YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Rainless.Love.In.A.Godless.Land.E04.Part2.720p.CM.mp4

273.56 MB N/A video/mp4 181 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Man with My Husband's Face
6

2023ထွက် ရင်ထိတ်သည်းဖိုဇာတ်လမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ plot twist တွေနဲ့ပရိသတ်တွေကိုအဆုံးထိဆွဲခေါ်သွားမဲ့ကားလေးပါ,,, ဇာတ်လမ်းအကျဉ်းကတော့ အလုပ်တွေကိုယ်စီပိနေပြီး အိမ်ထောင်ပြိုကွဲလုနီးနီးဖြစ်နေတဲ့ စုံတွဲတစ်တွဲပေါ်မှာ အခြေတည်ထားပါတယ်... မိန်းမဖြစ်သူကဒီအခြေအနေကို ပြန်အဆင်ပြေချင်စိတ်လေးနဲ့ လှေအပျော်စီးတဲ့ခရီးလေးတစ်ခုစီစဉ်လိုက်ပါတယ်... ဒါပေမဲ့ခရီးမှာရုတ်တရက်ပဲ ယောင်္ကျားဖြစ်သူကထူးထူးဆန်းဆန်းပျောက်ဆုံးသွားခဲ့ပါတယ်.. အဲဒီအချိန်ကနေစပြီး မင်းသမီးဟာထူးဆန်းတာတွေကိုဆက်တိုက်တွေ့ကြုံလာရပြီး ဖြေရှင်းဖို့ကိုလဲ ဘယ်သူ့မှအားကိုးမရတဲ့အချိန်မှာတော့..... ဇာတ်လမ်းက plot twist တွေရှိလို့ဒီလောက်ထိပဲ အညွန်းကိုရေးလိုက်ပါတယ်.. အမှန်ပြောရရင်ဇာတ်ညွန်းရေးသူကိုယ်တိုင် rating ကြောင့်ဇာတ်လမ်းကိုသိပ်မမျှော်လင့်ခဲ့ပေမဲ့ သိချင်စိတ်တွေနဲ့အဆုံးထိမျှော်လင့်လိုက်ရတဲ့ဇာတ်ကားကောင်းလေးပါ... ဒါရိုက်တာDanny J. Boyleကရိုက်ကူးထားပြီး ရုပ်ရှင်ပွဲတော်တွေမှာဆုရထားတဲ့ ဝါရင့်မင်းသားမင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်... File Size : (1.6GB) and (626MB) Quality :WEB-DL1080P, 720p Format…mp4 Duration…01:26:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

Comedy • Romance • TV Movie
6 2023 85 mins
The Man with My Husband's Face
Mission: Impossible
7

IMDb Rating 7.1/10 1996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်.. တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်... အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။ Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by Myo Ko

Comedy • Drama • Horror • Romance
7 1996 110 mins
Mission: Impossible
Cube
5.5

Sci-fic နဲ့ Survival genreမှာ ဂျပန်ရုပ်ရှင်​​တွေဟာ တန်းတစ်ခုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ​​ထောင်​ချောက်​နဲ့ ပ​ဟေဠိ​တွေ၊ ​ဘယ်အချိန် ဘယ်လိုနည်းနဲ့ ​သေမလဲ မှန်းဆမရမှု​တွေ၊ ပီပြင်ပြီး သွေးသံရဲရဲနဲ့ ​သေဆုံးမှု​တွေ​ကြောင့် ဂျပန် survival genreဟာ Respect​ပေးထားရတဲ့ Genreတစ်ခုပါ။ ဒီရုပ်ရှင်က​တော့ မူရင်း က​နေဒါ film series ဖြစ်တဲ့ Cube ရုပ်ရှင်​တွေရဲ့ ၄ကား​မြောက် ပုံစံမျိုးပါ။ ​ယောကျ်ားသား ၅​ယောက်နဲ့ မိန်းမ ၁​ယောက်၊ ဘယ်လိုဘယ်ပုံနဲ့​​ရောက်လာမှန်းမသိ​လိုက်ဘဲ ကုဗတုံးသဏ္ဍာန် သံအချုပ်ခန်းထဲ အချုပ်ခံထားရသူ​တွေ၊ ဒီလူ၆​ယောက်ဟာ တစ်ဦးနဲ့တစ်ဦးသိတဲ့သူ​တွေမဟုတ်သလို တစ်ကြိမ်တစ်ခါ​တောင် မြင်ဖူးခြင်းမရှိတဲ့ သူစိမ်းသက်သက်​တွေဆို​ပေမယ့် တစ်ဦးချင်းစီရဲ့နောက်​ကြောင်းဟာ ရိုးရှင်းမှု၊ရိုး​ဖြောင့်မှုမရှိတာ​တော့ တူညီ​နေသူ​​တွေ... သူတို့​ရောက်​နေတဲ့ ကုဗတုံးသဏ္ဍာန်အခန်းသည် အလုံပိတ်ရယ်လို့မဟုတ်၊ ​ဘေးဘီမျက်နှာပြင် ၄ဖက်နှင့် အ​ပေါ်​၊ ​အောက်ဖက်မှာ ကပ်လျက်ကုဗတုံးအခန်းများသို့ ကူးစရာ ဂယ်​ပေါက်များရှိ​နေသည်၊ မြင်သာ​​​အောင် ​ပြောရရင် လူ၆​ယောက်ဖမ်းခံထားရ​သော ကုဗတုံးအခန်းအပါအဝင် တခြားကုဗတုံးအခန်းများစွာ စုစည်းပြီး ဧရာမ ကုဗတုံးကြီးသဏ္ဍာန် ဖန်တီးထား​​သော ထူးဆန်းသည့် အ​ဆောက်အအုံကြီးဖြစ်သည်။ လက်ရှိ​ရောက်​နေသည့် အခန်းမှသည် ​ရွေးချယ်စရာ ဂယ်​ပေါက် ၆​ပေါက်အထိ ​ပေးထား၍ ကြိုက်သည့်အ​ပေါက်မှ ကြိုက်သည့်အခန်းသို့ကူးနိုင်သည်၊ သို့​သော် ကိုယ်ကူးသည့်အခန်း မှားရင်​ဖြင့် ပြန်လမ်းမရှိတဲ့ မရဏလမ်းဆီ ​ရောက်နိုင်သည့် ​ထောင်​ချောက်အသီးသီးနဲ့ တိုးပါမည်။ ဘယ်အ​ပေါက်ကကူးလျင် ​ထောင်​ချောက်မရှိတဲ့ အခန်းကိုရောက်မလဲ၊ ထိုမှတဆင့် ဘယ်လို​ရွေးချယ်မှု​တွေနဲ့ပင်မထွက်​ပေါက်ကြီးကို ​ရောက်​အောင်သွားကြမလဲ၊ ဘယ်သူ​​တွေ ရှင်ကျန်ပြီး ဘယ်သူ​တွေသေမလဲ၊ ထောင်​ချောက်ဒီဇိုင်း အမိုက်စား​တွေနဲ့ ဘယ်သူ​တွေ သေပန်းပွင့်မလဲ​ဆိုတာတော့ CMပရိတ်သတ်​တွေ​ ကိုယ်တိုင်ပဲခေါင်းစားကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Horror, Mystery, Sci-fi Quality….WEB-DL 1080p and 720p File size… 1.5GB and 779MB Format…mp4 Duration…. 1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Romance
5.5 2021 108 mins
Cube
Nomadland
7.2

IMDb Rating- 7.7/10 Rotten Tomatoes- 96% ဖန်တီးမှုလက်ရာကောင်းတစ်ခုဟာ ပြောပြချင်တာတွေများလာတဲ့အခါ ဖြစ်တည်လာတော့တာပါပဲ။ ဝေါင်ကာဝေးရုပ်ရှင်အများစုရဲ့ Cinematographyသမား ခရစ္စတိုဖာဒွိုင်းက ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပက်သက်ပြီး ပြောဖူးတာတစ်ခုရှိတယ်။ " ကမ္ဘာကြီးကို မြင်အောင်ကြည့်၊ ထောင်ထဲသုံးလေးခါနေကြည့်၊ ခင်ဗျားအတွေ့အကြုံတွေစုဆောင်းမိမယ်။ စုဆောင်းမိလာတာနဲ့ ခင်ဗျား ပြောချင်တာတွေရှိလာမယ်။ ခင်ဗျားပြောချင်တာဘာမှမရှိရင်တော့ ရုပ်ရှင်မရိုက်သင့်ဘူး"တဲ့ Nomadlandဟာ ပြောစရာ သိပ်များတဲ့လူတွေအတူဖန်တီးထားတဲ့ လက်ရာတစ်ခုလို့ဆိုရမယ်။ ညနေစောင်းလို့ တိမ်တောက်တဲ့အခါ မြင်ရတဲ့ နေ၀င်ချိန်တိမ်ပွင့်အမျောကလေးကို ကြည့်ပြီး ပြောစရာသိပ်များတဲ့လူတွေ၊ ရှင်သန်မှုဆိုတဲ့စကားလုံးကလေးနဲ့ ပက်သက်ပြီး‌ ပြောစရာသိပ်များတဲ့လူတွေပေါ့။ ဒီတော့ ဒီရုပ်ရှင်မှာ ရှင်သန်မှုနဲ့ ပက်သက်ပြီး အများကြီးတွေ့ရလိမ့်မယ်။ Nomadဆိုတာ အိမ်ခြေအတည်မရှိ လေလွင့်နေသူတွေ ခြေသလုံးအိမ်တိုင်တွေကိုပြောတာ ၊Nomadlandဆိုတာကို ပြန်ဆိုရရင်တော့ လေလွင့်သူတို့ကွန်းလို့ ဆိုရမယ်။ အိမ်ခြေရာမဲ့လို့တော့ မဆိုချင်ဘူး။ သူတို့မှာ houseဆိုတဲ့အိမ်မရှိပေမဲ့ homeဆိုတဲ့ အိမ်တော့ရှိကြတာကိုး။ ရုပ်၀တ္တုအဆောက်အဦးတွေပေါ်မှာ အမှတ်ရစရာတွေက မတည်ကြဘူးတဲ့ ရုပ်ခန္ဓာထင်ရှားမရှိတော့တဲ့ သူတို့ချစ်ခဲ့တဲ့လူတွေကို အမှတ်ရစေဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိုးစားနေကြတဲ့ ဒီရုပ်ရှင်ထဲက Nomadတွေနဲ့ သူတို့ရဲ့ ဘ၀နေထိုင်နေမှုဟာ တစ်ချို့အတွက်တော့ ဒုက္ခလို့ ဆိုလို့ရပေမဲ့ ကျွန်တော်တော့ သိပ်ချစ်စရာကောင်းတယ်လို့ပဲ ဆိုချင်တယ်။ ခွဲခွာခဲ့ရတဲ့သူတွေကို တစ်နေ့မှာ အနာဂတ်ရဲ့လမ်းခုလတ်မှာ ပြန်တွေ့ရမယ်လို့ မျှော်ရည်ယုံကြည်ရင်း သူတို့ရှင်သန်ကြတယ်။ အဆုံးသတ်ရန်တစ်နေရာမှာတော့ အားလုံးဟာ အဆုံးသတ်ကြရတာပါပဲ အဲ့ဒီနေ့မရောက်သေးသမျှတော့ ‌မျှော်လင့်ချက်တွေကို လိုအပ်ကြတယ် မဟုတ်လား။ Nomadlandဟာ ဒီမျှော်လင့်ချက်တွေအကြောင်းပါပဲ။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားမှာပါဝင်တဲ့ဇာတ်ကောင်တိုင်းရဲ့ နာမည်တွေက သရုပ်ဆောင်တွေရဲ့ နာမည်အတိုကောက်ပါပဲ Castအပိုင်းမှာတော့ အော်စကာနှစ်ဆုရှင် Frances McDormandပါရင် သရုပ်ဆောင်ထားပြီး တတိယမြောက်အော်စကားရရှိဖို့ တစ်ပြေးနေပါတယ် တစ်ချို့ကတော့ ဒီနှစ်ရဲ့အော်စကာ Best Pictureရနိုင်ခြေအများဆုံး ရုပ်ရှင်လို့ဆိုကြတယ်။ Cineamatographyကလည်း Landscape viewနဲ့ရိုက်ပြထားပြီး အတော်ခမ်းနားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားကိုပြောပါဆိုရင် Nomadlandက ထိပ်ကပါနေမှာပါ။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းရေးသားပေးထားသူကတော့ WiRa Aungပါ) Translated by Daniel Lawwai Encoded by : YK Quality : 1080p WEBSCR and 720p File  Size : 1.5GB and 800MB Subtitles : Myanmar(Hardsub) Duration : 1h 48mins

Drama • Mystery • Sci-Fi & Fantasy
7.2 2021 108 mins
Nomadland
Ang Manananggal na Nahahati ang Puso

Ang Manananggal na Nahahati ang Puso (2021) ================================ ဒီတစ်ခါမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဖိလစ်ပိုင်ဇာတ်ကားလေး တစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးက Mythologyကို စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက် ဖိလစ်ပိုင်ရိုးရာ ဒဏ္ဍာရီလာ သတ္တဝါဆန်းတွေ အကြောင်း အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအမျိုးအစားလေးကတော့ romance နဲ့ mythology ကို ရောသမမွှေထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရသလို လေးလေးနက်နက်နဲ့ သင်ခန်းစာယူလို့လည်း ရတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ အီတလီနိုင်ငံကနေ ပညာတော်သင်ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသား မြို့သားအဆင်လေးက ဖိလစ်ပိုင်ရိုးရာ ရှေးဟောင်းသတ္တဝါတွေအကြောင်း စာတမ်းပြုစုဖို့ ထူးဆန်းတဲ့ ကျွန်းကို ရောက်လာပါတယ်။ ဒီလိုရောက်လာချိန်မှာ tourist guide အဖြစ် လိုက်လုပ်ပေးတဲ့ ဒေသခံမိသားစုအိမ်မှာ တည်းခိုပါတယ်။ ဒေသခံမိသားစုဆိုတာကလည်း တကယ်တမ်းတော့ ယုံတမ်းပုံပြင်တွေကို အဟုတ်ဖြစ်အောင်လုပ်ပြီး အလိမ်အညာ စီးပွားရှာနေတဲ့ အဖွဲ့ပါပဲ။ ဒီအဖွဲ့က ထုံးစံအတိုင်း မင်းသားကိုပါ အမြတ်ထုတ်စီးပွားရှာတဲ့အခါ ရိုးသားတဲ့ မင်းသားတစ်ယောက်က အဟုတ်ကြီးထင်ပြီး ယုံစားနေပါတော့တယ်။ ဒီလိုနဲ့ အချိန်အနည်းငယ်အတွင်းမှာ မင်းသားက လူလိမ်အဖွဲ့ထဲက မိန်းကလေးကို မေတ္တာသက်ဝင်မိပါတော့တယ်။ ဒီအချိန်မှာ မထင်မှတ်ဘဲ မင်းသားတစ်ယောက် အဖြစ်အပျက်တချို့နဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ သူတို့ဖုံးကွယ်ထားတဲ့ အလိမ်ညာတွေပဲ ပေါ်သွားမလား….. မင်းသားပဲ ဆက်ပြီးအလိမ်ခံရမှာမလား ဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်ပြီးကြည့်ရှုလိုက်ရအောင်။ သေချာတာကတော့ နိုင်ငံတိုင်းမှာ ရှိတတ်တဲ့ ထူးခြားတဲ့ သတ္တဝါဆန်းတွေအကြောင်းကို လေ့လာခွင့်ရမှာဖြစ်လို့ ကြည့်ရှုကြည့်ဖို့ တိုက်တွန်းပါရစေ….။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။ Genre…..Comedy Quality…. 1080p | 720p | 480p File size…2.2GB | 1.2GB| 517MB Format… mp4 Duration….1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Richard Wai Encoder ….. August

Action • Adventure • Science Fiction
0 2021
Ang Manananggal na Nahahati ang Puso
Delta Force 2: The Colombian Connection

Delta Force 2: The Colombian Connection (1990) မင်းသားကြီး Chuck Norris ရဲ့ Delta Force Trilogy ထဲက ဒုတိယမြော​က်ကား လာပါပြီ။ ပထမကားကတော့ 1986 ထွက် The Delta Force ပါ။ ဒီတစ်ခါကတော့ အမေရိက မှောင်ခိုဈေးကွက်မှာ အကြီးအကျယ် လုပ်ပိုင်ခွင့်ရထားတဲ့ တောင်အမေရိက မူးယစ်ဆေး တင်ပို့ရောင်းချသူ ရာမွန်ကိုတာကို ဖျက်ဆီးပစ်ရမယ့် မစ်ရှင်ဖြစ်ပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆန်ကားလို့စ်နိုင်ငံက ကိုကိန်းဘုရင် ရာမွန်ကိုတာဟာ ​Chuck Norris (ကာနယ် မက်ကွိုင်း) ရဲ့ Delta Force တွဲဖက်အပြင် အမေရိကရဲ့ မူးယစ်ဆေးဝါး အေးဂျင့်အဖွဲ့ကို ဖမ်းထားပြီး သူ့အိမ်မှာ အကျဉ်းချထားတာပါ။ အဲဒါနဲ့ပဲ Delta Force ဟာ ကိုတာရဲ့ အင်အားကြီးမားတဲ့ ကိုကိန်းအင်ပါယာကြီးကို ရင်ဆိုင်တိုက်ခိုက်ရဖို့ ဖြစ်လာပါတယ်။ မက်ကွိုင်းနဲ့ သူ့ရဲ့ Delta Force ဟာ လျှပ်စီးလို အရှိန်အဟုန်နဲ့ တရားလွန် စိတ်လှူပ်ရှားစရာကောင်းတဲ့ စွန့်စားခန်းထဲမှာ ဓားစာခံတွေကို ကယ်တင်ပြီး အညှာအတာကင်းမဲ့တဲ့ ရာဇဝတ်သား အကောင်ကြီးကြီးကို ဖျက်ဆီးပစ်ဖို့အရေး ပြင်းထန်လှတဲ့ Final Battle ကို ဘယ်လိုဆင်နွှဲမလဲဆိုတာ… ရင်သိမ့်တုန် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 51Min Genre – Action, Adventure, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

0 1990 111 mins
Delta Force 2: The Colombian Connection
Lop Nor Tomb
5.9

BC ၂ရာစုလောက်တုန်းက ပိုးလမ်းမအနီး တိဘက်ဒေသအနီးမှာ လော်လန်ဆိုတဲ့ရှေးဟောင်းနိုင်ငံတစ်ခုရှိခဲ့ဖူးတယ်လို့ဆိုတယ်။ လော်လန်တိုင်းပြည်အကြောင်းကို ရှေးသုပါမောက္ခကြီးယန်က သုတေသနလုပ်ရင် ပျောက်သွားခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ ဒီလိုနဲ့သိုးသားရေပေလိတ်တစ်ခုမှာ လော်လန်အမှန်တကယ်ရှိကြောင့် အထောက်အထားရလာတဲ့အခါ သမီးဖြစ်သူနုဲ့ရှေးသုပါမောက္ခတို့လူတစ်စုဟာ ပျောက်သွားတဲ့ ပါမောက္ခကိုရှာဖို့ လော်လန်ရှေးဟောင်းတိုင်းပြည်ရှိတာ သဲကန္တာရကို ခရီးထွက်လာခဲ့ကြတယ်။ အဆုံးမရှိတဲ့သဲကန္တာပြင်ကြီးမှာ ဘယ်လိုအန္တရာယ်တွေကစောင့်နေမလဲ…… ရှေးဟောင်းလော်လန်တိုင်းပြည်ကြီးမှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ…… ရှေးဟောင်းသုတေသနအဖွဲ့လေးကဘယ်လိုအရာတွေကြုံတွေရမလဲ…… ထူးဆန်းထွေလာ ရှေးသမိုင်းတွေကိုစိတ်ဝင်စားတဲ့သူလေးတွေအတွက် အရမ်းသင့်တော်တဲ့ကားလေးပဲဖြစ်ပါတယ်။

5.9 2023
Lop Nor Tomb
Good Night, and Good Luck
7.4

ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။ မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Comedy • Adventure
7.4 2005
Good Night, and Good Luck
The Invasion
5.9

The Invasion (2007) ================ IMDb Rating – 5.9/10 မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Body Snatchers နဲ့ဝတ္ထု တစ်ပုဒ်ထဲကိုအခြေခံတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားမှာတော့ ကျောရိုးတစ်ခုကိုသာယူထားတာဖြစ်ပြီး ခေတ် အခြေအနေနဲ့ကိုက်ညီအောင် မွမ်းမံမှုတွေဖြည့်စွက်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတဲ့အတွက် ဆန်းသစ်တဲ့ခံစားချက်ကိုရရှိစေမှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အာကာသလွန်းပျံယာဉ်တစ်စီးကမ္ဘာမြေ ပေါ်ကိုပျက်ကျပြီးတဲ့နောက် အသိဉာဏ်ရှိတဲ့ ဂြိုလ်သားသက်ရှိပုံစံ တစ်ခုကို အပျက်အစီးတွေနဲ့မလှမ်းမကမ်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ လွန်းပျံယာဉ်ပျက်ကျမှုကိုသွားရောက်စုံစမ်းခဲ့တဲ့ CDC ဌာနအကြီးအကဲ Tucker Kaufman ကို အဲ့ဒီ ဂြိုလ်သားဇီဝရုပ်က ပထမဆုံးပူးကပ်ထိန်း ချုပ်သွားခဲ့ပေမယ့် ဘယ်သူမှမသိလိုက်ကြပါဘူး။ မကြာခင်မှာပဲ တပ်ကာရဲ့ဇနီးဟောင်းစိတ်ကုဆရာဝန် Carol Bennell ဟာ သူ့လူနာတစ်ဦးကတစ်ဆင့် ပတ်ဝန်းကျင်မှာရှိတဲ့လူပုဂ္ဂိုလ်တစ်ချို့ရဲ့ ပြောင်းလဲမှုတွေကို စတင်သတိထားမိစပြုလာခဲ့ပါတယ်။အဲ့ဒီအချိန်တွေ အတွင်းမှာပဲ ဂြိုလ်သားဇီဝရုပ်ဟာ တိုင်းပြည်ရဲ့အရေးကြီးပုဂ္ဂိုလ်တွေအ ပါအဝင် လူအတော်များများကိုလျင်မြန်စွာပူးကပ်ကူးစက်နေပြီး ကမ္ဘာကြီး တစ်ခုလုံးကိုသိမ်းပိုက်အုပ်စိုးမိဖို့အချိန်တစ်ခုသာ လိုပါတော့တယ်။ Nicole Kidman နဲ့ Daniel Craig (James Bond) တို့လိုထိပ်တန်းသရုပ် ဆောင်တွေ ခေါင်းဆောင်ပါဝင်ထားပြီး မူရင်းဇာတ်ကားထက်မလျော့တဲ့ ထူးခြားဆန်းသစ်တဲ့ science fiction horror ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.99 GB) / (826 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Sci-Fi, Thriller Translator…….Alias Encoder……….SWM

Comedy • Science Fiction
5.9 2007 99 mins
The Invasion
Earwig and the Witch

ဒီတခေါက်တင်ဆက်ပေးမှာကတော့ ၂၀၂၀ ခုနှစ်ထွက် Studio Ghibli ကထုတ်တဲ့ ပထမဆုံး 3D CG animation ကားလေးပါပဲ Anime လို့ဆိုလိုက်တာနဲ့ ပြယုဂ်တခုအဖြစ် ပြေးမြင်ကြတဲ့ Studio Ghibli ထုတ်ကားတွေရဲ့ ဖန်တီးရှင် ဆရာကြီး Hayao Miyazaki ရဲ့သားဖြစ်သူ Goro Miyazaki ရဲ့လက်ရာပါ Howl’s Moving Castle ရဲ့ မူရင်းရေးသားသူ စာရေးဆရာမ Diana Wynne Jones ရဲ့စာအုပ် Earwig and The Witch ဆိုတာကို ရိုက်ကူးထားတဲ့ Fantasy/Adventure ဇာတ်လမ်းလေးပါ Original Soundtrack တွေနဲ့ Musical အမျိုးအစားလည်းဖြစ်ပါတယ် 2D animation ကိုပဲ နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရမှာ တမျိုးဖြစ်နေမှာပေမဲ့ ဇာတ်လမ်းလေးကကောင်းတာမို့ စမ်းကြည့်သင့်ပါတယ် အရင်ကားတွေကိုတော့ nostalgic မဖြစ်စေပေမဲ့ သူ့ပုံစံနဲ့သူ တမျိုးဆွဲဆောင်မှုရှိပါတယ် ဇာတ်လမ်းလေးကတော့ 1990 ကာလတွေက အင်္ဂလန်မှာ စုန်းမတယောက်ဟာ အခြေအနေတခုကြောင့် သူ့ကလေးကို မိဘမဲ့ဂေဟာမှာထားခဲ့ပြီး ထွက်ပြေးသွားရပါတယ် သမီးလေးကို earwig ဆိုတဲ့ နာမည်ပေးထားခဲ့ပြီး စာလေးတစောင်နဲ့ ထားခဲ့တယ် ‌ဒီကလေး ၁၀ နှစ်အရွယ်ရောက်လာတဲ့အချိန်မှာ သူဟာ ဂေဟာတခုလုံးကို သူ့အလိုကျ စီမံနေနိုင်ပြီးတော့ အမွေးစားခံချင်တဲ့ဆန္ဒမရှိဘဲ ဒီတိုင်းပဲ နေရတာ ပျော်ရွှင်နေပါတယ် တရက်မှာတော့ ကလေးမွေးစားဖို့လာတဲ့ စုံတွဲတတွဲက သူ့ကိုမှ မျက်စိကျပြီး မွေးစားဖို့ ရွေးလိုက်ပါတယ် ဖြစ်ချင်တော့ မွေးစားတဲ့သူတွေက စုန်းစုံတွဲဖြစ်နေတာပါပဲ ဒီလိုနဲ့ earwig တယောက် မွေးစားမိဘအိမ်လိုက်သွားရပြီး အဲ့အိမ်မှာ သူဗိုလ်ကျနိုင်အောင် ဘယ်လိုကြံစည်ကြိုးစားမလဲ ဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦးဗျာ File size… 1.2 GB / 574 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 22m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

0 2020 83 mins
Earwig and the Witch
The Long Game
6.7

IMDb 6.7 Rotten Tomatoes 97% ရရှိထားတဲ့ ဒရာမာရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်လေးက စာရေးဆရာ Humberto G. Garcia ရဲ့ ဝေဖန်မမှုတွေခံခဲ့ရပြီး ကိုယ်ပိုင်ထုတ်ဝေခဲ့တဲ့ စာအုပ်လေးကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထဲမှာတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်က မြို့ငယ်လေးက မက္ကဆီကန်‌အထက်တန်းကျောင်းသား ငါးယောက်နဲ့ဖွဲ့ထားတဲ့ “Mustangs” လို့အမည်ရတဲ့ အထက်တန်းကျောင်းဂေါက်သီးရိုက်အသင်းလေးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ အချိန်ကာလအားဖြင့် အမေရိကန် ဗီယက်နမ် စစ်တွင်းကာလ ၁၉၅၇ ဖြစ်ပါတယ်။ ဆန်ဖီလစ်ပီလို့ခေါ်တဲ့ မြို့ကလေးကတော့ အမေရိကန် နဲ့ မက္ကဆီကို နယ်စပ်မှာတည်ရှိတဲ့ မြို့ကလေးပါ။ ဒီမြို့ငယ်လေးက အထက်တန်းကျောင်းမှာ “ဂျိုး”လို့အမည်ရတဲ့ မက္ကဆီကန်ကျောင်းသားလေးနဲ့ သူငယ်ချင်းလေးယောက်ဟာ ဂေါက်သီးရိုက်အားကစားကို ဝါသနာထုံကြတဲ့သူတွေဖြစ်ပြီးတော့ အားလပ်ရက်တွေမှာလည်း ဆန်ဖီလစ်ပီ ဂေါက်ကလပ်မှာ ကယ်ဒီ (ဂေါက်ပစ္စည်းသယ်သူ) အလုပ်ကိုလုပ်ကိုင်ရင်း တဖက်တလှမ်းကနေ မုန့်ဖိုးရှာနေကြတဲ့ကျောင်းသားတွေပါ။ ၁၉၅၇ ဆိုတဲ့အချိန်ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေ အထွတ်အထိပ်ကိုရောက်ရှိနေတဲ့ကာလပါ။ ဆန်ဖီလစ်ပီမြို့ထဲမှာ ကြီးစိုးနေတဲ့အမေရိကန်တွေဟာ မက္ကဆီကန်တွေကို ခွဲခြားဆက်ဆံခဲ့ပါတယ်။ ဒီလိုလူမျိုးရေးခွဲခြားမှုဟာ အထက်တန်းလွှာအတွက် ပျော်စံရာဖြစ်တဲ့ ဂေါက်ကလပ်မှာလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဂေါက်ကလပ်တွေမှာ မက္ကဆီကန်လူမျိုးဆို အသင်း၀င်ဖြစ်ခွင့်မပေးတာတွေ၊ ဂျိုးတို့လို မက္ကဆီကန်ကျောင်းသားတွေဟာ ဂေါက်ကလပ်တွေမှာ ဂေါက်သီးရိုက်ခွင့်မရှိဘဲ ဂေါက်သီးရိုက်တဲ့သူတွေအတွက် လက်တိုလက်တောင်းလုပ်ပေးရတဲ့ကယ်ဒီ လို အလုပ်တွေကိုပဲ လုပ်ခွင့်ရတာမျိုးတွေပေါ့။ တစ်ရက်မှာတော့ ဂျိုးတို့ရဲ့ ဆန်ဖီလစ်ပီကျောင်းလေးကို ဂျေဘီပင်ယာဆိုတဲ့ ဆရာတစ်ဦးပြောင်းလာခဲ့တယ်။ ဂျေဘီက စစ်ပြန်တစ်ဦးပါ။ ဂေါက်ရိုက်ဝါသနာပါတဲ့ ဂျေဘီဟာ ဂျိုးတို့သူငယ်ချင်းအုပ်စုနဲ့ သိကျွမ်းသွားပြီးတော့ ဖီလစ်ပီအထက်တန်းကျောင်းရဲ့ ပထမဆုံး ဂေါက်သီးရိုက်အသင်းကို စထောင်လိုက်ပါတော့တယ်။ ဒီလိုနဲ့ နည်းပြဖြစ်သူ ဂျေဘီရဲ့ကြိုးစားမှုကြောင့် ဂျိုးတို့ရဲ့ ကျောင်းဂေါက်သီးရိုက်အသင်းလေးဟာ မက္ကဆီကန်ကျောင်းသားတွေ တစ်ခါမှ၀င်မပြိုင်ခဲ့ဖူးတဲ့ ကျောင်းပေါင်းစုံဂေါက်သီးရိုက်ပြိုင်ပွဲကို ၀င်ပြိုင်ရမယ့် ပထမဆုံး မက္ကဆီကန်အသင်းဖြစ်လာခဲ့ပါတယ်။ ဂျိုးက ဗလလည်းရှိ ဇလည်းရှိတဲ့ မက္ကဆီကန်လူငယ်လေးပါ။ အချိန်ပိုင်းအလုပ်လုပ်တော့သာ အမေရိကန်တွေရဲ့ ကယ်ဒီအလုပ်ကိုလုပ်တာ အမေရိကန်တစ်ယောက်ယောက်က “ကျူးကျော်မက္ကဆီကန်ကောင်”လို့ သမုတ်ပြီး စော်ကားလာပြီဆိုရင် နည်းနည်းလေးမှငြိမ်ခံမနေဘဲ တွေ့ရာပစ္စည်းနဲ့ကောက်ပြီး ‌ခေါင်းရိုက်ခွဲခဲ့တဲ့ ဇ ပြင်းတဲ့လူငယ်လေးပါ။ ဒီခပ်ပေပေလူငယ်လေးဟာ အမေရိကန်တို့အပိုင်စားရထားတဲ့ ဂေါက်ကွင်းထဲကိုရောက်လာတဲ့အချိန်မှာတော့ စည်းမျဉ်းစည်းကမ်းနဲ့အညီဆော့ရတဲ့ ဂေါက်သီးရိုက်အားကစားမှာ ထစ်ခနဲရှိ ထတုံ့ပြန်တတ်တဲ့အကျင့်ကိုချိုးနှိမ်ပြီး သူငယ်ချင်းလေးယောက်နဲ့အတူ နည်းပြဖြစ်သူ ဂျေဘီရဲ့စကားကိုနားထောင်ရင်း ပြည်နယ်ချန်ပီယံရှစ်အထိတက်လှမ်းပြီး မက္ကဆီကန်တွေ ဘယ်တုန်းကမှမပြသနိုင်ခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ အရည်အချင်းတွေကိုပြသဖို့ရာ ကြိုးစားရ‌ပါတော့တယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး သရုပ်တဆောင်ပိုင်း ဇာတ်အိမ်ပိုင်းတွေကလည်း သေသပ်ကောင်းမွန်တဲ့အပြင် မြင်တွေ့ရခဲတဲ့ ဂေါက်သီးရိုက်အားကစားအကြောင်းကို ရိုက်ကူးပြထားတာကြောင့် သေချာပေါက် မြည်းစမ်းကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်။ File size…(2.7 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.7 2023 110 mins
The Long Game
Firefly
7.8

Firefly ( 2023 ) Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။ နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။ အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့ သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးက ထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ သူ့ဇာတ်လမ်းကိုပြောပြခြင်းဟာ စိတ်ဝင်စားစရာကောင်းပေမဲ့ ရိုးစင်းနေခြင်းပါပဲ။ ဒါပေမဲ့ ဖိလစ်ပိုင်ရုပ်ရှင်တွေရဲ့ တန်းနဲ့ပဲ ပြန်ချိန်ညှိရင်တော့ Firefly ဟာ တော်တော်ကြည့်ကောင်းမယ့်ထဲ ပါနေမှာပါ။ ကြည့်လည်းကြည့်ရခဲမယ့် ဖိလစ်ပိုင်ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ အမျိုးသားစာပေဆု ကလေးစာပေဆုရ ပုံပြင်စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ အယ်ဗာရိုဟာ ဆုလက်ခံတော့မယ့်အချိန်မှာ အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်။ အင်တာလာဗျူးတဲ့သူကတော့ သူ့ဇာတ်လမ်းကို သူ့ကိုယ်ပိုင်ဇာတ်လမ်းလို့ မထင်ဘဲ တစ်ယောက်ယောက်ဆီက ကူးချထားတယ်လို့ထင်နေခဲ့တယ်။ ဒီလိုနဲ့ အယ်ဗာရိုဟာ သူ့စာအုပ်ရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ တွမ်တွမ်ဆိုတဲ့ ကောင်လေးနဲ့ အဲဒီကောင်လေးရဲ့စွန့်စားခန်းအကြောင်းကို စီကာပတ်ကုံးပြောပြဖို့ ဖြစ်လာတော့တယ်။ တွမ်တွမ်ကတော့ သူ့အမေပြောဖူးတဲ့ ပုံပြင်ထဲက မှော်ဆန်တဲ့နေရာတစ်နေရာကို ခရီးထွက်ခဲ့တဲ့ ကလေးလေးတစ်ယောက်ပါပဲ။ အယ်ဗာရိုပြောပြမယ့် တွမ်တွမ်ရဲ့ မှော်ဆန်တဲ့ဇာတ်လမ်းလေးမှာ ဘာတွေဖြစ်လာမလဲ ဖိလစ်ပိုင်ရဲ့ရှုခင်းတွေနဲ့အတူ စိတ်ဝင်တစားကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ Fireflyဟာ ဘဝမှာ ကျွန်တော်တို့ ကြုံနိုင်မြင်နိုင်တဲ့အထဲက မှော်အဆန်ဆုံးအရာတစ်ခုအကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Fantasy Quality…. 1080p | 720p File size… 1.6GB | 810MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.8 2023
Firefly
Adam the First

ငယ်ငယ်လေးကတည်းက မွေးစားမိဘတွေနဲ့အတူနေထိုင်လာခဲ့တဲ့ အာဒံဟာ သိချင်စိတ်, စူးစမ်းချင်စိတ်ပြင်းတဲ့ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့မိဘအရင်းတွေကို သိချင်လာပါတော့တယ်။ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့အတူတူ တောထဲမှာပဲ နေခဲ့ပြီးတော့ အတန်းပညာမတတ်ပေမယ့် မွေးစားအဖေဟာ အသက်ရှင်နေထိုင်နိုင်မယ့် နည်းလမ်းများကိုတော့ စုံလင်အောင် သင်ကြားပေးခဲ့ပါတယ်။ တရက်မှာတော့ မွေးစားမိဘတွေရဲ့ နေရာကို ရဲတွေရောက်လာရင်း ရုန်းရင်းဆန်ခတ်ဖြစ်ခါ မိဘနှစ်ပါးလုံး သေနတ်နဲ့အပစ်ခံရတာကို မြင်လိုက်ရတဲ့ အာဒံဟာ ထွက်ပြေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဘယ်ကိုသွားရမှန်းမသိတဲ့ အာဒံဟာ သူ့ရဲ့ မိဘအရင်းတွေကို လိုက်ရှာဖို့ ခရီးထွက်လာပါတော့တယ်။ မိဘအရင်းတွေရဲ့အကြောင်းဆိုလို့ သူ့အဖေအရင်းနာမည်ဟာ ဂျေကော့ဘ်ဝါတာဆန်ဆိုတာကလွဲရင် ဘာမှမသိရပါဘူး။ အဖေရင်းရှာပုံတော်ဖွင့်ရင်းကနေ အာဒံတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲ …… နောက်ဆုံးမှာရော အဖေအရင်းနဲ့ တွေ့ခွင့်ရခဲ့မလား ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(1.4 GB)/(710 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

Horror
0 2024
Adam the First
Demon Sealer Bureau

ကလေးဘဝက တစ်မိသားစုလုံးအသတ်ခံလိုက်ရပြီး မှော်စက်ယန္တရားတွေကျွမ်းကျင်ကာ၏ မိစ္ဆာနှိမ်နင်းရေးအဖွဲ့ရဲ့အမိန့်ကို မြေဝယ်မကျနားထောင် သွေးအေးရက်စက်တတ်တဲ့ ထန်လင်ဖုန်း စက်ယန္တရားတွေကို နည်းနည်းမှနားမလည်ဘဲ ထန်လင်ဖုန်းကို ညီလေးတစ်ယောက်လို ဂရုစိုက်ချစ်ခင်လာတဲ့မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင် လုရင် ဝိညာဥ်ရင်းမြစ်လျှို့ဝှက်သိုင်းကျမ်းကိုအသုံးချပြီး ကိုယ့်အတ္တအတွက် အသုံးချချင်ကြတဲ့ လူတွေ… သွေးသားရင်းတွေမဟုတ်ပေမဲ့ အစစအရာရာဂရုစိုက်ချစ်ခင်လာကြတဲ့ ညီအစ်ကိုနှစ်ယောက် တစ်ရက်မှာ သွေးကွဲဖို့ဖြစ်လာပြီးပြဿနာတွေက ထင်ထားသလိုမရိုးရှင်းဘဲ မိစ္ဆာတွေနဲ့ အာဏာလုပွဲတွေပါ ပါဝင်ပတ်သတ်လာချိန်မှာတော့…သူတို့နှစ်ယောက်ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားကြမလဲ ဆိုတာကို ဒီကားလေးမှာစိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ကြရမှာပါနော်

Thriller • Mystery
0 2022
Demon Sealer Bureau