YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Queen.Love.and.War.S01E12.1080p.CM.mp4

1.1 GB 1080p video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunger
4.5

Bad Geniusထဲမှာ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားသွားတဲ့မင်းသမီး Aokbab Chutimon ရဲ့ ကားသစ်လေးဖြစ်တဲ့ Hungerဆိုတဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဂျစ်ကန်ကန်ကာရိုက်တာနဲ့ အင်မတန်လိုက်ဖက်တဲ့သူလေးကို ဒီကားထဲမှာတော့ ဇွဲနပဲကြီးတဲ့ အနိုင်မခံအရှုံးမပေးတတ်တဲ့ရှက်ဖ်လေးအဖြစ် မြင်ရမှာပါ။ အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကို အမွေဆက်ခံရဖို့ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ Dreamersတစ်ယောက်ပီပီ အွိုင်ကတော့ ရပ်ကွက်ခေါက်ဆွဲဆိုင်လေးမှာပဲ ဘဝကိုအဆုံးမသတ်ချင်သူပါ။ ဒါပေမဲ့ မောင်နှမတွေထဲမှာလည်း ဒီဆိုင်ကိုလက်လွှဲယူနိုင်မဲ့ ချက်ပြုတ်တတ်တဲ့လူကလည်းမရှိ သမီးအကြီးဆုံးကလည်းဖြစ်နေပြန်တော့ ရွေးစရာကလည်းမရှိပြန်ဘူးပေါ့။ ဒီလိုနွံနစ်နေတဲ့ ပတ္တမြားဖြစ်တဲ့အွိုင်ကို တွေ့ရှိသွားသူကတော့ ဟန်ဂါဆိုတဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အငယ်တန်းရှက်ဖ်တစ်ယောက်ဖြစ်တဲ့တုန်းပါ။ ဒီလိုနဲ့ပဲ အွိုင်ရဲ့အရည်အချင်းတွေကိုမြင်သွားတဲ့တုန်းက အွိုင်ကို ရှက်ဖ်လောကထဲကို ခေါ်သွင်းလာတဲ့အခါ... မီးဖိုချောင်မှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အာဏာရှင်စနစ်ပဲရှိတယ်လို့ပြောရင်တော့ အဆူအဆဲခံပြီး ပညာသင်လာရတဲ့စားဖိုမှူးတိုင်းက ရင်နာနာနဲ့ပဲ မှန်ကန်ကြောင်း ထောက်ခံမိကြမှာပါ။ ထို့နည်းတူပါပဲ ရပ်ကွက်စားသောက်ဆိုင်မှာပဲ ချက်ပြုတ်နေကြဖြစ်တဲ့အွိုင်လည်း ဟန်ဂါ‌စားသောက်ဆိုင်ပိုင်ရှင်လည်းဟုတ် အပေါက်ဆိုးတယ်လို့လည်း နာမည်ကြီးတဲ့ ရှက်ဖ်ပေါလ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ရှက်ဖ်တစ်ယောက်ရော ဖြစ်လာနိုင်မလား။ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့၊ လောကကြီးကို လုပ်နိုင်ကြောင်း သက်သေပြချင်တဲ့အွိုင်တစ်ယောက် အောင်မြင်မှုကို ငတ်မွတ်လာတဲ့အခါ ရယူခြင်းရဲ့နောက်ကွယ်က ပေးဆပ်ခြင်းတွေကိုရော အွိုင်တစ်ယောက် လက်ခံနိုင်မှာလား။ လောကရဲ့နိယာမအတိုင်း အထက်ဖားအောက်ဖိတဲ့ပြဿနာတွေ၊ လုပ်ဖော််ကိုင်ဖက်တွေကြားက မနာလိုမှုတွေ၊ လူတန်းစာအလွှာကွာခြားမှုကြားက ပဋိပက္ခတွေ အစရှိသဖြင့် ရသအစုံအလင်ခံစားနိုင်မဲ့ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင့် ခေတ်နဲ့အညီ ဆန်းသစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုဆန်းသစ်လာတဲ့ ဒီထိုင်းmovieလောကရဲ့ လက်ရာသစ်လေးကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 862MB | 431MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Drama • Mystery
4.5 2023 9 mins
Hunger
Dreamy Eyes
6.9

"ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်..." စက်ဘီးကလေးတစ်စီးနဲ့ လူငယ်ဘဝဟာ ကောင်ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းရိပ်မသန်းတဲ့ ရွှေအိုရောင်ကာလတွေပါပဲ။ အဲဒီရွှေအိုရောင်အတိတ်မှာပဲ ဝေဝေရီရီမျက်လုံးလေးတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ဝေဝေရီမျက်ဝန်းလေးတစ်စုံနဲ့ ကောင်မလေးတစ်ယောက်ဟာ ဘာကိုမှမသိတတ်သေးတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ မစားရက်မသောက်ရက် ပိုင်ဆိုင်ချင်ခဲ့တဲ့ ဆင်စွယ်မင်းသမီးရုပ်ကလေးပေါ့။ ဘကြီးအောင်ညာတယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း သူ မသိတတ်ခဲ့ဘူး။ နှင်းဆီခြုံတောထဲ သူမ ဖြတ်လျှောက်သွားတဲ့အခါ... ကတ္တီပါဆံပင်ရှည် သမင်လည်ပြန်မပွင့်တပွင့်အပြုံးတွေ၊ ဝေဝေရီရီမျက်ဝန်းတွေကို ငေးကာမောကာနဲ့၊ ဝေးရမယ်ဆိုတဲ့အသိမှာ အခါခါသေရင်း၊ ကျောင်းသွားဖော်ကောင်မလေးရဲ့ အနောက်ဆီ‌မှာ ရာစုတစ်ထောင်ကျန်ရစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ နေဝင်မှာကို သိပ်ကြောက်ရင်း ညဉ့်နက်ခဲ့သူတစ်ယောက်ပေါ့။ တစ်ချိန်က ကောင်မလေး မက်မောခဲ့တဲ့အရာတွေဟာ အခုတော့ လွယ်လင့်တကူများဖြစ်ခဲ့ပြီ။ ပစ္စုပ္ပန် ကောင်မလေး တမ်းတနေတတ်တဲ့အရာတွေဟာ ကောင်လေးမမီနိုင်ရာများဖြစ်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဟာ ဘာများလဲ။ ကိန်းဂဏန်းလား စက္ကူတစ်ရွက်လား ဦးရာလူလား သီချင်းတစ်ပုဒ်လား ဒါမှမဟုတ်... ဒါမှမဟုတ်... ဒါ... မှ.. မဟုတ်။ ထားပါလေ ခရေပွင့်ကြွေကောက် ပြန်လာသူတစ်ယောက်ရဲ့ဇာတ်လမ်းမှာ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်ပါတဲ့ မိန်းကလေးတစ်ယောက်ဟာ ဓမ္မတာပဲမဟုတ်လား။ လူသားတို့ ပေါင်းမိရင် ဘာရယ်ကြောင့် အားနည်းသူကို မုန်းတတ်တာလဲလေ...။ ဒီလိုနဲ့ ဒီကမ္ဘာပေါ်က သူရဲကောင်းများစွာတို့လိုပဲ ကောင်လေးဟာ ကျော့ဆုံးကို မမြင်ခဲ့ရဘူး။ နှစ်လသက္ကရာဇ်တွေ ကုန်လွယ်လွန်းလိုက်ပုံများ ရွာဈေးထိပ်က သစ်ပင်အိုကြီးတောင် သေဆုံးခဲ့တာ... ကြာပြီ။ နှင်းဆီခြုံတောကလေးမှာ ဝေဝေရီရီမျက်ဝန်းကလေးတွေဟာလည်း ပုံရိပ်အဖြစ်ပဲ ထင်ကျန်နေရစ်ခဲ့ပြီ။ ငြိမ်းချမ်းတဲ့ကံဇာတာနယ်မှာ လမ်းဖြောင့်ဖြောင့်သာမယ် ထင်မှတ်မှားဖူးခဲ့တဲ့ နေ့ရက်များစွာ ကုန်လွန်သွား...။ ဆော့ရင်းကစားရင်းက သပြေသီးမှည့်အကောက်သွားတဲ့ ကောင်မလေးတစ်ယောက် ထားခဲ့တဲ့ အုန်းလက်နွားကလေးဟာ ဒုတိယနေရာမှာလည်း ပထမအဆင့်နဲ့ ခေါင်းငုံ့ချစ်ခွင့်မရှိဘူးလို့ ဘယ်သူတွေပြောလဲ။ အခုတော့ စက်ဘီးကလေးမှာ ကယ်ရီယာခုံလေးလည်း မဲ့ခဲ့ပြီ။ ရထားချင်းလမ်းကွဲခဲ့ပုံများ တစ်ဘဝလုံးကုန်တာတောင်မှ ငါ့မှာမဆုံခဲ့ရဘူး။ လူအ,တစ်ယောက်လို့ အားလုံးက သမုဒ်ကြပါစေ။ နှင်းဆီခြုံတောအဝင်၀ တည်နေလှပတဲ့ ဝေဝေရီရီမျက်၀န်းတွေကို ဘာပဲဖြစ်ဖြစ် ငါကတော့ ဆက်ချစ်နေမယ်။ ရင်နှင့်အမျှ အလွမ်းရင့် လွမ်းမပြယ်။ " သံသရာကို ဘယ်လိုပဲအမည်ပေးပေး တကယ်တမ်း ဝေးကြရတဲ့အခါ တစ်ပတ်ပြန်လည်မလာမှာကို ကြောက်နေမိသူတစ်ယောက် ရှိတဲ့အကြောင်း သိစေချင်ရုံပါ... ။ နှလုံးသွင်းချင်း မတူညီလို့ လွဲခဲ့ရတဲ့ ဘ၀တွေ… ကမ္ဘာကြီးပေါ်ကျတဲ့ မိုးစက်တို့ထက် ပိုများတယ်ဆိုတာကလေး သိစေချင်ရုံပါ...။ အဲဒီမီးဟာ လောင်ကျွမ်းစေသူရော လောင်ကျွမ်းခံရသူကိုပါ မြှိုက်တယ်ဆိုတာ သိစေချင်ရုံပါ...။ ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့.. အဲဒီစက်ဘီးကလေးရဲ့ ကယ်ရီယာခုံလေးအကြောင်းကိုတော့ ပြောပြခဲ့ဖူးရင်လည်း မေ့သာပစ်လိုက်ပါ..။ ချိန်းကြိုးကလေးတွေဟာ နှစ်ဦးသားအတူ အဝေးကိုမှ မသယ်ဆောင်နိုင်ခဲ့တာ...။ " ~ Word and Poetry Ref - နှင်းဆီပွင့်၊ အုန်းလက်နွား၊ ဘကြီးအောင်ညာတယ် (မင်းသုဝဏ်) - မမသည် ငွေ့ရည်ဖွဲ့စ တိမ်ဖြူမွလေးဖြစ်သည် (တာရာမင်းဝေ) - အလွမ်းရင့် လွမ်းမပြယ်၊ ငယ်သူမို့ (စိုးလွင်လွင်) - အချစ်ကိုဦးစားပေးခဲ့သူ (စိုင်းခမ်းလိတ်) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 57Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Romance
6.9 2019 117 mins
Dreamy Eyes

ခွန်းလွန်တောင်ဆိုတာကတော့ ကောင်းကင်ဘုံက နတ်ဘုရားတွေကျင့်ကြံအားထုတ်တဲ့နေရာဖြစ်ပြီး သာမန်မျက်စိနဲ့မမြင်နိုင်ဘူးလို့ဆိုကြပါတယ်။ ခွန်းလွန်တောင်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ကျောရိုးဖြစ်ပြီး နတ်ဘုရားပေါင်းရာချီကနေတည်ဆောက်ထားတဲ့ ရတနာတိုက်ဖြစ်တယ်။ ရှေးဟောင်းအုတ်ဂူအမြောက်အများတည်ရှိနေတဲ့နေရာလည်းဖြစ်တယ်။ "တောင်တန်းတွေကြားမှာ အထွတ်အမြတ်ရတနာတွေကိုသိုဝှက်ထားတယ်၊ ကျောက်မင်ကလမ်းပြလိမ့်မယ်" လို့ထျန်းကွမ်းစာအုပ်ကဆိုပါတယ်။ ကျောက်မင်ဆိုတာဘာလဲ? ရှေးဟောင်းကြေးမုံတစ်ချပ်ဖြစ်ပြီး ရတနာတိုက်ရဲ့သော့ချက်လို့အများကသိထားကြတယ်။ ခွန်းလွန်ရဲ့ရတနာတိုက်ကို မတရားလောဘတက်သူ သင်္ချိုင်းဂူဖောက်သမားအများစုဟာလည်း ခွန်းလွန်အပြင်ကိုပြန်မရောက်နိုင်ဘဲ အထဲမှာပဲဇိဝိန်ချုပ်သွားခဲ့တယ်။ သားရဲတိရစ္ဆာန်တွေ ၊ အသူတရာနက်တဲ့ချောက်ကမ်းပါး၊ အလောင်းကောင်နဲ့အရိုးစုအမြောက်အများကြောင့် ခွန်းလွန်ပတ်ဝန်းကျင်ဟာ ကြောက်မက်ဖွယ်ကောင်းနေပါတော့တယ်။ ခွန်းလွန်ကိုသွားသူအကုန်လုံးဟာလည်းပြန်လမ်းမရှိပျောက်ဆုံးသွားကြတယ်။ ဒီလိုဒဏ္ဍာရီတွေနဲ့ကြောက်မက်ဖွယ်ကောင်းနေတဲ့ခွန်းလွန်ကို ကျန်းဝမ်ဖုန်းတစ်ယောက်သွားဖို့ဖြစ်လာတာကတော့ မိမိတိုင်းပြည်ရဲ့အမွေအနှစ်တွေကို တိုင်းတစ်ပါးသားလက်ဝါးကြီးအုပ်မှာကိုကာကွယ်ဖို့ရယ်၊ လွန်ခဲ့တဲ့ ၁၇နှစ်ကခွန်းလွန်ကိုသွားရင်းပျောက်ဆုံးသွားတဲ့အဖေဖြစ်သူရဲ့ အကြောင်းကို တူးဆွဖို့ရယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ခွန်းလွန်ကိုသွားတာသူတို့တစ်ဖွဲ့တည်းမဟုတ်ဘဲ တိုင်းတစ်ပါးကအဖွဲ့နဲ့ရင်ဆိုင်တွေ့မိကြတဲ့အခါ၊ အဲ့အဖွဲ့ခေါင်းဆောင်ဟာ လွန်ခဲ့တဲ့၁၇နှစ်က အဖေဖြစ်သူနဲ့အတူသွားခဲ့တဲ့လူရဲ့တပည့်ဖြစ်နေတဲ့အခါ... ခွန်းလွန်တောင်ရဲ့လျို့ဝှက်ဆန်းကြယ်မှုတွေနဲ့အတူ ရတနာသိုက်ရှာပုံတော်အကြောင်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller , Adventure Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Romance
0 2022 80 mins
Faqiu: The Lost Legend
Break Through the Darkness
5.8

ဝေ့ဟယ်ခရိုင် ကျောက်ကျားရွာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနဲ့ ပတ်သတ်ပြီး ဖျိုဖျက်မှုများ ပြုလုပ်ကြရမှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့် ခရိုင်ဘက်ကနေပြီး ရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုစေလွှတ်ပြီး ဒေသဆိုင်ရာ စစ်ဆေးမှုတွေလုပ်စေခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင် စုန့်ရီးရွေ့ရဲ့ ညွှန်ကြားချက်အောက်မှာ ကျောက်ကျားရွာက ရွာရဲ့ မျက်နှာဖုံး သားအဖနှစ်ယောက်ကို အမှုကိစ္စနဲ့ပတ်သတ်ပြီးစစ်ဆေးမှုတွေလုပ်ခဲ့ပါတော့တယ်။ စစ်ဆေးမှုတွေပြုလုပ်ရင်း ပရော့ဂျက်စီစဥ်ရေးခေါင်းဆောင် ချီဖေးယွီကို စစ်ဆေးခဲ့ပြီး အမှုပေါ်ခါနီးမှာမှ ချီဖေးယွီတစ်ယောက် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တဲ့အခါမှာတော့....? အကြိမ်ကြိမ် အခါခါ ခြိမ်းခြေက်မှုတွေခံရပေမဲ့လဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က လက်မလျှော့ခဲ့ပါဘူး ။ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို တစ်စ တစ်စ လိုက်လံစုံစမ်းရင်း စွန့်စားမှုတွေကိုပါ ကြုံတွေ့လာတဲ့အခါ...? ❏ ဘာတွေဆက်ဖြစ်ကြမှာလဲ? ❏ အဖြစ်မှန်ကိုရော သူတို့ရှာတွေ့နိုင်ပါ့မလား? ❏ နယ်ခံတွေရဲ့ မျှော်လင့်ချက်လေးကိုရော သူတို့ ရှာဖွေပေးနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုအဖြေရှာလိုက်ရအောင်လားရှင် [Reviewed Bu Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Romance
5.8 2021 112 mins
Break Through the Darkness
Ghosts of the Ozarks
5.7

တောအုပ်ထဲမှာ တစ္ဆေတွေရှိနေတယ်..။ ဦးလေးဖြစ်သူရှိရာ မြို့ကလေးတစ်မြို့ကို ထွက်လာခဲ့တဲ့ ဒေါက်တာ ဂျိမ်းမ် တစ်ယောက် ဘယ်လိုမျိုး လျှို့ဝှက်သည်းဖိုတွေနဲ့ တွေ့ကြုံရတော့မှာလဲ..? ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဆန်းတယ်..။ စိတ်ဝင်စားဖို့လည်း ကောင်းသေးရဲ့..။ သွေးထွက်သံယို ဇာတ်လမ်းပြကွက်တွေကလည်း ပီပြင်တာမို့ ကြိုက်တတ်ရင် ကောင်းတယ်..။ အဲ့ဒီလောက် ကြောက်ဖို့ကောင်းတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ကြောက်တတ်ရင်တော့ ဘေးမှာ အဖော်ခေါ်ပြီးသာ ကြည့်ပါလေ..။ ​ပြောပြရဦးမယ်..။ ဒီဇာတ်ကားထဲမှာ အမဲလည်း လိုက်တတ်ပြီး ဆေးလည်း ကုတတ်တဲ့ အာဂအမျိုးသမီးတစ်ဦးကိုလည်း နှောင်းခေတ်ရဲ့ အဝတ်အစားတွေနဲ့ ကြည်နူးစရာ တွေ့မြင်ရဦးမယ်..။ မမဟာ သေနတ်လည်း ကိုင်တတ်တယ်..။ အပ်ကိုင်ပြီးလည်း ဒဏ်ရာတွေကို ချုပ်ပေးတတ်သေးတယ်..။ အဲ့ဒါကြောင့် မမတွေ ကောင်းတယ်..။ ဇာတ်လမ်းအသွားအလာကို နည်းနည်း ပြောပြရင် လူမည်းတွေဟာ ကျွန်လူတန်းစားပဲလို့ သတ်မှတ်ထားတဲ့ ခေတ်ကြီးထဲမှာ အကြောက်တရားကို လူတွေရဲ့ ရင်ထဲမှာစနစ်တကျစိုက်ပျိုးထားပြီး လူတန်းစားမခွဲခြားတဲ့ မြို့လေးတစ်မြို့ ရှိနေခဲ့မယ်ဆိုရင်ရော..။ ဒီနံရံအကာအကွယ်တွေရဲ့ အထဲမှာ ပျော်ရွှင်စွာနေထိုင်နေကြတဲ့ လူတွေရဲ့ ရင်ထဲက အကြောက်တရားကရော အမှန်တကယ် အစစ်အမှန်ပဲလား..? ဒီဇာတ်လမ်းကို ကြည့်နေရင်းနဲ့ ခြေလေးချောင်းတော်လှန်ရေး (George Orwell) စာအုပ်ကိုတောင် လျှပ်တပြက်သွား သတိရလိုက်သေးတယ်..။ ကြိုက်တယ်.. မကြိုက်ဘူးဆိုတာကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ဆိုပေမဲ့ စိတ်ဝင်စားစရာတွေ လွတ်သွားရင်တော့ သိပ်နှမြောဖို့ ကောင်းနေမှာမို့ ဒီဇာတ်ကားကို ကြည့်ဖြစ်အောင် ကြည့်ဖို့ညွှန်းလိုက်ပါ့မယ်..။ အကြောင်းအရာအရ စိတ်လှုပ်ရှားစရာလည်း ကောင်းရမယ်..။ ရင်ထိတ်သည်းဖိုလေးလည်း နည်းနည်းဖြစ်ရမယ်..။ ကျေနပ်စရာကောင်းတဲ့ နှောင်းခေတ်ကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးတစ်ခု ကြည့်ဖို့ ရှာနေတယ်ဆိုရင်တော့.. ဒီဇာတ်ကားကိုသာ ရွေးလိုက်တော့.. ရွေးလိုက်တော့လို့ ပြောရတော့မှာပဲဗျား..။ File size…(1.3 GB)/(550 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Drama • Romance
5.7 2022 100 mins
Ghosts of the Ozarks
Kuntilanak 3
4.6

Kuntilanak 3 (2022) Kuntilanakဆိုတာ Hinduဘာသာဒဏ္ဍာရီထဲက အငြိုးကြီးတဲ့ ဝိညာဉ်ကိုဝါးမြိုတတ်တဲ့ တစ္ဆေတစ်ကောင်ရဲ့အသွင်ရှိတဲ့ နတ်ဆိုးတစ္ဆေကြီးပေါ့။ Kuntilanakအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်း ပုံပြင်တွေ ဝတ္ထုတွေ အမျိုးမျိုးရှိပါတယ်။ တချို့ကျတော့လည်း အဖြူရောင်သရဲအနေနဲ့ တချို့ကျတော့လည်း သွေးစုပ်ဖုတ်ကောင်အနေနဲ့ ပုံဖော်ထားကြပါတယ်။ ဒီKuntilanak 3 ထဲမှာတော့ လက်ခံသူရှာဖွေနေတဲ့ မကောင်းဆိုးဝါးအနေနဲ့မြင်တွေ့ရမှာပါ။ ဒင်ဒါဟာ သူများနဲ့မတူညီတဲ့အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကလေးတစ်ယောက်ပါ။ အမေဂျီးကားကိုသွားရင် စူပါဟီးရိုးအဖွဲ့တို့ဘာတို့ ရောက်ရင်ရောက်နိုင်ပေမဲ့ အင်ဒိုနီးရှားသူလေးဒင်ဒါ‌ကတော့ လူထူးလူဆန်းဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေသူပါ။ အမြဲ အနိုင်ကျင့်ခံ အပယ်ခံဘဝမှာ အထီးကျန်နေရသူဆိုလည်း မမှားပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့မောင်နှမတွေကိုပါ စိတ်စွမ်းအားနဲ့ ထိခိုက်အောင်လုပ်မိချိန်မှာတော့ ဒင်ဒါတစ်ယောက် အားလုံးဝိုင်းပြောနေသလို သူ့ကိုယ်သူ မကောင်းဆိုးဝါးတစ်ကောင် လူတွေရဲ့အန္တရာယ်တစ်ခုလို မြင်လာတာကြောင့် မာသာဟက်တီဆိုတဲ့ စိတ်စွမ်းအားရှင်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ ထူးဆန်းတဲ့ကျောင်းတော်ကြီးကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မာသာဟက်တီကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ မဟာကူစနူမရှိတော့သလို သူ့ရဲ့ဇနီးဖြစ်သူအီရန်ဆုခ်မာကလည်း အိပ်ရာထဲလဲနေတဲ့အကြောင်းပြချက်နဲ့ ဘယ်သူ့ကိုမှ အတွေ့မခံပေမဲ့ ဆရာတွေကောင်းမှု ကျောင်းတော်ကြီးကတော့ စည်ကားနေဆဲပါပဲ။ ဒင်ဒါတစ်ယောက်လည်း ကိုယ်နဲ့တူတဲ့ကလေးတွေမြင်ရလို့ အထီးကျန်မှုတွေပပျောက်လို့ သူငယ်ချင်းသစ်တွေရလို့ ပျော်ရွှင်နေတာပေါ့။ ဒါပေမဲ့.... ကျန်နေခဲ့တဲ့ ဒင်ဒါရဲ့မောင်နှမတွေက မာသာဟက်တီကျောင်းတော်အကြောင်း စပ်စုရင်းနဲ့ ကျောင်းသားတွေ တစ်စတစ်စပျောက်ဆုံးနေကြောင်းနဲ့ ကျောင်းသားတစ်ယောက်က ကျောင်းမှာ Kuntilanakကို တွေ့ခဲ့တယ်ဆိုတဲ့သတင်းကို မြင်လိုက်ရပြီး ဒင်ဒါနောက်လိုက်သွားချိန်မှာတော့.... မာသာဟက်တီကျောင်းတော်ကြီးရဲ့ ပဟေဠိတွေကို ဒင်ဒါတို့မောင်နှမ ၃ ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။

Adventure • Animation • Family
4.6 2022 105 mins
Kuntilanak 3
Scarygirl
6.2

ပေါ့ပေါ့ပါးပါးနဲ့ ကာတွန်းလေးပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် လတ်တလောကမှထွက်ရှိထားတဲ့ ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီး စမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။ တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီး နေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကို သူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီး အလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလောက်ပါပဲ။ ဇာတ်လမ်းသွားလေးကလည်း ပျင်းစရာမကောင်းဘဲပေါ့ပေါ့ပါးပါးရှိပြီး animation တွေကလည်း အတော်ကိုကောင်းလှပါတယ်။ Australia ကရိုက်တဲ့ကားမို့ Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။ ဒီတော့ ဇာတ်ကားလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.56GB / 743MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6.2 2023
Scarygirl
All-Time High

စလောင်းပဲ့နှင့် နှုတ်ခမ်းရွဲ့ဆိုတဲ့စကားပုံက ဒီဇာတ်ကားမှာ အစစ်ပါပဲ။ ဇာတ်ဆောင်နှစ်ယောက်က သေအောင်လည်းရယ်ရ ငိုချင်စရာလေးလည်းပါတော့ ရသစုံလွန်းလို့ ဘာသာပြန်ရင်း သဘောကျမိတဲ့ ဟာသကားလေးပါ။ ယူဆက်ဖ်ဟာ မလိမ်ရမနေနိုင်တဲ့ ကလိမ်ကကျစ်ကောင်ပါ။ ဘဝကလည်းချို့တဲ့ ငွေကြေးဥစ္စာကလည်းမရှိတော့ ကြုံရင်ကြုံသလို တွေ့တဲ့လူအပေါ်မှာ ခွင်ဖန်တတ်တဲ့ကောင်မျိုးပါ။ တနေ့မှာတော့ သူဟာ ကာစီနိုမှာပိုကာဆော့ရင်းနဲ့ ငွေပမာဏအများကြီး အကြွေးတင်လာပြီး လစ်ပြေးလာပါတော့တယ်။ ဒီအချိန်မှာ ကာစီနိုပိုင်ရှင်က သူ့ကိုအသေရရ အရှင်ရရလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း စတက်ဖနီဆိုတဲ့ကောင်မလေးက ယောင်္ကျားဆန်ဆန်နေတတ်ပြီး ရုပ်ကလည်း ရွက်ကြမ်းရေကျို ညစ်ညစ်ပတ်ပတ်လည်းနေတတ်ပါသေးတယ်။ သူမဟာ လူတိုင်းကို ခရစ်ပတိုငွေကြေး (ဘစ်ကွိုင်) တွေအများကြီးရှိတယ်ဆိုပြီးတော့ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းက ဆယ်ရက်အတွင်း ပိုက်ဆံပြန်မပေးနိုင်ရင် သတ်ခံရမယ့် ယူဆက်ဖ်နဲ့ ပါးစပ်ဖွာတတ်လို့ သူ့မှာခရစ်ပတိုငွေရှိတာ လူဆိုးတွေသိပြီး အလိုက်ခံနေရတဲ့ စတက်ဖနီတို့ နှစ်ယောက်သား ကံကြမ္မာက ဆုံတွေ့ပေးလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်တီးကျမလဲ၊ ဖျံကျကြမလဲ၊ အန္တရာယ်တွေကနေရော လွှတ်နိုင်ပါ့မလား ခွက်ထိုးခွက်လန်အူတက်အောင် ရယ်ရမယ့်ပြင်သစ်ဟာသကားလေးပါ။ ၂၀၂၃ မှာပဲထွက်ရှိထားတာဖြစ်ပြီး IMDb Rating 5.4/10 ရရှိထားကာ ရယ်နေရတာနဲ့ကို ကြည့်လို့တန်နေပါပြီ။ ဘာသာပြန်ဆိုသူမှာ Matteo ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
All-Time High
Dashing Through the Snow
5.5

Dashing Through the Snow (2023) ========================= ခရစ္စမတ်အကြိုညမှာ အက်ဒီ သူ့ရဲ့ 8နှစ်သမီးလေးကို အိမ်မှာထား ခဲ့ပြီး ဘေးအိမ်က ခရီးသွားတဲ့အိမ်နီးချင်းကြောင်ကို အစာလာကြွေး တယ်။ အဲဒီအချိန် မီးဖိုးခေါင်းတိုင်မှာ ဆန်တာကလော့ဝတ်စုံနဲ့သူစိမ်း ရောက်နေတာကို တွေ့လိုက်တယ်။ အက်ဒီလည်း သူခိုးဆိုပြီး ရဲတိုင်ဖို့လုပ်ပေမဲ့ သူမသိတာက တကယ်တော့ အဲဒါက ဆန်တာကလော့အစစ်ဖြစ်နေတာပါပဲ။ ဆန်တာကလော့လည်း သူက ဆန်တာကလော့ဆိုတာပြောပြတော့ နဂိုကတည်းက ဆန်တာက လော့ဆိုအယုံအကြည်မရှိတဲ့ အက်ဒီက ရူးနေတယ်ဆိုပြီး ဆေးရုံခေါဖို့ လုပ်ပါတော့တယ်။ ဒီဇာတ်လမ်းက ခရစ္စမတ်ကိုမှ ရယ်နေရမယ့်ဟာသ ဇာတ်လမ်းပါ။ အက်ဒီ ရုတ်တရက်ပေါ်လာတဲ့ ဆန်တာကလော့နဲ့ ဘယ်လို တွေအလွဲလွဲဖြစ်ပြီး ခေါင်းခြောက်ရမလဲဆိုတာ ဒီဇာတ်လမ်းမှာဆက်လက် ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (784 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Family, Fantasy Translator…….Thwal Htoo Zin Encoder……….Zin Phyo Aung

Music • Drama
5.5 2023 91 mins
Dashing Through the Snow
Without Saying Goodbye
5.8

စိတ်အပန်းဖြေစရာ ပီရူးနိုင်ငံက ရှုခင်းတွေကို တစ်ဝကြီးကြည့်ရမယ့် အချစ်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ စပိန်နိုင်ငံက ထိပ်တန်း ဗိသုကာပညာရှင်တစ်ယောက်နဲ့ ဘာကိုမှ အနှောင်အဖွဲ့မထားဘဲ ခရီးတွေပဲသွားနေတဲ့ ပီရူးနိုင်ငံသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ စပိန်ဗိသုကာပညာရှင် Salvadorဟာ ဖခင်ပိုင်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေရင်း ကြယ်၇ပွင့်ဟိုတယ်တည်ဆောက်ဖို့ စီမံကိန်းနဲ့ ပီရူးနိုင်ငံကို ရောက်ရှိလာပါတယ်။ တစ်ဖက်မှာလည်း ပီရူးရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်မြတ်နိုးပြီး နှောင်ကြိုးတွေမတွယ်ဘဲ ခြေသလုံးအိမ်တိုင်နေသူလေး Arianaဟာ အဒေါ် ဖြစ်သူရဲ့တည်းခိုခန်းမှာ ခဏတာအလုပ်ဝင်လုပ်နေပါတယ်။ ဘဝအခြေအနေ ကွာခြားလှတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့ဖန်တီးမှုကြောင့် ဆုံစည်းကြတာပေါ့။ Salvadorဟာ ဟိုတည်ဆောက်ဖို့ Arianaတို့ ငယ်ဘဝအမှတ်တရတွေရှိနေတဲ့ တည်းခိုခန်းနေရာကိုပါ ဝယ်ယူချင်နေတော့ နဂိုက တစ်ယောက်နဲ့တစ်ယောက် အကြည်စိုက်နေကြပေမဲ့ ရန်သူတွေဖြစ်သွားကြပြန်ပါတယ်။ Arianaအနေနဲ့ သဘောမကျလှပေမဲ့ ကိုယ့်တည်းခိုခန်းကိုလာတဲ့ ဧည့်သည်ဖြစ်နေတော့ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို Salvadorကို အလည်အပတ်တွေလိုက် ပို့ရပါတယ်။ ရန်တကျက်ကျက်ဖြစ်ရင် ဘယ်လိုချစ်သွားကြမလဲ ဟိုတည်ဆောက်ဖို့ ကိစ္စကရော ဘာဆက်ဖြစ်မလဲဆိုတာ ပီရူးနိုင်ငံကို tourတစ်ခေါက်လိုက်ပါရသလို ခံစားကြည့်လိုက်ပါဦးနော်။ File size…2.01GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Drama
5.8 2022
Without Saying Goodbye
Deliver Us

“Deliver Us” ဆိုတဲ့ ခေါင်းစဉ်အတိုင်း ဒီဇာတ်ကားက ကလေးနှစ်ယောက်ကို မီးဖွားပေးတဲ့နေရာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ “ယေရှုခရစ်တော်” က ယောင်္ကျားနဲ့မိန်းမ ပေါင်းဖက်ခြင်းကမဟုတ်ဘဲ ဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် အပျိုစင်ကညာတစ်ဦးဖြစ်တဲ့ “မာရိ” ထံကနေ လူ့ဇာတိခံခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲမှာဆိုရင် ဒီကမ္ဘာပေါ်ကို ယေရှုခရစ်တော် နောက်တစ်ဖန်ပြန်ကြွလာမယ်လို့ ပရောဖက်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီကာလမတိုင်ခင်မှာပဲ “အန္တိခရစ်” ဆိုတဲ့ ခရစ်တော်ကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက ကမ္ဘာပေါ်မှာအရင်မွေးဖွားလာပြီး လူသားတွေကို လှည့်စားမှုပေါင်းများစွာနဲ့ အုပ်စိုးမှာပဲဖြစ်ပါတယ်။ အခုဇာတ်ကားထဲမှာတော့ သမားရိုးကျစိတ်ကူးယဉ်ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခရစ်ယာန်သမ္မာကျမ်းစာထဲက အကြောင်းအရာတွေအပေါ်ကိုအခြေခံပြီးတော့ ဆင့်ကဲကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရပ်ဝေးဒေသတစ်ခုမှာရှိတဲ့ သီလရှင်စစ္စတာတစ်ယောက်ကနေပြီးတော့ သံဝါသမပြုဘဲ ကိုယ်ဝန်လွယ်ထားရပါတယ်လို့ သတင်းထွက်လာပါတယ်။ ဒီကိစ္စက ကျမ်းစာထဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စ သမိုင်းတစ်ကျော့ပြန်လာတာလားဆိုတာကို ဟုတ်မဟုတ်အတည်ပြုဖို့အတွက် ဗာတီကန်ကနေ ဘာသာဗေဒပညာရှင် ခရစ်ယာန်ဘုန်းကြီးတွေကိုစေလွှတ်လိုက်ပါတယ်။ တကယ်ကတော့ စစ္စတာယူလီယာက ကလေးတစ်ယောက်မဟုတ်ဘဲ ကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရတာပါ။ သူကနေပြီးတော့ လာရောက်အတည်ပြုတဲ့ဘုန်းကြီးတွေကို သူ့ခေါင်းထဲကနေ ရူပါရုံတွေရနေတယ် ကလေးတွေရဲ့စကားပြောနေသံကိုလည်းကြားရပါတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးတွေက သူပြောတဲ့အကြောင်းအရာနဲ့ ရှေးဟောင်းကျမ်းတွေကို တိုက်စစ်ကြည့်လိုက်တဲ့အချိန်မှာ ကျမ်းတွေအရဆိုရင် ယူလီယာလွယ်ထားရတဲ့ကလေးတစ်ယောက်ဟာ သံဝါသမပြုဘဲရလာတဲ့ “မေရှိယ – လူတွေကိုအပြစ်ကနေ ကယ်ချွတ်မည့်လူ” လို့ ပရောဖက်ပြုထားတဲ့ကလေးနဲ့ လူလူချင်းပေါင်းသင်းဆက်ဆံပြီးမှရလာတဲ့ “သားရဲ” ဆိုတဲ့ လူတွေကို အနုနည်းနဲ့ အုပ်စိုးမယ့်အန္တိခရစ်ရဲ့အပေါင်းအပါဖြစ်တယ်ဆိုတာကို သိသွားကြပါတယ်။ ဒီလိုနဲ့ပဲ ဘုန်းကြီးတွေဟာ ယူလီယာကိုမေ့ဆေးပေးပြီး ကလေးကိုမမွေးပေးဘဲ ဆေးထိုးပြီးဖျက်ချဖို့ ကြိုးစားပါတော့တယ်။ အဲဒီအချိန်ကစပြီးတော့ အနိဌာရုံတွေတစ်ခုပြီးတစ်ခု စဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ကလေးနှစ်ယောက်လုံးမွေးနိုင်ခဲ့လား… ကလေးတွေကရော နောက်ဆုံးကျဘယ်လိုဖြစ်သွားမှာလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာစိတ်ဝင်တစားကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 890MB Quality – 1080p, 720p Format – mp4 Duration – 1H 43Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2023 102 mins
Deliver Us
Swordsman 3: The East Is Red
6.1

Swordsman 3: The East Is Red (1993) IMDb Rating (6.1) သိုင်းကားချစ်သူတိုင်းရဲ့ငယ်ဘဝအမှတ်တရတစ်ခုဖြစ်တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ သိုင်းလောကစိန်ခေါ်သံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ the swordsman 3(1993) လေးကို CM Version လေးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ The swordsman 3 ကတော့ မင်းသားကြီး Jet Liနဲ့ မင်းသမီးကြီး Brigette Linတို့ရဲ့ the swordsman 2ရဲ့အဆက်ဆိုတော့ ရှေ့နှစ်ကားကြည့်ပြီးမှပဲ ဇာတ်ရည်လည်မှာမလို့ မကြည့်ရသေးရင်တော့ အရင်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ The swordsman 2ရဲ့အဆုံးသတ်မှာ တောင်နက်ကမ်းပါး တိုက်ပွဲအပြီးမှာ တုန်းဖန်းပုပိုက်တစ်ယောက် အကြီးအကျယ်ရှုံးနိမ့်ပြီးတော့ ချောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ နေလဂိုဏ်းနဲ့အတူ သိုင်းလောကကနေ စုန်းစုန်းမြုပ်သွားပါတော့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ တိုင်းပြည်ရေးရာက မတည်မငြိမ်ဖြစ်နေသလို တိုင်းပြည်တစ်ခွင်မှာ ကိုယ့်ကိုယ်ကိုယ် တုန်းဖန်းပုပိုက်လို့ နာမည်တပ်နေသူတွေ အများအပြားပေါ်ထွက်လာပြီး ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာပြန်တာပေါ့။ ဒါပေမဲ့ တုန်းဖန်းပုပိုက်သေသွားပြီဆို‌တာကို နန်းတွင်းက ရေတပ်တပ်မှူးဖြစ်တဲ့ ကုချောင်ဖုန်းကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာပဲ နန်းတွင်းက စပိန်စစ်တပ်တစ်ဖွဲ့ကို တောင်နက်ကမ်းပါးတိုက်ပွဲမှာ မြုပ်သွားတဲ့သင်္ဘောတည်နေရာကို လိုက်ပြပေးဖို့ ကုချောင်ဖုန်းကို တာဝန်ပေးအပ်လာချိန်မှာတော့ ကုချောင်ဖုန်းတစ်ယောက် သိုင်းလောကထဲကနေ ဇာတ်မြှုပ်နေတဲ့ တုန်းဖန်းပုပိုက်ကိုပါ ရှာဖို့အတွက်ကြံရွယ်ပါတော့တယ်။ ကုချောင်ဖုန်းရဲ့ရည်ရွယ်ချက်က တုန်းဖန်းပုပိုက်အစစ်ကိုရှာပြီးတော့ တုန်းဖန်းအတုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဆိုပေမဲ့ တကယ်တမ်းမှာ သူတွက်ဆထားသလို မဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Action • Crime • Thriller
6.1 1993 93 mins
Swordsman 3: The East Is Red
Revenge of the Green Dragons
5.3

ဒီ ဇာတ်လမ်းမှာတော့ နယူးယောက်မြို့ရဲ့ တရုတ်တန်းတွေမှာ ကြီးစိုးနေတဲ့ တရုတ်ဂိုဏ်းတွေကြားက ရန်ပွဲတွေအကြောင်း ၊ တရုတ်ပြည်မှ တရားမဝင်ခိုပြောင်းရွှေ့နေထိုင်တဲ့ မိဘမဲ့ကောင်လေး ဆွန်နီရဲ့ ဘဝအကြောင်း ကို ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဇာတ်လမ်းအစမှာတော့ တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေကို စီမံနေရာချပေးရာကနေ မိဘမဲ့ ဆွန်နီကို စတီဗင်တို့ မိသားစုနဲ့ နေရာချပေးခဲ့ပါတယ် ။ သူတို့ဟာ အခြေအနေအရပ်ရပ်ကြောင့် အမေရိကန်ကို ရောက်လာပေမယ့် အမေရိကန်ရဲ့ တရုတ်တန်းတွေမှာ ကြီးစိုးနေတဲ့ ဂိုဏ်းတွေရဲ့ အနိုင်ကျင့်မှုကို ခံစားရပါတော့တယ် ။ တစ်ရက်မှာတော့ စတီဗင်ဟာ အိမ်ပြန်မလာခဲ့တာကြောင့် ဆွန်နီဟာ ညီအစ်ကိုလို သူငယ်ချင်း စတီဗင်ကို လိုက်ရှာရပါတော့တယ် ။ ဖြစ်ချင်တော့ စတီဗင်ကို ဖမ်းသွားတာ နယူးယောက်မြို့ ထိပ်တန်း ဂိုဏ်းတွေထဲကမှ အကြမ်းဆုံးဖြစ်တဲ့ နဂါးစိမ်းဂိုဏ်းက ဖမ်းသွားခဲ့တာပါ ။ ဆွန်နီဟာ စတီဗင်ကို ရှာမတွေ့ခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာတော့ စတီဗင်ဟာ နဂါးစိမ်းဂိုဏ်းဝင်အဖြစ် ပြန်လည်ရောက်ရှိလာပါတော့တယ် ။ စတီဗင်ဟာ ဆွန်နီ့ကို နဂါးစိမ်းဂိုဏ်းအတွင်း ခေါ်သွင်းပြီးနောက်မှာတော့ သူတို့ ဘာတွေ ဆက်ကြုံတွေ့ရမလဲ ၊ ဘယ်လို ကံကြမ္မာက စောင့်ကြိုနေမလဲ ဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ ဂိုဏ်းရန်ပွဲတွေ ၊ အချင်းချင်းချောက်ချတာတွေ ၊ အနိုင်ကျင့်တာတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် အက်ရှင်ဇာတ်ကားကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ။ File size… 1.60 GB / 692 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 34m Genre ….. Action/Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sithu Htun Kyaw

Horror • Comedy
5.3 1994 95 mins
Revenge of the Green Dragons