YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Prisoner of Love(2022) Ep (3).mp4

921.42 MB N/A video/mp4 518 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Macherla Niyojakavargam
5.4

အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ Check 2021 ထဲက တေလဂူမင်းသားချောလေးနဲ့ နီတင်နဲ့ Uppena 2021 ထဲက မင်းသမီးချောလေး ကရီတီးရှက်တီးတို့ရဲ့ကားလေးပဲဖြစ်ပါတယ်။ မာချာလာဆိုတဲ့မြို့တစ်မြို့ရှိတယ် အဲ့ဒီမြို့မှာ နှစ်ပေါင်း ၃၀ကြာရွေးကောက်ပွဲကျင်းပခွင့်မပေးဘဲ လူမိုက်ကြီးရာဂျာပါဆိုသူက အုပ်စိုးနေတယ်။ သူနဲ့အတိုက်အခံလုပ်တဲ့ပါတီမှန်သမျှ ဇာတ်သိမ်းသွားရပြီး ဆန့်ကျင်တဲ့သူမှန်သမျှ ဇီဝိန်ချုပ်သွားရတယ်။ ဆိဒ်ဒူဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ် ဘယ်သူဘာပြောပြော စိတ်ထဲရှိတာနဲ့ ကိုယ်မှန်တယ်ထင်တာကိုပဲ လုပ်တတ်တဲ့ကောင်လေး..။ အစိုးရအရာရှိဝန်ထမ်းစာမေးပွဲဖြေထားပြီး တာဝန်ကျမယ့်နေရာကို စောင့်နေတဲ့ ကောင်လေးပါ။ မထင်မှတ်ဘဲ မာချာလာမြို့မှာ သူ တာဝန်ကျလာတဲ့အခါမှာတော့...။ နှစ် ၃၀ ကြာ အုပ်စိုးနေတဲ့ ခြင်္သေ့အိုကြီးနဲ့ သူ့နန်းကို ဖျက်သိမ်းမယ့် ခြင်္သေ့ငယ်လေးတို့ ထိပ်တိုက်တွေ့လာပါတော့မယ်။ ကျန်တာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော် File size…3.6GB / 1.76GB Quality…1080p Telugu WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Hay Man ~ OeliuJ

Action • Thriller
5.4 2022 159 mins
Macherla Niyojakavargam
Highway
5.7

Thriller ခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Arjun Reddy ကားနဲ့ ပျိုမေတွေအသည်းစွဲမင်းသားလေး ဗီဂျေးဒေဗရာကွန်ဒါရဲ့ညီဖြစ်သူ အာနန်းဒေဗရာကွန်ဒါရဲ့စတုတ္ထမြောက်ထွက်လာတဲ့ ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ဒီကားလေးကတော့ သည်းထိပ်ရင်ဖိုကားလေးပေါ့နော်... ဟိုက်ဒရာဘတ်မြို့ကြီးထဲမှာ မိန်းမပျိုလေးတွေ အသတ်ခံနေရပါတယ် လူသတ်သမားဟာ ခြေရာလက်ရာမချန်ထားခဲ့လို့ ရဲတွေကလည်း ဖမ်းမိဖို့ အခက်တွေ့နေပြန်တယ်... လူသတ်သမားဟာလည်း လူသတ်ပြီးရင် ကိုယ်ပျောက်လိုပဲ ပျောက်ပျောက်သွားလို့ ဘယ်လိုမှကို ခြေရာခံမရဘူး.. ကဲ ရုပ်ရှင်ကြည့်ရင်း ကိုယ်တိုင်ဆားပုလင်းနှင်းမောင်လုပ်ကြည့်ကြပါ... ဒီဇာတ်ကားမှာ မထင်မှတ်တဲ့ ပေါင်းဆုံမှုလေးတွေရယ်... ကံတရားရဲ့လှည့်စားမှုတွေရယ်... ရိုးသားအပြစ်ကင်းမှုရဲ့ရလဒ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ် ဆိုတော့ ခံစားကြည့်ရှုပေးကြပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်... File size…2.4GB / 1.2GB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Adventure • Animation • Comedy • Family
5.7 2002 97 mins
Highway
Violent Night
7.5

Dead Snow တို့ Hansel & Gretel: Witch Hunters တို့လို အက်ရှင်ဟာသတွေ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Tommy Wirkola ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားကတော့ Stranger Things မှာ အားလုံးချစ်တဲ့ ရဲမှူးကြီး David Harbour ပါပဲ။ ရုပ်ရှင်ကတော့ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး အသတ်အဖြတ်တွေ ကြမ်းတာကိုတော့ သတိပေးထားချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆန်တာကလောက်ဟာ ဆန်တာမဖြစ်ခင်က အတိုက်အခိုက်အသတ်အဖြတ်ကြမ်းတဲ့ စစ်သည်တော်ကြီးဖြစ်ခဲ့ပါတယ်။ အများသိတဲ့မူရင်းဆန်တာပုံပြင်နဲ့တော့ မတူဘူးပေါ့။ အခုတော့ ဆန်တာကလောက်ဟာ နှစ်ပေါင်းများစွာ ခရစ္စမတ်လက်ဆောင်တွေပေးလာရင်း တဖြည်းဖြည်း လောဘကြီးလာ ပျက်စီးလာတဲ့ ကမ္ဘာကြီးနဲ့ သူ့အလုပ်ကို စိတ်ကုန်လာပါပြီ။ နို့နဲ့ကွတ်ကီးအစား အိမ်ထဲဝင်ရင် အရက်ပုလင်းရှာမော့တဲ့အဆင့်ဖြစ်နေပြီး ခရစ္စမတ်ရဲ့ ကောင်းခြင်းတွေကိုလည်းအယုံအကြည်မရှိတော့ပါဘူး။ ဒါပေမဲ့ တာဝန်အရ လိမ္မာတဲ့ကလေးစာရင်းမှာပါတဲ့ ကလေးမလေး ထရူဒီရဲ့အိမ်ကို လက်ဆောင်ပေးဖို့ ရောက်လာပါတယ်။ ထရူဒီရဲ့မိသားစုဟာ သန်းကြွယ်သူဌေး လောဘအိုး လူ့ဂွစာတွေဖြစ်ပြီး ခရစ္စမတ်မှာဆုံတိုင်း ဘာအမြတ်ထုတ်ရမလဲ စဉ်းစားနေတဲ့လူမျိုးတွေပါပဲ။ အခု ခရစ္စမတ်ညမှာတော့ သူတို့မိသားစုစံအိမ်ကြီးကို လက်နက်ကိုင်တစ်ဖွဲ့က ဝင်စီးနင်းပြီး ဒေါ်လာ သန်း ၃၀၀ ကို အလုံခန်းထဲက ဖောက်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဆန်တာလည်း မူးမူးရူးရူးနဲ့အိမ်ထဲပိတ်မိနေပြီး ဓားပြတစ်ဖွဲ့လုံးနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဆဲအဆိုတွေ ဟာသတွေ အက်ရှင်ကြမ်းကြမ်းတွေနဲ့မို့ လူကြီးတွေအတွက် ခရစ္စမတ်မှာဖျော်ဖြေနိုင်မယ့် ရုပ်ရှင်တစ်ခုပါပဲ။ File size…(1.66Gb) / (1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Comedy • Fantasy
7.5 2022 112 mins
Violent Night
Demolition Man
6.7

ပြစ်မှုတွေမရှိတော့တဲ့ ခေတ်ကာလတစ်ခုက တကယ်ပဲအေးချမ်းသွားလား ၂၀၃၂ ခုနှစ်၊ ဆန်အန်ဂျလိစ်မြို့မှာ အအေးခန်းထောင်ဆိုတာ ဟိုးအရင်ကတည်းက ရာဇဝတ်သားတွေကို 0°အောက် အအေးခဲခန်းထဲထည့်၊ နှစ်တွေအကြာကြီး ပိတ်လှောင်ထားတယ်။ ဖြစ်ချင်တော့ တစ်နေ့မှာ ဆိုင်မွန်ဖီးနစ်ဆိုတဲ့ လူဆိုးတကောင်က ထောင်ထဲကနေ လွတ်သွားတယ်။ ဒီကောင်ကလဲ ဂန္တဝင် လူရမ်းကား လူသတ်သမား။ ဘာစည်းမှမရှိတဲ့ကောင်။ ဆန်အန်ဂျလိစ်မြို့တော်ဟာ ဖရုဿဝါစာ တခွန်းပြောမိရင်တောင် ဒဏ်ရိုက်ခံရတဲ့အထိ အေးဆေးနေကြပါတယ်။ သေနတ်တောင် ပြတိုက်မှာသွားကြည့်မှ မြင်ရတာပါ။ ဒီလိုမြို့ထဲကို ဖီးနစ်က သေနတ်တွေနဲ့ ရှယ်သောင်းကျန်းတော့ အကြမ်းဖက်မှုကိုမကြုံဖူးတဲ့ ရဲတပ်ဖွဲ့ဟာ ဘာလုပ်ရမှန်းမသိတဲ့နောက် ဆုံးဖြတ်ချက်တခု ချလိုက်တယ်။ ဖီးနစ်ရဲ့ ရန်သူတော်ဟောင်းကြီး၊ ဖီးနစ်ကို ဖမ်းဖို့၂နှစ်တိုင် ကြိုးစားခဲ့တဲ့ ရဲစုံထောက်ဟောင်း ဂျွန်စပါတန်ကို အအေးခန်းထဲကထုတ်၊ အသက်ပြန်သွင်းပြီး ဖီးနစ်ကို လိုက်ဖမ်းခိုင်းပါတယ်။ ၂၀ ရာစုနှစ်သားဖြစ်တဲ့ စပါတန်ဟာ နိုးထလာချိန်မှာ ၂၁ ရာစုကို ရောက်နေပြီး ပြောင်းလဲသွားတဲ့ မြို့ရဲ့အထာတွေကို နားမလည်တော့ပါဘူး။ ဆန်အန်ဂျလိစ်မြို့ဟာ တကယ်ပဲ ငြိမ်းချမ်းတယ်လို့ထင်ရပေမယ့် မြောက်ကိုရီးယားလို ပိတ်ဆို့ခံရတာဖြစ်ပြီး လိင်မဆက်ဆံရ၊ ကိုယ်ဝန်မယူရ၊ နမ်းခွင့်တောင်မရှိတဲ့ ကန့်သတ်ချက်တွေကြားမှာ မသိနားမလည်ပဲ ပျော်နေကြတာပါ။ စပါတန်ဟာ ဖီးနစ်ကို ဖမ်းဖို့ကတဖက် brainwash ခံထားရတဲ့ မြို့သားတွေကို လမ်းပြချင်တာကဖက် မြေအောက်ဂိုဏ်းတွေရဲ့ ဆူပူမှုကတဖက်နဲ့ ဗျာများနေရတဲ့ကြားမှာ သူ့ရဲ့ တာဝန်ကို အောင်မြင်အောင် လုပ်နိုင်ပါ့မလား၊ သူ့ကို ကူညီမယ့်လူရော ရှိပါ့မလား၊ အခက်အခဲတွေကို သူဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး ကြမ်းကြမ်းရမ်းရမ်း အက်ရှင် ခန်းတွေနဲ့ ဖိုက်တင်ဆရာကြီး Stallone၊ Blade မင်းသားကြီး Wesley Snipe နဲ့ မင်းသမီး Sandra Bullock တို့အပြင် ဗဟုသုတရဖွယ် အဆဲပေါင်းစုံကိုလဲ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ File size…(2.4 GB)/(1.2GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Crime,Action,Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hnyun Yadanar Myintmo Htun

Comedy • Drama • Fantasy
6.7 1993 115 mins
Demolition Man
Where’s Rose
5.2

Where’s Rose (2021) =============== ဒန်နီရယ်လို့ခေါ်တဲ့ မိသားစုတစ်စုမှာ အဲရစ်နဲ့ ရို့စ်လို့ခေါ်တဲ့ မောင်နှမ နှစ်ယောက်ရှိပါတယ်။ သူတို့မိသားစုလေးက အရမ်းကို နွေးထွေးကြပြီး ပျော်ရွှင်စရာတွေ ပြည့်နှက်နေတဲ့ မိသားစုလေးတစ်စုဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအစ အဲရစ်က အထက်တန်းအောင်ပြီး ကောလိပ်တက်ဖို့အတွက် အောင်ပွဲခံတဲ့အနေနဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ အိမ်မှာ ပွဲလေး ကျင်းပပါတယ်။ ရိုစ့်တစ်ယောက်ကတော့ သူ့အစ်ကို အဲရစ်နဲ့ ခွဲရတော့မှာမို့ စိတ်မကောင်းဖြစ်နေတဲ့ပုံပါပဲ။ တစ်ရက်တောထဲမှာ ရို့စ်တစ်ယောက် ပျောက်သွားတော့ မိဘတွေ လိုက်ရှာ ရပါတော့တယ်။ ရဲတွေရဲ့ အကူအညီနဲ့ ပြန်တွေ့ပြီးနောက်ပိုင်း ရို့စ်တစ်ယောက်က အရင်ကနဲ့ မတူတော့ဘဲ ပြောင်းလဲလာပါတော့တယ်။ ရို့စ်တစ်ယောက် ဘာကြောင့် ပျောက်သွားတာလဲ၊ သူ့အစ်ကို အဲရစ်နဲ့ ရို့စ်ရဲ့ ဆက်ဆံရေးက ဘယ်လ်ိုရှခဲ့လဲ၊ တောအုပ်ကို လှမ်းကြည့်ရင်း ရိုစ့် ဘယ်သူနဲ့ စကားပြောပြောနေလဲဆိုတာ ဆက်လက် စောင့်ကြည့်ပေးပါဦး။ ဒီဇာတ်လမ်းက Horror, Thriller ဇာတ်ကားမျိုးဖြစ်ပြီး နောက်ဆုံးပိုင်းမှာတော့ အံ့သြစရာကောင်းလောက်အောင် အဆုံးသတ်ဖြစ်နေတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)

Action • Drama • Fantasy
5.2 2021 83 mins
Where’s Rose
Wake Wood

IMDb 5.5 နဲ့ Rotten Tomatoes 88%အထိရရှိခဲ့တဲ့ ၂၀၀၉ခုနှစ်ထွက် သဘာ၀လွန် horrorကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၉နှစ်အရွယ်သမီးဖြစ်သူ အဲလစ်ဟာ လည်ပင်းကိုခွေးကိုက်ခံရပြီး သေဆုံးသွားပြီးတဲ့နောက်မှာ ပက်ထရစ်နဲ့ လူဝိစ်တို့ ဇနီးမောင်နှံဟာ မြို့ပြနဲ့ဝေးလံတဲ့တစ်နေရာက Wake Woodလို့အမည်ရတဲ့ မြို့လေးတစ်မြို့မှာအခြေချဖို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ မြို့ငယ်လေးရဲ့ အကြီးအကဲဖြစ်သူ အာသာဟာ ပက်ထရစ်နဲ့လူဝိစ်တို့ရဲ့သမီးဖြစ်သူကို ထူးဆန်းတဲ့သဘာ၀လွန်ဓလေ့ထုံးတမ်းတွေကိုအသုံးပြုပြီး သေရွာကပြန်ခေါ်ကာ လူ့ဘ၀ကို ခေတ္တပြန်ရောက်လာအောင် ကူညီပေးနိုင်ကြောင်းကမ်းလှမ်းလာပါတယ်။ ဒီလိုနဲ့ ပက်ထရစ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ အာသာနဲ့ တင်းကြပ်တဲ့စည်းကမ်းတွေ အပေးအယူတွေကို သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့လာရ‌ပါတော့တယ်။ စပွိုင်လာကင်းအောင် အများကြီးမညွှန်းထားပါဘူး။ ဇာတ်အိမ်ကအတော်ကောင်းသလို ၉နှစ်သမီးအဲလစ်ရဲ့သရုပ်ဆောင်ချက်ကလည်း အတော်ပီပြင်တာမလို့ Horror ပရိတ်သတ်တွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ မမှားတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ကြောင်း ညွှန်းဆိုပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ (သွေးသံတရဲရဲဇာတ်၀င်ခန်းတွေပါရှိတာကိုတော့ သတိပြုပေးစေလိုပါတယ်) File size…(1.5 GB)/(713 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven

Comedy
0 2009
Wake Wood
Bound to Vengeance
5.6

ဘယ်နေရာမှန်း မသိတဲ့အိမ်ကြီးတစ်လုံးရဲ့အခန်းထဲမှာ အဖမ်းခံထားရတဲ့ ကောင်မလေးတစ်ယောက်။သူ့ကိုယ်သူ ဘယ်ရောက်နေမှန်းမသိဘူး.. သူဒီကို ရောက်နေတာဘယ်လောက်ကြာပြီဆိုတာကိုလည်း မသိဘူး. သူသိတာဆိုလို့ သူ့ကိုဖမ်းထားတဲ့လူတွေက သူ့ကိုမဖွယ်မရာတွေပြုလုပ်တယ် အစာကျွေးတယ် ရေတိုက်တယ်ဆိုတာပဲသိတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ အဲ့လိုမတော်မတရားအလုပ်ခံနေရာကို စိတ်ကုန်နေတဲ့ ကောင်မလေးက သူ့ကိုဖမ်းထားတဲ့ လူကိုတိုက်ခိုက်ပြီးထွက်ပြေးလာပါတော့တယ်။ ဒါပေမယ့် သူ့လိုမျိုးတခြားအဖမ်းခံထားရတဲ့ ကောင်မလေးတွေရှိသေးတယ်ဆိုတာကို သိရတဲ့အခါမှာ သူ့ကိုဖမ်းထားတဲ့ လူကိုသတ်ဖို့ကလည်းမဖြစ်နိုင်တဲ့အတွက် အဲ့ဒီလူကို ပြန်ဖမ်းထားပြီးတော့ တခြားကောင်မလေးတွေကို လိုက်ကယ်ပါတော့တယ်။ ဒါပေမယ့် အဲ့လိုသူရဲကောင်းလုပ်ရတာက ထင်သလောက်မလွယ်ကူဘဲ တခြားခက်ခဲတဲ့ အရာတွေလဲ အများကြီးရှိနေတဲ့အခါမှာတော့ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့ Bound To Vengeance ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.03GB / 492MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.6 2015 80 mins
Bound to Vengeance
You, Me, and that Mountain Retreat
6.1

ကိုယ်ရယ် မင်းရယ် ဒီတောစခန်းရယ် (You Me and that Mountain Retreat) ဒီဇာတ်ကားလေးကတော့ ၂၀၂၃ မှာတင်ထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါ.. ဇာတ်လမ်းလေးကတော့ IAM ဆိုတဲ့ကုမ္ပဏီမှာ အလုပ်ဝင်ချင်တဲ့ ရေဗက္ကာဆိုတဲ့ ကောင်မလေးနေရာကနေ ကြည့်ရှူခံစားရမှာပါ ဒီဇိုင်နာတစ်ယောက်ဖြစ်တာနဲ့အညီ introvert တစ်ယောက်လိုအခန်းထဲမှာပဲ အောင်းပြီး အလုပ်လုပ်ချင်တဲ့သူမအတွက် ခေါင်းဆောင်ရာထူးတစ်ခုကို လျှောက်မိတဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ အခက်အခဲ တွေ့ရပါတော့တယ်.. ဒါ့အပြင်သူလျှောက်တဲ့ကုမ္ပဏီကလည်း သာမန်မဟုတ်ပါဘူး သဘာဝတရားကြီးကို ချစ်မြတ်နိုးတဲ့သူကိုယ်တိုင် တည်ထောင် ထားတဲ့ ကုမ္ပဏီမလို့ ကုမ္ပဏီရဲ့ပုံစံကတခြားခေါက်ရိုးကျိုး သမားရိုးကျပုံစံတွေနဲ့ ကွာခြားလှပါတယ် ဒီလိုပဲ ဆန်းဆန်းပြားပြားတွေ လုပ်တတ်တာနဲ့အညီ IAMရဲ့အလုပ်ခန့်ဖို့နောက်ဆုံးလူရွေးပွဲကို တောစခန်းတစ်ခုမှာလုပ်မှာပါ ဒီနေရာမှာ ၁၀ရက်ကြာ ဘယ်လိုမျိုးတွေတွေ့ကြုံဖြတ်သန်းရဦးမလဲ… ဒီကြားထဲမှာ သူမနဲ့ပြောင်းပြန် လူတွေနဲ့ပနံသင့် စကား ရွှန်းရွှန်းဝေအောင်ပြောနေတတ်တဲ့ အရောင်းစာရေးတစ်ယောက်နဲ့ အတူတူအတွဲက ကျလိုက်ပါသေးတယ် စရိုက်ချင်မတူတဲ့အပြင် ကိုယ့်ဆရာက အဲယားကွန်းခန်းထဲကမထွက်ချင်တဲ့သူတစ်ယောက် စခန်းချထွက်တဲ့နေရာကိုရောက်နေတဲ့အခါမှာတော့ ……….. အားလုံးအတွက် ပျော်ရ ရီရ အပန်းဖြေ ရတဲ့ comedy romance ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်… File size…2.07GB / 947MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khnat Paing

Drama • Romance
6.1 2023
You, Me, and that Mountain Retreat
[18+] Dirty Ice Cream
6.2

Dirty Ice Cream (2024) ============== အလွန်ပူလောင်လွန်းလှတဲ့ နေ့လည်ခင်းတစ်ခုဖြစ်ပါတယ်။လျှပ်စစ်မီးကလည်းထူးထူးခြားခြားပျက်နေတဲ့အတွက် တစ်ရပ်ကွက်လုံးအပူဒဏ်ကြောင့် မနေနိုင်မထိုင်နိုင်ဖြစ်နေကြပါတယ်။အဲ့ဒီလူတွေထဲမှာ ရပ်ကွက်ထဲက အိမ်ကြီးရှင်မမကြီးတွေပါသလို အိမ်အကူလှလှလေးတွေလည်းပါပါတယ်၊ အဲ့ဒီအချိန်မှာ သူတို့အတွက် အဆင်သင့်ရောက်လာကတော့ ရေခဲမုန့်ရောင်းတဲ့လူချောလေးနှစ်ယောက်ပါပဲ။ ဒီနှစ်ယောက်ဟာ သူတို့ရဲ့အပူတွေကိုရေခဲမုန့်တွေနဲ့အေးငြိမ်းစေမှာဖြစ်သလို ရာဂမီးတွေကိုလည်းဖြည့်ဆည်းငြိမ်းသက်ပေးမှာဖြစ်ပါတယ်။ ရှုစားကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(600MB)/( 300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌‌alias

Adventure • Drama • Family
6.2 2024 44 mins
[18+] Dirty Ice Cream
Monte Carlo
5.8

Monte Carlo (2011) အဆိုတော် Selena Gomez တယောက် ၁၈ နှစ်အရွယ်လောက်က ရိုက်ကူးထားတဲ့ ရှားရှားပါးပါးချစ်စရာရုပ်ရှင်ကားလေးပါ။ ဆလီနာဂိုးမက်ဇ်အပြင် Katie Cassidy ၊ Leighton Meester တို့လို မမကြီးတွေပါ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… Grace (Selena Gomez) ဟာ တက္ကဆက်က ဆင်းရဲတဲ့ စားပွဲထိုးကောင်မလေးတယောက်ဖြစ်ပြီး ပါရီမြို့ကိုအလည်သွားဖို့ဆိုတာ သူမရဲ့အိမ်မက်ဖြစ်ပါတယ်… ဒီလိုနဲ့ အထက်တန်းလဲအောင်မြင်ပြီးတာနဲ့ သူမနဲ့ သူငယ်ချင်း Emma (Katie Cassidy)၊ အစ်မ Meg (Leighton Meester) တို့ဟာ ပါရစ်မြို့ကို အလည်အပတ်ခရီးထွက်ကြပါတယ်။ ဖြစ်ချင်တော့ ပါရီမှာ Grace နဲ့ တထေရာထဲတူတဲ့ သူဌေးသမီး Cordelia Winthrop Scott ကို တွေ့ပြီး မတော်တဆ အစားထိုးဝင်ရောက်သွားတဲ့အခါ တက္ကဆက်က စားပွဲထိုးကောင်မလေးဟာ Monte Carlo က သူဌေးသမီး ဇိမ်ခံဘဝကို တမုတ်ဟုတ်ချင်းရောက်သွားပါတော့တယ်။ “တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝကို ခဏနေကြည့်ဖို့ လိုတယ်… ဒါမှ ကိုယ့်ဘဝကို ပိုတန်ဖိုးထားတတ်မယ်” ? ခရီးသွား စွန့်စား ချစ်စရာ ဟာသ ရိုမန့်ဇာတ်ကားဖြစ်တာနဲ့အညီ ပါရီနဲ့ Monaco ရဲ့ လှပတဲ့မြင်ကွင်းတွေနဲ့ အလွဲလွဲအချော်ချော် မင်းသမီးချော မင်းသားချောလေးတွေနဲ့ ချစ်စရာရုပ်ရှင်ကားလေးဖြစ်ပါတယ်။

Animation • Fantasy • Action
5.8 2011 109 mins
Monte Carlo
Floating Weeds Ukigusa
7.9

Floating Weeds (1959) IMDb Rating (7.9) / Rotten Tomatoes (96%) ဒါရိုက်တာတိုင်းမှာ သေချာတဲ့ဟန်တစ်ခု ရှိဖို့တော့ မလွယ်ပေမဲ့ ဖလင်မိတ်ကာတိုင်းမှာတော့ ဟန်တစ်ခုက သိသိသာသာကို ရှိတယ်။ အိုဇုတို့ ခေတ်နဲ့ မရှေးမနှောင်းထဲတော့ ဟန်တစ်ခုလည်းရှိသလို ဂျပန်ရုပ်ရှင်ဆန်တယ်ဆိုတဲ့ ခံစားချက်ပါ တွဲပေးနိုင်တာ အိုဇုပဲ ရှိတယ်လို့ ကျွန်တော်တော့ မြင်တယ်။ ကူရိုဆာဝါကျ အိုဇုလောက် ဂျပန်ဟန် သိပ်အားမကောင်းလှဘူး။ ဒါက ဆန်းတော့လည်း မဆန်းလှပါဘူး။ အိုဇုရုပ်ရှင်တွေဟာ ဂျပန်လူနေမှု ဂျပန်ဘဝမှာပဲ အခြေခံပြီး ဂျပန်ရိုးရာယဉ်ကျေးမှုနဲ့ ဂျပန်အတွေးအခေါ်အပြည့်နဲ့ ရုပ်ရှင်တွေကိုပဲကိုး။ ကင်မရာအယူအဆကအစ တတမိဗျူးနဲ့ရိုက်တဲ့ အထိ သူ့ယဉ်ကျေးမှုကို သူ့ရုပ်ရှင်ထဲ သွတ်သွင်းနိုင်စွမ်းက အားကောင်းခဲ့တယ်။ တင်ဆက်ပုံပိုင်းမှာလည်း အိုဇုက ထူးတာတစ်ခုတော့ရှိတယ်။ တစ်ခါတလေကျ သူက ဇာတ်ရဲ့အရေးအပါဆုံးလို့ ထင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို မပြတော့ဘူး။ အဲဒီနောက်မှာပဲ အရှေ့က မပြထားတဲ့အခန်းကို စကားနည်းနည်းနဲ့ သရုပ်ပြန်ဖော်တတ်တယ်။ အိုဇုလွှမ်းမိုးမှုအားကောင်းခဲ့တဲ့ Koreedaရဲ့ Still Walkingတို့ ဘာတို့မှာလည်း ဒီဟန်ကို သုံးထားခဲ့ပါသေးတယ်။ ဒီဟန်ကို ကျွန်တော်က စစက ဟဲမင်းဝေးရဲ့ စာရေးဟန်လိုမျိုး ထင်ခဲ့ပေမဲ့ ဒီနောက်မှသိလိုက်ရတာက တကယ်တမ်း ဒါကိုကလည်း ဂျပန်ယဉ်ကျေးမှုထဲ ရှိနေတဲ့အရာပါပဲ။ ဂျပန်လိုဆို (မ)လို့ခေါ်တယ်။ ဗမာဆိုလို ကွက်လပ်ပေါ့။ ဗလာတစ်နေရာပေါ့။ ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ဂျပန်မှုတစ်ရာထဲ မနဲ့ပတ်သက်ပြီး ဒီလိုရေးထားတယ်။ မ (MA) – နေရာကွက်လပ် , စပ်ကြား , ခေတ္တရပ်ဆိုင်းခြင်း ဂျပန်တွေဟာ မိတ်ဆွေတွေနဲ့ ဆူဆူညံညံ စကားပြောရင်း တွေ့ဆုံသလို ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ရင်းလည်း တွေ့ဆုံလေ့ရှိတယ်။ စကားမပြောဘဲနဲ့ ငုတ်တုတ်ထိုင်နေရင် ပိုပြီးပြည့်စုံအောင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရတယ်လို့လည်း ယုံကြည်တယ်။ ဒီလိုတွေ့ဆုံပြီး စကားမပြောဘဲ နေတဲ့သဘောကတော့ ဘေးလူကြားမှာ စိုးရတဲ့ လျှို့ဝှက်ကိစ္စကို အစပျိုးပြီး ကျန်တာ ဆက်စဉ်းစားပေတော့ဆိုတဲ့ သဘော။ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းဆိုတဲ့ သိပ်စိတ်လှုပ်ရှားစရာကိစ္စကို ဆက်ပြောရင် ပေါက်ကွဲသွားမှာစိုးလို့ဆိုတဲ့ သဘောတွေ ပါတယ်။ ဂျပန်လူမှုဆက်ဆံရေး ဒဿနိကမှာ ဒီလိုပြုမူပုံမျိုးကို “လှိုင်းမထစေနဲ့”လို့ တင်စားပြီး ပြောလေ့ရှိပါတယ်။ ဘာမှဝန်မခံဘဲ အဖြေကို သူ့ဘက်ကိုယ့်ဘက်မျှပြီး စဉ်းစားယူပါတော့လို့ ဆိုရာလည်းရောက်တယ်။ အပြတ်ငြင်းရတယ်ဆိုတာ သိပ်မဟန်ဘူး။ ရုပ်မပျက်ဘူး။ ကျွန်တော် တစ်ခါက ကြုံဖူးတာက အတိအကျ ရှင်းရှင်းငြင်းမိပြီးမှ တစ်ဖက်က ဆိုလိုတာကို သဘောမပေါက်ဘဲ ခါးခါးသီးသီး ငြင်းမိတာပဲ အဖတ်တင်ပြီး ခိုးလုခိုးလု ဖြစ်ကျန်ရစ်တယ်။ တိုကျိုမှာ ကျွန်တော် စာသင်တုန်းက နှစ်နှစ်ကြာတော့ ကျွန်တော် အလုပ်ထွက်ချင်တယ်။ ဘယ်လိုပြောလို့မှ သဘောမပေါက်တဲ့အပြင် လခဆက်ပေးနေတာနဲ့ လေးနှစ်ဖြစ်သွားတယ်။ ဘာမှမပြောဘဲ အတန်းလည်းမယူ, စာလည်း မစစ်ပေးတော့မှ တက္ကသိုလ်အာဏာပိုင်တွေက ထွက်စာ ပို့ပါတယ်။ အဲဒါက အထက်က ပြောပြီးတာတွေအတွက် ဥဒါဟရုဏ်ပါပဲ။ သူတို့ဘာသာစကားကို လေ့လာလေ, သူတို့နဲ့ အတူနေတာကြာလေ, သူတို့ဓလေ့ကို ကြုံတွေ့ပါများလေ , သူတို့စကားလည်လည်ပတ်ပတ် တတ်ရုံနဲ့ မပြီးဘူးဆိုတာ သိလာလေပါပဲ။ သူတို့ဓလေ့မှာ တုံဏှိဘာဝေနေဖို့ စည်းချက်ညှိတတ်ရမှာပါကလားလို့ သိလာတယ်။ ဒီစည်းချက်ကို သိဖို့ ကိုယ်လိုသလို အသုံးချတတ်ဖို့ဟာ မဆိုတဲ့ တုံဏှိဘာဝေမှာ အလိုလားအပ်ဆုံး အခြင်းအရာဖြစ်ပါတယ်။။ ဒေါန်ကေနန်နီ အိုဇု ဒီဟန်ကို ယူရာမှာတော့ ပြလိုက်ရင် ပေါ့သွားမှာစိုးလို့ဆိုတဲ့ သဘောလည်းပါမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အဲဒီသဘောဆိုရင်တောင် အပေါ်က မရဲ့ လက္ခဏာတွေ အကျုံးဝင်နေသေးတာပါပဲ။ ဆိုတော့ အိုဇုရဲ့ ရုပ်ရှင်တွေမှာ ဟန်, ကင်မရာအယူအဆ, ဇာတ်အိမ်, ဇာတ်အဖြည့်ပစ္စည်း, သရုပ်ဆောင်တွေကအစ ဂျပန်ဆန်နေတယ်လို့ပြောရမယ်။ ဒီဓာတ်ကို ကားတိုင်းမှာရနေဖို့က ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေနဲ့ ရိုက်ပြနိုင်ဖို့ထက် ခက်လိမ့်မယ်။ ကျွန်တော့်အမြင်အရပေါ့။ အနုပညာဟာ ယဉ်ကျေးမှုကနေတစ်ဆင့်ပဲ နိုင်ငံတစ်ခုရဲ့ သီခြားဟန်ကို ပေါ်လွင်လာစေနိုင်တယ်။ လာခဲ့တဲ့လမ်းကို မမေ့ခြင်းပေါ့။ အိုဇုဟာ သူ့မြစ်ဖျားကို သူ သိပ်တွယ်တာတဲ့ ဖလင်မိတ်ကာတစ်ယောက်လို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း သူ့ရုပ်ရှင်ဟူသမျှဟာ ရိုးရှင်းစွာနဲ့ အားကောင်းနေတာပါပဲ။ အိုဇုဟာ စစ်ကြိုခေတ်က ရိုက်ထားတဲ့ အသံတိတ်အဖြူအမဲကားတွေကို စစ်ပြီးခေတ်မှာ အသံတွေ အရောင်တွေနဲ့ ပြန်ရိုက်တာတွေ ပမာဏတစ်ခုအထိ လုပ်ခဲ့ပါတယ်။ Floating Weeds ( 1959 )ကလည်း အဲဒီလိုပြန်ရိုက်ခဲ့တဲ့ထဲက တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုပဲ နည်းနည်းကွဲလွဲပြီး ၁၉၃၄မှာ Story of Floating Weedsဆိုပြီး ရိုက်ခဲ့ဖူးတယ်။ ဒီမှာ တစ်ခုရှိတာက စုဗူးနဲ့ကလေး အခန်းကြည့်ချင်ရင်တော့ မူရင်း အသံတိတ်ကားကို ကြည့်ရမှာပါ။ ဒီကားကိုကြည့်ပြီး ၁၉၃၄ကားကို ကြည့်ရင်တော့ ဇာတ်လမ်းနားမလည်မှာ ပူစရာမလိုပါဘူး။ Youtubeနဲ့ တောရန့်ဆိုက်တွေမှာ အလွယ်တွေ့နိုင်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကိုက ရေယူရာမျောနေရတဲ့ပေါင်းမြက်ပင်တွေဆိုတဲ့ သဘောပါပဲ။ တင်ချင်လည်း တင်မယ်ပေါ့။ ဆိုတော့ နာမည်ကို ဘာသာပြန်ဖို့လိုလာရင်တော့ ဒီတိုင်းပြန်ဖို့ကလည်း မချောနေတော့ သူ့သဘောကလည်း ” ကမ်းကွေ့မှခွေ၊ ကမ်းပြေတော့စင်း” “လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း” “ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ” ” ဒီချောင်း‌ရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့” စသဖြင့် ဗေဒါလမ်းရဲ့ Conceptတွေနဲ့လည်း တော်တော်တူနေတော့ ဗေဒါလမ်းလို့ ချရင်ချလို့ရတယ်။ ဇာတ်ကြောင်းကတော့ ဒီဗေဒါတွေလိုဖြစ်နေတဲ့ ဇာတ်သမားတွေရဲ့ ဘဝဇာတ်ကြောင်း ဘဝဇာတ်နာပေါ့။ ပြောရရင် အဲဒီဇာတ်ကြောင်းကိုကလည်း ယဉ်ကျေးမှုပဲဆိုတော့ အိုဇုက သူ့ဖရိန်ထဲ အပြည့်အဝင်တယ်။ ဇာတ်သမားဆိုတာ နယ်လှည့်က, ပွဲသာရာရွေ့ ဗေဒါတွေလိုမျောရင်း , အခါမကောင်းလို့ ဇာတ်ခေါင်းကွဲရင် ဗေဒါတွေ ကမ်းဆိပ်မှနေအိပ်သလို အိပ်ရတဲ့လူတွေပေါ့။ ကျားမ အလီလီနဲ့ နယ်လှည့်နေတဲ့နောက် ဘယ်အဖွဲ့အစည်းမှာမဆို အကောင်းရော အဆိုးရောရှိနေမှာဖြစ်တဲ့နောက် မကောင်းတဲ့လူတွေလည်း ရှိကြတော့ ဒါကိုပဲ မြင်ပြီး ဇာတ်သမား ဇာတ်သမဆိုတာ မကောင်းဘူးလို့ ရှက်စရာလို့ သတ်မှတ်ကြတဲ့ စံနှုန်းတွေရဲ့ ဒဏ်ကိုပါ ခံနေရတဲ့လူတွေလို့ပြောလို့ရတယ်။ ဒါက ဒီဘက်မှာလည်း တင့်တယ်ရဲ့ ချစ်မိသည့်ဝန်တို့, မောင်ဝဏ္ဏရဲ့ ခြေဖဝါးတော်နုနုတို့ ဘုန်းနိုင်ရဲ့ မိုးညအိပ်မက်မြူတို့, နောက် တွတ်ပီစာအုပ်တွေမှာပါ ပုံဖော်တတ်ကြပါတယ်။ အာရှနိုင်ငံတွေရဲ့ တစ်ချို့ ယဉ်ကျေးမှုတွေက သိပ်မကွာလှဘူးဆိုတော့ အခြေအနေတွေက တစ်ပုံစံတည်းနီးပါးလို့တောင် ပြောလို့ရတယ်။ ပြတဲ့ ဇာတ်တွေတော့ ကွာတာပေါ့။ ဂျပန်တွေရဲ့ ပြဇာတ်တွေက ၄၇ရိုနင်ဇာတ် ဝါ ချူရှင်ဂူရပြဇာတ်လို ဇာတ်တွေလို အမြင့်တွေဆို စံတစ်မျိုး တခြားဆို စံတစ်မျိုး Nohတို့ Kabukiတို့ Bunrakuတို့ ခွဲထားတာတွေရှိတယ်။ ဒီထဲတော့ ခါဘုခိပဲ ပြသွားတယ်။ ဇာတ်ကတာတောင် သိပ်မပြပါဘူး။ ဇာတ်သမားတွေရဲ့ လူနေမှုနဲ့ လူမှုဒဏ်ကို အဓိကပြထားတယ်။ ဇာတ်သမားဘဝရဲ့ အဆိုးဆုံးအဖြစ်လို့ ပြောရမယ့် ဇာတ်ခေါင်းကွဲတဲ့ အဆင့်အထိ ပြထားတယ်။ အိုဇုရဲ့ ထုံးစံအတိုင်း အဖေနဲ့သားကြားက ပဋိပက္ခနဲ့ မိသားစုရဲ့ထရာဂျဒီတွေနဲ့တော့ ဇာကွပ်ထားတယ်။ ကွဲပြားအောင် ပြောရရင်တော့ ဒီဇာတ်လမ်းဟာ ရေယူရာမျောရင်း ပွဲရှိရာ ခြေဦးလှည့်ရတဲ့, ဇာတ်ခေါင်းကွဲတဲ့အခါ ရေမျောရာကမ်းတင်ရတဲ့ ဗေဒါတွေလို ဇာတ်သမားတွေရဲ့ ဘဝအကြောင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:59:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Thriller
7.9 1959 115 mins
Floating Weeds Ukigusa
The Elephant Man
8.2

ဒီဇာတ်ကားလေးကတော့ 1980 မှာထွက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျိုးဆက်ဖ် မဲရစ်ခ် ဆိုသူအကြောင်းကို ပြန်လည်ရိုက်ကူးထားပြီး ဇာတ်ကားထဲမှာတော့ ဂျွန် မဲရစ်ခ် လို့ နာမည်ကို သုံးထားပါတယ်။ ဂျွန် ဟာ တစ်ကိုယ်လုံးပုံပျက်ပန်းပျက်ဖြစ်နေတဲ့သူ ဖြစ်ပြီး သူ့ကို ဆင်လူသားလို့ အများက ခေါ်ကြပါတယ်။ သူ့ကို လူထူးဆန်း ပြပွဲရုံတွေမှာ လိုက်ပြပြီး ပိုက်ဆံရှာကြရင်း ဒေါက်တာ ဖရက်ဒရစ်က သူ့ကို တွေ့သွားခဲ့ပါတယ်။ ဖရက်ဒရစ်ဟာ ဂျွန်ကို တွေ့သွားတဲ့အချိန်မှာ သူ့ရဲ့အခြေအနေကို စိတ်ဝင်စားသွားပြီး စစ်ဆေးမှုလုပ်ဖို့ ခေါ်ယူခဲ့ပါတယ်။ ဒီလိုကနေမှ အကုန်လုံးက ငတုံးငအလို့ သတ်မှတ်ထားတဲ့ ဆင်လူသား ကြီးဟာ စာတတ်ပေတတ်ဖြစ်ပြီး စိတ်နှလုံး နူးညံ့တဲ့ သူမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဖရက်ဒရစ်ဟာ ဂျွန်ရဲ့ အဖြစ်မှန်တွေကို ချပြကာ လူတွေလက်ခံလာအောင် ကြိုးပမ်းပါတော့တယ်။ ဒီလိုကာလမှာပဲ အရင်က ဂျွန်ကို ပြစားခဲ့တဲ့ လူဟာ သူ့ကိုပြန်လိုချင်နေပါတော့တယ်။ ဆင်လူသား လို့ခေါ်ဝေါ်ကြတဲ့ ဂျွန်ရဲ့ ဘဝဟာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ သူ့ကို လူတွေလက်ခံလာကြမလား ဘယ်လိုအခက်အခဲတွေတွေ့လာမလဲ ဆိုတာကို ဒီ ဖြစ်ရပ်မှန် ဇာတ်‌ကားကောင်းလေးထဲမှာ ရှုစားပေးကြပါဦး။ File size…(1.6 GB)/(730 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:04:00 Genre… Tragedy, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alavro

Action • Drama
8.2 1980 124 mins
The Elephant Man
Analyze That
5.9

ဒီဇာတ်လမ်း‌လေးက ဖခင်မေတ္တာနဲ့ဖခင်တစ်ယောက်ရဲ့သားတစ်ယောက်အပေါ်လွှမ်းမိုးနိုင်မှုကိုဖော်ပြပေးထားတာပါ ဇာတ်လမ်းကိုနာမည်ကြီးစာရးဆရာတစ်ယောက်လည်းဖြစ် စိတ်ရောဂါကုဆရာဝန်တစ်ယာက်လည်းဖြစ်တဲ့ အိုင်းစက်ဆိုဘာ ဆိုသူရဲ့ နာရေးနဲ့အစပြုထားပါတယ် အဲဒီမှာဒီဇာတ်လမ်းရဲ့အဓိက‌‌ဇာတ်ဆောင်ဖြစ်လာမဲ့သူ့ရဲ့သားဖြစ်သူ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စိတ်ရောဂါကုဆရာဝန်ဒေါက်တာဘန်ဆိုဘာ ဟာ သူ့အတွေးနဲ့သူ အဖေဖြစ်သူကိုကြိတ်မုန်း‌နေခဲ့တာပါ သူဟာသူ့ဖခင်ချီးကျူးတာကိုခံချင်လို့ ဖခင်ရဲ့လမ်းစဉ်အတိုင်းလိုက်ခဲ့တာပဲဖြစ်ပါတယ် တစ်ဖက်မှာတော့ ဒေါက်တာဘန်ဆိုဘာရဲ့လူနာတစ်ယာက်ဖြစ်ခဲ့ဖူးတဲ့ မာဖီးယားဂိုဏ်းခါင်း‌ဆောင်ပေါလ်ဗစ်တီဟာ ထောင်ကျ‌နေခဲ့တာပါ သူ့ရဲ့မာဖီးယားအလုပ်ကိုပါစွန့်လွှတ်ပြီး‌စိတ်မတည်ငြိမ်ဖြစ်‌နေခဲ့ပြီး‌တော့ထောင်ထဲမှာလည်းသူ့ကိုလိုက်ပြီးအသက်အန္တာရယ်ပေးနေတဲ့သူတွေရှိတဲ့အတွက် ရူးချင်‌ယောင်ဆာင်ရပါ‌တော့တယ် သူဟာဆိုရင်လည်း သူ့အဖေအသတ်ခံရတာ‌ကြောင့် အသက်၁၂ နှစ်လာက်ကတည်းက လူမိုက်လောကကိုရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ် ဒီလိုနဲ့ သူရူးချင်ယောင်ဆောင်တာကိုလိမ်နေတယ်လို့ထင်တဲ့အတွက် ဒေါက်တာဘန်ဆိုဘာကစစ်‌ဆေးပေးရပါတာ့တယ် အဲ့လိုနဲ့သူတို့နှစ်‌ယောက်ရဲ့သူငယ်ချင်းဘဝကစတင်ပါတော့တယ် ယောက်ျားရင့်မာကြီးနှစ်‌ယောက်လုံးဟာ ဖခင်မေတ္တာကိုမသိခဲ့ဘဲ သူတို့ကိုယ်တိုင်ဖခင်‌တွေဖြစ်စေချင်ခဲ့တာတွေကိုစွန့်လွှတ်ခဲ့ကြတာပါ ပေါလ်ကိုဘယ်သူ‌တွေလိုက်သတ်နေတာလဲ သူတို့နောက်ကွယ်မှာရောဘယ်သူတွေက ခြယ်လှယ်နေတာလဲဆိုတာကို‌ေတာ့ ဒီဇာတ်လမ်း‌လေးကိုကြည့်ပြီး အဖြေရှာလိုက်ကြပါဦးဗျ ဇာတ်လမ်း‌လေးကတော့ crimeဆန်ဆန်ကိုမှ ဟာသ‌လေး‌နှောပြီးတင်ဆက်ထားတာ‌ကြောင့် အပျင်း‌ပြေကြည့်ရင်တောင် အချိန်ကုန်ရကျိုးနပ်မှာပါ။ File size…(2.1 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre… Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M Min Htike

Comedy • Romance
5.9 2002 96 mins
Analyze That