YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Prosecution Elite E18 1080p WEB-DL CM.mp4

519.34 MB 1080p video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Where the Wild Things Are
6.5

ကလေးဘဝဆိုတာ ၊ လူ့ဘဝရဲ့ နိဗ္ဗာန်ဘုံတဲ့။ ပြီးတော့ ကလေးဘဝဆိုတာ အပူပင်ကင်းတယ်လို့လဲ ပြောကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်ရဲ့လား။ ဒီယူဆချက်‌တွေဟာ broken familyတွေ၊ family issue တွေများတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အတွက်တော့ မှန်မယ် မထင်ပါဘူး။ မိသားစုတစ်စု ပြိုကွဲသွားတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ကလေးလေးတွေဟာ ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။ ကလေးသဘာဝ စိတ်ခံစားချက်တွေကို ထုတ်မပြောပြတတ်ကြပေမယ့်၊ အတွင်းစိတ်မှာ‌တော့ စိတ်ဒဏ်ရာတွေ ရနေတတ်ပါတယ်။ ဒီဇာတ်ကားမှာတော့ broken familyတစ်ခုက မက်စ်ဆိုတဲ့ ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို အပီပြင်ဆုံး အထိမိဆုံးနဲ့ အနုပညာမြောက်အောင် ပညာသားပါပါ ပုံဖော်ရိုက်ကူးထားပါတယ်။ မြင်နေကျ မဲပြာပုဆိုး family drama အကွက်တွေ တစ်ကွက်မှမပါပဲနဲ့ ဒီဇာတ်ကားလေးက သင့်ကို မျက်ရည်ဝဲအောင် လုပ်ပြပါလိမ့်မယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း တင်ဆက်ပုံကလဲ တခြား ရုပ်ရှင် အများစုနဲ့မတူပဲ ထူးခြား ကွဲထွက်ပြီး ကြည့်ပြီးတာနဲ့ တစ်သက်မမေ့မယ့် ကားမျိုးဖြစ်တာမို့ ကျွန်တော်ကတော့ highly recommendပါ။ မင်းသားကြီး Tom Hanksကိုယ်တိုင် producerအနေနဲ့ပါဝင်ပြီး ဒေါ်လာ သန်း100 အကုန်ကျခံ ရိုက်ကူးထားပါတယ်။ ဒါရိုက်တာကလဲ ဒီလို တမူထူးခြားတဲ့ ကားတွေကို ရိုက်တတ်တဲ့ Spike Jonzeပါ။ သူ့ကိုတော့ Her(2013) ကားနဲ့ အများစု သိကြမှာပါ။ ငွေကြေးအရ အမြတ်သိပ်မထွက်ခဲ့ပေမယ့် အနုပညာပိုင်းအရ အတော်လေး အောင်မြင်ခဲ့ပြီး ၂၀၀၉ခုနှစ်ရဲ့ အကောင်းဆုံ း ရုပ်ရှင်တွေစာရင်းတွေမှာ အမြဲ top 10က ပါလေ့ရှိတဲ့ ရုပ်ရှင်ပါ။ ကလေးဖတ် ရုပ်ပြစာအုပ်ကို အခြေခံပြီး ရိုက်ထားတာဖြစ်ပေမယ့် ၊ ကလေး လူကြီးမရွေး ကြည့်လို့ အဆင်ပြေပါတယ်။ တကယ်လို့သာ သင်ဟာ broken family တစ်ခုမှာ ကြီးပြင်းခဲ့တဲ့ကလေး ဒါမှမဟုတ် ကိုယ်တိုင်က အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘမျိုး ဖြစ်နေခဲ့ရင်တော့ ဒီဇာတ်ကားလေးကို သေသေချာချာ အချိန်ယူပြီး အနည်းဆုံး နှစ်ခေါက်လောက် ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုပေးထားတာကတော့ Kaung Khant Winဖြစ်ပါတယ်။ File size…1.57GB /750MB Quality…1080pBluRay AAC5.1CH / 720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Kaung Khant Win

Thriller
6.5 2009 101 mins
Where the Wild Things Are
The Tomorrow War
7.6

မင်းသား ခရစ်ပရက် ရဲ့ သိပ္ပံ အက်ရှင် ရုပ်ရှင်အသစ်ထွက်ပါပြီ။ နာမည်အတိုင်းပဲ အနာဂတ်ရဲ့ စစ်ပွဲတစ်ခုအကြောင်းပါ။ နောက်လာမယ့် နှစ် ၃၀ မှာ ကမ္ဘာကြီးကို ဂြိုလ်သားတွေ ဝင်တိုက်ပြီး လူတွေအားလုံး သေကုန်မယ့်အကြောင်း အနာဂတ်ကနေ ဆက်သွယ်ပြီး သတိပေးလာပါတယ်။ ဒါကြောင့် လက်ရှိခေတ်ရဲ့ တစ်ကမ္ဘာလုံးက လူတွေကို အနာဂတ်ကို ဆက်တိုက်စစ်ကူပို့ပေးပေမယ့် ရှုံးမြဲ ရှုံးနေတုန်းပါပဲ။ ဒီတော့ အင်အားချင်း ရင်ဆိုင်နေရုံနဲ့ မပြီးဘဲ ဂြိုလ်သားအားလုံးကို လက်စတုံးဖို့ နည်းလမ်းကိုရှာဖွေရင်းနဲ့အနာဂတ်စစ်ပွဲကို ဖြစ်မလာအောင် တားနိုင်မယ့် နည်းလမ်းကိုပါ တွေ့လာတဲ့အခါ.. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။ File size… 2.5 GB and 1.4 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 20min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder .....August

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
7.6 2021 138 mins
The Tomorrow War
The Majestic
6.9

The Majestic (2001) ~ IMDb – 6.9/10, Rotten Tomatoes – 42% ~ ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ “ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်” လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ဘယ်သူကမှ မထိန်းချုပ်နိုင်ဘဲကိုး။ ဒီရုပ်ရှင်ထဲမှာ ဒီအကြောင်းလေးလည်းပါလာပါသေးတယ်။ ရုပ်ရှင်အကြောင်းကတော့ ရုပ်ရှင်အကြောင်းပဲ။ ဒီရုပ်ရှင်အတွက် အမေရိကန်နိုင်ငံရဲ့ ၂၀ ရာစုအလယ် ရုပ်ရှင်လောကအခြေအနေလေးတစ်ခုကို အရင်ပြောပြချင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံမှာ Red Channel ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ သူတို့ရဲ့တာဝန်ကတော့ ရေဒီယိုနဲ့ တီဗီလောကမှာ ကွန်မြူနစ်နဲ့ လက်ဝဲဝါဒ လွှမ်းမိုးမှုမရှိစေရေးပေါ့။ သူတို့က အဲဒီလိုအယူအဆရှိတဲ့အနုပညာရှင်တွေကို နာမည်ပျက်စာရင်းသွင်းတယ်။ အဲဒီလိုအသွင်းခံရတဲ့လူတွေက အနုပညာလုပ်ခွင့်မရှိတော့ဘူး။ ရပ်တည်ခွင့်တောင်ရဖို့ ခပ်ရှားရှားပဲ။ အဆိုးဆုံးအနေနဲ့ဆိုရင်ထောင်ပါကျကြတာရှိတယ်။ အဲဒီလိုတောင် အမေရိကန်မှာ ကွန်မြူနစ်ဆန့်ကျင်ရေးက ကြမ်းခဲ့တာပေါ့။ ရုပ်ရှင်ဘက်ပြန်သွားရမယ်ဆိုရင်… ပီတာ (Jim Carrey) က တက်သစ်စ ဇာတ်ညွှန်းရေးဆရာ။ တစ်နေ့ကျတော့ မထင်မှတ်ဘဲ အစောကပြောခဲ့တဲ့ Red Channel ကနေ ကွန်မြူနစ်ပါလို့ စွပ်စွဲတာခံရပါလေရော။ အကြောင်းကတော့ ကောလိပ်တုန်းက လက်ဝဲကလပ်တစ်ခုရဲ့ အစည်းအဝေးတက်ခဲ့လို့တဲ့ (ဘာကြောင့်တက်ခဲ့တာလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲကြည့်လိုက်ပါတော့)။ အဲဒါကြောင့် သူကစိတ်ညစ်ပြီး မူးမူးရူးရူးနဲ့ ကားမောင်းတုန်း မြစ်ထဲကျသွားတယ်။ သူလည်းအတိတ်မေ့ပြီး လော်ဆန်ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာကမ်းတင်သွားခဲ့တယ်။ လူ့လောကဆိုတာ တိုက်ဆိုင်မှုအက်တမ်တွေနဲ့ဖွဲ့စည်းထားတဲ့ ဒြပ်ထုတစ်ခုပဲ။ ဒီလိုတိုက်ဆိုင်မှုတွေကပဲ ကျွန်တော်တို့ကို ဘဝလမ်းမကြီးပေါ် မောင်းနှင်ပေးတာ။ တိုက်ဆိုင်စွာနဲ့ ပီတာကလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ လုခ်ဆိုတဲ့ လူတစ်ယောက်နေထိုင်ခဲ့တဲ့ မြို့လေးကိုရောက်သွားတယ်။ ထပ်တိုက်ဆိုင်လိုက်ပုံများ သူကပါအတိတ်မေ့နေလေတော့ မြို့ခံတွေကလည်း သူ့ကို လုခ် လို့ထင်ကြတာပေါ့။ လုခ်ကလည်း ပျောက်ဆုံးသွားတာ ဆယ်စုနှစ်တစ်ခုရှိပြီဆိုတော့ အတိတ်မေ့သွားတာဖြစ်နိုင်ကောင်းပါရဲ့။ ဒီလိုနဲ့ သူဟာ မသက်ဆိုင်တဲ့ထီးနန်းကို အပိုင်စားရတဲ့အိမ်ရှေ့စံတစ်ပါးဖြစ်လာတယ်။ The Majestic ဆိုတာ အဲဒီမြို့လေးရဲ့ ရုပ်ရှင်ရုံတစ်ခုပေါ့။ ဒီရုပ်ရှင်ကိုစကြည့်လိုက်တာနဲ့ အဲဒါကိုခန့်မှန်းမိပြီးသားဖြစ်မယ်ထင်လို့ ကြိုပြောလိုက်တာပါ။ ဒါပေမဲ့ ဇာတ်လမ်းဟာ Majestic မှာ မတည်ဘူး။ တစ်ချိန်က ခမ်းနားဖူးတဲ့နန်းတော်ဟာ အခုတော့ ခြေကုန်လက်ပမ်းကျလို့။ ပီတာက မြို့ခံတွေဝတ်ပေးတဲ့ လုခ်ဝတ်ရုံကိုဆင်မြန်းရင်း ပုလ္လင်ထက်မှာ စံမြန်းတယ်။ ဒါပေမဲ့ မထိုက်သူဟာ မျက်ရည်တွေနဲ့ ဒူးထောက်ရတတ်စမြဲပဲမဟုတ်လား။ ထိုက်သူ မထိုက်သူဆိုတာကို ကံကပဲဆုံးဖြတ်တယ်။ ကံဟာ ကမ္မ အလုပ်။ အဆုံးသတ်တော့ ကိုယ်နဲ့ပဲဆိုင်တာပေါ့။ ဒီလိုနဲ့ ပီတာဟာ စုန်ချည်ဆန်ချည်နဲ့ ဘယ်ကမ်းမှာ သောင်တင်မလဲဆိုတာကို ရသပေါင်းစုံနဲ့ကြည့်ရှုရမှာပါ။ Cast တွေကလည်း ပစ်ရက်စရာမရှိတဲ့အပြင် ဒါရိုက်တာကလည်း ကျွန်တော်တို့နဲ့ မစိမ်းတဲ့သူဆိုတော့ ရင်းနှီးနေသလို ခံစားချက်လေးတစ်ခုရပါလိမ့်မယ်။ ထူးထူးဆန်းဆန်းဆုအနေနဲ့ Location နဲ့ပတ်သက်တဲ့ဆုလေးတစ်ခုလည်း ရထားတာကြောင့် ကြည့်ဖြစ်ခဲ့ရင် ရုပ်ရှင်ရိုက်ကွက်တွေအပြင် ရှုခင်းလေးတွေကိုပါ ခံစားကြည့်ဖို့အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Mystery • Thriller
6.9 2001 152 mins
The Majestic
Super 30
7.9

IMDb Rating (7.9) ကားရိုက်နည်းတဲ့ လက်ပွားမင်းသား ခေါ် မင်းသားကြီး Hrithik Roshan ရဲ့ ၂၀၁၉ ခုနှစ်ထွက် ဒရမ်မာရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံက သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပုံဖော်တင်ဆက်ထားတာပါ။ ဇာတ်လမ်းအညွှန်းမဖတ်ဘဲ ရုပ်ရှင်ကိုကြည့်တာကတော့ ပိုပြီး သင့်တော်ပါမယ်။ တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ စာမဖတ်ဘဲ ရှောင်နိုင်တာ အကောင်းဆုံးပါ။ ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်ဖြင့်… နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌ သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ့မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌ ဒါပေမယ့် ဆင်းရဲတဲ့လူတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌ ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့….။ ပညာရွှေအိုး လူမခိုး ဆိုတဲ့ ဆိုရိုးပဲကြားဖူးကြမှာပေါ့။ ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။ ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ များလာတယ်။ ကျောင်းနေရင် ကျူရှင်မယူနိုင်တဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။ ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့ကြမယ်။ အဲ့ဒီလိုနဲ့ ဆင်းရဲလို့ ပညာရေးနဲ့ဝေးကွာခဲ့ရတဲ့ ကလေးတွေ ရှိကြတယ်။ ဒါတွေကို သူတို့မြို့မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့….. Super 30 အိပ်မက် ဖြစ်တည်လာခဲ့ပါတော့တယ်။ ဇာတ်လမ်းက ကျောင်းဆရာနဲ့တပည့်ဇာတ်လမ်းဖြစ်ပေမယ့် စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေးကောင်းပါတယ်။ နောက်ခံတီးလုံးတွေလည်း သစ်တယ်။ အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။ မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေနဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက အာနန်းကူးမားကို မျက်စိရှေ့မြင်တွေ့ရသလို ရင်ထဲရောက်လာမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ညီညီကိုးနဲ့ မြင့်သူ မှ တင်ဆက်ထားပါတယ်။)

7.9 2019
Super 30
Ramabanam
5.6

Ramabanam 2023 IMDb 5.9/10 Action/Drama အခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင် မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူသိသွားပြီး ဗစ်ကီနဲ့ အချေအတင်ဖြစ်ကြတဲ့အခါ ဗစ်ကီတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ကာလကတ္တားမြို့ကို လက်ဗလာနဲ့ရောက်သွားတဲ့ဗစ်ကီတစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ချိတ်ဆက်မိပြီး ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ထင်ထားသလောက်မရိုးရှင်းတဲ့စီးပွားရေးလုပ်ငန်းမှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူမကြိုက်တဲ့ ဒုစရိုက်မှုတွေလုပ်ပြီး ကြီးပြင်းလာခဲ့ပါတယ်။ အချိန်တန်အရွယ်ရောက်လို့ ချစ်ရတဲ့သူတွေ့လာတဲ့အခါ လက်ထပ်ထိမ်းမြားဖို့ မိသားစုက အရေးပါတယ်ဆိုတာ ဗစ်ကီသိရတဲ့အခါ အစ်ကိုဖြစ်သူနဲ့မိသားစုဝင်တွေရှိရာဆီကို ပြန်လာခဲ့ပါတယ်။ မိသားစုတွေ ပြန်လည်ပေါင်းစည်းကြမိပေမယ့် ဖုံးကွယ်ထားရတဲ့အခက်အခဲကိုယ်စီလည်း ရှိနေကြပါတယ်။ ဗစ်ကီနဲ့အစ်ကိုဖြစ်သူ ဘာတွေဆက်ဖြစ်ကြမလဲ။ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေသွားရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, BpL, Zwe Yan, Dee နဲ့ Cherryတို့ဖြစ်ကြပါတယ်။)

5.6 2023
Ramabanam
Ibiza
5

Ibiza (2019) Genre – Comedy IMDB – 5/10 ပေါ့ပေါ့ပါးပါးဖြစ်မယ့် ပြင်သစ် ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဖိလစ်ဆိုတာ အသက်ကြီးကြီး ခြေဖဝါးအထူးကု ဆရာဝန်တစ်ယောက်ပေါ့။ ရထားတဲ့ချစ်သူက မကြာသေးခင်မှ ကွာရှင်းထားတဲ့ အသက်ငယ်တဲ့ အမျိုးသမီး ကာရိုးလ်။ သူ့မှာကလည်း အရွယ်ရောက် သားတစ်ယောက် သမီးတစ်ယောက်ရှိတယ် ဖိလစ်လို ဘိုးတော်ကြီးကို သိပ်ပြီး အမြင်ကြည်လင်ကြတာ မဟုတ်ဘူး။ အဲဒီမှာ ကာရိုးလ်သားက စာမေးပွဲ ခဏခဏကျတော့ ဘဲကြီးကနေ စာမေးပွဲအောင်မယ်ဆို သွားချင်တဲ့နေရာ လိုက်ပို့မယ်ဆိုပြီး ပြောလိုက်တော့ အောင်သွားပါလေရော။ ဒီမှာတင် ဆရာသမားလေးက အီဘီဇာ သွားမယ်တဲ့ အီ ဘီဇာဆိုတာ လူတွေ အိပ်တောင် သိပ်မအိပ်ကြပဲ အပျော်အပါးတွေ ပါတီတွေ မူးယစ်ဆေးအစုံ ပွဲပေါင်းစုံရှိတဲ့ စပိန်ကျွန်းစုလေး တစ်ခုပါ ပါတီ လူငယ်တွေရဲ့ နတ်ဗိမာန်ပေါ့။ ဒီမှာတင် ဘဲကြီးလည်း အမေကို လိုချင်တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေအောင်ဆိုပြီး အီဘီဇာကို မဖြစ်သေးတဲ့ မိသားစုလိုက် ခရီးထွက်လိုက်ကြတာ ပေါက်ကရပေါင်းစုံ ဖြစ်ပြီး လွဲချော်ကြတာကို ကြည့်ရှုရမှာပါ။ သားဖြစ်သူရဲ့ အီဘီဇာသွားချင်ရခြင်း အကြောင်းရင်းတို့ သမီးဖြစ်သူကလည်း ဘယ်လိုဖောက်တာတို့ အမေကလည်း အီစီကလီဟောင်းနဲ့ တွေ့ပြီး ပွဲမှာ ဘယ်လိုကြမ်းကြတာတို့ ဘဲကြီးရဲ့ အူူတူတူ အလွဲတွေနဲ့ ဟာသဆန်ဆန် ကြည့်ရမှာပါ။ စာဖိုင်အနေနဲ့ ပြည့်စုံမှု မရှိတဲ့အတွက် တချို့နေရာများကို ရိပ်ကဲဖမ်း ပြန်ထားရလို့ လိုအပ်မှုရှိလည်း ကြိုတောင်းပန်ထားပါရစေပါ။ အီဘီဇာနဲ့ ပတ်သက်တဲ့ ဆိုရိုးလေးကတော့ “မင်းက အီဘီဇာကို ရွေးချယ်တာ မဟုတ်ဘူး အီဘီဇာက မင်းကို ရွေးချယ်တာ” လို့ အဆိုရှိပါလေရဲ့။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

5 2019 86 mins
Ibiza
12 Feet Deep
5.5

ဒီရုပ်ရှင်လေးကတော့ ရေကူးကန်တစ်ခုမှာပဲ တစ်ကားလုံးရိုက်ကူးသွားတာပါ…။ အဓိကသရုပ်ဆောင်ကလည်း မင်းသမီးနှစ်လက်သာပါပြီး တစ်ကားလုံးကို ညီအစ်မနှစ်ယောက်ရဲ့ခံစားချက်တွေ သံယောဇဥ်တွေနဲ့သာ ဖွဲ့စည်းပါထားပါတယ်…. ဇာတ်လမ်းအကြောင်းအရာလေးကတော့ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ညီအစ်မ နှစ်ယောက်ဟာ သူတို့ငယ်ငယ်ကဆုံနေကျ ရေကူးကန်လေးမှာ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ရေလာကူးကြပါတယ်….။ ကံဆိုးချင်တော့ ဇာတ်လမ်းလှည့်ကွက်တွေကြောင့် ရေကူးကန်ပိတ်သွားတာတောင် ညီအစ်မနှစ်ယောက်ဟာ ရေကူးကန်ထဲပိတ်မိပြီးကျန်နေခဲ့ပါတယ်….။ နှစ်ယောက်သား ရေကူးကန်ထဲမှာပဲ ကူကယ်ရာမဲ့ အချိန်ကြာလာလေ အသက်အန္တရာယ်ရှိလာလေပါ…။ ဒီလို ရေကူးကန်အိပ်မက်ဆိုးကနေ ညီအစ်မနှစ်ယောက်ဘယ်လိုရုန်းထွက်နိုင်မလဲဆိုတာ ဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီ….။ File size…1.46GB / 660MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 25m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2017
12 Feet Deep
Pulp Fiction
8.9

Pulp Fiction (1994) IMDb Rating (8.9) / Rotten Tomatoes (94%) အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino ဖြစ်ပါတယ်… Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။ .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်… အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်….ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့…ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ချန်ထားတဲ့အဆဲစကားလုံအချို့ရှိပါတယ်.. .ဒီကားထဲကအဓိကသရုပ်ဆောင်တွေဖြစ်တဲ့ John Travolta, Uma Thurman, Samuel L. Jacksonနဲ့ Bruce Willis တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်. .ဒီကားက ဒေါ်လာ ၈သန်းခန့်မျှသာကုန်ကျခဲ့ပြီး ၂၁၃သန်းကျော် ဝင်ငွေ ရရှိခဲ့ပါတယ်..အော်စကာဇာတ်ညွှန်းဆုလည်းရရှိခဲ့ပါတယ်…ဒီကားကိုအညွှန်းမရေးတတ်သလို ရေးလည်းမရေးချင်ပါဘူး. .ဘာလို့ဆိုကြည့်ရှုသူရဲ့ ခံစားဖြန့်ကျက်နိုင်မှုစွမ်းအားများလေ ရသမြောက်လေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ရဲ့ ခပ်ညံ့ညံ့အရေးအသားအောက်မှာ သေးနုတ်တဲ့ဘောင်ကျဉ်းတစ်ခုကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်တဲ့အတွက်ကြောင့်ပါ.. ကိုင်း……ခံစားကြည့်လိုက်ပါဦးလို့။

8.9 1994 154 mins
Pulp Fiction
The Lost Cave of the Arctic Sea
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သင်္ချိုင်းဖောက်တဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…… ပင်လယ်ကျွန်းတစ်ကျွန်းပေါ်မှာ နန်ယွဲ့ရှေးဟောင်းသမိုင်းဝင် နေရာဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီနေရာက နန်ယွဲ့အမတ်ချုပ်ကြီး လွီကြားတဲ့ ရတနာတွေ ဖွက်ထားတဲ့ နေရာဖြစ်တယ်လို့ ပြောနေကြပါတယ်…… တိုက်ဖွန်မုန်တိုင်းကြီး ကျရောက်ခါနီးမှာ ထူးခြားတဲ့ နားကြားစွမ်းရည်ရှိတဲ့ ဝူဟိန်ကို နန်ယွဲ့သမိုင်းလေ့လာနေတဲ့ ကုလင်က အကူအညီတောင်းခဲ့တဲ့အတွက် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လွီကျားတို့ခေတ်ထက် ပိုဝေးတဲ့ သမိုင်းဝင်ဂူကြီးတစ်ခုကို တွေ့သွားတဲ့အခါ စွန့်စားရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်…… တရုတ်သင်္ချိုင်းဖောက်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ပုံရိပ်ယောင်တွေ တစ္ဆေတွေ မိစ္ဆာတွေ သင်္ချိုင်းထဲက ထူးဆန်းတဲ့အကောင်ကြီးတွေ မျိုးစုံကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် အသည်းငယ်သူတွေတော့ သတိလေးနဲ့ ကြည့်ကြပါလို့……

Horror
5.8 2024
The Lost Cave of the Arctic Sea
[18+] Chimdaerella
6.6

သူက မယ်လိုဒရာမာ ဇာတ်ညွှန်းတွေ ရေးနေပေမဲ့ အချစ်နဲ့ အထိအတွေ့တွေ အကြောင်းကို နားမလည်တာမို့ .. အချိန်အတော်ကြာ အခက်တွေ့နေခဲ့တယ် .. တစ်နေ့မှာ သူတို့ ကုမ္ပဏီ ကိုယ်စားလှယ်က ကေတီဗီ‌ ခေါ် အရက်တိုက်ပြီးတော့ အသားယူဖို့ ကြိုးစားတယ် .. အဲဒီအခါမှာ မဟုတ်မခံနိုင်သူပီပီ ကိုယ်စားလှယ်ကို ပြန်ပြောခဲ့ရာကနေ နှစ်လစာပေးပြီး အလုပ်ထုတ်ခံလိုက်ရပါတော့တယ် .. အလုပ်ထုတ်ခံရပြီးတဲ့နောက်မှာ အပန်းဖြေစခန်းတစ်ခုမှာ သွားနားနေရင်း မင်ချောဆိုသူနဲ့ တွေ့ဆုံပြီး တစ်ညတာ ကုန်ဆုံးခဲ့ကြတယ် .. အဲဒီနောက်မှာ ဂယူရီက ခြေရာဖျောက်သွားခဲ့ပေမဲ့ မင်ချောတစ်ယောက် ဂယူရီ့ကို စွဲလမ်းသွားခဲ့ပြီးတော့ နေ့ရာအနှံ့ လိုက်ရှာနေခဲ့တယ် .. အဆုံးသတ်မှာ သူတို့နှစ်ဦး ပြန်လည် ဆုံဆည်းကြရမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် .. File Size : 1.93 GB, 750 MB Quality : 1080p,720p Format…mp4 Duration…01:32:18 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

6.6 2016
[18+] Chimdaerella
Nine Queens
7.9

Nine Queens (2000) IMDb Rating (7.9) / Rotten Tomatoes (92%) ဝင်ငွေအရရော ပရိသတ်လက်ခံအားပေးမှုပါ အောင်မြင်မှုတွေရခဲ့တဲ့ အာဂျင်တီးနားရုပ်ရှင်ကိုတင်ဆက်ပေးပါရစေ။ ဂွမ်ဆိုတဲ့လူက စတိုးဆိုင်တွေမှာ ငွေအကြွေအမ်းဖို့ရှုပ်အောင်လုပ်တဲ့အကွက်နဲ့ လိုက်ပြီးလိမ်နေတဲ့ လူလိမ်အသေးစားတစ်ယောက်။ တစ်နေ့တော့ တစ်ဆိုင်ထဲမှာ နှစ်ခါလိမ်မိတာအတွက် ဝန်ထမ်းတွေကဝိုင်းဖမ်းမိသွားတဲ့အချိန် မာကိုဆိုတဲ့ လူလိမ်အကြီးစားတစ်ယောက်က ဝင်ကယ်သွားခဲ့တယ်။ ဒီမှာပဲ မာကိုက ဂွမ်ကို သူနဲ့အလုပ်တွဲလုပ်ဖို့စည်းရုံးပါတယ်။ နှစ်ယောက်ပေါင်းမိသွားချိန်မှာပဲ ဘုရင်မကိုးပါးဆိုတဲ့ ရှားပါးအဖိုးတန်တံဆိပ်ခေါင်းကို အင်ထုပြီးရောင်းရဖို့ အကြောင်းပေါ်လာခဲ့တယ်။ ဇာတ်အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.2 GB) Quality….DVD-Rip 720p Format…. mp4 Genre….Crime, Drama, Thriller Duration….01:54:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Drama • Music • Horror
7.9 2000 114 mins
Nine Queens
Rally Caps
6.5

ဒီ ဇာတ်ကားလေးကတော့ အမေရိကန် ဘေ့စ်ဘောလိဂ် (မေဂျာလိဂ်) မှာ တစ်ဦးတည်းသောာ နားမကြားရတဲ့ ကစားသမားအဖြစ် ထင်ရှားတဲ့ Curtis Pride က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဂျော်ဒီ တို့ မိသားစုက မိသားစုအစဥ်အဆက် ဘေ့စ်ဘောအားကစားကို ဝါသနာပါသူတွေပါ … ဂျော်ဒီရဲ့ အစ်ကိုဖြစ်သူကလည်း ကောလိပ်အသင်းမှာ ကစားနေပြီး လက်စွမ်းကောင်းတယ်လို့ အများက သတ်မှတ်ထားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ‌ဂျော်ဒီ တစ်ယောက်လည်း အငယ်တန်းလိဂ်အတွက် လက်ရည်အစမ်းသပ်ခံဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ လက်ရည်စမ်းသပ်မှု လုပ်နေရင်းမှာပဲ ဘတ်တံတစ်ချောင်းက ဘောလုံးရိုက်တဲ့သူ လက်ထဲက လွတ်ထွက်သွားပြီး ဂျော်ဒီ ရဲ့ မျက်နှာကို ထိသွားတာကြောင့် ဒဏ်ရာအကြီး အကျယ်ရသွားပါတော့တယ်။ ထရော်မာတွေ ရသွားတဲ့ ဂျော်ဒီ ဟာ ဘေ့စ်ဘောအားကစားကိုလည်း ဆက်မကစားတော့ဘဲ တစ်နေ့တစ်နေ့ အခန်းတွင်းပုန်းကာ မှိုင်တွေလို့နေပါတော့တယ်။ သားဖြစ်သူရဲ့ အဖြစ်ကို ကြည့်ရင်း စိတ်မကောင်းတဲ့ အမေ ဖြစ်သူက ဂျော်ဒီရဲ့ အစ်ကို ရော့ ရှိတဲ့ ဘေ့စ်ဘောကမ့် ကို နွေရာသီမှာ ‌ဂျော်ဒီ့ကို ပို့လိုက်ပါတော့တယ်။ ဒီလိုနဲ့ ကမ့်ရောက်တဲ့အခါမှာတော့ ဂျော်ဒီ တစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ သူ့ စိတ်ထဲက စိတ်ဒဏ်ရာတွေကိုရော ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ သူငယ်ချင်းအသစ်တွေနဲ့ အတူတူ ဒီနွေရာသီမှာ ‌ဂျော်ဒီတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုလိုက် ကြရအောင်ပါခင်ဗျာ။ File size… (1.71GB) / (944MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama
6.5 2024 96 mins
Rally Caps
Black Diamond
6.2

နှစ်ယောက်တည်းခရီးသွားလေ့ရှိတဲ့ စုံတွဲတွေအတွက် ပညာပေးကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ခေတ်ကြီးကောင်းကောင်း မကောင်းကောင်း မသမာသူတွေ ဆိုတာကနေရာတိုင်းမှာရှိနေတတ်တဲ့အတွက် ကိုယ်နဲ့မရင်းနှီးတဲ့ နေရာဒေသတွေသွားရင် ပိုလို့တောင်သတိကြီးကြီးထားသင့်ကြောင်းကို ရှုပ်ထွေးလွန်းတဲ့ဒရာမာ သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးနဲ့ ထိမိအောင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးရဲ့နာမည်ကတော့ Black Diamond ဖြစ်‌ပြီး လက်ရှိ IMDb Rating 6.2 အထိ ရရှိထားပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ အယ်လီနာဆိုတဲ့အမျိုးသမီး တစ်ယောက်က သူ့ချစ်သူကောင်လေးနဲ့အတူတူ အပန်းဖြေခရီးထွက်ဖို့ နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်တွေပေါ်က အကောင်းစားသစ်လုံး အိမ်တစ်လုံးဆီထွက်လာပါတော့တယ်။ အယ်လီနာ အဲ့ဒီကိုရောက်အောင်ဂျက်ဆီဆိုတဲ့ကားသမားက လိုက်ပို့ ပေးခဲ့ပြီး ဂျက်ဆီက ပစ္စည်းတွေပါပြုပြင်တတ်တဲ့အတွက် အိမ်မှာ လိုအပ်နေတာတွေကိုပြင်ဆင်ဖို့ ဂျက်ဆီ့ကိုလိုရင်လိုသလိုခေါ်ခဲ့ ပါတော့တယ်။ဇာတ်လမ်းရဲ့လှည့်ကွက်ကအခုမှစတင်တာပဲဖြစ်ပါတယ်။ အယ်လီနာက သူ့ဘဲကို ပိုက်ဆံရှိလို့တွဲနေတာသာဖြစ်ပြီး ဂျက်ဆီ ကလည်း စွယ်စုံရနေတဲ့ဘဲကြီးဆိုတော့ အဲ့ဒီမှာတင်ငြိသွားခဲ့ကြ ပါတော့တယ်။ဒီလိုနဲ့ဂျက်ဆီနဲ့အယ်လီနာတို့ တိုးတိုးတိတ်တိတ် ကြိတ်ပုန်းခုတ်လာရင်းကနေ အခြေအနေတွေကပိုပိုဆိုးလာတဲ့ အခါမှာတော့ အယ်လီနာ့ဘဲလည်းရိပ်မိကုန်ပြီး ဘာတွေကွိုင်ကာ ဘာတွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကို ဒရာမာပေါင်းစုံနဲ့ ရှုစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… (1.08 GB) / (642 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Drama • Thriller
6.2 2025 89 mins
Black Diamond
Swordsman 3: The East Is Red
6.1

Swordsman 3: The East Is Red (1993) IMDb Rating (6.1) သိုင်းကားချစ်သူတိုင်းရဲ့ငယ်ဘဝအမှတ်တရတစ်ခုဖြစ်တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ သိုင်းလောကစိန်ခေါ်သံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ the swordsman 3(1993) လေးကို CM Version လေးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ The swordsman 3 ကတော့ မင်းသားကြီး Jet Liနဲ့ မင်းသမီးကြီး Brigette Linတို့ရဲ့ the swordsman 2ရဲ့အဆက်ဆိုတော့ ရှေ့နှစ်ကားကြည့်ပြီးမှပဲ ဇာတ်ရည်လည်မှာမလို့ မကြည့်ရသေးရင်တော့ အရင်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ The swordsman 2ရဲ့အဆုံးသတ်မှာ တောင်နက်ကမ်းပါး တိုက်ပွဲအပြီးမှာ တုန်းဖန်းပုပိုက်တစ်ယောက် အကြီးအကျယ်ရှုံးနိမ့်ပြီးတော့ ချောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ နေလဂိုဏ်းနဲ့အတူ သိုင်းလောကကနေ စုန်းစုန်းမြုပ်သွားပါတော့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ တိုင်းပြည်ရေးရာက မတည်မငြိမ်ဖြစ်နေသလို တိုင်းပြည်တစ်ခွင်မှာ ကိုယ့်ကိုယ်ကိုယ် တုန်းဖန်းပုပိုက်လို့ နာမည်တပ်နေသူတွေ အများအပြားပေါ်ထွက်လာပြီး ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာပြန်တာပေါ့။ ဒါပေမဲ့ တုန်းဖန်းပုပိုက်သေသွားပြီဆို‌တာကို နန်းတွင်းက ရေတပ်တပ်မှူးဖြစ်တဲ့ ကုချောင်ဖုန်းကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာပဲ နန်းတွင်းက စပိန်စစ်တပ်တစ်ဖွဲ့ကို တောင်နက်ကမ်းပါးတိုက်ပွဲမှာ မြုပ်သွားတဲ့သင်္ဘောတည်နေရာကို လိုက်ပြပေးဖို့ ကုချောင်ဖုန်းကို တာဝန်ပေးအပ်လာချိန်မှာတော့ ကုချောင်ဖုန်းတစ်ယောက် သိုင်းလောကထဲကနေ ဇာတ်မြှုပ်နေတဲ့ တုန်းဖန်းပုပိုက်ကိုပါ ရှာဖို့အတွက်ကြံရွယ်ပါတော့တယ်။ ကုချောင်ဖုန်းရဲ့ရည်ရွယ်ချက်က တုန်းဖန်းပုပိုက်အစစ်ကိုရှာပြီးတော့ တုန်းဖန်းအတုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဆိုပေမဲ့ တကယ်တမ်းမှာ သူတွက်ဆထားသလို မဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Action • Crime • Thriller
6.1 1993 93 mins
Swordsman 3: The East Is Red
Weekend de vis
5.5

ဇာတ်လမ်းအကျဉ်းကတော့ .. အဲလတ်စ်က အိုင်တီကုမ္ပဏီတစ်ခုကဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ့မိန်းမကတော့ ကုမ္ပဏီတစ်ခုရဲ့မာကတ်တင်းဌာနမှာအလုပ်လုပ်နေသူဖြစ်ပါတယ်။ လင်မယားနှစ်ယောက်လုံးက မိုးလင်းကနေမိုးချုပ်တဲ့အထိအလုပ်ရှုပ်နေပြီး အိမ်မှာဆိုလည်းစိတ်ချမ်းချမ်းသာသာနေရတယ်လို့လဲမရှိဘူး။ အနေကြာလာတော့ ကလေးယူဖို့တိုင်ပင်ကြတယ်။ နှစ်ယောက်လုံးကကျန်းမာရေးကောင်းတယ်ဆိုပေမယ့် စိတ်ပင်ပန်းမှုတွေကြောင့် ကလေးမရဘူးဖြစ်နေတယ်။ အဲဒါကြောင့်ဆရာဝန်တွေကစိတ်အပန်းဖြေစေဖို့အတွက် ခရီးထွက်ဖို့တိုက်တွန်းတယ်။ သူတို့ရဲ့ပထမဆုံးခရီးစဉ်ကပိတ်ရက်မှာဘရန်ကိုသွားလည်ဖို့ဖြစ်ပြီး သုံးရက်လောက်နေမယ်လို့ စိတ်ကူးထားပေမယ့် အလုပ်ကိစ္စတွေကြောင့် တစ်ရက်တောင်မပြည့်လိုက်ဘူး။ ဒီကြားထဲကိုဗစ်ကြောင့်စိတ်ပင်ပန်းမှုတွေကထပ်တိုးလာတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ သူတို့မျှော်လင့်နေတဲ့ အိမ်မက်ပိတ်ရက်ဟာရောက်ရှိလာဖို့ဖြစ်လာပါတော့တယ်။ File Size… (1.01 GB) / ( 588 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 22m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

Thriller • Science Fiction • Action
5.5 2024 87 mins
Weekend de vis