YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Purple Hearts (2022)_WEB-DL_1080p.mp4

2.76 GB N/A video/mp4 4020 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raajahyogam

လွန်စွာတန်ဖိုးကြီးလှသော ဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားသည့် အင်မတန်ကြည့်ကောင်းလှသော ရုပ်ရည်နှင့် လူရွယ်တစ်ယောက်သည် သိန်း‌ပေါင်းသောင်းချီတန်သော နောက်ဆုံးပေါ်ပြိုင်ကားလေးပေါ်ကနေ တစ်လှမ်းချင်းဆင်းသက်လာသည် ထို့အတူ အချိုးအဆစ်ကျ‌နသော ကိုယ်ခန္ဓာနှင့်လိုက်ဖက်ညီစွာ ကျော့ရှင်းလှပသည့် ဝတ်စုံကိုဝတ်ဆင်ထားသည့် အလွန်တရာချောမောလှပသော မိန်းမပျိုတစ်ယောက်လည်းရှိလေသည်။ ထိုနှစ်ယောက်သည် တွေ့တွေ့ချင်းမှာပင် အကြည့်ချင်းဆုံရင်ခုန်သွားမိ၍ တစ်ယောက်ယောက်နှင့် တစ်ယောက်ပြုံးပြလိုက်လေသည် ယခုလောက်ဆို ဒီဇာတ်ကားထဲမှာ မင်းသားနှင့် မင်းသမီး၏စတိုင်ကို ရိပ်မိလောက်ကြပြီထင်ပါတယ် သို့သော် လွန်ထားထားစာအုပ်ထဲကလို မင်းသားနဲ့မင်းသမီးဖြစ်နေပေမဲ့ ဇာတ်လမ်းကတော့လွန်ထားထားလိုမရှင်းပဲနဲနဲရှုပ်ပါတယ် စိန်တုံးနှစ်တုံးကို သူခိုးကြီးတစ်ကောင်က လူသတ်ဓားပြတိုက်ယူလိုက်တယ် အဲ့သူခိုးကြီးလက်ထဲကနေ သူခိုးလက်သူဝှက်လုပြီး သူ့တပည့်ငတိနှစ်ကောင်က ဆရာကိုပြန်သတ်ပြီး ယူချလာ အဆိုပါ စိန်နှစ်တုံးကို ထုခွဲရောင်းချပြီး ရသည့်ပိုက်ဆံများနှင့် ဒူဘိုင်းလစ်ရန်ကြံနေချိန်တွင် သူ့ဆိုင်ကိုလာပြင်တဲ့ကားတွေစီးပြီး သူဌေးဂိုက်တအားဖမ်းသည့် မင်းသားက ဘုမသိဘမသိ ပါဝင်ပတ်သတ်မိပါလေရော ပတ်သတ်မိသည့်အကြောင်းရင်းက လှပပိုက်ဆံရှိသော မင်းသမီးကို အရချိုင်လိုတာ‌ကြောင့်ပါ သို့သော် သူသွားလုံးသည့် ဘောစိမလေးက ထင်‌သလောက်မရိုးရှင်းပဲ ဇာတ်ရှုပ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေသောအခါ..... IMDb 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေးက ဟာသတွေ အိုဗာအက်တင်တွေဇွတ်ထည့်ထားတယ်ထင်ရပေမဲ့လဲ ဇာတ်ကားတစ်ကားရဲ့ အဓိကကျောရိုးဖြစ်တဲ့ ခိုင်မာတဲ့ဇာတ်အိမ်ရှိနေတာကြောင့် သူ့ဟာသတွေက ဇာတ်ကိုပေါ့ပေါ့ပါးပါးသယ်သွားပေးသလိုပါပဲ မင်းသားမင်းသမီးတွေကလဲ မျက်စိအေးစရာလေးတွေဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ အဲ့တော့ ကုလားကားဆို အတည်ပေါက်ကြမ်းပြနေတာပဲကြည့်ရတာများတော့ အခုလိုအချစ်ဟာသအက်ရှင်ဇာတ်လမ်းပုံစံလေးကို ကျွန်တော်ကတော့ သဘောကျမိလို့ ပရိသတ်ကြီးအတွက်လဲ တင်ဆက်ပေးလိုက်ပါတယ် File size…2.76GB / 1.4GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein Aye ~ BpL ~ Taylor ~ Sai ThuRein ~ Yunni

Drama
0 2022
Raajahyogam
Soul of Blades

"ဓားကိုသွန်းမလုပ်ခင် ဓားဝိညာဥ်ကိုအရင်သွန်းလုပ်ရတယ်။ ဒါမှ ဓားနဲ့ဓားပိုင်ရှင်ဟာတစ်ထပ်တည်းကျပြီး အချင်းချင်းဆက်သွယ်နိုင်တယ်" တဲ့။ နန်ကုန်းအိမ်တော်ကသွန်းလုပ်တဲ့ လောကမှာအကောင်းဆုံး ပထမတန်းစားဓားလို့ညွှန်းဆိုရလောက်တဲ့ ရွှေရောင်ဓားဟာ ထိပ်သီးသိုင်းသမားချင်ယိယောက်ရဲ့လုယူသွားခြင်းကိုခံရပါတယ်။ ဓားရဲ့ဂုဏ်သတင်းကြောင့် သိုင်းလောကလူအများရဲ့ပစ်မှတ်ထားခြင်းကိုခံရပြီး လူပေါင်းများစွာဟာအဲ့ဒီဓားနောက်လိုက်နေကြပါတယ်။ ချင်ယိသောက်ဟာတစ်လောကလုံးနဲ့တစ်ယော​က်တည်းဖြစ်နေပြီး ထွက်ပြေးပုန်းရှောင်ရပါတော့တယ်။ ကံကြမ္မာဆုံချင်တော့ ထွက်ပြေးတဲ့လမ်းမှာ ခွေးလေးလို့ခေါ်တဲ့သူတောင်းစားလေးနဲ့တွေ့ခဲ့ပြီးသားအဖြစ်မွေးစားခဲ့ပါတယ်။ တရားမျှတမှုမရှိတဲ့လောကကြီးမှာ သူတို့သားအဖရှင်သန်နေထိုင်လာရင်း နန်ကုန်းအိမ်တော်ရဲ့သခင်မလေးဟာ သူတို့ကိုတွေ့သွားပါတော့တယ်။ နန်ကုန်းသခင်မလေးဟာ ချင်ယိသောက်ရဲ့မွေးစားသားကို မာယာနဲ့ချဥ်းကပ်ပြီး မွေးစားအဖေကိုပြန်သတ်အောင် သွေးထိုးပေးချိန်မှာတော့... သိုင်းလောကအရှုပ်အထွေးနဲ့အတူ အချစ် အမုန်း ရန်ငြိုးတို့ရဲ့ကြားမှာ ကလဲ့စားဟာဘယ်လိုအဆုံးသတ်လေမလဲ။ ဆန်းကြယ်တဲ့ ပထမတန်းစားဓားရဲ့လျှို့ဝှက်ချက်ကရောဘာလဲ။ နောက်ဆုံးမှာလောကပထမဓားကိုဘယ်သူက ပိုင်ဆိုင်သွားပြီး ရှုပ်ထွေးနေတဲ့လောကကို ကယ်တင်နိုင်မလဲ။ ဘယ်သူက သူရဲကောင်းအစစ်အမှန်ဖြစ်လေမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Thriller
0 2021 90 mins
Soul of Blades
The Devil You Know
7.2

The Devil you know Marcus ဟာသူ့ဘ၀တစ်ခုလုံးဆိုးပေတေနေခဲ့ပေမယ့် ထောင်က ထွက်ပြီးမှာတော့ အရက်ဖြတ်ဆေးဖြတ်ပြီး ဘ၀သစ်စဖို့အဆင်သင့်ဖြစ်နေပါတယ်။ မိသားစုအကူအညီနဲ့အလုပ်အသစ်လည်းရပြီး နားလည်ပေးတတ်တဲ့ ချစ်သူလည်းရှိနေပါတယ်။ တစ်ချိန်တည်းမှာအမြဲလိမ္မာခဲ့တဲ့သူ့ညီက‌တော့အလုပ်ပြုတ်ပြီး လူဆိုးတွေနဲ့ပေါင်းသင်းနေလို့ Marcus တို့ကစိတ်ပူနေရပါတယ်။တရက်မှာတော့ ဆိုးဝါးရက်စက်လှတဲ့ လူသတ်ဓားပြတိုက်မှုမှ ာ သူ့ညီပတ်သတ်နေတယ်ဆိုတာ သိလိုက်ရပြီး Marcus တစ်ယောက်မှန်ကန်တာကိုလုပ်ဖို့နဲ့ သူ့ညီကိုကာကွယ်ဖို့ကြား လွန်ဆွဲနေရပါ‌ တော့တယ်။ Lionsgate ကထုတ်လုပ်ပြီး Omar Epps,Micheal Ealy, William Catlet တို့လိုလူမည်းသရုပ်ဆောင်တွေပါ၀င်ထားတဲ့ရုပ်ရှင်ပါ။ တရားမျှတမှုနဲ့ မိသားစုအပေါ်သစ္စာရှိမှုတို့ရဲ့အားပြိုင်မှုကို သရုပ်ဖော်ထားတာပါ။ File size…(2GB)/(932.32MB)/(599MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Crime • Drama • Mystery
7.2 2022 116 mins
The Devil You Know
Pawn Shop Chronicles
5.7

Paul Walker ကြီး အလွမ်းပြေ ကြည့်လို့ရမယ့် ကားကောင်းတစ်ကား လာပြီဗျာ။ ဒီလိုပြောလို့ Paul Walker ချည်း ပါတယ်မထင်ပါနဲ့ Lord of the Ring က Frodo မင်းသား Elijah Wood တို့ Mummy မင်းသားကြီး (နောက်ပိုင်းဆို The Whale နဲ့ ကြမ်းထားတဲ့) Brendan Fraser တို့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ် မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။ ကဲ ဇာတ်လမ်းအကြောင်းပြောမယ်… ပြောမယ်သာပြောတာ တကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီး ထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။ အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲ ရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးက ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။ အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများ ဟုတ်တယ် ဒီ အပေါင်ဆိုင်လေးကို အရင်းတည်ပြီး မတူညီတဲ့ ဇာတ်လမ်းတိုလေး ၃ ပုဒ် ဖြစ်ပျက်သွားတာပေါ့လေ။ အားလုံးကလည်း သူ့ဇာတ်လမ်းနဲ့သူ ရှိနေပေမယ့် တစ်ခုနဲ့တစ်ခု တူတူသွားပြီး ကြုံကြိုက်တာမျိုးလည်း ပါနေတာပေါ့ သေချာတာတော့ ကြည့်နေရင်း WTF ဆိုပြီး ဖြစ်မှာကတော့ သေချာပါတယ်။ ကဲ ပထမဇာတ်လမ်းကတော့ လူဖြူ လူမျိုးခွဲခြားရေး ဆေးသမားတသိုက်က သောက်တလွဲတွေ ဖြစ်ပြီး ဓားပြသွားတိုက်မှာကို ကြည့်ရမှာပါ ဘယ်လောက်လွဲဆို ဓားပြသွားတိုက်မယ့် သေနတ်ကို ဆီဖိုးမရှိလို့ အပေါင်ခံလိုက်ရတဲ့အဖြစ်မျိုး။ အဲဒီမှာ ကျွန်တော်တို့ Paul Walker ကြီးဗျာ တကယ်ထင်မထားလောက်အောင် သရုပ်ဆောင်ပီပြင်ချက် ဆေးချပြီး ၃ ရက်လောက် အိပ်မထားလို့ ဂေါက်ပြီး လစ်နေတာ လွဲကြတာဆိုတာ မြင်မကောင်းဘူး ဇာတ်လမ်း ၃ ပုဒ်ထဲ အကြိုက်ဆုံးလို့ ပြောရမယ်။ ဒုတိယဇာတ်လမ်းကတော့ လောလောလတ်လတ် လက်ထပ်ထားတဲ့ဘဲကြီး ဘဏ်အကောင့်ဟတ်ခ်ခံရလို့ ဟန်နီမွန်းထွက်ရင်း ငွေပြတ်သွားတော့ မယားအသစ်လေးရဲ့လက်စွပ်သွားပေါင်တာ လွန်ခဲ့တဲ့ ၆ နှစ်က ပျောက်သွားတဲ့ပထမဆုံး မယားရဲ့လက်စွပ်တွေ့ပြီး ကမ္ဘာမြေအဆုံး လိုက်ရှာတာကို ကြည့်ရမှာပါ။ အတော် Fuk up ဖြစ်တဲ့ဇာတ်ပဲ အဆုံးသတ် လှည့်ကွက်ကလည်း မထင်ထားဘူး အလေကြီး။ နောက်ဆုံးဇာတ်လမ်းကတော့ Mummy မင်းသားကြီးအကြောင်း။ သူက အယ်ဗစ်ပရက်စလေကို အင်မတန်သဘောကျပြီး သူ့လိုဝတ် သူ့လိုနေပြီး ဖျော်ဖြေပွဲလိုက်လုပ်ပေးနေတဲ့လူ ဒါပေမဲ့ ငတ်ပြတ်နေပြီး  ဆီဖိုးကို မရှိတော့ပါဘူး ဒီလိုနဲ့ ဆွဲကြိုးကြီး အပေါင်ခံပြီး ဖျော်ဖြေပွဲသွားတဲ့အချိန် ဖျော်ဖြေတဲ့အချိန် ထူးဆန်းတာတွေ ကြုံတာကို ကြည့်ရမှာပါ။ ကြားထဲမှာလည်း Side story အသေးစားလေးက ပါသေး။ ပွင့်ပွင့်လင်းလင်းပြောရရင် IMDB 5.9 တောင် နည်းတယ်လို့ ထင်ပါတယ်။ တကယ်မကြည့်ရသေးရင် ကြည့်သင့်တဲ့ကားပါ တချို့ ဒိုင်ယာလော့ခ်တွေဆို အသေရယ်နေရတယ် ဇာတ်ကွက်ဆန်းတယ် မထင်ထားတာမျိုးမှ လုပ်ပြတာမျိုး ပြောတာကြာသွားပါပြီ ပြေးသာ ကြည့်လိုက်ကြပါတော့။

Drama
5.7 2013 107 mins
Pawn Shop Chronicles
Ralph Breaks the Internet
7.2

ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘဝကို ပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီး အပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ဝင်နေတဲ့ အချိန် Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေ ဖောက်ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီလို ပရိုဂရမ်ကနေ သွေဖယ်သွားတဲ့ လမ်းကြောင်းကို အပြင်က ဂိမ်းဆော့သူက လိုက်ပြီး ပြန်ထိန်းချုပ်ရင်း အဲ့ဒီပြိုင်ကား ဂိမ်းစက်ဟာ ပျက်စီးသွားခဲ့ပါတော့တယ်.... ဆိုင်ရှင်က အပိုပစ္စည်း မှာဖို့ ကြံစဉ်ပေမဲ့ မူလ လက်ဟောင်းဖြစ်တဲ့အတွက် အပိုပစ္စည်းမရှိသလို အင်မတန်ဈေးကြီးတဲ့အတွက် Vanellope ရဲ့ ပြိုင်ကားဂိမ်းစက်ကို ချောင်ထိုးထားဖို့ စိတ်ကူးသာ ရရှိသွားပါတော့တယ်... ဒီလိုနဲ့ ပြိုင်ကား ဂိမ်းထဲ နေထိုင်နေကြတဲ့ သူတွေ အားလုံးဟာ ထွက်ပြေးကြရင်း ဖြတ်ကူးကြတဲ့ ကြား တစ်နေရာမှာ သောင်တင်ကုန်ကြပါတယ်.. Ralph ကလဲ သူ့ အမှားဖြစ်တာကြောင့်ရယ် Vanellope မပျော်ရင် သူလဲ မပျော် ဖြစ်တာကြောင့် ပြိုင်ကားဂိမ်းစက် ကို Online ကနေ မှာယူဖို့ ကြံစည်ကြရင်း Ralph နဲ့ Vanellope တို့ အရှုပ်ထုပ် ၂ ယောက် ဆိုင်ပိုင်ရှင် ရဲ့ နက်ဝေါ့ ထဲကနေ ကြီးမားကျယ်ပြန့်လှတဲ့ Online ပေါ်သို့ ခရီးထွက်ခဲ့ကြသောအခါ.... ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး သစ်ဆန်းခန့် မှ အညွှန်းရေးပေးထားပါတယ်

Comedy • Drama
7.2 2018 112 mins
Ralph Breaks the Internet
Saw 3D Saw 7
5.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 3D The Final Chapter (2010) Saw franchise ရဲ့ ၇ ကားမြောက်ဖြစ်တဲ့ဒီကားဟာလဲ saw ဖန်တွေအကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ် ရှေ့ကားတွေနဲ့ပြန်ချိတ်ထားတာတွေကလဲ သေသပ်သလို ဇာတ်ကောင်တွေလဲအများကြီးပါဝင်ထားပါတယ် ပြီးတော့ saw ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားနဲ့တစ်ကားမှာ အသုံးပြုတဲ့လက်နက်တွေ စက်ပစ္စည်းတွေမတူတာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ် Plot twist တချို့ကိုလဲချပြသွားပါတယ် သွေးထွက်သံယိုအခန်းတွေအများအပြားပါဝင်ပြီး တကယ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာကြောင့် ကြောက်တတ်သူများနဲ့နှလုံးရောဂါအခံရှိသူများမကြည့်သင့်ပါဘူး။

Action
5.6 2010
Saw 3D Saw 7
Blades of Glory

2007 ခုနှစ်ကထွက်ရှိထားတဲ့ Blades of Glory ဆိုတဲ့ comedy ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ရေခဲပြင်စကိတ်စီးအားကစားသမားနှစ်ယောက်ဖြစ်တဲ့ ချက်ဇ်နဲ့မက်အယ်လ်ရွိုင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့အလျောက်လုံးဝမတည့်ကြပါဘူး တစ်ရက်မှာ သူတို့နှစ်ယောက်ဟာဆုပေးပွဲမှာ ရွှေတံဆိပ်ဆုကိုပူးတွဲရရှိတာကြောင့် ဆုလက်ခံနေစဥ်မှာရန်ဖြစ်ခဲ့ကြပါတယ် အဲ့ဒါကြောင့်မလို့အဖွဲ့ချုပ်ကသူတို့ကိုပြိုင်ပွဲဝင်ခွင့်ရာသက်ပန်ပိတ်လိုက်ပါတယ် ဒီလိုနဲ့သုံးနှစ်ကြာအပြီးမှာ သူတို့ဟာ သူတို့ပြိုင်နေကြမဟုတ်တဲ့ နှစ်ယောက်တွဲစကိတ်စီးပြိုင်ပွဲကိုယှဥ်ပြိုင်ဖို့အသင်းဖော်တွေဖြစ်လာတဲ့အခါ “မတည့်အတူနေ”သူတို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ရမလဲ နှစ်ယောက်တွဲပြိုင်ပွဲမှာရော သူတို့အကောင်းဆုံးလုပ်နိုင်ပါ့မလား နောက်ဆုံးမှာတည့်သွားကြမလား ရွှေတံဆိပ်ဆုကိုထပ်မံရရှိဖို့အတွက်ဘယ်လိုတွေကြိုးစားသွားရမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ် File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2007
Blades of Glory
The Garfield Movie

လူတိုင်းကြိုက်တဲ့ ကြောင်လေး ဂါဖီးရဲ့ စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ် Starlord မင်းသား Chris prattt နဲ့ Samuel L Jackson တို့က Voice actor အဖြစ် အားဖြည့်ထားပါတယ် ဂါဖီးရဲ့ ငယ်ဘဝနဲ့ သူ့သခင် ဂျွန်တို့နဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတဲ့ နောက်ကြောင်းကို ပြန်ရိုက်ပြထားတာဖြစ်ပါတယ်.. ဂါဖီးရဲ့ အဖေဖြစ်သူ ကြောင်ကြီး ဗစ်လည်းပါဝင်လာပြီး…ဖခင်က ဘာလို့စွန့်ပစ်ခဲ့လဲဆိုတဲ့ အဖေနဲ့သားကြားက ပြဿနာတွေကို ဖြေရှင်းပြီး ဘုံရန်သူကြီး ဂျင့်စ်ဖြစ်တဲ့ ကြောင်ဖြူမရဲ့ အကြပ်ကိုင်မှုကြောင့် လက်တို့စ် နွားနို့ခြံကနေ နို့တွေ ခိုးယူပြီး စွန့်စားကြမယ့် ဂါဖီးကြောင်သားအဖ နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမှာဖြစ်ပါတယ် (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(5.2 GB)/(2 GB)/(1 GB) Quality….Webrip 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:41:00 Genre… Science Fiction, Comedy, Family, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

0 2024
The Garfield Movie
Deception
6

နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသား Hugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ Deception ကတော့ Mystery Thriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။ နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာ စာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာ တစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်။ ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲ ရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကို တကယ်ချစ်မိသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာ အက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊ လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်း မပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့ အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကို ကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့ လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။ File size…1.67GB / 756MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2008 107 mins
Deception
Duchess

ဒီကားလေးကတော့ ဂိုဏ်းစတားကားလေးဖြစ်ပါတယ် မင်းသမီးက ညဘက်တွေမှာ Clubထဲမှာခါးပိုက်နှိုက်တဲ့သူပေါ့ တနေ့မှာတော့ ရော့ဆိုတဲ့ ဂန်းစတားတစ်ယောက်နဲ့တွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့တယ် အဲ့အချိန်မှာပဲ ရော့နောက်ကိုလိုက်နေတဲ့လူတွေရဲ့ ရန်ရှာမှုကိုခံခဲ့ရတယ် မင်းသမီးကလည်း အရာအားလုံးစွန့်ပစ်ပြီး ရော့ဆီလိုက်ခဲ့တာပေါ့ အဲ့အချိန်မှာ ရော့တို့အဖွဲ့နဲ့မိတ်ဆက်ပေးခဲ့တယ် ပြီးတော့ ခုနကရော့ကိုလိုက်တဲ့လူတွေဆိုတာက ရော့ရဲ့စိန်လုပ်ငန်းကိုလိုချင်လို့ပါ အဲ့တော့ရော့လုပ်နေတဲ့ စိန်လုပ်ငန်းကဘာလဲ ဒီဇာတ်ကားက ဇာတ်အိမ်အရမ်းခိုင်ပါတယ် ပြီးတော့ထင်မထားတဲ့အရာတွေလည်း အများကြီးပါတာကြောင့်ကြည့်ရှုပေးကြပါဦး File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

0 2024
Duchess
Amigos Sem Compromisso
6.5

အချစ်ကိုကြောက်လို့ ချစ်သူမထားရဲတော့ဘဲ သူငယ်ချင်းလေးတွေနဲ့ပဲ အဆင့်လေးတွေတက်တဲ့သူတွေကိုမြင်ဖူးကြားဖူးကြမှာပါ။သူတို့ကိုတော့ ဒီဇာတ်ကားနာမည်အတိုင်း Amigos Sem Compromisso လို့ခေါ်ကြပြီး အင်္ဂလိပ်လိုဆိုရင်တော့ Friends With Benefits လို့ခေါ်ကြပါတယ်။ ဒီဇာတ်ကားလေးကအဲ့လို အချစ်ကိုကြောက်နေကြတဲ့လူနှစ်ယောက် အခွင့်အရေးလေးတွေရတဲ့သူငယ်ချင်းအဆင့်ကနေ အဲ့လိုနေလာတာကြာလာပြီး ဘယ်လိုပြောင်းလဲမှုတွေနဲ့ကြုံလာရမယ်ဆိုတာကိုဒရာမာအပြည့်နဲ့ရိုက်ကူးတင်ဆက် ထားတာဖြစ်ပါတယ်။ ဂျူလီယာနဲ့ဒန်နီရယ်တို့နှစ်ယောက်က မတူညီတဲ့မြို့တွေမှာနေကြသူတွေ ဆိုပေမဲ့ သူတို့နှစ်ယောက်လုံးရည်းစားတွေနဲ့ပြတ်တဲ့အချိန်တွေကတော့ အတူတူလောက်ပါပဲ။ဒီလိုနဲ့နှစ်ယောက်လုံးအတည်ပေါက်ရည်းစားထားရတဲ့ အချစ်ကိုကြောက်နေကြပြီး အဲ့လိုဆက်ဆံရေးမျိုးထပ်မထားဖို့ဆုံးဖြတ် လိုက်ကြပါတော့တယ်။ ကံကြမ္မာရဲ့ဆုံစည်းပေးမှုကြောင့်ဒန်နီရယ်ကအလုပ်ကိစ္စနဲ့ဂျူလီယာတို့ရှိရာ မြို့ကိုရောက်လာပြီး အသည်းကွဲသူအချင်းချင်းအရမ်းရင်းနှီးသွားကြ ပါတော့တယ်။ဒါပေမယ့်လူဆိုတာအသွေးအသားလိုအင်ဆန္ဒရှိတာဖြစ်တဲ့အတွက် နှစ်ယောက်လုံးလိင်ကိစ္စပဲလုပ်ပြီး သူငယ်ချင်းအဖြစ်နဲ့ပဲနေကြဖို့ သဘောတူလိုက်ပါတော့တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်တစ်ယောက်ဆန္ဒတစ်ယောက်ဖြည့်ဆည်းပေးရင်း အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြပေမဲ့ အချိန်တွေကြာလာတဲ့အခါမှာ ဒီလိုတစ်သက်လုံးနေသွားလို့မဖြစ်ဘူးဆိုတာကိုသိလာကြတဲ့အခါမှာတော့ မြန်မာကားဆန်ဆန်လေးကို နိုင်ငံခြား Vibe လေးတွေနဲ့ကြည့်ရှုရမဲ့ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.84GB / 774MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Romance • Family • Thriller
6.5 2024
Amigos Sem Compromisso
Not Out
6.7

Not Out (2024) “ပြဿနာ” အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အာဂျေးဟာ လူနာတင်ကားမောင်းတဲ့သူဖြစ်ပြီး သူ့ကောင်မလေး ရှရီကတော့ အိပ်မက်တွေနဲ့မိန်းကလေးပါ ဒေဗာရာ့ဂျ်ဆိုတာကတော့ တပည့်လူမိုက်တွေမွေးထားတဲ့ အကြွေးရှင်ကြီးတစ်ယောက်ဖြစ်ပြီး အကြမ်းနည်းကိုသုံးရမှာ တစ်စက်မှ ဝန်မလေးတဲ့သူဖြစ်ပါတယ် အာဂျေးကလည်း သူ့ဆီက ပိုက်ဆံချေးထားရတဲ့သူတွေထဲက တစ်ယောက်အပါအဝင်ပေါ့ ရှရီနဲ့ အာဂျေး နှစ်ယောက်လုံး နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အင်တာဗျူးအောင်သွားပေမယ့် သူနဲ့သူ့ကောင်မလေးရဲ့ စာရွက်စာတမ်းတွေကို ဒေဗာရာ့ဂျ်ရဲ့ တပည့်တွေက အကြွေးလာတောင်းရင်း သိမ်းသွားတဲ့အခါမှာတော့…. ဘယ်လိုတွေ ဆက်ဖြေရှင်းကြမလဲ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ KKKZ ~ ToMo ~ Alex ~ Zwe တို့ကပါ

Drama
6.7 2024
Not Out
The Machine
6

The Machine (2013) ************************* ဒီဇာတ်ကားလေးကတော့ Sci-fi Drama ဆန်ဆန် ဇာတ်ကားတစ်ကား ဖြစ်ပြီးတော့ အနာဂတ်မှာ တိုးတက်လာတဲ့ AI နည်းပညာနဲ့ Robots တွေရဲ့ လူတွေနဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုတွေကို ရသပေါင်းစုံရအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Toby Stephens, Arrowverse Series တွေမှာ White Canary အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Caity Lotz တို့က အဓိကဇာတ်ဆောင်နေရာတွေကနေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ အနာဂတ်ကမ္ဘာမှာ စက်ရုပ်တွေနဲ့ AI တွေဟာ အရမ်းအဆင့်မြင့်လာပါတယ်။ Vincent ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ လူတွေထက် ပိုအသိဉာဏ်မြင့်တဲ့ စက်ရုပ်တစ်ရုပ်ကို တီထွင်နိုင်သွားပါတယ်။ အဲဒီစက်ရုပ်ကို အစိုးရက လက်နက်အဖြစ် အသုံးပြုချင်ပေမယ့် Vincent မှာ တခြားရည်ရွယ်ချက်တစ်ခု ရှိနေတာကြောင့် ဒီစက်ရုပ်ကို တီထွင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစက်ရုပ်ဟာ နောက်ဆုံးမှာ ကိုယ်ပိုင်အသိဉာဏ်ရှိသွားပြီးတော့ လူတွေကို လွန်ဆန်လာပါတယ်။ အဲဒီအခြေအနေကို လူတွေအနေနဲ့ ဘယ်လိုပြန်လည်ထိန်းချုပ်မလဲ၊ Vincent ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ၊ AI နည်းပညာရဲ့ အန္တရာယ်ရှိပုံတွေ၊ AI နည်းပညာအပေါ် လူသားတွေရဲ့ ကြောက်ရွံ့မှုတွေကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ Rating အနေနဲ့ IMDb မှာ 6/10, Rotten Tomatoes မှာ 79% ရရှိထားပါတယ်။ (အညွှန်းကို Austin မှ ရေးသားထားပါတယ်) File size…1.36GB / 496MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Action, SciFi, Drama, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by Austin Encoded by AHtet

Action • Adventure • Comedy • Crime
6 2013
The Machine
The Man Who Knew Too Much
7.4

The Man Who Knew Too Much (1956) က Alfred Hitchcock ရဲ့ နာမည်ကျော် စွန့်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတွင်မှာ James Stewart နှင့် Doris Day တို့ မိသားစုကို ကယ်တင်ရန် ပြဿနာတွေရင်ဆိုင်ရတယ်။ တစ်နေ့မှာ သူတို့ သားက ပျောက်သွားပြီး၊ ပစ်မှတ်တွေက အန္တရာယ်များစွာပေးပါတယ် ။ ဇာတ်လမ်းက မိသားစုတစ်ခု ချစ်ခြင်းနှင့် ကာကွယ်ခြင်းစိတ်ကို စွန့်စားမှုနှင့် အန္တရာယ်များအတွင်းမှာ ဖော်ပြတယ်။ Doris Day “Que Sera, Sera” သီချင်းက ဇာတ်လမ်း အဓိက အခန်းကဏ္ဍတစ်ခုဖြစ်ပြီး၊ ဇာတ်လမ်း ခံစားချက်များနှင့် အဓိပ္ပာယ်ကို လေးနက်စွာ ပြသပေးပါတယ်။ James Stewart ခံစားချက်များ၊ မိသားစုကို ကယ်တင်ရန် ရင်ဆိုင်ရသော အခက်အခဲများကို ထိရောက်စွာ ဖော်ပြထားပါတယ်။ Hitchcock ၏ ရုပ်ရှင်များထဲမှ အကောင်းဆုံးများထဲကတစ်ခုအဖြစ် အမှတ်တရရှိနေပါတယ် ။ The Man Who Knew Too Much က 1950s ရုပ်ရှင်ချစ်သူများအတွက် ထင်ရှားသော ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(2.4 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:00:00 Genre… Spy, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Banyar Aung

Comedy • Romance
7.4 1956 120 mins
The Man Who Knew Too Much
Lady Snowblood
7.6

Lady Snowblood (1973) IMDb Rating (7.6) / Rotten Tomatoes (100%) Toshiya Fujitaရဲ့ Lady Snowbloodကို အာရှရုပ်ရှင်ဖန်တွေ ဂျပန်ရုပ်ရှင်ဖန်တွေတော့ သိပြီးသားပါပဲ။ အကောင်းဆုံးဆိုတဲ့ ဆာမူရိုင်းကားတွေ စာရင်းထဲ သူက ပါနေကျလိုဖြစ်နေတယ်။ အဲဒီခေတ်အဲဒီအခါက မန်ဂါကိုပြန်ရိုက်တဲ့ကားဖြစ်နေတာကြောင့်ရော တစ်ကားလုံး သတ်တာဖြတ်တာတွေပဲ အသားပေးသွားပေမဲ့ ဆာမူရိုင်းကားတော့မဟုတ်ဘူးပေါ့။ ကာလက ဆာမူရိုင်းတွေပျက်သုဉ်းသွားတဲ့ခေတ်ဖြစ်တဲ့ မဲအိဂျိခေတ်မတိုင်မီနဲ့ မဲအိဂျိခေတ်သစ်စပြီး အနှစ်နှစ်ဆယ်အကြာဆိုတဲ့ ခေတ်အကူးအပြောင်းကို ဇာတ်အိမ်တည်ထားတယ်။ ခေတ်အကူးအပြောင်းရဲ့ ဆိုးယုတ်မှုတွေကြောင့်ပဲ ဒီဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့တာပါပဲ။ ဒီခေတ်အကူးအပြောင်းကာလကို အမြတ်ထုတ်ချင်တဲ့ လူလေးယောက်က ခုတုံးလုပ်ဖို့အတွက် ကျောင်းဆရာလေးတစ်ယောက်နဲ့ သူသားလေးကိုသတ်ပြီး သူ့မိန်းမကို ၃ရက်၃ညတိတိ မုဒိန်းကျင့်နှိပ်စက်ခဲ့ကြတယ်။ ကျောင်းဆရာရဲ့မိန်းမက သူတို့ထဲကတစ်ယောက်ကို သတ်ပြီး ကလဲ့စားချေပြီးတဲ့နောက် ထောင်တစ်သက်တစ်ကျွန်းကျသွားခဲ့တယ်။ ဒါပေမဲ့ သူလက်စားချေစရာ လူ၃ယောက်ကျန်သေးတယ်ဆိုတဲ့အသိနဲ့ မြင်လေလေရာ ယောက်ျားတကာနဲ့အိပ်ပြီး သူ့အစားကလဲ့စားချေပေးဖို့ ကလေးတစ်ယောက်မွေးနိုင်အောင် ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ မိန်းကလေးပဲ မွေးလာခဲ့တယ်။ ဒီကလေးဟာ ကလဲ့စားအတွက်မွေးလာခဲ့တဲ့ ကလေးဖြစ်လာခဲ့ပြီး သူ့ကို လူ့လောကနဲ့မဆိုင်တဲ့ အပယ်ဘုံက ကလေးလို့ ဆိုခဲ့ကြတယ်။ ဒီလိုနဲ့အနှစ်နှစ်ဆယ်ကြာ အဲဒီကလေးအရွယ်ရောက်လာခဲ့ပြီးတဲ့နောက် သူ့ကလဲ့စားခရီးကို စတင်ခဲ့တယ်။ Lady Snowbloodက အကြောင်းမဲ့ နာမည်ကြီးတာတော့ မဟုတ်ဘူး။ တာရန်တီနိုရဲ့ Kill Billထဲက အဓိကဇာတ်ကောင် The Brideက ဒီထဲက ယုခိကို မှီးထားတာဖြစ်သလို ပတ်ချန်းဝုဒ်ရဲ့ နာမည်ကျော် Vengeance Trilogyထဲက ကျွန်တော်တော့ အကြမ်းဆုံးလို့မြင်တဲ့ Sympathy for Lady Vengeance ကလည်း ဒီယုခိကိုပဲ မှီးထားတာပါပဲ။ တစ်ချို့ကလည်း Sympathy for Lady Vengeanceဟာ Lady Snowbloodလိုဖြစ်အောင်ရိုက်ချင်ခဲ့တာလို့ ဆိုတယ်။ ဘယ်လိုပဲဆိုဆို ကလဲ့စားချေတဲ့ ရုပ်ရှင်တွေအပေါ် Lady Snowbloodက တော်တော်လေးသက်ရောက်မှုရှိခဲ့တယ်။ ဆိုလို့ ဒီလို ဇာတ်မျိုးကို သူကစခဲ့တာလားဆို‌တော့ မဟုတ်ပါဘူး။ ဂျပန်ရဲ့ဟိုးရှေးခေတ်ပြဇာတ်ကာလကတည်းက ဒီလိုဇာတ်မျိုးက ရှိခဲ့ပြီးသားပါပဲ။ ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ဂျပန်မှုတစ်ရာထဲ ” တစ်ချို့ပြဇာတ်တွေကိုဆို ရာသီတွေကူးပြီးပြရတယ်။ ချူရှင်ဂုရလို့ခေါ်တဲ့ ရိုနင်၄၇ယောက်ရဲ့ဇာတ်လမ်းတွေကိုတော့ ဆောင်းအခါမှပြတယ်။ ဘာလို့ဆို နောက်ဆုံး ကလဲ့စားချတဲ့ပွဲကို ဆီးနှင်းထဲမှာ လုပ်ကြတတ်လို့ပါ။”လို့ ဆိုထားတယ်။ တွေးကြည့်ရုံနဲ့တင် တော်တော်လိုက်ဖက်နေတဲ့ အတွဲအဖက်ပဲဖြစ်မှာပါ နှင်းဖြူဖြူတွေကြားသွေးနီနီတွေလွှမ်းနေတာထက် ကလဲ့စားတို့ သတ်ဖြတ်ခြင်းတို့ကို ပိုအသက်ဝင်စေမယ့် ပြကွက်မျိုးမရှိလောက်ဘူး။ နောက် Lady Snowbloodက ရုပ်ရှင်ကို ပြဇာတ်ဆန်ဆန်တင်ဆက်ထားတယ်။ ဒီလိုဇာတ်လမ်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ ဂျပန်ရိုးရာပြဇာတ်တွေကို Tributeပေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခေတ်ဟောင်းကိုမပယ်သလို တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းတင်ဆက်ပုံကို အချိန်အစဉ်လိုက်မပြဘဲ Nonlinear narrativeနဲ့ တင်ဆက်ထားပြီး ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကိုလည်း မြှင့်တင်ပေးထားတယ်။ Lady Snowbloodဟာ အဟောင်းနဲ့အသစ်ကို လိုက်ဖက်ညီအောင်သုံးထားပြီး သူ့နောက်က အသစ်တွေအတွက် လမ်းကြောင်းပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Crime,Drama Duration….01:39:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Animation • Comedy • Family
7.6 1973 97 mins
Lady Snowblood