YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Rafta.Rafta.S01E02.720p(CM).mp4

164.05 MB N/A video/mp4 99 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
IB 71
7

IB 71(2023) လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 8.4/10 ရရှိထားပြီး နာမည်ကြီးမင်းသား ဗီရွတ် ပါဝင်ထားပြီး ၁၉၇၁ ခုနှစ် အိန္ဒိယန်းလေကြောင်းလိုင်း လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်သုံးရာဗြိတိသျှကျူးကျော်မှုအပြီးမှာ အကြမ်းအားဖြင့် ဟိန္ဒူနဲ့ အစ္စလာမ်နိုင်ငံဆိုပြီးခွဲလိုက်ကြတာကို သိပြီးသားဖြစ်မှာပါ။ အဲ့လိုကွဲပြီးနောက်ပိုင်းမှာလည်း သီးဖြားဖြစ်သွားတဲ့ညီအစ်ကိုနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။ အချင်းချင်း သူလျှိုတွေလွှတ် သတင်းတွေယူနဲ့ နိုင်သူစားကြေးအကွက်တွေပြိုင်နေကြတုန်းပါပဲ။ ဒီလိုနဲ့ တဖြည်းဖြည်းအားပြိုင်ရင်း တစ်ချိန်မှာတော့ အကြိမ်ကြိမ်စစ်ရှုံးခဲ့တဲ့ ပါကစ္စတန်ဟာ တရုတ်နဲ့ပေါင်းပြီး စစ်မီးပြန်ညှိဖို့ကြိုးစားလာပါတော့တယ်။ ကျူးကျော်မှုလုပ်ပါတော့မယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ အိန္ဒိယအတွက်ပြင်ဆင်ချိန်ဟာ အရမ်းကိုနည်းနေပါပြီ။ ပြည်တွင်းစစ်နဲ့တင် ငါတို့ကိုအာရုံမရဘူးဆိုပြီး လျှော့တွက်ထားခဲ့တဲ့အိန္ဒိယအတွက် ရွေးချယ်စရာကတော့ တစ်ခုပဲရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းသောရွေးချယ်မှုဟာလည်း ဗုံးကိုလက်ထဲကိုင်ထားပြီး စနက်တံဖြုတ်ရမယ့်အကွက်ဖြစ်နေတဲ့အခါ ဘယ်လိုအကွက်တွေထုတ်သုံးပြီး ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ရွှေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းကိုတော့ Aditi ရေးသားထားပြီး Aditi, V, Thaik San, BpLတို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ File size…2.07GB / 840MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Aditi~ V~  Thaik San~ BpL

Adventure • Comedy • Fantasy
7 2023 117 mins
IB 71
The Most Reluctant Convert: The Untold Story of C.S. Lewis
6.1

ဒီရုပ်ရှင်ကတော့ နာနီရာလိုမျိုး ကမ္ဘာကျော်ဝတ္ထုကြီးတွေကိုရေးခဲ့တဲ့ စာရေးဆရာကြီး CS Lewis ရဲ့ ဘဝအကြောင်းကို သူ့အမြင်တွေကနေ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စာရေးဆရာကြီးလူးဝစ်ဟာ နာနီရာဝတ္ထုတွေနဲ့ ကျော်ကြားသလို သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်နဲ့ အလောင်းအစားလုပ်ပြီး သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေဖြစ်တဲ့ Out of the Silent Planet, Perelandra, and That Hideous Strength ဆိုတဲ့ စာအုပ်တွေကို ရေးခဲ့လို့လည်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ ဂျေအာအာ တိုကင်းန်ကတော့ သိပ္ပံစိတ်ကူးယဉ်စာအုပ်ပြိုင်ရေးဖို့ အလောင်းအစားလုပ်ခဲ့ပေမဲ့ ရေးဖို့ကြိုးစားရင်းကြိုးစားရင်း The Lord of the Rings စာအုပ်တွေ ထွက်ပေါ်လာပြီး ပိုအောင်မြင်သွားခဲ့ပေမဲ့ အလောင်းအစားမှာတော့ရှုံးခဲ့တယ်လို့ပဲပြောရမှာပါပဲ။ ဆရာလူးဝစ်ဟာ အင်္ဂလန်ရဲ့ နာမည်ကျော် စာရေးဆရာကြီးဖြစ်ခဲ့သလို ငယ်စဉ်က အောက်စ်ဖို့မှာ စာပေလေ့လာခဲ့စဉ်မှာ ဘာသာမဲ့အဖြစ်လည်း အခိုင်အမာကျော်ကြားပါတယ်။ သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်ကတော့ ခရစ္စယာန်ဘာသာကို ယုံကြည်တဲ့သူပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူ့ရဲ့ငယ်ဘဝကနေ ဘုရားကို မယုံကြည်ခဲ့ပုံတွေဘာလို့ မယုံခဲ့ရလဲဆိုတဲ့အယူအဆတွေနဲ့ စာပေပညာရှင်ဘဝတစ်လျှောက် ငြင်းခုန်ခဲ့ပုံတွေနဲ့ နောက်ဆုံးမှာ ခရစ်တော်ကို ယုံကြည်လာပုံတွေအထိ လေးလေးနက်နက်ရိုက်ကူးပြသထားခဲ့ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ ဘုရားကိုယုံကြည်ဖို့အတွန့်ဆုတ်ဆုံး ယုံကြည်သူဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘာသာတရားနဲ့ ဆက်စပ်တဲ့ အတွေးအခေါ်တွေကို စာပေပညာရှင်ကြီးတွေ ဆွေးနွေးတွေးခေါ်ခဲ့ကြပုံလေးတွေကို အရသာခံကြည့်ချင်ရင်တော့ သင့်တော်ပါတယ်။ စာကြမ်းပိုးတွေ၊ အတွေးအခေါ်သမားတွေအတွက် ရုပ်ရှင်တစ်ကားပါပဲ။ နောက်ပြီးတော့ ဂျေအာအာ တိုကင်းန်အကြောင်းကြည့်ချင်ရင်လည်း ၂၀၁၉ ထွက် ရုပ်ရှင် Tolkien (2019)ကို ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ File size…(1.02GB)/(534MB)/(282MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:13:00 Genre...Biography /Drama /History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr.Anderson

Comedy • Drama • Mystery • Romance
6.1 2021 87 mins
The Most Reluctant Convert: The Untold Story of C.S. Lewis
The Transporter
6.7

Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ... ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။ မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။ The Transporter(2002)မှာတော့ တရုတ်မင်းသမီး Shu Qi ပါဝင်ထားပြီး IMDb Rating(6.8/10)ရရှိထားပါတယ်။ File size…(2.3 GB)/(760 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:32:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Horror
6.7 2002 92 mins
The Transporter
Unrest
5.8

Horror ကားမျှော်နေကြတဲ့သူတွေအတွက် အလောင်းတစ်လောင်းကြောင့် ဗရုတ်တွေရှုပ်ကုန်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ခန္ဓာနဲ့ဝိဉာဥ်ယှဉ်တွဲနေထိုင်နေကြတဲ့ သတ္တဝါတွေ၊ ခန္ဓာကသေဆုံးပြီးတဲ့အခါ ဝိဉာဉ်ကဘယ်ရောက်သွားမလဲ။ ဘာဆက်ဖြစ်မလဲ။ အကယ်၍ ကျိန်စာသင့်နေတဲ့ ဝိဉာဉ်တစ်ခုဆိုရင်ရော.... ခန္ဓာဗေဒကို ‌လေ့လာနေကြတဲ့ ကျောင်းသားတစ်စုမှာ အယ်လစ်ဆင်၊ ဘရိုင်ယန်၊ ရစ်ခ် နဲ့ ကားလို့စ်တို့ဟာ အလောင်းတစ်ခုကိုခွဲစိတ်ဖို့ တစ်ဖွဲ့တည်းအတူတူကျခဲ့ပါတယ်။ ပထမဆုံးရက်မှာတင် အယ်လစ်ဆင်က အလောင်းကိုမြင်ပြီးတဲ့နောက် ထူးဆန်းတဲ့အာရုံတွေရနေပြီး မူမမှန်တာကို ခံစားနေခဲ့ရတာပါ။ ဒါပေမယ့် သူ့အတန်းဖော်တွေရော၊ သူဆရာကပါ သိပ်ပြီးထွေထွေထူးထူးလို့မထင်ပဲ သူ့ခံစားမှုကို လစ်လျူရှုခဲ့တဲ့နောက် ကြောက်စရာကောင်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။ သူ့အာရုံမှာ ဘာကိုခံစားနေရတာလဲ။ သူတို့ခွဲစိတ်နေခဲ့တဲ့ အလောင်းက ဘာတွေမူမမှန်နေခဲ့တာလဲ။ ဘယ်လိုမကောင်းဆိုးရွားမျိုးက သူတို့ဆီကိုချဉ်းကပ်လာနေသလဲဆိုတာကို ရင်တထိတ်ထိတ်တဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…2.01GB / 727MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 28m Genre ..... Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Fantasy • Horror
5.8 2006 88 mins
Unrest
Mr. Turner
6.8

အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက် 18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့ ၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး ၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက် ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီး ဆုတွေလည်းရရှိခဲ့ပါတယ်။ ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်း ဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အ ကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကို လေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊ လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာ ဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။ J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ အကျော်ကြားဆုံး ပန်းချီကားတွေကိုလည်း စိတ်ဝင်စားစရာ လေ့လာလို့ရပါသေးတယ်၊ Mr. Turner ရုပ်ရှင်ဟာ သာမာန်သူလို ကိုယ်လို ဘဝကို ဖြတ်သန်းခဲ့တဲ့ J. M. W. Turner နဲ့ အကျော်အမော် ပန်းချီဆရာ J. M. W. Turner ဘဝနှစ်ခုကြားက ခြားနားမှုကို ဖမ်းယူထားတာမို့လို့ နာမည်ကျော်လှပါတယ်ဆိုတဲ့ပန်းချီဆရာတွေရဲ့ ကိုးကွယ်ချင်စရာကောင်းလောက်အောင် လှပတဲ့ ပန်းချီကားတွေနောက်ကွယ်မှာ ဖြစ်ရပ်တွေရှိတယ်ဆိုတာကိုမြင်ရဦးမှာပါ။ အမြင်အားဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းပြီး စိတ်ခံစားမှု ရသမျိုးစုံအောင်ပေးတဲ့အပြင် ဆုများစွာကို ရရှိကာ ဝေဖန်အားပေးမှုများစွာလည်း ရရှိခဲ့တာမို့လို့ အလှတရားနဲ့ အနုပညာစွမ်းအားကို မြတ်နိုးသူတိုင်း လေ့လာသင့်တဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ပါပဲ File size… 1.75 GB / 853 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 30m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Yumi

6.8 2014 150 mins
Mr. Turner
Plastic
6

Plastic (2014) =========== IMDb Rating – 6.0/10 ဒီဇာတ်လမ်းရဲ့အစက ဆမ်၊ ဖို့ဒီ၊ ရိတ်ဆီနဲ့ ရာဖာတို့ လက်စတစ်တွေနဲ့ အကြွေးဝယ်ကတ်အတုတွေပွားပြီး လိမ်စားနေ သူငယ်ချင်းအဖွဲ့ပေါ့။ တစ်နေ့ကျ ရိတ်ဆီနဲ့ ရာဖာတို့ လူချမ်းသာတစ်ယောက်ကို ဓားပြတိုက်ပြီး သူ့ကတ်တွေကို ယူလာခဲ့တယ်။ အဲဒီမှာပဲ ကပ်ဆိုးကြီးကျလာတော့တာပဲ။ သူတို့ဓားပြတိုက်သွားတဲ့ ဟယ်ရီရဲ့သူဌေး မာဆယ်က ဆမ်တို့ကောင်လေး လေးယောက်ကိုဖမ်းပြီး သူ့ကိုပိုက်ဆံတွေ မတရားအကြွေးဆပ်ခိုင်းတော့ တာပါပဲ။ အကြွေးအပြင် အတိုးတွေပါ တစ်သက်လုံးဆပ်ရမယ်ပြောတော့ အကုန်လုံးကြေအောင် နှစ်ပတ်အတွင်း ဒေါ်လာနှစ်သန်းဆပ်ဖို့ ဆမ်သဘော တူလိုက်ရတယ်။ အဲဒီမှာပဲ သူတို့အဖွဲ့ ဘယ်လိုတွေ ပလက်စတစ်တွေနဲ့ ကတ်အတုလုပ် ငွေရှာရမလဲဆိုတာ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက် လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin, May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.6 GB) / (637 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 42Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Thwal Htoo Zin, May Thet Khine Soe Encoder……….SWM

6 2014
Plastic
Always – Sunset on Third Street
7.7

Always: Sunset on Third Street (2005) ~ IMDb – 7.7/10, RT – 90%, MyDramaList – 7.9/10 ~ ~~~~~~~~~~~~~~~~~~~~ ဓား ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။ ~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ – ၂၀၁၅) ~~~~~~~~~~~~~~~~~~~~ Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ၀ပ်ရှော့လေးကိုထောင်ထားတယ်။ Fictional Founder ပါပဲ။ အပြင်က တကယ့်ဆူဇီးကီးကတော့ ရုပ်ရှင်ထဲက ဆူဇူကီး၀ပ်ရှော့အဆင့်ပဲရှိသေးတဲ့ 1958 လောက်မှာ ကားကုမ္ပဏီကို ထောင်ပြီးနေပြီ။ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတာချင်းတော့တူတယ်။ ဂျပန်ရဲ့ Image ကိုဖော်ပြချင်လို့ ဂျပန်ရဲ့နာမည်ကျော် ဆူဇူကီးကုမ္ပဏီရဲ့ ဇာစ်မြစ်ဆန်ဆန်ဇာတ်ကောင်ကို ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။ ဇာတ်ကောင်ရဲ့ ဒေါသထိန်းမရတဲ့စရိုက်အပါအဝင် မတော်မတည့်စရိုက်အချို့ကြောင့် မူလလူနဲ့ကွဲလွဲအောင် ဖန်တီးပေးထားတာဖြစ်မယ်။ ဆူဇူကီးအိမ် မျက်စောင်းထိုးမှာက ဂျပန်ရဲ့အမြင့်ဆုံးစာပေဆုဖြစ်တဲ့ အခုတဂဝစာပေဆုရဖို့ကြိုးစားရင်း ဖြစ်မလာဘဲ ကလေးစာပေတွေပဲ ရေးနေရတဲ့ စာရေးဆရာ နေတယ်။ ဒီဇာတ်လမ်းမှာ သူက Emotional အဖြစ်ဆုံးဇာတ်ကောင်။ စားဖို့အနိုင်နိုင်ဘဝမှာ သူများကလေးကို အိမ်ခေါ်တင်ထားပြီး ဂေးရှားမယ်ကလေးကို ချစ်မိခဲ့တဲ့ ခပ်ညံ့ညံ့စာရေးဆရာပေါ့။ နောက်ဇာတ်ကောင်က အကြွေးတွေဆပ်ဖို့ ဂေးရှားမယ်လုပ်ခဲ့ပြီး ရပ်ကွက်ထဲ အရက်ဆိုင်လာဖွင့်ထားတဲ့ မိန်းကလေး။ နောက်တစ်ယောက်က ရွာကနေ ဆူဇူကီးကားကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့ ကောင်မလေး။ စစ်အတွင်းမှာ သူ့ဇနီးနဲ့ သားသမီးကိုဆုံးရှုံးလိုက်ရတဲ့ ရပ်ကွက်ဆရာ၀န်။ ဇာတ်လမ်းကတော့ သူတို့ အပါအဝင် သူတို့မိသားစုတွေရဲ့ ငိုစရာ ရယ်စရာ ဘဝအကြောင်းလေးတွေပါပဲ။ ဇာတ်ကောင်တွေ ဇာတ်အိမ်တွေရဲ့ ချစ်ဖို့ကောင်းချက်ကတော့ ကြည့်နေရင်း ပြုံးမိခဲ့တာ ခဏခဏကိုပါပဲ။ ဇာတ်ကောင်တိုင်းဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျွန်တော်တို့ဘ၀ထဲက လူတွေ သို့မဟုတ် ကျွန်တော်တို့ကိုယ်တိုင်နဲ့ ဆင်တူနေတယ်။ ဒါကြောင့်ပဲ ဇာတ်ကောင်တွေရဲ့ စိတ်ထဲကို လွယ်လွယ်ကူကူနဲ့ ၀င်ရောက်နိုင်ခဲ့တယ်။ တစ်ဖက်ကကြည့်ရင် ဇာတ်လမ်းဟာပေါ့ပါးပေမဲ့ တစ်ဖက်ကကြည့်တော့လည်း နည်းနည်းလေးနက်တယ်။ သူ့အငွေ့အသက်က ဂျပန်စာပေရဲ့ အငွေ့အသက်တော့ မကင်းဘူး။ ဖတ်ဖူးတဲ့ ဂျပန် ဘာသာပြန်စာအုပ်တစ်ချို့မှာ နှောင်းခေတ်အတော်ကြာအောင် ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကိုခံနေရတုန်းဆိုတာ ပေါ်လွင်အောင် ထည့်သွင်း ရေးသားထားတတ်ကြတယ်။ ဒီရုပ်ရှင်က ဇာတ်ကောင်တစ်ချို့ကလည်း ဒီအခြေအနေကိုပုံဖော်ထားတယ်။ ရပ်ကွက်ဆရာဝန်ဆို စစ်အတွင်းက သူ့ဇနီးနဲ့သမီးကိုဆုံးရှုံးထားပြီး ၁၃နှစ်ကြာတဲ့အထိ စိတ်ဝေဒနာ ဖြစ်နေတုန်းပဲ။ ဆူဇူကီးဆိုလည်း စကားပြောရင် စစ်ပွဲအကြောင်း မပါမဖြစ်ပြောတတ်တယ်။ စစ်အတွင်းမှာကျဆုံးခဲ့တဲ့ သူ့ရဲဘော်တွေအတွက် လိပ်ပြာမလုံတဲ့စိတ်ကို ခံစားနေရတုန်းပဲ။ နောက် ဂျပန်ဆိုတာကို ထင်ဟပ်စေတဲ့ အရာတစ်ချို့လည်း သုံးထားတယ်။ ရုပ်ရှင်တစ်ကားကနေ ဘာမက်ဆေ့ရပါတယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ ပြောလိုက်ရင်လည်း သူ့အနုပညာကို စော်ကားလိုက်သလိုပဲ။ Always က ပေးနိုင်တဲ့အရာဟာ နေဝင်ချိန်တစ်ခုပါပဲ။ ဘာလို့နေဝင်ချိန်လဲဆိုရင်… အားလုံးမှာအဆင်မပြေဖြစ်ခဲ့ကြတဲ့ နေ့တို့တွေ ရှိခဲ့ဖူးမှာပဲ။ မအောင်မြင်ခဲ့ကြတဲ့… တစ်စုံတစ်ရာကို ဆုံးရှုံးခဲ့ကြတဲ့… မျှော်လင့်ချက်မဲ့နေ့တို့တွေ ရှိခဲ့ဖူးမှာပဲ။ မီးဖိုထဲက အရည်ပျော်ပြီး ပြန်လာရတဲ့နေ့တွေရဲ့ အဆုံးမှာ နေဝင်ချိန်လေးတစ်ခုကို တစ်ခါတလေတော့လည်း ငေးမောဖူးမှာပေါ့။ မလှပခဲ့တဲ့နေ့ရက်တွေရဲ့ လှပတဲ့နေဝင်ချိန်ကလေးတစ်ခုဟာ မနက်ဖြန်ဟာတော့ လှပဦးမှာပါလို့ မျှော်လင့်ချက်ရှိစေခဲ့တယ်။ စိတ်ပျက်လက်ပျက်နေ့တွေကို ကြုံပြီးတဲ့အခါ ဆည်းဆာလှတတ်တဲ့ ညနေခင်းတွေဆို တိမ်တွေကို မြင်ရတဲ့ လက်ဖက်ရည်ဆိုင်ကလေးရဲ့ တစ်ထောင့်မှာ သောက်ရတဲ့ ချိုစိမ့်တစ်ခွက်ရဲ့အရသာဟာ ဒီကမ္ဘာမှာ ကျွန်တော်အသက်ပြင်းခဲ့ရတဲ့ အကြောင်းတရားတစ်ရံပေါ့။ ဒီထက်ပိုတဲ့အရာတွေလည်း ရှိကောင်းရှိလိမ့်မယ်။ ဒီတစ်ခုကတော့ ပိုသေချာတယ်လို့ ကျွန်တော်ယုံတယ်။ ကံဟာ ဘယ်တော့မှ ထင်တိုင်းမဖြစ်ခဲ့ရင်တောင် အနည်းဆုံးအားဖြင့် ဆွဲယူသွားလို့မရနိုင်တဲ့အရာပေါ့။ အဲဒီနေ၀င်ချိန်တွေဟာ အမြဲတမ်းလှပနေဦးမှာပဲ။ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့နေပါစေ မနက်ဖြန်တွေဟာလည်း အမြဲတမ်းဆက်ရှိနေဦးမယ်။ ဒီရုပ်ရှင်ဟာ ရှေ့ဆက်ရဦးမယ့် မနက်ဖြန်များမှာ အမြဲတမ်းရှိနေဦးမယ့် နေ၀င်ချိန်တွေအကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 2H 13Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.7 2005 133 mins
Always – Sunset on Third Street
SAS: Red Notice
5.5

SAS အဖွဲ့ဝင်ဟောင်း Andy McNab ရဲ့ရောင်းအားအကောင်းဆုံး ဝတ္တုကိုအခြေခံပြီး ဒါရိုက်တာ Magnus Martens က ရိုက်ကူးပေးထားပါတယ်။ ဗြိတိန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ SAS: Red Notice မှာ Sam Heughan ၊ Ruby Rose နဲ့ Hannah John-Kamen တို့ပါဝင်သရုပ်ဆောင်ထားပြီး အရေးပေါ်စစ်ဆင်ရေးတစ်ခုကို လက်တွေ့ဆန်ဆန်ပုံဖော် ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဗြိတိန် SAS အထူးအဖွဲ့ဝင်တွမ်ဘက်ကင်ဟမ်ဟာ ဒေါက်တာမလေးဆိုဖီဟာ့တ်ကို လက်ထပ်ခွင့်တောင်းဖို့ လန်ဒန်ကနေ ပါရီကိုရထားနဲ့အသွား ဂရေ့စ်လူးဝစ္စ ခေါင်းဆောင်တဲ့ စစ်ရာဇဝတ်သားတွေဖြစ်တဲ့ငန်းမည်းအဖွဲ့က ချန်နယ်တန်နယ်ဥမင်တစ်နေရာအရောက်မှာ ရထားကို ပြန်ပေးဆွဲလိုက်ပါတယ်။ ဂရေ့စ်က သူတောင်းဆိုတဲ့ ပြန်ရွေးငွေကိုသာမပေးရင် ဗြိတိန်အစိုးရရဲ့ညစ်ညမ်းတဲ့ လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး ဥမင်ကိုပါဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီအချိန်မှာ ရထားပေါ်မှာလိုက်ပါ လာတဲ့တွမ်က လက်နက်နဲ့လူအင်အားမပါဘဲ ချစ်သူဆိုဖီနဲ့ ခရီးသည်တွေကိုကယ်တင်နိုင်အောင် ကြိုးပမ်းရပါတော့တယ်။ File size…2.07GB / 995MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
5.5 2021
SAS: Red Notice
Yevam
7.2

Yevam (2024) ဆယ်လီမုဆိုး IMDb-8.5/10 ဆယ်လီတစ်ယောက်နာမည်ကြားရုံနဲ့ အရူးအမူးသည်းသည်းလှုပ်ပြီး ဘာမဆိုလုပ်ပေးဖို့အဆင်သင့်ဖြစ်နေပြီး ဆယ်လီတွေကိုမှ‌ အရူးအမူးချစ်တတ်တဲ့ကောင်မလေးတွေကိုပဲ ရွေးပြီးထောင်ချောင်ဆင်တတ်တဲ့ ဆယ်လီမုဆိုးယူဂန်ဒါ။ ဆယ်လီမုဆိုးမှာလည်း အတိတ်ကထရော်မာတစ်ခုရှိနေခဲ့တယ် ။ သိပ်လှတဲ့ဇနီးဖြစ်သူက သူ့အလှအပတွေက သူ့ထက်သာတဲ့ ဆယ်လီမင်းသားနာမည်ကြီးတွေနဲ့မှ ထိုက်တန်တယ်ဆိုပြီး တက်သစ်စမင်းသားတစ်လက်နဲ့ဖောက်ပြန်သွားခဲ့တယ် ။ အတိတ်က မကောင်းတဲ့မိန်းမတစ်ယောက်ကြောင့် လက်ရှိမှာ မိန်းမပေါင်းများစွာ ထောင်ချောက်ဆင်ဒုက္ခပေးနေတဲ့ ယူဂန်ဒါကို ပညာပေးဆုံးမသွား‌မဲ့သူကလည်း စောမြဆိုတဲ့ရဲမေလေးတစ်ယောက်။ စောမြဆိုတာက ရဲမေအလုပ်ကိုဝါသနာကြီးလွန်းလို့သာလုပ်နေပေမဲ့ မိသားစုပတ်ဝန်းကျင်ကလည်း ဝေဖန်ပြစ်တင်ကြသလို စခန်းတွင်းမှာလည်း မကြိုဆိုကြဘဲ ရဲဋ္ဌာနကိုစဝင်တဲ့နေ့မှာပဲ ဖိုင်အပုံလိုက်ကြားမှာ စာရွက်စာတမ်းတွေ ခွဲစီရတဲ့နေရာကိုတန်းရောက်သွားတယ်။ တခြားမိန်းကလေးတွေရဲ့ ပြဿနာထက် သူ့ကိုယ်ပိုင်ပြဿနာတွေက ပထမဆုံးအတားအဆီးဖြစ်နေတဲ့ စောမြတစ်ယောက် အချိန်တိုအတွင်း ဘယ်လိုဖြေရှင်းသွားမလဲ ယူဂန်ဒါဆိုတဲ့ ဆယ်လီမုဆိုးကရော အဲဒီလောက်ရိုးရှင်းပြီး ဖမ်းရလွယ်ကူနေပါ့မလား ထရော်မာတစ်ခုကြောင့် တရားခံဖြစ်လာသူနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင်ထုဆစ်လာတဲ့ရဲမေတို့ ဘယ်လိုဆုံတွေ့ အားပြိုင်ကြမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်

7.2 2024
Yevam
Scooped
5.9

ဇာတ်လမ်းအကျဉ်းလေးကတော့ ရပ်ကွက်ထဲက ကလေးတစ်သိုက် နဲ့ ရေခဲမုန့်သည်တို့ရဲ့ အကြောင်းပဲဖြစ်ပါတယ် ကလေးတစ်သိုက်ဟာ ရေခဲမုန့်စားချင်လို့ ရေခဲမုန့်လာဝယ်ရာကနေ ဇာတ်လမ်းစတာပါပဲ ရေခဲမုန့်စားချင်တဲ့ ကလေးတစ်သိုက်ကို ရေခဲမုန့်သည်ကလည်း သဘောကောင်းစွာနဲ့ပဲ သုံးရက်ဆက်တိုက် “ရေခဲမုန့်မရှိတော့ဘူး ရောင်းလို့ကုန်သွားပြီ “ လို့ ပြောပြီး တမင်သက်သက်မရောင်းပေးပါဘူး အဲ့သလိုသုံးရက်ဆက်တိုက် အညစ်ခံရတဲ့အခါမှာ ကလေးတစ်သိုက်ဟာ ရေခဲမုန့်သည်ကို သံသယစဝင်လာပါတော့တယ် သံသယမီးပွားလေးကနေစပြီး တစ်ဖက်ကရေခဲမုန့်သည်တို့ရဲ့ လျှို့ဝှက် အကြံအစည်ကြီးကို ကလေးတို့သဘာဝပီပီ စပ်စုနောက်ယောင်ခံရာကနေစပြီး သိလာတဲ့အခါမှာ ဘယ်လိုမျိုးတားဆီးသွားမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yamone

5.9 2024
Scooped
Family of Two (A Mother and Son’s Story)
6.7

ဖိလစ်ပိုင် Drama ကားဖြစ်တဲ့ Family of Two ( A Mother and Son Story) ကတော့ ငယ်ငယ်ကတည်းက ဖခင်ဆုံးပါးသွားတာကြောင့် အမေတစ်ခုသားတစ်ခုနေလာခဲ့ကြတဲ့ သိပ်ချစ်ကြတဲ့သားအမိနှစ်ယောက်အကြောင်း ရိုက်ကူးပြထား ဖြစ်ပါတယ်။ အမေဖြစ်တဲ့မာရီကာက အလုပ်မျိုးစုံလုပ်ပြီး သား​ဖြစ်တဲ့မတ်တီကို တစ်ယောက်တည်းပြုစုပျိုးထောင်ပေးခဲ့တဲ့ ခေတ်မီတဲ့အမြင်ရှိတဲ့ မိခင်တစ်ယောက်ပါ။ မတ်တီကို အစစအရာရာနားလည်မှုပေးနိုင်ခဲ့ပြီး ချွေးမကိုလည်း နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့ပါတယ်။ တစ်ရက်မှာတော့ မတ်တီက အောင်မြင်မှုလမ်းကြောင်းအတွက် စင်ကာပူမှာအလုပ်သွားလုပ်ရဖို့ဖြစ်လာခဲ့ပါတယ်။ အားလုံးနားလည်ပေးနိုင်ပေမယ့် မတ်တီနဲ့မခွဲနိုင်တဲ့အမေ့ကို ဝမ်းနည်းစွာနေရစ်ခဲ့ရမှာစိုးတာကြောင့် မတ်တီက နောက်အိမ်ထောင် ပြုခိုင်းဖို့စီစဥ်ပါတော့တယ်။ ဒါပေမဲ့ မတ်တီရဲ့လုပ်ရပ်ကြောင့် မာရီကာဟာ ဒေါသအကြီးအကျယ်ထွက်ပြီး သိပ်ချစ်ကြတဲ့ သားအမိနှစ်ယောက်ပြဿနာတက်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ မာရီကာတစ်ယောက် မတ်တီရဲ့ကောင်းတဲ့ရည်ရွယ်ချက်ကို လက်ခံပေးခဲ့ပါတယ်။ နှစ်ပေါင်းများစွာသားဖြစ်သူရဲ့ကမ္ဘာထဲမှာ အချိန်ပြည့်လည်ပတ်နေခဲ့တဲ့ မိခင်တစ်ယောက်အတွက် ကိုယ်ကိုယ်တိုင်ရဲ့ဘဝအဓိပ္ပါယ်ကို ပြန်လည်ရှာဖွေခဲ့ရပုံကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ File size… (1.78GB) / (906MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2023 101 mins
Family of Two (A Mother and Son’s Story)
10 Days of a Curious Man
5.8

2023တုန်းက ထွက်ရှိခဲ့တဲ့ 10 Days of a Good Man နဲ့ 10 Days of a Bad Man တို့ရဲ့ sequel ရုပ်ရှင်ကားကိုတင်ဆက် ပေးလိုက်ချင်ပါတယ်။ အရှေ့နှစ်ကားရဲ့ ဖြစ်ရပ်တွေအပြီးမှာတော့ ဆာဒစ်ဟာ ဘဲလက်ဆိုတဲ့မြို့လေးမှာ တစ်ကိုယ်တည်း အေးအေးဆေးဆေး စာလေးတွေရေးရင်း နေထိုင်နေပုံကနေ ဇာတ်လမ်းကိုစတင် ထားပါတယ်။ ရှေ့မှာသူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို စာမူရေးပြီး ပုံနှိပ်တိုက်‌ တွေကို ပေးပို့ခဲ့ပေမဲ့ အယ်ဒီတာဘက်ကသဘောမကျဘူးပေါ့လေ။ ဒီလိုနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခု ရေးမယ်ဆိုပြီး အကြံ ထုတ်နေတုန်း ဆာဒစ်ရဲ့ အိမ်ရှေ့နားမှာ ကြောင်လေးတွေကို အစာလာကျွေးနေကျအဘွားကြီးက အစာလာမကျွေးတော့တာကို သတိထားမိသွားပါတယ်။ အဘွားကြီး ဘာလို့မလာတော့လဲဆိုတာကို သွားစုံစမ်းရင်း ‌ကြောင်စာတွေထောက်ပံ့နေကျဖြစ်တဲ့ မူတဲနာဆိုတဲ့ ကောင်မလေးရဲ့ပျောက်ဆုံးမှုကိုသိလိုက်ရပါတယ်။ တစ်ဖက်မှာလည်း ရပ်ကွက်ထဲမှာ အိမ်တွေကိုမီးလိုက်ရှို့နေတဲ့ လူတစ်စုလည်းရှိနေပြန်ပါသေးတယ်။ ဒီလိုနဲ့ စာမူရေးဖို့ ဇာတ်အိမ် ကုန်ကြမ်းရှာနေတဲ့ ဆာဒစ်တစ်ယောက် မူတဲနာဆိုတဲ့ကောင်မလေးရဲ့ ပျောက်ဆုံးမှုကို စတင်စုံစမ်းပါတော့တယ်။ Crime/mystery အမျိုးအစားဖြစ်တာကြောင့် မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းချိတ်ဆက်ပုံတွေကို ကောင်းကောင်းကြီးကြည့်ရှုရမှာပါ။ လူကောင်းရော လူဆိုးပါဖြစ်ခဲ့ပြီးတဲ့ ဆာဒစ်တစ်ယောက် လူပျောက်မှုကို စပ်စုမိတဲ့အခါမှာတော့ ဘာတွေဖြစ်ဦးမလဲဆိုတာ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… (1.89GB) / (979MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2024
10 Days of a Curious Man
Sunny Sisters
5.8

ဒီတစ်​ခါမှာ CMကနေ ထပ်မံပြီးတော့ ကိုရီးယားကား ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းလေးကတော့…. ကျန်းလီကျွင်းဟာ လက်ထပ်ပြီးသမီးတစ်ယောက်နဲ့ အိမ်ထောင်မှုတွေကြားမှာ ပိတ်မိနေတဲ့ မိန်းမတစ်ယောက်ပါ တစ်နေ့ သူ့အမေဆေးရုံတတ်ရတာကို သွားကြည့်ရင်း အထက်တန်းဘဝက ညီအစ်မတွေလို ရင်းနှီးတဲ့ လင်ချင်တစ်ယောက် ကင်ဆာဖြစ်ပြီးဆေးရုံတတ်နေရတာကို သိလိုက်ရပါတယ် လင်ချင်ဟာ အထက်တန်းတုန်းက sunny sisters အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျန်းလီကျွင်းအပါအဝင်အဖွဲ့သားခြောက်ယောက်နဲ့ အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေပါ ဒါပေမဲ့ သူတို့တွေ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားပြီး နှစ်လပဲ အသက်ရှင်ရတော့မယ့် လင်ချင်အတွက် အဖွဲ့ဝင်ငါးယောက်ကို ကျန်းလီကျွင်းတစ်ယောက် ရှာပုံတော်ဖွင့်မဲ့ ပုံစံလေးနဲ့ ဇာတ်လမ်းလေးကို အစချီထားတာပါ သူတို့ရဲ့ ငယ်ဘဝတွေကိုလည်း တဖြည်းဖြည်းချင်းပြန်လည်ပြသထားတာဖြစ်တဲ့အတွက် ဒီကားလေးထဲမှာ ငယ်စဉ်အထက်တန်းဘဝက သူတို့တစ်တွေ အရူးထခဲ့ ပျော်ရွှင်ခဲ့ရတာတွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီခဲ့တာတွေ စတဲ့ သူတို့ကြားက ဖြူစင်တဲ့ သံယောဇဉ်လေးတွေကို ကြည်နူး နွေးထွေးဖွယ် ဆက်လက် ကြည့်ရှုကြကြရမှာဖြစ်ပါတယ်

Romance • Drama • Action
5.8 2021
Sunny Sisters
Miss Agent
5.6

ဒီကားကတော့ ၈လပိုင်း၂၀၂၀မှာထွက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်.. မိန်းကလေးလျို့ဝှက်အေးဂျင့်ရဲ့ sexyဆန်ဆန်လှပစွာတိုက်ခိုက်မှုတွေကိုတွေ့မြင်ရမှာပါ အရှေ့တောင်အာရှဆိုတဲ့နယ်မြေမှာ ကိုယ်တွင်းအဂ်ါတွေကိုမှောင်ခိုရောင်းချနေတဲ့ Mဂိုဏ်းရဲ့ခေါင်းဆောင်ပါးစုန့်ဟာ သူ့ရဲ့ပါတနာတွေနဲ့ လမ်းကြောင်းအသစ်တွေအတွက်ဆွေးနွေးပွဲလုပ်နေချိန်မှာ ATOအဖွဲ့ရဲ့ လျို့ဝှက်အေးဂျင့်ဖြစ်တဲ့ ယာမိန်ဦးဆောင်တဲ့အဖွဲ့ဟာ ပါးစုန်ကိုဖမ်းဖို့ အပျော်မယ်အသွင်နဲ့ရောက်လာပါတယ်… ဒီလိုနဲ့ဗုံးပေါက်ကွဲမှုဖြစ်ပေါပြီးယာမိန်မသေခဲ့ပဲ သာမန်လူဘဝနဲ့ ချစ်သူဖန်းလိနဲ့အတူ ဇာတ်မြှုပ်ကာ ဘဝကိုဖြတ်သန်းနေပါတယ်…တစ်နေ့မှာ ယာမိန်ရဲ့ဘဝမှန်ကိုသိတဲ့သူတစ်ယောက်က ဖန်းလိကိုပြန်ပေးဆွဲပြီး Mဂိုဏ်းက လူတွေကိုသတ်ပေးဖို့ကမ်းလှမ်းပါတော့တယ်… ယာမိန်က ဖန်းလိကိုကယ်တင်နိုင်ပါ့မလား….ဘယ်လိုအန္တရာယ်တွေကသူ့ကိုစောင့်ကြိုနေမှာလဲ… ဇာတ်လမ်းတစ်ခုလုံးကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ

Drama • Horror • Thriller
5.6 2020
Miss Agent
Teach Her

Teach Her (2024)”ဝင်္ဂဘာ” ======================= 2024 က ထွက်ရှိခဲ့တဲ့ အင်ဒီး ဒရာမာရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အက်ဒီဟာ အင်္ဂလိပ်စာအဓိကနဲ့ စီးပွားရေးမေဂျာယူထားတဲ့ ကျောင်းသားတစ်ယောက်ပါ။ သူဟာ ပွေရှုပ်သူတစ်ယောက်မဟုတ်ပေမဲ့ သူ့အဖေရဲ့ ရည်းစားနဲ့ ငြိစွန်းဖူးသူဖြစ်ပါတယ်။ သူ့အဖေ အဲဒီရည်းစားနဲ့ပြတ်သွားပြီး နှစ်တွေကြာတဲ့အချိန်မှာ အက်ဒီတစ်ယောက် အဲဒီ သူ့အဖေရည်းစားဟောင်းရဲ့သမီးကို ချစ်မိသွားပြီး ရှိတ်စပီးယားဆန်ဆန် သုံးပွင့်ဆိုင်ဇာတ်လမ်းဖြစ်လာပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့CM Team ပါ။)

Drama • War • History
0 2024
Teach Her