YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Punch-Drunk Love.2002.BLU-RAY.720P.PP.mp4

852.61 MB 720p video/mp4 734 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunt
4.3

မကြာသေးခင်မှထွက်ရှိထားပြီး Rating ကောင်းလှတဲ့ တယ်လဂူဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ပါဝင်သရုပ်ဆောင်သူအရမ်းမများပေမယ့် plot အသားပေးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Bromance ခိုင်မာလှတဲ့ ဟိုက်ဒရာဘတ်ရဲဌာနရဲ့ ရဲမှူးချုပ်ဖြစ်တဲ့မိုဟန်၊ ဒုတိယရဲမှူးချုပ်တွေဖြစ်တဲ့ အာဂျွန်နဲ့ အာဟန်တို့ဟာ ဌာနတစ်ခုတည်း တာဝန်ထမ်းဆောင်ပြီး သိပ်ကိုရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။ တစ်ရက်မှာ အာဟန်ဟာ နိုင်ငံတော်ကပေးတဲ့ ဂုဏ်ပြုဆုပေးပွဲမှာ ဆုယူပြီးမိန့်ခွန်းပြောနေတုန်း စနိုက်ပါနဲ့ လုပ်ကြံခံလိုက်ရပါတယ်။ ဒီတော့ မိတ်ဆွေနှစ်ယောက်ဖြစ်တဲ့ အာဂျွန်နဲ့မိုဟန်တို့ဟာ သူတို့မိတ်ဆွေအသတ်ခံရမှုကိုဖော်ထုတ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ တစ်ညမှာ အာဂျွန်ဟာ အမှုမှန်ကိုဖော်ထုတ်လိုက်နိုင်ခဲ့ပေမယ့် ကားတိမ်းမှောက်မှုဖြစ်ခဲ့ပြီး အတိတ်မေ့သွားပါတော့တယ်။ ဒီလိုနဲ့ အာဂျွန်တစ်ယောက်နဲ့ မိုဟန်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အမှုကို အစကပြန်လိုက်ရပါတော့တယ်။ ရက်ပိုင်းအနည်းငယ်အတွင်း မွန်ဘိုင်းမြို့ကိုပြောင်းရတော့မယ့် အာဂျွန်တစ်ယောက် သူ့မိတ်ဆွေအသတ်ခံရမှုရဲ့တရားခံကို အချိန်မှီ ဖမ်းမိနိုင်ပါ့မလား။ တရားခံကဘယ်သူများဖြစ်နေမလဲဆိုတာကတော့ မေးခွန်းပေါင်းများစွာနဲ့ Plot twist ကောင်းလှတဲ့ဇာတ်ကားဖြစ်တာမို့ အချိန်ပေးကြည့်ရှုရတန်မဲ့ဇာတ်ကားအဖြစ်ညွှန်ပေးလိုက်ရပါစေ။ အာဂျွန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sudheer Babu ဖို့ ဇာတ်ကောင်သစ်ဖြစ်နေပေမယ့် ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကိုမြင်တွေ့ရမဲ့အပြင် ချီးကျူးမှုများစွာခံထားရတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…2.02GB/ 928MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Horror • Mystery • Thriller
4.3 2023 132 mins
Hunt
(18+) Women in Heat Behind Bars
4.2

ရှီနိုဘူးဟီမီနိုဟာ မယောင်မလည်နဲ့လုယက်မှုတစ်ခုမှာ ဝင်ပါမိပြီးမပြေးနိုင်ပဲထောင်ကျသွားခဲ့ပါတယ်။ ထောင်ထဲကိုရောက်တာနဲ့ ဘဝတူ အကျဉ်းသူတွေအပြင် ယုတ်မာတဲ့ထောင်ပိုင် ထောင်စောင့်တွေရဲ့ နှိပ်စက်မှုတွေ အနိုင်ကျင့်မှုတွေ လိင်မှုစော်ကားမှုတွေကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်။ ထောင်အတွင်းမှာတင် အုပ်စုအမျိုးမျိုးကွဲပြားနေကြပြီး ထောင်ဖောက်ထွက်ပြေးချင်တဲ့သူတွေ၊ အဓိကရုဏ်းဖြစ် ပွဲဆူချင်တဲ့သူတွေသာမက ထောင်စောင့်တွေရဲ့စော်ကားမှုတွေကို မက်မက်မောမော သာယာနေတဲ့သူတွေပါရှိနေပြီး သူ့ပင်ကိုစိတ်နေစိတ်ထားစရိုက်တွေပါ အလိုက်သင့်ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဂျပန်နိုင်ငံရဲ့နာမည်ကြီးသက်တမ်းရင့်ထုတ်လုပ်ရေး Nikkatsu ရဲ့ ရွှေခေတ်နောက်ပိုင်း Pink films တွေခေတ်ထတဲ့အချိန်တုန်းက ဂန္ထဝင်ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားလို့ မထင်ရအောင်ကို ကြမ်းတမ်းပီပြင်တဲ့ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ ပြီးတော့ ဂျပန်ကားတွေမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Blur, Pixelate တွေ ဆင်ဆာဘားတွေ မပါရှိပဲ ကြည်တောက်ရှင်းပဲကြည့်ရမြင်ရမှာပါ။ကာလသားကြိုက် Women in Prison Theme အတိုင်းပါနေကျဟာတွေ အားလုံးပါမှာဖြစ်တဲ့အတွက် အားရကျေနပ်ဖွယ်ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 645MB Quality - 1080p, 720p Format - mp4 Duration - 1H 10Min Genre - Action, Adult, Crime, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Adventure • Drama • History
4.2 1987 70 mins
(18+) Women in Heat Behind Bars
Uncle Boonmee Who Can Recall His Past Lives
6.7

ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။ တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ Poetry , Alejandro Iñárritu ရဲ့ Biutiful တို့လည်း ဆန်ခါတင်ဝင်ခဲ့သလို Blue Valentine လည်း အဲဒီပွဲကိုရောက်ခဲ့ပါတယ်။ ပြင်သစ်နယူးဝေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ရဲ့ Socialism တောင်ပါပါသေးတယ်။ အဲဒီလိုကားတွေကို ကျော်ပြီး ရသွားခဲ့တဲ့ ထိုင်းရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Apichatpong Weerasethakul ဟာ Memoria, Tropical Malady နဲ့ Cemetery of Splendor တို့လို တန်းတစ်ခုရှိတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်က နာမည်ကတော့ ဆန်းတယ်မလား။ ဒါကိုမှ ပိုစတာကို ထပ်ကြည့်လိုက်ရင်လည်း တစ်မျိုးကြီးပဲမလား။ သေချာတာကတော့ အထဲကရုပ်ရှင်ကတော့ ဒီထက်ပိုဆန်းကြယ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ သေသွားတဲ့ သူ့မိန်းမနဲ့ ပျောက်သွားပြီး လူဝံဖြစ်သွားတဲ့ သူ့သား ပြန်ရောက်လာတာကနေ ဇာတ်လမ်းကို အစပျိုးထားပြီး နောက်ပိုင်းတွေက တော်တော်လည်းဆန်းသလို ဉာဏ်မမီနိုင်အောင်လဲ တော်တော်ဖြစ်ရတဲ့ ရုပ်ရှင်ပါပဲ။ သူ့ပြကွက်တွေက ဆန်းလည်းဆန်းပါတယ်။ ဥပမာဆို တစ်ခန်းမှာ ကောင်လေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက် တီဗီထိုင်ကြည့်နေကြတယ်။ ကောင်လေးက အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်ပြောတယ်။ ကောင်လေးနဲ့ မိန်းမကြီးက အပြင်ထွက်ပြီး မုန့်သွားစားကြတယ်။ သို့ပေမဲ့ ကောင်လေးနဲ့ အဲဒီမိန်းမကြီးက အဲဒီအခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေကြတယ်။ ဘာကိုပြချင်တာလဲတော့ ဉာဏ်မီသလို ခံယူကြပေါ့။ ရုပ်ရှင်ဆိုတာ နားလည်ဖို့တော့ မလိုဘူးမလား။ ဒီလိုတင် ဆန်းတာလားဆိုတော့ မဟုတ်သေးဘူး။ ၁၈ပလပ်ဆန်ဆန် ဆန်းတာတွေလည်းပါသေးတယ်။ မိန်းမတစ်ယောက်က ရေထဲဆင်းတယ်။ ငါးခူတစ်ကောင်... သာမန်ငါးခူတော့ ဟုတ်ပုံမရပါဘူး။ အဲဒီငါးခူက မိန်းမပေါင်ကြားထဲ တိုးဝင်တယ်။ ခေါင်းပဲတိုးဝင်သလား အဝတင်ပဲ ပတ်တိုးနေသလားတော့ မမြင်ရဘူးပေါ့။ ဒီလို ခပ်ဆန်းဆန်းတွေ နားမလည်နိုင်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်မှာ ကျွန်တော့်အကြိုက်ဆုံးအခန်းပြောရရင်တော့ နောက်ဆုံးအခန်းပါပဲ။ ဘာလို့လဲမသိ နောက်ဆုံးအခန်းရယ် တော်တော်နားစွဲတဲ့ အပိတ်သီချင်းသံရယ်ဟာ ကျွန်တော့်အတွက်တော့ အတော်ကြည့်လို့ကောင်းခဲ့တယ်။ ဘာဖြစ်ဖြစ် Palme d'Or ရထားတဲ့ ဘေးချင်းကပ်နိုင်ငံက ဉာဏ်မီရခက်တဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်ပြီး ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော်တော့ ဉာဏ်မမီတာမို့ ဒီလောက်ပဲ ညွှန်းချင်ပါတယ်။ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘာမှနားမလည်လိုက်ပေမဲ့ တစ်ချို့အခန်းတွေကြောင့် ဒီတိုင်းကြည့်ရတာတင် တော်တော်တန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 750MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.7 2010 114 mins
Uncle Boonmee Who Can Recall His Past Lives
Jalsa
6.4

IMDb 6.3 ဒီတစ်ခေါက်မှာတော့ Drama/ Thriller movie ဖြစ်တဲ့ Jalsa ကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ကားတိုက်ပြေးမှုကိုဖော်ထုတ်မယ့် ဇာတ်ကားတစ်ကားပါ ညဉ့်နက်ကားမောင်းရင်းအိပ်ငိုက်လာတဲ့ မာယာတစ်ယောက်သူ့အိမ်ဖော်ရဲ့သမီးဖြစ်သူကို ဝင်တိုက်မိခဲ့ပေမယ့် တာဝန်မယူဘဲထွက်ပြေးခဲ့ပါတယ် ဒါကို မာယာတိုက်ပြေးတယ်မှန်းမသိဘဲ မာယာတို့ကုမ္ပဏီမှာအလုပ်သင်အဖြစ်လုပ်နေတဲ့ တက်သစ်စဂျာနစ်လစ်မလေးကလိုက်လံစုံစမ်းနေခဲ့ပါတယ် ဇာတ်လမ်းကထင်သလောက်တော့ရိုးရှင်းမနေပါဘူး ငွေသုံးနိုင်ရင်အနိုင်ရနေတဲ့ခေတ်ကြီးမှ ာအမှန်တရားကအနိုင်ရနိုင်ပါ့မလား ဒီအမှုကရောဘာတွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် (အညွှန်းကို Yunniမှရေးသား‌ပေးထားပါတယ်) File size…1.5GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & Honey

Comedy
6.4 2022 127 mins
Jalsa
Juniper
6.5

Juniper(2021) ============ Rotten Tomatoes ? ~ 96% IMDb Rating ~ 6.5 အရက်အိုးထဲ ခေါင်းစိုက်ထားတဲ့ အဘွားဖြစ်သူနဲ့ မြေးဖြစ်သူ ဆယ်ကျော်သက် အရွယ် လူရမ်းကားလေးတို့ရဲ့ Drama ဇာတ်လမ်းပါ။ ဆမ်က ပြဿနာပေါင်းစုံရှာတတ်တဲ့ ဆယ်ကျော်သက် လူရမ်းကားလေးပါ။ ကျောင်းပိတ်ရက်တစ်ခုမှာတော့ ဆမ်တို့အိမ်ကို ခြေထောက်ကျိုးနေတဲ့ အဘွား ဖြစ်သူ ရုသ်ရောက်လာပါတယ်။ ခြေထောက်ကျိုးပြီး နေမကောင်းဖြစ်နေ ပေမဲ့ ရုသ်က အရက်ကို ရေလိုသောက်နိုင်တဲ့သူပါ။ ဆမ့်အဖေ အင်္ဂလန်ကို ခရီးသွားစရာ ပေါ်လာတဲ့အခါမှာတော့ ဆမ်တစ်ယောက် ရုသ်ကို သူနာပြု ဆာရာနဲ့အတူပြုစုပေးဖို့ ဖြစ်လာပါတယ်။ ကြည့်မရခဲ့တဲ့ အဘွား ဖြစ်သူကြောင့် ဆမ်ရဲ့ ဘဝကြီး ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လွမ်းမော ဖွယ်ရာ ကြည့်ရှူခံစားကြရမှာပါ။ အဘွားဖြစ်သူနေရာက မင်းသမီးကြီး Charlotte Rampling ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် စ လယ် ဆုံး ဆွဲခေါ်သွားနိုင်တဲ့ ဇာတ် ကားတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.0 GB) / (420 MB) / (220 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 34mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Roman Nox Encoder……….SWM

Comedy
6.5 2021 94 mins
Juniper
Brooklyn’s Finest
6.7

IMDb – 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ‌ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ‌ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်‌ကြောင့် သူ့မိသားစုနေထိုင်ဖို့အတွက် အိမ်အသစ်ဝယ်ဖို့ပိုက်ဆံစုနေတဲ့သူပါ။ သာမာန်ရဲဝန်ထမ်းလစာကနည်းတဲ့အပြင်ငွေချေရမဲ့ရက်ကတဖြည်းဖြည်းနီးကပ်လာတဲ့အတွက် အိမ်ကိုရောင်းမဲ့သူကလည်း ‌တချိန်လုံးဖုန်းဆက်ပြီး မေးနေတာကြောင့် မူးယစ်ဆေးဝါးဂိုဏ်းတွေကိုဝင်စီးတဲ့အချိန်မှာ ရှိနေတဲ့ပိုက်ဆံတွေကို ဘတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဌာနလည်းမတူ၊ တစ်ယောက်ကိုတစ်ယောက်လည်းမသိကြပဲ၊ ဘာဆိုဘာမှချိတ်ဆက်မှုမရှိကြတဲ့ ဘရွတ်ကလင်းကရဲသုံးယောက် သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းကြရင်း ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်ပြီး ဖြေရှင်းကြရမလဲ၊ ဆဲလ်ကရော သူလိုတဲ့ပိုက်ဆံကိုရှာနိုင်သွားမလား၊ ကလဲရန့်စ်ကရော သူ့လိုချင်တဲ့ရာထူးကိုယူမလား၊ သူ့ရဲ့မိတ်ဆွေကြီးကိုကယ်နိုင်မလား၊ ဒူဂန်ကရော သူ့ဘဝရဲ့ အငြိမ်းစားယူချိန်လေးမှာ ဘာတွေလုပ်သွားနိုင်မလဲ၊ ခုနှစ်ရက် ဆိုတဲ့ တစ်ပတ်တာကာလအတွင်းမှာ သူတို့သုံး‌ယောက်ဘယ်လိုတွေကြုံတွေကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမေရိကန်က ရဲတွေကြုံတွေ့ကြရတဲ့ပြဿနာတွေ၊ လစာနည်းပါးတာတွေ၊ အမေရိကန်အပြင် ကမ္ဘာပေါ်မှာ ယနေ့တိုင်ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ လာဘ်စားမှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေကြားကပြဿနာတွေနဲ့ လူတွေရဲ့စိတ်အကြောင်းကို ရသစုံစုံလင်လင်နဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ MCU က War Machine သရုပ်ဆောင် မင်းသားကြီး Don Cheadle လည်းပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှုအားပေးလိုက်ကြပါဦးဗျ။ File size…1.72GB / 636.8MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 12m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

6.7 2009 133 mins
Brooklyn’s Finest
The Miracle Worker
8.1

RT 96% နဲ့ IMDb 8.1 ရရှိထားတဲ့ ဇာတ်ကားဟောင်းလေးကို CM ကနေ ပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကို ဒါရိုက်တာ အာသာပန်က ရိုက်ကူးထားတာ ဖြစ်ပြီး မင်းသမီး အန်းဘန်ခရော့ထ်နဲ့ ပတ်တီဒုခ်တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ၁၉၆၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားတစ်ကား ဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ အကောင်းဆုံးသော တင်ဆက်မှုတွေကို ခံစားကြရမှာပါ။ ဒီဇာတ်လမ်းက လူတိုင်းနဲ့ မစိမ်းတဲ့သူ၊ စာပေနိုဗယ်ဆု မရရှိခဲ့ပေမဲ့ ဆန်ကာတင်စာရင်းထဲထိ ပါဝင်နိုင်ခဲ့တဲ့ မျက်မမြင် စာရေးဆရာမ ဟယ်လင်ကယ်လာရဲ့ ငယ်ဘဝဇာတ်ကြာင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူတိုင်းလေးစားရတဲ့ ဟယ်လင်ကယ်လာရဲ့ သနားစရာ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အချိန်အပိုင်းအခြားတစ်ခုကို အံ့ဩမှင်သက်စွာ ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မွေးကင်းစ အရွယ်မှာ နေမကောင်းဖြစ်ပြီး မျက်စိကွယ်၊ နားမကြား ဖြစ်သွားရတဲ့ ဟယ်လင်ကယ်လာလေးကို အန်နီ ဆော်လီဗန်က သင်ကြားပေးဖို့ ဖြစ်လာပါတယ်။ ငယ်စဉ်ကတည်းက မျက်မမြင်ဖြစ်တဲ့ အန်နီဆော်လီဗန်ဟာ ဟယ်လင်ကယ်လာလေးကို ကမ္ဘာကြီးမှာ ရှိသမျှအရာတွေ အားလုံးကို သိစေချင်စိတ် ဖြစ်လာခဲ့ပါတယ်။ သင်ကြားပေးရာမှာလည်း မသန်စွမ်းသူတစ်ယောက်အ‌နေနဲ့ မဟုတ်ဘဲ သာမန်လူတစ်ယောက်လို ဘဝကို ဖြတ်သန်းနိုင်ဖို့ သင်ကြားပေးခဲ့ပါတယ်။ ဟယ်လင်ကယ်လာလေးကို သနားချစ်နဲ့ အလိုလိုက်ထားတဲ့ မိဘတွေနဲ့ ကလေးကို သင်ကြားပေးချင်တဲ့ စေတနာအပြည့်နဲ့ ဆရာမကြားမှာ အပြိုင် လွန်ဆွဲနေကြတဲ့ အကြောင်းကို ရသစုံလင်စွာ ကြည့်ရှုရမှာပါ။ File size… 2.2 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Zin Sann Oo

8.1 1962
The Miracle Worker
Trees and Other Entanglements
6.6

Trees, and Other Entanglements (2023) IMDb – 6.6/10 ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ခဲ့တဲ့ အမျိုးသမီးဒါရိုက်တာ အိုင်းရင်းတေလာဘရော့စကီဆိုတာ မှတ်တမ်းရုပ်ရှင်တွေနဲ့ပဲ ဆုတွေအများကြီးရခဲ့တဲ့ အမျိုးသမီးတစ်ဦး။ သူ့ရဲ့ပထမဆုံးဖြစ်တဲ့ နားမကြားတဲ့သူ့မိဘတွေအကြောင်းကိုရိုက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင် Hear and Now(2007)ကနေတင် ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကတော့ သစ်ပင်တွေရဲ့အကြောင်းနဲ့ သစ်ပင်တွေနဲ့ ရောယှက်လာခဲ့တဲ့လူတွေရဲ့ဘ၀ဇာတ်ကြောင်းတွေပေါ့။ သစ်ပင်တွေမှာပဲ ကျွန်တော်တို့ရဲ့ လူသားသမိုင်းတွေကို ပြန်ပြောင်းပြောနိုင်တဲ့ ဇာတ်လမ်းတွေအများကြီးရှိခဲ့တယ်။ ဒီရုပ်ရှင်ထဲမှာဆို သစ်ပင်တွေကြားမှာ ပုန်းကွယ်နေခဲ့တဲ့ ကလေးတစ်ယောက်၊ အမေရိကန် ဘွန်ဇိုင်းပညာရှင်တစ်ယောက်၊ သစ်ပင်တွေကို စောင့်ကြည့်နေတဲ့ ဓာတ်ပုံပညာရှင်တစ်ယောက်၊ သစ်တောကြီးကို ကာကွယ်ဖို့ကြိုးစားတဲ့မိခင်တစ်ယောက်၊ ဘွန်ဇိုင်းပင်တွေကို မှီတွယ်ရင်း နေထိုင်ခဲ့ကြတဲ့ ဂျပန်မိသားစု…စတဲ့ ဇာတ်လမ်းပေါင်းများစွာ။ ဒီလို သစ်ပင်တွေရယ် သစ်ပင်တွေနဲ့ ဆက်စပ်နေတဲ့ဘ၀တွေရယ်ကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပေးလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ aungmo3han ပဲ ဖြစ်ပါတယ် Genre….. Documentary Quality…. 1080p | 720p File size… 2.9GB | 1.3GB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator …..aungmo3han Encoder ….. Aaron

Horror • Thriller
6.6 2023 115 mins
Trees and Other Entanglements
Coven
6.4

Coven(2020) ဇာတ်ကားဟာ ၁၆ ရာစုက ဘာသာရေးတွေကို အခြေခံထားတဲ့ history ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ Basque ဆိုတဲ့နိုင်ငံမှာ မိန်းကလေးတစ်စုက ညဘက်က ခုန်ပျော်ပါးနေတုန်း မနက်မှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ အုပ်ချုပ်သူတွေက စုန်းပွဲလုပ်နေတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ် သွားကြပါတယ်။ အဲဒီ ကောင်မလေးတစ်စုက သူတို့စွပ်စွဲမှုတွေကို ဘယ်လို ရင်ဆိုင်မလဲ လွတ်မြောက်နိုင်မှာလား မီးရှို့သတ်ခံရမှာ စတာတွေကို ပညာသားပါပါ ရိုက်ကူးထားတာ တွေ့ရမှာပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး‌တွေလည်း ပါတာမို့ ကြည့်ရင်း သဘောကျမိသွားမဲ့ မင်းသမီးအသစ်လေးတွေပါ။ စပိန်စကားပြော ဇာတ်ကားလေး ဖြစ်ပါတယ် File size…1.90GB / 0.97GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.4 2020 92 mins
Coven
Livid
5.7

လူစီ ကတော့ အိမ်တွင်းသူနာပြုအဖြစ် လက်တွေ့လေ့ကျင့်မှုလုပ်နေတဲ့ ကောင်မ‌လေးပါ…သူမကို အသက်ကြီးကြီးမစ္စစ် Catherine Wilson က လေ့ကျင့်သင်ကြားပေးနေတာပေါ့ ဒီလိုနဲ့ လေ့ကျင့်ရင်း နောက်ဆုံး လူနာသည်က ဝေးလံခေါင်သီတဲ့ အိမ်ကြီးမှာ နေတာဆိုတော့ လူစီလည်း အဲ့ကိုသွားရတာပေါ့ တိရိစ္ဆာန်တွေနဲ့ ပြည့်နှက်နေတဲ့ အိမ်ကြီးထဲကို ဝင်ပြီး လူနာကုတင်ပေါ်က မစ္စစ် ဝီလ်ဆင်ကို တွေ့တယ် Jessel ကတော့ တစ်ချိန်က အထင်ကရ ဘဲလေးဆရာတစ်ဦးဖြစ်ခဲ့သော်လည်း အခုမှာတော‌့ အိပ်ယာပေါ်မှထကာ မေ့မြောသွားကြောင်း မစ္စစ်ဝီလ်ဆင်က ပြောပြတဲ့နောက်.. အဲ့အိမ်ကြီးနဲ့ သူတို့တွေ ဘာတွေကြုံတွေ့ရမလဲ…. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(750MB) Quality_Blu-Ray 720p Format_mp4 Duration_01:30:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

Science Fiction • Thriller • Mystery
5.7 2011 92 mins
Livid
#OOTD: Outfit of the Designer
7

#OOTD: Outfit of the Designer (2024) IMDb Rating (7.0) နာရယ်ဟာ ဘာမင်ဂမ်မှာ ဖက်ရှင်ဒီဇိုင်းပညာရပ်ကို လာရောက်သင်ယူလေ့လာနေတဲ့ အင်ဒိုနီးရှားသူလေးတစ်ယောက်ပါ။ သူ စိတ်ဝင်စားတဲ့ပညာရပ်ကို အနီးကနေ အားဖြည့်ပေးနေတာကတော့ သူနဲ့ လူမျိုးတူ ဗာဂတ်စ်ဆိုတဲ့ ဓာတ်ပုံပညာရပ်ကို စိတ်ဝင်စားတဲ့ကောင်လေးတစ်ယောက်ပါပဲ။ နိုင်ငံရပ်ခြားရောက်နေပေမယ့်လည်း အနားမှာ ချစ်ရတဲ့သူငယ်ချင်းတွေအပြင် ဗားဂတ်စ်ပါရှိနေတာကြောင့် ဘဝကို အေးအေးချမ်းချမ်းပဲဖြတ်သန်းနေတဲ့ နာရယ်တစ်ယောက်ဆီကို တစ်နေ့မှာတော့ မထင်မှတ်ထားခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်လို့လာခဲ့ပါတယ်။ ဒါဟာ ဘာများဖြစ်လိမ့်မလဲဆိုတာနဲ့ နာရယ်တစ်ယောက် နောက်ပိုင်း ဘယ်လိုဆက်လက်ရှင်သန်းဖြတ်သန်းသွားမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပြီးတော့ အတူတူအဖြေရှာကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Gillen ဖြစ်ပါတယ်။) File size…(2.8 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:47:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Fiona Gillen

7 2024
#OOTD: Outfit of the Designer
Good One
6.8

Good One ကတော့ ခရမ်းချဉ်သီးပုပ် rating 8.80/10 အထိရရှိထားတဲ့ Drama အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်သုံးယောက်ရဲ့တောင်တက်ခရီးစဉ်တလျှောက်က သာယာလှပပြီးဆိတ်ငြိမ်တဲ့တောတောင်ရေမြေသဘာ၀တွေကို ရေစီးကျတဲ့အသံကအစ သာယာနာပျော်ဖွယ်ကောင်းအောင် ထိထိမိမိရိုက်ကူးထားသလို ကြည့်ရှုသူတွေရဲ့ခရီးထွက်ချင်စိတ်ကိုပါနှိုးဆွပေးနိုင်မှာပါ။ အဖေ့နောက်အိမ်ထောင်နဲ့အတူနေတဲ့ဆမ်ဟာ ကောလိပ်မတက်ခင်မှာ အဖေဖြစ်တဲ့ခရစ္စ၊ အဖေ့သူငယ်ချင်းမတ်၊ မတ်ရဲ့သားဒီလန်တို့နဲ့အတူ တောလမ်းတောင်တက်ခရီးကြမ်းနှင်ဖို့ထွက်ခွာလာခဲ့ပါတယ်။ ဒီလန်က မလိုက်နိုင်တော့တာကြောင့် ဆမ်၊ ခရစ္စနဲ့မတ်တို့သုံးယောက်ဟာ ကျောပိုးအိတ်တစ်လုံးစီနဲ့တောင်တက်ခရီးနှင်ကြရင်း ဆမ်နဲ့ခရစ္စကြားက သားအဖဆက်ဆံရေး၊ အိမ်ထောင်ကွဲခဲ့တဲ့မိဘတွေနဲ့ပတ်သက်လို့ ဆမ်ရဲ့ဝမ်းနည်းမှုတွေ၊ ဆမ်ကိုကြည့်ပြီး မတ်ရဲ့သားဖြစ်သူဒီလန်ကိုအားမလိုအားမရဖြစ်စိတ်တွေ၊ ခရစ္စနဲ့မတ်ကြားကသူငယ်ချင်းဆက်ဆံရေးတွေကို တောင်တက်ခရီးစဉ်တလျှောက်မှာ ကြည့်ရှုခံစားသွားရမှာဖြစ်ပါတယ်။ Good One ကတော့ လိမ္မာတဲ့သားသမီးကိုရည်ညွှန်းချင်တာဖြစ်နိုင်ပါတယ်။ လိမ္မာတဲ့သားသမီးတွေမှာလည်း ခံစားချက်တွေ၊ ဝမ်းနည်းစိတ်တွေ၊ နာကျည်းချက်တွေရှိနေနိုင်တာကို မီးမောင်းထိုးပြချင်တာဖြစ်လို့ Good One ဟာ Drama ကြိုက်ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ခုဖြစ်သလို ရုပ်ရှင်ပွဲတော်တွေမှာလည်း ထူးချွန်ဆုတွေဆွတ်ခူးရရှိထားပါတယ်။ File size_(2.2GB)/(1GB) Quality_Blu-Ray 1080p HEVC / 720p Format_mkv/mp4 Duration_01:29:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by JULY

Horror • Comedy • Fantasy
6.8 2024 90 mins
Good One
Barbie
6.6

Barbie (2012) **************** အပြင်မှာ ညီအစ်မ အရင်းတွေ ဖြစ်ကြတဲ့ Kim Sae Ron နဲ့ Kim Ah Ron တို့ရဲ့ ရုပ်ရှင်လေးဖြစ်ပြီး ဒီကားလေးမှာတော့ .. ကျပ်မပြည့်တဲ့အဖေနဲ့အတူနေတဲ့ အီဆွန်းယောင်းနဲ့ အီဆွန်းဂျာတို့ ညီအစ်မနှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ သူတို့ရဲ့အမေဖြစ်သူက ငယ်ငယ်ကတည်းက သေဆုံးသွားပြီး သူ့အဖေဖွင့်လှစ်ခဲ့တဲ့ တည်းခိုခန်းကိုပဲ ဆက်ဖွင့်ရင်း ဘဝကို ရရာငွေလေးနဲ့ ရှင်သန်နေကြရတဲ့ ဆင်းရဲတဲ့မိသားစုပါ။ သူ့အဖေရဲ့ညီဖြစ်သူ ဦးလေးကလည်း တစ်ဖက်တစ်လမ်းက ဝင်ကူပေးတယ်ပြောရမလိုပေမဲ့ လာချင်တဲ့အချိန်လာ၊ သွားချင်တဲ့အချိန်သွားတတ်တဲ့လူမျိုးဖြစ်တာကြောင့် ကျပ်မပြည့်တဲ့အဖေနဲ့ နေမကောင်းခဏခဏဖြစ်တဲ့ ညီမဖြစ်သူကို ကျွေးမွေးပြီး ပြုစုစောင့်ရှောက်ဖို့အတွက် ဆွန်းယောင်းတစ်ယောက်တည်းကပဲ အရွယ်နဲ့မမျှအောင် တာဝန်ယူထားရပါတယ်။ အဲဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ဦးလေးက သူ့အချိတ်အဆက်နဲ့သူ အမေရိကက စတိဗ်နဲ့ သူ့ရဲ့သမီး ဘာဘီဆိုတဲ့ သားအဖနှစ်ယောက်ကို ခေါ်လာပါတယ်။ သူ့ဦးလေးက ဆွန်းယောင်းရဲ့ဘဝကောင်းစားဖို့အတွက် အဲဒီသားအဖဆီ မွေးစားဖို့ ပေးလိုက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဆွန်းယောင်းက မိသားစုတာဝန်ထမ်းရဦးမှာမို့လို့ လုံးဝမသွားချင်ဘူးပြောပေမဲ့ ကြားထဲမှာ ခဏခဏတွေ့ပြီး ခင်မင်သွားတဲ့ ဘာဘီက ဆွန်းယောင်းကိုသဘောကျပြီး အရခေါ်သွားချင်နေတာပါ…ဖြစ်ချင်တော့ အငယ်မဖြစ်သူ ဆွန်းဂျာက တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲကြည့်တတ်တာမို့ သူ့အစ်မအစား မွေးစားဖို့အတွက် အမေရိကကို သူ့ခေါ်သွားပါလို့ ပြောပါတော့တယ်… ဆွန်းဂျာကို လုံးဝသဘောမကျလို့ အတိုက်အခံလုပ်တဲ့ ဘာဘီနဲ့ ဆွန်းဂျာကိုခေါ်သွားလည်းဖြစ်တယ်ဆိုတဲ့ စတိဗ်တို့ကြားက ဆုံးဖြတ်ချက်က ဘာဖြစ်မလဲ… တကယ်ပဲ အမေရိကကို ဘဝကောင်းစားရေးအတွက် ခေါ်မွေးစားတာလား… ဆွန်းယောင်းတို့မိသားစုကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီရုပ်ရှင်လေးမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူတွေကြားက ကွာခြားချက်တွေ၊ ဘဝကြီးရဲ့ မတရားမှုတွေကို မီးမောင်းထိုးပြနေတဲ့ရုပ်ရှင်လို့ပြောရင်လည်း မမှားတာမို့ ကြည့်ပြီးရင် ရင်ထဲတစ်ခုခုကျန်ခဲ့မှာတော့ အသေအချာပါပဲ။ (အညွှန်းကို Chothet_mlmt မှ ရေးသားထားပါတယ်) File size…1.17GB / 494MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 38m Genre ….. Youth, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by AHtet

Comedy • Drama
6.6 2012 97 mins
Barbie
How It Ends
5.4

How It Ends (2021) ******************* How It Ends ကတော့ Comedy အမျိုးအစားဖြစ်ပြီး ကမ္ဘာပျက်ခါနီးမှာ လိုင်ဇာဆိုတဲ့ကောင်မလေးက ဘဝမှာလုပ်စရာရှိနေသေးတာတွေကို နောက်ဆုံး အနေနဲ့ လိုက်လံလုပ်ဆောင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ လိုင်ဇာနဲ့ သူ့ရဲ့ ရုပ်နာမ် မရှိတဲ့ ငယ်ဘဝလိုင်ဇာလေးတိုဟာ မောင်နှမဝမ်းကွဲမန်ဒီရဲ့ ကမ္ဘာပျက်ပါတီကို အတူတူလမ်းလျှောက်လာရင်း လမ်းတစ်လျှောက်မှာ ကမ္ဘာ့နောက်ဆုံးနေ့ကို ပုံစံအမျိုးမျိုးနဲ့ ဖြတ်ကျော်နေကြတဲ့လူတွေနဲ့လည်း တွေ့ကြုံကြရဦးမှာပါ။ မိသားစုဝင်တွေ၊ ရည်းစားဟောင်းတွေ၊ ချစ်ရသူတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေဆီသွားပြီး မပြောရသေးတဲ့စကားတွေ၊ မဖြေရှင်းရသေးတဲ့ကိစ္စတွေကို လိုင်ဇာတစ်ယောက် ပြီးပြတ်အောင်လိုက်လံလုပ်ဆောင်ပုံကို ဟာသနှော ရိုက်ကူးထားတဲ့ ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းကို July မှ ရေးသားထားပါတယ်) File size…2.21GB / 918MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 22m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by July Encoded by AHtet

5.4 2021 83 mins
How It Ends