YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Project A (1983).720p.(CM).BluRay.mp4

1.61 GB N/A video/mp4 1095 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hansan: Rising Dragon
7

ဒါရိုက်တာ Kim Han-min ဆိုတာကတော့ The Admiral: Roaring Current, War of the Arrows တို့လို နာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူပါ။ အခုလည်း ဂျိုဆွန်း ရေတပ် စစ်သူကြီး လီဆွန်းရှင်းအကြောင်း ထပ်မံရိုက်ကူးထားတဲ့ ဇာတ်ကားသစ် ထွက်လာခဲ့ပြန်ပါပြီ။ အားလုံးသိကြတဲ့အတိုင်း စစ်သူကြီး လီဆွန်းရှင်းဟာ ဂျပန် ကျူးကျော်စစ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး စစ်ပရိယာယ် ကြွယ်ဝတဲ့ နည်းဗျူဟာမှုးအဖြစ်လည်း ကျော်ကြားပါတယ်။ ဒီ Hansan: Rising Dragon ဆိုတဲ့ ရုပ်ရှင်ကတော့ စစ်သူကြီး လီဆွန်းရှင်းရဲ့ သမိုင်းဝင် အောင်ပွဲဆင်နိုင်ခဲ့တဲ့ ဟာဆန်းဒို တိုက်ပွဲ အကြောင်းကို အခြေခံပြီး အသေးစိတ် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက အာရှကို မင်းမူခဲ့တဲ့ ဂျပန်တွေကို ပင်လယ်ပြင်မှာ ဘယ်လို ဗျူဟာခင်းပြီး အနိုင်ယူခဲ့လဲ? ကိုးရီးယားတွေရဲ့ ဂန္တဝင် လိပ်သင်္ဘောတွေက စစ်ရေးမှာ ဘယ်လို အရေးပါ အရာရောက်သလဲ? စတာတွေ ကြည့်နိုင်မဲ့အပြင် နိုင်ငံရေး စစ်ရေး လှည့်ကွက်တွေ ပြည့်နှက်နေ‌တဲ့ စိတ်ဝင်စားစရာ ကားကောင်းလေး ဖြစ်ပါတယ်။ စစ်သူကြီး လီဆွန်းရှင်း အနေနဲ့ ဝါရင့်မင်းသားကြီး Park Hae Il က ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီးလေး Kim Hyung Gi အပြင် Byun Yo Han , Taec Yeon , Gong Myung တိုနဲ့အတူ ဝါရင့်သရုပ်ဆောင်ကြီးတွေ တွဲဖက် ရိုက်ကူးထားတာမို့ လက်မလွှတ်သင့်တဲ့ ကားလေး ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Win က ရေးပေးထားပါတယ်။) File Size : 8GB, 3GB, 1.2GB & 593MB Quality : 4K WEB-DL HEVC, 1080p WEB-DL, 720p WEB-DL & 480p Format : mkv,mp4 Duration : 2hr & 10mins Genre : Action, Drama, History Subtitle : Myanmar Subtitle(Hardsub) Translated by Win, Estel & Yumeko Encoded by Phyo Pyae & Kinnov

Drama • Music
7 2022 130 mins
Hansan: Rising Dragon
The Bad Seed
7.1

Rating 6.1 ရှိတဲ့ Horror ဆန်ဆန်ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.... ဒေးဗစ်ဂရိုစ့်မန်းဆိုတဲ့လူတစ်ယောက်ဟာ သူ့မိန်းမ မရှိတော့ဘဲနဲ့ သူ့သမီးလေးဖြစ်သူ အမ်မာဂရိုစ့်မန်းကိုစောင့်ရှောက်ပြီးနေထိုင်သူတစ်ဦးဖြစ်ပါတယ် တစ်နေ့မှာတော့ အမ်မာ့ရဲ့ကျောင်းမှာ ကောင်လေးတစ်ယောက်ရေနစ်ပြီး သေဆုံးသွားခဲ့ပါတယ်... ထိုအဖြစ်အပျက်ကြောင့် ဒေးဗစ်ဟာ အမ်မာဝမ်းနည်းပူဆွေးနေမှာကို စိုးရိမ်နေမိသော်လည်း အမ်မာမှာ သူထင်ထားသလိုမဟုတ်ဘဲနဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေပါတယ်... ချောမောပြီးချစ်စဖွယ်ကောင်းလှတဲ့ အမ်မာဟာ တကယ်တော့ ဘယ်လိုလူမျိုးလဲ... သူ့ရဲ့အကျင့်စရိုက်အမှန်က ဘာလဲဆိုတာကိုဒီကားထဲမှာဆက်ပြီးကြည့်ရှုလိုက်ကြပါဦး.... File Size : (787 MB) and (226 MB) Quality : Wed DL 720p Running Time : 1hr 27 min Format : Mp4 Genre : Drama , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Pone Thone Encoded by Moe Myint Lwin

Crime • Mystery • Thriller
7.1 2018 84 mins
The Bad Seed
Jane Got a Gun
5.8

ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan McGregor တို့ပါပဲ။ အီဝန်ဟာ သိပ်ချစ်ဖို့ကောင်းတဲ့ မင်းသားဖြစ်သလို ကျွန်တော်သိသလောက် သူပါဝင်သမျှအားလုံး အတော်လေး နွေးထွေးတဲ့ရုပ်ရှင်တွေပါပဲ။ ဒီကားထဲမှာ ထူးတာကတော့ ဘူချာနန်အနေနဲ့ အတော်စမြင်ကတ်ဖို့ ကောင်းခဲ့တဲ့ Joel က လူကောင်းအဖြစ်သရုပ်ဆောင်ထားပြီး Ewan ကတော့ လူဆိုးနေရာက သရုပ်ဆောင်ထားပါတယ်။ ဇာတ်ညွှန်းရေးတဲ့ထဲ Joel လည်းပါပါတယ်။ တော်တော်တော့စားပါတယ်။ Ewan ကိုဆို မမှတ်မိနိုင်လောက်အောင်ပါပဲ။၊ သို့ပေမဲ့ သရုပ်ဆောင်ကောင်းပြီးသား ဆရာတွေဆိုတော့ ပြဿနာတော့မရှိခဲ့ပါဘူး။ ဇာတ်ကတော့ အနောက်ပိုင်းမှာအခြေတည်ထားတဲ့ ကောင်းဘွိုင်ဇာတ်ပါ။ ဆာဂျီယိုလီယွန်နီရဲ့ ရုပ်ရှင်တောင်ဆန်ပါတယ်။ ဆန်ဆို သူကလည်း ကောင်းဘွိုင် ဘိုးအေကြီးကိုး။ အနောက်ပိုင်း ရုပ်ရှင်ကြိုက်တဲ့လူတွေအတွက် မတရားမှုတွေ လက်စားချေမှုတွေ သေနတ်ပစ်ခန်းတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမယ့် ခပ်ကြမ်းကြမ်း ကောင်းဘွိုင်ရုပ်ရှင်ပါပဲ။ နာတာလီပေါ့တ်မန်းရဲ့ ဇာတ်ကောင် ဂျိန်းဆိုတဲ့ ကောင်မလေးရဲ့ ယောက်ျားနောက်ကို ဘစ်ရှော့လို့ခေါ်တဲ့လူက လိုက်နေတယ်။ အဲဒီလူကပြောရရင်‌ ကောင်းဘွိုင်လူမိုက် ဖာခန်းထောင်ပြီး ကြီးပွားချင်တဲ့သူ။ ဂျိန်းယောက်ျားကလည်း သူ့လူဟောင်း။ ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းဖို့လုပ်နေတုန်း ဂျိန်းယောက်ျားက ကယ်ပြီး ထွက်ပြေးခဲ့ကြတာ။ သူတို့နောက်ကို ဘစ်ရှော့က လိုက်ရှာနေတယ်။ ဘစ်ရှော့က ဂျိန်းရဲ့ သမီးလေးကိုလည်း ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းတဲ့အချိန်မှာ သတ်ပစ်ခဲ့တယ်။ နောက်ကျ ဂျိန်းယောက်ျားကို သူတို့သေနတ်နဲ့ပစ်တာ ထိသွားတယ်။ ဂျိန်းက သူ့ယောက်ျားကို အားကိုးလို့မရတော့ သူ့ရည်းစားဟောင်းဆီက အကူအညီသွားတောင်းတယ်။ သူ့ရည်းစားဟောင်းကလည်း စစ်ပြန် သူရသတ္တိဆုတွေမနည်းရခဲ့တဲ့သူ။ ဒီလိုနဲ့ မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ သေနတ်မှန်ထားတဲ့လူတစ်ယောက်က ဒီကောင်းဘွိုင်လူမိုက်ဂိုဏ်းကြီးကို ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.1GB, 630MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.9/10 Format - mp4 Duration - 1H 38Min Genre - Action, Drama, Western Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Fantasy
5.8 2015 98 mins
Jane Got a Gun
Head to Head
6.7

လတ်တလောကမှ Netflix ကနေထွက်ရှိလာတဲ့ ဆော်ဒီဟာသဇာတ်ကား ကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း ဒါရဝစ်ချ်ဆိုတဲ့သူဟာ ကုမ္ပဏီတစ်ခုမှာ ဒရိုင်ဘာအနေနဲ့အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ ဖာယက်ဆိုတဲ့သူကတော့ ဒါရဝစ်ချ်နဲ့ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်နေတဲ့ ကားပြင်ဆရာဖြစ်ပါတယ်။ ကားပြင်တယ်ဆိုပြီး ကုမ္ပဏီကကားတွေရဲ့အင်ဂျင်တွေကို ထုတ်ရောင်းစားပြီး ပျက်နေတဲ့အဟောင်းတွေကိုထည့်ထားတတ်ပါတယ်။ အဲဒါကိုကုမ္ပဏီကမိထားလို့ အလုပ်ပြုတ်ခံရလုနီးပါးဖြစ်နေတာပါ။ ဖြစ်ချင်တော့ သူတို့ကုမ္ပဏီရဲ့စီအီးအိုရဲ့သားက သူ့အဖေမရှိတုန်း ကုမ္ပဏီရဲ့ရှယ်ယာတွေကို ရောင်းစားဖို့လုပ်နေပါတယ်။ ဖာယက်ကို သူ့ဘက်ပါလာအောင် CEO ရာထူးကိုပေး သလိုလုပ်ပြီးတော့ သူ့ဆီလာနေတဲ့ သူ့အဖေကိုလေဆိပ်ကသွားခေါ်ပြီး စာချုပ်မှာ လက်မှတ်ထိုးဖို့ကူညီပေးရင် သန်း ၄၀ တန်တဲ့ ရှယ်ယာတွေကိုပေးမယ်လို့ပြောခဲ့ပါတယ်။ ပိုက်ဆံမက်တဲ့ဖာယက်ကလည်း သဘောတူပြီး ဒါရဝစ်ချ်ကို လေဆိပ်ကနေ စီအီးအိုဟောင်း ဖြစ်သူကိုကြိုခိုင်းတဲ့အခါ ဖာယက်ကလူမှားပြီးတော့ အမှောင်လောကရဲ့ဘုရင်ဖြစ်တဲ့ စိန်များဘုရင်ဆိုတဲ့အဖိုးကြီးကို ကားပေါ်ခေါ်တင်လာပါတော့တယ်။ စိန်များဘုရင်က အရင်ကလူတိုင်းကြောက်ရတဲ့သူပေမဲ့ အခုကတော့ ရုရှားတွေဆီမှာ အဖမ်းခံရပြီးတော့ သေမလိုဖြစ်နေရာက အခုမှဆောဒီကိုပြန်ရောက်လာတာဖြစ်ပါတယ်။ အဲဒါကလည်း သူ့သားက ရုရှားမာဖီယားတွေနဲ့ အပေးအယူလုပ်ပြီး ဆောဒီကိုပြန်ခေါ်လာတာပါ။ အဲဒီကနေ ပြဿနာတွေတက်ပြီးတော့ မှားသွားတဲ့လူအချင်းချင်းလဲဖို့ ဘသီယခါဆိုတဲ့ နေရာကိုသူတို့နှစ်ယောက်သွားခဲ့ကြပါတယ်။ အဲဒီနေရာက လုံးဝကိုမကောင်းတဲ့လူမိုက်တွေ၊ လူသတ်သမားတွေ ကျက်စားတဲ့နေရာဖြစ်နေတဲ့အပြင် စိန်များဘုရင်က ရုတ်တရက် သေသွားတဲ့အခါ အဲဒီအလောင်းကြီးနဲ့ သူတို့နှစ်ယောက် လူမိုက်တွေဆီကနေအသတ်မခံ ရဖို့ရှောင်ပြေးကြတာကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဒါရဝစ်ချ်နဲ့ ဖာယက်နှစ်ယောက်သားရဲ့ မတည့်အတူနေ ဆက်ဆံရေးကို ဟာသ‌ဇာတ်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားပြီးတော့ မူးယစ်ဆေးလောကတွေ၊ လူသတ်တာတွေ စတဲ့ အမှောင်လောကအကြောင်းကိုလည်း လှည့်ကွက်တွေအများကြီးနဲ့ ပီပြင်အောင်သရုပ်ဖော်ရိုက်ကူးထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.29GB / 549MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Comedy, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

6.7 2023 94 mins
Head to Head
Never Say Never
6

CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။ သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။

Drama
6 2023
Never Say Never
When Time Got Louder
7.3

ဒီဇာတ်လမ်းလေကတော့ coming of age dramaအမျိုးအစားလေးဖြစ်ပြီး မိသားစုလေးတစ်ခုရဲ့ ချစ်မေတ္တာတရားတွေ တစ်ဦးအပေါ်တစ်ဦး နစ်နာ ပေးဆပ်ပုံတွေ၊ ကြိုးစားရုန်းကန်ပုံတွေကို မျှဝေခံစားရမယ့် ငယ်ဘဝပုံပြင်ကားလေးပါ…။ အဓိကအားဖြင့်တော့ ပီတာဆန်မိသားစုရဲ့ မောင်နှမနှစ်ယောက်ကို အားပြုပြီးဇာတ်အိမ်တည်ထားပါတယ်…. မောင်ဖြစ်သူ ကေဒန်ဟာဆိုရင် ငယ်စဥ်ကတည်းက အော်တစ်ဇင်လို့ခေါ်တဲ့ မွေးရာပါအာရုံကြောချို့တဲ့မှု ဝေဒနာခံစားနေရသူပါ။ စကားလည်းကောင်းကောင်းမပြောနိုင်သလို နားလည်နိုင်စွမ်းလည်း သာမန်လူတွေထက်တစ်ဆင့်နိမ့်ခဲ့ရလို့ မိသားစုကမျက်စိအောက်က အပျောက်မခံ ကြည့်ရှုထားရသူလေးပါ…။ ဒီလိုဖြစ်နေတဲ့ မောင်လေးအပေါ် အစ်မဖြစ်သူအက်ဘီက အချစ်ပိုခဲ့ရပြီး မိဘတွေမအားလပ်ရင်တောင် အစ်မကြီးအမိအရာတာဝန်ကျေကာ အမြဲစောင့်ရှောက်ခဲ့သူပေါ့…။ ဒီလို မိသားစုအသိုက်အဝန်းလေးဟာ အက်ဘီတစ်ယောက် နယ်ဝေးမှာ ကျောင်းသွားမတက်ခင်အထိသာအဆင်ပြေခဲ့ပါတယ်…။ အက်ဘီတစ်ယောက် သူ့ဘဝတက်လမ်းအတွက် ကယ်လီဖိုးနီးယားမှာ ကျောင်းသွားတက်တော့ အိမ်မှာကေဒန်လေးတစ်ယောက် အဖော်မဲ့ကျန်ခဲ့ပြီး မိဘတွေကလည်း အလုပ်ကိုယ်စီနဲ့မအားလုပ်နိုင်တဲ့အခါ…. ကြေကွဲဖွယ်ဇာတ်အိမ်လေးနဲ့အတူ မိသားစုကြားချစ်မေတ္တာလေးတွေကို မြင်တွေ့ရမယ့် ဇာတ်ကားလေးမို့ ခံစားစီးမျှောကြည့်ရှုလိုက်ပါဗျာ… File size…1.33 GB / 561 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • Family • Comedy
7.3 2022 114 mins
When Time Got Louder
Little Rose
7

1967-68 ပိုလန်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ကာလက အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးပုံဖော်ထားတဲ့ သမိုင်းကြောင်းနောက်ခံ​Drama ကားလေးပဲဖြစ်ပါတယ် တစ်နေ့မှာ ကာမီလာဆိုတဲ့မိန်းကလေးဟာ ပိုလန်ကွန်မြူနစ်အစိုးရရဲ့အမျိုးသားလုံခြုံရေးဌာနကဗိုလ်ကြီးရိုမန်နဲ့ချစ်ကျွမ်းဝင်သွားပါတယ် အဲ့အချိန်ကာလတုန်းက ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုအားကောင်းနေပြီး နိုင်ငံတွင်းမှာရှိနေတဲ့ဂျူးတွေကိုမောင်းထုတ်ချင်နေတဲ့ပိုလန်အစိုးရအတွက် ဘယ်သူကဂျူးမျိုးလဲဆိုတာကိုဖော်ထုတ်ဆိုတာအတော်လေးခေါင်းစားစရာပါ အဲဒီထဲမှာမှ ဝါဆောမှ Seen ဆိုတဲ့​ရေဒီယိုအသံလွှင့်မှုတွေကလည်း လူထုအုံကြွမှုဆီဦးတည်နေတော့ ပိုလန်အစိုးရအတွက်တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပါပဲ အဲ့​အတွက်​ အသံလွှင့်သူကိုဖော်ထုတ်ဖို့​အစိုးရက​ပေါ်ပြူလာဖြစ်တဲ့ စာရေးဆရာတွေ တက္ကသိုလ်​ပါမောက္ခ​တွေကိုစပြီး ပစ်မှတ်ထားလာပါတော့တယ် အဒမ်ဝါချက်စကီကတော့ ကွန်မြူနစ်ဆန့်ကျင်ရေးစာပေတွေရေးသားနေတဲ့ နာမည်ကျော်စာရေးဆရာဖြစ်ပြီး​ ကာမီလာအလုပ်လုပ်တဲ့တက္ကသိုလ်ကပါမောက္ခလည်းဖြစ်ပါတယ် အဒမ်ဟာကွန်မြူနစ်တွေကို တိုက်ခိုက်တဲ့သရော်စာတွေရေးတဲ့နေရာမှာ လက်စောင်းထက်တဲ့သူဆိုတော့ အစိုးရအတွက်ပိုပြီးသံသယဖြစ်စရာပစ်မှတ်ဖြစ်လာပါတော့တယ် အဒမ့်ကိုစောင့်ကြည့်ဖို့အတွက် ရိုမန့်ခေါင်းပေါ်ရောက်လာတဲ့အခါမှာ ရိုမန်ဟာအဒမ်နဲ့ဌာနာတစ်ခုတည်းမှာအလုပ်လုပ်နေတဲ့​ သူ့ချစ်သူကာမီလာကို​ အစိုးရစပိုင်လုပ်ဖို့စည်းရုံးပါတော့တယ် ရိုမန့်ကိုအရမ်းချစ်တဲ့ကာမီလာဟာနောက်ဆုံးစပိုင်လုပ်ဖို့​သဘောတူလိုက်ပြီး ပါမောက္ခ​အဒမ်ကိုဘယ်လိုချဉ်းကပ်သွားမလဲ? အဒမ်ကရော အစိုးရထင်နေသလို​ လူထုအုံကြွမှုတွေဖြစ်အောင်လှုံ့ဆော်တဲ့သူလားဆိုတာကို​ ဆက်ကြည့်လိုက်ရအောင်ပါ File size…(2.9 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre…Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by A not B

7 2010
Little Rose
Mercy Falls

Thriller suspense vibeအပြည့်နဲ့ တောနက်ထဲလမ်းပျောက်တဲ့ လူသတ်ကားမျိုး ကြည့်ချင်သူတွေအတွက် Mercy Falls ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ထုံးစံအတိုင်းပဲ လူသူမရှိတဲ့တောအုပ်ထဲကို စပ်စပ်စုစုနဲ့သွားမယ့် သူငယ်ချင်းတစ်စုနဲ့ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။ တစ်ချိန်ကဖြစ်ရပ်တစ်ခုကြောင့် အဖေနဲ့ဝေးကွာခဲ့ရတဲ့ ရိုနာဆီကို ရောက်လာတာကတော့ အဖေကအမွေပေးခဲ့တယ်ဆိုတဲ့ မာစီရေတံခွန်ရှိတဲ့ တောထဲက သစ်လုံးအိမ်တစ်လုံး၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိခဲ့တဲ့ တောအုပ်လေးလည်းဖြစ်၊ အဖေ့ရဲ့တစ်ခုတည်းသောအမွေလေးဆိုတော့ ရိုနာတစ်ယောက် ဒီသစ်လုံးအိမ်လေးကို သွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ့။ ဒီလိုနဲ့ပဲ ရိုနာတို့သူငယ်ချင်းတစ်စု မာစီရေတံခွန်နဲ့ မိုင် ၂၀ အကွာ တောအုပ်ထဲက သစ်လုံးအိမ်ကိုရှာဖို့ ခရီးစထွက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရိုနာတစ်ယောက် ဒီတောအုပ်လေးကိုစွန့်ခွာခဲ့တာ နှစ်တွေကြာပြီဆိုတော့ သစ်လုံးအိမ်ဆီမရောက်ဘဲ ထုံးစံအတိုင်းပဲ တောထဲလမ်းပျောက်ကြပါတော့တယ်။ ဒီလိုဒုက္ခရောက်နေချိန်မှာ ကယ်တင်ရှင်ကာလာဆိုတဲ့မိန်းကလေးပေါ်လာပြီး သူတို့ကို သစ်လုံးအိမ်ကို လမ်းပြခေါ်ဆောင်ပေးမယ်လို့ ပြောလာပါတယ်။ ဘယ်နေရာမှန်းမသိတဲ့နေရာမှာပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့သူဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့သူတစ်စုအတွက်တော့ ကန္တာရထဲ တံလျှပ်ပေါ်သလို အပျော်ကြီးပျော်ကြတာပေါ့။ ဒါပေမဲ့ ပြဿနာကိုယ်စီနဲ့ အချိတ်အကောက်လေးတွေနဲ့ ဘုရားစူးသူငယ်ချင်းလေးတွေဆိုတော့ ကတောက်ကဆဖြစ်ရင်း စတော့တ်တစ်ယောက် အန်ဒီကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် လုပ်မိသွားတဲ့အခါ… အကူအညီလည်းတောင်းမရ ဖုန်းလိုင်းကမမိ ဘယ်ရောက်လို့ရောက်နေမှန်းမသိရတဲ့ထဲ မချိမဆံ့ဝေဒနာခံစားနေရတဲ့အန်ဒီကို ကာလာတစ်ယောက် ဘယ်သူမှမထင်ထားတဲ့လုပ်ရပ်တစ်ခု လုပ်ချလိုက်တဲ့အခါမှာတော့…. အတော်လေးနောက်ကျမှပဲ သံသယဝင်ဖို့သတိရသွားတဲ့ ဒီလူတစ်စု ယုံမှားလို့ပုံအပ်မိတဲ့တန်ကြေးကို ဘယ်လိုပေးဆပ်ရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

0 2023
Mercy Falls
Lies We Tell
6.2

19ရာစု အိုင်ယာလန် နိုင်ငံမှာ အခြေတည်ထားပြီး ဇာတ်ဆောင်က Maud Ruthyn ဆိုတဲ့ အမျိုးသမီးကလေး တစ်ယောက် ဖြစ်ပါတယ်။ အဖေသေပြီးတဲ့ မိဘမဲ့ Maud ဟာ အုပ်ထိန်းသူ မရှိတဲ့အတွက် သူ့ရဲ့ အမွေထိန်းသိမ်းသူ နှစ်ယောက်နဲ့ တိုင်ပင်နေပါတယ်။ Maudရဲ့ အဖေက ညီဖြစ်သူကို အုပ်ထိန်းသူနေရာပေးဖို့ သေတမ်းစာထဲ ထည့်ရေးခဲ့ပါတယ်။ သို့ပေမဲ့ ဦးလေးဖြစ်သူရဲ့ လူသတ်မှု သံသယရှိသူ ဖြစ်ဖူးတဲ့ နောက်ကြောင်း ရာဇဝင်ကြောင့် အမွေထိန်းသိမ်းသူတွေက သဘောမကျလှပါဘူး။ ဒါပေမဲ့လည်း Maudက သူ့အဖေအလိုအတိုင်း ဦးလေးဖြစ်သူ Silas နဲ့ ဝမ်းကွဲ မောင်နှမတွေဖြစ်တဲ့ Edward နဲ့ Emily ကိုပါ အိမ်မှာခေါ်ထားခဲ့ပါတယ်။ စစချင်းမှာ Maudဟာ ဦးလေးကိုရော ဝမ်းကွဲနှစ်ယောက်ကိုပါ သိပ်ကို ခင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဦးလေးဖြစ်သူဟာ သူထင်ထားသလိုမဟုတ်ဘဲ ကောက်ကျစ်ရက်စက်သူ ဖြစ်နေတဲ့အခါ သူ့ကံကြမ္မာက အလှည့်အပြောင်းဖြစ်လာပြီး ဦးလေးရဲ့ လက်ခုပ်ထဲက ရေဘဝကို ရောက်ရှိသွားပါတယ်။ သူ့ရဲ့ လွတ်လပ်မှုကို ဘယ်လိုပြန်ယူပြီး ဦးလေးမိသားစုကို ဘယ်လို ပထုတ်မလဲဆိုတာ ကြည့်ရမှာပါ။ Maud နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီးက အဲ့ဒီ့ခေတ်အခါက မျက်နှာထား အဆင်အပြင်နဲ့ ကွက်တိကျတယ်လို့ ခံစားရပါတယ်။ အစပိုင်း တစ်ဝက်လောက်ထိ ခပ်အေးအေး ဖြစ်နေပေမယ့် တဖြည်းဖြည်းချင်း ဇာတ်ရှိန်တက်လာပြီး စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။ Disturbing ဖြစ်တဲ့ scene တစ်ခု လည်း ပါတဲ့အတွက် သတိထားပြီး ကြည့်ဖို့ပြောပါရစေ။ File size…(1.2 GB)/(510 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

TV Movie • Comedy • Romance
6.2 2023 89 mins
Lies We Tell
Chillerama
5.6

(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ကြိုတင်အသိပေးပါရစေ) Chillerama ကတော့ ရုပ်ရှင်ဝါသနာတူပြီး ဟော်ရာရုပ်ရှင်အမျိုးအစားအပေါ်မှာ အကြိုက်တူတဲ့ ဒါရိုက်တာ ၄ ယောက်တွေ့ဆုံရာကနေ မွေးဖွားလာခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Adam Rifkin နဲ့ Tim Sullivan တို့ စတင်ခဲ့တဲ့စိတ်ကူးတစ်ခုကို ခေတ်နဲ့အံမဝင်ခဲ့တာကြောင့် ပုံမဖော်ခဲ့ပေမယ့် Adam Green နဲ့ Joe Lynch တို့နဲ့ပါ တွေ့ဆုံပြီးချိန်မှာတော့ ၄ ယောက်ပေါင်း လောင်းကျော်ဖို့ ဖြစ်လာပါတော့တယ်။ ရလဒ်အနေနဲ့ Wadzilla, Teenage Werebear, Diary of Anne Frankenstine နဲ့ Zom-B-movie ဆိုတဲ့ Short Movies ၄ ကား ရလာခဲ့ပါတယ်။ ထိုဇာတ်ကားများကို စုပေါင်းပြီး Anthology Film တစ်ခုအဖြစ် Chillerama ကို ဖန်တီးခဲ့ကြပါတယ်။ ဇာတ်ကားတစ်ကားချင်းစီကလည်း ခေတ်တစ်ခေတ်ရဲ့ Horror Genre တစ်ခုချင်းစီကို လှောင်ပြောင်ထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပရိသတ်နဲ့ အမြင်မစိမ်းတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကွက်များကို ဟာသအမြင်နဲ့ ပြန်လည်တင်ဆက်မှုတွေကို ပြုံးထေ့ထေ့နဲ့ ကြည့်ရမယ့်ကားမျိုးလည်း ဖြစ်ပါတယ်။ အရာရာကို ဟာသဖောက်ပြောဆိုတတ်တဲ့ လူတွေကို အပြင်လောကမှာ မြင်တွေ့နိုင်သလို ထိုအတွေးအမြင်မျိုးနဲ့ ဒါရိုက်တာတွေ စိတ်ကူးဆန်းဆန်းနဲ့ တင်ဆက်ထားတဲ့ Horror Comedy ဇာတ်ကားတစ်ကားကိုလည်း CM ပရိသတ်ရှေ့မှောက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.6 GB / 754 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2hrs Genre ….. Action/Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Sai Sumali

Thriller • Crime • Romance
5.6 2011 120 mins
Chillerama
Romance at the Vineyard
6.2

Romance at the Vineyard (2023) IMDb Rating (6.2) အလက်ဇန်းဒြား a.k.a အယ်လ်ဟာ ကျေးလက်မှာ အဘိုးအဘွားတွေနဲ့အတူနေထိုင်ပြီး ဘိုးဘွားပိုင်ဝိုင်လုပ်ငန်းကို အမွေဆက်ဆံလက်လွှဲပြောင်းယူဖို့အတွက်လုပ်နေတဲ့သူပါ။ သူတို့လုပ်ငန်းဟာ အရင်ကလို မပြေလည်တော့တာကြောင့်မို့ အယ်လ်အနေနဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ သူတို့ရဲ့ “Pinot noir” ဝိုင်ကို အားကိုးပြီး “Hank’s Wine and Spirits” ဆိုတဲ့လုပ်ငန်းနဲ့ပူးပေါင်းကာ ဝိုင်လုပ်ငန်းပြန်အဆင်ပြေလာအောင်လို့ အစီအစဉ်ချထားပါတော့တယ်။ ဒီအချိန်မှာပဲ “Wine Inc.” ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုဟာ အယ်လ်တို့ဒေသတဝိုက်က ဝိုင်လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်လိုက်လံဝယ်ယူနေပြီး ဝယ်ယူဖို့ကျန်တဲ့လုပ်ငန်းက အယ်လ်တို့ရဲ့ ဝိုင်လုပ်ငန်းတစ်ခုပဲ ရှိတော့တာကြောင့် အယ်လ်တို့ကို ဖြောင်းဖြရန်အတွက် အီသန်ဘလိတ်ခ်ဆိုတဲ့ဝန်ထမ်းကိုစေလွှတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ “Hank’s Wine and Spirits” လုပ်ငန်းနဲ့တွေ့ဆုံဖို့ တစ်ပတ်လောက်ပဲလိုတော့တဲ့အချိန်မှာ အယ်လ်တို့ရဲ့ဝိုင်တွေဟာ အမှားတစ်ခုကြောင့် ပျက်စီးသွားပါတော့တယ်။ အယ်လ်တစ်ယောက် တစ်ပတ်တာအတွင်းမှာ ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းသွားမလဲ၊ အီသန်ဘလိတ်ခ်ဆိုတဲ့လူကရော ဘယ်လိုဖြောင်းဖြဖို့ကြိုးစားမလဲ၊ သူတို့နှစ်ယောက်အားပြိုင်မှုမှာ ဘယ်သူအနိုင်ရရှိသွားမယ်ဆိုတာ ကြည့်ရှုခံစားပေးကြပါဦးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.9 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:25:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Fiona Spalko

Action • Comedy
6.2 2023 90 mins
Romance at the Vineyard
Madame Ida
7

1950 အစောပိုင်းမှာ မိဘမဲ့ကောင်မလေးတစ်ယောက် Cecilia ဟာ မိဘမဲ့အဆောင်မှူးကြည့်ကြပ်ကွဲကဲသူရဲ့ စော်ကားမှုကိုခံရပြီး ကိုယ်ဝန် ရှိသွားပါတော့တယ်။ ထိုအဖြစ်အပျက်ကိုလျှိုထားဖို့အတွက် Aurora အိမ်တော်ကြီးမှာ အိမ်တော်ထိန်းတစ်ယောက်နဲ့ အထီးကျန်စွာနေနေတဲ့ Ida ဆိုတဲ့ အမျိုးသမီးဆီမှာသွားနေဖို့ စီစဥ်ပေးလိုက်ပါတော့တယ်။ သဘောတူညီချက်အရ ကလေးမွေးဖွားပြီးလျှင် ကလေးကို Idaကမွေးစားမှာဖြစ်ပြီး Cecilia ကိုတော့ မိဘမဲ့ကျောင်းကိုပြန်ပို့ ရမှာဖြစ်ပါတယ်။ သို့သော်လည်း အတူနေကြရင်းသံယောဇဥ်တွေ ရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ။ တကယ်ပဲ Cecilia ကိုမိဘမဲ့ကျောင်းပြန်ပို့မှာလား။ ရှုပ်ထွေးထဲစိတ်ခံစားချက်တွေနဲ့ ပြည့်နက်နေတဲ့ Aurora အိမ်တော်ကြီးမှာ ဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့တာလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီကားလေးဟာ Rating 7/10ရ ရှိထားပြီး Torino Film Festival မှာ The best performance award ဆုကိုရ ရှိထားတဲ့ ကားကောင်းလေး တစ်ကားဖြစ်ပြီး ပြင်းထန်တဲ့ခံစားချက်တွေ ဆက်ဆံရေးတွေနဲ့ ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်မှုတွေက သင့်ကိုအဆုံးထိ ဆွဲဆောင် သွားမှာဖြစ်ပါတယ်။ File size… (1.19GB) / (687MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Thriller • Action
7 2024 115 mins
Madame Ida
Anatomy

၂၀၀၀ ခုနစ်က ဂျာမန် horror ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ပေါ်လာရဲ့ အဘိုးဟာ တချိန်က အထင်ကရ ဆရာဝန်ကြီးဖြစ်ခဲ့ပြီး မြေးမလေး ပေါ်လာဟာလည်း ဆေးကျောင်းသူတစ်ယောက်ပါ စာမေးပွဲတစ်ခုမှာ တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံး ရခဲ့တာကြောင့် နွေရာသီပိတ်ရက်မှာ Heidelberg တက္ကသိုလ်က ခန္ဓာဗေဒ အထူးသင်တန်းကို သွားတက်ခွင့်ရတယ် အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ အဲဒီတက္ကသိုလ်အသိုင်းအဝိုင်းမှာ လျှို့ဝှက်တဲ့ ဘယ်လိုအမှောင်ခြမ်းရှိနေမလဲ Heidelberg ကိုအလာ ရထားပေါ်မှာ သူကိုယ်တိုင်အသက်ကယ်ပေးခဲ့တဲ့ အမျိုးသားတစ်ယောက်က ဆေးကျောင်းသားတွေ လေ့လာကြမယ့် အလောင်းကုတင်ပေါ် ရောက်နေတဲ့အခါမှာတော့ ။ ။ File size…(2.2 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan

Comedy • Horror • Thriller
0 2000
Anatomy
How to Make a Killing
6.5

ဒါရိုက်တာ Franck Dubosc ရိုက်ကူးထားတဲ့ ပြင်သစ်လူသတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ လူသတ်ကားဆိုပေမဲ့ comedy ဆန်ဆန်သွားထားပြီး ထင်းရှူးစိုက်ရောင်းတဲ့ လူတစ်ဦးဟာ နှင်းတဖွဲဖွဲ ခရစ္စမတ်အကြိုနေ့လေးမှာ ကားမောင်းလာရင်းကနေ လမ်းပေါ်တက်လာတဲ့၀က်ဝံကိုအရှောင် လမ်းဘေးမှာ ရပ်ထားတဲ့ကားကို၀င်တိုက်လိုက်မိရာမှာ အထဲမှာ ရှိနေတဲ့စုံတွဲကို မတော်တဆသတ်လိုက်မိပါတယ် ။ အစကတည်းက နပ်မှန်အောင်ရုန်းကန်နေရတဲ့ဘ၀တွေ ဆိုတော့ အာမခံငွေကြေးလဲမတတ်နိုင်တဲ့အခါမှာ မှုခင်း၀တ္ထုတွေဖတ်ရတာကြိုက်တဲ့ သူ့မိန်းမက ခေါင်းရှောင်ဖို့အတွက်အကြံပေးလာတယ် ။ ထူးဆန်းတာက သေသွားတဲ့စုံတွဲမှာ ယူရိုငွေနှစ်သန်း တောင်ရှိနေတာပဲ ။ ပြီးတော့ ထပ်ဖြစ်လာတဲ့လူသေမှု တွေကြောင့် ပထမဆုံးသံသယ၀င်ခံရမဲ့လူတွေအနေနဲ့ သူတို့လင်မယားရှောင်ရင်းကွင်းရင်းကနေပြီးတော့ လိမ်ဆင်ကပိုပိုပြီးကြီးထွားသွားကာ အန္တာရယ်များတဲ့ နယ်ပယ်တွေထဲကို ကျရောက်လာတော့တယ် …… အဲ့ငွေနှစ်သန်းက ဘယ်ကအရင်းခံတာလဲ ……… သူတို့လင်မယားက‌ရော ရဲလက်ထဲကနေ ဘယ်လို လွတ်အောင်ရှောင်ကြမလဲ …… ဒါတွေကိုတော့ ဆက်ကြည့်ရှု့လိုက်ကြပါနော် ။ File size… (1.52 GB) / ( 906 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 49m Genre …..Comedy , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Thet Khin

6.5 2024 109 mins
How to Make a Killing