YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

R.U.Next.S01E02.720p.CM.mp4

615.19 MB N/A video/mp4 169 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
Where the Wild Things Are
6.5

ကလေးဘဝဆိုတာ ၊ လူ့ဘဝရဲ့ နိဗ္ဗာန်ဘုံတဲ့။ ပြီးတော့ ကလေးဘဝဆိုတာ အပူပင်ကင်းတယ်လို့လဲ ပြောကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်ရဲ့လား။ ဒီယူဆချက်‌တွေဟာ broken familyတွေ၊ family issue တွေများတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အတွက်တော့ မှန်မယ် မထင်ပါဘူး။ မိသားစုတစ်စု ပြိုကွဲသွားတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ကလေးလေးတွေဟာ ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။ ကလေးသဘာဝ စိတ်ခံစားချက်တွေကို ထုတ်မပြောပြတတ်ကြပေမယ့်၊ အတွင်းစိတ်မှာ‌တော့ စိတ်ဒဏ်ရာတွေ ရနေတတ်ပါတယ်။ ဒီဇာတ်ကားမှာတော့ broken familyတစ်ခုက မက်စ်ဆိုတဲ့ ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို အပီပြင်ဆုံး အထိမိဆုံးနဲ့ အနုပညာမြောက်အောင် ပညာသားပါပါ ပုံဖော်ရိုက်ကူးထားပါတယ်။ မြင်နေကျ မဲပြာပုဆိုး family drama အကွက်တွေ တစ်ကွက်မှမပါပဲနဲ့ ဒီဇာတ်ကားလေးက သင့်ကို မျက်ရည်ဝဲအောင် လုပ်ပြပါလိမ့်မယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း တင်ဆက်ပုံကလဲ တခြား ရုပ်ရှင် အများစုနဲ့မတူပဲ ထူးခြား ကွဲထွက်ပြီး ကြည့်ပြီးတာနဲ့ တစ်သက်မမေ့မယ့် ကားမျိုးဖြစ်တာမို့ ကျွန်တော်ကတော့ highly recommendပါ။ မင်းသားကြီး Tom Hanksကိုယ်တိုင် producerအနေနဲ့ပါဝင်ပြီး ဒေါ်လာ သန်း100 အကုန်ကျခံ ရိုက်ကူးထားပါတယ်။ ဒါရိုက်တာကလဲ ဒီလို တမူထူးခြားတဲ့ ကားတွေကို ရိုက်တတ်တဲ့ Spike Jonzeပါ။ သူ့ကိုတော့ Her(2013) ကားနဲ့ အများစု သိကြမှာပါ။ ငွေကြေးအရ အမြတ်သိပ်မထွက်ခဲ့ပေမယ့် အနုပညာပိုင်းအရ အတော်လေး အောင်မြင်ခဲ့ပြီး ၂၀၀၉ခုနှစ်ရဲ့ အကောင်းဆုံ း ရုပ်ရှင်တွေစာရင်းတွေမှာ အမြဲ top 10က ပါလေ့ရှိတဲ့ ရုပ်ရှင်ပါ။ ကလေးဖတ် ရုပ်ပြစာအုပ်ကို အခြေခံပြီး ရိုက်ထားတာဖြစ်ပေမယ့် ၊ ကလေး လူကြီးမရွေး ကြည့်လို့ အဆင်ပြေပါတယ်။ တကယ်လို့သာ သင်ဟာ broken family တစ်ခုမှာ ကြီးပြင်းခဲ့တဲ့ကလေး ဒါမှမဟုတ် ကိုယ်တိုင်က အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘမျိုး ဖြစ်နေခဲ့ရင်တော့ ဒီဇာတ်ကားလေးကို သေသေချာချာ အချိန်ယူပြီး အနည်းဆုံး နှစ်ခေါက်လောက် ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုပေးထားတာကတော့ Kaung Khant Winဖြစ်ပါတယ်။ File size…1.57GB /750MB Quality…1080pBluRay AAC5.1CH / 720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Kaung Khant Win

Thriller
6.5 2009 101 mins
Where the Wild Things Are
Bones of Crows
7.9

Bones of Corws (2022) (RT 94% , IMDb 6.6 ) ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။ တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအထိ လုပ်ဆောင်ခဲ့ကြပြီး ဒါမျိုးဟာ တစ်ကျောင်း နှစ်ကျောင်း မဟုတ် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တာပါ။ ဒီထက်ပိုဆိုးတာကတော့ အဆောင်နေကျောင်းစနစ်‌ေကြာင့် ကလေးငယ်ပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် Genocide လို့ ခေါင်းစဉ်တပ်ရလောက်တဲ့ထိကို ဖြစ်ပျက်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အယ်လင်းဟာ အဓိကဇာတ်ကောင်ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ တစ်ဘဝစာခွဲခြားနှိမ့်ချမှုများကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ အမှန်တရားဟာ တနေ့‌ေန့တချိန်ချိန်မှာ ပေါ်ထွန်းအောင်မြင်စမြဲပါ... ကနေဒါက အင်ဒီးယန်းလူမျိုးစုတွေကရော အဆောင်နေကျောင်းစနစ်ကြီးက ပေါ်ပေါက်လာတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာသိအောင် ဘယ်လိုလုပ်ခဲ့လဲ... ဖိနှိပ်ခံ တိုင်းရင်းသားတွေဟာ လက်တွေ့ဘဝမှာ ဘယ်လောက်ဆိုးရွားစွာ ခါးစည်းခံခဲ့ကြရသလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်

Crime • Documentary
7.9 2023 122 mins
Bones of Crows
Stories Not to be Told
6.2

Stories not to be told (2023) ကျွန်မတို့တွေဟာ ဘ၀ရဲ့တစ်ထောင့်တစ်ကွေ့မှာ မရည်ရွယ်ပေမယ့်လည်း အမှားသေးသေးကစလို့ ကြီးကြီးမားမားတွေထိ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ရှက်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှလည်းမသိစေချင်၊ ကိုယ်တိုင်လည်းလုံး၀မေ့ပစ်ချင်ပေမယ့် ညအိပ်ခါနီးစိတ်ထဲပြန်ပြန်ပေါ်လာတတ်ပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ အဖြစ်အပျက်မျိုးတွေကို Stories not to be told လို့ခေါ်တဲ့ ဒီစပိန်ရုပ်ရှင်မှာ အသားပေးတင်ဆက်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့လူအမျိုးမျိုးရဲ့ မတူညီတဲ့ဇာတ်လမ်းငါးခုက လူတွေရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပုံကို သရော်ထားပြီး သူ့နေရာမှာကိုယ်သာဆိုရင်ရော ဆိုတဲ့ စာနာစိတ်ကိုပါဖြစ်စေအောင် ရိုက်ပြထားနိုင်တာမို့ တကယ်ကို ခံစားကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Jane ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Comedy Quality…. 1080p | 720p File size… 1.4GB | 694MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Jane Encoder ….. Aaron

Drama • Adventure • Fantasy • TV Movie
6.2 2023 100 mins
Stories Not to be Told
Aloha Heart
6

“Island time” “ကျွန်းအချိန်” ဆိုတာက ဟာဝိုင်ယီကျွန်းသူကျွန်းသားတွေရဲ့ လက်သုံးစကားပါ။ အဓိပ္ပာယ်ကတော့ ကျန်တာတွေအကုန်မေ့ထားပြီး စိတ်အပန်းဖြေတဲ့အချိန်ဆိုတဲ့ သဘောမျိုးသုံးတာပါ။ ဒီကားလေးထဲ ဒီအသုံးအနှုန်းကို ထပ်ခါထပ်ခါမြင်ရပါမယ်နော်။ ဒီဇာတ်လမ်းလေးက ဟာဝိုင်ယီကျွန်းပေါ်မှာ ဇာတ်အိမ်တည်ထားတာပါ။ ဆယ်ရာဆိုတဲ့ ဂေဟဗေဒပညာရှင် အလုပ်ကြမ်းပိုးလေး ဆယ်ရာက အချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ ဟာဝိုင်ယီကျွန်းပေါ်က မင်္ဂလာပွဲအတွက် ခွင့်ရက်ယူပြီး ခရီးထွက်ခဲ့ရာက သူတို့တည်းတဲ့ အပန်းဖြေစခန်းက မန်နေဂျာဖြစ်ခါစ မာနူနဲ့ သွားတွေ့ပါတော့တယ်။ အပန်းဖြေစခန်းမှာ စီစဉ်ထားတဲ့ပုံတွေက ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမရောက်လို့ အလုပ်နဲ့ပတ်သက်နေရင် မနေနိုင်မထိုင်နိုင်ဖြစ်တဲ့ ဆယ်ရာက မာနူကို အမေးသွားထူပါတော့တယ်။ အဲကနေစပြီး သူတို့နှစ်ဦးရဲ့ ကြုံလာရတဲ့ပြဿနာတွေကို ဖြေရှင်းပုံတွေ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီရင်း သံယောဇဉ်တွယ်သွားပုံလေးတွေကို ဟာဝိုင်ယီကျွန်းရဲ့ ဓလေ့တွေ သဘာဝအလှတွေနဲ့ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်ရှင်။ File size…2.45GB / 1.09GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 23m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

6 2023
Aloha Heart
Miss Meadows
5.8

Miss Meadows(2014) IMDb rating- 5.8 ဇာတ်လမ်းအညွှန်း မယ်ရီမဲဒိုးစ်ဟာ ငယ်ရွယ်ပြီး ချစ်စရာလည်းကောင်း၊ယဉ်ကျေးမှုလည်းရှိတဲ့ အမျိုးသမီးလေးတစ်ယောက်ပါ။ အိမ်သေးသေးလေးမှာ တစ်ယောက်တည်းနေထိုင်ပြီး သူ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို သူ့အမေဆီ အမြဲဖုန်းဆက်ပြောပြတတ်ပါတယ်။ အခုကတော့ ပထမတန်းကလေးတွေအတွက် ယာယီဆရာမလေး လုပ်ပေးနေပါတယ်။ ဒီလိုအမျိုးသမီးလေးက အပြင်ပိုင်းမှာ တည်ငြိမ်ချစ်စရာကောင်းနေပေမယ့် သူ့ရဲ့တကယ့်သရုပ်မှန်ကိုတော့ ဘယ်သူမှမသိကြဘူးပါဘူး။ လူဆိုးတွေ၊ရာဇဝတ်ကောင်တွေ၊လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့သူတွေကို သတ်ပစ်တဲ့သူ (vigilant) တရားဘက်တော်သားအနေနဲ့ ရှင်သန်နေသူတစ်ဦးပါ။ လောကကြီးမှာ လူဆိုးတွေရှိနေလို့မဖြစ်ဘူးလို့ စိတ်သွင်းထားတဲ့သူ့အတွက် ဘယ်လိုအတိတ်ဆိုးတွေများ ရှိနေမလဲ။ ဒီလိုနဲ့ တစ်နေ့တော့ ရဲမှူးနဲ့မစ်မဲဒိုးစ်တို့နှစ်ဦးသား တွေ့ဆုံချစ်ကြိုက်ကြပါလေရော။ အဲဒီနောက် ဘာတွေဆက်ဖြစ်လာမလဲပေါ့။ ကိုယ်ပိုင်စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာလေးမှာ နေထိုင်နေတဲ့ မယ်ရီမဲဒိုးစ်လေးတစ်ယောက် လက်တွေ့လောကကြီးဆီ ရုန်းထွက်လာနိုင်မယ့်ပုံလေး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ လက်တွေ့လောကကြီးဆီ သူ တကယ်ပဲနီးစပ်လာနိုင်ခဲ့လား ဆိုတာကတော့ တွေးစရာလေးအဖြစ် ကျန်ရှိနေစေမယ့် ဇာတ်လမ်းမျိုးလေးပါ။ မစ်မဲဒိုးစ်အဖြစ် နာမည်ကြီးမင်းသမီးကြီး Kate Holmes က သရုပ်ဆောင်ထားပါတယ်။ ကလေးဆန်တဲ့ချစ်စရာအသွင်အပြင်လေးတွေ ညွှန်းပြစရာမလိုလောက်အောင် အပီအပြင်သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 2 GB / 844 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Drama
5.8 2014 88 mins
Miss Meadows
The Blob

1988 မှာထွက်ရှိခဲ့တဲ့ old but gold ဖြစ်တဲ့ body horror/sci-fi ကား တင်ဆက်ပေးလိုက်ပါတယ် သူ့ခေတ်သူ့အခါက practical effect တွေက ကြည့်လို့ကောင်းပြီး ငယ်ငယ်ကကြည့်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ ဖီလင်ကိုပါ ပေးစွမ်းနိုင်မဲ့ ဇာတ်လမ်းမျိုးပါ ဇာတ်လမ်းအကျဥ်းကတော့ တစ်ည မြို့လေးတစ်မြို့မှာ ဥက္ကာခဲတစ်ခဲ ကျလာခဲ့ပါတယ် ဒါကိုသွားစပ်စုတဲ့ အဘိုးကြီးတစ်ယောက်ကို “Blob”ဆိုတဲ့ ဇီဝပစ္စည်းတစ်ခု ကူးစက်သွားခဲ့ပြီးတော့တစ်မြို့လုံးကို ပျံ့သွားပါတယ် ဒါကို အဓိကဇာတ်ကောင် ဇိုးကျောင်းသားဖြစ်တဲ့ Brian နဲ့ Megg တို့နဲ့အတူ သူတို့မြို့လေးက ရဲတွေ ပြည်သူတွေပါ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ အကာအကွယ်ဝတ်စုံတွေနဲ့ အစိုးရလူတစ်စုက ကယ်ဖို့ ရောက်လာခဲ့ပြီး တစ်မြို့လုံးကိုလည်း Quarantine ချထားဖို့ အမိန့်ပေးထားခဲ့ပါတယ် သူတို့ squad က ကာနယ်ဖြစ်သူ ဒေါက်တာမယ်ဒိုးစ်က Blob ရဲ့ဇစ်မြစ်ကို ရှင်းပြပေမယ့် မယုံတဲ့ ဇိုးကျောင်းသား Brian က သူတို့ ကွာရန်တင်းကနေ ထွက်ပြေးပြီး အကောင်ကြီးရဲ့ ဇစ်မြစ်ကို သူ့ဘာသူ အဖြေရှာပါတော့တယ် File size…(2.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre..Science Fiction, Mystery, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 1988
The Blob
Brokeback Mountain
7.7

BrokeBack Mountain (2005) ===================== IMDb Rating – 7.7/10 Crouching Tiger, Hidden Dragon (2000)လို အနောက်နိုင်ငံတွေမှာ ရှေးဦးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ တရုတ်သိုင်းရုပ်ရှင်ရဲ့ ဒါရိုက်တာ…. Director … Ang Leeက ရိုက်ကူးပြီး သရုပ်ဆောင်အနုပညာမှာ မှော်ဝင် စားလွန်းတဲ့ လူလွန်မသားသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Hearth Ledger နဲ့ Jake Gyllanhaal တို့က Mian Castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Nominee 8ခုဝင်ထားပြီး အော်စကာသုံးခုရထားတဲ့ Ang Leeကို အော်စကာ ရစေခဲ့တဲ့ကားလည်း ဟုတ်ပါတယ်။ Homophobia တွေမနှစ်မြို့လောက်မယ့် LGBTကားဆိုတာ ကိုတော့ သတိချပ်စေချင်ပါတယ်။ ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ Hearth Ledgerနဲ့ Jake တို့ဟာ Homo တွေမဟုတ်ပေမယ့် Homoတွေရဲ့ခံစားချက်တို့ကို ကောင်းကောင်းကြီး ပြ သွားနိုင်ခဲ့သလို Real World က သူတို့ကြားက ရင်းနှီးမှုကြောင့်လည်း ဒီကား ဟာ ပိုအသက်ဝင်တယ် ဆိုကြပါတယ်။ ချစ်သူနဲ့လက်ထပ်ဖို့ စရိတ်စကရအောင် Brokebackတောင်ပေါ်မှာ အလုပ် လုပ်မယ့် Ennis Del Marနဲ့ အဖေနဲ့အတူလုပ်ရတာ အဆဲပဲခံနေရလို့ လာ လုပ်တဲ့ Jack Twistတို့ဟာ BrokeBack တောင်ကြီးပေါ်မှာ သိုးတွေကို စောင့်ရှောက်ဖို့ အတူတူအလုပ်လုပ်ဖြစ်ကြပါတယ်။ စကားနည်းလွန်းတဲ့ Ennisနဲ့ Jackတို့ဟာ အစမှာ ခပ်စိမ်းစိမ်းဖြစ်နေပေမဲ့လည်း သူ့ဘဝကိုယ့် ဘဝ အကြောင်းတွေပြောရင်း ရင်းနှီးလာကြတာပါပဲ။ BrokeBackတောင် ကြီးပေါ်မှာ လေတွေနှင်းတွေ ဝေတဲ့ ညတစ်ခုမှာတော့ ကမ္ဘာကြီးရဲ့ သဘာဝ ထဲက သမားရိုးကျမဟုတ်တဲ့ လိင်ဆက်ဆံမှုတစ်ခုကို ပြုမိမှားခဲ့ကြပါတယ်။ ထိုခေတ်ထိုကာလအရ လိင်တူချစ်သူတွေကို နှိပ်စက်သတ်တဲ့အထိပါလုပ် တတ်တာတွေကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးကြုံဖူးတာကြောင့် မိုက်ရူးရဲဆန် ဆန်ရှေ့ဆက်ဖို့ မဝံ့တဲ့ Ennisဟာ ဒီအမှားကို ခဏအမှားလို့ပဲ ဆုံးဖြတ်ခဲ့ပါသတဲ့။ လိင်တူတူ လိင်ကွဲကွဲ ခံစားချက်ရှိကြတဲ့ လူသားတွေပါပဲ ခံစားချက်တို့ ဘာသာ သဘာဝအတိုင်းပါပဲ.. တားမြစ်ထားရင် ပိုရုန်းတတ်ပါတယ်။ အချစ်နဲ့ ပက်သက် ကြလို့ဖြင့် မှန်ရာမြင်နိုင်ပါတဲ့ လူတွေကို ကျွန်တော် သိပ်မတွေ့ခဲ့ဖူးပါဘူး။ မိန်းမတွေ ကလေးတွေရပြီးပေမဲ့ ခံစားချက်တွေ အာသာတွေကို မလွန်ဆန်နိုင် တဲ့အခါ သူတို့ ဒီ Brokeback တောင်ကြီးဆီ ထပ်ထွက်ခဲ့ကြတာပါပဲ။ နှစ်တိုင်း လိုဆုံကြတွေ့ကြရင်း ကာလအတော်ကြာ ဖြတ်သန်းခဲ့ကြပေမယ့် စိတ်ရှိတိုင်း ရွေးချယ်ခွင့် မရတဲ့ဘဝထဲမှာ ကစဉ့်ကလျားတွေဖြစ်လာတဲ့အခါ….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.4 GB) / (900 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 14Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….WiRa Aung Encoder……….SWM

7.7 2005 134 mins
Brokeback Mountain
Love in Wolf Creek

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးရိုမန့်စ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်နဲ့ဆန်နီ ညီအမနှစ်ယောက်က Wolf Creekမြို့လေးမှာ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့သူတွေပါ။ အော်စတင်ကတော့ အဖွားဖြစ်သူကိုကူညီဖို့ မွေးမြူရေးခြံကနေ မြို့ကိုခဏရောက်နေတဲ့သူဖြစ်ပါတယ်။ တစ်ရက်ကျတော့ အလှူရှင်လာဖို့ရှိလို့ ပြင်ဆင်မှုလုပ်နေတုန်း တောအုပ်ထဲမှာ ဒဏ်ရာရနေတဲ့ ဝံပုလွေတစ်ကောင်ကိုရှာပြီး ကယ်ဆယ်ရေးလုပ်ဖို့အကြောင်းဖန်လာပါတယ်။ ခြေရာကောက်ကျွမ်းတဲ့အော်စတင်က ဆမ်ကိုကူညီ‌ပြီးလိုက်ရှာကူပါတယ်။ တစ်ဖက်မှာလည်း ဝံပုလွေကို အရေခွံအတွက် လိုက်ဖမ်းနေတဲ့မှောင်ခိုသမားကိုလည်း ရင်ဆိုင်ရတဲ့ အော်စတင်နဲ့ဆမ်တို့ကြား အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲဆိုတာ ပေါ့ပါးပါးပါးကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Tv Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

0 2022
Love in Wolf Creek
Ghost Stories

Ghost Stories (2019) ================ ဒီရုပ်ရှင်က ဘာနဲ့ တူလဲဆိုတော့ထိုင်းမှာ နာမည်ကြီးတဲ့ 3AM လိုပဲ 3AM က သရဲပုံပြင်တွေကို ရုပ်ရှင်အဖြစ်ရိုက်ပြီး အပိုင်းတိုလေးတွေ စုထားတဲ့ ရုပ်ရှင်ပါ ထိုင်းရဲ့ 3AM က Jump Scare တွေ အရမ်းများတယ် သေချာလေး မိတ်ကပ်ရော ကွန်ပြုတာ Effect ရော သေချာလုပ်တဲ့ အပြင် ဇတ်လမ်းတွေက အတော်စိတ်ဝင်စားစရာကောင်းပြီး ဇတ်ဝင်ခန်းတွေ ရဲ့ တီးလုံးသံတွေကြောင့် ပိုအသက်ဝင်တယ်… အခု India က Ghost Stories ဆိုပြီး ရိုက်ချလာတယ် IMDb ကတော့ 4 ပဲ ရှိတာက မကောင်းတဲ့ အငွေ့အသက်လေးလဲရတာပေါ့… ဒါပေမဲ့ တကယ်တမ်း ကြည့်လိုက်တဲ့ အခါတွေးစရာလေးတွေ ပေးတယ် အရမ်းကြောက်ရလား ဆိုတော့လဲ မဟုတ်ပြန်ဘူးသူက တွေးစရာတွေပဲ ပေးတယ်… ဘယ်လိုမျိုးလဲ ဆိုတော့ သတိုးတေဇ ၀တ္တုဖတ်ရသလိုတကယ်မရှိတာတွေက တကယ်ရှိပြီး တကယ်ရှိတာတွေကတကယ်မရှိတာမျိုးတွေ တကယ်တမ်း India က ဒီထက် ပိုလုပ်နိုင်သေးတယ် Jump Scare တွေ မပါတဲ့ ဟာမျိုးထဲက အကောင်းဆုံးပြောပါဆိုရင် The Haunting of Hill House ကိုပဲ ညွှန်းရမှာပဲ အရမ်းနည်းပြီး တွေးတွေးပြီး ကြောက်ခိုင်းတာမျိုး… ဒီ India ရုပ်ရှင်က တစ်ခုသာတာက ရုပ်ရှင်ကားတစ်ခုလုံးရဲ့ အသံပိုင်းဆိုင်ရာနဲ့ ဆက်တင်တွေပဲ…. ပေါကားလို့ လဲ ပြောချင်ပေမဲ့ ပေါကားဘက်လဲ မရောက်ဘူး နိုင်ငံတကာမှာ Horror ရုပ်ရှင်တွေက IMDb Rating ကို ကောင်းကောင်းကန်းကန်း ရတာ အင်မတန် ရှားတယ် IMDb ကို သွားမကြည့်ပဲ အစအဆုံး ကြည့်လိုက်တာမှ အချိန်တစ်ခု ပေးရကျိုး နပ်သွားမယ် ထင်တာပဲ ပြောရရင်တော့ ပျင်းဖို့ မကောင်းသလို အရမ်းကြီး ကြောက်ရတာမျိုး မရှိပေမဲ့ အသံနဲ့တော့ ကောင်းကောင်းကြီး သင့်ကို ခြောက်လှန့်နိုင်မှာပါ

History • Drama
0 2020
Ghost Stories
I am the Secret in Your Heart
6

ရည်းစားတွေဘယ်လောက်ပဲထားထား ငယ်ငယ်ချစ်သူကိုမေ့မရနိုင်ပဲ အတိတ်ကအမှတ်တရတွေကိုပဲပြန်မိနေတာမျိုးရှိကြလား? သွက်လက်တက်ကြွတဲ့အထက်တန်းကျောင်းသူလေး ရှောင်ရှဟာ ကျောင်းပြောင်းလာတဲ့ စာတော်တဲ့ကျောင်းသားအသစ်လေးကို မြင်မြင်ချင်းချစ်မိသွားတယ်။ ရင်ခုန်သံတွေကိုထိန်းမရတဲ့ ရှောင်ရှလေး ကျောင်းသားသစ်လေးချန်ယိရဲ့အချစ်ကိုရဖို့ အသည်းအသန်ကြိုးစားပြီး လိုက်တော့တာပေါ့။ ငယ်ငယ်ကတည်းက ရှောင်ရှနဲ့ရင်းနီးလာတဲ့ သူငယ်ချင်းလေးယို့ကျီကတော့ ဘေးမှာမသိမသာအမြဲအဖော်လုပ်ပေးနေတတ်ပြီးတော့ တစ်ခေါက်တော့ကြိုးစားဖွင့်ပြောကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ မြင်မြင်ချင်းချစ်မိတဲ့ကောင်လေးနဲ့ ငယ်သူငယ်ချင်းကြားမှာ ရှောင်ရှတစ်ယောက်ဘယ်လိုရွေးချယ်မလဲ……

6 2024
I am the Secret in Your Heart
Aire: Just Breathe

(2024) မှာ ထွက်ရှိခဲ့တဲ့ “Aire: Just Breathe” ဆိုတဲ့ ဇာတ်ကားကတော့ ကမ္ဘာမြေကြီးဟာ ညစ်ညမ်းမှုတွေကြောင့် ပျက်စီးသွားခဲ့ချိန်မှာ ကမ္ဘာပေါ်မှာသာ ကျန်နေခဲ့သူ တာန်ယာနဲ့ လူလုပ်အသိဥာဏ် ဗီဒါတို့ကို ဦးတည်ထားတဲ့ သိပ္ပံစိတ်ကူးယဥ် ဇာတ်ကားလေးတစ်ခု ဖြစ်ပါတယ်။ သက်ရှိသတ္တဝါဆိုလို့ ခွေးတစ်ကောင်ကြောင်တစ်မြီးတောင်မှ မမြင်ရတော့တဲ့ ကမ္ဘာဂြိုလ်ပေါ်မှာ တာန်ယာဟာ လူသားမျိုးဆက် မျိုးသုဥ်းမသွားအောင် AIဖြစ်တဲ့ ဗီဒါအကူအညီနဲ့ ဖန်လုံအိမ်လို့ ခေါ်ရမယ့် သူတို့ရဲ့ ဂေဟကမ္ဘာ အသေးစားလေးထဲမှာ ကြိုးစားလျက် ရှိပါတယ်။ AI အကူအညီနဲ့သာ အဖော်ပြု တောက်လျှောက်နေထိုင်ခဲ့တဲ့ တာန်ယာတို့နေထိုင်ရာကို အမျိုးသားတစ်ယောက် ဆိုင်းမဆင့်ဘုံမဆင့် ရောက်လာခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဖြစ်လာတဲ့ ရှုပ်ထွေးမှုတချို့ကြောင့် လူသားဖြစ်သူ သူစိမ်းနဲ့ လူလုပ်အသိဥာဏ်ဖြစ်တဲ့ ဗီဒါတို့ရဲ့ အားပြိုင်မှုတစ်စွန်းတစကိုလည်း မြင်နိုင်ပါတယ်။ ဆိုတော့ လေထုညစ်ညမ်းလွန်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က သိပ္ပံပညာရှင် တာန်ယာ၊ လူလုပ်အသိဥာဏ် ဗီဒါနဲ့ သူစိမ်းလူသားတို့ကြားက Sci-fi dramaကို ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(528 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre… Romance, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Doros

0 2024 91 mins
Aire: Just Breathe
Main Prem Ki Diwani Hoon

Main Prem Ki Diwani Hoon (2003)”အချစ်ကြောင့်ရူး” ======================================== လက်ပွားမင်းသားကြီး ရီသိက်ရိုရှန်းနဲ့ မင်းသမီးကြီး ကရီနာကပူးရ်တို ငယ်ရွယ်စဉ်က တွဲဖက်ရိုက်ကူးခဲ့တဲ့ ၂၀၀၃ ခုနှစ်ထွက် အချစ်ဟာသ ကလက်စစ်ရုပ်ရှင်ဟောင်းလေးကို ဘောလိဝုဒ်ပရိသတ်တွေအတွက် ပြန်လည် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးမလိုနဲ့ ဆန်းပါတယ်။ အိန္ဒိယကမိဘတွေရဲ့ မိဘအိမ်ထောင်ချပေးရင် သားသမီးခေါင်းငြိမ့်ဆိုတဲ့ ဓလေ့ကို ချိုးဖျက်ချင်နေတဲ့ ဆန်ဂျနာဆိုတဲ့ ကောင်မလေး။ ဆန်ဂျနာဟာ သူတင်မကဘဲ သူများတွေကိုပါ ကိုယ်ချစ်တဲ့သူကိုလက်ထပ်ဖို တိုက်တွန်းနေပေမဲ့ သူ့အမေကတော့ သူ့ကို ပရမ်းဆိုတဲ့ ဥစ္စာပေါ၊ ရုပ်ချော သူဌေးလေးတစ်ယောက်နဲ့ ပေးစားဖိုအတွက် ကြိုးပမ်းလာခဲ့ပါတယ်။ ခေတ်ပညာတတ်မလေး ဆန်ဂျနာဟာ အစပိုင်းမှာ အချစ်ဟာသရုပ်ရှင်တွေရဲ့ထုံးစံ ဇာတ်လိုက်ပရမ်းကို ဒုက္ခတွေပေး၊ ပြန်ပြေးအောင် ကြံစည်ပေမဲ့ ဥစ္စာပေါ ရုပ်ချောရုံသာမက တော်ကီပါကောင်းတဲ့ ပရမ်းကို ကြွေစပြုလာတဲ့အချိန်မှာ ဘယ်သူမှမထင်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပြီး ပရမ်းနဲ့ ဆန်ဂျနာတို ဆက်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ဒီအချစ်ဟာသရုပ်ရှင်လေးထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Drama • Family
0 2003 197 mins
Main Prem Ki Diwani Hoon
Season Of Love (aka) Ask Mevsimi
4.9

Ask Mevsimi (2024) ခန့်မှန်းတွက်ဆမရနိုင်သောအချစ် IMDb 4.9/10 အချစ်ဟာ ဖန်တီးလုပ်ယူလို့လည်းမရသလို ဖျက်ဆီးလို့လည်းမရပါတဲ့။ အဲဒါကြောင့်ပဲ လူမှန်ပေမဲ့ တွေ့ဆုံချိန်မှားယွင်းတဲ့အခါ လူနှစ်ယောက်ဟာ လွဲချော်တတ်ကြပါတယ် ရှီရင်နဲ့အာလီယာမန်ဟာ မိဘချင်းရင်းနှီးကြလို့ နွေကျောင်းပိတ်ရက်တိုင်း ကျွန်းလေးတစ်ခုပေါ် တွေ့ဆုံလေ့ရှိပါတယ် ငယ်စဉ်ကလေးဘဝမှာတော့ ခံစားချက်တွေက ရိုးရှင်းဖြူစင်ပေမဲ့ အရွယ်ရောက်လာချိန်မှာတော့ အခြားခံစားချက် အငွေ့အသက်လေးတွေ ရိပ်သန်းလာပါတယ် မျိုသိပ်မထားနိုင်တော့တဲ့ အာလီယာမန်တစ်ယောက် တစ်နေ့ကျ ဖွင့်ပြောလာချိန်မှာတော့ ရှီရင်ပေးတဲ့အဖြေက “တစ်နေ့နေ့ ဖြစ်နိုင်မှာပါ” တဲ့ ရှီရင်က ပန်းချီပညာရှင်တစ်ဦးဖြစ်ချင်ပြီး ကမ္ဘာအနှံ့ခြေဆန့်ချင်သူမို့ သူအခုချိန် ဒါကိုမစဉ်းစားနိုင်သေးပါလို့ ပြန်ပြောလာပါတယ် ဒီလိုနဲ့သူတို့ ဘဝအသီးသီးဖြတ်ကျော်လို့ မတွေ့ဆုံရတာကြာမြင့်လာချိန်မှာတော့ အာလီယာမန်ဟာ လက်ထပ်ဖို့ဖြစ်လာပါတော့တယ် ဒါပေမဲ့မင်္ဂလာဆောင်လုဆဲဆဲအခြေအနေမှ သူသိလာရ‌‌တာကတော့ ရှီရင်ကို သူလက်မလွှတ်နိုင်သေးတာပါ အဲဒီလိုနဲ့ သတို့သမီးကိုထားခဲ့လို့ ရှီရင်ဆီပြေးသွားပါတော့တယ် အဲဒီအချိန်မှာ ကောင်လေးရှိနေတဲ့အပြင် သူ့ဘဝသူရပ်တည်နေပြီဖြစ်တဲ့ရှီရင်ကို တွေ့လိုက်ရချိန်မှာတော့…………………………………………………………. Friend Zone, Love Rosie, The Summer I Turned Pretty တို့လို theme လေးတွေသဘောကျတတ်တဲ့သူတွေ အကြိုက်တွေ့မယ့် တူရကီအချစ်ဇာတ်လမ်းလေးမို့ ရှီရင်နဲ့အာလီယာမန်တို့ ဘယ်လိုဆက်ဖြစ်သွားမလဲ သူတို့ခံစားချက်တွေကို ဘယ်လိုဖော်ပြ ကိုင်တွယ်သွားမလဲဆိုတာ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် )

4.9 2024 126 mins
Season Of Love (aka) Ask Mevsimi
Dora and the Search for Sol Dorado
6

Dora and the Search for Sol Dorado 2025 ရုပ်ရှင်ကတော့ လူကြိုက်များခဲ့တဲ့ Dora the Explorer ကာတွန်းဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ အထက်တန်းကျောင်းသူဘဝကို ရောက်ရှိနေပြီဖြစ်တဲ့ Dora က မိသားစုနဲ့အတူ တောထဲမှာ နေထိုင်လျက်ရှိပါတယ်။ တစ်ရက်မှာတော့ ရှေးဟောင်းလူမျိုးစုတွေရဲ့ ဒဏ္ဍာရီထဲက ဆန်းကျယ်တဲ့ Sol Dorado ရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ သူငယ်ချင်းတွေနဲ့အတူ အန္တရာယ်တွေပြည့်နှက်နေတဲ့စွန့်စားခန်းတစ်ခုထဲကို ချီတက်ကြပါတော့တယ်။ လမ်းတစ်လျှောက်မှာ ပဟေဠိတွေ၊ ထောင်ချောက်တွေနဲ့ ရန်သူတွေကို ရင်ဆိုင်ရပြီး Dora ရဲ့ စွမ်းရည်၊ ဉာဏ်ရည်နဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေကြောင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်ကားတစ်လျှောက်လုံးမှာ ပရိသတ်တွေမျှော်လင့်ထားတဲ့ Dora ရဲ့ စူးစမ်းလိုစိတ်နဲ့ချစ်စရာကောင်းတဲ့စကားပြောဟန်တွေ ပါဝင်ပြီး အထူးသဖြင့် သူ့ကျောပိုးအိတ်ထဲက ပစ္စည်းတွေနဲ့ မျောက်ကလေးဘု့စ်တို့ရဲ့ပါဝင်မှုက Dora ဇာတ်ကောင်နဲ့ရင်းနှီးမှုကို ဖန်တီးပေးပါတယ်။ ကလေးတွေအတွက် ပျော်စရာကောင်းသလို လူကြီးတွေအတွက်လည်း စိတ်ဝင်စားစရာဖြစ်စေမယ့်ဇာတ်လမ်းဖြစ်ပါတယ်။ CGI အသုံးပြုမှုတွေနဲ့ တောထဲကရှုမျှော်လင်းအလှပြအကွက်တွေက ရုပ်ရှင်ကို ပိုမိုစွဲမက်ဖွယ်ဖြစ်စေပါတယ်။ Dora ကို ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်တဲ့သူတွေ၊ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရုပ်ရှင်ကြည့်လိုသူတွေ အတွက် ကောင်းမွန်တဲ့ဇာတ်လမ်းရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ File Size… (2.65 GB) / (1.22 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 36m Genre ….. Action , Adventure , Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Romance
6 2025 96 mins
Dora and the Search for Sol Dorado