YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Queer.As.Folk.2022.S01E04.1080p.WEBRip.CM.mp4

599 MB N/A video/mp4 152 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
TEKKEN: Blood Vengeance
6.8

Tekkenဆိုတာ Bandai Namcoက ထုတ်လုပ်ထားတဲ့ Fightinggameဖြစ်ပြီး Street fighters, KOFတို့နည်းတူ gameအတွဲ​တွေ၊ animations​တွေ များစွာထွက်ရှိထားတဲ့ နာမည်ကြီးfranchiseပါ။ ဒီ animation movieက​ ၂၀၁၁ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး Final Fantasyစတိုင် animation​တွေ၊ တိုက်ခိုက်​ပုံတွေနဲ့ ခပ်ကြမ်းကြမ်း​ရိုက်ကူးထားတာပါ။ ငယ်ငယ်က ကြည့်ခဲ့ဖူး၊ကြိုက်ခဲ့ဖူးသူ​တွေ​ရော၊ မကြည့်ဖူး​သေးတဲ့သူ​တွေပါ ခံစားကြည့်ရှုနိုင်​​​ဖို့ ပြန်လည်တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းက Tekken-verseထဲက main character​တွေဖြစ်တဲ့ ကာဇမ ဂျင်၊ ခဇုယနဲ့ မီရှီမာ ဟဲဟချိ ​သားအဖမြေးအဘိုး၃​ယောက်ရဲ့ အားပြိုင်မှုကိုကြည့်ရမှာပါ။ ဟဲဟချိရဲ့မူတာရီစမ်းသပ်မှုမှာ မ​သေဘဲရှင်ကျန်ခဲ့တဲ့ ​ကျောင်းသားတစ်​ယောက်ကို ဂျင်နဲ့ ခဇုယတို့၂​ယောက် ရည်ရွယ်ချက်ကိုယ်စီနဲ့ သူလျှိုတွေလွှတ်ကာ ရှာ​ဖွေရင်း ကျိုတိုမြို့ရဲ့ ​ကျောင်းတစ်ခုမှာ ရှာ​​တွေ့ပြီး​နောက်ပိုင်း အနီးကပ်​ထောက်လှမ်းရင်း သူတို့မထင်ထားတဲ့ ကစားပွဲတစ်ခုထဲဝင်​မိပြီးသား ဖြစ်သွားပါတယ်။ စမ်းသပ်ခံကျောင်းသားကို လိုချင်ရတဲ့အ​ကြောင်းရင်း​၊ မထင်ထားတဲ့ လှည့်ကွက်​တွေ၊ အမိုက်စားbattleနဲ့ animation​တွေကို ကြည့်ရှုရင်း ငယ်ဘဝကို တ​ကျော့ပြန်​​အောက်​မေ့လိုက်ကြတာ​ပေါ့။ File size…  1.8 GB /  940 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 40m Genre .....  Action , Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Drama • Romance
6.8 2011 100 mins
TEKKEN: Blood Vengeance
Kwaidan
7.7

ရှေးခေတ် ဂျပန်ရိုးရာ တစ္ဆေပုံပြင်တွေကို စိတ်ဝင်စားသူများအတွက် IMDb - 7.9/10 အထိ ရရှိခဲ့တဲ့ Kwaidan လို့ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူထူးခြားတဲ့ တစ္ဆေပုံပြင် ၄ပုဒ်ကို သုံးနာရီကျော်ကြာ တဝကြီး နားထောင်ရပါမယ်။ ပထမ တစ်ပုဒ်မှာတော့ ဆင်းရဲမှုဒဏ်မခံနိုင်တာမို့ သစ္စာရှိတဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုလိုက်တဲ့ ဆာမူရိုင်းတစ်ဦးအကြောင်း... ဒုတိယကတော့ သစ်ခုတ်သမား၂ဦး နှင်းမုန်တိုင်းကြောင့် လှေသမားရဲ့တဲမှာ ဝင်ခိုရင်း ထူးဆန်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံမှု... တတိယပုံပြင်လေးကတော့ ဗျပ်စောင်းတီးခတ်ရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်‌ယောက် တစ္ဆေတစ်စုရဲ့ခေါ်ဆောင်ခြင်း ခံရမှု... နောက်ဆုံးကတော့ အရှင်သခင် နာကာဂါဝါ ဆာဒိုဆီ တာဝန်ထမ်းဆောင်တဲ့ ကန်နိုင်းဆိုသူ ဆာမူရိုင်းတစ်ယောက်ဟာ သောက်မယ့် ရေခွက်ထဲ ထူးဆန်းတဲ့အရာတစ်ခုကို မြင်လိုက်ရတဲ့အကြောင်း... ရှေးခေတ်ဂျပန် Theme များကို ကြိုက်နှစ်သက်သူများအတွက်၊ တစ္ဆေပုံပြင်များကို ဘယ်လိုပုံဖော်ရိုက်ကူးလဲဆိုတာ လေ့လာရင်း ငြိမ့်ငြိမ့်လေးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်တုန်းကတော့ Oscar စာရင်းထဲပါ ဝင်ခဲ့တဲ့ ဂန္ထဝင်မြောက်ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 3H 3Min Genre - Drama, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action & Adventure • Crime • Drama
7.7 1964 183 mins
Kwaidan
Tinnitus
8

နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 45Min Genre - Drama, Horror, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
8 2023 105 mins
Tinnitus
Gattaca
7.5

သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ 'စံချိန်မမှီ' သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက 'စံချိန်မမှီ' တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။ အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ် အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ... Vincent အဖြစ် Ethan Hawke Jerome အဖြစ် Jude Law Vincent ရဲ့ love interest, Irene အဖြစ် Kill bill မှ Uma Thurman တို့ပါဝင်သရုပ်ဆောင်ထားကြပြီး Director Andrew Niccol ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ် ဒီကားဟာ Stranger things က Maya Hawke (Robin) ရဲ့ မိဘတွေဖြစ်တဲ့ Ethan Hawke နဲ့ Uma Thurman တို့ စတွေ့ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ဒီရုပ်ရှင်ရဲ့ concept က ရုံတင်တဲ့အချိန်တုန်းကထက် ခေတ်ရှေ့ရောက်နေတာကြောင့် ရသင့်တဲ့ အားပေးမှု၊ အသိအမှတ်ပြုခံရမှုတွေကို သေချာမရခဲ့ပါဘူး။ ဒါပေမဲ့ ခုချိန်မှာတော့ Gattaca ဟာ 90’s နှစ်တွေရဲ့ အကောင်းမွန်ဆုံး under-rated gem တွေထဲက တစ်ကားအနေနဲ့ သတ်မှတ်ခံထားရပါပြီ။ အချိန်ရဲ့ တိုက်စားမှုဒဏ်ခံနိုင်သော၊ တစ်မူထူးခြားသော၊ တစ်ချိန်တည်းမှာပဲ လူ့အဖွဲ့အစည်းရဲ့ ဆိုးပြစ်တွေကို သရော်နိုင်သော ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားပြီးသွားတဲ့အခါ သင့်ကို တွေးစရာတစ်ခုပေးနိုင်ခဲ့တဲ့ ဇာတ်ကားမျိုးကိုမှ သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်အစစ်လို့ ခေါ်နိုင်ပါတယ်တဲ့။ ဒီဇာတ်ကားက ပေးချင်တဲ့မက်ဆေ့ခ်ျကရော ဘာဖြစ်မလဲ။ cast တွေကလည်း သရုပ်ဆောင်လည်းကောင်း နာမည်လည်းကြီးပြီးသားတွေဆိုတော့ စိတ်ပျက်စရာမရှိလို့ ကြည့်ရှုခံစားအားပေးကြပါဦးရှင် File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:46:00 Genre...Drama / Sci-fi / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Comedy • Drama • Romance
7.5 1997 106 mins
Gattaca
[18+] Ang Babaeng Nawawala Sa Sarili
5

အယ်လ်ဘီနာက အောင်မြင်မှုလမ်းကြောင်းပေါ် အခြေချမိနေတဲ့ တက်သစ်စ မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီး ဖက်ရှင်ကုမ္ပဏီကြီးတစ်ခုနဲ့ ချိတ်ဆက်မိထားပါတယ်။ ဖောက်ပြန်တဲ့ရည်းစားဟောင်းကို စွန့်ပစ်ခဲ့သလို အခုချိန်မှာ ဓာတ်ပုံဆရာတစ်ယောက်လေးတစ်ယောက်နဲ့ တွဲခုတ်ဖြစ်နေပြီး ဘဝမှာ ပူပင်စရာမရှိ အရာရာအေးချမ်းတဲ့သူပါ။ တစ်ညမှာတော့... အိမ်မှာရှိတဲ့ စတိုခန်းကိုဝင်ရှာရင်းနဲ့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုနဲ့ဆွဲကြိုးလေးတစ်ကုံးကိုရှာတွေ့အပြီးမှာ သူ့ဘဝ အရာရာ ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဓာတ်ပုံအယ်လ်ဘမ်ထဲကဓာတ်ပုံတွေတိုင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ပုံတွေဖြစ်ပြီး အဲ့ဒီပုံတွေအားလုံးဟာလဲ မျက်နှာနေရာကို ဓားနဲ့ခြစ်ဖျက်ဆီးခံထားရပါတယ်။ သူ အမှတ်တမဲ့နဲ့ အဲ့ဒီဆွဲကြိုးကိုဝတ်လိုက်တဲ့အချိန်ကစလို့ မိန်းမတစ်ယောက်ရဲ့ ပုံရိပ်တွေမြင် အသံတွေကြားယောင်လာပြီး စိတ်လွတ်သွားတဲ့အခါမျိုးမှာ အဲ့ဒီအမျိုးသမီးဟာ သူ့ကိုပူးကပ်ပြီး တွေ့သမျှယောက်ျားတွေကို သွေးဆောင်ဖြားယောင်း လိင်ဆက်ဆံပြီး သတ်ဖြတ်ပစ်တဲ့အထိကြမ်းတမ်းလာပါတော့တယ်။ ဒီအမျိုးသမီးဟာ ဘယ်သူလဲ? သူနဲ့ဘယ်လိုဆက်နွယ်မှုနောက်ကြောင်းတွေရှိခဲ့လို့ သူ့ကိုဒုက္ခပေးချင်ရတာလဲ? ၁၉၈၉ တုန်းက အောင်မြင်ခဲ့တဲ့ ဇာတ်ကားကို ကျောရိုးယူပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ Psychological, Horror ပုံစံမျိုးဖြစ်ပြီး Kinsenas, Katapusan မှာအထက်တန်းကျောင်းသူလေးအဖြစ်မြင်ခဲ့ရတဲ့ Ayanna Misola ကို တက်သစ်စ မော်ဒယ်မလေး တစ်ယောက်အဖြစ် ဖွံ့ဖြိုးကြီးထွားလာတဲ့အလှအပတွေကိုလဲတစ်ဝကြီးခံစားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို ALS မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 504MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by ALS Encoded by RGB

Comedy • Romance
5 2022 100 mins
[18+] Ang Babaeng Nawawala Sa Sarili
Sitio Diablo
4.5

Sitio Diablo (2022) မနီလာမြို့ရဲ့ ဆင်းရဲသားရပ်ကွက်တွေဟာ မကောင်းမှုဒုစရိုက်တွေ လူဆိုးဂိုဏ်းတွေ ကြီးစိုးပြီး ကျင်လည်ကျက်စားတဲ့ နေရာတွေဖြစ်ပါတယ်။ အဲ့ဒီမှာမှ ဆီတိုဒယာဘလိုစ် ဆိုတဲ့ပင်မဂိုဏ်းကြီးကနေခွဲထွက်ပြီး အလူစထရာဒိုဆိုတဲ့ ဂိုဏ်းသစ်ကို ထူထောင်နေကြတဲ့ လူငယ်တစ်စုရှိပါတယ်။ အဲဒီဂိုဏ်းကို ဦးစီးနေတဲ့သူတွေကတော့ ဘူးလက်နဲ့အိုင်နာတို့စုံတွဲဖြစ်ပြီး အိုင်နာကတော့ မူလ ဆီတိုဒယာဘလိုစ်အုပ်စုရဲ့မျိုးဆက်သမီးငယ်ပါ။ ခေတ်ကာလအားဖြင့်တော့ သူတို့မြို့တော်ရဲ့အာဏာအကူးအပြောင်း စပ်ကူးမတ်ကူးကာလဖြစ်ပြီး ရွေးကောက်ပွဲဝင်အမတ်လောင်းအသစ်က သူတို့ဂန်းစတားနယ်မြေတွေကို မက်လုံးပေးမဲဆွယ်နေပါတယ်။ အဲဒီအချိန်မှာပဲ ဆီတိုဒယာဘလိုစ်ရဲ့ဆက်ခံသူ၊ အိုင်နာရဲ့အစ်ကို တိုးနစ်စ်ဟာ ရဲတစ်ယောက်ရဲ့ညှိနှိုင်းမှုနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ နဂိုကတည်းက မငြိမ်းချမ်းတဲ့ နယ်မြေခွဲဝေမှုတွေ၊ အချင်းချင်းခွက်စောင်းခုတ်မှုတွေ ကွက်ကျော်ရိုက်မှုတွေနဲ့ သူတို့လောကထဲ တိုးနစ်စ်ပြန်ရောက်လာမှုဟာ နိမိတ်ဆိုးတစ်ခုဖြစ်ပြီး ပိုမိုမုန်တိုင်းထန်လာတော့မယ့် သဘောပါပဲ။ မြင်နေကျကားတွေကနေ ခွဲထွက်ပြီး တစ်မူထူးခြားနေတဲ့ 18 အပေါင်း ဂန်းစတားနောက်ခံဇာတ်ကားသစ်ဖြစ်ပါတယ်။ ဖန်သားပြင်ထက်မှာ မမြင်ရတာကြာပြီဖြစ်တဲ့ AJ Raval, အဲဒီတုန်းက တက်သစ်စလေးတွေဖြစ်တဲ့ Kiko Estrada, Benz Sangalang တို့နဲ့အတူ အခုချိန်မှာထိပ်တန်းဖြစ်နေပြီဖြစ်တဲ့ Azi Acosta တို့ကိုပါရှုစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 755MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 38Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Crime • Drama • Mystery
4.5 2022 98 mins
Sitio Diablo
Blood-Club Dolls 2

Blood-Club Dolls 2 (2020) …………………………………………… သွေးသံတရဲရဲ ရက်ရက်စက်စက်သတ်ဖြတ်တာတွေ မိစ္ဆာတွေနဲ့ သူသေကိုယ်သေ တိုက်ခိုက်တာတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေရဲ့ အသည်းစွဲ Anime စီးရီးတစ်ခုဖြစ်တဲ့ Blood C ကိုအခြေခံထားတဲ့ Live Action ဇာတ်ကား Blood Club dolls ရဲ့ part 2 လာပါပြီ။ ဒီကားကတော့ Blood Clud Franchise ရဲ့ Live Action အနေနဲ့ လေးကားမြောက်ဖြစ်ပြီး Part 1 အဆုံးသတ်ကနေ ပြန်ချိတ်ဆက်ပြီး အစပျိုးထားပါတယ်။ ဇာတ်လမ်းအစကိုတော့ Michiru Arisugawa ကို Souen နဲ့ သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Blood Clud ကနေဖမ်းဆီးသွားလို့ သူ(မ)ရဲ့လူတွေဘက်ကနေ ပြန်လည်ကယ်ထုတ်ဖို့ ကြိုးစားရှာဖွေနေကြပုံနဲ့ အစပျိုးထားပြီး Souen အကြောင်းကို အဓိကဦးစားပေးအနေနဲ့ ပြသသွားမှာမလို့ ကြည့်ရှုအားပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Action Quality…. 720p | 480p File size… Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Horror • Science Fiction • War
0 2020
Blood-Club Dolls 2
Honk for Jesus. Save Your Soul.
5.3

Honk for Jesus. Save Your Soul. (2022) ============================ နာမည်ကြီးခရစ်ယာန်ကျောင်းတစ်ကျောင်းက သင်းအုပ်တွေဖြစ်တဲ့ ချိုင်းစ် တို့ဇနီးမောင်နှံတို့နှစ်ယောက်အကြောင်းကို မှတ်တမ်းတင်ရုပ် ရှင်ပုံစံရိုက်ကူးထားတဲ့ Peacock ကဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ သင်းအုပ်ဆရာဖြစ်သူ လီခါးတစ်ချိုင်းတစ်ယောက် လိင်မှုကိစ္စတစ်ခုကို ကျူးလွန်မိခဲ့တဲ့အတွက် လူကြားထဲမျက်နှာမပွင့်ခဲ့ရာကနေ အရဲစွန့်ပြီး သူက သူတော်ကောင်းဖြစ်ကြောင်း နတ်ဆိုးက ဝင်ပူးခဲ့လို့လုပ်ခဲ့တာဖြစ် ကြောင်း ဘာညာ အများသူငါသိရအောင်လုပ်ဖို့အတွက် အန်နီတာ ဆိုတဲ့ ရုပ်ရှင်ဖန်တီးသူတစ်‌ယောက်ကိုခေါ်ပြီး၊ သူတို့အကြောင်းမှတ်တမ်းတင် ရိုက်ကူးဖို့လုပ်လိုက်တယ်။ သူတို့ဇနီးမောင်နှံရဲ့အဓိကရည်မှန်းချက်ကတော့ တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ သူတို့ရဲ့ ဘုရားကျောင်းကိုပြန်ဖွင့်ရင် လူတွေအများကြီးရောက်လာဖို့ပါပဲ။ ဒါဆို လူကြားထဲမှ သူတို့ ခေါင်းပြန်မော့နိုင်ပါ့မလား၊ လူတွေကရော သူတို့ဆီ ပြန်လာကြဦးမှာလားဆိုတာသိချင်ရင်တော့ ဒီမှတ်တမ်းတင် ဟာသကားလေး မှာဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Khant Sett Naing, May Thet Khine Soe တို့ဖြစ်ပါတယ်)

Horror • Mystery • Science Fiction • Thriller
5.3 2022 103 mins
Honk for Jesus. Save Your Soul.
[18+] Rule 34
5.6

Rule 34 (2022) နေ့ခင်းဘက်မှာ ရှေ့နေကျောင်းသူ ညဘက်မှာ Cam Girl ဒီရုပ်ရှင်ကတော့ ဘရာဇီးနဲ့ ပြင်သစ် ဖက်စပ်ရိုက်ကူးထားတဲ့ ပေါ်တူဂီစကားပြော ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်နာမည်ကိုတော့ အင်တာနက်စကားလုံးတစ်ခုဖြစ်တဲ့ Rule 34 ကိုယူမှည့်ထားတာပါ။ Rule 34 ဆောင်ပုဒ်ကတော့ ” If it exist, there’s a porn of it ” တဲ့။ စိတ်ဝင်စားရင်တော့ Rule 34 အကြောင်းကိုယ့်ဖာသာ သင်ယူလေ့လာနိုင်ပါတယ်။ ပညာရစရာတော့မရှိဘူးပေါ့။ ဒီရုပ်ရှင်ကို Rule 34 လို့ ဘာကြောင့်ပေးထားသလဲ အတိအကျအဖြေတစ်ခုတော့မရှိပါဘူး။ ဒီရုပ်ရှင်ထဲမှာ ရှေ့နေတွေအနေနဲ့ သီအိုရီတွေပြောကြတဲ့အခါ ဖြစ်ပျက်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်း ဆွေးနွေးခန်းတွေပါဝင်ပါတယ်။ ပညာရစေတဲ့ အပိုင်းလေးတွေပေါ့။ ဆီမွန်က နေ့ဘက်ဆိုရင်တော့ အမျိုးသမီးဦးတည်အကြမ်းဖက်မှုတွေကို အဓိကဖြေရှင်းရတဲ့ အစိုးရရှေ့နေကျောင်းသူတစ်ယောက်ပါ။ ညဘက်မှာတော့ Chaturbate ကနေ အဖော်အချွတ်မယ်အဖြစ် Side Hustle လေးလုပ်တယ်ပေါ့လေ။ ဒီနေရာမှာ ပြောစရာရှိတာကတော့ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းဘူးဆိုတာပါပဲ။ သူ့အနေနဲ့ သာမန် Cam Girl အ‌ဖြစ်ကနေ Viewer တွေတောင်းဆိုတဲ့အတိုင်းလုပ်ရာက BDSM ဘက်ကိုပါ တဖြည်းဖြည်းကူးသွားပါတယ်။ အမျိုးသမီးတွေကို ဖိနှိပ်မှုအတွက် ရှေ့နေလိုက်ပေးရင်းတပြိုင်နက် သူ့ရဲ့ အလိုရမ္မက်တွေကိုလည်း လက်မလွှတ်နိုင်တဲ့အခါ အလုပ် ၂ ခုကြားပွတ်တိုက်မှုတွေဖြစ်လာပါတယ်။ ရုပ်ရှင်က အဖော်အချွတ်ခန်းများများပါပေမဲ့ အေးတယ်လို့ ပြောနိုင်ပါတယ်။ ဇာတ်လမ်းကတော့ ပြောလိုက်ရင်အကုန်ပါသွားနိုင်တာမလို့ စိတ်ဝင်စားရင်တော့ ကိုယ်တိုင်ပဲကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ ဘာကိုပညာပေးသလဲ… ဘာကိုချပြချင်သလဲ… ဆိုတာကတော့ ကြည့်ရှုတဲ့လူတွေအပေါ်မှာပဲမူတည်ပါလိမ့်မယ်။ လူဆယ့်ရှစ်ယောက်စုကြည့်ရမယ့်ကားဖြစ်တဲ့အပြင် နားကြပ်လေးလည်း မပါမဖြစ်တပ်ပြီးကြည့်မှ အဆင်ပြေမယ့်ရုပ်ရှင်မျိုးပါ။ လူတွေရဲ့ အမှောင်ဘက်ခြမ်းဟာ အမြဲရှိတဲ့အရာဆိုပေမဲ့ တစ်ခါတလေသိပ်ကြောက်ဖို့ကောင်းပါတယ်။ ဒါကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီပေါ်တူဂီစကားပြော ဒရာမာကားလေးကို မြည်းကြည့်ကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 795MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 40Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by RGB

5.6 2022
[18+] Rule 34
Eat Pray Love
5.8

Eat, Pray, Love (2010) 2010 တုန်းကထွက်ရှိထားပြီး မင်းသမီး Julia Roberts ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်ထားတဲ့ Eat Pray Love ဆိုတဲ့ Romantic drama ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဘဝမှာ ကိုယ်တကယ်တမ်းဘာလိုချင်မှန်းမသိပဲ သေသွားခဲ့ကြတဲ့သူတွေအများကြီးပါ။ ငါမသေခင်လေး ဒါလေးစားဖူးချင်လိုက်တာ၊ ဒီနေရာလေးရောက်ဖူးချင်လိုက်တာ၊ သူနဲ့သာစကားပြောဖြစ်ခဲ့ရင် ဆိုတဲ့ အရာတွေအများကြီးကို နောင်တရ မနေချင်ရင်‌တော့ ကိုယ်တကယ်တမ်း ဘာကိုလိုချင်လဲ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ အဖြေရှာရမှာပဲဖြစ်ပါတယ်။ ယခုဇာတ်ကားလေးကလဲ ကိုယ်တကယ်အလိုရှိတာဘာလဲ ကိုယ်ကဘယ်လိုလူလဲဆိုတာ အဖြေရှာနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လိဇဘတ် လစ်ဇ် ‌ဂေးလ်ဘတ် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘဝဟာလမ်းပျောက်နေခဲ့ပြီး သူတကယ်တမ်း ဘာလိုချင်လဲ သူ့ရဲ့စိတ်ဆန္ဒက ဘာကိုအလိုရှိလဲဆိုတာ အမြဲရှာဖွေနေတဲ့သူတစ်ယောက်။ ဒါပေမဲ့ သူဟာအမြဲကိုယ်လိုချင်တာကိုရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ပဲ သူရဲ့‌အေးစက်နေတဲ့အိမ်ထောင်ရေးကို ကျောခိုင်းခဲ့ပြီး သူတကယ်တမ်းအလိုရှိတာ ဘဝမှာဖြစ်ချင်တာတွေကို ရှာဖွေဖို့ နေရာ ၃ နေရာကိုခရီးထွက်ပြီး ရှာဖွေပါတော့တယ်။ အီတလီ၊ အိန္ဒိယနဲ့ ဘာလီ ဆိုတဲ့ နေရာ ၃ ခုမှာ သူလိုချင်တဲ့ အရာတွေကို ရှာဖွေပါတော့တယ်။ ဒီနေရာ ၃ ခုကနေ ဘာတွေရှာဖွေတွေ့ရှိမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Zaw Hein ပဲ ဖြစ်ပါတယ်။ Genre….. Biography, Dram, Romance Quality…. 1080p | 720p File size… 2.2GB | 1.2GB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khant Zaw Hein Encoder ….. Aaron

5.8 2010
Eat Pray Love
Universal Soldier: The Return
4.2

ဒီ​ရုပ်ရှင်​က Universal Soldier (1992) ရဲ့အဆက် ဇာတ်​လမ်း​ဖြစ်ပြီး ဗန်ဒိန်းက အဓိက​ဇာတ်​ကောင်​ Luc အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ပထမ​ရုပ်ရှင်​အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်​အိမ်တည်ထားတာဖြစ်ပါတယ်။ ၁၉၉၂ ဇာတ်ကား​နဲ့ အခု ၁၉၉၉၊ ဇာတ်ကား​ကြားမှာ ထွက်​ရှိ​ခဲ့တဲ့ Universal Soldier​ နှစ်ကား​ကတော့​ ရုပ်​သံ​လိုင်း​အတွက် ရိုက်​ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်း​မဟုတ်​တဲ့အပြင် အဲဒီ​နှစ်ကား​က အဖြစ်​အပျက်​တွေကို အခု Universal Soldier :​ The​ Re​turn မှာ ထည့်​သွင်း​စဉ်းစား​ထားခြင်း​မရှိတဲ့အတွက် Universal Soldier​ franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်​က နှစ်ကား​ကိုပယ်ပြီး ဒုတိယ​မြောက်ဇာတ်ကားအဖြစ် သတ်​မှတ်ရင်​လည်းရပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ပထမ​ဇာတ်ကား​အပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံး​ပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်​ပြီးနောက်မှာတော့ Luc ဟာ အစိုးရ​နဲ့ပူးပေါင်းပြီး ဒေါက်တာ Cotner နဲ့အတူ UniSol​ စီမံကိန်း​မှာပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။ Universal​ Soldiers တွေဟာ အရင်ကထက် အဆင့်​မြင့်​လာပြီး ပိုမို​သန်မာမြန်ဆန်လာပြီး သူတို့​ရဲ့​လှုပ်​ရှားမှု​တွေကို ဒေါက်တာ​ Cotner​ တည်ဆောက်​ထားတဲ့ SETH​ လို့ခေါ်​တဲ့ ဉာဏ်​ရည်​မြင့်​ကွန်ပျူတာ​က ထိန်းချုပ်​စောင့်ကြည့်နေပါတယ်။ တနေ့​မှာအစိုးရ​က UniSol​ စီမံကိန်း​ကိုဖျက်သိမ်းဖို့ ဆုံးဖြတ်​လိုက်​ချိန်​မှာတော့ SETH က သူ့ရဲ့​တည်​ရှိမှုကိုခြိမ်းခြောက်တယ်လို့ယူဆပြီး အစိုး​ရ​ကိုဆန့်ကျင်​ကာ Luc တို့ဝန်ထမ်းတွေကိုပါ ရန်မူ​လာပါတော့တယ်။ စွမ်း​ရည်​မြင့် Universal​ Soldiers တွေကို​ထိန်းချုပ်​အမိန့်ပေးနိုင်တဲ့ SETH​ ရဲ့အကြံကို Luc နဲ့ အမေရိကန်​စစ်တပ်တို့ ဘယ်လို​တားဆီးကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ 90s ခုနှစ်​တွေက အများ​အပြား​ထွက်​လေ့​ရှိတဲ့ Action​/Sci-fi အမျိုးအစား​ဖြစ်တာကြောင့် ဇာတ်​အိမ်​မကျယ်ပြန့်ပေမဲ့ ဗန်ဒိန်း​ရဲ့ အက်ရှင် scene တွေကို တဝကြီးမြင်ရမှာဖြစ်သလို Universal Soldier​ တွေကလည်း 1992 ကထက်​ အများကြီး​ကြမ်းတမ်းလာတာကိုတွေ့မြင်ရမှာပါ။ သမားရိုးကျအက်​ရှင်​ကားဖြစ်တာကြောင့် ဇာတ်လမ်း​က ပုံမှန်​အတိုင်း​မြင်​နေကျဇာတ်လမ်းမျိုးဆိုပေမဲ့ အက်ရှင်​ဇာတ်လမ်း​ပရိသတ်​တွေ​အတွက်တော့ အချိန်​ပေးကြည့်ရှုလို့ကောင်းမဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(1.8 GB)/(961 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

4.2 1999
Universal Soldier: The Return
Finding Tony

Raven Magwood Goodson က ဒါရိုက်တာဖြစ်ပြီး NBA စတား Anthony Davis ကထုတ်လုပ်တဲ့ 2024 အားကစားဒရာမာတစ်ခုဖြစ်ပါတယ််။ ဒီဇာတ်ကားကတော့ Stephen Bishop ရဲ့ NBA ကစားသမားဟောင်း Tony Greene ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဇနီးဖြစ်သူ အသတ်ခံရပြီးနောက် တိုနီက စိတ်ကျရောဂါနှင့် အရက်စွဲသွားခဲ့ပါတယ် အမျိုးသမီး အငယ်တန်းကောလိပ်ဘတ်စကတ်ဘောအသင်းကို နည်းပြခိုင်းတဲ့အခါ သူ့ဘဝက ပြောင်းလဲသွားတယ်။ အစပိုင်းမှာတော့ သူမလုပ်ချင်ပေမယ့် အသင်းနဲ့စလုပ်တော့ ရည်ရွယ်ချက်ကိုပြန်ရှာတယ်။ ဒီဇာတ်ကားက ဝမ်းနည်းမှု၊ ရုန်းကန်မှုတွေကို ကျော်လွှားတဲ့အကြောင်းပါ။ ဝေဖန်သူအများအပြားရှိပြီးတော့ တစ်ခြားလက်တွေ့ကျတဲ့ ဘတ်စကက်ဘောဇာတ်ကွက်တွေနှင့် စိတ်ခံစားမှုဆိုင်ရာ ဇာတ်လမ်းဇာတ်အိမ်တွေအတွက် ရုပ်ရှင်ကို နှစ်သက်ကြသူတွေလည်းရှိပါတယ်။ Selig Film News က John Strange က ဘတ်စကတ်ဘော ဒရာမာ ဇာတ်ဝင်ခန်းတွေမှာအားကောင်းတယ်လို့ဆိုထားပြီးတော့ The Atlanta Voice က လူတွေ ဒုက္ခကို ဘယ်လိုရင်ဆိုင်ကျော်လွှားနိုင်ကြောင်း ပြခဲ့တယ်ဆိုပြီးတော့ ရုပ်ရှင်ကို ချီးကျူးခဲ့ပါတယ်။ File size…(1 GB)/(586 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Finding Tony
The Guardians of Zhu Yin
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ရှေးဟောင်းမြို့တော်သို့ စွန့်စားခန်းရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- လွန်ခဲ့တဲ့ နှစ်တစ်ထောင်ခန့်က ကျူယင်းရှေ့ဟောင်းမြို့မှာ မျိုးနွယ်စုကြီး ၉ စုရှိပါတယ်။ မျိုးနွယ်စုကြီး ၉ စုရဲ့ ခေါင်းဆောင် ယင်ယောက်မျိုးနွယ်ဟာ ကြယ်ကြွေဥက္ကာခဲနဲ့ ပြုလုပ်ထားတဲ့ ရောင်စုံဖန်ကောင်းကင်ပုလဲစက်နဲ့ ကြယ်တာရာတွေကို ကြည့်ရှုပြီး ကံကြမ္မာကို ပြောင်းလဲနိုင်တယ်တဲ့။ ဒါပေမဲ့ မထင်ထားဘဲ ယင်ယောက်မျိုးနွယ်က ကံကြမ္မာကို ပြောင်းလဲခဲ့တဲ့အတွက် ဥက္ကာပျံကပ်ဘေးနဲ့ ကြုံခဲ့ရပြီး ကျူယင်းရှေ့ဟောင်းမြို့ဟာ ညတွင်းချင်းပျောက်သွားခဲ့ပါတယ်။ ရတနာအားလုံးဟာလည်း မြေအောက်နန်းဆောင်နဲ့အတူ မြှုပ်သွားခဲ့ပါတယ်။ နှစ်တစ်ထောင်ကြာပြီးနောက် နက္ခဗေဒကို ကျွမ်းကျင်တဲ့ မိန်းမပျိုလေး ယင်ဖုန်အန်း၊ ဆရာတူအစ်ကိုဖြစ်သူ စုန့်ချန်းနဲ့ ယင်းရှင်းမျိုးဆက် လျိုချန်ရှန်းတို့ဟာ ယင်းရှင်းခေါင်းဆောင်ကို ကယ်ဖို့အတွက် ကျူယင်းမြေအောက်နန်းဆောင်ကို ဝင်ရောက်ဖို့ အကြောင်းဖန်လာပါတယ်။ မြေအောက်နန်းဆောင်မှာ ဘယ်လို အန္တရာယ်မျိုးတွေ ကြုံတွေ့ရမလဲ…… ဘယ်လို လျှို့ဝှက်ဆန်းကြယ်တဲ့ ပုစ္ဆာတွေကို ဖြေရှင်းရမလဲ…… လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဘိုးဘေးတွေ လုပ်ခဲ့တဲ့ အမှားကိုရော ပြန်ပြင်နိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Comedy • Drama
5.8 2025
The Guardians of Zhu Yin
X & Y
6.6

X and Y (2025) အာဒံ နှင့် ဧဝ ကမ္ဘာဦးအစ အာဒံနှင့်ဧဝကဆိုသလို ဒီဇာတ်လမ်းထဲက မင်းသားမွေးဖွားလာဖို့အတွက်လည်း သူ့ရဲ့မိဘနှစ်ဦး ပေါင်းစပ်ဖို့လိုအပ်နေပါတယ်ကောင်းကင်ဘုံကနေ ကမ္ဘာပေါ်ကိုဆင်းသက်ဖို့နှစ်ပေါင်းများစွာစောင့်ဆိုင်းနေတဲ့ စိတ်ဝိဉာဉ်တစ်ခုက ကမ္ဘာပေါ်ကို ဆင်းသက်ချင်လို့ ဘုရားသခင်ကိုတောင်းဆိုခဲ့ပါတယ်… ဘုရားသခင်းက ဆုကိုချီးမြှင့်လိုက်ပေမဲ့ စမ်းသပ်ချက်တစ်ခုတော့ရှိပါသေးတယ်.. သုံးညအတွင်းမှာ သူ့မိခင်နှင့်ဖခင်ဖြစ်လာမယ့်သူတို့ကို ပေါင်းစည်းနိုင်အောင်လုပ်ပေးမှသာ မွေးဖွားခွင့်ရမှာဖြစ်ပါတယ်.. အဲလိုနဲ့ စိတ်ဝိဉာဉ်က ကမ္ဘာပေါ်ကလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုဝင်ရောက်ပြီး လူ့လောက ခရီးစဉ်ကိုစတင်ခဲ့ပါတယ် လူတွေကြားထဲ ချစ်ခြင်း မုန်းခြင်း ရှုပ်ထွေးမှုတွေကို သူလက်တွေ့မျက်မြင်ခံစားရပါတော့တယ်.. သူ ကမ္ဘာပေါ်က ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ… သူ့မိဘနှစ်ပါးကိုရော ပေါင်းစည်းပေးနိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားပေးကြပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် )

Comedy • Romance • Fantasy • Drama
6.6 2025 108 mins
X & Y