YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Queen Woo 2024 - Episode 04 VIU 720p [RMC].mp4

425.52 MB N/A video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wait With Me
5.8

ဒီကားလေးကတော့ သိပ်မကြာသေးခင်ကမှ Passionflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ စာရေးဆရာမ အေမီဒေါ်စ်ရဲ့ Young Adult Genre "Wait With Me" စာအုပ်စီးရီးထဲက ပထမဆုံးစာအုပ်ဖြစ်တဲ့ "Wait With Me"ကို စာအုပ်ဖုံးများရှင် မော်ဒယ်ပရိုဂျူဆာမင်းသား အန်ဒရူးဘီရာနက်၊ ဓာတ်ပုံဆရာဒါရိုက်တာမင်းသမီး မက်ဒီဆင်လော်လောတို့နှစ်ယောက်နဲ့အတူ အချိတ်အဆက်မိမိ ပုံဖော်ရိုက်ကူးထားတဲ့ လူငယ်အကြိုက် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာ မင်းသမီးကိတ်ထ်စမစ်သ်က ကားပြင်ဆရာဖြစ်တဲ့ မင်းသားမိုင်လ်ဟတ်ဆန်အလုပ်လုပ်တဲ့ တာယာဂိုထောင်မှာ သူမရဲ့ရောင်းအားအကောင်းဆုံးစာအုပ်ရဲ့ အဆက်စာအုပ်ကိုရေးဖို့ဈာန်‌ဝင်အောင်လို့ အဲဒီနေရာကို အကြောင်းအမျိုးမျိုးပြပြီး အဝင်အထွက်လုပ်နေလေ့ရှိပါတယ်။ အဲဒီကနေ တဖြည်းဖြည်း မိုင်လ်နဲ့အနေနီးသွားပြီး ရင်းနှီးမှုအတိုင်းအတာတစ်ခုကိုကျော်သွားတဲ့အခါမှာ ခံစားချက်တွေနက်ရှိုင်းလာကြပြီးနောက် ကိတ်ထ်ဖုံးကွယ်ထားတဲ့အကြောင်းတစ်ခုကို မိုင်လ်သိသွားတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ စာရေးဆရာမ အေမီက "Wait With Me"စာအုပ်ကို ရုပ်ရှင်ထဲကအတိုင်း တာယာဂိုထောင်မှာ ရေးခဲ့တာပါတဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 36Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Comedy • Drama
5.8 2023 90 mins
Wait With Me
One Way
6.2

မိဘ ဆိုတာသားသမီးတွေအတွက် ရနိုင်သမျှအကောင်းဆုံး ပေးချင်ကြတာပါ သူတို့အတွက် မဟုတ်ရင်တောင် သားသမီးတွေအတွက်ဆိုရင်တော့ မရှက်မကြောက်ကို လုပ်ပေးတတ်တဲ့ သူမျိုးတွေပေါ့ ဒါပေမဲ့ မိဘတိုင်းတော့ မဟုတ်ပြန်ပါဘူး တချို့သူတွေကတော့ တစ်ကိုယ်ကောင်းဆန်ရင် သားသမီးတွေကိုတောင် ထည့်မတွက်နိုင်တော့လောက်အောင်ကို ဆန်တတ်တဲ့သူမျိုးတွေပါပဲ ဒီကားလေးထဲမှာတော့ အဲဒီလိုမျိုး မိဘနှစ်မျိုးလုံးကို တစ်ခါတည်း တွေ့နိုင်ပါတယ် ဖရက်ဒီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ လူမိုက်ဂိုဏ်းဆီကနေပဲ ပိုက်ဆံတွေနဲ့ ဘိန်းဖြူတွေကိုခိုးပြီး ထွက်ပြေးခဲ့တာပါ ခိုးမဲ့အစီစဉ်ထဲမှာတော့ ၃ယောက်ဆိုပေမဲ့ တစ်ယောက်ကိုဖမ်းမိ သူလည်းသေနတ်ဒဏ်ရာရ သူတို့ကိုစောင့်နေတဲ့ ကားသမားကလည်း သေနတ်သံကြားလို့ထွက်ပြေးရင်း ကိုင်ရို ဆီသွားမဲ့ ဘတ်စ်ကားပေါ် ရောက်ခဲ့တာပါ သေနတ်ဒဏ်ရာနဲ့ ဖရက်ဒီတစ်ယောက် ကားပေါ်မှာ ဘာတွေများဆက်ဖြစ်မလဲ ပိုက်ဆံတွေနဲ့ဘိန်းဖြူတွေကရော ဘယ်သူ့ဆီကနေခိုးလာခဲ့တာလဲ ဘယ်သူ့အတွက်သူဒီလောက်ထိစွန့်စားရတာလဲ သူအားကိုးတဲ့ အဖေကရော ဘယ်လိုဆက်ဆံမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲဗျာ....... File size…(1.54gb)/(724MB)/(331MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Romance
6.2 2022 96 mins
One Way
Tarla
7

Tarla(2023) CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်း ထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထား အချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲ အသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က ယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့ ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။ ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်း ဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့ ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။ သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကို ဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့ ယောကျာ်းကိုမိသွားတဲ့အခါ ...။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့ ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့ နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါ ဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်မယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းသစ်လေးကို Cm Bollywood Team မှ Aditi, V နဲ့ ZWE တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.9GB / 800MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 7m Subtitle….Myamar Subtitle (Hard Sub) Encoder….YK Translated by  Aditi~  V ~ ZWE

Drama
7 2023 127 mins
Tarla
Our Little Sister
7.5

Our Little Sister ( 2015 ) ————————- Directed by Hirokazu Koreeda IMdb – 7.5 / Rotten Tomatoes – 94% ( ပထမဆုံးအပိုဒ်ဟာ ရုပ်ရှင်အကြောင်းမဟုတ်ဘဲ ဂျပန်စီနီမာက မျက်မှောက်ခေတ်ဒါရိုက်တာတွေအကြောင်းမို့ ကျော်ချင် ကျော်ဖတ်လို့ရပါတယ် ) ( ဂျပန်ရုပ်ရှင်တွေဟာ Ozu , Akira Kurosawa အပါအဝင် တခြားဒါရိုက်တာတွေနဲ့ သမိုင်းအစဉ်အလာတော်တော်ကြီးခဲ့သလို Contemporary Japanese Directorsတွေဖြစ်တဲ့ Shunji Iwai , Takashi Miike , Sion Sono , Kiyoshi Kurosawa , Tetsuya Nakashima , Yōjirō Takita, Yôji Yamada , Hirokazu Koreeda တို့တွေဟာလည်း မျက်မှောက်ခေတ်အထိ ဒီသမိုင်းအစဉ်အလာကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဂျပန်ဟာ ကိုရီးယားထက် နောက်ကောက်ကျသွားပြီပြောကြပေမဲ့ လက်ရှိထိရှိနေတဲ့ ဇာတ်ကားကောင်းတွေထုတ်ပေးနိုင်တဲ့ ဒါရိုက်တာ အင်အားဟာ တော်တော်အားကောင်းတုန်းပါပဲ။ ထွက်လည်းထွက်နေကြတုန်းပါပဲ။ မကျော်တောင် နောက်ကောက်တော့မကျတာ သေချာပါတယ်။ Takashi Miikeတို့ Kiyoshi Kurosawaတို့လို Extremeဆန်တဲ့ ဒါရိုက်တာတွေကလည်း သူ့လိုင်းနဲ့သူအောင်မြင်သလို Hirokazu Koreeda တို့ Shunji Iwaiတို့ကလည်း အသိမ်မွေ့ဆုံး အလှပဆုံး ရုပ်ရှင်တွေကို ထုတ်ပေးနေတုန်းပါ။ Sion Sonoတို့ဆို မနှစ်က နစ်ကေ့နဲ့ ဘိုကားသွားရိုက်ခဲ့သလို Koreedaဆိုလည်း အီသန်ဟန့်နဲ့ ရိုက်ဖူးတဲ့သူပါ။ Kiyoshi Kurosawaရဲ့ cureကိုတော့ david Fincherရဲ့ Se7enထက်တောင် သာတယ်လို့ပြောတဲ့သူတွေမနည်းပါဘူး။ Shunji Iwaiရုပ်ရှင်တွေကတော့ လူ့ပြည်ကနိဗ္ဗာန်ဘုံလို့တောင် ဆိုကြပါတယ်။ ဒီထဲတော့ Personallyအရတော့ Hirokazu Koreedaနဲ့ Shunji Iwaiတို့ရဲ့ ရုပ်ရှင်အေးအေးလေးတွေကိုတော့ သဘောအကျဆုံးပါပဲ။ ဂျပန်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်ကိုလည်း သူတို့ဆီ အပြည့်အဝတွေ့ရပါတယ်။ ဒါကြောင့်ပဲ Shunji Iwaiဟာ last letterကို တရုတ်တွေနဲ့ အရင်ရိုက်ကြည့်တုန်းက မအောင်မြင်ခဲ့သလို korredaရဲ့ Brokerဟာလည်း ထင်သလောက်တော့ မဖြစ်သွားခဲ့တာနေပါမယ်။ သူတို့ရုပ်ရှင်တွေဟာ ဂျပန်အငွေ့အသက်နဲ့ပဲ လုံးဝပနဲပနံသင့်လှပနေတဲ့ ဂျပန်ရုပ်ရှင်အစစ်တွေပါပဲ။ ) Our Little Sisterဟာ korredaရဲ့ ကားကောင်းတွေများစွာထဲက တစ်ကားပါပဲ။ သူ့တခြားကားကောင်းတွေဖြစ်တဲ့ Nobody Knowsတို့ Like Father, Like Sonတို့ Brokerတို့ Air Dollတို့ Shopliftersတို့ Still Walkingတို့ကိုတော့ စီအမ်မှာတင်ထားဖူးတော့ သူ့မသိတောင် ဒီထဲက တစ်ကားကားကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ Koreedaဟာ ozuရဲ့အငွေ့အသက်မကင်းတဲ့သူဖြစ်တာနဲ့အညီပဲ ရုပ်ရှင်အများစုဟာ ရိုးရိုးရှင်းရှင်းလေးပဲ မိသားစုတစ်ခုထဲက အဖြစ်အပျက်တို့ ဘာတို့ကို ချပြပြီး ဘာမှအဆန်းတကြယ်အဖြစ်အပျက်တွေမပါဘဲနဲ့ကို ဒိုင်ကြောင်တွေမဟုတ်နဲ့ သာမန်စကားလုံးတွေနဲ့ပဲ အဲဒီမိသားစုရဲ့ နောက်က အစိုင်အခဲတွေ သံယောဇဉ်တွေ ချစ်ခြင်းတွေ နားမလည်ခြင်း နားလည်ခြင်းတွေကို ပရိသတ်ရင်ထဲ အရောက်ပို့ပေးနိုင်တဲ့ရုပ်ရှင်တွေပါပဲ။ ကျွန်တော်ကြည့်ဖူးသလောက် သူ့ရုပ်ရှင်တွေထဲ ဒီဓာတ်ရဲ့အသိမ်မွေ့ဆုံးရုပ်ရှင်က still walkingပါပဲ။ နောက်ပိုင်းသိရတာတော့ still walkingဟာ သူ့မိသားစုကို အခြေတည်ရိုက်ထားတယ်ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလိုဖြစ်နေတာပဲနေမှာပါ။ our little sisterကတော့ ညီအစ်မသုံးယောက်ဘဝထဲကို သူတို့အဖေရဲ့ နောက်မိန်းမရဲ့ သမီးလေး ရောက်လာတဲ့အကြောင်း ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ သူ့ဟန်အတိုင်း သိမ်သိမ်မွေ့မွေ့လေးနဲ့ပဲ မပြထားတဲ့ နောက်ကြောင်းတွေကို တငွေ့ငွေ့မြင်လာအောင် ပြထားတယ်။ Koreedaပေးတဲ့ အရသာကိုကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်မှုအပြည့်ရစေမယ့် ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ ဂျပန်အကယ်ဒမီမှာ စီနီမာတိုဆု လိုက်တင်ဆု ဒါရိုက်တာဆုတွေအပြင် တက်သစ်စသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။Palme d’Or ပြိုင်ဖို့လည်းအရွေးခံခဲ့ရသလို ပုဂ္ဂလိအမြင်အရတော့ Masami Nagasawaရဲ့ ဆွဲဆောင်မှုကလည်း ဒီရုပ်ရှင်ကို ပိုလှပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ Our Little Sisterဟာ ဘာမှအလွန်အကျူးတွေမပါဘဲ သာမန်အဖြစ်အပျက်တွေ သာမန်ပျော်စရာတွေ သာမန်ဝေဒနာတွေနဲ့ကို ထူးထူးခြားခြားလှပနေတဲ့ KOREEDAရဲ့ မာစတာပိစ်တစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1.1GB) Quality__BluRay_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__02:07:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Adventure • Fantasy
7.5 2015
Our Little Sister
[18+] Tirante El Blanco(2006) The Maidens’ Conspiracy

Tirante El Blanco (or) The Maidens’ Conspiracy(2006) ဒီဇာတ်ကားကတော့ ဓားချင်းခုတ်တော့မှာလိုလို စစ်တိုက်တော့မှာလိုလို ပတ္တယားတီးတော့မှာလိုလို ဆော်ကြူမှာလိုလို ဟိုလိုလို ဒီလိုလို စပိန်ဇာတ်ကားလေးဖြစ်ပြီးတော့ တချို့ဇာတ်ဝင်ခန်းတွေကတော့ 18+ ပါ။ ဇာတ်လမ်းကတော့…. ဂရိအင်ပါယာကြီးကို တူရကီတွေထိပါးတော့ ဧကရာဇ်ဘုရင်က စစ်ကူတောင်းရသတဲ့။ ဆက်ခံသူသားက တိုက်ပွဲမှာကျ၊ ဧကရာဇ်က လူအို၊ မိဖုရားက အိမ်ထောင်ရေးဖောက်ပြန်၊ မင်းသမီးက 16 နှစ်မ ဆိုတော့၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ နန်းတွင်းရေးတွေကြောင့် စစ်ရှုံးတာ မဆန်းဘူးပေါ့‌ဗျာ။ စစ်ကူရောက်လာတဲ့ ဗိုလ်မင်းက တိုက်ရည်ခိုက်ရည်ကောင်း၊ လူချောလူလှ။ စစ်ပွဲတွေမှာ အောင်နိုင်မှုတွေ ယူလာပေးပါတယ်။ ဒါပေမဲ့ ‌ဗိုလ်မင်းက ဧကရာဇ်ရဲ့သမီးတော် 16 နှစ်မကို တက်ချိုင်တော့ ပြဿနာတွေ ဖြစ်ကြတာပေါ့ဗျာ။ အပျိုတော်တွေကြား ဗိုလ်မင်းကို လိုတဲ့သူရှိသလို၊ မလိုတဲ့သူလည်းရှိ။ မင်းသမီးနဲ့ ဗိုလ်မင်းကို အောင်သွယ်သူက အောင်သွယ်၊ ဖျက်သူကဖျက်။ ဇာတ်ရှုပ်ကြီးပါပဲ။ ဒီလိုနဲ့ အင်ပါယာကြီးတစ်ခုလုံးက မင်းသမီးပုခုံးပေါ် ကျရောက်လာတဲ့အခါ 16 နှစ်မ လေး ဘာလုပ်မလဲ၊ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြဦးစို့။ 18 ယောက်စုပြီးတော့ ကြည့်ဖို့မလိုပေမဲ့ မိသားစုနဲ့တော့ မကြည့်ပါနဲ့နော်။ File Size : (3.2 GB) & (1.3 GB) Quality : BluRay 1080p & 720p Running Time : 02:07:05 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Mg Mg Toke Encoded by RGB

0 1900 128 mins
[18+] Tirante El Blanco(2006) The Maidens’ Conspiracy
The World of Kanako
6.5

The World of Kanako (2014) ===================== IMDb Rating – 6.5/10 ဂျပန်ကားတွေဟာ အေးချမ်းရင်လည်း ကမ်းကုန်အောင် အေးချမ်း တတ်သလို ရက်စက်ရင်လည်းကမ်းကုန်အောင် ရက်စက်တတ်တာ အားလုံးအသိပါပဲ။ ဒီကားကတော့ ဒုတိယအမျိုးအစားကားပါပဲ။ ဘယ်လိုရက်စက်လဲဆိုတော့ အပြအားဖြင့်တော့ တစ်ချို့သတ်ပြ ဖြတ်ပြရုံသက်သက်ကားတွေလို လူမကြည့်နိုင်လောက်အောင် အရမ်း ဆိုးဆိုးရွားရွားကြီးဖြစ်မနေပါဘူး။ ဒါပေမဲ့ ဘာလို့ ဘယ်လို ဘယ်ပုံ ဆိုတဲ့အကြောင်းရင်းတွေနဲ့ကို သေသေသပ်သပ်နဲ့ကို ရက်စက်နေတဲ့ ရုပ်ရှင်လို့တော့ ပြောရပါမယ်။ ပတ်ချန်းဝတ်ရဲ့ Oldboy ရဲ့ ရက်စက် မှုမျိုးလို့ပြောလို့ရပေမဲ့ အဲဒီလိုကြီးထပ်တူမဟုတ်နေသလို ဇာတ်ကောင် တစ်ကောင်တည်းမဟုတ်ဘဲ ပါတဲ့ဇာတ်ကောင်အများစုကိုက နည်းပေါင်း စုံနဲ့ရက်စက်နေတဲ့ ရုပ်ရှင်ပါပဲ။ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို သူ့နည်းသူ့ဟန်နဲ့ အရသာရှိနေတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ ဒါရိုက်တာကတော့ ကားသိပ်မရှိပေမဲ့ ရိုက်သမျှတော့ ဒီလိုကားတွေဆို တော့ သူပိုင်နိုင်တဲ့လိုင်းလို့ပဲပြောရပါမယ်။ ဂျပန်ရုပ်ရှင်ပရိသတ်ဆိုရင် ဒီကားကိုကြည့်သင့်တဲ့ အကြောင်းရင်းက နောက်ထပ်၂ခုတောင်ရှိပါတယ်။ တစ်ချက်ကတော့ Koji Yakushoဆိုတဲ့ ဂျပန်မင်းသားကြီးပါပဲ။ Under the Open Skyကားမှာ တော်တော်များများသိပြီးလောက်သလို Memoirs Of A Geisha , Tampopo , Cure တိုလို မာစတာပိစ်ကားတွေမှာ သရုပ် ဆောင်ဖူးပါတယ်။ အာရှရုပ်ရှင်ဆုပေးပွဲမှာ 2019 မှာ Excellence in Asian Cinema Award ဆုကိုရထားတဲ့ ဂျပန်မင်းသားကြီးပါ။ ဒီဆုကို ရထားတဲ့သူ လက်ရှိမှာ ၇ယောက်ပဲရှိပြီး မင်းသား၃ယောက် မင်းသမီး ၄ယောက်ပဲရထားပါတယ်။ ကျန်တဲ့မင်းသား၂ယောက်ကတော့ အီဗြောင် ဟွန်း၊ koreeda လက်စွဲ Hiroshi Abeတို့ပါပဲ။ နောက်အကြောင်းရင်းက တော့ ခုနောက်ပိုင်းဂျပန်ရုပ်ရှင်အသစ်တွေမှာ တွေ့ရတာများတဲ့ ဂျပန်ကား သစ်ပရိသတ်တွေ ကြိုက်ကြတဲ့ Nana Komatsuပါပဲ။ My Tomorrow, Your Yesterday ,The Last 10 Years , After the Rainတို့မှာ သရုပ် ဆောင်ဖူးပါတယ်။ သူလည်း ဂျပန်ရဲ့ လက်ရှိနာမည်အကြီးဆုံးမင်းသမီး ထဲပါပါတယ်။ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းမှာမှ ဂန္တဝင် မင်းသားနဲ့ နာမည်ကျော်မင်းသမီးကို တွဲမြင်ရမှာဆိုတော့ အာရှစီနီမာကို ကြိုက်တဲ့လူတွေ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ပါပဲ။ အနည်းဆုံးတော့ ဒီ ကားကြည့်လိုက်ရင်Koji Yakushoဟာ ဘာလို့ Excellence in Asian Cinema Awardဆုရထားလဲတော့ ကောင်းကောင်းကြီး သဘောပေါက် သွားကြမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(3.0 GB) / (871 MB) / (474 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 58Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Mystery, Thriller Translator…….WiRa Aung Encoder……….ZinPhyoAung

Horror • Thriller • Action
6.5 2014 118 mins
The World of Kanako
I Love You, Man
7

I Love You, Man (2009) ~ IMDb – 7/10, Rotten Tomatoes – 83% ~ ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် “သားကြီး” တွေပေါ့ဗျာ။ ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။ မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ပီတာ တစ်ယောက် ယောက်ျားလေး သူငယ်ချင်း ရှာပုံတော်ဖွင့်ရင်း နောက်ဆုံးမှာတော့ ကျားဆိုမှကျား ဘ၀ကို ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ဆစ်ဒ်နီ တစ်ဖြစ်လဲ Jason Segel နဲ့ ဆုံမိပြီး လမိုင်းကပ်သွားကြပါတော့တယ်။ ဆစ်ဒ်နီနဲ့ ပီတာ၊ ပီတာ နဲ့ ဆစ်ဒ်နီ နှစ်ယောက်ကြား သူငယ်ချင်း ခင်မင်မှု ခိုင်မာလာပုံကို အလွဲလေးတွေ ဟာသလေးတွေနှောရင်း ရင်ထဲမှာ နွေးထွေးသွားအောင် ခင်းကျင်းပြထားတဲ့ ‌ဒီဇာတ်ကားလေးကို CM ပရိသတ်တွေ ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ “ဒီဇာတ်ကားလေးကို ကြည့်ရင်းနဲ့လည်း ကိုယ့်ရဲ့ အခင်ရဆုံး သားကြီး တစ်ယောက်လောက်ကို ပြေးသတိရမိမယ် ထင်ပါတယ်” (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 802MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 45Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

7 2009
I Love You, Man
The Bigfoot Trap

The Bigfoot Trap (2023) ဒီဇာတ်လမ်းထဲမှာဆိုရင်ဖြင့် အမေရိကတိုက်တစ်ဝှမ်း အယူသီးတဲ့သူတွေကို လိုက်အင်တာဗျူးပြီး သူတို့ဘယ်လိုမိုက်မဲကြောင်းကို ဗီဒီယိုလုပ်ပြီး အရှက်လိုက်ခွဲတဲ့ ဂျော့ရှ်ဆိုတဲ့ သတင်းထောက်တစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ သူ့အလုပ်ရှင်က Bigfoot ကို ရှာတွေ့တော့မယ်လို့ ကြုံးဝါးနေတဲ့ ရက်ဒ်ဆိုတဲ့ လူဆီကို အလိမ်ဖော်ဖို့အတွက်ဆိုပြီး လွှတ်လိုက်ပါတယ်။ အစပိုင်းမှာတော့ ဂျော့ရှ်က ဒီလူလိမ်နေတာပဲဆိုပြီးတော့ သူရလာသမျှသဲလွန်စတွေကို လိုက်ပြီးအဖျက်အမှောင့်လုပ်ပါတော့တယ်။ ဒါပေမဲ့ တစ်နေ့ကျ ဂျော့ရှ်ဟာ ရက်ဒ်ရဲ့ သူငယ်ချင်းကို မတော်တဆသတ်မိသွားပါတယ်။ အဲဒီအချိန်ကစပြီး ဂျော့ရှ်တစ်ယောက်ကံဆိုးမိုးမှောင်တွေကျ အဖြစ်ဆိုးပေါင်းများစွာနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာ ဂျော့ရှ်ဟာ တကယ်ရှိနေခဲ့တဲ့ Bigfoot ကို ရှာမတွေ့သွားပေမဲ့လည်း လူ့ဘဝရဲ့ အဓိပ္ပါယ်ကို အသက်နဲ့ရင်းပြီးသိသွားခဲ့ရပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကို The Bigfoot Trap ဆိုပြီးနာမည်ပေးထားပေမဲ့ Bigfoot နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအပြင် လက်တွေ့ဘဝ သင်ခန်းစာတွေကိုပါ ထည့်ပေးထားပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ ကံဇာတာမြင့်နေတဲ့အချိန်မှာ အောက်ခြေလွတ်သွားတတ်ကြပါတယ်။ လောကဓံတရားကို ပြင်းပြင်းထန်ထန်မခံစားရသေးတဲ့အချိန်မှာ မာယာမျက်နှာဖုံးတွေကြား ဒုစရိုက်ထဲမှာပျော်မွေ့နေတတ်ပါတယ်။ ဒါပေမဲ့ လူ့ဘဝဟာ အခိုးအငွေ့တွေလိုပဲ ချက်ချင်းဆိုသလို ပျောက်ပျက်သွားတတ်မှန်းကို သိလိုက်ရတဲ့အချိန်မှာမှ နောင်တပေါင်းများစွာနဲ့ အသိတရားဝင်လာတတ်ကြတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 695MB Quality – 1080p, 720p Format – mp4 Duration – 1H 25Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2023
The Bigfoot Trap
Butcher’s Crossing
5.9

Butcher’s Crossing (2022) =================== IMDb Rating -5.9/10 Western ကန်းထရီးစတိုင်နာမည်ကြီး ဖြစ်ရပ်မှန်၀တ္ထုကို ကိုးကားပြီး ရိုက်ထားတဲ့ 1900 အစောပိုင်းက အမေရိကန် – အင်ဒီးယန်း ကျွဲမုဆိုး တွေအကြောင်းပါ။ မင်းသားကလည်း ဂန္တ၀င် Nicols Cage ဆိုတော့ သေချာပေါက်ကြည့်သင့်ပါတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ 1900 အစောပိုင်းမှာ အမေရိကန် ကျေး လက်နယ်တွေမှာ ကျွဲအရေခွံရောင်းတဲ့ဈေးကွက်အတော်လေးခေတ် စားခဲ့တယ်။ အမေရိကန်ကျွဲဆိုတာ မြန်မာမှာဆိုရင်တော့ အမွှေးထူ (bison) ပြောင်ကြီးတွေပေါ့၊ ဒီကျွဲတွေက ရတဲ့ အရိုး ၊ အသား ၊ အရေခွံ တွေအားလုံးဟာ တစ်ခုမှ ပစ်စရာမရှိအောင် အသုံး၀င်လွန်းတယ်။ အဲထဲ မှာမှ အရေခွံကတော့ ဈေးအရဆုံးပေါ့။ ဟားဗက်ကျောင်းထွက် ဝီလီယံဂာ သူ့ဘ၀ရဲ့ဝါသနာပါရာကိုရှာဖွေဖို့ဆို ပြီး ခရီးထွက်ခဲ့ရာကနေ ကော်လိုရာဒိုရဲ့တောင်တန်းတွေအောက်က စိန့် လူး၀စ်ဆိုတဲ့ ရွာဘေးကိုရောက်လာပါတယ်။ တစ်ရွာလုံးက ကျွဲမုဆိုးတွေ အခြေချရာနေရာဖြစ်ပြီး သူကလည်း အမဲလိုက်အဖွဲ့ထဲ ပါချင်သွားပါ တယ်။ ဒါပေမယ့် သူ့လိုဖြူဖက်ဖြူရော်ကောင်လေးကို ဘယ်မုဆိုးမှ အလုပ်သင်အဖြစ် လက်မခံပါဘူး။ မစ်လာ(Nicols Cage)ခေါ် ဝါရင့် မုဆိုးကြီးက သူနဲ့ ကျွဲအမဲလိုက်ဖို့ သဘောတူလိုက်ပြီး၊ လူသူအရောက် ပေါက်နည်းပြီး ရှားပါးကျွဲကြီးတွေရှိတဲ့ တောင်တန်းတွေပေါ် ခရီးဆက်ပြီး စွန့်စားခန်းထွက်ခဲ့ကြပုံတွေကို ဆက်လက်ကြည့်ရှူလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(3.0 GB) / (826 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 45Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Western Translator…….Thiha Yan Naing Encoder……….Zin Phyo Aung

5.9 2022
Butcher’s Crossing
Sleepaway Camp III: Teenage Wasteland

ရှေ့ကနှစ်ကားရဲ့ အဆက် သုံးကားမြောက်ရုပ်ရှင်ပါ။ ဒီတကားကိုတော့ ဒုတိယကားထဲက ဖြစ်ရပ်တွေအပြီး တနှစ်အကြာမှာ ‌ဇာတ်အိမ်တည်ထားပါတယ်။ ထုံးစံအတိုင်း အန်ဂျလာတယောက် ပြန်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတခါမှာတော့ ပြန်လည်ပြုပြင်ထားတဲ့ နွေရာသီတောစခန်းမှာ လူမှုရေးစမ်းသပ်မှုတခုပြုလုပ်ဖို့ အထက်တန်းလွှာက လူငယ်တစုနဲ့ သာမန်အောက်ခြေလူတန်းစား လူငယ်တစုကို ခေါ်ထားပါတယ်။ အန်ဂျလာကတော့ ဒုတိယတစုထဲမှာပေါ့။ စမ်းသပ်မှုရဲ့အစီအစဉ်က ထိုလူငယ်နှစ်စုကို အဖွဲ့တွေခွဲကာ ရောယှက်လိုက်ပြီး မတူညီတဲ့နေရာတွေမှာ စခန်းချစေဖို့ပါပဲ။ ဒီလိုနဲ့ အန်ဂျလာတယောက်ကို မျက်စိစပါးမွေးစူးအောင် လုပ်မိတဲ့လူငယ်တွေ ဒီတခါရော ဘယ်လိုတွေ ကြိတ်ခံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေပိုများလာပြီး လက်ယဉ်သွားပြီဖြစ်တဲ့ အန်ဂျလာရဲ့ ပရိယာယ်တွေ သတ်ဖြတ်ပုံတွေကလည်း ပိုအဆင့်မြင့်လာပြီး ပိရိလာတာကိုမြင်တွေ့ရမှာပါ။ အဖော်အချွတ်ရိုက်ချက်တွေပါတာကြောင့် ၁၈အောက် မကြည့်ရှုဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.7 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Horror • Thriller
0 1989
Sleepaway Camp III: Teenage Wasteland
The Grifters
6.9

The Grifters (1990) ~ IMDb – 6.9/10, Rotten Tomatoes – 91% ~ National Board of Review of Motion Pictures ရဲ့ ၁၉၉၀ ခုနှစ်အတွက် အကောင်းဆုံး ရှပ်ရှင် ၁၀ ကားထဲက တစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ရုပ်ရှင်ပါ။ သိတဲ့အတိုင်း ၁၉၉၀ ဆိုတာ ကားကောင်းတွေထွက်ခဲ့တဲ့နှစ်ဆိုတော့ အကောင်းဆုံး ၁၀ ကားထဲပါတယ်ဆိုတာ တော်ရုံတော့မဟုတ်ပါဘူး။ အော်စကာဆု ၄ ခု ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဒါရိုက်တာ၊ သရုပ်‌ဆောင်နဲ့ ဇာတ်လမ်းအပိုင်းတွေမှာ တခြားဆုကြီးတွေလည်း ရခဲ့တယ်။ ဒီရုပ်ရှင်ကို Crime ဝတ္ထု‌နယ်ပယ်မှာ ဩဇာရှိတယ်လို့ပြောလို့ရတဲ့ Jim Thompson ရဲ့ The Grifters ဝတ္ထုကို မှီငြမ်းထားတယ်။ ၁၉၉၀ မှာ Jim Thompson ရဲ့ ဝတ္ထု ၂ ခုကို မှီငြမ်းရိုက်ခဲ့တဲ့ ရုပ်ရှင် ၂ ကားထွက်ခဲ့တယ်။ “The Grifters” နဲ့ “After Dark, My Sweet” တို့ပေါ့။ ဒီဝတ္ထုကအရှိန်အဝါရှိတဲ့ ဝတ္ထုဆိုတော့ အရှိန်အဝါရှိတဲ့လူနဲ့ရိုက်မှတော်ကာကျမပေါ့။ အဲဒါကြောင့် အစက ဒီရုပ်ရှင်ကို ထုတ်လုပ်တဲ့ Studio Cineplex Odeon Films က Martin Scorsese ကို ဒါရိုက်တာလုပ်စေချင်ခဲ့တယ်။ ဒါပေမဲ့ မာတင်က Stephen Frears ကို ရိုက်ကူးဖို့ပြောပြီး သူကတော့ ပရိုဂျူဆာနေရာမှာပဲနေခဲ့တယ်။ Frears ကလည်း ဒီနှစ်(၂၀၂၃)ထဲမှာပဲ ရုပ်ရှင်နယ်ပယ်မှာ သူ့ရဲ့အားထုတ်မှုအတွက် သူရဲကောင်းဘွဲ့ရခဲ့တယ်။ Grifters ဆိုတာ ဖိုးတွမ်တိပေါ့။ ဖိုးတွမ်တိမှာတောင် ၂ မျိုးရှိတယ်။ Long-con ခေါ်တဲ့ အချီကြီးသမားနဲ့ Short-con ခေါ်တဲ့ တစ်ပွဲတိုးသမား။ အချီကြီးသမားတွေက ပိပိရိရိ ‌အသေးစိတ်အစီအစဉ်ဆွဲပြီး ငွေပမာဏအများကြီးကိုလိမ်တယ်။ တစ်ပွဲတိုးသမားတွေကတော့ ဖဲလိမ်သလို၊ အံစာတုံးလိမ်သလို၊ လက်လှည့်ပြကွက်မျိုးတွေနဲ့ တစ်ပွဲတိုးစာလောက်ပဲလိမ်တယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလန်က တစ်ပွဲတိုးသမား၊ သူ့ချစ်သူ မိုင်ရာကတော့ အချီကြီးသမားပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဒီလန်ဆီကို မတွေ့တာကြာတဲ့ သူ့အမေ လီလီ ရောက်လာတယ်။ လီလီက ဝါရင့်ဖိုးတွမ်တိသမားလို့ပြောလို့ရတယ်။ လတ်တလောကတော့ လူမိုက်ဂိုဏ်းတစ်ခုမှာ မြင်းပွဲဒိုင်လုပ်နေတယ်။ အဲဒီလိုနဲ့ သူတို့ ၃ ယောက် ပြန်ဆုံပြီး အရင်းအနှီးကြီးတဲ့ ရှုပ်ထွေးမှုတွေထဲ ခြေရှုပ်မိကြတဲ့အချိန်မှာ အချင်းချင်း လိမ်လည်လှည့်ဖျားရင်း ပြန်လမ်းမရှိတဲ့ လမ်းတွေကို နင်းခဲ့မိကြတယ်။ ဒီရုပ်ရှင်မှာ အဓိကအနေနဲ့ တစ်ပွဲတိုးသမား ဒီလန် (John Cusack)၊ အရာရာကို မြှူပြီးဖြေရှင်းတတ်တဲ့ မိုင်ရာ (Anette Benning) နဲ့ ဒီလန်ရဲ့ အမေဖြစ်တဲ့ ဝါရင့်ဖိုးတွမ်တိ လီလီ (Anjelica Houston) တို့ပါဝင်ထားတယ်။ ဇာတ်ကောင်က ၃ ယောက်ဆိုပေမဲ့ ဇာတ်ကောင်တည်ဆောက်ပုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ လူ ၃ ယောက် စိတ် ၃ မျိုး။ လီလီက ဒီလန်ကို ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သူ့အသက် ၁၄ နှစ်ပဲရှိသေးတယ်။ အဲဒီတော့ သူတို့သားအမိက ကစားဖော်တွေလိုဖြစ်နေတယ်။ သူတို့ဆက်ဆံရေးကလည်း တော်တော်ကိုထူးဆန်းတယ်။ မိုင်ရာက တစ်ချိန်ကတော့ အချီကြီးလုပ်တဲ့ဆရာကြီး ကိုးလ်ဆိုတဲ့လူနဲ့ လက်တွဲလုပ်ခဲ့ပြီး အဲဒီလိုအချီကြီးမျိုးကိုသိပ်လုပ်ချင်နေတယ်။ အဲဒီအတွက် ဒီလန်နဲ့ပေါင်းပြီးလုပ်ချင်တယ်တကဲကဲဖြစ်နေတာပေါ့။ လီလီကတော့ မိုင်ရာကို သိပ်သဘောမကျဘူး။ သူကိုယ်တိုင်ကော သူ့သားကိုပါ ဒီ ဒုစရိုက်လောကထဲက ထွက်စေချင်တယ်။ ဒါပေမဲ့ ထင်သလောက်မလွယ်ပါဘူး။ ဒုစရိုက်လောကဆိုတာ အလျော်အစားကြီးပါတယ်။ ဒီရုပ်ရှင်မှာ ဘယ်သူက လူဆိုးလဲပြောဖို့ခက်လိမ့်မယ်။ ၃ ယောက်လုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဉာဏ်နီဉာဏ်နက်များကြတယ်။ နောက်ဆုံးကျန်ခဲ့မယ့်မေးခွန်းက… “ဘယ်သူက ဘယ်သူ့ကို လိမ်နေတာလဲ…” (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 50Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.9 1990
The Grifters
The Berlin File
6.6

IMDb Rating (6.6) မင်းသားကြီး Ha Jung-woo နဲ့ မင်းသမီး Jun Ji-hyun တို့အပြင် အခြားသောသရုပ်ဆောင်များစွာပါဝင်ထားတဲ့ ကိုရီးယား Action,Thriller ရုပ်ရှင်ဇာတ်လမ်းကြီးပါ။ ဇာတ်လမ်းအကျဉ်းကတော့… မြောက်ကိုးရီးယားရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်သူ ပြုံးဂျောင်ဆုံဟာ ဘာလင်မှာ အာရပ်တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်အရောင်းအဝယ်လုပ်ဖို့ တာဝန်ပေးခံရတာကနေ အရောင်းအဝယ်ပျက်သွားတဲ့နောက်မှာတော့ ဒီဘာလင်အရှုပ်တော်ပုံထဲ ရောက်သွားပါတော့တယ်။ သူနဲ့ မြောက်ကိုးရီးယားသံရုံးက စကားပြန်ဖြစ်သူ သူ့ဇနီးတို့ဟာ ဒီအရှုပ်တော်ပုံမှာ တိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေအဖြစ် အကွက်ချ အစွပ်စွဲခံလိုက်ရတဲ့အခါ…. အေးဂျင့်ပြုံးဂျောင်ဆုံတစ်ယောက် ပြသနာတွေကြားထဲကနေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ….။

6.6 2013
The Berlin File
Mischievous Kiss the Movie Part 2: Campus
7.1

Mischievous Kiss: Campus Arc (2017) My Drama List – 7.4 IMDb – 7.1 2016 ခုနှစ်ကထွက်ရှိခဲ့တဲ့ Highschool arc ရဲ့အဆက်ဖြစ်ပြီးတော့ campus arc မှာတော့ ခိုတိုခိုရော အီရိအဲရော တိုးနန်တက္ကသိုလ်ကို ရောက်သွားကြပေမယ့် မေဂျာတော့ မတူပါဘူး။ အီရိအဲက သိပ္ပံအင်ဂျင်နီယာမေဂျာကိုယူပြီး အဲဒီမှာ မာဆုမိုတိုဆိုတဲ့ကောင်မလေးနဲ့ ရင်းနှီးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ အီရိအဲရဲ့ အထက်တန်းကျောင်းတုန်းက စီနီယာဖြစ်တဲ့ ဆုဒိုက အီရိအဲကို သူတို့ကလပ်ထဲဝင်ဖို့ စည်းရုံးလာပါတယ်၊ ဒါကို အီရိအဲနဲ့ ကလပ်အဖွဲ့ အတူတူဝင်ချင်တဲ့ ခိုတိုခိုတစ်ယောက်ကြားသွားပြီးတော့ ဘာကလပ်မှန်းမသိဘဲ အနောက်ကလိုက်ကြည့်ပါတော့တယ်။ အီရိအဲဝင်မယ့်ကလပ်က တန်းနစ်ကလပ်ဖြစ်နေပြီး မာဆုမိုတိုကလည်း အဲဒီကလပ်မှာရှိ‌‌နေပါတယ်။ ခိုတိုခိုတစ်ယောက် တန်းနစ်အဖွဲ့ထဲဝင်ပြီး အီရိအဲရဲ့အာရုံစိုက်မှုကို ဘယ်လိုအရယူမလဲ၊ အီရိအဲကိုကြိုက်တဲ့ ပြိုင်ဘက်ကရော ဘယ်နှယောက်ပေါ်လာမလဲ၊ အဲဒီပြိုင်ဘက်တွေကိုရော ခိုတိုခိုတစ်ယောက် အနိုင်ယူနိုင်မလား၊ အီရိအဲနဲ့ခိုတိုခိုတို့ကြားထဲက ဆက်ဆံရေး ဘယ်လိုမျိုးပြောင်းလဲသွားမလဲ အစရှိတာတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size… 2.6 GB / 1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

7.1 2017 104 mins
Mischievous Kiss the Movie Part 2: Campus
He Ain’t Heavy
6.1

အခုတစ်ခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေရတဲ့ မောင်တစ်ယောက်အတွက် အစ်မတယောက်ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ မိခင်တယောက်ရဲ့ နာကျင်မှုတွေနဲ့ လူနေမှုဘဝအခက်အခဲတွေအကြောင်းကို ဒါရိုက်တာ David Vincent Smith က ၎င်းရဲ့ ပွဲဦးထွက်ဇာတ်ကားအနေနဲ့ ပုံဖော်ပြသထားတာပဲဖြစ်ပါတယ်… ဒီကားလေးဟာဆိုရင် ဒါရိုက်တာ David Vincent Smith ရဲ့ မိသားစုထဲက မူးယစ်ဆေးသားကောင်တယောက်ကို အခြေပြု ရိုက်ကူးထားတာဖြစ်ပြီး မဲလ်ဘုန်းအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာ ကနဦးပြသခဲ့ကာ ရုပ်ရှင်‌ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက် ကောင်းတွေလည်း ရရှိခဲ့ပါတယ် Max ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေကုစားဖို့ကြိုးစားရင်း မူးယစ်ဆေးစွဲသွားတဲ့ လူငယ်တယောက်ဖြစ်ပါတယ် ဆေးသုံးထားတဲ့အခါ မိသားစုအပြင် သူစိမ်းတွေကိုပါရန် ပြုတတ်လာတဲ့ Max ဟာ ဆေးပြယ်ချိန်ဆိုရင်တော့ ဘာတွေ လုပ်မိမှန်း မမှတ်မိတော့ပါဘူး… တနေ့မှာတော့ ဒီအခြေအနေတွေကို ရပ်တန့်ဖို့ အစ်မဖြစ်သူ Jade တယောက် မောင်ဖြစ်သူ Max ကိုအခန်းပိတ်ကာ အတင်းဆေးဖြတ်ပေးဖို့ကြိုးစားပါတော့တယ်.. တချိန်တည်းမှာလည်း ရဲတပ်ဖွဲ့ဟာ Max ရဲ့ ရုတ်တရက် ပျောက်ဆုံးနေမှုနဲ့အတူ Max နဲ့သက်ဆိုင်တဲ့အမှုတခုကို လိုက်လံစုံစမ်းနေခဲ့ပါတယ် အတင်းဆေးဖြတ်ပေးခံရတဲ့ Max တယောက် မူးယစ်နွံက နေရုန်းထွက်နိုင်မလား… ရဲတွေကရော Max ကို ဘယ်လိုကြောင့် လိုက်လံရှာဖွေနေရပါသလဲ အစ်မဖြစ်သူ Jade တစ်ယောက်ရော အကြံစည်အောင်မြင်သွားမလား စတဲ့ စတဲ့ မေးခွန်းတွေကိုတော့ ဒီကားလေးထဲမှာပဲ ဖော်ထုတ် အဖြေရှာလိုက်ကြပါဦးခင်ဗျာ………… File size… (1.42GB) / (697MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6.1 2024 103 mins
He Ain’t Heavy