YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Primbon.2023.1080p.NF.WEB-DL.DDP5.1.CM.mp4

874.51 MB 1080p video/mp4 448 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pacifiction
6.5

ဒီနေ့မှာတော့ လူ့သဘာဝကို ထိထိမိမိနဲ့သရုပ်ဖော်နိုင်လွန်းလို့ ပရိသတ်တွေရဲ့ချီးကျူးမှုတွေကို သိမ်းပိုက်ထားတဲ့ Albert Serraရဲ့ နာမည်ကျော်လက်ရာတစ်ခုဖြစ်တဲ့ Pacifiction 2022ဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးမှာပါ။ Albert Serraရဲ့လက်ရာပီပီ ဒီကားလေးကရော ဒီတစ်ခါမှာ ဘယ်လိုတွေးစရာတွေပေးသွားမလဲဆိုတာ အားလုံးတူတူကြည့်လိုက်ရအောင်ပါ။ ပြင်သစ် ပေါ်လီနီးစီးယားရဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ကအုပ်ချုပ်ရေးမှူး အစိုးရအရာရှိလေး ဒီရိုလာတစ်ယောက်ဟာ လူတော်တွေကို မြေတောင်မြှောက်ပေးပြီး လိုအပ်နေသူတိုင်းကို ကူညီတတ်တဲ့လူတစ်ယောက်ပါ။ ဆိတ်ငြိမ်လှတဲ့ ကျွန်း‌မြို့လေးတစ်မြို့အတွက် ကြီးကျယ်တဲ့ပြဿနာရယ်လို့ ရှိလာမှာမဟုတ်ဘူးလို့ပဲ အားလုံးကထင်မှတ်ထားကြတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ကျွန်း‌မှာ nuclearစမ်းသပ်မှုလုပ်မယ်ဆိုပြီး ခပ်သဲ့သဲ့ထွက်လာတဲ့သတင်းနဲ့အတူ မြို့နားမှာ ရုတ်တရက်ပေါ်လာတဲ့ ရေတပ်သားတွေ၊ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကြောင့် ဒီရိုလာတစ်ယောက် ခေါင်းခဲရဖို့ဖြစ်လာတဲ့အခါ... တစ်ဖက်က အစိုးရပိုင်းကရာထူးအကြီးဆုံးတွေနဲ့ တခြားတစ်ဖက်က ဩဇာအာဏာဆိုလို့ စိုးစဉ်မျှမရှိကြရှာတဲ့ ကျွန်းနေပြည်သူ၊ ထိပ်ဆုံးနဲ့အောက်ဆုံးကြားက နိုင်ငံရေးအင်အားပြိုင်ပွဲမှာ လက်ဝင်ရှိုမိတဲ့ ဒီရိုလာတစ်ယောက် တစ်ချက်အမှားမခံတဲ့ဆုံးဖြတ်ချက်တွေချရဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုဆက်လုပ်မှာလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ နိုင်ငံရေးဆိုတဲ့မျက်နှာဖုံးအောက်က အာဏာရှင်လက်မည်းကြီးတွေရဲ့ပြိုင်ဆိုင်မှုနဲ့အတူ၊ အကျိုးအမြတ်နဲ့ပတ်သက်လာတဲ့အခါမှာတော့ သေမင်းနဲ့ပဲ အပြိုင်စစ်ခင်းရပါစေ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လောဘသားတွေရဲ့စရိုက်နဲ့ လူ့သဘောသဘာဝကို ပေါ်လွင်အောင်ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူတိုင်း philosophical thinkingတစ်ခုစီတော့ ရသွားစေမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။) File Size          : 3.2GB, 1GB, 493MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 45mins Genre              : Drama Translated by Jane Encoded by Kinnov

Action • War
6.5 2022 165 mins
Pacifiction
They Nest
5.5

ရုပ်ရှင်ပရိသတ်တို့ကို ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Horror သိပ္ပံဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင် ဒေါက်တာဘန်ကေဟေးက ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ အရက်ဖြတ်ထားတဲ့အရှိန်ကြောင့် လူနာကို ခွဲစိတ်မယ်အလုပ်မှာ မခွဲစိတ်နိုင် ဖြစ်သွားရတယ်။ အဲဒီလိုနဲ့ သူက ဆေးရုံကနေ ယာယီအနားယူဖို့ ဖိအားပေးခံခဲ့ရပါတယ်။ ဆေးရုံကနေ နားတဲ့အချိန်မှာ သူ့ဇနီးနဲ့ ဝယ်ခဲ့တဲ့ အိမ်ရှိရာ ကျွန်းကို ထွက်လာခဲ့တယ်။ ကျွန်းကိုလာတဲ့လမ်းမှာ အိမ်ပိုင်ရှင်မိသားစုဝင် တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်သွားတယ်။ အဲဒီလူက သူ့အိမ်ကို ဝယ်လို့ ကေဟေးကို မကျေနပ်ခဲ့ဘူး။ ကေဟေး ကျွန်းပေါ်ရောက်လာချိန်မှာလည်း ကန့်လန့်တွေတိုက်တော့တာပါပဲ။ တကယ်တော့ အဲဒီကျွန်းပေါ်မှာ မကြာခဏ ထူးဆန်းတဲ့သေဆုံးမှုတွေ ဖြစ်နေခဲ့ပေမဲ့ အကြောင်းအရင်းကို မသိရဘူး။ မြို့နဲ့ဝေးတဲ့ နေရာမလို့ အလောင်းခွဲစိတ်ပြီး စစ်ဆေးတာမျိုးလည်း မတတ်နိုင်ကြဘူး။ တစ်နေ့မှာ ကေဟေးနဲ့ မတည့်တဲ့ အဲဒီအိမ်ပိုင်ရှင်ဟောင်းက သေသွားခဲ့ပါတယ်။ တစ်ကျွန်းလုံးက ကေဟေးသတ်တာလို့ပဲ ထင်ကြတော့တာပေါ့။ ဒါပေမဲ့ အဲဒီလူကို တကယ်သေစေခဲ့တဲ့ အကြောင်းအရင်းက ဘာများဖြစ်နိုင်မလဲ။ အရှေ့က သေဆုံးမှုတွေနဲ့ ဆက်စပ်နေမလား။ ကေဟေးကရော သူစွပ်စွဲခံရတာတွေကို ချေပဖို့ ဘယ်လိုဖော်ထုတ်မလဲဆိုတာကို They Nest ဆိုတဲ့ ဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…2.71GB / 820MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Sci-Fi , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Adventure • Fantasy • Thriller
5.5 2000 92 mins
They Nest
The Ballad of Buster Scruggs
7.1

ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားမှာ ဇာပုဝါလိုအလွှာပါးပါးလေးပဲခြားတယ်ဆိုတာ သင်ယုံကြည်ပါသလား Old school Cowboys ကားတွေကိုနှစ်သက်ပါသလား ဂန္တဝင်သီချင်းတွေကိုနားဆင်ရတာရော ကြိုက်ပါသလား ဒါဆိုရင်တော့ Old West မှာ Red Indians တို့ရဲ့နယ်မြေကိုကျူးကျော်ချိန်ကာလတစ်လျှောက် Americans တွေရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားက ဘဝဇာတ်ခုံအဖုံဖုံနဲ့အတူ ကပ်ရောဂါဆိုးတွေ ထိုခေတ်ထိုအခါလူတွေရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ဇာတ်လမ်းတို ၆ခုအနေနဲ့ စုစည်းတင်ပြထားတဲ့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ IMDB 7.3/10 ရရှိထားပြီး Oscar Nomination သုံးခုတောင်ဝင်ထားတာမို့ မြည်းစမ်းကြည့်သင့်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ) File Size : (950 MB) and (430 MB) Quality : NF WEB-DL 720p Running Time : 2hr 13min Format : Mp4 Genre : Comedy, Drama, Musical Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEBRip.DD5.1.x264-CM Translated by May Myat Thu Encoded by Thanhtike Zaw

7.1 2018 132 mins
The Lady of Heaven
6

မွတ်စလင်ဘာသာမှာ အထွတ်အမြတ်ထားရတဲ့ ဖာတီမာဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ်။အဲ့ဒီအမျိုးသမီးကတော့ The Lady Of Heaven (ကောင်းကင်ဘုံရဲ့အမျိုးသမီး) လို့ခေါ်ဆိုကြပြီး အဲ့ဒီအမျိုးသမီးရဲ့ အကြောင်းအသေးစိတ်ကို ဒီဇာတ်ကားထဲမှာ ရိုက်ကူး ပြသထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်တွေကတော့ ဒီအတိုင်းအမျိုးသမီးဖာတီမာရဲ့အကြောင်း သီးသန့်ရိုက်ကူးထားတာမဟုတ်ဘဲနဲ့ ISIS တွေကြောင့် စစ်ဖြစ်နေတဲ့နိုင်ငံမှာ အမေဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ လိတ် ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဇာတ်အိမ်ဖွဲ့ထားတာပဲဖြစ်ပါတယ်။ လိတ်က သူ့အမေကိုဆုံးရှုံးပြီးတဲ့ နောက်မှာ စစ်သားတစ်ယောက်နဲ့ အမေဖြစ်သူနေထိုင်တဲ့ အိမ်မှာနေထိုင်ခဲ့ရပါတယ်။ လိတ်စိတ်ဓာတ်ကျ အားငယ်လာတဲ့အချိန်မှာ အန်တီကြီးက သူ့ကို ဖာတီမာအကြောင်း ပြောပြပြီးတော့ ခွန်အားပေးလေ့ရှိပါတယ်။ဒီလိုနဲ့ မွတ်စလင်တွေရဲ့ စိတ်ခွန်အားတက်စရာ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ အမျိုးသမီးဖာတီမာရဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်ကို လိတ်နဲ့အတူနားထောင်နေသလိုမျိုး ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.38 GB/ 1.11GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 21m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
6 2021 141 mins
The Lady of Heaven
The Ship Show
6.2

The Ship Show (2023) ဒိတ်တင်းရှိုးပရိသတ်တွေအတွက် ကိုရီးယားဒိတ်တင်ရှိုးတွေကို ကြည့်ရတာငြီးငွေ့နေပြီလား။ ဒီတစ်ခေါက်မှာတော့ ဖိလစ်ပိုင်ဒိတ်တင်ရှိုးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ The Ship Show လို့ခေါ်တဲ့ အစီအစဉ်တစ်ခုအနေနဲ့ တင်ဆက်ထားပြီးတော့ ဆန်ကာတင်ရှိုးတွေရဲ့ထုံးစံအတိုင်း ထုတ်လုပ်ရေးဘက်က ဖောင်လာတင်တဲ့လူတွေအများကြီးထဲက ကာတင် ၁၂ ယောက်ကို ရွေးချယ်ပြီး အတွဲ ၆တွဲကနေ နောက်ဆုံးအနိုင်ရရှိသူကို ဆုကြေးငွေအများကြီးနဲ့ ရုပ်ရှင်တစ်ကားရိုက်ခွင့်ပေးသွားမှာပါ။ အဲထဲမှာမှ မိဘတွေဖောင်တင်ပေးလို့ နောက်ဆုံးဆန်ကာတင် ပါမှ သိရတဲ့ Araw နဲ့ မင်းသမီးအရမ်းဖြစ်ချင်လွန်းလို့ ဒိတ်တင်ရှိုးကိုသရုပ်ဆောင်လာလုပ်တဲ့ Chia တို့လည်း ပါဝင်တာပေါ့။ မင်ရှင်တစ်ခုပြီးတိုင်း မဲအနည်းဆုံးတစ်တွဲကိုဖြုတ်မှာဆိုတော့ မဲအနိုင်ရအောင် သရုပ်ဆောင်ပြရပါတော့တယ်။ ဒိတ်တင်ရှိုးတွေရဲ့ဓလေ့အတိုင်း အတွဲတွေရဲ့ပြသနာတွေကို ဖောဖောသီသီမြင်ရမှာပါ။ ဒိတ်တင်းရှိုးတွေရဲ့ Behind the scenes ပုံစံအတိုင်းလေးအတိုင်းပါတာဆိုတော့ အဆင်လေးတွေကို တစ်ဝကြီးငန်းရင်း ကြည့်ရှုလိုက်ရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 811MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

6.2 2023
The Ship Show
Good Egg
5.6

Good Egg (2023) မကြာခင် အသက်၄၀ပြည့်တော့မယ့် ဂျက်ဆီကာက သူ့အရွယ်အမျိုးသမီးတို့ထုံးစံအတိုင်း ကလေးယူဖို့ခက်ခဲတာကို ကြိုးပမ်းရင်း ခင်ပွန်းဖြစ်သူနဲ့အတူ မမျှော်လင့်ဘဲ စွန့်စားခန်းကြုံလိုက်ရတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ ဂျက်ဆီကာက ဆရာမဖြစ်ပြီး ခင်ပွန်းဂေါ်ဒန်ကတော့ ဘဏ်တစ်ခုက အိုင်တီသမားဖြစ်ပါတယ်။ သူတို့လင်မယားက ကလေးယူဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ဂျက်ဆီကာရဲ့အသက်ကြောင့် အဆင်မပြေခဲ့ပါဘူး။ ဆရာ၀န်ရော ဂေါ်ဒန်ကပါ အလှူရှင်ဆီက မျိုးဥ၀ယ်ဖို့ တိုက်တွန်းပေမဲ့ ဂျက်ဆီကာက သူတို့ကလေးကို အမျိုးကောင်းသားလေးဖြစ်ချင်တာရော စာရွက်စာတမ်းပေါ်က အချက်အလက်ပဲသိရပြီး အပြင်မှာ မရင်းနှီးတဲ့သူဆီက မလိုချင်တာကြောင့်ပါ ကြန့်ကြာနေခဲ့ပါတယ်။ နောက်တော့ မထင်မှတ်ဘဲ ဘရစ်ဂျစ်ဆိုတဲ့မိန်းကလေးကို လူဆိုးတွေလက်က ကယ်မိရာကနေ သူ့ဆီက မျိုးဥ၀ယ်ဖို့ဖြစ်သွားပါတယ်… ဘရစ်ဂျစ်က ငွေ အရေးတကြီးလိုနေပြီး တရား၀င်မျိုးဥ၀ယ်ရင် အရမ်းဈေးကြီးတာကြောင့်ပါ။ ကံဆိုးတာကတော့ ဂျက်ဆီကာတစ်ယောက် ဘရစ်ဂျစ်နဲ့ပတ်သက်မိရာက သူ့ပြဿာနာထဲ‌ ရောပါသွားပြီး လူဆိုးတွေပြန်ပေးဆွဲတာခံရပါတော့တယ်။ တစ်ဖက်မှာလည်း ဂေါ်ဒန်က မိန်းမပျောက်လို့လိုက်ရှာရင်း လူဆိုးတွေလက်ကနေ ဂျက်ဆီကာကို ကယ်ထုတ်တာကို ဟာသလေးတွေနဲ့အတူ ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 955MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 33Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Thriller • Drama • Mystery • Crime
5.6 2023 93 mins
Good Egg
The Proposal Spot
6

(function(f,b,n,j,x,e){})(); CM ပရိသတ်ကြီး အကြိုက်တွေ့စေမယ့် ချစ်စရာ rom-com လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ထရီနာဆိုတဲ့ကောင်မလေးက “အချစ်ကဖေး” ဆိုတဲ့ ကော်ဖီဆိုင်ပိုင်ရှင်တစ်ယောက်ပါ ချစ်သူတွေအတွက် အထူးစပါယ်ရှယ်စီစဥ်ပေးထားတဲ့ လော့အိန်ဂျလိစ်ရဲ့ ရိုမန့်တစ်အဆန်ဆုံး ပန်းဥယျာဥ်လေးဖြစ်တဲ့ “Lover Café” လေးမှာ သူ့ရဲ့ သူငယ်ချင်း ပေါ်လိုနဲ့အတူတူ တစ်နေ့တစ်နေ့ နားမနေနိုင်ဘဲ တောင်းဆိုမှုတွေများပြားလှတဲ့ စုံတွဲတွေအတွက် အမျိုးမျိုးသော ဝန်ဆောင်မှုတွေကို ကြိုးကြိုးစားစားလုပ်ပေးရတာပေါ့ တနေ့ ပေါ်လိုရဲ့သူငယ်ချင်း ဟာသပညာရှင် Pete နဲ့ သူ့ရဲ့ကောင်မလေးဖြစ်တဲ့ အာရှသူလေး ရောက်လာတယ် Pete တစ်ယောက် အာရှသူလေးကို ရုတ်တရက်လက်ထပ်ခွင့်တောင်းလေတော့ “ကျွန်မ ရှင်နဲ့ လက်မထပ်ချင်ဘူး” ဆိုတဲ့ အဖြေပဲ ပြန်ရလို့ Pete တစ်ယောက် ကြေကွဲသွားတယ် တစ်ဖက်မှာလည်း ထရီနာရဲ့ဆိုင်က တိုက်ခန်းပိုင်ရှင်က တိုက်ကိုရောင်းတော့မယ်အလုပ်… ထရီနာတစ်ယောက် သူမရဲ့ ဘုံကမ္ဘာလေးကို မစွန့်လွှတ်ချင်တော့ ပိုင်ရှင်ဆီက တိုက်ကိုပြန်ဝယ်ဖို့ ကြံတယ် ဒါပေမဲ့ တိုက်ခန်းဝယ်ဖို့အထိ ပိုက်ဆံတော့ မရှိဘူးပေါ့လေ ဒီတော့… Pete က ရန်ပုံငွေဟာသရှိုးပွဲလုပ်ပေးပြီး ထရီနာကို တိုက်ခန်းဝယ်ဖို့ ပိုက်ဆံရှာပေးမယ် ချစ်သူတွေကို အောင်သွယ်ပေးတတ်တဲ့ ထရီနာကတော့ Pete နဲ့ အာရှသူလေးတို့ ပြန်အဆင်ပြေအောင် လုပ်ပေးရမယ် ဆိုပြီး သဘောတူလိုက်ကြတယ် တကယ်တမ်း လက်တွေ့မှာ ဘယ်နှစ်ယောက် ကြိုက်သွားကြမလဲဆိုတာ ပရိသတ်ကြီးလည်း အစောကတည်းက ခန့်မှန်းမိလောက်ရောပေါ့ ဒီလို တွေ့နေကျဇာတ်လမ်းမျိုးကိုပဲ ထရီနာရဲ့ ချစ်စရာ သဘောမနောကောင်းတဲ့ ကောင်မလေး character က တစ်နာရီခွဲဆိုတဲ့ အချိန်အတွင်းမှာ ပရိသတ်ကြီးကို ဘယ်လိုဆွဲဆောင်မှုပေးနိုင်မလဲဆိုတာကို မယုံရင် ကိုယ်တိုင်ပဲ ဒေါင်းကြည့်လိုက်ပါတော့လို့ ပြောရင်းနဲ့ပဲ …. File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:07 Genre… TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

6 2023
The Proposal Spot
Klaantha

klaantha (2024) “ထိတ်လန့်သည်းဖို” ပိတ်ရက်ရှည်မှာ အပျင်းတော်ပြေစေဖို့ ကန်နာဒါစကားပြော အိန္ဒိယသည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပရိုဂရမ်တစ်ခုအတွက် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ရဖို့ အပြင်းအထန်ရှာနေရတဲ့အမျိုးသမီးတစ်ယောက်။ ဘယ်မှာမှရှာမရတဲ့အဆုံး စာကြည့်တိုက်ကိုသွားတော့ စာကြည့်တိုက်မှူးက စာအုပ်တစ်အုပ်ထုတ်ပြပါလေရော။ အသည်းတထိတ်ထိတ်ရင်တဖိုဖိုတင်မက အသည်းတွေပြုတ်ကျပြီး ရင်တွေနာရမဲ့ဇာတ်လမ်းတဲ့။ စာအုပ်ကိုစဖွင့်လိုက်တော့တွေ့ရတာ အဖေရယ် အမေရယ်က လင်ကောင်းသားကောင်းရဖို့ အသည်းအသန်ကြိုးစားခြင်းခံနေရတဲ့ ကောင်မလေးတစ်ယောက်။ အမေတစ်ခုသားတစ်ခုရယ်နဲ့ အမေ့လောင်းရိပ်ကမလွတ်ဘဲ မိန်းမကောင်းလေးနဲ့ရဖို့ နားပူနားဆာလုပ်ခံနေရတဲ့ အမေချစ်သားလေးတစ်ယောက်။ ဒီနှစ်ယောက်က ချစ်သူတွေဖြစ်ပြီး မိဘတွေမသိအောင် ခရီးအတူထွက်ဖို့ကြိုးစားကြတဲ့အခါ။ ခရီးမှာ မထင်မှတ်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေကို ရင်ဆိုင်ရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

0 2024
Klaantha
9 Windows

ဉာဏ်အရမ်းကောင်းပြီး Liza လို့‌‌ ခေါ်တဲ့‌ကောင်မလေးဟာ ကားမတော်တဆမှုနဲ့ မိဘတွေဆုံးသွားပြီး ကိုယ်တိုင်လည်းဒုက္ခိတဘဝရောက်သွားခဲ့ပါတယ်။ ဒါကြောင့်သူမဟာ စိတ်ဓာတ်တွေတအားကျပြီးစိတ်ကျန်းမာရေးကုထုံးပါခံယူလိုက်ရပါနယ်။ ဒါ‌ပေမယ့် လိုင်းပေါ်က ကွန်မြူနီတီဂရုတစ်ခုမှာ စိတ်ဓာတ်ကျနေတဲ့သူတွေကိုအားပေးရမယ့်အစား လိုက်ပြီးဝေဖန်တိုက်ခိုက်တာတွေလုပ်နေခဲ့ပါတယ်။ တစ်နေ့တော့ လူတစ်ယောက်ကခွေးလေးတစ်ကောင်ကိုရက်ရက်စက်စက်မီးရှို့သတ်ပြတာကိုလိုင်းပေါ်တင်တဲ့အတွက် Liza တစ်ယောက်တွေ့ပြီး ရဲတိုင်ခဲ့ပေမယ့်ဘယ်သူမှမယုံခဲ့ပါဘူး။ နောက်နေ့တွေမှာ ခွေးမဟုတ်တော့ဘဲ လူတွေကိုပါသတ်ပြလာတဲ့အခါ Liza တစ်ယောက်ဘယ်လိုမျိုး ရဲတွေနဲ့ပေါင်းပြီး လူသတ်သမားကိုဖမ်းပြမလဲဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…(900 MB)/(500 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Mystery, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw For Life

Drama • Romance
0 2024
9 Windows
Tiyaan
6.4

Tiyaan (2017)”ဗျာဒိတ်” ==================== ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဘာသာရေး လျှို့ဝှက်သည်းဖို အက်ရှင်ရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ နာမည်ကြီး မာလျာလမ်မင်းသားတွေဖြစ်ကြတဲ့ အင်ဒရာဂျိသ်ဆူကူမာရန်နဲ့ ပရီသ်ဗီရာ့ဂျ်ဆူကူမာရန်တို့အပြင် မင်းသားကြီး မိုဟန်လာလ်ကလည်း နောက်ခံစကားပြောသူအနေနဲ့ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ အေဒီ ၉ ရာစုလောက်တုန်းက တောင်တန်းတွေပေါ်မှာ တရားကျင့်နေတဲ့ ဂုရုကြီးတွေရဲ့ ဂုရုကြီးက သူသိထားတဲ့တရားတွေဟောဖို့ အိန္ဒိယမြောက်ပိုင်းလွင်ပြင် ကန္တာရထဲကို ဆင်းလာတယ်။ အဲဒီကန္တာရထဲမှာ သူ့အဆုံးအမကိုလိုက်နာတဲ့သူတွေရဲ့ မျိုးနွယ်တွေ နေထိုင်ကြတယ်။ ဂီရီကတော့ အဲဒီမျိုးနွယ်ထဲကဆင်းသက်လာတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်၊ သူ့ကို တစ်ရွာလုံးက လေးစားကြတယ်။ ဘာသာပေါင်းစုံ အတူတူနေကြတဲ့ သူတို့ရွာလေးကို မဟာရှေဆိုတဲ့ဘုရားကို ကိုးကွယ်တဲ့ လူကုန်ထံတစ်ယောက်က ဘုရားကျောင်းဆောက်ဖို့အတွက်ဆိုပြီး လူမိုက်တွေနဲ့ တစ်ရွာလုံးကို ရွှေ့ခိုင်းတယ်။ ဂီရီက အဲဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ မိုဟာမက်ဆိုတဲ့ မူဆလင်လူငယ်တစ်ယောက်နဲ့အတူ ဘာသာရေးအဓိကရုဏ်းတစ်ခုထဲ အတူပိတ်မိသွားပြီး လွတ်မြောက်ဖို့ ကြိုးစားကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6.4 2017 168 mins
Tiyaan