YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Professor T 2021 S02E05 The Trial 720p.(CM).mp4

310.77 MB 720p video/mp4 124 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Perfection
6.5

The Perfection (2018) ဒီဇာတ်လမ်းကို ညွှန်းရင် ဘယ်လိုညွှန်းရမလဲ စဉ်းစားရပါတယ်။ ဘာလို့လဲဆိုတော့ Plot Twist တွေက ပါပြီးရင်း ပါနေတာဆိုတော့ ပြောလိုက်ရင်လည်း Spoil ဖြစ်မှာ စိုးပါတယ်။ Plot Twist များများနဲ့ ရင်တထိတ်ထိတ် ခုန်နေရမယ့် ကားမျိုးကြည့်ချင်ရင်တော့ ဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါဗျာ။ တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ။ အသည်းတယားယား ရင်တဖိုဖိုနဲ့ ဘာပြီးရင် ဘာဖြစ်မယ်ဆိုတာကို မှန်းလို့မရတဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချယ်လိုပညာရှင်နှစ်ဦးရဲ့ဇာတ်လမ်းပါပဲ။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အမေက လေဖြတ်သွားလို့ အိမ်ပြန်ခဲ့ရတဲ့ ချယ်လိုပညာရှင် နဲ့ ယခုလက်ရှိ ဂီတလောကမှာ အောင်မြင်နေတဲ့ လူငယ်ချယ်လိုပညာရှင်တို့ နှစ်ယောက်ကြားက ဇာတ်လမ်းလေးပါ။ သူတို့နှစ်ယောက် ဆုံတွေ့မှုကနေ စခဲ့တဲ့ ဇာတ်လမ်းလေးပါ။ နောက်ဆက်တွဲတွေက ဘာဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ခုန်ပြီး ကြည့်မှ အရသာရှိမှာပါ။ ပြောပြရင် ဇာတ်က ပေါ့သွားမှာ စိုးတဲ့အတွက် ဒီလောက်ပဲ ပြောပြပါရစေ။ ကြည့်မိလို့ နောင်တမရစေရပါဘူး။ သတိပေးချင်တာလေးတွေကတော့..... သွေးထွက်သံယို အခန်းတွေ ပါပါတယ်။ ကလေးတွေ မကြည့်သင့်တဲ့အခန်းတွေ ပါပါတယ်။ နည်းနည်းလေးတော့ လန့်စရာကောင်းပါတယ်။ သရဲကား၊ လူသတ်ကား မဟုတ်ပေမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားပါ။ IMDb Rating က 6.2 ပါ။ Rotten Tomatoes ကတော့ 85% ပေးထားပါတယ်။ ဒီလောက်ဆိုရင်တော့ ဒီဇာတ်လမ်းအခြေအနေကို ခန့်မှန်းမိလောက်ပါပြီး ဘာသာပြန်နဲ့ အညွှန်းကတော့ August ပါ။

Action & Adventure • Drama • Sci-Fi & Fantasy
6.5 2018 90 mins
The Perfection
A Waltons Thanksgiving
6

A Waltons Thanksgiving(2022) ဒီကားလေးကတော့ အခုလို ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်ကာလ ရိုးရာလို ခရစ်တော်ကို ကျေးဇူးတင်ကြောင်းသက်သေခံတဲ့ ကျေးဇူးတော်နေ့လေးအကြောင်းကိုဖော်ကျူးထားတဲ့ကားလေးပဲဖြစ်ပါတယ် Jesus ရဲ့ ဖန်ဆင်းမှု ကောင်းခြင်းပေးမှုဆိုတာ ခရစ်ယာန်တွေရဲ့သက်ဝင်ယုံကြည်မှုတစ်ခုပါ ဒါကြောင့်လဲ ကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်လာတိုင်း အရှင်ယေရှုကိုကျေးဇူးတင်ပါတယ်ဆိုပီး သူတို့ရဲ့သက်ဝင်ယုံကြည်မှုကိုပြသတတ်ကြပါတယ် ဒီကားမှာတော့ ဝေါ်တွန်ဆိုတဲ့မိသားစုလေးရဲ့ ဘုရားသခင်ပေါ်သက်ဝင်ယုံကြည်မှုကိုမြင်ရမှာပါ ဝေါ်တွန်တို့မိသားစုဟာ ကလေးတွေအများကြီးရှိတဲ့ မြင်သူတိုင်းအားကျရတဲ့ပျော်စရာမိသားစုလေးတစ်ခုပေါ့ ကလေးတွေများတော့ထုံးစံအတိုင်း ပြဿနာတွေလဲများခဲ့တာပေါ့ အဲ့တော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ဂျွန်နဲ့ သူ့ဇနီးလစ်ဗီတို့ဟာ အတော်လေးထိန်းသိမ်းရရှာပါတယ် တောင်ယာလုပ်တဲ့မိသားစုလေးတွေပဲများတဲ့ American ရဲ့ county တစ်ခုဖြစ်တဲ့အားလျော်စွာ တစ်ရာသီပြီးလို့ ကောက်ရိတ်သိမ်းစရာတွေ ရိတ်သိမ်းပြီးတာနဲ့ ကောက်သစ်စားပွဲတော်ဆိုပီးကျင်းပလေ့ရှိကြပါတယ် ကောက်သစ်စားပွဲနဲ့အတူ ခရစ်ယာန်တွေရဲ့ ရိုးရာဖြစ်တဲ့ အဖဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းတဲ့ ကျေးဇူးတော်နေ့လေးကလဲကပ်ပါလာတာပေါ့ ကလေးတွအများကြီးရှိတဲ့ မိသားစုကြီးတစ်စုအနေနဲ့ ကောက်သစ်စားပွဲမှာ အဖဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းဖို့ ဘယ်လိုကျေးဇူးတင်စရာကိစ္စလေးတွေ သူတို့မိသားစုပေါ် ကောင်းချီးပေးမလဲဆိုတာတော့ ကြည်နူးရသလေးခံစားပြီး ကြည့်ကြည့်ကြပါဦး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1GB) Quality__720p IMDb Rating__6.0/10 Format__mp4 Duration__01:22:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Action • Adventure • Fantasy
6 2022
A Waltons Thanksgiving
The Ancestral
4.8

The Ancestral (2021) ဒီတစ်ခါမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ The Ancestral ဆိုတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Horror ဇာတ်လမ်းလေးဆိုပေမဲ့ ယန်းတို့မိသားစုဝင်တွေကြားက ချစ်ခြင်းမေတ္တာတွေကို အများကြီး ဖော်ပြထားတဲ့ drama ဆန်ဆန်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ … အိပ်ရင် ဘီလူးစီးတဲ့ ရောဂါကို ခံစားနေရတဲ့ယန်း၊ ယန်းဆိုတာကတော့ ဗီယက်နမ်လူမျိုး မိသားစုလေးတစ်ခုက သမီးလေးပါ။ သူခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်ပြီး အဖြေရှာဖို့ သူတို့တစ်မိသားစုလုံးက ရှေးဟောင်းအိမ်ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယန်းတစ်ယောက်တည်းမဟုတ်တော့ဘဲ အဲ့ဒီ မိသားစုက သမီးငယ်လေးနှစ်ယောက်လုံး ဘယ်သူမှ မမြင်ရတာတွေကို မြင်လာရပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ အဖေဖြစ်သူက စိတ်ကျန်းမာရေး အထူးကု နဲ့ ကြိုးစား ကုသပေးပေမဲ့ ကိစ္စတွေက ထင်ထားတာထက်ပိုပြီး နက်နဲနေတဲ့ အခါ … ဘာတွေဆက်ဖြစ်မလဲ ရုပ်ရှင်ထဲ ကြည့်ရှုရင်း အဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Eric ပါ။) File Size : 1.7GB, 731MB & 350MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 41mins Genre : Horror Translated by Eric Encoded by Kinnov

Animation • Comedy • Drama • Family
4.8 2021 101 mins
The Ancestral
The Graduate
8

“မစ္စရော်ဘင်ဆင် ခင်ဗျားကျွန်တော့်ကိုဖြားယောင်းဖို့ကြိုးစားနေတာပဲ” အသက် ၂၀အရွယ် လူငယ်ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်လာသောစကားသံများ။ လိုက်ဖက်ညီစွာ ကင်မရာAngleက ထိုအမျိုးသမီးကြီးရဲ့ပေါင်တံအောက်မှာ။ “ငါ့ယောကျ်ားပြန်လာဖို့က နာရီနဲ့ချီကြာဦးမှာ။ ပြန်မလာခင်ထိငါ့ကိုဝိုင်းစောင့်ပေးပါဦး ” “ကျွန်တော် ပိုက်ဆံအိတ်ကိုအဝနားမှာပဲချခဲ့မယ်နော်” “ဘန်ဂျမင် ကြောင်တောင်တောင်တွေလုပ်မနေတော့ဘဲ အခန်းထဲကိုလာပေးလိုက်တော့” “လာမပေးတာကောင်းလိမ့်မယ်ဗျာ” အီလိန်းအခန်းထဲတင်ပဲ လာခဲ့ ” ခြိမ်းခနဲ တံခါးပိတ်သံနဲ့အတူ မြင်ကွင်းရှေ့ပေါ်ထွက်လာတဲ့ အမျိုးသမီးရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ဗလာကိုယ်ခန္ဓာ။ မနေ့တစ်နေ့မှကောလိပ်ကပြန်ရောက်လာတဲ့ ငတိတစ်ယောက် ထိုအမျိုးသမီးကြီးရဲ့ကျားကွက် စားကွက်အောက် အလွတ်မရုန်းနိုင်ခဲ့ပြန်။ ကာမတဏှာရဲ့နှိုးဆော်မှုနဲ့အတူ လူငယ်လေးကိုပါ မိုက်ပြစ်ကျူးလွန်စေမဲ့ အပြစ်သားအဖြစ်အတူဆွဲခေါ်ခဲ့တယ်။ သူမ ကဘယ်သူလဲ… သူ(မ) တိုက်ကြီး ကားကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့ လိုချင်တာရနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့ ဘဝ။ သူ(မ)ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး။ သူ(မ) ငတ်မွတ်နေတယ်။ ဆာလောင်နေတယ် ။ တကယ်တည်းက သူ(မ) အထီးကျန်နေတယ်။ မထင်မှတ်ဘဲ ရရှိခဲ့တဲ့ကိုယ်ဝန်ကြောင့် အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်ရေးက ပြဿနာလည်းမရှိ။ ဒုက္ခလည်းမရှိခဲ့။ တစ်ဖန်သုခလည်း မရှိပြန်။ သမီးကျောင်းတက် ယောကျ်ားအလုပ်သွား။ မစ္စရော်ဘင်ဆင် အိမ်မှာတစ်ယောက်ပဲကျန်ခဲ့တယ်။ ဒီလမ်းကိုရွေးဖို့မစတင်ခဲ့ပေမဲ့ မစ္စရော်ဘင်ဆင်ရဲ့ဇာတ်လမ်းက ဒီမှာစတင်ခဲ့တယ်။ Dee Dee Dee…Mrs.Robinson အပြစ်ကျူးလွန်နေတဲ့ မစ္စရော်ဘင်ဆင် ငရဲမှာမခံစားချင်ရင်တော့ ဘုရားမှာဆုတောင်းပါတော့။ ကိုယ့်ကိုကိုယ်ကူကယ်နိုင်မဲ့နိုင်ဖို့ ကူညီပေးချင်တယ်။ ဒီမှာထပ်မံထည့်သွင်းရေးသွားချင်တာက ရုပ်ရှင်တစ်လျှောက်ထည့်သွင်းထားတဲ့ Simon & Garfunkel ရဲ့သီချင်းများနဲ့ တေးဂီတgenre အမျိုးအစားရဲ့ အကြောင်းပါ။ အိမ်ကိုပြန်လာပေမဲ့ နွေးထွေးမှုမရှိဘူး။ အိမ်ဟုတ်မနေဘူး။ နွေးထွေးမှုရဖို့ သူ(မ) အခြားနည်းနဲ့ရှာတယ်။ ဒါပေမဲ့ တစ်ခါပြီးဆုံးသွားတိုင်း အဲ့အရာကိုလုံလောက်အောင်မခံစားရပြန်ဘူး။ ဒီလိုနဲ့ သူကြိမ်ဖန်များစွာ ဒီလမ်းမတွေထက်လျှောက်နေခဲ့တာ ကြောင်ခံတွင်းပျက်ကြီးတောင် ဖြစ်နေခဲ့ပြီ။ ဘေးလူတွေကတော့ ဝိုင်းသနားကြမှာပါတဲ့ မစ္စရော်ဘင်ဆင်။ ဒါပေမဲ့ ဒီအပြစ်တွေကျူးလွန်ထားတဲ့ လျှို့ဝှက်ချက်ကိုဘယ်လောက်ဖုံးဖုံး ကိုယ်တိုင်ကတော့ သိနေတာပါပဲ။ ဘုရားသခင်ကတော့နားလည်မှာပါ။ နောက်ငရဲမီးမှာမလောင်မြိုက်ချင်ရင် နွံတွင်းကထွက်ပြီး ဘုရားမှာဆုတောင်းရင် မီနိုင်ပါဦးမယ်။ ဒီမှာစဥ်းစားစရာက သူ(မ) ဒီလိုလုပ်ခဲ့တာပေါင်းမနည်းတော့ပေမဲ့ ဘာလို့မိတ်ဆွေသူငယ်ချင်းရဲ့ သားလေးကျမှ မလွှတ်နိုင်တခဲခဲဖြစ်ရတာလဲ။ လူငယ်တွေရဲ့အချစ်ဇာတ်လမ်းကိုဆေးမဲခြယ်ပြီး ကိုယ့်ဆန္ဒပြည့်ဝဖို့ကို သမီးရဲ့ချစ်သူနဲ့တောင် ကွဲအောင်လုပ်တဲ့ထိ မာနထားခဲ့ရတာလဲ။ ကိုယ့်သမီးကိုတောင် ကိုယ်မနာလိုဖြစ်မိခဲ့ရတာလဲ။ ဒီတစ်နေရာမှာ သမီးနဲ့ထိုယောကျ်ားမပေါင်းရဖို့အရေးဇောက သားအမိသံယောဇဥ်ကိုပါ ရန်မီးခြားစေတဲ့အထိဖြစ်သွားရတယ်။ ဒီပြဿနာမီးအားလုံးရှို့စေလောက်တဲ့ အထိ မစ္စရော်ဘင်ဆင်ဘာလို့အတ္တကြီးတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့ရတာလဲ။ မစ္စရော်ဘင်ဆင်တစ်ယောက်မခံစားနိုင်တော့ဘူး။ မျက်မြင်ရှေ့မှာတင် ကိုယ်တပ်မက်ရတဲ့ယောကျ်ားတစ်ယောက်က ကိုယ့်ကိုကျော်ပြီး သမီးကိုစွဲလမ်းသွားတဲ့ အဖြစ်က မစ္စရော်ဘင်ဆင်ကို ခေါင်းကြီးစေခဲ့တယ်။ အတ္တကို အထွတ်အထိပ်ရောက်စေခဲ့တယ်။ အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့မစ္စရော်ဘင်ဆင်တစ်ယောက် မရရတဲ့နည်းနဲ့ အနိုင်ယူဖို့ကြိုးစားရင်းနဲ့ ဒဿဂီရိဖြစ်ခဲ့ပုံကို ဒါရိုက်တာကပီပြင်စွာ သရုပ်ဖော်သွားတယ်။ တစ်ဖက်ကကြည့်ရင်တော့ ယောကျ်ားကလည်းကိုယ့်ကိုမတပ်မက် အချစ်ရေးမှာလည်းအနိုင်မရ မေတ္တာငတ်မွတ်အထီးကျန်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ သနားစရာဇာတ်လမ်းလို့လည်း ပြောလိုက်လို့ရပါဦးမယ်။ သရုပ်ဆောင်တွေအဖြစ်နဲ့ Dustin Hoffman၊ Katharine Ross နဲ့ မစ္စရော်ဘင်ဆင်အဖြစ် Anne Bancroft တို့ကပါဝင်သရုပ်ဖော်ထားပါတယ်။ နောက်ခံသီချင်းတွေအနေနဲ့လည်း ဇာတ်လမ်းသရုပ်ဖော်သီချင်းဖြစ်တဲ့ Mrs.Robinson အပြင် Scarborough Fair ၊ April comes she will တို့လို Simon & Garfunkel ရဲ့လက်ရာမြောက်တေးသွားတွေ ထည့်သွင်းထားတာ အလွန်သဘောကျစရာကောင်းပါတယ်။ April, come she will When streams are ripe and swelled with rain May, she will stay Resting in my arms again June, she’ll change her tune In restless walks she’ll prowl the night July, she will fly And give no warning to her flight တစ်ချိန်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်ကိုဂီတများအပါအဝင် ပရိသတ်များအပြည့်အဝခံစားနိုင်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်နှင့်အညွန်းရေးသားသူကတော့ Nwe Hnin Thazin ဖြစ်ပါတယ်) File size… 1.49 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

8 1967 106 mins
The Graduate
Dating Santa

ဆန်တာဖိုးဖိုးကြီးနဲ့ ဒိတ်ခြင်း ၂၀၂၃ ခရစ္စမတ်ကာလလေးမှာ ၁၅၀၀ အချစ်ရော၊ ၅၂၈ မေတ္တာရောကိုပါ ခံစားရစေမယ့် ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ လူစီယာက လီယိုနိုရာလို့ ခေါ်တဲ့ သမီးလေးကို ထိန်းကျောင်းနေရတဲ့ Single mother ပါ။ လီယွန်ကို ၈နှစ်လုံးလုံး ပျိုးထောင်နေရင်းနဲ့ လူစီယာ ညီမကောင်းမှုနဲ့ ဆာဂျီယိုလို့ ခေါ်တဲ့ စာဖိုမှူးနဲ့ ဘလိုင်းဒိတ်ခွင့်ရပါတော့တယ်။ အဲဒီလိုနဲ့ စကားတွေပြောကြ ဒိတ်ကြရင်း အဆင်ပြေသွားပါတော့တယ်။ ဒါပေမယ့် လီယွန်က သူ့အမေ ကောင်လေးရနေတာကို မြင်လိုက်ရတော့ ကလေးပီပီလန့်သွားပြီး ထငိုပါရော။ အဲဒီလိုနဲ့ လူစီက သူနဲ့တွဲနေတဲ့လူက ဆန်တာဖိုးဖိုးကြီးပါလို့ သူ့သမီးကို လိမ်ပြောလိုက်ပါလေရော။ လူစီနဲ့ ဆာဂျီယိုတို့လည်း သမီးလေးကို အလိမ်မပေါ်အောင် ဘယ်လိုဖုံးကွယ်ကြမလဲ၊ ဆန်တာအဖြစ်နဲ့ ဘယ်လို ဟန်ဆောင်သွားကြမလဲ၊ လီယွန်က ဆာဂျီယိုက ဆန်တာ မဟုတ်ဘူး ဆိုတာကို ရှာတွေ့သွားလေမလား။ မတူညီတဲ့ အချစ်နဲ့ ချစ်ရတဲ့လူ ၂ယောက်အကြေား ဗျာများနေတဲ့ လူစီယာ၊ အမေကို ချစ်ခင်တွယ်တာရှာတဲ့ သမီးငယ်လေး လီယွန်၊ မ,ချစ်တော့ ဥကိုတွယ်တဲ့ဆိုတဲ့အတိုင်းပဲ လူစီယာကို ချစ်မိလို့ ဆန်တာအဖြစ် သရုပ်ဆောင်ပေးရတဲ့ ဆာဂျီယို။ ချစ်ခြင်းတရားတွေကြားမှာ သူတို့၃ယောက် ဘယ်လိုလုပ်ကြမလဲဆိုတာကို နွေးထွေးစွာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.8 GB)/(973 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Dating Santa
My Norwegian Holiday
6.6

ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ နော်ဝေးနိုင်ငံသား ဟင်နရစ်နဲ့ JJဆိုတဲ့ ကောင်မလေးရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် JJ ဟာ ဒေါက်တာဘွဲ့ရရှိအောင် ကြိုးစားနေသူဖြစ်ပြီး လက်ရှိမှာတော့ အထက်တန်းကျောင်းမှာ ဆရာမလုပ်ရင်း စာတမ်းပြုစုနေသူတစ်ဦးပါ။ သိပ်မကြာခင်အချိန်က အဘွားဖြစ်သူကို ဆုံးရှုံးထားရပြီး ဘဝမှာလမ်းပျောက်နေသလို ခံစားနေခဲ့ရသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ ကော်ဖီဆိုင်ထိုင်နေချိန် ကောင်မလေးတစ်ယောက်နဲ့ စကားများရင်း ကျန်ရစ်ခဲ့တဲ့ ဟန်နရစ်‌နဲ့ တွေ့ဆုံခဲ့ပါတယ်။ အကျိုးအကြောင်းတိုက်ဆိုင်ပြီး ဟန်နရစ်ကို ထားခဲ့တဲ့ကောင်မလေးနဲ့ JJ နာမည်တူနေတဲ့အချိန်မှာ ဟန်နရစ်ဟာ အပိုရှိနေတဲ့ လေယာဉ်လက်မှတ်ကို JJ ကိုပေးပြီး နှစ်ယောက်သား အတူတူ နော်ဝေးကိုသွားဖို့ အကြောင်းဖန်လာတဲ့အခါ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်း စတင်လာပါတော့တယ် File size…(1.4 GB)/(689 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

6.6 2023 84 mins
My Norwegian Holiday
Blackout

Blackout 2024 ကံခေလွန်းတဲ့မီးပြတ်ည ဝေဖန်သံတွေ ဆူညံသွားစေတဲ့ ၁၂ တန်းကျတဲ့ 12th failထဲကမင်းသားVikrant Masseyရဲ့ crimeနဲ့comedyရောစပ်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ပရိသတ်အသဲနှလုံးကို quality performance တွေနဲ့ အမြဲသိမ်းပိုက်ထားတဲ့Vikrantတစ်ယောက် ဒီတစ်ခါရော ဘယ်လိုလာမလဲ ရှုစားကြပါဦးစို့။ ဇာတ်လိုက်ကျော်ကြီးလန်နီက သတင်းထောက်ဆိုပေမဲ့ တဇွတ်ထိုးဆန်ပြီး အရှက်တွေသိက္ခာတွေမငဲ့ဘဲ ထင်ရာစိုင်းတတ်တဲ့သူ၊ ကလေးတွေဘောလုံးကစားလို့ သူ့ကိုလာမှန်ရင် ဘောလုံးကိုခွဲပြီးမှပြန်ပေးတတ်တဲ့သူမျိုးပါ။ လန်နီတစ်ယောက် တခြားသူတွေကိုဘယ်လိုပဲ‌ဆက်ဆံနေပါစေ မိန်းမကိုတော့အရမ်းချစ်တတ်တဲ့သူကြီးပေါ့။ လန်နီရဲ့မဟေသီ ရိုရှ်နီကတော့ ဟင်းမချက်တတ်တာကလွဲရင် ဘာမှပြောစရာမရှိတဲ့သူလေးပေါ့။ ဒီလိုနဲ့ညစာစားဖို့ပြန်လာတဲ့ ကိုလန်နီတစ်ယောက် မဟေသီရဲ့ဟင်းချက်စကေးကြောင့် စားစရာမရှိနေရတဲ့ထဲ မီးကပါပြတ်သွားတော့ မိန်းမကိုပဲစားမယ်ဆိုပြီး ကွန်ဒုံးအဝယ်ထွက်ပါသတဲ့။ မီးပြတ်တာကိုရိုးနေတဲ့ လင်းနို့တစ်ပိုင်းမီယမ်မာသားတွေအတွက် မထူးဆန်းပေမဲ့ အမြဲမီးလာနေတဲ့ရပ်ကွက်က ဆရာလန်နီကတော့ အမှောင်ထဲကားမောင်းရင်း လူတိုက်မိရာကနေ ကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာတဲ့အခါမှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

0 2024
Blackout
The Jack in the Box: Rises
5

The Jack in the Box (2019) နဲ့ The Jack in the Box Awakening (2022) တို့ရဲ့ အဆက် The Jack in the Box Rises ကတော့ ထွက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ Jack in the Box ဆိုတာကတော့ သေတ္တာကိုဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့ လူပြက်အရုပ်လေးခုန်ထွက်လာတဲ့ ဂျာမန်ကစားစရာအရုပ်ကိုခေါ်တာဖြစ်ပါတယ်။ ယုံတမ်းစကားတွေအရ Jack-in-the-box ဆိုတာ “သေတ္တာထဲကနတ်ဆိုး”လို့ အဓိပ္ပါယ်ရပြီး အဓိပ္ပါယ်အတိုင်း နတ်ဆိုးကို သေတ္တာထဲထည့်ပိတ်ထားတယ်လို့ မှတ်ယူကြပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ယက်စတီမာရာ (Jackestemara) လို့ခေါ်တဲ့ နတ်ဆိုး တစ်ကောင်ကို အစီအရင်နဲ့ သေတ္တာထဲထည့်ပိတ်ထားတာပါ။ နတ်ဆိုးဟာ သေတ္တာဖွင့်ပေးတဲ့လူရဲ့ ဆုတောင်းတစ်ခုကိုဖြည့်ဆည်းပေးပါတယ်။ ဒါပေမဲ့ အဲလိုဖြည့်ဆည်းပေးဖို့ရာအတွက် လူ ၆ယောက်ကို သတ်ပြီးမှသာ ဆုတောင်းပြည့်မှာဖြစ်ပါတယ်။ ဝိသမာလောဘသားတွေဖြစ်တဲ့ လူတွေကတော့ ကိုယ်ကျိုးအတွက် နတ်ဆိုး သေတ္တာကိုဖွင့်လိုက်ကြရာကနေ အပြစ်မဲ့တဲ့လူ၆ယောက် နတ်ဆိုးလိုက်သတ်တာ ခံရတဲ့အကြောင်း ရိုက်ကူးထားတဲ့ Horror movie series ပဲဖြစ်ပါတယ်။ ဒီတတိယမြောက်ကားမှာတော့ 2022တုန်းက ထွက်ရှိခဲ့တဲ့ Awakening ကားထဲမှာ နတ်ဆိုးနဲ့အပေးအယူလုပ်ခဲ့တာကြောင့် ရောဂါကနေပြန်ကောင်းသွားတဲ့ အဘွားကြီးဟာ သူ့ကို ကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကို နတ်ဆိုးသေတ္တာ ဝှက်ထားတဲ့‌နေရာအကြောင်း ပြောပြခဲ့ပါတယ်။ အဲနေရာကတော့ အခြားမဟုတ်ဘဲ 2022 Awakening ကားထဲက Rosewood အိမ်ကြီးပါ။ Rosewood အိမ်ကြီးဟာ အခုဆို စည်းကမ်းတင်းကြပ်တဲ့ ဘော်ဒါဆောင်တစ်ခုဖြစ်နေပါပြီ။ နတ်ဆိုးသေတ္တာကို အပိုင်လိုချင်တဲ့ ဟာဗေးဟာ ရေဗင်ဆိုတဲ့ကောင်မလေးကို အကြပ်ကိုင်ကာ အဲဒီဘော်ဒါဆောင်က Jack-in-the-box ကို ကျောင်းသူအယောင် ဆောင်ပြီးသွားယူခိုင်းရာကနေ ဇာတ်လမ်းစတင်ထားပါတယ်။ ဒီတစ်ခေါက်မှာရော ဘယ်သူက သေတ္တာကိုဖွင့်လိုက်တာလဲ၊ ဘယ်သူတွေ အသတ်ခံရဦးမလဲ၊ နတ်ဆိုးကိုရော နှိမ်နင်းနိုင်မှာလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…673MB / 344MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5 2024
The Jack in the Box: Rises
Level Cross
6.1

Level Cross 2024 (စိတ်ရောဂါကုဆရာဝန်မလေးရဲ့ စိတ်ဒဏ်ရာ) ဝေးလံခေါင်ခိုက်ပြီးတော့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာရှိတဲ့ ရထားဂိတ်တစ်ခုမှာ အစောင့်တာဝန်ကျနေတဲ့ ရာဂူး။ သူဟာ တစ်ကိုယ်တည်း အထီးကျန်နေရင်း သူ့မြည်းလေး စစ်ကနယ်နဲ့အတူတူ နေထိုင်ရင်း ရထားဂိတ်စောင့်အလုပ်ကို လုပ်ကိုင်နေတဲ့သူတစ်ယောက်ပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ သူစောင့်ကြည့်ပေးရတဲ့ ရထားဂိတ်အနားကို အနီရောင်ဝတ်စုံဝတ်ထားတဲ့ ခေတ်ဆန်ဆန်ကောင်မလေးတစ်ယောက်ဟာ ရထားပေါ်ကနေ ခုန်ချခဲ့ပြီးတော့ ဒဏ်ရာတွေရသွားတဲ့အတွက် ကယ်ဆယ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာ စကားပြောဖော်မရှိ ပျင်းနေခဲ့တဲ့ ရာဂူးကြီးမှာ စကားတွေဖောင်ဖွဲ့ပြောရင်းနဲ့ ကောင်မလေးဟာ သူ ဘာလို့ရထားပေါ်ကနေ ခုန်ချခဲ့ရလဲဆိုတာကို ရင်ဖွင့်လာခဲ့ပါတော့တယ်။ အဲဒီကောင်မလေးဟာ ရထားပေါ်ကနေ ဘာကြောင့်မလို့ ခုန်ချခဲ့ရတာလဲ ……. သူ့ရဲ့ အတိတ်က ဇာတ်လမ်းက ဘယ်လောက်တောင်ဆိုးလို့ ဒီလိုရထားပေါ်က‌နေ ခုန်ချရတဲ့အထိဖြစ်ရတာလဲဆိုတာကို ကြည့်ရှုရမယ့် ဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)

6.1 2024
Level Cross
Devara: Part 1
6.4

Devara: Part 1 (2024) “ဒေဗာရာ” IMDb – 6.4/10 ဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့ တောင်ပိုင်းမင်းသား N.T.Rama Rao Jr၊ ဟင်ဒီမင်းသားကြီး ဆေ့ဖ်အလီခန်းတို့ရဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ တစ်လအတွင်း အိန္ဒိယက ခရစ်ကတ်ကမ္ဘာ့ဖလားပွဲကို လက်ခံကျင်းပရတော့မယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုရှိတာကို သတင်းရထားခဲ့ရော။ ဒီမှာပဲ သံသယတရားခံတွေကို လိုက်ဖမ်းတဲ့အချိန် တကယ့်ခေါင်းဆောင်ကို ဘယ်မှာမှရှာလို့မရ။ သတင်းရဖို့အတွက်သွားရမဲ့နေရာက ပင်လယ်နီလို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်တစ်နေရာက ရွာတစ်ခု။ ရန်သူရဲ့သွေးတွေနဲ့ ရဲရဲနီနေခဲ့လို့ ပင်လယ်နီလို့ခေါ်တဲ့နေရာ။ အဲဒီနေရာက ဒေသခံတွေချစ်ကြတဲ့ ဒေဗာရာဆိုတဲ့လူတစ်ယောက်အကြောင်း။ ဘောလိ၀ုဒ်အက်ရှင်ဇာတ်ကြမ်းနှစ်ခြိုက်သူတွေ သဘောတွေ့စေမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Adventure • Action • Comedy
6.4 2024 175 mins
Devara: Part 1
Black Knight

Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။ လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာ အသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။ အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ ဂျမဲလ်ကတော့ ဒီကိစ္စတစ်ခုလုံးကို သရုပ်ဆောင်လေ့ကျင့်နေတယ်လို့ ထင်မှတ်ပြီးတော့ အလိုက်သင့်ပြောဆိုနေရင်းနဲ့ပဲ. အလယ်ပိုင်းခေတ်ရဲ့ နန်းလုပွဲနဲ့ တော်လှန်ရေးအရေးတော်ပုံကြားထဲကို ဘူမသိကိုးမဘိဘဲ ပဲလှော်ကြားဆားညှပ်ပါသွားပါတော့တယ်။ အလယ်ပိုင်းခေတ်ကို မတော်တဆရောက်သွားခဲ့ရတဲ့. ဗန်းစကားတွေ ကရားရေလွှတ်ပြောနေတတ်တဲ့ ဟောင်ဖွာဖွာလူမည်းတစ်ယောက် ပြဿနာတွေကို သူ့ရဲ့လက်တစ်လုံးခြားဉာဏ်၊ ဝေ့လည်ကြောင်ပတ်စကားတွေနဲ့ ဖြေရှင်းနေရပုံတွေဟာ Martin Lawrence ရဲ့ Acting နဲ့ အလိုက်ဖက်ဆုံးလို့ဆိုရပါလိမ့်မယ်။ အလယ်ပိုင်းခေတ်နဲ့ ၂၁ ရာစုရောစပ်ထားတဲ့ ဟာသဇာတ်လမ်းလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 1.5 GB, 883 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Adventure, Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Science Fiction • Action • Horror
0 2001 95 mins
Black Knight
Ghost Cat Anzu
6.5

မနှစ်ကထွက်ရှိထားတဲ့ တစ်ကားတည်း Anime ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ Karin ဆိုတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးဟာ ဖခင်ဖြစ်သူက ငွေတိုးချေးရင်း ပြန်မဆပ်နိုင်ပဲ အသေထွက်ပြေးနေရလို့ သားအဖနှစ်ယောက်သား နယ်မြို့လေးက အဘိုးရှိရာ ဘုရားကျောင်းကို ရောက်ချလာပါတယ်။ နောက်ကျတော့ အဘိုးလက်ကိုအပ်ပြီး ဖအေဖြစ်သူက လွတ်ရာကျွတ်ရာကို ထွက်သွားပြန်တော့မယ်။ အဲဒီမှာ Karin တစ်ယောက် အမေဖြစ်သူကလည်း ဆုံး အဖေကလည်း ပစ်ထားသွားတော့ အဘိုးနဲ့ ဘုရားကျောင်းမှာနေတုန်း လူအရွယ်လောက်ရှိပြီး လူစကားပြောတတ်တဲ့ ကြောင်ကြီး Anzu နဲ့ တွေ့ရပါတော့တယ်။ အဲဒီမှာ ဒီကြောင်ကြီးက ဘာကြီးတုန်း၊ Karin တစ်ယောက် မိတဆိုးဖတဆိုးလေး ဖြစ်နေတော့ ဘယ်လိုတွေ ဆိုးပေမလဲ၊ အမေဖြစ်သူ နှစ်ပတ်လည်ကို ရောက်မလာတဲ့ ဖအေကြောင့် စိတ်ဆိုးဆိုးနဲ့ ပုံပြောင်း ကြောင်သရဲကြီး Anzu နဲ့ အတူတူ ဘယ်လိုတွေ စွန့်စားခန်းထွက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါ ကြည့်ရှုခံစားရမယ့် Anime ကားကောင်းလေး ဖြစ်ပါတယ်ဗျာ။ ဂျပန် Anime ထုံးစံအတိုင်း ဒီထဲမှာလည်း ဒဏ္ဍာရီလာ သတ္တဝါလေးတွေ ထည့်သွင်းထားတာပါ။ Ghost Cat (Bakeneko) ဆိုတာက ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ ကြောင်လိုလူလို မကောင်းဆိုးဝါးတစ်ကောင်တစ်မျိုးပေါ့။ ဒီထဲမှာတော့ ဂါဖီးလ်လိုရုပ်ကြီးနဲ့ ချစ်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ Motion နေရာ Animation လေးတွေ အပြစ်နည်းနည်းဆိုချင်စရာ ရှိပေမဲ့ Background တွေက ခဲပန်းချီလေးလို လှနေတာရယ် ဇာတ်လမ်းလေးက မပျင်းရပဲ ခပ်မြူးမြူးနဲ့ သွက်တာကြောင့် အပျင်းပြေစေမှာတော့ သေချာပါတယ်။ စိတ်ကူးယဉ် ဇာတ်ကောင်လေးတွေ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့ ၁၀ နှစ်ကျော် ကလေးတစ်ယောက်ရဲ့ မိဘအပေါ် ဆုံးရှုံးမှုတွေ ပူဆွေးရမှုတွေ အကူအညီလိုတတ်ကြတာတွေကို ရှုထောင့်လေးတစ်ခုကနေ ပညာပေးထားတာဆိုရင်လည်း မှားမယ်လို့ မထင်ပါဘူးဗျာ..။ File size… 1.4 GB, 569 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Drama, Family, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

6.5 2024 94 mins
Ghost Cat Anzu
Ka.Mu – Ka.Pi
6

Ka.Mu – Ka.Pi 2025 (ချစ်ခြင်း၏အလွန်) အန်ဘူနဲ့ အာနူတို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအဆင့်ကနေ အချင်းချင်း ချစ်မိသွားကြပြီး လက်ထပ်ဖို့အထိပါ ရည်ရွယ်ထားကြတဲ့ ချစ်သူတွေပါ။ သူတို့တွေ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ မျိုးရိုးဇာတ်တွေ မတူညီတာကြောင့်နဲ့ပဲ နှစ်ဖက်မိဘတွေက သဘောမတူဘဲ သူတို့ရဲ့ အချစ်ရေးမှာ အနှောင့်အယှက်ဖြစ်ခဲ့ရပါတော့တယ်။ သို့ပေမဲ့လည်း နှစ်ယောက်လုံးဟာ အရမ်းချစ်လွန်းပြီး နှစ်ဖက်မိဘတွေ တားမြစ်ထားတဲ့ကြားကနေ နှစ်ယောက်သား အိမ်ထောင်တစ်ခုကို တည်ထောင်ခဲ့ပါတော့တယ်။ သို့ပေမဲ့လည်း လူ့စိတ်ဆိုတာက အခက်သားပါ၊ အန်ဘူနဲ့ အာနူတို့ နှစ်ယောက်ဟာ လက်ထပ်ပြီးသွားတော့မှ ဘာမဟုတ်တဲ့ ပြဿနာသေးသေးလေးတွေကစပြီးတော့ အမြဲ ပြဿနာတက်လို့နေပါတော့တယ်။ အန်ဘူနဲ့ အာနူတို့လင်မယားနှစ်ယောက်ကြားမှာ ပဋိပက္ခတွေ အရမ်းများလာတဲ့နောက်မှာတော့ သူတို့နှစ်ယောက် ကွာရှင်းဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့လင်မယားနှစ်ယောက် မကွာရှင်းခင်မှာ ထုံးစံလုပ်ရိုးလုပ်နည်းအတိုင်း အတိုင်ပင်ခံနဲ့ ဆွေးနွေးရတဲ့အချိန်မှာတော့ ……. သူတို့နှစ်ယောက်ကြားက ပြဿနာတွေဟာ ဘယ်လိုအကြောင်းပြချက်တွေကြောင့်ဖြစ်လာလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Comedy • Drama
6 2025
Ka.Mu – Ka.Pi
Funny Face
7

ဟောင်းပေမယ့် ဂန္ထဝင်ဇာတ်ကားကောင်းတစ်ကားလို့ ဆိုလို့ရတဲ့ “Funny Face”ဟာ (၁၉၅၇)မှာ ထွက်ရှိခဲ့ပေမယ့်လည်း အခုချိန်ထိ ခံစားကြည့်ရှုလို့ကောင်းနေဆဲ ဇာတ်လမ်းတစ်ပုဒ် ဖြစ်တာကိုတော့ ငြင်းမရပါဘူး။ Americal musical / romantic / comedy ဇာတ်ကားဖြစ်တဲ့အလျောက် တေးသီချင်းတွေကနေ ခံစားချက်တွေကို သီကြူးတာတွေကို အပြည့်အဝခံစားနိုင်မယ့်အပြင် သူ့ခေတ်သူ့အခါက ဖက်ရှင်နဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို တစ်နည်းတဖုံနဲ့ ထောက်ပြသရော်ထားတာမျိုးကိုလည်း တစိတ်တဒေသအနေနဲ့ ကြည့်ရှုခံစားလို့ရမှာ ဖြစ်ပါတယ်။ ချစ်စိတ်ကူးယဥ်ဆန်လို့ ကောင်းလှပါတယ်ဆိုတဲ့ ပဲရစ်နောက်ခံနဲ့ မင်းသမီးချော Audrey Hepburn ကို အတူတကွ ခံစားလို့ရတာကတော့ ထပ်ဆောင်းလက်ဆောင်ပေါ့။ ဖက်ရှင်မဂ္ဂဇင်းတွေ ခေတ်စားလှတဲ့ ခေတ်အချိန်အခါထဲမှာ အမျိုးသမီးတွေအတွက် အကောင်းဆုံးသော အဖော်မွန်ဖြစ်တဲ့ ကွာလတီမဂ္ဂဇင်းဟာ သူတို့မဂ္ဂဇင်းကို ကိုယ်စားပြုသူဖြစ်လာမယ့် မော်ဒယ်တစ်ယောက်၊ ဒါ့ထက် ကွာလတီအမျိုးသမီးတစ်ယောက်ကို ရှာပါတော့တယ်။ ဖြစ်ချင်တော့ မဂ္ဂဇင်းတိုက်ရဲ့ ပင်တိုင် ဓါတ်ပုံဆရာဖြစ်သူ ဒစ်အေဗရီက စာအုပ်ဆိုင်လေးမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ဒီအတွက် အလားအလာရှိတယ်လို့ မြင်မိသွားပါတယ်။ ဖက်ရှင်ဆိုတာဟာ မလိုအပ်တဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကိစ္စတစ်ခုလို့ မြင်နေခဲ့တဲ့ ဂျိုက ပဲရစ်ကိုသွားဖို့ အိမ်မက်ရှိနေခဲ့တဲ့ စာအုပ်ဆိုင်က ကောင်မလေးပဲဖြစ်ပါတယ်။ ကွာလတီရဲ့ဖက်ရှင်ရှိုးကလည်း ပဲရစ်မှာ လုပ်မှာဖြစ်တာကြောင့် ဒစ်တစ်ယောက် ဂျို လက်ခံသွားအောင်လို့ မဲဆွယ်နိုင်ခဲ့တဲ့အပြင် သူ့အပေါ်မှာပါ ခံစားချက်တွေရှိလာအောင် လုပ်နိုင်ခဲ့လေရဲ့။ အချစ်စစ်တို့လမ်းဟာ မဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း သူတို့နှစ်ဦးကြား အတားအဆီးလေးတွေကတော့ ဝင်လာဦးမှာပါပဲ။ ဒါ့အပြင် ကြောင်သူတော်အရေခြုံထားတဲ့ မာယာများတဲ့သူတွေကကော ပါလာဦးမလားဆိုတာကိုတော့ CM ကတင်ဆက်ပေးလိုက်တဲ့ (၁၉၅၇)ခုနှစ်ထွက် “Funny Face”ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ ရပြီပဲဖြစ်ပါတယ်။ File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy / Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

7 1957 103 mins
Funny Face