YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Prison Break S5 (Ep1-9-END) 1080p- CM Version.zip

8.26 GB N/A application/x-zip-compressed 225 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Margin Call
6.8

Margin Call ဆိုတာ Trading လောကမှ စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ မိမိအကောင့်၊ မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ သတ်မှတ်တန်ဖိုးအောက်စျေးကျသွားတဲ့အတွက် အကောင့်ပိတ်မသွားအောင် ‌ငွေထပ်ထည့်စိုက်မလား၊ ရှိသမျှပိုင်ဆိုင်မှုတွေရောင်းချမလားကို သတ်မှတ်ပေးတဲ့စည်းမျဥ်းတစ်ခုပါ။ တစ်နည်းပြောရရင် တန်ဖိုးကျသွားလို့ မွဲပြာကျသွားပြီး ဘဝမပျက်ချင်ရင် အကုန်ရောင်းလို့ဆိုလိုချင်တာပါ။ ဒီလိုခေါင်းစဥ်နဲ့ ဇာတ်လမ်းလေးကတော့ 2007-2008 ခုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခုအတွင်း ဒေဝါလီခံခဲ့တဲ့ ကုမ္ပဏီတစ်ခုကို စိတ်ကူးယဥ်ပြီးပြန်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းထဲမှာတော့ စတော့ရှယ်ယာလိုမျိုး၊ အာမခံငွေလက်မှတ်လိုမျိုးတွေကို အရောင်းအဝယ်လုပ်တဲ့ ရင်းနီးမြှုပ်နံမှုကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်‌ယောက်ဟာ စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကိုကြိုသိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလောကမှာက ယခင်ဖြစ်ခဲ့ဖူးတဲ့ စျေးနှုန်းတန်ဖိုးတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကိုကြည့်ရှုပြီး နောင်ဖြစ်လာနိုင်တာကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်လို့ပါပဲ။ ဖြစ်လာမယ်မှန်းလည်းသိပြီဆိုတော့ ဒီပျက်ကပ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ကြံကြပြန်ပါတယ်။ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်လေ ဆုံးရှုံးနိုင်မှုနည်းလေးပဲဆိုတော့ ညတွင်းချင်းဆုံးဖြတ်အတည်ပြုကြပါတယ်။ ရှုပ်ထွေးလှတဲ့လောကကြီးမှာ သူများထက် ခေါင်းပိုသုံးတဲ့သူ၊ ဉာဏ်နီဉာဏ်နက်များတဲ့သူ၊ လက်တစ်လုံးခြားလူလည်ကျမှ ရှင်ကျန်စမြဲဖြစ်ကြောင်းရိုက်ပြထားတဲ့ စိတ်ဝင်စားစရာ financeကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.9GB, 635MB, 346MB Quality            : 1080p Blu-ray AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 47mins Genre              : Drama, Thriller Translated by Themes Encoded by Kinnov

Crime • Drama • Thriller
6.8 2011 107 mins
Margin Call
Great Expectations
6.7

ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Adventure • Comedy • Family • Romance
6.7 1998 111 mins
Great Expectations
Black Panther: Wakanda Forever
7.2

မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ ဇာတ်လမ်းအညွှန်း အားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ အိုင်ရွန်မန်းကိုဆက်ခံမယ့်သူ၊ ဘလက်ပန်သာကို ဆက်ခံမယ့်သူတွေအားလုံးကိုလည်းအစပျိုးသွားတာမို့ MCU ရဲ့ ခရီးရှည်ကြီးကို ဆက်ပြီးခံစားရဦးမှာပါပဲ။ ကြည့်လိုက်ကြပါဦး။ File size…(2.4 GB)/(1.1 GB) / 784MB   / 6.25GB Quality….Bluray 1080p / 720p / 480p / 4K Format…mp4 Duration….02:41:00 Genre...Action, Adventure, Superhero Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Drama
7.2 2022 162 mins
Black Panther: Wakanda Forever
Men
6.2

~ IMDb - 6.3/10, Rotten Tomatoes - 69% ~ A24 ဟာ တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးအောင်မြင်လာလိုက်တာ ဒီနှစ်ဆိုလည်း သူ့ပင်တိုင်လက်စွဲဒါရိုက်တာတွေဖြစ်တဲ့ Jordan Peele တို့ ရောဘတ်အက်ဂါတို့နဲ့ ကားမထုတ်ဖြစ်ပေမဲ့ တခြားနာမည်ကြီး ဒါရိုက်တာတွေ ဒါရိုက်တာအသစ်တွေနဲ့ ကားသစ်တွေထုတ်ခဲ့တာမှာ အကုန်လုံးနီးပါးလည်း အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ထွက်ပြီးသား A24ကားတွေကတော့ - " The Sky Is Everywhere, After Yang, X, Everything Everywhere All at Once နဲ့ Men " တို့တွေပါပဲ။ Everything Everywhere All at Once ဟာ A24 ရဲ့ ရုံဝင်ငွေအရရော အနုပညာအရရော စံချိန်တင်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို After Yang တို့ X တို့ကလည်း တကယ့်ရုပ်ရှင်ကောင်းတွေပါပဲ။ သို့ပေမဲ့ ဒီသုံးကားလုံးက သူတို့အရင်ကလက်မတွဲဖူးတဲ့ ဒါရိုက်တာတွေနဲ့ လက်တွဲရိုက်ကူးခဲ့တာပါ။ ဒီနှစ်မှာတော့ Ex Machina ကားနဲ့ A24 အတူ Debut လုပ်ခဲ့တဲ့ ဒါရိုက်တာ Alex Garland ရဲ့ Men ကို A24ကပဲ ထပ်ပြီးထုတ်ဝေခဲ့ပါတယ်။ Alex Garland ဟာ ရုပ်ရှင်သုံးကားပဲ ရိုက်ကူးထားပေမဲ့ သုံးကားလုံးအောင်မြင်ခဲ့ပါတယ်။ ပထမကား Ex Machina ဟာ တော်တော်အောင်မြင်ခဲ့သလို ဒုတိယကား Annihilation ကလည်း မခေပါဘူး။ ခုတတိယကားကလည်း ပရိသတ်တစ်ချို့ကတော့ တော်တော်သဘောကျနေကြပြီး ဝေဖန်ရေးသမားတွေကလည်း သရုပ်ဆောင်ပိုင်းနဲ့ Sound Design ပိုင်းကို တော်တော်ချီးကျူးထားကြပါတယ်။ Horror ကားတစ်ကားမှာ အသံကလည်း အသက်ပဲမို့လား။ စီနီမာလည်း လှပါတယ်။ ဇာတ်အိမ်အရမ်းကျဉ်းတာကလွဲ အပြစ်ပြောစရာမရှိတဲ့ ရုပ်ရှင်ကောင်းပါပဲ။ Folk horror Genre ကို ရိုက်ကူးထားတာပါ ။ ဒါရိုက်တာကောင်းရိုက်တာဆိုတော့ နည်းနည်းဇာတ်အိမ်ကျဉ်းသွားတာတောင် ကားကောင်းကားဆန်းကြီးဖြစ်နေတုန်းပါပဲ။ တော်တော်ထူးဆန်းတဲ့ ဇာတ်မို့ ဇာတ်လမ်းကိုတော့ မပြောပြချင်တော့ပါဘူး။ ဘာမှမသိဘဲကြည့်ရတာပိုအရသာရှိမှာပါ။ A24 ဖန်တွေ၊ Horror ဖန်တွေ၊ Alex Garland ဖန်တွေ၊ Ex Machina နဲ့ Annihilation ကို သဘောကျတဲ့လူတွေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ တစိမ့်စိမ့် သိချင်စိတ်ကိုဆွပြီး တသိမ့်သိမ့်ကြောက်ရွံ့ခြင်းရသ ပါးပါးကို ရချင်တဲ့သူတွေအပြင် Body Horror ဖန်တွေလည်း ကြည့်သင့်ပါတယ်။ A24 ရဲ့ ရုပ်ရှင်ကားကောင်းတွေကို သဘောကျတဲ့လူတွေ အကြိုက်တွေ့မယ်လို့ပြောနိုင်ပေမဲ့ A24 ကိုက လူတိုင်းကြိုက်တဲ့ ကားမျိုးတွေဖြန့်ဝေတာမဟုတ်တော့ ဒီကားဟာလည်း လူတိုင်းကြိုက်တဲ့ကားဖြစ်မယ်လို့ အာမ, မခံနိုင်ပေမဲ့ ကားကောင်းတစ်ကားဆိုတာတော့ အာမခံနိုင်ပါတယ်။ 2022 ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲ Men ကိုလည်းထည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 575MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 40Min Genre - Drama, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Drama • Romance
6.2 2022 100 mins
Men
Ad Astra
6.1

ဘရက်ပစ်ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်လာပါပြီ။ ဇာတ်လမ်းနာမည်ကတော့ လက်တင်ဘာသာစကားလုံးကို ယူထားတာဖြစ်ပြီး “ကြယ်တွေဆီသို့” လို့ အဓိပ္ပါယ်ရပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် စစ်စစ်ပါပဲ။ ဇာတ်လမ်းကတော့ အနာဂတ်ကာလမှာပေါ့။ လူတွေဟာ လကမ္ဘာနဲ့ နေအဖွဲ့အစည်းက ဂြိုလ်တွေပေါ်မှာ စခန်းတွေဆောက်ပြီး သုတေသနတွေ လုပ်နေကြပါပြီ။ ဒီ အာကာသ သုတေသနတွေရဲ့ သူရဲကောင်းကြီးတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ကလစ်ဖို့ မက်ဘရိုက်ဟာ အာကာသထဲမှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေကို ရှာဖို့ နေအဖွဲ့အစည်းရဲ့ အဆုံးအစွန်ထိ သွားရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ၁၀ နှစ်ကျော်ကြာလာတဲ့အခါ အဲဒီပျောက်ဆုံးသွားတဲ့ အဖွဲ့ရဲ့ ယာဉ်စခန်းကနေ ကမ္ဘာနဲ့ဂြိုလ်တွေအားလုံးကို အန္တရာယ်ပေးမယ် စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကြောင့် ဒေါက်တာ မက်ဘရိုက်ကို ရှာဖို့ သူ့ရဲ့ သားဖြစ်သူ ဗိုလ်မှူး ရွိုင် မက်ဘရိုက်က အာကာသထဲကို စွန့်စားခန်းဖွင့်ရပါတော့တယ်။ ဒီရုပ်ရှင်ကတော့ အာကာသထဲကို ခရီးသွားတာတွေကို သဘာဝကျကျမြင်ချင်ရင်၊ အခက်အခဲတွေကို ရင်တမမနဲ့ ကြည့်ချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။ File Size : ( 1 GB , 437 MB ) Quality :  WebRip 720p Running Time : 2 hr 03 min Format : Mp4 Genre :  Adventure , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Crime • Drama
6.1 2019 123 mins
Ad Astra
It Shall Not Be Named

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ It shall not be named ဆိုတဲ့ ဇာတ်ကားလေးပဲ​​ဖြစ်ပါတယ်။ ဒီကားလေးထဲမှာ ခရစ်စ်နဲ့ကတ်ဆိုတဲ့ ချစ်သူနှစ်ဦးရှိကြပါတယ်။ တရက်မှာ ကတ်က အပိုဝင်ငွေလေးရအောင်ဆိုပြီး အခန်းဖော်တစ်ယောက်ရှာပြီး သူ့အိမ်ကအခန်းတစ်ခန်းကိုငှားပါတော့တယ်။ အဲ့အခန်းဖော်ရောက်လာပြီးကတည်းက ကတ်တစ်ယောက် နာမ်လောကနဲ့ဆိုင်တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့လာရတာပါ။ သူ့ရည်းစားခရစ်စ်ကိုလည်း အခန်းဖော်သစ် ဂျက်စီနဲ့ အထင်လွဲ သဝန်တိုပြီး ဂျက်စီကိုအကောင်းမမြင်ဖြစ်လာပါတယ်။ နောက်ပြီးခြောက်ခြားစရာတွေလည်းကြုံတွေ့နေရလို့ ကတ်နဲ့ခရစ်စ်တို့နှစ်ယောက်က ဂျက်စီရဲ့အခန်းကိုခိုးဝင်ပြီး ရှာဖွေတဲ့အခါမှာ ဂါထာမန္တန်နဲ့စုန်းအတတ်ပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်။ ဂျက်စီရဲ့သရုပ်မှန်ကဘာလဲ ခရစ်စ်နဲ့ကရော တကယ်ပဲဖောက်ပြန်နေခဲ့သလား ကတ်ကရောဘယ်လိုခြောက်ခြားစရာတွေကြုံတွေ့ရဦးမလဲဆိုတာ ဇာတ်ကားလေးထဲမှာကြည့်ရှုပေးကြပါဦး…… File size…(1.4 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

0 2023
It Shall Not Be Named
Sukhee
7.3

Sukhee 2023(“ဒေလီက နုပျိုခဲ့သောနေ့ရက်များ”) ============================= Drama IMDb 8/10 ဒီတစ်ခါမှာတော့ ဖိုက်တင်ပလေးတဲ့ဇာတ်ကားမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်း ကိုယ့်ရဲ့ငယ်ဘဝကို တစ်ခေါက်တော့ ပြန်သွားချင်မိကြမှာပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးကိုယ်စီနဲ့ စိတ်တွေဖိစီးလာတဲ့အခါ ငယ်ဘဝကို လွမ်းဆွတ်မိတတ်ကြပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ စူခီဟာ ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း တစ်ဖက်မှာလည်း ခင်‌ပွန်းရဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်နေရတာပါ။ အိမ်ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ပေးနေရပေမယ့်လည်း ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ငြူစူမှုကိုပဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲအတွက် အဖိတ်ခံရတဲ့အခါ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရပြီး ပွဲကိုသွားရဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း အိမ်မှာမရှိမဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့စူခီဟာ အိမ်ကိုပစ်ထားပြီး သွားဖို့က ခက်ခဲနေပါတော့တယ်။ စူခီဘယ်လိုတွေကြိုးစားမလဲ။ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်ရနိုင်ဦးမလားဆိုတာကို ရသမျိုးစုံနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Thaik San~ Aditi~KKKZ နဲ့ Cherryတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Family • Drama
7.3 2023
Sukhee
Genie
5.9

Genie (2023) ========== IMDb Rating – 6.0/10 Genie 2023 ကားလေးကတော့ ခရစ်စမတ်ရုပ်ရှင်ကိုမှ ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒါရိုက်တာ Sam Boyd က ရိုက်ကူးခဲ့တာဖြစ်ပြီး IMDb rating 6.0 ရရှိထားပါတယ်။ အဓိကတော့ ခရစ်စမတ်အနှစ်သာ ရဆိုတာတွေ ၊ လူ့ဘဝအနှစ်သာရဆိုတာတွေကို လူတွေသတိထားမိအောင် ရိုက်ကူးထားတာပါ။ လူတွေက ငွေရရှိအောင်အလုပ်တွေလုပ်ရင်းက မိသားစုဘဝတွေ လက်လွှတ် ရတာမျိုးတွေဖြစ်တာတွေရှိတာမို့ ဒါကို သတိထားမိရအောင် ဟာသနှောပြီး ပြသထားတာပါ။ အေးအေးဆေးဆေးနဲ့ မိသားစုနဲ့ကြည့်ရမယ့် ဇာတ်ကားမျိုး ပါ။ ပြီးတော့ စိတ်ဝင်ဖို့ကောင်းအောင် ဂျင်းနီဇာတ်လမ်းနဲ့ရောပြီးတော့ တင် ဆက်ထားတာမို့ အေးအေးဆေးဆေးကြည့်ရမှာပါ ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.77 GB) / (710 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy Translator…….Thy Santa Encoder……….Zin Phyo Aung

Comedy • Drama • Horror
5.9 2023 93 mins
Genie
Armageddon
6.7

Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ လက်ရှိမှာလည်း တစ်ချို့ ဥက္ကာပျံအစိတ်အပိုင်းတွေကမ္ဘာပေါ်ကျရောက်လောက်ပြီး လူတစ်ချို့က အသက်အိုးအိမ်တွေ ပျက်စီးနေကြပါတယ်။ အန္တရယ်အများဆုံးနဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဥက္ကာပျံက ကမ္ဘာကြီးကို (၁၈)ရက် နေရင် ကျရောက်လာတော့မှာပါ။ ဒီအန္တရယ်ဆိုးကြီးမှ လွတ်မြောက်ဖို့အတွက် NASA အကြီးအကဲ Dan Truman က ဥက္ကာပျံဆီရောက်အောင်သွားပြီး အဲဒီဥက္ကာပျံရဲ့ အတွင်းအလယ်ဗဟိုနေရာအထိ တွင်းတူးကာ nuclear ဗုံးကို ထည့်ခွဲရင် ၎င်းဥက္ကာပျံကြီး အစိတ်စိတ်အမွှာမွှာကွဲကာ.. ကမ္ဘာမြေနဲ့ ဝေးရာကို လွင့်စင်သွားမှာဖြစ်လို့ အဲဒီလိုနည်းနဲ့ ဖြေရှင်းမယ်လို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် ဒီလို အန္တရယ်မျိုးတွေ ကျရောက်လာရင် ဖြေရှင်းနိုင်အောင်လို့ ကြိုတင်တွက်ချက်ကာ.. ရေနံတွင်းတူးစက်(Drilling Machine) နဲ့ ပုံစံတူ ယာဉ်ပုံစံဒီဇိုင်း ထုတ်ထားတာရှိပေမယ့် စက်ကို ကိုင်တွယ်အသုံးပြုဖို့ တော့ အာကသယာဉ်မှုးတွေကို သင်တန်းပေးတုန်းရှိပါသေးတယ်။ အဲဒီတော့ကာ… Harry Stamper သူက အရမ်းတော်တဲ့ အတွေ့အကြုံပြည့်ဝတဲ့ Drilling Engineer တစ်ဦးဖြစ်ပြီး သမီးဖြစ်သူ Grace ကိုလည်း သူနဲ့အတူ ကမ်းလွန်ရေနံတွင်းတူးစဉ်မှာအတူအလုပ်လုပ်ကိုင်ဖို့ ခေါ်ထားတဲ့ သမီးကိုအလွန်ချစ်တဲ့ ဖခင်ကောင်းတစ်ဦး.. နောက်တစ်ခုက NASA က တီထွင်ထားတဲ့ ယာဉ်ပျံရဲ့ အတုခိုးထားရတဲ့ Drill Design ကို ဖန်တီးရေးဆွဲသူတစ်ဦး A.J သူကတော့ Harry ရဲ့လက်အောက်မှာ (၅)နှစ်ခန့် တာဝန်ထမ်းဆောင်နေတဲ့ Drilling Enginner ဖြစ်ပြီး Harry ရဲ့ သမီး Grace နဲ့ မေတ္တာမျှနေတဲ့ ထက်မြက်ပြီး တစ်ဇွတ်ထိုးခေါင်းမာတဲ့ လူငယ်လေး တစ်ဦး…. ဒါ့အပြင် ရေနံစင်ပေါ်မှာ သက်စွန့်ဆံဖျားလုပ်ကိုင်နေကြတဲ့ Harry ရဲ့ ဆိုးတူကောင်းဖက် ရဲဖော်ရဲဖက်တွေဖြစ်တဲ့ Chick, Rockhound, Oscar, Bear, Max စတဲ့ လူတစ်စုကလည်း ရေနံစင်ပေါ်မှာ နေ့စဉ်လုပ်ကိုင်မြဲဖြစ်တဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်နေတုန်းမှာပဲ… FBI က Harry ကို NASA စခန်းဆီသို့ ခေါ်ဆောင်ပြီး ယာဉ်ပျံပေါ်လိုက်ပါကာ ဥက္ကာပျံကို ဖျက်ဆီးရာမှာ တာဝန်ယူဆောင်ရွက်ပေးဖို့ စေခိုင်းပါတယ်။ Harry ကလည်း သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာ အတူတကွ ပူးပေါင်းလုပ်ကိုင်လိုကြောင်း ပြန်လည်တောင်းဆိုတဲ့အခါမှာ NASA က တာဝန်ရှိသူတွေကလည်း သဘောတူလက်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Freedom နဲ့ Independence ဆိုတဲ့ ယာဉ်ပျံနှစ်စင်းနဲ့ လူနှစ်စုခွဲပြီး ကမ္ဘာကထွက်ဖို့ အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လေ့ကျင့်မှုတွေကို ပြုလုပ်ပြီး အစီအစဉ်ဆွဲကြပါတော့တယ်။ ယာဉ်(၂)စင်းက လမ်းတစ်ဝက်မှာ Russia အာကာသယာဉ်စခန်းမှာ ဆီဖြည့်ပြီး လကိုပတ်ကာ ဥက္ကာပျံဆီ သွားရဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် တင်လွှတ်တဲ့ အာကာသယာဉ်တိုင်းက ရည်ရွယ်ရာနေရာကို အောင်မြင်စွာရောက်သွားတဲ့ ယာဉ်တွေရှိသလို လမ်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပျက်ဆီးသွားခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်ဆိုတာ အားလုံးက သိရှိနားလည်ထားပြီးဖြစ်ကြတဲ့အလျှောက်.. Freedom နဲ့ Independence ဆိုတဲ့ ယာဉ်ပျံနှစ်စင်းကရော ကမ္ဘာမြေကို ကယ်တင်နိုင်ပါ့မလား.. သူတို့အတွက်အပြန်လမ်းရောရှိပါ့မလားဆိုတာ… ဒီဇာတ်ကားမှာ Disaster Film/Thriller သက်သက်မဟုတ်ပဲ Harry ရဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာ၊ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်း နဲ့ စိတ်ဓာတ် သူရွေးခြယ်ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရဲဘော်ရဲဖက်စိတ်ဓာတ် .. AJ နဲ့ Grace တို့ရဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုလည်း တွေ့မြင်ခံစားရမှာပါ.. သရုပ်ဆောင်တွေကိုတော့ ကျွန်တော်ဒီကားကို စစကြည့်ကြည့်ချင်းမှာ ဘယ်သူတွေမှန်းသိပ်မသိဘူးဗျ.. (ကျွန်တော် ၉တန်းလောက်က ပထမဆုံးကြည့်ဖူးတာမို့လို့) နောက်ပိုင်း ပြန်ကြည့်ကာမှပဲ.. Harry အဖြစ် Die Hard မင်းသားကြီး Bruce Willis A.J အဖြစ် Bat Man ကြီး Ben Affleck Grace အဖြစ် Liv Tyler တို့အပြင် သရုပ်ဆောင်ကောင်းများစွာပါဝင်အားဖြည့်ထားပါတယ်။ 1998က ထွက်တယ်ဆိုပေမယ့် ခုချိန် ကြည့်လဲ ဆက်တင်ပိုင်းတွေက ခေတ်မှီဆဲပါ Budget USD 140Millions သုံးပြီး USD 553.7 Millions ရရှိလောက်သည်အထိ အောင်မြင်ခဲ့ပါတယ်။ Movie Soundtruck တစ်ပုဒ်ဖြစ်တဲ့ Aerosmith အဖွဲ့ရဲ့ I Don’t Want to Miss a Thing သီချင်းလေးကလဲ Aerosmith ရဲ့ အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့အတိုင်းပဲ နားထောင်လို့ အတော်ကောင်းသဗျ။ ထွက်ထားတာကြာပေမယ့် အခုချိန်မှာထိခေတ်မှီပြီးကြည့်ကောင်းနေတာမို့ Bruce Willis Collection ဒါမှမဟုတ် Ben Affleck Collection အခွေတွေထဲမှာ ပြန်ရှာဝယ်လို့ရနိုင်မယ့် ကားတစ်ကားဖြစ်မယ်ထင်ပါတယ်။ #Admin_Y (ရုပ်ရှင်အညွှန်းကို Nucleon FB Page မှ ကူးယူဖော်ပြထားပြီး ရုပ်ရှင်ဘာသာပြန်ကိုတော့ Myo Min Aung(MMA) မှခံစားတင်ဆက်ထားပါတယ်။)

Drama • Western
6.7 1998 151 mins
Armageddon
Fuoshen: The Burning Man
5.8

လူငယ်လေးလျိုဟန်စွင့်ဟာ ကျိုဟယ်မြို့ ခရိုင်လုံခြုံရေးစခန်း စခန်းမှူးသွမ့်လင်ရဲ့ မွေးစားသားဖြစ်ပါတယ်။ မကောင်းသူပယ် ကောင်းသူကယ်တဲ့ သူရဲကောင်းလေးဖြစ်ချင်တဲ့ လျိုဟန်စွင့်ဟာ ရောဂါတစ်မျိုးကြောင့် သွမ့်လင်ရဲ့ ချုပ်နှောင်ခြင်းကို ခံထားရပါတယ်။ လမုန့်စားပွဲညမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားကြတဲ့ ပိုင်ထင်တောင်အမှုက စတေးသူများအဖွဲ့မှ ကလေး ၁၀ ယောက်ဟာ စက္ကူရုပ်လေးတွေ အဖြစ်နဲ့ မိဘတွေဆီကို ပြန်လာကြပြီး ဖျော်ဖြေပွဲလာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ လျိုဟန်စွင့်၊ တုစွိုက်နဲ့ စွန်းရှောင်ချို့တို့ ၃ ယောက်ဟာလည်း ပိုင်ထင်တောင်ကို သွားရောက်စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပိုင်ထင်တောင်မှာပုန်းခိုနေတဲ့ မှော်ဂူသောက်မှ နတ်မယ်တော်လေး ရှောင်ပိုင်နဲ့ တွေ့ခဲ့ပြီး အချင်းချင်းတိုက်ခိုက်ခဲ့ပြီးနောက် သူတို့နှစ်ယောက်ရဲ့ အစွမ်းကို ပေါင်းစည်းပြီး စက္ကူရုပ်လေးတွေကို အသက်ဆက်ပေးလို့ရကြောင်း သိရှိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အစွမ်းကို တည်ငြိမ်အောင် လေ့ကျင့်ကြပါတော့တယ်။ သူတို့ အစွမ်းတွေပေါင်းစည်းလိုက်ခြင်းက ကောင်းကျိုးလား ဆိုးကျိုးဖြစ်မလား…… လွန်ခဲ့တဲ့ ၁၀ နှစ်က အမှုကို ကြိုးကိုင်သူက ဘယ်သူဖြစ်မလဲ…… နောက်ကွယ်က အကြံအစည်ကြီးကိုရော တားဆီးနိုင်ပါ့မလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Fuoshen: The Burning Man
Do You Want to Die in Indio?
5.4

Do You Want to Die in Indio? (2024) လူငယ်ဘ၀မှာ အနည်းနဲ့အများ ရူးကြောင်ကြောင်အလုပ်တွေလုပ်ဖူးကြပါတယ်။ ဒီကားလေးကတော့ ၁၇ နှစ်အရွယ်ကောင်လေးဆဲလ်ဗီဟာ တက်ချင်တဲ့တက္ကသိုလ်အတွက် ငွေမတတ်နိုင်လို့ လုပ်မိလုပ်ရာ လပ်ကီးဆိုတဲ့ဆေးရောင်းသမားတစ်ယောက်နဲ့ ဆက်သွယ်မိခဲ့ရင်း ရိုးရှင်းတဲ့သူ့ဘ၀က စတင်ပြီး ရှုပ်ထွေးလာတော့တယ်။ အဲ့ဒီကြားမှာ ဆေးရောင်းသမားရယ် ဆဲလ်ဗီရယ် သူ့သူငယ်ချင်းရယ် ဟင်နရီလို့ခေါ်တဲ့ ဆေး၀ယ်သူရယ်ကြားမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာလေးကို ဇာတ်ကား‌လေးကြည့်ရင်း အဖြေရှာကြည့်လိုက်နော်။ BL လေးလည်းပါတော့ BL ပရိတ်သတ်တွေလည်း လက်မလွှတ်သင့်ပါဘူးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.9 GB) / (840 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Romance Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

War • Romance • History
5.4 2024 100 mins
Do You Want to Die in Indio?
Cinderella in the Caribbean
5.9

Cinderella in the Caribbean (2023) အက်ရှ်လန်က တက္ကသိုလ်တက်ရောက်နေလျက်ရှိတဲ့ကျောင်းသူတစ်ယောက်ဖြစ်ကာ အလုပ်သင်လုပ်ရင်း ဘဝကိုရိုးသားကြိုးစားစွာဖြတ်သန်းနေသူပါ။ တစ်နေ့မှာတော့ ရုတ်တရက်ဆန်စွာပဲ သူမရဲ့မိထွေးဖြစ်သူကနေ မင်္ဂလာဆောင်တော့မယ်ဖြစ်ကြောင်း ကာရေဘီယန်မှာ ခမ်းခမ်းနားနားမှာဆောင်မှာဖြစ်လို့ သူမကိုပါ အတူတူလိုက်ခဲ့စေချင်ကြောင်း ကျားသားမိုးကြိုးလာဖိတ်ပါတယ်။ ဇာတ်ကားရဲ့ နာမည်အရ နာမည်ကျော်စင်ဒရဲလားပုံပြင်ကိုကျောရိုးပြုထားတာဖြစ်လို့ အက်ရှ်လန်ရဲ့ ဘဝအကြောင်းကိုလည်း စင်ဒရဲလားဆန်စွာ ကြည့်ရှခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။) File size…(1.8 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:29:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Ya Mone

Comedy • Drama
5.9 2023 94 mins
Cinderella in the Caribbean
A World Without Thieves
7.2

ရှကန်းဟာ အသက် ၁၆ နှစ်ကတည်းက အိမ်ကနေထွက်လာပြီး တိဗက်တောင်တန်းဒေသမှာ ဘုန်းကြီးကျောင်းတွေပြန်‌ဆောက်တဲ့အလုပ်လုပ်လာခဲ့တာ ၅ နှစ်ရှိသွားခဲ့ပြီ။ ၅ နှစ်လုံးလုံးအိမ်မပြန်ခဲ့ရတဲ့ရှကန်းဟာ နှစ်သစ်ကူးလို သူများတွေအိမ်ပြန်ချိန်မှာ သူဟာတောင်ပေါ်ဒေသမှာ ဝံပုလွေလေးတွေနဲ့ပဲ သူငယ်ချင်းလုပ်ပြီးနေခဲ့တယ်။ ၅ နှစ်အတွင်းစုဆောင်းငွေ ၆ သောင်းနဲ့ မွေးရပ်မြေပြန်ပြီး အိမ်ဆောက်မယ် မိန်းမယူမယ်ပေါ့။ ဝံ‌ပုလွေတွေနဲ့တောင် သူငယ်ချင်းလုပ်နိုင်တဲ့ ရှကန်းရဲ့လောကကြီးမှာ လူတွေက ဝံပုလွေထက်ပိုဥာဏ်ကောင်းတာမို့လို့ သူခိုးဆိုတာလည်းမရှိဘူးလိုယုံကြည်တာကြောင့် ငွေ ၆ သောင်းကိုပိုက်ပြီး တစ်ယောက်တည်း ရထားစီးပြီး အိမ်ပြန်တယ်။ သူ့မှာ ငွေ ၆ သောင်းပါတာကို ရထားတစ်စီးလုံးနီးပါးသိသွားခဲ့ပြီး ရထားပေါ်မှာ ကျွမ်းကျင်သူခိုးအုပ်စုတစ်စုရယ်၊ ခြိမ်းခြောက်ငွေညှစ်တာ၊ ခါးပိုက်နှိုက်တာ၊ ခိုးတာအကုန်လုပ်တဲ့ စုံတွဲတစ်တွဲလည်းပါလာတော့ ရှကန်းရဲ့ ‌သူခိုးမရှိတဲ့လောကကြီးက ပြောင်းလဲသွားလေမလား။ သူထင်ထားတဲ့အတိုင်းပဲ ဆက်ဖြစ်မလား ကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(890 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama • Thriller
7.2 2004 113 mins
A World Without Thieves
Do You Like Bears in Spring?
6.5

Do You Like Bears in Spring? (2003) ***************************************** “Do You Like Bears in Spring?” ဆိုတဲ့ 2003 ခုနှစ်ထွက် ကိုရီးယားရုပ်ရှင်ဟာ သဘောကျဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ဟာသအနည်းငယ်နဲ့ စိတ်ကူးယဉ်ပျော်ရွှင်မှုတွေကို အတူပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Bae Doona နဲ့ Kim Nam Jin တို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး သူတို့ကြားက ငယ်သူငယ်ချင်းဆန်ဆန် စိတ်လှုပ်ရှားဖွယ်အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ တင်ဆက်ထားပါတယ်။ ဂျောင်ဟျွန်းချယ် (Bae Doona) ဟာ အဖေနဲ့ပဲ ကြီးပြင်းလာခဲ့တဲ့မိန်းကလေးဖြစ်ပြီး၊ တစ်ချိန်တုန်းက လေယာဉ်မယ်ဖြစ်ချင်တဲ့အိပ်မက်ကို ရင်ထဲမှာသိမ်းဆည်းထားဆဲဖြစ်ပါတယ် သူ့ဘဝထဲမှာ ချစ်ခြင်းမေတ္တာဆိုတာက မျှော်လင့်ချက်ကင်းတဲ့အရာတစ်ခုပေါ့။ အမြဲထားခဲ့ခံနေရလည်း အချစ်ဆိုတာကို စိတ်မကုန်သေးဘဲ စိတ်ကူးယဥ် မင်းသားလေးကို စောင့်နေဆဲပါပဲ။ တစ်နေ့မှာတော့ သူ့အဖေကြောင့် စာကြည့်တိုက်မှာ စာအုပ်တစ်အုပ် သွားငှားရင်းနဲ့ စာအုပ်ထဲမှာ ချစ်ခြင်းနဲ့အပြည့်အဝဖြစ်နေတဲ့ လျှို့ဝှက်စာတစ်စောင်ကို ရှာတွေ့သွားပါတယ်။ မတူညီတဲ့စာအုပ်တွေထဲမှာလည်း ထပ်တလဲလဲပဲ တခြားချစ်ခြင်းစာတွေထပ်တွေ့လာတဲ့အခါ၊ ဟျွန်းချယ်တစ်ယောက် “ဒါက သူ့အတွက်ပဲ” ဆိုတဲ့ အတွေးနဲ့ စာရေးသူကိုစိတ်ဝင်စားမိပြီး ချစ်မိသွားပါတော့တယ်။ အခြားတစ်ဖက်မှာလည်း ဟျွန်းချယ်ကို တိတ်တခိုးချစ်နေတဲ့ သူငယ်ချင်း အီဒုံဟာ (Kim Nam Jin) ဟာ သူ့ကိုယ်သူ စာရေးသူပါဆိုပြီး လိမ်မိရာကနေ.. ဟျွန်းချယ်တစ်ယောက် ဒုံဟာလိမ်ထားတာကို ရိပ်မိသွားမလား…အဲဒီစာတွေကို ရေးနေတာကဘယ်သူလဲ…ဟျွန်းချယ်တစ်ယောက် လိုချင်တဲ့အချစ်စစ်ကို ရှာတွေ့သွားမလား… အဲဒီစာတွေကရော တကယ်ပဲ ဘယ်သူ့ကိုရည်ရွယ်တာလဲ ဆိုတာကို ဒီဇာတ်ကားလေးကနေတဆင့် ကြည့်ရှု့လိုက်ကြရအောင်နော် (ဇာတ်လမ်းအညွှန်းကိုတော့ Pan Hsuက ရေးသားထားပါတယ်) File Size – 2.25 GB/ 789 MB Quality – WEB-DL 1080p/ 720p Duration – 1h 38m Format – mp4 Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Pan Hsu Encoded by – Treasure Htet

Drama • History
6.5 2003 98 mins
Do You Like Bears in Spring?