YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[PRED-274] A beautiful memories during summer vacation.1080p(DS).mp4

2.03 GB N/A video/mp4 5790 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Serena
5.6

မင်းသားကြီးBradley Cooperနဲ့ မမJennifer Lawrenceတို့ အဓိကသရုပ်ဆောင်ထားတဲ့ Dramaကားလေးပါ။ ဂျော့်ဟာ ရည်မှန်းချက်ကြီးတဲ့ သစ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး တစ်‌နေ့မှာတော့ ဆရီနာကို မြင်မြင်ချင်းချစ်ခင်သွားပြီး တွေ့တွေ့ချင်းပဲလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဆရီနာကလည်း သစ်လုပ်ငန်းရှင်တစ်ဦးရဲ့သမီးဖြစ်တာနဲ့အညီ ဂျော့်နဲ့ လက်တွဲခဲ့ပြီးနောက်မှာ သူ့စီးပွားရေးကိုပါဦးစီးနိုင်လာပါတယ်။ အချစ်စစ်တို့မည်သည် ရိုးရှင်းဖြောင့်ဖြူးမနေပါဘူး.. တကယ်တော့ သူတို့ (၂) ဦးလုံးမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီး အဲ့ဒီအရာတွေပေါ်လာတဲ့အခါမှာတော့ သူတို့ဘယ်လိုဆက်ဖြတ်သန်းကြမလဲ.. ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရိုက်ကွင်းလှလှတွေနဲ့ လိုက်ဖက်လှတဲ့ မမJennifer Lawrenceတို့စုံတွဲကို တစ်ဝကြီးထိုင်ကြည့်နိုင်ပါပြီ။ File Size :(1.9GB) and (700MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:49:00 Genre :History, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Family • Fantasy
5.6 2014 102 mins
Serena
Death of a Fisherman
5.9

မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ အင်မတန်သေးငယ်တဲ့ အပြစ်ပဲဖြစ်ဖြစ်၊ အကြီးဆုံးအပြစ်ပဲဖြစ်ဖြစ် မကောင်းမှုပါပဲ။ ဘယ် လောက်ပဲဖုံးဖိထားထား အချိန်တန်ရင် ဘူးပေါ်သလိုပေါ်ရတာချည်း ပါပဲ။ အခုမိတ်ဆက်ချင်တဲ့ဇာတ်ကားလေးဟာလည်း သင်္ဘောသား တစ်ယောက် အသတ်ခံရပြီး ကမ်းခြေမှာပေါ်လာတာကစပြီး တရားခံ တွေ ဖုံးကွယ်ထားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ စပိန်မှုခင်း ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပန်ဂျွန်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ ကာစတယ်လိုဆိုတဲ့ သင်္ဘော သားရဲ့အလောင်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ စုံထောက် လီယိုကယ်လ် ဒက်စ် နဲ့ အရာရှိ ရာဖာအက်စ်တီဗက်စ် တို့ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ ရောက်ရှိလာကြပါတယ်။ သူတို့စုံစမ်းရင်း သိလာရတာက ဒီအမှုဟာ သာမာန်လူသတ်မှုတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ ရေဘက်ကာနီရာ ဆိုတဲ့အမျိုးသမီးရဲ့ အမှုနဲ့ပါဆက်စပ်နေတာကို တွေ့လာ ရပါတယ်။ သူတို့တွေဟာ ကာစတယ်လိုကိုသတ်ခဲ့တာ ဘယ်သူဖြစ်မလဲ၊ ပျောက် ဆုံးနေတဲ့ အမျိုးသမီး ရေဘက်ကာကရော ဘယ်ရောက်နေမလဲ၊ တရားခံ ဘယ်နှယောက်လောက်ရှိနေမလဲ၊ အမှုနှစ်ခုဟာ ဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို စုံစမ်းဖော်ထုတ်တာဟာ စိတ်၀င်စားဖို့ကောင်းလွန်းတာကြောင့် မှုခင်းဇာတ်လမ်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jaka ဖြစ်ပါတယ်) File Size..........(1.7 GB) / (727 MB) / (423 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Jaka Encoder..........SWM

Action • Adventure • Crime • Thriller
5.9 2015 105 mins
Death of a Fisherman
Slumdog Millionaire
7.7

ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။ အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ ၁၅ သန်း ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားက Box Office မှာ ၃၇၈.၁ သန်းပြန်ရခဲ့တာပါ။ အကယ်ဒမီဆယ်ဆုစာ လျာထားခံရပြီး ရှစ်ခုရရှိခဲ့ပါတယ်။ ဘက်ဖ်တာ ဆု ခုနှစ်ခု၊ ဝေဖန်ရေးဆု ငါးခုနဲ့ ရွှေကမ္ဘာလုံးဆု လေးခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီဇာတ်ကားကို sleeper hit အဖြစ် သတ်မှတ်ခဲ့တာပါပဲ။ စစချင်းမအောင်မြင်ဘဲ တဖြည်းဖြည်းနဲ့ အောင်မြင်မှုထိပ်ဆုံးရောက်လာတဲ့ဇာတ်ကားများကို ဆိုလိုပါတယ်။ IMDb 8 နဲ့ Rotten Tomato 90% ‌ရှိတဲ့ ဟောဒီဇာတ်ကားက Who wants to be a millionaire (မေးခွန်းဖြေစို့ သန်းကြွယ်ဖို့) အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိန္ဒိယသုံးငွေကြေး ရူပီးသန်းနဲ့ချီပြီး အနိုင်ရရှိခဲ့သူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ သူဟာ အသက် ၁၈ နှစ်သာရှိပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရပြီး ဘဝရဲ့အထုအထောင်းကို အရွယ်နဲ့မလိုက် ခါးစည်းခံရသူပါ။ သူဟာ ဘာ့ကြောင့် ဒီပြိုင်ပွဲကို အခြားပညာတတ်တွေထက် ကျော်လွန်ပြီး ရှေ့ဆက်နိုင်ခဲ့တာလဲ။ စာရေးဆရာကတော့ It is written (သတ်မှတ်ပြီးသားကံကြမ္မာကြောင့်) လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးမေးခွန်းတိုင်းဟာ သူ့ဘဝရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ မျက်ရည်တွေ သွေးစက်တွေကိုရင်းပြီး သိခဲ့ရတဲ့အဖြေတွေဖြစ်လို့ အောင်မြင်မှုရခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေကို အသက်အရွယ်သုံးပိုင်းခွဲပြီး သုံးယောက်စီအသုံးပြုပါတယ်။ ကျွန်တော်သဘောအကျဆုံးကတော့ ပထမဆုံးအရွယ် ကလေးငယ်သရုပ်ဆောင်တွေပါပဲ။ အပီပြင်ဆုံးလို့လည်း ခံစားရပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝခရီးကြမ်းဟာ အဲဒီအရွယ်မှာပဲ အခက်ခဲဆုံးကြုံတွေ့ခဲ့ရတာကို အတိအကျ လုပ်ပြသွားနိုင်တဲ့ ကလေးတွေပေါ့ဗျာ။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ တတိယသေနတ်ကိုင်စစ်သားရဲ့အမည်ကို လူငယ်လေး သိသလား မသိဘူးလားဆိုတာကတော့ အဓိကဆွေးနွေးရမယ့်အကြောင်းလို့ထင်ပါတယ်။ စာသင်ခဲ့ရစဉ်အရွယ်က ပြဌာန်းစာအုပ်ဖြစ်လို့ သိမှာပေါ့လို့ဆိုနိုင်သလို ပညာတပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရသူတွေမလို့ မသိဘူးလည်းပြောနိုင်ပါတယ်။ ပွဲထဲမှာလည်း မသိဘူးလို့ပဲ ဖြေသွားတာပါ။ ဒါပေမဲ့ သူက သိနေတဲ့အဖြေကို မသိဘူးပြောတတ်သူမလို့ အဲဒီစကားကိုလည်း အတည်ယူလို့မရပြန်ပါဘူး။ ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ထွက်ပြေးလာရတဲ့ညမှာ အစ်ကိုဖြစ်သူရဲ့ပြောစကားကိုလည်း ထည့်စဉ်းစားရပါတယ်။ တို့တွေမှ တတိယသေနတ်ကိုင်စစ်သားရဲ့ အမည်ကို မသိဘဲ ဆိုတဲ့စကားက အဓိပ္ပာယ်နှစ်ခွထွက်ပြန်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို သူတို့ဆရာက သေနတ်ကိုင်စစ်သားနှစ်ယောက်ရဲ့အမည် ခေါ်လေ့ရှိတာမလို့ သူတို့ကိုယ်သူတို့လည်း အဲဒီလိုပဲ သက်မှတ်ထားကြပါတယ်။ မင်းသမီးဝင်လာတော့ သူ့ကို တတိယမြောက်သေနတ်ကိုင်စစ်သားအဖြစ် အဖွဲ့ထဲထည့်ချင်တဲ့ ဇာတ်ဝင်စကားကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် နာမည်မသိဘူးဆိုတာဟာ စာအုပ်ထဲက သေနတ်ကိုင်စစ်သားပဲလား။ တတိယမြောက်အဖွဲ့ဝင် မင်းသမီးရဲ့နာမည်ကိုပြောတာလားဆိုတာကိုတော့ ပရိသတ်အတွက်ပဲ ချန်သွားပေးတဲ့ပုံပါ။ အိန္ဒိယရဲ့ အောက်ခြေအနက်ရှိုင်းဆုံးက အကျည်းတန်အဖြစ်တွေကို ခရေစေ့တွင်းကျ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ တကယ့် Drama မှ Drama ပါပဲ။ အိုဗာလုပ်ပြတတ်တဲ့ အိန္ဒိယသရုပ်ဆောင်တွေကို ဇွတ်အတင်း အနောက်ဆန်ပစ်လိုက်တော့ ပရိသတ်မှာ ဟိုဟာလိုသလို ဒီဟာလိုသလိုတွေလည်း ဖြစ်ကုန်တာပေါ့ဗျာ။ ဇာတ်ကား အဆုံးနီးလာချိန်မှ အသားကျပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာ လုံးဝစီးမျောသွားပါတယ်။ ဇာတ်ဝင်သီချင်းကိုတော့ M.I.A ရဲ့Paper Plane ကို အသုံးပြုထားပါတယ်။ ဇာတ်လမ်းနဲ့ အနီးစပ်ဆုံးဖြစ်အောင် မြန်မာမှုပြုထားတာမလို့ စာသားနဲ့ အနည်းငယ်လွဲချော်တာလေးတွေ ရှိပါတယ်။ သည်းခံပြီး ကြည့်ပေးကြပါခင်ဗျာ။ အိန္ဒိယစကားပြောများကို အင်္ဂလိပ်ဘာသာပြန်စာတန်းအသေများကိုလည်း Trimming လုပ်ပြီး စာတန်းထိုးပေးထားပါတယ်။ မူရင်းစာဖိုင်မှာ မပါလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့အဆင်ပြေအောင် အချိန်ယူလုပ်ပေးထားပါတယ်။ အားနည်းချက်များရှိရင် ချစ်သောမျက်စိနဲ့ ကြည့်ပေးကြပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ ခံစားတင်ဆက်ထားပါတယ်။) File size…(4 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:00:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • War
7.7 2008 120 mins
Slumdog Millionaire
Pirates of the Caribbean: Dead Men Tell No Tales
6.6

ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Action • Romance
6.6 2017 128 mins
Pirates of the Caribbean: Dead Men Tell No Tales
Bhoothakaalam
6.4

မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယတောင်ပိုင်း ရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပြောရရင် Psychoနဲ့ Horror ပေါင်းစပ်ထားတဲ့ စိတ္တဇသရဲကားမျိုးပါပဲ။ အသည်းငယ်တတ်ရင်တော့ နေ့ခင်းဘက်လင်းလင်းရှင်းရှင်းရှိတုန်းမှာကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စိတ်ကျရောဂါခံစားနေရတဲ့သားအမိနှစ်ယောက်ဟာ မိသားစုဝင်တစ်ယောက်သေဆုံးသွားပြီးနောက် ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုကြုံလာရပါတယ်။ ရုပ်ရှင်အစအဆုံးမှာလည်း သာမန်အိန္ဒိယသရဲကားတွေလိုပုံစံခွက်ထဲကအတိုင်းမဟုတ်ပဲ စိတ္တဇထိတ်လန့်သည်းဖိုပုံစံမျိုးရော သရဲခြောက်တာရောပေါင်းပြီး ကြက်သီးထစရာဖြစ်အောင်ဖန်တီးထားပါတယ်။ ဇာတ်လမ်းအစမှာ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအရင်ဆုံးအသားပေးဖော်ပြထားပြီးတော့ သူတို့ရဲ့ မိသားစုဝင်တစ် ယောက်ဆုံးရှုံးသွားရတဲ့အခါ စိတ်ကျဝေဒနာကိုစတင်ခံစားလာရတာကနေ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်းလူတွေမခန့်မှန်းနိုင်တဲ့ အလှည့်အပြောင်းတွေကိုမြင်ရမှာမို့ Spoiler မဖြစ်အောင် အများကြီးပြောမပြတော့ပါဘူး။ ဇာတ်ကားရဲ့အစပိုင်းမှာ သရဲခြောက်တဲ့အခန်းတွေကိုအများကြီးမြင်ရမှာမဟုတ်ပေမယ့် ဒီ Psycho သားအမိနှစ်ယောက်နဲ့တင်ကိုကျောချမ်းနေရမှာတော့ အာမခံပါတယ်။ အမှန်တကယ်ကတော့ ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ပဟေဠိတွေ၊မြှုပ်ကွက်တွေ၊မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေ မထင်ရင်မထင်သလိုပြနေတာကြောင့် သရဲကားလို့ကြိုမသိထားရင်တောင် ကြည့်ရတာပိုအရသာရှိမယ့်ကားမျိုးပါ။ ဒီတော့သရဲကားပရိသတ်မှမဟုတ်ပဲ ဇာတ်အိမ်ခိုင်ခိုင်၊ ဒိုင်ယာလော့ကောင်းကောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.05Gb  / 500MB Quality…1080p True WEB DL AAC 2.0CH Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Haruko & Yate

Romance • Thriller
6.4 2022 105 mins
Bhoothakaalam
The Night Beyond the Tricornered Window
5

The night beyond the tricornered window စာအုပ်ဆိုင် တစ်ဆိုင်ရဲ့ စာရေးလေး “မိကဒို”မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူငယ်ငယ်တည်းက သရဲတွေကို အချိန်တိုင်းမြင်နေရတာဖြစ်ပြီး ဒီကနေ ရှောင်လွှဲလို့မရသလို မမြင်ရတော့အောင်လည်း လုပ်လို့မရပါဘူး။ တစ်နေ့မှာတော့ “ဟိရခဝါ”လို့ခေါ်တဲ့ ပယောဂနှင်ဆရာက မိကဒိုကို ရှာတွေ့ခဲ့တဲ့နောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ဟိရခဝါက မိကဒိုကို သူ့ရဲ့လက်ထောက်အဖြစ်ခန့်ပြီးတော့ သရဲမြင်တဲ့အစွမ်း အကူအညီနဲ့ ဖြေရှင်းရခက်တဲ့ မှုခင်းတွေကို ရှာဖွေဖော်ထုတ်ကြပါတယ်။ ဒီလိုနဲ့ သူတို့လိုက်နေရတဲ့အမှုတွေက “ဟိအူရ”လို့ခေါ်တဲ့ အထက်တန်းကျောင်းသူရဲ့ နှုတ်ထွက်စကားတွေနဲ့ သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။ ၂၀၁၃ကနေ ၂၀၂၀အထိထုတ်ဝေခဲ့တဲ့ Yaoi mangaကို adaptionလုပ်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကျောရိုးနဲ့ Japanese BL ကားကောင်းတစ်ကားကို ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.4GB) / (700MB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:45:00 Type__Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

5 2021 102 mins
The Night Beyond the Tricornered Window
Lost in the Sun
6

“ငါထောင်ထဲမှာတုန်းက လူတိုင်းက သူတို့လုပ်ခဲ့တဲ့အမှားတွေအတွက် အခြားသူတွေကို အပြစ်တင်ကြတယ်” “ဒါပေမဲ့ ငါ့အမှားတွေက ငါကိုယ်တိုင်လုပ်ခဲ့တဲ့အရာတွေပဲ၊ ဘယ်သူ့အမှားမှမဟုတ်ဘူး” “ပြဿနာက အဲဒီအမှားတွေက ငါပြောင်းလဲလို့မရတော့တဲ့အရာတွေပဲ” ဂျွန်ဆိုတဲ့လူဟာ အိမ်ပိုင်မရှိ၊ အကြွေးတစ်ပုံကြီးနဲ့ ကားပေါ်မှာပဲဖြစ်သလိုနေပြီး ဘဝကို ဖြစ်သလိုရှင်သန်နေတဲ့ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ပါ။ လျှို့ဝှက်ချက်တွေအများကြီးနဲ့ ဘယ်သူ့ကိုမှမယုံကြည်တတ်တဲ့ တစ်ဇွတ်ထိုးသမား ဂျွန်ဟာ တစ်ရက်မှာ လူးဝစ်ဆိုတဲ့ကောင်လေးကို Farmington, New Mexico မှာရှိတဲ့ သူ့အဖိုးအဖွားအိမ်ကို လိုက်ပို့ပေးမယ်လို့ သူကိုယ်တိုင်လိုလိုလားလားဆုံးဖြတ်ခဲ့ပါတယ်။ လူးဝစ်ကတော့ လောလောလတ်လတ် အမေကိုဆုံးရှုံးထားရတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး မိဘမဲ့ဖြစ်သွားလို့ အဖိုးအဖွားအိမ်ကို တစ်ယောက်တည်းသွားမလို့လုပ်နေတုန်းမှာ ဂျွန်ဆိုတဲ့ လူကြီးတစ်ယောက်က လိုက်ပို့ပေးမယ်လို့ပြောလာတာကြောင့် ဂျွန်နဲ့အတူလိုက်လာတာဖြစ်ပါတယ်။ လူးဝစ်က တစ်ယောက်တည်းခရီးမထွက်ချင်တာကြောင့်သာ လိုက်လာတာပေမဲ့ လမ်းမှာ ဂျွန်ဟာ သူ့အမေချန်ခဲ့တဲ့ပိုက်ဆံတွေကိုယူပြီး ဂျွန်ရဲ့အကြွေးတွေကိုဆပ်လိုက်ပါတယ်။ ပိုက်ဆံတစ်ပြားမှမကျန်တော့တဲ့ သူတို့နှစ်ယောက်က ပိုက်ဆံလိုရင် လမ်းတစ်လျှောက်က ဓါတ်ဆီဆိုင်တွေကို ဓါးပြဝင်တိုက်ပြီး ပိုက်ဆံလုကြပါတယ်။ လူးဝစ်ကတော့ ဘာမှမတတ်နိုင်တဲ့ ဂျွန်လုပ်သမျှကိုပဲ ကူညီပေးနေရတာပါ။ လူးဝစ်အတွက် ဂျွန်ဟာ တကယ်ကိုဆိုးတဲ့လူတစ်ယောက်ပေမဲ့ တဖြည်းဖြည်း ရင်းနှီးလာရင်းနဲ့ ဂျွန်ရဲ့အထီးကျန်နေတဲ့ဘဝကို လူးဝစ်မြင်လာရတဲ့အခါ ဂျွန်အပေါ် နွေးထွေးပေးရင်းနဲ့ သူတို့နှစ်ယောက်ဟာ အရမ်းရင်းနှီးသွားကြပါတော့တယ်။ လမ်းတစ်လျှောက် ဓါးပြတိုက်လိုက်၊ ကားခိုးလိုက်လုပ်နေတဲ့ ဂျွန်ဟာ လူးဝစ်ကို အန္တရာယ်ကင်းကင်းပို့ဆောင်ပေးနိုင်ပါ့မလား။ သူတို့နှစ်ယောက်ကရော တကယ်သူစိမ်းတွေပဲလား။ ဂျွန်လိုလူမျိုးက ရုတ်တရက် လူးဝစ်ကို အိမ်လိုက်ပို့ပေးချင်တာက ဘာကြောင့်ဖြစ်မလဲ။ ဂျွန်ဆိုတဲ့လူကြီးက လူးဝစ်ဆိုတဲ့ကလေးကို အိမ်လိုက်ပို့ပေးတဲ့ ခရီးတစ်ခုကို ကြည့်ရှူရင်းနဲ့ ဂရုစိုက်မှုတွေ၊ သနားကြင်နာမှုတွေကို ခံစားရပြီး သင့်နှလုံးသားကို နွေးထွေးအောင်လုပ်ပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။ File size…1.34GB / 510MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

TV Movie • Thriller • Crime • Drama
6 2015 95 mins
Lost in the Sun
[18+] Graphic Desires
4.4

ဇာတ်လမ်းအညွှန်းမစခင် ၁၈ယောက်စုပြီးကြည့်ရမဲ့ကားဖြစ်ကြောင်း ကြိုတင် အသိပေးပါတယ်ခင်ဗျာ။ ဇာတ်လမ်းကတော့ ဒီလိုဗျ။ ရုံးမှာ တစ်နေကုန်ထိုင်အလုပ်လုပ်ရတာကိုမကြိုက်ဘဲ အိမ်မှာပဲ WFH လုပ်ချင်တဲ့ အိမ်တွင်းပုန်း IT သမား ဖရန်ကလင်ဟာ ကောင်မလေး လည်းရှိ၊ အချစ်ဆုံးဘော်ဒါကြီးလည်းရှိ၊ အလုပ်လည်းရှိဆိုတော့ သူ့ဘဝကြီးက အိုကေစိုပြေတယ်လို့ပြောလို့ရပါတယ်။ တစ်နေ့ကျ သူငယ်ချင်းလမ်းညွှန်ကောင်းမှုနဲ့ သူ့ရည်းစား ခရီးသွားခိုက်မှာ Dating app တစ်ခုကနေ အတ္တလန်တာဆိုတဲ့ စော်လေးတစ်ပွေနဲ့ သွားဒိတ်ပါတယ်။ အစ ကတော့ သူ့ကောင်မလေးအပေါ်သစ္စာမဖောက်ဘူးဆိုပြီး တကယ်တမ်းကျ ဒိတ်ရုံ မကလို့ တွေ့တဲ့ညမှာပဲ ရေနံတူးမိကြတဲ့အပြင် ရေနံတူးမှတ်တမ်းဗီဒီယိုပါ ရိုက်ထား လိုက်သေးတယ်တဲ့ဗျာ။ နောက်နေ့လည်းရောက်ရော အတ္တလန်တာက အကောင့် ဘာညာအကုန်ဖျက်ပြီး ပျောက်ချင်းမလှပျောက်သွားလေတယ်။ သကောင့်သားခမျာ တစ်ညပဲတွေ့ဖူးတဲ့ ကောင်မလေးကို အရမ်းတွေစွဲလမ်းသွားပြီး တစ်ခုခုများဖြစ်သ လားဆိုတဲ့စိတ်နဲ့ ရေတဆုံးမြေတဆုံးလိုက်ရှာပါလေရော။ သူ့ဘော်ဒါကြီးပါလိုက်စုံစမ်းပေးပြီးတဲ့နောက် သိလိုက်ရတာက အဲဒီအတ္တလန်တာ ဆိုတဲ့ကောင်မလေးဟာ ဘယ်တုန်းကမှ မရှိဖူးတဲ့လူတစ်ယောက်ဆိုတာပါပဲ။ သူ့ဘော် ဒါက တကယ်မရှိကြောင်းရှင်းပြလိုက်၊ သူကလည်း ဒါဆို ဒီဗီယိုကဘာလဲဆိုပြီး သက် သေပြလိုက်နဲ့ ဇာတ်ကားတစ်ခုလုံးက အတ္တလန်တာရှာပုံတော်ဖွင့်ခန်းကြီးပါပေါ့။ နောက်ဆုံးမှာတော့ အတ္တလန်တာဆိုတာ တကယ်ရှိလား မရှိဘူးလား၊ မရှိရင် သူရိုက် ထားတဲ့ ဗီဒီယိုကရော ဘာလဲ၊ အတ္တလန်တာဆိုတဲ့ ဘာမှန်းမသိတဲ့ အမျိုးသမီးရယ်၊ ရိုးသားကြိုးစားဖိုးသခွား အိုင်တီသမားလေးကနေ အရူးအမူးစွဲလမ်းတတ်သွားတဲ့ ဖရန် ကလင်ရယ်၊ ဒါ့အပြင်ကိုယ့်ချစ်သူရဲ့bffနဲ့မှ ငြိစွန်းနေမိတဲ့ ကောင်မ‌လေးရယ် သူတို့ ၃ယောက်ရဲ့အရှုပ်တော်ပုံကြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ NZT ဖြစ်ပါတယ်) File Size……….(1.1 GB) / (440 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Translator……NZT Encoder……….Admin X

4.4 2022 90 mins
[18+] Graphic Desires
Annabelle
5.4

2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ 2014 မှာဒီဇာတ်ကားထွက်လာပါတယ်.. သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူး CM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်.. မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ. အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီး သရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေ အတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ.. .ကြောက်တတ်သူများ.. နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ.. တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ File size… 2.41 GB / 1.06 GB / 534 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing

5.4 2014
Annabelle
Martyrs
7

သေဆုံးခြင်းနောက်ကွယ်က တမလွန်ဘဝဟာ ဘယ်လိုရှိမယ်ဆိုတာ မိတ်ဆွေတို့ တွေးကြည့်ဖူးကြလားခင်ဗျ။ ဘာသာတိုင်းမှာ သေလွန်ပြီးရင် ရောက်ရှိမယ့် နိဗ္ဗာန်၊ ကောင်းကင်ဘုံ၊ ငရဲ၊ နတ်ပြည်၊ ဗြမ္မာပြည် အစရှိသဖြင့် ဘုံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တစ်ကယ်တမ်းတွေးကြည့်ရင် သေခါနီးအသက်ငင်နေချိန်မျိုးမှာ လူတွေဘာမြင်ရမလဲ သေဆုံးခြင်းက အဆုံးသတ်လား၊ ဒါမှမဟုတ် စတင်ခြင်းလား ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။ ဒီဇာတ်ကားအစမှာတော့ လူစီဆိုတဲ့ကလေးမလေးဟာ ဒဏ်ရာဒဏ်ချက်ဗရပွနဲ့ ဆောက်လုပ်ရေးဆိုဒ်တစ်ခုကနေ ထွက်ပြေးလာပြီး လူတွေက တွေ့ရှိရာကနေ စတင်ထားပါတယ်။ သူမကို မုဒိန်းကျင့်ထားတာမျိုးတော့မရှိပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ပြတ်သပ်နေအောင် နှိပ်စက်ထားပါတယ်။ ဒီလိုနှိပ်စက်မှုမျိုးကြောင့် စိတ်ဒဏ်ရာရရှိသွားတဲ့ လူစီဟာ တစ်ကယ်မရှိတဲ့သရဲလိုလိုအကောင်ကို မြင်နေရပြီးတော့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်တာမျိုးတွေ ရှိလာပါတယ်။ ဒီလိုနဲ့ သူမကို တွေ့ရှိပြီးတဲ့နောက်မှာ မိဘမဲ့ဂေဟာတစ်ခုကို ပို့လိုက်တဲ့အခါမှာ အန်နာဆိုတဲ့ကောင်မလေးနဲ့ ခင်မင်သွားပါတော့မယ်။ ဆယ့်ငါးနှစ်အကြာမှာတော့ လူစီဟာ သူမကိုနှိပ်စက်ခဲ့တဲ့လူကို ခြေရာခံနိုင်ခဲ့ပြီး တစ်မိသားစုကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ပြီးတာနဲ့ သူဟာ အန်နာကို ဖုန်းခေါ်တဲ့အချိန်မှာ သူငယ်ချင်းကောင်းဖြစ်တဲ့ အန်နာက လိုက်လာခဲ့ပြီး အပြစ်မဲ့တဲ့မိသားစုကို သတ်ပစ်လိုက်တဲ့အတွက် မခံစားနိုင် သူ့သူငယ်ချင်းထောင်ကျမှာကိုလည်း မကြည့်ရက်ဘဲ အလောင်းတွေကို လက်စဖျောက်ပစ်ဖို့လုပ်ပါတော့တယ်။ ဒီလိုလက်စဖျောက်နေရင်းနဲ့ အဲဒီအိမ်မှာ စနစ်တကျတည်ဆောက်ထားတဲ့ လျှို့ဝှက်မြေအောက်ခန်းကို တွေ့လိုက်ရပြီး ဆင်းသွားတဲ့အခါမှာ အမှောင်ခန်းထဲမှာ အလုံပိတ်ပြီး နှိပ်စက်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ဒီမိသားစုဟာ သူထင်သလို အပြစ်မကင်းဘဲ လူစီပြောတာ မှန်နေခဲ့ကြောင်းသိလိုက်ရပြီး ထိုကောင်မလေးကို ကယ်ထုတ်လာပါတော့တယ်။ အန်နာတစ်ယောက် ဒီပြဿနာ ဒီမိသားစုနဲ့ ပြီးပြီထင်ခဲ့ပေမယ့် နောက်ထပ်လူတွေထပ်ရောက်လာပါတော့တယ်။ ဒီအချိန်မှာ ဒီကိစ္စဟာ မိသားစုတစ်စုဆိုက်ကိုဖောက်ပြီး လူတွေဖမ်းဆီးနှိပ်စက်နေတာမဟုတ်ဘဲ နောက်ကွယ်မှာ (နည်းစနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်းအားဖြင့် နာကျင်မှုခံနိုင်ရည်ကိုကျော်လွန်ပြီး သေလွန်ပြီးကာလအပိုင်းအခြားကို ရှုမြင်နိုင်သူ) မာတာဆိုတဲ့ဖြစ်တည်မှုကို မွေးဖွားလာစေပြီး သေလွန်ပြီးရင် ဘာဆက်ဖြစ်မယ်ဆိုတာကို သိချင်ကြတဲ့ ယုံကြည်မှုတစ်ခုကို စွဲကိုင်ထားကြတဲ့ လူကုံထံအသိုင်းအဝိုင်းက ကြေးရတတ်တွေပါဝင်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံး ရှိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အန်နာဟာ သူလူစီ့ကိုကယ်ချင်ခဲ့တဲ့ငရဲတွင်းထဲကို သူပါ ကျရောက်သွားပါတော့တယ်။ ဒီတော့ သူမဟာ ဘယ်လိုမွန်းကြပ်စရာကောင်းအောင် နှိပ်စက်ခံရမလဲ၊ ဒီငရဲတွင်းထဲကနေ လွှတ်မြောက်နိုင်မလား၊ ဒီမာတာဆိုတဲ့ဖြစ်တည်မှုကရော တစ်ကယ်တည်ရှိတာလားဆိုတာကို စိတ်ကျဉ်းကြပ် ဖိစီးဖွယ် အသက်ရှုမဝကြည့်ရမယ့် Horror ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ IMDb မှာ Rating 7/10 ရရှိထားပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ တည်ဆောက်ထားပြီး နိုင်ငံတကာက အကြီးအကျယ်အားပေး ဆွေးနွေးကြတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မြန်မြန်သာ ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7 2008
Martyrs
Ganymede
5.5

ဘာသာရေးအစွန်းရောက်မှုတွေ LGBT လူ့အဖွဲ့အစည်းနဲ့ ပတ်သတ်လို့လွဲမှားနေတဲ့အယူအဆတွေကိုမီးမောင်းထိုးပြ ပေးသွားမဲ့ BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Ganymede ဖြစ်ပြီး သည်းထိပ်ရင်ဖိုဒရာမာပုံစံရိုက်ကူးပြသထားပါတယ်။ မိဘမှန်ရင်ကိုယ့်သားသမီးကိုသဘာ၀အတိုင်းပဲဖြစ်စေချင်ကြပေမဲ့ သဘာ၀နဲ့ဆန့်ကျင်တဲ့လိင်စိတ်တွေဖြစ်လာတဲ့အခါမှာလက်ခံ ပေးကြတဲ့မိဘတွေရှိသလို ခါးခါးသီးသီးမုန်းတီးကြတဲ့မိဘတွေလည်း ရှိပါတယ်။အပြင်လောကမှာလည်းတကယ်ဖြစ်နေတဲ့ဒီလိုအရှုပ် အထွေးတွေကိုကျောင်းသားကောင်လေး ၂ ယောက်ရဲ့အချစ် ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးထားပါတယ်။ လီဖလက်ချာဆိုတဲ့ ကောင်လေးက မျိုးရိုးမြင့်တဲ့ ဖလက်ချာမိသားစုက ဆင်းသက်လာတဲ့သူဖြစ်ပြီး သူ့ဘ၀မှာလွတ်လပ်မှုအရသာကို မခံစားဖူးသလို မိဘတွေပြောတဲ့အတိုင်းတသဝေမတိမ်းနေခဲ့ရ ပါတယ်။ဒါပေမယ့်သူ့မှာ လိင်တူချစ်ကြိုက်တဲ့စိတ်လေးအနည်းငယ် ရှိနေတာကိုတော့ ကိုင်လ်ဆိုတဲ့ကောင်လေးနဲ့တွေ့မှ သူကိုယ်တိုင် သိလာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီမှာတင်လီရဲ့မိသားစုမှာ ပြဿနာအကြီးအကျယ်စဖြစ်ကြပြီး လီကိုလမ်းမှန်ရောက်အောင်ပြန်တည့်ပေးဖို့အတွက်မိဘတွေက ဘာသာရေးနဲ့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ဒါပေမယ့်သူတို့ရဲ့ ဘာသာရေးက တော်ရုံတန်ရုံမဟုတ်ပဲအစွန်းရောက်နေတဲ့အဆင့် ဖြစ်နေတဲ့အခါမှာ လီနဲ့ကိုင်လ်တို့ရဲ့အချစ်အတွက် ဘယ်လိုအခက်အခဲ တွေကိုကြုံတွေ့ရင်ဆိုင်သွားရမယ်ဆိုတာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…1.23GB / 638MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
5.5 2024 97 mins
Ganymede
Lowlifes
6.2

ဒီတစ်ပတ်တော့ cm ပရိသတ်ကြီးကို လူသားစား Horror ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ IMDB မှာ Rating 6.2 အထိရထားပြီး သိပ်မဆိုးတဲ့ Horror ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်ကြောင်းကတော့…. ကိသ်နဲ့ ကတ်သလင်းတို့ ဇနီးမောင်နှံနှစ်ဦးက သူတို့ရဲ့ ဆယ်ကျော်သက် ကလေးနှစ်ယောက်နဲ့အတူ နှစ်စဉ်နှစ်တိုင်း ထွက်နေကျဖြစ်တဲ့ နယ်ဘက်ခရီးစဉ်ကို အာဗီနောက်တွဲကားနဲ့ ထွက်လာခဲ့ကြပါတယ်။ လမ်းတစ်နေရာမှာ နယ်ခံနှစ်ယောက် ကားပျက်တာနဲ့ ကြုံဆုံပြီး လမ်းကြုံပို့ပေးဖို့ အစပြုတာကနေ လူသူဝေးတဲ့ အိမ်တစ်လုံးကို ရောက်သွားကြတဲ့ အခါမှာတော့….။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ လူတွေကို အပြင်ပန်းသဏ္ဍန် ကြည့်ပြီးတော့ပဲ ဆုံးဖြတ်လို့ မရဘူးဆိုတာရယ်နဲ့… အချိန်မရွေး သားကောင်ကနေ မုဆိုး….မုဆိုးကနေ သားကောင် ဖြစ်သွားနိုင်တယ်ဆိုတာကို မက်ဆေ့ပေးချင်တဲ့ သဘောကို တွေ့ရမှာပါ။ တစ်ခုသတိပေးချင်တာက သွေးသံရဲရဲ အပိုင်းအစတွေ မြင်ရမှာ မို့လို့ နှလုံးမကောင်းတဲ့သူတွေ ရွံတတ်တဲ့သူတွေအနေနဲ့ သတိလေးကပ်ပြီး ကြည်သင့်ကြောင်းပါခင်ဗျ….။ File size… (857MB) / (582MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.2 2024 90 mins
Lowlifes
A Good Enough Day
6.2

သားဖြစ်သူဆုံးပါးသွားပြီးတဲ့နောက်မှာ တိုင်လာ ဟာ မိသားစုရဲ့ အဝေးကိုထွက်သွားခဲ့ပြီးတော့ ဓာတ်ပုံပညာအလုပ် ထဲမှာပဲ စိတ်နှစ်ရင်း ဘဝကို မြှုပ်နှံထားခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရောဂါဖြစ်နေကြောင်းသိလိုက်ရပြီးတော့ ဘဝမှာ ဆက်လက်နေထိုင်ဖို့ အချိန်သိပ်မကျန်တော့ကြောင်း သိလိုက်ရတဲ့ အခါ တိုင်လာတစ်ယောက် ဘဝရဲ့ နောင်တရခဲ့ရတဲ့ ကိစ္စတွေအတွက် မိသားစုကို ပြန်ဆက်သွယ်ဖို့ ကြိုးစားခဲ့ ပါတော့တယ်။ ဒီ ဇာတ်ကားလေးကတော့ ရိုးရိုးအေးအေး conversation လေးတွေကိုပဲ တင်ဆက်ထားပြီးတော့ သေဆုံးရတော့မဲ့ လူတစ်ဦးရဲ့ နောက်ဆုံးအချိန်လေးအတွင်းက အတွေးတွေ, သူ့ရဲ့စိတ်ကူးအိပ်မက်တွေကို ခံစားသက်ဝင်ရင်း ကြည့်ရှုကြရမှာပါ။ ဒီ ဇာတ်ကားလေးကတော့ Rotten Tomatoes မှာ Rating 97% အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size… (1.03GB) / (463MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 23m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6.2 2024 81 mins
A Good Enough Day
Zombie Repellent
5.5

ဇာတ်လမ်းအကျဉ်းကတော့ လစ်ဇ်နဲ့ချက်ဒ်တို့က ဘယ်သူမှမသိအောင် ဗီးကပ်စ်ကိုခိုးထွက်လာပြီး မင်္ဂလာဆောင်ဖို့စီစဉ်ထားကြတယ်။ စီစဉ်ထားတဲ့အတိုင်းပဲ မနက်ဖြန်မင်္ဂလာဆောင်ရမယ့် နေ့ဖြစ်တဲ့အတွက် ချက်ဒ်နဲ့လစ်ဇ်တို့က ကားတစ်စီးနဲ့ နှစ်ယောက်တည်း ဘယ်သူမှမရှိတဲ့အမြန်းလမ်းမပေါ်က နေဗီးကပ်စ်ကိုထွက်လာကြတယ်။ လစ်ဇ်ကတော့မင်္ဂလာပွဲအမှီမရောက်မှာစိုးနေပေမယ့် ချက်ဒက်ကတော့ ဇနီးလောင်းလေးကိုအမှတ်တရတွေ များစွာရနိုင်မယ့်အမြန်လမ်းကနေမောင်းဖို့ရွေးချယ် ခဲ့တာဖြစ်ကြောင်းပြောပြနေလေရဲ့။ ဒါပေမယ့် လမ်းခုလတ်အရောက်မှာကားကပျက်သွားတယ်။ အရင်ကတည်းကမကျေနပ်တဲ့လစ်ဇ်ကစိတ်ဆိုးပြီး ကားပေါ်ကဆင်းသွားတယ်။ချက်ဒ်ကလိုက်ချော့နေရင်းနဲ့ပဲ ကားအခိုးလိုက်ရတယ်။ နှစ်ယောက်သားစိတ်ပျက်လက်ပျက်နဲ့ အမြန်လမ်းမပေါ်မှာလမ်းလျှောက်နေတုန်း ကားတစ်စီး ရောက်လာတယ်။ သူတို့ကားကိုယူသွားတဲ့သူကို သိကြောင်း လိုက်ပို့ပေးမယ်လို့ပြောနေတာကြောင့်နှစ်ယောက်သား ကားကြုံစီးလိုက်ရတယ်။ ကားဝပ်ရှော့မှာသူတို့နှစ်ယောက်ရဲ့ကားကိုတွေ့ပေမယ့် ကားကဘတ်ထရီလုံးဝပျက်နေတာကြောင့် မနက်ဖြန် နေ့လည်မှပြင်လို့ပြီးမှာဖြစ်ကြောင်းပြောလိုက်တဲ့အတွက် ဒီမြို့မှာပဲညအိပ်ဖို့စီစဉ်လိုက်ရတယ်။ မိုတယ်မရှိတဲ့အတွက် မစ္စပိုဝဲလ်ကသူ့အိမ်မှာ တစ်ညတာ အိပ်ဖို့စီစဉ်ပေးလိုက်တယ်။ အိမ်ရဲ့စည်းကမ်းကိုလိုက်နာဖို့နဲ့ ညဖက်မှာအပြင်မထွက်ဖို့ပြောထားပေမယ့် ညဖက် ရောက်တော့ လစ်ဇ်ကမြေအောက်မှာအသံကြားလို့ ထကြည့်တဲ့အခါမှာတော့…. File size… (785 MB) / (396 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 17m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama
5.5 2025
Zombie Repellent