~ IMDb - 7.8/10, RT - 89%, Meta - 79% ~
တစ်ခုသော နွေရာသီကျောင်းပိတ်ရက်မှာ ကောင်လေး၂ယောက် တောင်တန်းပေါ်က ရွာလေးတစ်ရွာမှာ ဆုံတွေ့ခဲ့ကြတယ်။ မြို့ကြီးပြကြီးမှာ မွန်းမွန်းကြပ်ကြပ်ကြီးလာတဲ့ ပီရဲထရိုနဲ့ တောင်ပေါ်မှာ ပြေးရင်းလွှားရင်း လွတ်လွတ်လပ်လပ်ကြီးလာတဲ့ ဘရူနို...
မတူညီတဲ့ နောက်ခံအခြေအနေတွေက သူတို့ရဲ့ ခင်မင်မှုကြားမှာ အနှောင့်အယှက်မဖြစ်ခဲ့။ တစ်ဘဝစာ ရင်းနှီးမှုကို တစ်ယောက်ဆီမှာ တစ်ယောက် ရှာတွေ့ခဲ့ကြသလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လို့ရှာတွေ့ခဲ့ကြ။
အသက်ကြီးလာတာနဲ့အမျှ လျှောက်ကြတဲ့ ဦးတည်ရာတွေမတူဘဲ အတိုင်းအတာတစ်ခု ကွာဝေးခဲ့ကြပြီးနောက် ၂ယောက်ထဲက တစ်ယောက်ရဲ့ အဖေဆုံးသွားတဲ့အချိန်မှာမှ ပြန်လည်ဆုံတွေ့၊ ဘဝရဲ့ တစ်ဆစ်တစ်ကွေ့မှာ ပြန်ရင်းနှီးပြီး အတူတူလုပ်ရမယ့် ကိစ္စတစ်ခုရှိလာခဲ့ပါတယ်... ရေခဲတောင်တွေပေါ်မှာပေါ့။
ဒီကားဟာ နာမည်တူ ဝတ္ထုစာအုပ်ကိုပဲ ပြန်ရိုက်ထားခြင်းဖြစ်ပြီး ၂၀၂၂ ကိန်းရုပ်ရှင်ပွဲတော်မှာ Jury Prize ရရှိခဲ့ပါတယ်။ မှင်သက်လောက်တဲ့ ရေခဲတောင်အလှတွေကို ရှုစားရမှာဖြစ်သလို ကလေးဘဝကတည်းက အစပြုခဲ့တဲ့ ယောက်ျားသား ၂ယောက်ကြားက တစ်သက်စာ ခင်မင်ရင်းနှီးမှုကို ဘဝရဲ့ အပိုင်းအခြားအလိုက် တွေ့ရမှာပဲဖြစ်ပါတယ်။ နောက်ပြီး မတူညီတဲ့အချိန်တစ်ခုမှာသာ တွေ့ခဲ့ရရင် တစ်မျိုးတစ်မည်ပြောင်းသွားနိုင်တဲ့ သားအဖဆက်ဆံရေးလေး တစ်စိတ်တစ်ပိုင်း။
တကယ်ပါ... ဒီကားဟာ လှတယ်လို့ပြောရင် ရှုခင်းသက်သက်မဟုတ်ဘဲ သူငယ်ချင်း၂ယောက်ကြားက ခင်မင်မှုအကြောင်းနဲ့ သူတို့ကိုယ်စီရဲ့ သူတို့ကိုယ်သူတို့ ရှာဖွေမှုခရီးစဉ်အကြောင်းပါ ပါတယ်ဆိုတာ ယုံလိုက်ပါ။ အချင်းချင်း တစ်ပတ်လောက် တစ်လလောက် မမြင်ရ မတွေ့ရရုံနဲ့ အားလျော့မသွားတဲ့ ခိုင်မာမှုမျိုးနဲ့ သူငယ်ချင်း ၂ယောက်ကြားက တစ်သက်တာသံယောဇဉ်။ ကံဆိုးမှုတွေ၊ သဘောထားကွဲလွဲမှုတွေ၊ အထူးသဖြင့်တော့ အချိန်ကာလကိုပါ ကျော်ဖြတ်နိုင်တဲ့ ရှားပါးပြီး ထူးခြားတဲ့ လူတိုင်းတောင့်တတဲ့ ဆက်ဆံရေးတစ်ခုပေါ့။
(ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်)
Size - 2.15GB, 1.05GB
Quality - 1080p, 720p
IMDb Rating - 7.8/10
Format - mp4
Duration - 2H 27Min
Genre - Drama
Subtitle - Myanmar Subtitle (Hardsub)
Translated by Z
Encoded by Y
Drama
7.7
2022
147 mins