YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Prosecution Elite E23 720p WEB-DL CM.mp4

250.67 MB 720p video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Like & Share
7.8

"လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ခြိမ်းခြောက်အကျပ်ကိုင်ခံရတဲ့အခါ မိန်းကလေးတွေရဲ့ဘဝပဲ အမြဲပျက်စီးသွားပြီး ယောက်ျားလေးတွေကတော့ ဘာမှမဖြစ်ပါဘူး" တဲ့။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်‌ ပြောတဲ့စကားပါ။ အပြင်လောကမှာလည်း ဘယ်လောက်ပဲ ခေတ်မီပြီး အမြင်ကျယ်လာတယ်ပြောပြော မိန်းကလေးတွေကပဲ စိတ်ဒဏ်ရာတွေကို ပိုခံစားရတတ်ပါတယ်။ ဒီဇာတ်ကားကတော့ ASMR ဗီဒီယိုတွေ ရိုက်ကူးတင်ဆက်တဲ့ Channel တစ်ခု ထောင်ထားပြီး စိတ်ကူးအိပ်မက်တွေအပြည့်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက်၊ သူတိူ့နှစ်ယောက်ထဲနှာ တစ်ယောက်က လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်ခံရတော့ သူငယ်ချင်းနှစ်ယောက် အဲဒါကို ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ ရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ဆုသုံးခုရထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး ဖြစ်တဲ့အပြင် အာရှနိုင်ငံတွေရဲ့ သိပ်မကွဲပြားတဲ့ အယူအဆတွေကိုလည်း တွေ့ရမှာပါ။ အပြင်လောကမှာလည်း ဒီဇာတ်ကားထဲကလို ဖြစ်တတ်တဲ့ကိစ္စတွေရှိတော့ ဒီဇာတ်ကားကိုကြည့်ရင်း တစ်ခုခုကိုခံစားရမှာတော့ သေချာပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.2GB | 606MB | 306MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Comedy • Drama • Romance
7.8 2022 112 mins
Like & Share
[18+] Malena
7.4

၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် လမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။ ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊ လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီး တစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊  ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီး စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊ အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘဝကိုတည်ငြိမ်စွာ ပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။ ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊ အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။ မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။ ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။ ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ဆိုတဲ့ သူမရဲ့အလှအပကို သေသေချာချာ မြင်ရမှာဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်အလှအပအပြင် သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်လဲ ဝေဖန်ရေးဆရာတို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ "သရုပ်ဆောင်တယ်ဆိုတာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ တစ်ကိုယ်လုံးအသုံးချပြီး အမူအရာလုပ်တာပါ" ဆိုတဲ့ သူမရဲ့စကားအတိုင်းပဲ ဒီဇာတ်ကားမှာ စကားပြောနည်းနည်းနဲ့ သူမရဲ့တစ်ကိုယ်လုံးကို အသုံးချသရုပ်ဆောင်သွားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၀ ခုနှစ်ရဲ့ အော်စကာတန်းဝင်ဇာတ်ကားလဲဖြစ်တာကြောင့် ဘယ်လိုမှ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။ Uncut Version နဲ့တင်ထားတာမို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ။ (ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Nyi Nyi Kyaw Myint ဖြစ်ပါတယ်။) File size…(2.4 GB) and (1.1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv/mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Nyi Kyaw Myint

Animation • Drama • Family
7.4 2000 109 mins
[18+] Malena
Cherry
6.3

စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦး ဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့ သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ American Comedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်း လို့တော့ မထင်လိုက်ပါနဲ့ ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်း လေးတစ်ကားပဲ ဖြစ်ပါတယ် ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန် တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့် တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကို ယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါ လက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာ တစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီ သင်တန်းကို သွားတက်ပါတော့တယ် သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအား မြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါ တော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ် သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာ အယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ် တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကို တစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက် သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာ ဗျာများရင်း... ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတာ... စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre .....Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Poebe

Action • Drama • Thriller
6.3 2010 99 mins
Cherry
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
Tyson’s Run
7

Tyson’s Run (2022) Wholesome ဖြစ်တဲ့ Family Friendly ဇာတ်ကားလေးဖြစ်ပါတယ်။ လောကမှာ ကိုယ်ရွေးချယ်လို့ရတဲ့အရာရယ် ကိုယ်ရွေးချယ်လို့မရတဲ့အရာရယ်ဆိုတာ ရှိစမြဲပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ရွေးချယ်လို့မရခဲ့ပေမဲ့ ကိုယ်ရထားတဲ့ဘဝကို ဘယ်လိုရှေ့ဆက်ရှင်သန်မယ်ဆိုတာကတော့ ရွေးချယ်လို့ရရဲ့မဟုတ်လား။ ဘော်ဘီဟိုလာမန်းက စတန်းဘရေ့ချ်မြို့ရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးပါ။ ဘယ်လိုအထင်ကရဖြစ်တာလဲဆိုတော့ စတန်းဘရေ့ချ်မြို့ ဂရေးဟောင်း အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းနည်းပြအနေနဲ့ ဂရေးဟောင်းအသင်းကို ခုနစ်နှစ်ဆက်တိုက် ရှုံးပွဲမရှိတဲ့အသင်းဖြစ်စေခဲ့ပြီး ပြည်နယ်ကိုယ်စားပြုချန်ပီယံဆုကို ငါးနှစ်ဆက်တိုက် ဆွတ်ခူးစေခဲ့လို့ပါပဲ။ ဒီလိုမြို့ခံလူထုက လေးစားရတဲ့သူ့မှာ တိုင်ဆန်ဆိုတဲ့ ၁၅ နှစ်အရွယ်သားလေးရှိပါတယ်။ ကံဆိုးရှာတာက တိုင်ဆန်ဟာ အော်တစ်ဇင်ဖြစ်နေရှာတာပါပဲ။ ဒါပေမဲ့လည်း တိုင်ဆန်ဟာ ဘောလုံးနည်းပြကြီး သူ့အဖေ ဂုဏ်ယူရတဲ့သူ ဖြစ်အောင် လုပ်ပြချင်ရှာတယ်။ တစ်နေ့ သူတို့မြို့မှာ မာရသွန်အပြေးပြိုင်ပွဲကြီး ကျင်းပမယ်ဆိုတော့ တိုင်ဆန်က သူလည်း ဝင်ပြိုင်ချင်တယ်ဆိုပြီး သူ့မိဘတွေကို ပူဆာရှာတာပေါ့။ ဒါပေမဲ့ စိတ်ပူတတ်တဲ့မိခင်နဲ့ မလုပ်နိုင်ဘူးထင်တဲ့ဖခင်က တားကြလေရဲ့။ ခေါင်းမာတဲ့ တိုင်ဆန်တစ်ယောက် ချန်ပီယံဟောင်းအာခလိလုနဲ့ အမှတ်မထင်ခင်မင်ရင်းနှီးသွားရာက သူ့အိပ်မက်တွေ တကယ်ဖြစ်လာပါ့မလားဆိုတာကတော့ .. ထူးခြားတာက တိုင်ဆန်အဖြစ် သရုပ်ဆောင်တဲ့မင်းသားက အပြင်မှာလည်း အော်တစ်ဇင်ဖြစ်နေတာပါတဲ့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.3GB, 982MB & 474MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 43mins Genre : Drama Translated by May Myat Thu Encoded by Kinnov

Animation • Comedy • Family
7 2021
Tyson’s Run
Downton Abbey: A New Era
7.6

ဒေါင်းတန် အက်ဘီဆိုတဲ့ ရုပ်ရှင်ဟာ အင်္ဂလန်သမိုင်းနောက်ခံ ဇာတ်လမ်းတစ်ခုဖြစ်ပြီး နာမည်ကြီးစီးရီးလည်း ရိုက်ကူးထားတာရှိပါတယ်။ မူရင်းထင်ရှားတဲ့သမိုင်းအဖြစ်အပျက်တွေ ခေတ်ပြောင်းခေတ်လဲတွေ သက်ရောက်မှုတွေအကြောင်းကို ဗြိတိန်တော်ဝင်ဆွေကြီးမျိုးကြီး မိသားစုတစ်စုအပေါ် အခြေခံပြီး ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ရုပ်ရှင်အနေနဲ့ ၂၀၁၉ မှာ တစ်ကားထွက်ခဲ့ပြီး အခု ၂၀၂၂ မှာ တစ်ကားထပ်ထွက်လာတာပါ။ ဒီရုပ်ရှင်ကတော့ပျော်စရာတွေနဲ့ ကြည်နူးစရာတွေ ပြည့်နေတာ ထူးခြားတဲ့အချက်ပါ။ ကြည့်ရင်းနဲ့ ဗဟုသုတလည်းရသလို၊ အင်္ဂလိပ်ဆွေကြီးမျိုးကြီးတွေရဲ့ ယဉ်ကျေးတဲ့စကားတွေ၊ စနစ်ကျပုံတွေကိုလည်းလေ့လာရမှာပါ။ နောက်ပြီးဒီမိသားစုရဲ့ ရိုင်းပင်းပုံတွေ အိမ်အကူတွေ အိမ်ထိန်းတွေနဲ့ အပြန်အလှည် လေးစားသမှုတွေ သံယောဇဉ်‌တွေ စေတနာတွေကို တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါင်းတန်မိသားစုရဲ့ အိမ်တော်ကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်အတွက် သုံးဖို့ ကမ်းလှမ်းလာပါတယ်။ အဲဒါကိုလက်ခံလိုက်ပြီးနောက်မှာ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ဒေါင်းတန်မိသားစုရဲ့ အဖြစ်အပျက်တွေကို သမိုင်းတစ်ခုနဲ့ တပြေးညီတွေ့ရမှာပါ။ တချိန်တည်းမှာပဲ ဒေါင်းတန်မိသားစုရဲ့ ဘွားဘွား လေဒီဂရေသမ်၊ ဗိုင်အိုလက်ရဲ့ ငယ်ချစ်တစ်ယောက်ဟာ ပြင်သစ်မြို့စားဖြစ်နေပြီး သူကွယ်လွန်ချိန်မှာ ဗိုင်အိုလက်အတွက်ဗီလာအိမ်ကြီးတစ်လုံး ပြင်သစ်တောင်ပိုင်းမှာ အံ့ဩဖွယ် ချန်ထားခဲ့ပါတယ်။ အဲဒီအိမ်ကြီးကိုလည်း ဘယ်လိုဆက်ဖြေရှင်းကြမလဲ အတိတ်က သမိုင်းတွေကတော့ ဘာလျို့ဝှက်ချက်တွေရှိနေမလဲဆိုတာ စိတ်ဝင်စားစရာစောင့်ကြည့်ရမှာပါပဲ… ဒရာမာကောင်း သမိုင်းရုပ်ရှင်ကောင်းကြိုက်သူတွေ ကောင်းကောင်းသဘောကျကြမှာသေချာပါတယ်။ File size…(1.9GB)/(974Mb)/(488 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:04:00 Genre…Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Adventure • Science Fiction
7.6 2022
Downton Abbey: A New Era
Aisha
6.4

အိုင်ရှာဟာ နိုင်ဂျီးရီးယားနိုင်ငံ ဘယ်နင်မြို့မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ပညာရေးဆုံးခန်းမတိုင်သေးဘဲ ကောလပ်တက်နေဆဲဖြစ်သော်ငြားလည်း လူမှုရေးကိစ္စ အရှုပ်အရှင်းတွေကြား အသက်အန္တရာယ်ပါ စိုးရိမ်လာရတဲ့အတွက် အိုင်ရှာခမျာ တစ်ဖက်နိုင်ငံဖြစ်တဲ့ အိုင်ယာလန် နိုင်ငံထဲကို ခိုးဝင်ထွက်ပြေးခဲ့ရပါတယ်။ ဒီလိုနဲ့ အိုင်ယာလန်နိုင်ငံရဲ့ ဥပဒေအရှုပ်အထွေးတွေ၊ လူဖြူတွေရဲ့ ဖိနှိပ်မှုတွေကြားက ဝမ်းစာကို ရအောင်ဖြည့်ရင်း အမေဖြစ်သူဆီ ရသလို ပြန်ထောက်ပံ့ကာ နိုင်ငံခိုလှုံခွင့်အောင်ဖို့နဲ့ အမေ့ကိုပါ ဒီဘက်နိုင်ငံထဲ ရအောင်ခေါ်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အသက်ဆက်နေရပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တစ်ခြား ပိုပိုဆိုးလာတဲ့ အခြေအနေတွေကြားက လုံခြုံရေးဝန်ထမ်းလေး ကော်နာဟီလီနဲ့ တွေ့ကာ ချစ်ခြင်းမေတ္တာ ဆိုတာကို ထိတွေ့မိစ ပြုလာတဲ့နောက်မှာတော့..။ ဒီဇာတ်လမ်းရဲ့ Castတွေအနေနဲ့ကတော့ Black Pantherထဲက Shuriအဖြစ်နဲ့ လူသိများတဲ့ Letitia Wrightအပါအဝင် Josh I’m Connorတို့၊ Ruth McCabeတို့လို Award winnerတွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ File size…(1.31GB) / (671MB) / (320MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO

Thriller
6.4 2022
Aisha
God’s Time
6.5

God’s Time(2022) **************** ဒက်ဗ်ဟာ ဆေးစွဲသူတွေအတွက် ပြုလုပ်တဲ့ပြန်လည်ထူထောင်ရေးတွေ့ဆုံပွဲတွေ ကို အမြဲမပြတ်တက်ရောက်လေ့ရှိသူဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး တွေ့ဆုံပွဲမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ လူကာ ခေါ် လူဝီနဲ့ လူအများကို လိုက်ကူညီလေ့ရှိပေမယ့် အမြဲတမ်း အလွဲတွေဖြစ်တတ်ပါတယ်။ လူကာကတော့ သရုပ်ဆောင်ဖြစ်ချင်သူ တစ်ဦး ဖြစ်ပြီးလူရွေးပွဲတွေအမြဲဝင်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ တွေ့ဆုံပွဲမှာ ရက်ဟီနာ ဆို တဲ့ကောင်မလေးက သူ့အရင်ရည်းစားကို သတ်ပစ်ချင်ကြောင်း ပြောမိလိုက်ပါတယ်။ ဒါကို ဒက်ဗ်က အဲ့ကောင်မလေး လူမသတ်မိအောင် အတင်းလိုက်တားပါတော့တယ်။ လူကာက တော့ အမြဲတမ်းလွဲတတ်တဲ့ဒက်ဗ်ကို လန့်နေလို့မပါချင်ပေမယ့် နောက်ဆုံးမှာ လိုက်ပါကူ ညီရပါတော့တယ်။ အမြဲလွဲနေကျ ဒက်ဗ် ဘာတွေထပ်လွဲမလဲဆိုတာ တခွီခွီနဲ့ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ လူငယ်တွေကြားမှဖြစ်နေကျ စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေ၊ အလွဲအမှား တွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ရိုက်ပြထားတာဖြစ်ပါတယ်။ File Size : (2.9GB) and (995MB) Quality : AMZN.WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:23:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

6.5 2022
God’s Time
In the Land of Saints and Sinners
6.4

အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။ သမိုင်းအကျဉ်း အိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ UK လက်အောက်မှာပဲ ဆက်တည်ရှိနေပါတယ်။ ဒါကိုသဘောတူလိုက်တဲ့အချက်ကလည်း အိုင်ယာလန်မြောက်ပိုင်း ပရိုတက်စတင့်နဲ့ အခြားပြည်နယ်တွေက ကတ်သလစ်ဘာသာဝင်တွေကို အတူစည်းရုံးလို့မရမဲ့အတူတူဆိုပြီး သဘောတူလိုက်တာများပါတယ်။ ဒီစာချုပ်ကြောင့် IRA နှစ်ခြမ်းကွဲသွားခဲ့ပြီး စာချုပ်ကိုသဘောတူတဲ့ IRA နဲ့ သဘောမတူတဲ့ IRA ဆိုပြီး အချင်းချင်းထချကြလို့ အိုင်ယာလန်ပြည်တွင်းစစ် ၁၉၂၂ မှာဖြစ်သွားပါတော့တယ်။ အိုင်ယာလန်အကွဲအပြဲတွေကို သရော်တဲ့အနေနဲ့အလကားနေရန်ထဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ The Banshees of Inisherin ကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ ပြည်တွင်းစစ်မှာ စာချုပ်သဘောတူတဲ့အဖွဲ့က အစိုးရတပ်ဖွဲ့ Provisional Government of Irelandဖြစ်လာပြီး မတူတဲ့အဖွဲ့က anti-Treaty Irish Republican Army ဖြစ်လာခဲ့ပါတယ်။ စာချုပ်ဆန့်ကျင်ရေး IRA ၁၉၂၃ စစ်ရှုံးသွားခဲ့ပေမဲ့ လက်နက်မချဘဲ ၁၉၆၉ အထိ ဆက်လက်တည်ရှိခဲ့ပါတယ်။ ဒီဆန့်ကျင့်ရေးအဖွဲ့ကို အင်္ဂလန်ဗုံးခွဲမှုတွေနဲ့ ၁၉၃၁ မှာ တရားမဝင်အဖွဲ့အစည်းကြေညာခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဗြိတိန်ကိုတိုက်ချင်ဇောနဲ့ ဟစ်တလာဆီက အကူအညီတောင်းခံခဲ့လို့ IRA ခေါင်းဆောင် ၅ ယောက်ကြိုးပေးခံခဲ့ရပါတယ်။ ၁၉၆၉ မှာကျတော့ အဲဒီ ဆန့်ကျင်ရေး IRA က ထပ်ပြီး ကွဲသွားပါတယ်။ ရိုမန်ကတ်သလစ်၊ ပရိုတက်စ်တန့်ဘာသာအရေးအခင်းကြောင့်ပါပဲ။ ဆန့်ကျင်ရေး IRA ကိုမှ Official IRA နဲ့ Provisional IRA ဆိုပြီးကွဲသွားတာပါ။ Official IRA က နိုင်ငံရေးလိုင်းကနေ အိုင်ယာလန်ကို ပေါင်းစည်းဖို့ကြိုးစားပြီး Provs IRA ကတော့ အကြမ်းဖက်လိုင်းဖြစ်သွားပါတယ်။ IRA ဗုံးခွဲတဲ့ကိစ္စနဲ့ပတ်သတ်တဲ့ဇာတ်ကားကိုတောင် The Foreigner ဆိုပြီး ဂျက်ကီချန်းနဲ့ရိုက်ထားတာရှိပါတယ်။ ဒီလက်နက်ကိုင် Prov IRA ဟာ ၂၀၀၅ မှာမှ စစ်ရေးဆန့်ကျင်မှုတွေကနေ နိုင်ငံရေးအဖြစ် ပြောင်းလဲဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ စစ်ပြန်ကြီး ဖင်းဘားဟာ မိန်းမဖြစ်သူသေဆုံးသွားပြီးနောက်ပိုင်း ကြေးစားလူသတ်သမားအလုပ်နဲ့အသက်မွေးပါတယ်။ ဒီလိုနဲ့အသိဝင်လာပြီးအနားယူတော့မဲ့အချိန်မှာမှ IRAဖောက်ခွဲရေးသမား ဝရမ်းပြေးတစ်ယောက်က သူ့ရွာမှာ လာပုန်းနေရင် ကလေးမလေးတစ်ယောက်ကို နှိပ်စက်နေတာတွေလို့ သတ်လိုက်မိပါတယ်။ အဲဒီ IRA ရဲ့ အပေါင်းအပါတွေကို လက်စားချေဖို့ လိုက်ရှာတာကို ပြန်ရင်ဆိုင်ရတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ သူတော်စင်တွေနဲ့အပြစ်သားတွေရဲ့မြေဆိုတာက အများအားဖြင့် ဘာသာရေးကိုင်းရှိုင်းပြီး ညစ်ညမ်းတဲ့အပျော်အပါးတွေပေါတဲ့ မြို့တွေကို တင်စားခေါ်ကြတာများပါတယ်။ ဒီရုပ်ရှင်မှာတော့ နှလုံးလှတဲ့လူသတ်သမားရဲ့ ဝိရောဓိကိုလည်း တင်စားတာ ဖြစ်နိုင်ပါတယ်။ ကောင်းဘွိုင်ဆန်ဆန် ရွာလေးထဲကလူနည်းစု တိုက်ပွဲတွေကလည်း အရသာတစ်မျိုးမို့ ကြည့်လိုက်ကြပါဦး။ File size… 1.40GB / 625MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6.4 2023
In the Land of Saints and Sinners
The Fabric of Christmas
6.7

The Fabric of Christmas (2023) ====================== IMDb Rating – 6.7/10 ခရစ်စမတ်က လူတိုင်းအတွက် အမှတ်တရတွေယူဆောင်လာတတ် ပါတယ်။ လူတွေက ဒီအားလပ်ရက်တွေမှာ အနားယူကြပြီးတော့ မိသားစုနဲ့အတူတူ ပျော်ပါးတာတွေ ၊ ကိုယ့်အားလပ်ရက်ကို ကိုယ်လုပ် ချင်တဲ့ အရာတွေလုပ်ကြရင်း ကုန်ဆုံးစေကြတာတွေရှိပါတယ်။ ဒီတစ်ခါမှာလည်း မိဘနှစ်ပါးစလုံးကို ဆုံးရှုံးထားတဲ့ မောင်နှမနှစ်ယောက် ဟာ သူတို့ရဲ့ အမှတ်တရတွေကို ခရစ်စမတ်ကာလမှာ ကြုံကြရတော့မှာပါ။ မိဘတွေဆုံးကတည်းက သူပြုစုပျိုးထောင်ခဲ့တဲ့ သူ့ညီမလေးလော်ရန်ဟာ ခရစ်စမတ်မတိုင်ခင် လက်ထပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ အကိုဖြစ်သူ လီယမ်ဟာ တာဝန်ရှိသူတစ်ယောက်အနေနဲ့ရော ၊ သူ့ညီမကိုချစ်တဲ့ အကို တစ်ယောက်အနေနဲ့ပါ ညီမလေးအတွက် အမျိုးမျိုးပြင်ဆင်ပေးခဲ့တာကို တွေ့ရမှာပါ။ သူနဲ့မအပ်စပ်တဲ့အလုပ်တွေလုပ်ပြပြီးတော့ ညီမရဲ့ မဂ်လာပွဲဖြစ်မြောက် အောင် စီစဥ်သွားနိုင်တာကို တွေ့ရမှာပါ။ ကံကောင်းချင်တော့ ဒီလိုလုပ်ရင်း သူကိုယ်တိုင်လည်း ဘယ်လိုအတွေ့အကြုံတွေရသွားမလဲဆိုတာကိုတွေ့ရ မှာမို့ မိသားစုနဲ့ နွေးနွေးထွေးထွေးလေး ကြည့်ရှုကြပါခင်ဗျာ။ ဒီဇာတ်ကား က မိသားစုဘဝတွေ ခက်ခဲတဲ့အခြေအနေမှာတောင် ပျော်ပျော်ရွှင်ရွှင်နဲ့ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်တဲ့အကြောင်း အပြုအမူပိုင်းတွေ စံပြလုပ်ရိုက် ပြထားတဲ့ drama တီဗွီရုပ်ရှင်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(2.1 GB) / (783 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thy Santa Encoder……….SWM

6.7 2023 90 mins
The Fabric of Christmas
True Story
6.3

127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုး နာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့ နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင် သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကား တစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက် ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်း ဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက် တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့ သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေ အဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေ သွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက် တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေက လက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့ သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ် ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါ တော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့ လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာ ကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ အချိန်မှာတော့ ဒီဇာတ်လမ်းက သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေထဲမှာ အကောင်းဆုံး ဖြစ်နိုင်တယ်ဆိုပြီးတော့ နှစ်ယောက်သား စာအုပ်ထုတ်ဖို့ အတူတူလုပ်ကြရင်းနဲ့ ကြုံတွေ့လာရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.75GB / 751MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2015 99 mins
True Story
Sunlight Jr.
5.6

မလီဆာနဲ့ရစ်ချီတို့ဟာ လက်မထပ်ပဲအတူနေချစ်သူတွေဖြစ်ပြီးအညံ့စားမိုတယ်လေးတစ်ခုမှာငှားနေကြပါတယ်။မလီဆာက စတိုးဆိုင်အရောင်းစာရေးလုပ်ပြီး ရစ်ချီကတော့ မတော်တဆမှုကြောင့် ဘီးတပ်ကုလားထိုင်ကမထနိုင်ပဲတောက်တိုမယ်ရပစ္စည်းလေးတွေပြင်တာ၊အစိုးရကပေးတဲ့ မသန်စွမ်းထောက်ပံ့ကြေးလေးတွေနဲ့ရပ်တည်နေရတာပါ။မလီဆာကိုယ်ဝန်ရှိလာချိန်မှာတော့ ရောက်လာမယ့်ရင်သွေးလေးအတွက် နှစ်ယောက်သားအပျော်ကြီးပျော်နေခဲ့ပေမယ့်ယိုင်နဲ့နဲ့သူတို့ဘ၀လေးကို ပြိုလဲစေမယ့် ဖြစ်ရပ်တွေကြုံလာရတဲ့အခါ..။Naomi Watts နဲ့ Matt Dillon တို့လိုထိပ်သီးသရုပ်ဆောင်ကြီးတွေအပြိုင်ကြဲထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.35GB)/(640MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Comedy • Action • Science Fiction
5.6 2013 94 mins
Sunlight Jr.
Uranus 2324

Uranus 2324 (2024) ****************** IMDb – 7.7/10 “စကြဝဠာကြီးရဲ့ ရူပဗေဒနိယာမတွေကို ချိုးဖျက်နိုင်တဲ့တစ်ခုတည်းသောအရာက အချစ်ဆိုတဲ့အရာပဲ… အလင်းနှစ်တွေဘယ်လောက်ပဲ ဝေးကွာနေပါစေ နှလုံးသားချင်းနီးစပ်စေတဲ့အရာက အချစ်ပါပဲ” (လင်း) “တို့ကိုမမြင်ဘဲ ထားရစ်ခဲ့မယ်ဆိုရင်တောင် တို့ကယူရေးနပ်စ်ဂြိုဟ်လိုပဲ ဒီနေရာမှာပဲမင်းကို အမြဲစောင့်နေမှာပါ” (ကတ်) GAP နဲ့ Loyal Pin ဇာတ်ကားထဲက အချစ်ကလေးနှစ်ယောက်ဖြစ်တဲ့ Becky Rebecca Patricia Armstrong နဲ့ … Freen Sarocha Chankimha တို့ရဲ့ GL Movie လေး ထွက်ရှိလို့ လာခဲ့ပါပြီ။ ယူရေးနပ်စ်ဆိုတဲ့ဂြိုဟ်ဟာ ကမ္ဘာနဲ့ ကီလိုမီတာပေါင်း ၂၇၂၃၉၅၀၀၀၀ ကွာဝေးပေမယ့် တောင်ဝင်ရိုးစွန်းကို ရှာမတွေ့ခင်အချိန်တည်းက… လူသားတွေဟာ ယူရေးနပ်စ်ကို အရင်ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီလိုပဲ ဘယ်လောက်ပဲ ဝေးကွာနေတဲ့ အချစ်ဖြစ်နေပါစေ… တကယ်ချစ်ကြတဲ့သူတွေ မှန်ကန်ရင်တော့ နီးစပ်နိုင်ဖို့အတွက်လမ်းကို ရှာကြမှာ အမှန်ပါပဲ။ ကမ္ဘာကြီးရဲ့အပြင်ဘက် အာကာသထဲကအရာတွေ… ဟိုးအဝေးကြီးမှာရှိတဲ့ ယူရေးနပ်စ်ဂြိုဟ်အထိကို စူးစမ်းလေ့လာချင်တဲ့ လင်း နဲ့ ပင်လယ်သမုဒ္ဒရာတွေနဲ့ ရေအောက်ကမ္ဘာကို ချစ်မြတ်နိုးပြီးတော့… ရေငုပ်သမားဖြစ်ချင်တဲ့ ကတ်တို့နှစ်ယောက်၊ အချစ်ကြီးချစ်ကြပေမယ့် ဝေးကွာသွားကြရတဲ့ သူတို့နှစ်ယောက်… ချစ်နိုင်ဖို့အတွက် နည်းလမ်းရှာရင်း အပြိုင်ကမ္ဘာတွေဆီအထိ သွားကာ နီးစပ်ဖို့နည်းလမ်းကို ရှာဖွေကြတဲ့အခါ… ကတ်နဲ့လင်းတို့ရဲ့ ချစ်ပေမယ့် ဝေးနေကြတဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်သွားမလဲ … သူတို့နှစ်ယောက် ပေါင်းစည်းနိုင်ဖို့အတွက် လမ်းကို ရှာဖွေတွေ့ရှိသွားမှာလား ဆိုတာကြည့်ရှုရမယ့်… အချစ်ဒရာမာ Sci-Fi ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ် File Size : 2.18GB / 870MB Quality : WEB-DL 1080p 5.1ch / 720p Duration : 2 hr. 10 min. Genre : Romance, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by ChoThet_mlmt, Char Ou & Mary Encoded by Heather Oo

0 2024 148 mins
Uranus 2324
Queen of the Ring
6.6

ဒါကတော့ အမေရိကန်ရဲ့ နာမည်ကျော် WWE နပမ်းလောကမှ လေဒီနပမ်းသမားနယ်ပယ်ကို ဦးဆောင်လမ်းဖောက်ပေးခဲ့တဲ့ မစ်ရက်ဘာ့ခ်ရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ သမိုင်းရုပ်ရှင်တစ်ခုပါ…. ၉၀ ခေတ်က အမျိုးသားတွေပဲ ကြီးစိုးခဲ့တဲ့ WWE လောက ထဲကို ဝင်ချင်ခဲ့တဲ့ မစ်ရက်ရဲ့ ကြိုးစားမှုတွေကြောင့် ပွဲတော် တွေမှာ ယောက်ျားတွေနဲ့ ကြေးစားအဖြစ် နပမ်းသတ်ပြရင်း နာမည်ရလာပါတယ်… အဲ့ဘက်ခေတ်ကလည်း အမျိုးသမီး ၂ ယောက် ကွင်းထဲမှာ နပမ်းသတ်တဲ့ ကိစ္စက ပြည်နယ်အချို့မှာ တရားမဝင် သတ်မှတ်ထားပါတယ်… WWE နပမ်းသမားတွေက အတုအယောင် တကယ် ထိုးတာမဟုတ်ဘူးလို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်… လူတွေစိတ်ဝင်စားလာအောင် ဇာတ်လမ်းတွေဆင်ပြီး လူဆိုး လူကောင်းခွဲပြီး ခါးပတ်လုကြတဲ့ ပွဲမှာ ဖိုက်တာ သွေးပါလာတဲ့ မစ်ရက်ဘာ့ခ်ရဲ့ ဝိတ်တာဘဝကနေ အမျိုးသမီးဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ သမိုင်းဇာတ်လမ်း တစ်ပုဒ်ကို ကြည့်ရှုရာမှာဖြစ်ပါတယ်….. File size… (2.54GB) / 1.37GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 20m Genre …..Biography , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thiha & Matteo

6.6 2024 140 mins
Queen of the Ring