YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Purpose of Hiking (2016)WEB-DL 1080P(CM).mp4

1.56 GB N/A video/mp4 1386 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Marvin's Room
6.7

အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ.... တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin's Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File Size :(2.02GB) and (770MB) Quality : Blu-Ray1080p 720p Format…mp4 Duration…01:38:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Jane Encoded by Phyo Pyae

Drama
6.7 1996 98 mins
Marvin's Room
Infernal Affairs III
6.9

Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း အရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။ တစ်ဖက်မှာကတော့ ပါဝါအာဏာကြီးမားတဲ့ လူမိုက်ခေါင်းဆောင်ဆမ်ရဲ့ သတင်းထောက်လှမ်းစုံစမ်းဖို့ စေခိုင်းမှု့ကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထဲရောက်လာခဲ့တဲ့ triad အဖွဲ့ဝင် ကျင့်မင်း... အရာရှိချန် နဲ့ အရာရှိဝေါင် တို့ triad ဒုစရိုက် လူသတ်မှု့တွေကို စုံစမ်းရင်း တစ်ရက်မှာ အရာရှိဝေါင် ကို ဆမ်ရဲ့လူတွေက ဖမ်းမိသွားပြီး အရာရှိချန်ရဲ့ တည်နေရာကို ရိုက်နှက်ခါ မေးပေမယ့် မပြောတာကြောင့် အဆောက်အဦး ပေါ်ကနေ ပစ်ချပြီးသတ်လိုက်တဲ့နောက်.... အရာရှိချန် ဘာတွေဆက်လုပ်မလဲ... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားတွေထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ...။ IMDb Rating တွေနဲ့တင် ကောင်းကြောင်းသိလောက်ပြီမို့ အများကြီးညွှန်းဖို့မလိုလောက်ဘူးထင်ပါတယ် ။ ( အညွှန်း ကတော့ ZERO ပါ ) File Size__(1.5GB) / (950MB) Quality__1080p, 720p IMDb Rating__6.9/10 Format__mp4 Duration__01:58:00 Type__Crime Subtitle__Myanmar Subtitle (Hardsub) Translated by Nyi Yair Naing Encoded by Naing Aung Latt

6.9 2003 118 mins
Infernal Affairs III
Beneath the Green
4.8

Beneath the Green (2022) =================== ဇာတ်လမ်းလေးကတော့ ကေလတ်ဟာသစ်တောထဲက တစ်နေရာမှာနိုးထတယ်၊ ဘယ်နေရာကို ဘာကြောင့်ရောက် နေမှန်းလဲမသိဘူး၊ အဲ့အချိန်မှာ ဟန်တာကသူ့ကိုလာခေါ်တယ်၊ ဟန်တာ ကေလတ်ကို သူတို့ဟာ ဒီဂြိုလ်တဲ့အတိတ်ကာလမှာ ရောက်နေတာဖြစ်ပြီး လွတ်လမ်းမရှိဘဲ ထပ်ခါထပ်ခါဒီနေရာ မှာပဲနေနေရတဲ့အကြောင်းကိုပြောပြပြီးတော့ အခြားသူတွေရှိတဲ့ နေရာကိုခေါ်သွားတယ်၊ အခြားသူတွေက ထွက်လမ်းဝင်လမ်း မရှိတဲ့ဒီနေရာကိုရောက်လာတဲ့ ကေလတ်ကို ကယ်တင်ဖို့လာတယ် လို့ထင်နေကြတာပေါ့။ အဖွဲ့သားတွေအကုန်လုံးကလည်းဖြစ်ရပ်တွေအကုန်လုံးကို ဘာမှ မမှတ်မိပဲ စူးစမ်းစုံစမ်းရင်းရလာတဲ့အချက်အလက်တွေကိုမှီခိုပြီး လွတ်လမ်းကိုရှာဖွေနေကြပါတယ်။အကုန်လုံးကလွတ်လမ်းအတွက် တံခါးတစ်ချပ်ရှိမယ်လို့ယုံကြည်ထားပြီးတံခါးကိုရှာဖွေနိုင်မှသာ လွတ်မြောက်မယ်လို့ယုံကြည်ထားကြပါတယ်။ အရင်ကအဖွဲ့ဝင် ဗစ်တာဆိုတဲ့တစ်ယောက်က သူတို့ထဲကပျောက်သွားပြီးလွတ်သွား တယ်လို့ထင်နေကြပါတယ်။ အဲ့ဒါကြောင့်ကေလတ်ကိုသူတို့အတွက် လွတ်လမ်းရှာဖွေပေးနိုင်မယ့်သူလို့ ယုံကြည်ကြတာပေါ့။ ဒါကြောင့် ကေလတ်တစ်ယောက်အဖွဲ့သားတွေကို တကယ်ပဲကယ်တင်နိုင်မလား ဒါမှမဟုတ် အတိတ်မှာပဲပိတ်မိနေမလားဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size……….(1.2 GB) / (473 MB) / (340 MB) Quality…………WEB-Rip 1080p / 720p / 480p Duration………1Hr 20Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Mystery, Sci-Fi Translator…….Tin Myo Lwin Encoder……….SWM

4.8 2022 81 mins
Beneath the Green
Those Who Call

မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် အနေဝေးနေခဲ့ကြတဲ့ ညီမနှစ်ယောက်ဟာ ဆက်ဆံရေးတွေ ပြန်လည်နွေးထွေးလာအောင် နှစ်ယောက်အတူ ခရီးထွက်ခဲ့ကြပါတယ် လမ်းတစ်ဝက်အရောက်မှာ မောင်းလာတဲ့ ကားဓာတ်ဆီကုန်ခါနီးမလို့ ဆီဆိုင် လိုက်ရှာရင်း ထူးဆန်းခြောက်ခြားဖွယ် မြို့ဟောင်း တစ်မြို့ကို ရောက်သွားပါတော့တယ် ဆီဆိုင်မပြောနဲ့ အိမ်တောင် တစ်အိမ်မှ မတွေ့ရတဲ့ ဒီမြို့ထဲ အရောက်မှာတော့ ဖုန်းလိုင်းတွေပါ ပျောက်သွားပါတော့တယ် ကံကောင်းစွာပဲ ညီအစ်မနှစ်ယောက်ဟာ ဆီဆိုင်ဟောင်းတစ်ဆိုင်ကို ရှာတွေ့သွားပါတယ် ဒါပေမယ့် ဆိုင်ပိုင်ရှင်ဟာ ညီအစ်မနှစ်ယောက်ကို တွေ့တွေ့ချင်းမှာပဲ ခါးခါးသီးသီးငြင်းလွှတ်ပြီး မြို့က အမြန်ဆုံးထွက်သွားဖို့ ပြောပါတော့တယ် အဲ့ဒီမြို့ဟောင်းကအထွက် သစ်တောတစ်တောထဲအရောက် ညအချိန်မှာတော့ ကားဆီပြတ်သွားကာ ညီအစ်မနှစ်ယောက် ကားထဲမှာ ထိုင်နေစဥ် ညီမဖြစ်သူက လူရိပ်တစ်ခုကို ခြောက်ခြားဖွယ် တွေ့ရှိလိုက်ပါတော့တယ် မနက်မိုးလင်း နိုးထလာချိန်မှာတော့ ညီအစ်မနှစ်ယောက်ဟာ ကားပေါ်မှာ မဟုတ်ဘဲ အောက်လမ်းပစ္စည်းတွေ ပတ်လည်ဝိုင်းနေတဲ့ တောလယ်တစ်နေရာကို ရောက်ရှိနေခဲ့ပါတယ် ထို့နောက် လူမမြင်ရဘဲ ကျောချမ်းဖွယ် တီးတိုးသံတွေကိုသာ မကြာခဏကြားနေရပါတော့တယ် ပျောက်သွားတဲ့ကားကို လိုက်ရှာရင်း ဆီဆိုင်ဟောင်းမှ လူရဲ့သွေးတစ်စက်စက် ကျနေတဲ့အလောင်းကို သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားတာကို မြင်လိုက်ရတဲ့အခါ…. ကြည့်နေရင်း အသက်မရှူနိုင်လောက်အောင် သည်းထိတ်ရင်ဖို ဖြစ်စေမယ့် Horror ဖန်တွေ အကြိုက် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစ အဆုံး ဇာတ်ရှိန် လုံးဝမကျသွားဘဲ ကြည့်ရတာ တန်တဲ့ Horror / Drama ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(2.18GB) / (906B) /528MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoebe

0 2023
Those Who Call
Here Alone
5.6

အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဇွန်ဘီ horror / thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအစမှာတော့ Covid 19တွေဖြစ်တုန်းကလိုမျိုး ကူးစက်ရောဂါပြန့်နှံ့ နေပုံနဲ့အစချီထားပါတယ်။ ဒီကားထဲကဗိုင်းရပ်စ်ကတော့ ကိုဗစ်ထက်ပို အကြောင်းဆိုးတယ်ပေါ့လေ။ ကူးခံရရင် ဇွန်ဘီတွေဖြစ်ကုန််တာကိုး။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် အန်း ဟာ ရောဂါနဲ့ဇွန်ဘီတွေကိုရှောင်ဖို့ တောထဲမှာ တစ်ယောက်တည်းနေထိုင်ပါတယ်။ တစ်နေ့ အိုလီဗီယာဆိုတဲ့ ကောင်မလေးရယ် အဲ့ကောင်မလေးရဲ့ ပထွေး ခရစ်တို့ နှစ်ယောက်နဲ့ အန်းတို့ အမှတ်မထင်ဆုံဖြစ်သွားကြပါတယ်။ ဒဏ်ရာရနေတဲ့ ခရစ်ကို ကူညီပေးရင်း သူတို့ရင်းနှီးသွားကြပါတယ်။ ခရစ်တို့က အန်းကို သူတို့နဲ့အတူ မြောက်ဘက်ကို လိုက်ခဲ့ဖို့ခေါ်တဲ့အခါ အန်းကငြင်းခဲ့ပါတယ်။ အန်းက ဘာကြောင့် အဲ့တောထဲမှာပဲ အခြေချနေထိုင်နေတာလဲဆိုတဲ့အကြောင်းကို flashback လေးတွေရောထည့်ပြီး ရိုက်ကူးထားတာပါ။ဒီဇာတ်ကားက မြင်ဖူးတွေ့ဖူးနေကျ ဇွန်ဘီကားတွေနဲ့မတူပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမျိုးပါ။ Survivalဆိုတာထက် ခံစားမှုကို အသားပေးတဲ့ဇာတ်ကားမျိုးဖြစ်တာမို့ ထူးခြားတဲ့ ဇွန်ဘီကားပါပဲ။ အခုလိုမိုးအေးအေးရာသီဥတုနဲ့ဆို ကြည့်ရတာပိုပြီးအရသာရှိစေမှာဖြစ်ပါတယ်။ File size…1.14GB / 556MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.6 2016 97 mins
Here Alone
Coffee Wars
5.5

ကော်ဖီထဲမှာ နွားနို့ထည့်ပြီးတော့ မလိုင်အပြည့်နဲ့သောက်ရတာကို အကုန်လုံးကြိုက်နှစ်သက်ကြမှာပါ။ ဒါပေမဲ့ နွားနို့ပါတဲ့ ကော်ဖီတစ်ခွက် သောက်လိုက်တိုင်းမှာ ကမ္ဘာကြီးအတွက် ဘေးအန္တရာယ်တွေအများကြီး ဖြစ်စေတယ်ဆိုတာ သိပါသလား။ ကော်ဖီအထဲမှာ ထည့်တဲ့ နွားနို့တစ်ဂါလံရဖို့ ရေဂါလံပေါင်းများစွာကို အသုံးပြုရပါတယ်တဲ့။ နွားနို့ရဖို့ နွားမတွေဆီက ညှစ်တဲ့အခါမှာလည်း နွားမတွေကို ဘေးအန္တရာယ်တွေဖြစ်စေတာ၊ နို့ထွက်အောင်လို့ အတင်းသားဖောက်ခိုင်းတာ ဒါတွေဟာ ဘဘာဝရဲ့သယံဇာတဖြစ်မှုကို ဖျက်ဆီးနေတာပါပဲ။ ဒီဇာတ်ကားအထဲမှာ ဂျိုးဆိုတဲ့သူဟာ ကော်ဖီဆိုင်ဖွင့်ထားပြီး ကမ္ဘာကြီးအတွက် တိုက်ခိုက်နေတဲ့သူပါ။ “ကော်ဖီတစ်ခွက်ရောင်းရတိုင်း ကမ္ဘာကြီးကိုကယ်တင်မယ်” ဆိုတာ သူမရဲ့ဆောင်ပုဒ်ပါပဲ။ အဲဒီတော့ သူဟာ နွားနို့အစား အသီးအနှံတွေကို အခြေခံပြီးထုတ်လုပ်တဲ့ ပဲနို့၊ ဂျုံနို့၊ almond နို့တွေပဲ သူ့ရဲ့ကော်ဖီထဲမှာထည့်သွင်းအသုံးပြုပါတယ်။ သိတဲ့အတိုင်းပဲ မလိုင်အပြည့်နဲ့ နွားနို့လောက်တော့ အရသာမကောင်းတဲ့အတွက် ဆိုင်ကအရှုံးပေါ်လုနီးနီးဖြစ်နေတာပါ။ Britain မှာ တစ်နှစ်တစ်ကြိမ် အကောင်းဆုံးကော်ဖီဖျော်ဆရာကို ရွေးချယ်တဲ့ ပြိုင်ပွဲကျင်းပပါတယ်။ ဂျိုးက မနှစ်ကဝင်ပြိုင်ခဲ့ပေမဲ့ နွားနို့ကိုအသုံးမပြုဘူးလို့ ငြင်းဆန်တဲ့အတွက် အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဒီနှစ်မှာတော့ သူ့စီးပွားရေးအခြေအနေက ဆိုးရွားလာတဲ့အတွက် ပြိုင်ပွဲဝင်ပြိုင်ပြီး ဆုငွေရမှဖြစ်မှာပါ။ ကဲ ဂျိုးတစ်ယောက် သူ့ရဲ့အသင်းသားတွေနဲ့အတူတူ ပြိုင်ပွဲမှာ ဘယ်လိုအနိုင် ရအောင်လုပ်မလဲ၊ ကမ္ဘာကြီးကိုရော ကယ်တင်ဖို့ လုပ်ဆောင်နိုင်ပါ့မလားဆိုတာကို ဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာပါ။ ဇာတ်ကားကြည့်ပြီးရင် နွားနို့ကိုမရှောင်ဖြစ်ရင်တောင် တစ်နေ့မှာ ကော်ဖီတစ်ခွက် လောက်တော့ လျော့သောက်အောင် လုပ်ပေးနိုင်‌တဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…2.46 GB / 1.13 GB Quality… AMZN.WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 44m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2023
Coffee Wars
Rosemary’s Baby
8

Rosemary’s Baby (1968) ~ IMDb – 8/10, Rotten Tomatoes – 96% ~ Rosemary’s Baby ဟာ သမိုင်းအင်မတန်ကြီးတဲ့ ဟော်ရာရုပ်ရှင်ပါ။ ရုပ်ရှင်ကိုယ်တိုင်ကိုကလည်း The Exorcist နဲ့ The Omen တို့လို စေတန်ယုံကြည်မှုနဲ့ဆက်စပ်နေတဲ့ ရုပ်ရှင်တွေရဲ့ မြစ်ဖျားဖြစ်ခဲ့သလို ဒီရုပ်ရှင်နဲ့ ဆက်စပ်နေတဲ့လူအကုန်လုံးကလည်း သမိုင်းကြီးတဲ့လူတွေချည်းပါပဲ။ စာရေးဆရာက Ira Levin, ထုတ်လုပ်သူက ရောဘတ်အီဗန်၊ ဒါရိုက်တာက ရိုမန်ပိုလန်စကီး၊ မင်းသမီးက မီရာဖဲရိုး။ ဒါကိုမှ ရို့စ်မေရီဟာ ပါရာမောင့်ရဲ့ သမိုင်းဝင်ရုပ်ရှင်ဖြစ်ခဲ့သေး အော်စကာတွေလည်းရခဲ့သေးတော့ အဘက်ဘက်က သမိုင်းကြီးတယ်လို့ ပြောရမယ်။ ရို့စ်မေရီကို ၁၉၇၆မှာ ဘော့အီဗန်ဟာ Rosemary’s Baby ဝတ္တုကို ပုံမနှိပ်ခင်မှာတင် ကြိုဝယ် ရုပ်ရှင်ရိုက်ခဲ့ပြီး ၁၉၇၈မှာ ရုပ်ရှင်ကို ရုံတင်နိုင်ခဲ့တယ်။ စာအုပ်ကို ရုပ်ရှင်စရိုက်တဲ့အချိန်မှာ စာအုပ်ဟာ ဘတ်ဆဲလားမဖြစ်သေးဘဲ နောက်ပိုင်းမှဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ ပိုလန်ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ ပထမဆုံး အမေရိကန်ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ခဲ့တယ်။ ပိုလန်စကီးဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းကို သုံးပတ်အတွင်းအပြီးရေးခဲ့ပေမဲ့ အော်စကာဆန်ခါတင်ပါ ဝင်ခဲ့တယ်။ ရတော့မရခဲ့ပါဘူး။ အစကတော့ အဲဖရက်ဟစ်ကော့ကိုရိုက်ခိုင်းဖို့ ကြံခဲ့ကြတယ်လို့ဆိုတယ်။ ဘာပဲဖြစ်ဖြစ် ပိုလန်စကီးကလည်း ဂန္ထဝင်ကားတစ်ကားအဖြစ် အသက်သွင်းနိုင်ခဲ့တယ်။ ဘော့အီဗန်ကလည်း ပိုလန်စကီးကိုသဘောကျခဲ့ပြီး နောက်ပိုင်း Chinatown ရုပ်ရှင်ကိုလည်း ပိုလန်စကီးလက်ပဲအပ်ခဲ့တယ်။ အဲဒီကားလည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ်။ ပိုလန်စကီးဟာ နောက်ပိုင်းမှာ The Pianist လို အော်စကာအများကြီးရခဲ့တဲ့ ရုပ်ရှင်ကိုလည်း ရိုက်ခဲ့တယ်။ The Offer စီးရီးထဲက စကားအရဆို Rosemary’s Baby ဟာ ပါရာမောင့်အတွက် အဲဒီခေတ်မှာတင် ဝင်ငွေအရ ကုမ္ပဏီကိုကယ်တင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့သလို လက်ရှိမှာလည်း ပါရာမောင့်သမိုင်းရဲ့ဂန္ထဝင်တစ်ကားဖြစ်လာခဲ့တယ်။ One of the Greatest Horror Films of All Time လည်း ဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်နဲ့ပဲ အဘွားကြီးမင်နီနေရာက သရုပ်ဆောင်ခဲ့တဲ့ Ruth Gordon ဟာ ဇာတ်ပို့ဆု အကယ်ဒမီရခဲ့တယ်။ ဇာတ်လမ်းကတော့ အဆုံးထိ ဆွဲဆောင်မှုအားကောင်းတယ်။ ဖြဲခြောက်နေတာရော၊ မထိတထိခြောက်နေတာရော မပါသလောက်နဲ့ ဘယ်သူတွေ ဘာတွေဖြစ်နေလဲ တငွေ့ငွေ့ချင်း သရုပ်ဖော်သွားတဲ့ ဇာတ်မျိုးပေါ့။ ဖြစ်နိုင်ရင်တော့ ဘယ်လိုဇာတ်မျိုးလဲ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာကြည့်လိုက် ပိုအရသာတွေ့လိမ့်မယ်။ ရို့စ်မေရီနဲ့ သူ့ယောက်ျား ပြဇာတ်မင်းသားဟာ နာမည်ကျော်အိမ်ခန်းတွဲတစ်ခုမှာ တိုက်ခန်းတစ်ခန်းငှားကြတယ်။ အဲဒီအိမ်က ခေတ်အဆက်ဆက်က လူသားစားတဲ့လူတွေ စေတန်ကိုးကွယ်ခဲ့တဲ့သူတွေ နေခဲ့တယ်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတယ်လို့ သူတို့မိတ်ဆွေက ပြောပေမဲ့လည်း သူတို့ကတော့ အပြင်အဆင်လှတဲ့ အဲဒီအိမ်ကို မငြင်းနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ အဲဒီအိမ်ကို ရို့စ်မေရီနဲ့ သူ့ယောက်ျားစရောက်လာခဲ့တယ်။ သူတို့ရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျောခင်းကပ်အခန်းက အဘိုးကြီးလင်မယားဆီနေနေတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်း ပြတင်းပေါက်ကနေ ခုန်ချသတ်သေသွားတယ်။ အဲဒီကောင်မလေးသေသွားတဲ့အကြောင်းနဲ့ ဆက်စပ်ပြီး သူတို့ဟာ အဲဒီအဘိုးကြီးလင်မယားနဲ့ ခင်လာခဲ့တယ်။ ဒီအချိန်မှာပဲ ရို့စ်မေရီက ကလေးရဖို့ကြိုးစားခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကိုယ်ဝန်ရတဲ့ညမှာ နတ်ဆိုးက သူ့ကို ဗလက္ကာရပြုကျင့်တယ်လို့ အိပ်မက်မက်ခဲ့တယ်။ ရို့စ်မေရီ စေတန်မုဒိန်းကျင့်တာခံခဲ့ရတဲ့ ဇာတ်ဝင်ခန်းဟာ The 100 Scariest Movie Moments မှာ နံပါတ် ၂၃ချိတ်ထားခဲ့တယ်။ ဒီနောက်ပိုင်း ကိုယ်ဝန်ဆောင်ကာလမှာလဲ ထူးထူးခြားခြား ကံကောင်းတာတွေဖြစ်လာခဲ့သလို သူ့ကိုယ်ဝန်က မူမမှန်နေတဲ့ အခြေအနေတွေကိုလည်း ကြုံလာရတယ်။ ဘာလို့ ဒီလိုတွေဖြစ်နေလဲ ရို့စ်မေရီတစ်ယောက် အဖြေရှာဖို့ ကြိုးစားတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.05GB, 1.2GB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 17Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Crime
8 1968 138 mins
Rosemary’s Baby
Paranormal Activity 2

Documentary ဆန်ဆန် ကိုယ်တိုင်ကြုံတွေ့နေ့ရသလိုမျိုး Vibe ရအောင် ရိုက်ကူးထားတဲ့ Parnormal activity 1 ပြီးတဲ့နောက်မှ သူ့ရဲ့နောက်ဆက်တွဲအဖြစ် ၂၀၁၀ မှာထွက်ရှိထားတဲ့ Paranormal Activity 2 ကိုပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ Jump scares တွေအများကြီးနဲ့ ဇာတ်အိမ်ကိုဖြေးဖြေးလေးနဲ့ ကြောက်ဖို့ကောင်းအောင်ခေါ်ဆောင်သွားမယ့် Horror filim မျိုးလေးပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့…. Reys မိသားစုက သူတို့ရဲ့ကယ်လီဖိုးနီးယားတောင်ပိုင်းက အိမ်အသစ်လေးကိုပြောင်းရွှေ့လာခဲ့ကြပါတယ် မွေးကင်းစကလေးလေး သူတို့ရဲ့သားဦးလေး Hunter နဲ့အတူတူပေါ့ သူတို့မသိသေးတာကတော့ ဒီအိမ်ကြီးဟာသရဲခြောက်တယ်ဆိုတဲ့အချက်ကိုပါ သိပ်မကြာပါဘူး တစ်နေ့မှာတော့ သူတို့အိမ်မှာဖောက်ထွင်းမှူတစ်ခုကျူးလွန်သွားသလိုမျိုး ပစ္စည်းတွေကပြန့်ကျဲရှုပ်ပွလျှက်ရှိနေပါတယ် အဖိုးတန်ပစ္စည်းတွေမပျောက်သွားပေမဲ့ သူတို့ကစိတ်မသန့်တော့တာကြောင့် လုံခြုံရေးအတွက် အိမ်မှာကင်မရာတွေတပ်ဆင်ပြီးစောင့်ကြည့်ခဲ့ကြပါတော့တယ် သူတို့အိမ်မှာ ဘယ်လိုအရာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2010
Paranormal Activity 2
Everything Under Control
5

Everything Under Control ( 2023 )============================ ဒီဟောင်ကောင်ရုပ်ရှင်ကတော့ အက်ရှင်နဲ့ဟာသနဲ့ ဟော်ရာနဲ့ကို ရောစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်ကို ပြန်ရအောင်ထည့်ထားသလို တစ်ကားလုံးဟာသမြောက်အောင် လက်တွေ့မကျခြင်းတွေ ပတ်လည်ဝိုင်းပြထားတဲ့ ရုပ်ရှင်လို့ပြောလည်း မမှားဘူး။ ဂန်းစတားတွေ ရတနာတွေ လျှို့ဝှက်ဆန်းကြယ်နေရာတွေ ပဟေဠိဆန်တဲ့လူတွေ သရဲတွေစသဖြင့် ဒီရုပ်ရှင်မှာ ပါဝင်တဲ့ Elementsတွေက စုံလင်တယ်။ စုံတာတွေအကုန်လုံးကို အရွှန်းဖောက်ပြီး ပြထားတော့ ဟာသကားကြည့်ချင်တဲ့ လူတွေအတွက် အဆင်ပြေမယ့် ရုပ်ရှင်ဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ လုံခြုံရေးကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလုပ်နေတဲ့လူတွေကနေစတယ်။ သူတို့ကုမ္ပဏီ လုံခြုံရေးလိုအပ်နေတဲ့လူတွေကို ကာကွယ်ပေးသလို တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ပို့ဆောင်ပေးတယ်။ ဒီတစ်ခါတော့ သူတို့တွေကို အထက်ကတန်ဖိုးကြီးစိန်တွေကို ပို့ဆောင်ခိုင်းလိုက်တယ်။ ထူးတာက သူတို့က ဘယ်လူဆိုးနဲ့မှ မကြုံဖူးတော့ ဒီဘက်ခေတ်မှာ ဘာလူဆိုးမှ မရှိတော့ဘူး ဟန်ပြလုပ်ရတာသက်သက်လို့ ထင်နေကြတာပဲ။ ဒါပေမဲ့ တကယ့်ဂန်းစတားတွေက သူတို့ကားကိုတားပြီး စိန်တွေကို ဓားပြတိုက်ဖို့လုပ်ခဲ့တယ်။ စိန်တွေကလည်း သူတို့ဆီမှာမရှိနေတော့ဘူး။ ဂန်းစတားတွေကလည်း သူတို့ကိုသတ်တော့မယ်ဆိုတော့ ဂန်းစတားတွေကို စိန်တွေပြန်ရှာပေးပါမယ်လို့ ကတိခံပြီး စိန်တွေပြန်ရှာကြတဲ့အကြောင်းပါပဲ။ ဒီလိုခပ်ကြောင်ကြောင်နဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကို ဟာသတွေအပြည့်နဲ့ကြည့်ရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_( 1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0130::00 Genre_Action , Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Animation • Family • Adventure • Comedy • Music
5 2023 109 mins
Everything Under Control
Seven Days 7 Days (Aka) Les 7 jours du talion
6.5

7 Days (2010) Les 7 jours du talion IMDb Rating (6.5) / Rotten Tomatoes (86%) ဒီတခါတင်ဆက်မဲ့ကားလေးက ဇကာတင်ဆု ၉ဆုထိရခဲ့တဲ့ Horror, Thriller အမျိုးအစား ပြင်သစ်စကားပြော ကနေဒီယန် ရုပ်ရှင်ကားလေးတစ်ကားပါ…ဇာတ်ကား နာမည်ကလည်း ၇ရက်တာပါတဲ့…… ဒေါက်တာ ဘရူနိုဟာမယ်ဆိုတာ မိန်းမရယ် သိပ်ချစ်ရတဲ့သမီးလေးရယ်နဲ့ သာယာတဲ့ဘဝလေးတခုပိုင်ဆိုင်ထားတဲ့သူပါ……တနေ့ သူ့သမီးလေး အသက် ၉ နှစ် ပြည့်မွေးနေ့လုပ်ဖို့ ၂ပတ်အလိုမှာ သူ့သမီးလေး မွေးနေ့ပွဲဖိတ်စာဝေချင်လို့ သူ့ကိုအဖော်ခေါ်တော့ ခွဲခန်းထဲကအခုမှထွက်လာတဲ့ သူလည်း ပင်ပန်းနေတာကြောင့် မလိုက်နိုင်လို့ သူ့မိန်းမကို ပြောပေမဲ့ သူ့မိန်းကလည်း ဆရာဝန်ဆိုတော့ ရတဲ့အချိန် နှစ်ကိုယ်တူနေချင်တာကြောင့် သူလည်း မလိုက်သွားခဲ့ပါဘူး…… အဲဒီလိုနဲ့ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ သူ့သမီးလေးရဲ့ သူငယ်ချင်းက သူ့သမီးလေး ကျောင်းမလာလို့ဆိုပြီး အိမ်စာတွေယူလာပေးတဲ့အချိန်ကျမှ သူ့သမီးလေး မုဒိန်းကျင့်အသတ်ခံလိုက်ရတယ်ဆိုတာ စုံစမ်းရင်းသိသွားခဲ့ရပါတယ်…….အဲဒီကနေမှတဆင့် လူသတ်သမားကိုလည်း သိသွားတော့ ပညာတွေအထပ်ထပ်သင်ယူခဲ့ရတဲ့ သူတစ်ယောက် တခုခုဆို စဉ်းစားခြင်ဆင်ပြီး ဆုံးဖြတ်တတ်တဲ့သူတစ်ယောက်က အထိမခံတဲ့ သူ့သမီးလေးကိုမှ ထိခဲ့မိတဲ့သူကို ဘာပြန်လုပ်မလဲ ဘယ်လိုလက်စားချေမလဲ ပညာတတ်တဲ့သူရဲ့လက်စားချေမှုက ပိုကြောက်စရာကောင်းတယ်ဆိုတာ အပြောပဲမဟုတ် လက်တွေ့ပါပြသွားတဲ့ကားလေးမို့ ကျောတစိမ့်စိမ့်ကြည့်ချင်သူများ ကြည့်လို့ရပါပြီ။ (အသည်းငယ်တဲ့သူတွေ ရွံရှာတတ်တဲ့သူတွေ နှလုံးရောဂါရှိတဲ့သူတွေ မကြည့်သင့်တဲ့ဇာတ်ကားမလို့ Don’t Watch လို့တော့ Label တပ်ထားပေးပါတယ်။ )

6.5 2010 105 mins
Seven Days 7 Days (Aka) Les 7 jours du talion
Bullet Diaries
4.2

Bullet Diaries (2024) ဘူးလက်ဒိုင်ယာရီ Biker တို့အတွက် ခပ်အေးအေး မလေယာလမ်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ် ရာဂျူးဆိုတာ ရိုးရိုးသားသား ဆိုင်ကယ်ပြင်ပြီးအသက်မွေးသူတစ်ယောက်… သူ့ဆိုင်ကယ်ကို ဘာနဲ့မှမလဲနိုင်ဘဲ မြတ်နိုးသူတစ်ယောက်ဆိုလည်း ဟုတ်ပါတယ် ရေကိုတစ်နေ့တစ်ခါပဲချိုးပြီး ဆိုင်ကယ်လေးကိုတော့ အကြိမ်ကြိမ်ရေချိုးပေးတတ်တဲ့ biker လေး ရာဂျူးက… Bullet ’76 ဆိုတဲ့ ၁၉၇၆ ထုတ် ဆိုင်ကယ်မော်ဒယ်လ်ကိုလည်း လိုက်ရှာနေတယ် သူ့အိပ်မက်အစစ်အမှန်က ဘာဖြစ်မှာလဲ သူ့ဘဝမှာလိုနေတဲ့ အချစ်ဆိုတဲ့ကွက်လပ်လေးကိုရော ဘယ်သူကဖြည့်ဆည်းပေးနိုင်မှာလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

4.2 2024
Bullet Diaries
Return to Me
7

Return to Me (2000) IMDb Rating (7.0) / Rotten Tomatoes (62%) ဒါရိုက်တာ Bonnie Hunt ၏ ပထမဆုံးဇာတ်ကားအဖြစ် ရိုက်ကူးထားပြီး၊ David Duchovny နှင့် Minnie Driver တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘော့ဘ် (David Duchovny) သည် ဇနီးဖြစ်သူ အဲလိဇဘတ် (Joely Richardson) ကို မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးရပြီးနောက် စိတ်ဒဏ်ရာရနေချိန်တွင် ဂရေ့စ် (Minnie Driver) နှင့် ချစ်ကျွမ်း၀င်သွားခဲ့ပြီး ဂရေ့စ် က အဲလိဇဘတ်ရဲ့ နှလုံးကို အစားထိုးကုသခံယူထားသူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလိုက်ရတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ ဒီဇာတ်လမ်းလေးက ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပြီး အစပိုင်းတွင် ကြည်နူးဖွယ်ဇနီးမောင်နှံ၏ ဘဝကို ပြသထားပါတယ်။ နောက်ပိုင်းမှာတော့ ဇာတ်လမ်းရဲ့ သိမြင်မှုအသစ်များကို တဖြည်းဖြည်းချင်း ဖော်ပြထားပါတယ်။ “Return to Me” သည် စိတ်ကျေနပ်ဖွယ်ကောင်းသော ဇာတ်ကားလေးဖြစ်ပြီး၊ ဘ၀ရဲ့အရှုံးနှင့် အနိုင်ကို နက်နက်ရှိုင်းရှိုင်း ခံစားရစေပါတယ်။ ဇာတ်ကောင်များရဲ့ စစ်မှန်မှု၊ သဘာဝကျသော ဟာသများနဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်အိမ်တို့က ရုပ်ရှင်ကြည့်ပရိတ်သတ်ကို အကောင်းဆုံး ဆွဲဆောင်နိူင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(3.7 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:56:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

7 2000 115 mins
Return to Me
The Redemption of Sin
7.3

The Redemption of Sin (2024) ***************************** CM ပရိသတ်တို့အတွက် အင်ဒိုသရဲကားအသစ်လေးနဲ့ ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ ဝမ်နင်ရဲ့ ဘဝက အသုံးမကျတဲ့ယောက်ျားကပေးတဲ့ ဒုက္ခကလည်း ဒုနဲ့ဒေး၊ စားဝတ်နေရေး မပြေလည်ရတဲ့ကြားမှာမှ အမေအိုတစ်ယောက်နဲ့ သမီးလေးတစ်ယောက်အတွက်ပါ ရုန်းကန်နေရတဲ့သူပေါ့။ ဝမ်နင်ရဲ့ယောက်ျားကတော့ ငွေတွေလိမ်ပြီး မိန်းမနဲ့သမီးကို ထားရစ်ခဲ့တဲ့ မကောင်းတဲ့ကောင်ဆိုပေမဲ့ သိပ်လိမ္မာတဲ့ သမီးလေးနီမာလာကတော့ ဝမ်နင်ရဲ့ ကံဆိုးလှတဲ့ဘဝထဲက ဆည်းလည်းလေးပေါ့။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတဲ့ ကံခေလှတဲ့ မိုးသည်းညတစ်ညမှာ ဝမ်နင်တစ်ယောက် အမေနဲ့သမီးလေးကို ဆိုင်ကယ်ပေါ်တင်ပြီး ဖြတ်လမ်းကနေအပြန် တံတားကျိုးကျပြီးတော့ အမေလည်းဆုံးသွားပြီး သမီးလေးလည်း ပျောက်သွားတဲ့အခါ… ဘဝရဲ့တစ်ခုတည်းသောပျော်စရာကို ကြမ္မာနတ်မင်းဆီက ရက်ရက်စက်စက် လုယူခံလိုက်ရပြီးတော့ မျှော်လင့်ချက်ပျောက်နေတဲ့ဝမ်နင်ဟာ ဂျပန်သုတေသီနဲ့ ပေါ့ကပ်စ်ဟို့စ်တစ်ယောက်ရဲ့ ကူညီဖေးမမှု အောက်မှာ မျှော်လင့်ချက်ရောင်ခြည်လေး ပြန်မြင်လာရပြီး သမီးကို ကိုယ်တိုင်ရှာဖို့ ကြိုးစားချိန်မှာ ဘယ်လိုအချိုးအကွေ့တွေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.84GB / 718MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 55m Genre ….. Horror, Mistery, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

Thriller • Drama • Crime
7.3 2024 116 mins
The Redemption of Sin