Shining တို့ IT တို့ကိုရေးတဲ့ စာရေးဆရာ Stephen King နှစ်ယောက်ရေးထား ပြီး Terminator တို့ Jurassic Park တို့မှာ Special effect Make up artist လုပ်ခဲ့သူ Stan Winston က ဒါရိုက်တာ လုပ်ထားတဲ့ Short Film လေးဖြစ်ပါတယ် ။ ဒီဇာတ်လမ်းမှာ Michael Jackson က မြို့ထဲက အိမ်အကြီးကြီးမှာ နေတဲ့လူထူးဆန်းတစ်ယောက်ဖြစ်ပြီး သူ့ကိုမြို့ထဲကနေ မြို့တော်ဝန် ကမနေဖို့ လာနှင်ထုတ်တဲ့ အကြောင်းပါ။ ဒီ ဇာတ်လမ်းတိုထဲမှာ Michael Jackson ရဲ့ သီချင်းသုံးပုဒ် ဖြစ်တဲ့ Ghosts , 2 Bad နဲ့ Is it scary? တို့ဘာပါပါတယ်။ ဒီထဲမှာ Michael Jackson တစ်ယောက်သူရဲ့ သီချင်း အကတွေကို Short Film ထဲမှာ ဘယ်လိုပေါင်းစပ်ထားမလဲဆိုတာ ကြည့်ရှုလိုက်ပါ။ File Size : 1.8 GB, 513 MB Quality : DVDrip 1080p / 720p Running Time : 39min Format : Mp4 Genre : Fantasy, Horror, Music Subtitle : Myanmar Subtitle (Hard Sub) Translated by : Nikobaby Encode by : Thit San Khant

Comedy • Music
7.5 1996 39 mins
Michael Jackson’s Ghosts
A Simple Plan

IMDb 7.5/10 Rotten tomato 91% ဒီဇာတ်ကားကတော့ Scott B.Smith ရဲ့ ၁၉၉၃ခုနှစ်နှစ်ကထွက်ထားတဲ့ဝတ္ထုကိုသူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ Sam Raimiကရိုက်ကူးထားပါတယ် ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Billy BobThornton (ဘီလီဘော့သွန်တန်)၊Bill Paxton(ဘီလ်ပက်စ်တန်)နဲ့ Bridget Fonda(ဘရစ်ဂျစ်ဖောင်ဒါ)တို့ပါဝင်ထားပါတယ်။ ဘီလီဘော့သွန်တန်က ဇာတ်ပို့ဆုအတွက်အော်စကာနဲ့ရွှေကမ္ဘာလုံးဆုအတွက်နာမည်စာရင်းတင်သွင်းခံရသလိုအခြားဆုတွေရထားပါတယ်။Best Adapted Screenplay အတွက်လည်းရွှေကမ္ဘာလုံးဆုအမည်စာရင်းတင်သွင်းခံရပါ တယ်။အစပိုင်းကြည့်လိုက်ရင်တော့ သာမန်ဇာတ်ကားတစ်ကားလို့ထင်ရပေမဲ့ တစ်ဖြည်းဖြည်းဇတ်ရှိန်မြင့်လာတဲ့အခါ မထင်မှတ်တဲ့အလှည့်အပြောင်းလေးတွေနဲ့တကယ်ကိုကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်လာပါတယ်။ လူတွေအများစုက ငွေရှိရင်အကုန်ပြည့်စုံပျော်ရွှင်မယ်ထင်ကြတယ်။အဲဒီတော့ငွေထုတ်ကြီးကောက်ရပြီးပျော်လိုက်ရလားကြည့်ကြရအောင်။ဒီဇတ်ကားကတွေးစရာတွေလည်းအများကြီးပေးပါတယ်။ပုထုဇဥ်လူတွေဟာကိုယ့်အတ္တနဲ့ယှဥ်လာရင်သူငယ်ချင်းဆိုတာမရှိ ညီအကိုဆိုတာတောင်မရှိတော့ဘူးဆိုတဲ့အဆုံးအမတွေကိုလည်းသတိရမိတယ်။အထက်တန်းတုန်းကသင်ရတဲ့ မဟောသဓာဇာတ်တော်မှာလျို့ဝှက်ချက်ဆို အိမ်ကမိန်းမကိုတောင်မပြောနဲ့ မယုံရဘူးဆိုတာကိုလည်းသတိရမိတယ်။ကိုယ်မကောင်းတာလုပ်ထားရင် ဘယ်သူမသိသိကိုယ်တော့သိတယ် နောင်တရတတ်ရတယ်ဆိုတာကိုဒီဇာတ်ကားမှာပြထားပါတယ်။ လူတွေကတော့ အမရိကန်နိုင်ငံဆိုတာနတ်ဘုံလိုလိုထင်နေကြပေမဲ့ လူတန်းစေ့နေနိုင်ဖို့မနည်းရုန်းကန်နေရတဲ့မိသားစုဘဝတွေကို စကားလုံးတွေကမီးမောင်းထိုးပြထားပါတယ်။ယာတွေလယ်တွေပေါင် ကောလိပ်ထားရပြီး ရ လာတဲ့အလုပ်ရဲ့လစာကတော့မနည်းလူတန်းစေ့အောင်ရုန်းကန်နေရတယ်ဆိုတာလည်းတွေ့ရမှာပါ။သရုပ်ဆောင်တွေက မျက်လုံး၊မျက်နှာပေးတွေနဲ့သရုပ်ဆောင်တာတစ်အားကောင်းပါတယ်။တေးဂီတကလည်း ဇာတ်ကားကိုပံ့ပိုးပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဟန့်ခ်နဲ့ ဂျေကော့ဖ်ကညီအကိုတွေဖြစ်တယ်။ဟန့်ခ်ကတိရစ္ဆာန်အစာစက်ရုံတစ်ခုမှာ စာရင်းကိုင်လုပ်ပြီး သူ့မိန်းမဆာရာက စာကြည့်တိုက်မှာအလုပ်လုပ်ပါတယ်။ သူတို့မကြာခင်သမီးဦးလေးရတော့မှာပါ။ ဂျေကော့ဘ်မှာ အချစ်ဆုံးသူငယ်ချင်း လူးဆိုတာရှိပါတယ်။ လူးမှာအချစ်ဆုံးခွေးကြီး မေရီဘက်သ်ဆိုတာရှိပါတယ်။တစ်နေ့ သူတို့သုံးယောက် ဟန့်ခ်တို့ရဲ့အဖေရဲ့ အုတ်ဂူမှာနှစ်ပတ်လည်အတွက်ပန်းစီးသွားချကြရင်းအပြန် သဘာဝကာကွယ်တောနားမှာ​မြေခွေးတစ်ကောင်ကြောင့်ကားချော်သွားပြီး နည်းနည်းပျက်စီးသွားလို့ မြေခွေးနောက်ကိုလိုက်ကြရင်းလေယာဥ်ပျက်တစ်စီးကိုမမျှော်လင့်ဘဲသွားတွေ့ပါတယ်။ လေယာဥ်မှူးကသေနေပါပြီ။ အားကစားအိတ်နဲ့အပြည့် ဒေါ်လာတစ်ရာတန်တွေကိုတွေ့လို့ယူမယ်မယူဘူး အပ်မယ်မအပ်ဘူး ငြင်းခုံရင်းနောက်ဆုံး ဟန့်ခ်ကသိမ်းထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကိစ္စတစ်ခုခုပေါ်လာရင်တစ်ယောက်ယောက်ကလိုက်ရှာရင်မီးရှို့ပစ်မယ်။ဘယ်သူကမှလိုက်မရှာရင် ပြဿာနာမရှိရင် ခွဲယူကြမယ်လို့သဘောတူလိုက်ကြပါတယ်။ဆာရာကဟန့်ခ်ကိုအကြံပေးလို့ ဆာရာအကြံပေးတာကိုလိုက်လုပ်ရင်း မမျှော်လင့်တာတွေနဲ့ကြုံရရပြီးအဲဒါတွေကိုဖြေရှင်းဖို့ကြိုးစားရင်းကိစ္စတွေက ရှုပ်ထွေးလာပါတယ်။ဘာတွေဆက်ဖြစ်မယ် ဘယ်လိုရှင်းကြမယ်ဆိုတာ ပရိသတ်များဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ရင်နာစရာဇာတ်ဝင်ခန်းတွေ ကြေကွဲစရာဇာတ်ဝင်ခန်းတွေကတော့ ဇာတ်ကားရဲ့ဇာတ်ရှိန်အမြင့်ဆုံးအခန်းတွေပါ။ဇာတ်ကောင်တွေရဲ့နေရာကိုရောက်သွားပြီးကိုယ်ပါရောကြေကွဲပြီးရင်နာသလို ဖြစ်သွားတာကတော့ စာရေးဆရာ၊ဒါရိုက်တာ၊ သရုပ်ဆောင်တွေတော်လို့ပဲလို့ပြောရပါမယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 1998
A Simple Plan