YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Practice Daughter E08 720p WEB-DL CM.mp4

308.84 MB N/A video/mp4 85 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
White Sun
7.1

ဒီကားရဲ့ နာမည် Seto Surya (နေဖြူ) ဆိုတာက နီပေါနိုင်ငံရဲ့ အမျိုးသားအလံမှာပါတဲ့ အစိတ်ပိုင်းတစ်ခုကို ရည်ညွှန်းထားတာပါ။ အတွင်းသားအနီရောင်နဲ့ အပြာအနားကွပ်၊ လခြမ်းကွေးလေးရယ် တောက်လောင်နေတဲ့နေရယ် ပါတဲ့ နီပေါအလံကို မြင်ဖူးရင် သိကြမှာပါ။ ဒီကားရဲ့ နေဖြူဆိုတာကတော့ အဲဒီ အဖြူရောင်နေကို ဆိုလိုတာဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၆ အထိ ဖြစ်ပွားခဲ့တဲ့ နီပေါ ပြည်တွင်းစစ်ပြီးစ အခြေအနေကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ တစ်ချိန်က နီပေါဟာ ဘုရင့်နိုင်ငံဖြစ်ခဲ့ပြီး ဘုရင့်တော်ဝင်တပ်တွေနဲ့ နီပေါကွန်မြူနစ်ပါတီ (မော်စီတုန်းဝါဒီသမားတွေလို့လည်း ခေါ်ပါတယ်) ကြား နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့ပြီး တော်လှန်သူ ကွန်မြူနစ်တွေ အနိုင်ရခဲ့တဲ့ စစ်ပွဲပါ။ နီပေါနိုင်ငံသားတွေဟာ ထုံးတမ်းစဉ်လာတွေ ဓလေ့တွေလိုက်နာသက်ဝင်ပြီး လူမှုအဆင့်အတန်း ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု ပြင်းထန်တဲ့အလျောက် လူတန်းစားအလွှာကွာဟမှုကို ဆန့်ကျင်တဲ့ မော်စီတုန်းဝါဒီသမားတွေ အာဏာရသွားတေ့ာ အတော်လေးလည်း ခွကျခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းဘက်ကို လှည့်ရမယ်ဆိုရင်ဖြင့် ရှုထောင့် ၂မျိုးက ပြောဖို့ စဉ်းစားထားပါတယ်။ ပထမတစ်မျိုးကတော့ ပူးဂျာလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရှုထောင့်ပါ။ ပူးဂျာလေးဟာ အမေဖြစ်သူနဲ့အတူ ဝေးလံခေါင်သီတဲ့ တောင်တွေပေါ်မှာရှိတဲ့ ရွာဇနပုဒ်မှာ နေထိုင်ပါတယ်။ သူ့ရဲ့ အဖိုးလို့ ခံယူထားတဲ့ ရွာအကြီးအကဲကြီး ဆုံးသွားတဲ့အခါမှာတော့ ရွာမှာ ကြားဖူးနားဝ ကောလဟာလနဲ့ သူ့အဖေဖြစ်လိမ့်မယ်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရွာပြန်အလာကို မျှော်လင့်တကြီး စောင့်စားပါတော့တယ်။ ဒုတိယ ရှုထောင့်အနေနဲ့ကတော့ ချန်ဒျာလို့ခေါ်တဲ့ စစ်သားဟောင်းတစ်ဦးရဲ့ နေရာကနေပါ။ သူဟာ စစ်သားဆိုပေမယ့် ယခုလက်ရှိအာဏာရ ကွန်မြူနစ်ပါတီရဲ့ တစ်ချိန်က ပြောက်ကျားစစ်သား (သူပုန်)ပါ။ တော်လှန်စဉ်က ပါဝင်ခဲ့ပြီး စစ်ပွဲအပြီး ဘေးထွက်နေတဲ့လူမျိုးပေါ့။ သူ့အဖေဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကြောင့် ရွာကို ပြန်လာခဲ့ပေမယ့် အပေါ်မှာပြောသလို အယူအစွဲကြီးတဲ့ ရွာကလူတွေနဲ့ သူနဲ့ကြားက ပဋိပက္ခတွေကြောင့် သူ့အဖေဖြစ်သူ ရွာအကြီးအကဲကို အဆင်ပြေပြေသင်္ဂြိုလ်နိုင်ဖို့ လုံးပမ်းရပါတော့တယ်။ Venice ရုပ်ရှင်ပွဲတော်မှာ ဆုရထားပြီး Toronto တို့ Rotterdam တို့အပါအဝင် ဟုတ်ပေ့ဆိုတဲ့ ရုပ်ရှင်ပွဲတော်ကြီးတွေမှာ ပြသခွင့်ရထားတဲ့ ရုပ်ရှင်မို့ လက်မလွတ်စေလိုပါ။ ဒီ နီပေါဒါရိုက်တာဟာဖြင့် သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကား Highway တုန်းကလည်း ဘာလင်တို့ လိုကာနိုတို့လို ပွဲတော်ကြီးတွေနဲ့ စခဲ့တာပါ။ အခု White Sun ကတော့ သူ့ရဲ့ ဒုတိယကားပေါ့။ နီပေါလို ဒေသတွင်း အနုပညာဖန်တီးသူတွေ သူတို့လက်ရာတွေနဲ့ ကမ္ဘာပတ်နေတာကို ကြွေနေရသလိုမျိုး ကိုယ့်နိုင်ငံတွင်းက ရုပ်ရှင်သမားတွေရဲ့ လက်ရာတွေ (ယခု လူနည်းစု ပတ်နေကြပြီမှန်း သိပါတယ်) လည်း များများစားစား မြင်ရဖို့ မျှော်လင့်မိပါကြောင်း...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 690MB Quality - 720p, 480p IMDb Rating - 7.1/10 Format - mp4 Duration - 1H 29Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Music • Romance
7.1 2016 87 mins
White Sun
Shanghai Knight
1

စစ်​အေး​ခေတ် ဗြိတိသျှ​နေမဝင်အင်ပါယာနဲ့ ဂျပန်အင်ပါယာတို့ အာရှတိုက်တစ်ဝန်း နယ်ချဲ့ကျွန်ပြုထားတဲ့ ​ခေတ်ကာလတစ်ခုမှာ တရုတ်ပြည်မကြီးမှာလည်း မျက်နှာဖြူနဲ့ ဂျပန်​တွေ ကြီးစိုး​​နေတဲ့ အချိန်​ပေါ့၊ ရှန်ဟိုင်းမြို့Bundအရပ်မှာ ဂျင်ဂွမ်ယုံဆိုတဲ့ သူ​ဌေးက ဆိပ်ကမ်း ၇ခုပိုင်ဆိုင်ပြီး ကုန်တင်ကုန်ချလုပ်ငန်းက​နေ စီးပွားရှာနေသူ​ပေါ့၊ သူနဲ့စီးပွားပြိုင်ဖက်က​တော့ အုချီယမဆိုတဲ့ ဂျပန်ပြည်ကလာတဲ့ သူ​ဌေးတစ်​ယောက်ပါ၊ ဆိပ်ကမ်းပိုင်သူ​ဌေးနဲ့ သွင်းကုန်လုပ်ငန်းရှင်တို့ ဖြစ်တာနဲ့အညီ ရန်ပွဲ၊တိုက်ပွဲ​တွေ ပဋိပက္ခ​တွေအမြဲဖြစ်​လေ့ရှိတဲ့ ကမ္ဘာ့ရန်​သဖွယ် ဖြစ်​နေကြသူ​တွေပါ။ ဒီလိုစီးပွားပြိုင်၂ဦးလုံးက တိုက်တိုက်ဆိုင်ဆိုင် မြင်းပွဲကို​တော့ အထူးခုံမင်ကြပါတယ်၊ ဒီလိုနဲ့ပဲ နှစ်ရှည်လများ ဖြစ်တည်လာတဲ့ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်းပွဲတစ်ပွဲနဲ့ စည်းစိမ်ကုန် ​​လောင်း​ကြေး ထပ်ကာ အဆုံးသတ်ဖို့သ​ဘောတူခဲ့ကြပါတယ်၊ မြင်းပွဲရှိပြီဆိုရင် ကိုယ့်ပြိုင်မြင်းကို အ​ကောင်းဆုံးထိန်း​ကျောင်းနိုင်တဲ့ ​ဂျော်ကီကို လိုလာစမြဲပါ၊ ဒီလို စည်းစိမ်ကုန်၊ ဂုဏ်သိက္ခာကုန် ​အ​လောင်းစား လုပ်ထားတဲ့ပွဲမှာ ​ဂျော်ကီ​ကောင်းရှိဖို့ ပိုလိုအပ်လာပါတယ်။ အဆိုပါ​ဂျော်ကီ​နေရာကို​ လုပ်ငန်းရှင်၂ဦးက မာယွန်​ဖေးဆိုသူ ဆိပ်ကမ်းအလုပ်သမားတစ်ဦးကို မျက်စိကျလာပါတယ်၊ သူက လူရိုးလူ​ဖြောင့်ဖြစ်သလို အလုပ်သမား​တွေရဲ့ နစ်နာဆုံးရှူံးမှု​တွေတန်ရာတန်​ကြေးပြန်ရ​ဖို့ ဂျင်ဂွမ်ယုံနဲ့ မကြာခဏ ထိပ်တိုက်​တွေ့​ဖြေရှင်းတတ်တဲ့ သူတစ်​ယောက်ပါ၊ မြင်းစီးပညာလည်း ​ထူးချွန်တာဖြစ်လို့ ဂျင်ဂွမ်ယုံ​ရော အုချီယမ​ရောက သူ့ကို ​ဂျော်ကီအဖြစ်​ခေါ်ယူချင်​နေတာပါ။ အ​လောင်းအစားတစ်ခုနဲ့ အရာအားလုံးရင်းထားတဲ့ ဒီမြင်းပွဲမှာ ဘယ်သူကဗိုလ်ဝင်ခံမှာလဲ ၂ဖက်လုံး​ခေါ်ယူချင်​တဲ့ မာယွန်​ဖေးက ဘယ်သူ့ဘက်က ရပ်တည်မလဲ ​မြွေ​မြွေချင်း​​ ခြေမြင်၊ ကတုံး​ပေါ် ထိပ်ကွက်ဖို့ပဲ ကြံ​နေတဲ့ ဒိတ်ဒိတ်ကြဲ သူ​​ဌေး၂ဦးရဲ့ အားပြိုင်ပွဲမှာ ဘယ်လိုလှည့်ကွက်​တွေ၊ ​နောက်​ကျောဓါးထိုးမှု​တွေ ရှိမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ၊ တရုတ်ကားဆို CGI အများကြီး ပါဝင်တဲ့ သိုင်းကား​တွေပဲ အထွက်များ​နေတဲ့အချိန် ကိုလိုနီ​ခေတ် ဂိုဏ်းအားပြိုင်မှု​တွေ ပြန်မြင်​တွေ့ခွင့်ရတာတမျိုးထူးခြားတာမို့ ကြည့်ရှူခံစားကြည့်လိုက်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (750MB) Quality__WebDL_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__01:30:00 Type__Action, Crime, History Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama • Family
1 2022 88 mins
Shanghai Knight
When Winter Comes
6

Little Forest လို အလောင်မပါတဲ့ Healing drama တွေကိုပဲသဘောကျတဲ့သူတွေအတွက် When Winter Comes (2022) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဆောင်းရာသီအေးအေးလေးမှာ စောင်ထဲကွေးရင်း အေးအေးဆေးဆေးနဲ့ ကြည့်လို့ကောင်းမယ့်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လက်ရှိအချိန်မှာ ဘတ်စ်ကားဒရိုင်ဘာလုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဟောင်း ဂုံဆော့ဝူနဲ့ ဘတ်စ်ကားဂိတ်က စာရေးမလေး ယန်းယောင်းအယ်တို့ရဲ့ ကြည်နူးဖွယ်ဆက်ဆံရေးလေးကို ရိုက်ကူးပြသထားတာပါ။ ဒရိုင်ဘာဂုံဟာ ဘတ်စ်ကားဂိတ်ထိုင်ခုံပေါ်မှာ ကျန်နေခဲ့တဲ့ MP3 စက်လေးတစ်ခုကို တွေ့ရှိခဲ့ရာကနေ ယောင်းအယ်နဲ့ စတင်တွေ့ဆုံဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အတိတ်နဲ့ပါ ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ယောင်းအယ်ကတော့ အဲဒီ MP3 စက်လေးဟာ ပိုင်ရှင်ကလွှင့်ပစ်သွားခဲ့တာလို့ ယုံကြည်နေပြီး ဒရိုင်ဘာဂုံကတော့ ပိုင်ရှင်ကမေ့ကျန်နေခဲ့တာလို့ တစ်ထစ်ချပြောနေခဲ့တာပါ။ ဒီလိုမျိုးယုံကြည်ချက်ကိုယ်စီနဲ့ MP3 စက်လေးကိုအကြောင်းပြုပြီး စတင်သိကျွမ်းခဲ့ကြတဲ့ဆက်ဆံရေးဟာ အချိန်ကြာလာတဲ့အခါမှာ သံယောဇဉ်တွေပေါက်ဖွားလာကြမလား၊ အဲဒီ MP3 စက်လေးမှာရော ဘာလျှို့ဝှက်ချက်တွေများ ရှိနေမလဲ၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအဆုံးသတ်လေးကရော ဘယ်လိုများဖြစ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာအချက်တွေကလည်း အပြည့်ပဲမို့ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြနကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Drama
6 2022 105 mins
When Winter Comes
Be Cool
5.6

ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ “မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့” ပါတဲ့။ ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။ တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။ အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) လူမိုက်တပည့်တွေတပြုံကြီးခြံရံပြီးတော့ သူထုတ်လုပ်တဲ့အခွေတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါက်အောင်လုပ်တတ်တဲ့ MBA ဘွဲ့ရ ဂိုဏ်းစတားသူ‌ဌေးကြီးတစ်ယောက်ကလည်း တစခန်းထလာသေးတယ်။ လင်ဒါ ရဲ့မန်နေဂျာဆိုတဲ့ဘဲက လူဖြူဖြစ်လျက်နဲ့ သူ့ကိုယ်သူ အာဖရိကန်-အမေရိကန် Gangsta Rapper လို့ထင်နေတဲ့သူ။ သူ့ဘေးမှာ သက်တော်စောင့်လုပ်ခိုင်းထားတာကတော့ ဆမိုအာကျွန်းသား ရုပ်ရှင်ရူးရူးနေတဲ့ Dwayne Johnson ကြီးပါပဲ။ ဟုတ်ကဲ့ အဲဒီတုန်းကတော့ the Rock လို့ဖြစ်မလာသေးဘူးပေါ့ဗျာ။ သူက ဂေးလည်းဂေးနေသေးတာတဲ့ (ဇာတ်လမ်းထဲမှာပြောပါတယ်)။ ဒါပေမဲ့‌ ဂေးတယ်ပြောရင် ရန်ရှာသေးတာ။ သူတို့တွေနဲ့ ချီလီပါးလ်မား တို့ ထွေးလုံးရစ်ပတ် အသောဇာတ်ကိုကပြကြတဲ့ Be Cool ဆိုတဲ့ ဒီဇာတ်ကားကို ခံစားကြည့်ကြပါ လို့။ 1995 မှာ ရုံတင်ခဲ့တဲ့ Get Shorty ဇာတ်ကားရဲ့ sequel အဖြစ်ထွက်ရှိလာခဲ့တဲ့ မှုခင်း ဟာသ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပထမကားကိုကြည့်ဖူးရင် ပိုပြီးအရသာရှိပါလိမ့်မယ်။ ဒီကားကို အရင် စကြည့်ရတာဆိုရင်လည်း ပထမကားကိုကြည့်ချင်စိတ်ပေါက်လာမှာ သေချာပါတယ်။ Ratingအရ ပထမကားလောက် မကောင်းဘူးလား‌လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကားကပိုကောင်းတယ်ပဲထင်မိတယ်။ soundtracks တွေကလည်း ဇာတ်ကားကြည့်ပြီးရင် Googleမှာရှာပြီး နားထောင်ချင်စရာကောင်းတယ်။ ဂန္ဓဝင်တီးဝိုင်းအဖွဲ့ဖြစ်တဲ့ Aerosmith နဲ့ ပင်တိုင်အဆိုကျော် စတီဗင်တိုင်လာတို့ကလည်း ဇာတ်ပို့အနေနဲ့ ပါဝင်ထားကြပါသေးတယ်။ Moana ဇာတ်ကားမှာ မာဝီ ကတဲ့အကမျိုး the Rock ကြီး လူကိုယ်တိုင် နုစဉ်အချိန်က ဇာတ်ရံအနေနဲ့ ကပြခဲ့ရတာကိုလည်း ရှုစားရမှာပါ။ ကြည့်ရတာတန်တဲ့ အပန်းပြေမယ့်ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။)

Drama
5.6 2005
Be Cool
All Fun and Games

2023 မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ horror ဇာတ်ကားကောင်းလေး တစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။ ဂျိုးဆိုတဲ့ကောင်လေးဟာ လူမနေတော့တဲ့အိမ်တစ်လုံးကနေ ဓါးတစ်ချောင်းကို ရှာတွေ့ခဲ့ပါတယ်။ သူ့အစ်ကိုက ယူမလာဖို့သတိပေးနေရက်နဲ့ ဂျိုးဟာ ကလေးပီပီ အရာရာကိုစူးစမ်းချင်စိတ်နဲ့ မဖြစ်ဖြစ်အောင်ယူလာခဲ့ပါတယ်။ ယူလာကတည်းက အဲဒီဓါးအထဲကနေ သူ့နာမည်ခေါ်သံတွေကြားနေရပြီးတော့ ညဘက်ကျတော့ ဓါးကအသက်ဝင်လာပြီး ဂျိုးကို ဂိမ်းတစ်ခုကစားဖို့စေခိုင်းပါတော့တယ်။ အဲဒီဂိမ်းကတော့ အခြားမဟုတ်ပါဘူး။ တူတူပုန်းတမ်းကစားခိုင်းတာပါ။ ဂျိုးဟာ သူ့အစ်မ၊ သူ့အစ်ကိုနဲ့ သူ့အစ်မရဲ့သူငယ်ချင်းတွေပါ တူတူပုန်းတမ်းကစားအောင် ဓါးကစေခိုင်းတဲ့အတိုင်း လုပ်ဆောင်ရပါတော့တယ်။ ဖြစ်ချင်တော့ ဓါးက အသေဆိုးနဲ့မရှုမလှသေခဲ့ရတဲ့သားတစ်ယောက်အတွက် စုန်းမတစ်ယောက်ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဓါးပါ။​ အဲဒီဓါးပေါ်က စာလုံးတွေကို ဂျိုးရဲ့အစ်ကို မားကတ်က ဖတ်လိုက်မိပြီးနောက်မှာတော့ မားကတ်ကို နတ်ဆိုးဝင်ပူးသလိုဖြစ်သွားပြီး ဂိမ်းပွဲမှာပါဝင်တဲ့သူတွေကို ဓါးနဲ့ လိုက်သတ်ပါတော့တယ်။ ရုပ်ရှင်က ဇာတ်လမ်းလည်းကောင်းသလို သရုပ်ဆောင်တွေကလည်း လူတိုင်းသိတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါ။​ ဒီကားထဲမှာ မားကတ်ဆိုတဲ့ အစ်ကိုနေရာက သရုပ်ဆောင်တဲ့မင်းသားဆိုရင် sex education ထဲက မင်းသားဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်ချက်က ကြောက်စရာကောင်းလွန်းလို့ ကြည့်ရင်းနဲ့ကြက်သီးတွေတဖြန်းဖြန်းထလာစေပါတယ်။ Horror ဇာတ်လမ်းတစ်ခုတည်းမဟုတ်ဘဲ မိသားစုဝင်တွေ၊ မောင်နှမတွေ၊ သူငယ်ချင်းတွေကြားက သံယောဇဥ်တွေကိုပါ ပီပီပြင်ပြင်ပြသထားပါတယ်။​ သူတို့တွေဘယ်လိုပူးပေါင်းပြီး အဲဒီဓါးထဲကနတ်ဆိုးကိုနှိမ်နှင်းကြမလဲ၊ နတ်ဆိုးဝင်ပူးခံနေရတဲ့မားကတ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ပါဦးနော်… File size…980MB / 399MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 16m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

Romance • Drama • Adventure
0 2023 76 mins
All Fun and Games
[18+] Karinyo Brutal
6.3

အာရီယယ်ဆိုတဲ့ကောင်လေးဟာ နိုင်ငံခြားကိုအလုပ်သွားလုပ်ဖို့ရည်ရွယ်ချက်နဲ့အစ်ကိုဝမ်းကွဲရှိတဲ့မြို့ကိုတက်လာခဲ့ပါတယ်။ အလုပ်ကိစ္စတွေဘာမှအကြောင်းမထူးသေးခင်မှာ သူ့အတွက်ထူးခြားလာတာတော့ အိမ်ရှေ့အိမ်က မမလှလှပါပဲ။ အဲ့ဒီမမဟာ အိမ်ဖော်အမျိုးသမီးတစ်ဦးနဲ့နှစ်ယောက်တည်းနေပြီး ရံဖန်ရံခါ လူတစ်ယောက်အလည်လာပြီးပြန်တတ်ပါတယ်။ သူ့အစ်ကိုဝမ်းကွဲဆီမှာစုံစမ်းကြည့်တော့ သူဌေးတစ်ယောက်ရဲ့ကီပင်သဘောမျိုးဖြစ်ကြောင်း ပိုင်ရှင်ရှိလို့ မကြောင်သင့်ကြောင်းဆုံးမပါသေးတယ်။ ဒါပေမယ့် မမကိုယ်တိုင်က သူ့ကိုရေလာမြောင်းပေးလုပ်လာ အိမ်ထဲကိုဖိတ်ခေါ် ဘီယာတိုက် အတင်းကြီးချကျွေးလာချိန်မှာတော့ မရှောင်နိုင်တော့ပဲ နှိုက်မြည်းမိပါတော့တယ်။ တစ်ဖြည်းဖြည်းရင်းနှီးလာ သံယောဇဉ်တွေတွယ်လာတဲ့နောက် အဲ့ဒီမမက လက်ရှိဘဲကြီးကိုသတ်ပြီး ဒီဘ၀ကလွတ်မြောက်စေဖို့ သူ့ကိုကူညီဖို့ တောင်းဆိုလာတဲ့အခါမှာတော့..။ ဇာတ်ကားထဲမှာဆက်လက်ရှုစားကြပါ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.5 GB)/(550MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌a alias

6.3 2024
[18+] Karinyo Brutal
Narco Sub
5.5

ဒီတစ်ခါ cm ပရိတ်သတ်ကြီးကို အက်ရှင်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီး မင်းသား မင်းသမီးတွေ မပါဝင်နေပေမယ့်လည်း ဇာတ်ကောင် စရိုက်ကို အကောင်းဆုံး ချပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းက အမေရိကန် ရေတပ်အရာရှိဟောင်း တစ်ဦးဖြစ်တဲ့ စထရိုက်ကာဟာ မူးယစ်ထိန်းချုပ်ရေးအဖွဲ့ DEA နဲ့အတူ ကမ်းခြေစောင့် ရဲတွေနဲ့ ပူးပေါင်းပြီးတော့ မက်ဆီကိုနယ်စပ် လမ်းကြောင်းကနေ ဘိန်းဖြူတင်ပို့နေတဲ့ ကိုလံဘီယန် မူးယစ် ဂိုဏ်းက မိန်းကလေးနှစ်ဦး ပြန်ပေးဆွဲဖမ်းခေါ်ထားတာကို ကယ်ထုတ်ခဲ့ပါတယ်။ ဒီအခါမှာ မူးယစ်ဂိုဏ်း ခေါင်းဆောင်က စထရိုက်ကာရဲ့ မိသားစုကို ဖမ်းထားလိုက်ပြီး သူတို့ရဲ့ ရေငုပ် သင်္ဘောနဲ့ ဘိန်းဖြူပို့မယ့်အသုတ်ကို စထရိုက်ကာက လုံခြုံအောင် တာဝန်ယူပေးဖို့ ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ပါတယ်။ ပစ္စည်းတွေကို ရောက်အောင် မပို့နိုင်ရင် မိသားစု အသတ်ခံရမှာပါ။ စထရိုက်ကာ ပစ္စည်းတွေကို ပို့နိုင်ပါ့မလား၊ မိသားစုကိုရော အချိန်မီ ပြန်လည် ကယ်တင်နိုင်ပါ့မလား….။ File size…1.63GB / 753MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2021
Narco Sub
Big Sleep
7

Big Sleep (2023) ******************* CM ပရိသတ်ကြီးတွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ Busan International Film Festival မှာ (၃) ထပ်ကွမ်းဆုရရှိထားခဲ့တဲ့ ကိုရီးယားနိုင်ငံက အိမ်ပြေးလူငယ်တွေရဲ့ အနာဂတ်ပျောက်တဲ့ပုံစံကို ဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အိမ်ပြေးလူငယ်တစ်ယောက်နဲ့ သူ့ကိုဂရုစိုက်တဲ့ လူကြီးတစ်ယောက် ကြုံတွေ့ကြပြီး နှစ်ယောက်သား ဘယ်လိုတွေ ဘဝကိုရှင်သန်ဖြတ်သန်းကြမလဲဆိုတာကို ဇာတ်ကြောင်းအေးအေးလေးနဲ့ ကြည့်ရှုရမှာပါ။ -ဇာတ်လမ်းအကျဉ်း- ဂီဟိုဆိုတဲ့ ကောင်လေးကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အိမ်ကနေထွက်ပြေးလာတဲ့ အိမ်ပြေးလူငယ်တစ်ယောက်ပါ။ တစ်နေ့မှာ ဂင်ဂီယောင်းက မနက်ခင်းအလုပ်သွားဖို့ လုပ်ရင်း သူ့အိမ်ရှေ့ကကွပ်ပျစ်မှာ အိပ်နေတဲ့ဂီဟိုကို တွေ့သွားပြီး အပြောကြမ်းပေမဲ့ စိတ်ထားကောင်းတဲ့ ဂီယောင်းဟာ ဂီဟိုကိုကြည့်ပြီး သူ့ငယ်ဘဝကို ပြန်လည်အမှတ်ရမိသွားတဲ့အတွက် ဂီဟိုကို သူ့အိမ်မှာ နေခွင့်ပြုခဲ့ပါတော့တယ်။ ကိုယ်တိုင်က အရှုံးသမားတစ်ယောက်လို နေနေတဲ့ ဂီယောင်းတစ်ယောက် သူ့ထက်ပိုအားနည်းတဲ့ ဂီဟိုကို ဘယ်လိုတွေ နှစ်သိမ့် ဂရုစိုက်ပေးမလဲဆိုတာကို ရင်ထဲထိထိ ကြည့်လိုက်ရ‌အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1.54GB / 570MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa

7 2023
Big Sleep
Something Good Coming
6.8

Something Good Coming (2023) IMDb Rating (6.8) မတူညီတဲ့ပြဿနာတွေကိုယ်စီရှိနေကြတဲ့ စတိုးဆိုင်ဝန်ထမ်းနှစ်ဦး မတော်တဆဆုံတွေ့ခဲ့ကြပြီး ချစ်ကြိုက်ခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတဲ့ ရိုးရှင်းတဲ့ Comedy, Drama, Romance ကားလေးပါ။ ပုံမှန်အချစ်ကားတွေနဲ့ မတူညီတဲ့အချက်က ရိုးရှင်းတဲ့ပုံစံလေးဖြစ်ပေမဲ့ ပုရိတ်သတ်ရဲ့ ရင်ကို ထိစေတဲ့ တစ်ကယ့်ကိုလေးနက်တဲ့ စိတ်ခံစားချက်တွေ ရရှိသွားစေနိုင်တဲ့ အကြောင်းအရာလေးတွေ ပါဝင်နေတယ်။ နှစ်ဦးကြားနွေးထွေးမှုလေးတွေ ကို့ရို့ကားယားဆက်နွယ်မှုလေးတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ ကြည့်ရှုသူ ပရိတ်သတ်ရင်ထိစေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.7 GB) / (830 MB) Quality….WEB-Rip 1080p HEVC /0720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:40:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Drama
6.8 2023
Something Good Coming
Mechanic Rocky
5

Mechanic Rocky (2024) စက်ပြင်ဆရာလေး ရော့ကီ IMDb 4.5/10 အချစ်ဟာသ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ် သူ့ဖခင်ကားမောင်းသင်တာကို စိတ်တိုင်းမကျဖြစ်နေတဲ့ မိန်းကလေးချောလေးဟာ ကားရုံတစ်ခုရဲ့ကားမောင်းသင်တန်းကို သွားတက်ပြီး ကားမောင်းသင်ခဲ့ပါတယ် ဖြစ်ချင်တော့ အဲဒီကားမောင်းသင်တန်းက ကားရုံပိုင်ရှင် စက်ပြင်ဆရာက ကိုယ်တိုင်သင်ပေးဖို့ဖြစ်လာပါတော့တယ် ကားမောင်းသင်ရင်း စကားစမြည်ပြောရင်းနဲ့ မိန်းကလေးက သူသင်တန်းအပ်ရင်း ကားရုံပိတ်ဖို့အကြောင်းပြောနေတာကြားလို့ စက်ပြင်ဆရာကိုမေးမြန်းပါတယ် ထိုအခါမှစက်ပြင်ဆရာက သူ့ကားရုံအကြောင်း တစ်စိတ်တစ်ပိုင်းကို ပြောပြခဲ့ပါတယ် ဒီကားရုံဟာ သူ့အဘိုးအမွေဖြစ်ကြောင်း သူ့အဘိုးဟာဂိုဏ်းတစ်ခုကနာမည်ကြီးဂိုဏ်သားဖြစ်ကြောင်း သူ့အဘိုးရဲ့ပါးစပ်စည်းမစောင့်မှုကြောင့် လက်တစ်ဖက်ပါဆုံးရှုံးရကြောင်း သူ့အဘိုးသေဆုံးသွားတဲ့အခါ သူ့ဖခင်ကိုဒီကားရုံ အမွေပေးခဲ့ကြောင်း မသေခင် သူ့မိခင်ဆီပြန်လည်ဝင်စားမယ်လို့ပြောခဲ့ကြောင်း တွေအပြင်သူ့ဖခင်ရဲ့ အိမ်မက်အကြောင်းစသည်ဖြင့် ပြောပြပါတော့တယ် သူ့ဖခင်ရဲ့ဘဝအိမ်မက် ရည်မှန်းချက်ကဘာဖြစ်မလဲ သူ့အဘိုးကရောမသေခင်ဘာလို့ပြန်လည်ဝင်စားမယ်ပြောခဲ့သလဲ သူ့အဘိုးဂိုဏ်းသားဘဝအတွေ့အကြုံကရောဘာတွေဖြစ်မလဲ ဒီကားရုံကရော ထင်သလောက်ရိုးရှင်းပါ့မလားဆိုတာ ရယ်ရယ်မောမောနဲ့ စိတ်လှုပ်ရှားစွာ အားပေးခံစား‌ကြည့်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

5 2024 153 mins
Mechanic Rocky
Love Across Time
7.2

Love Across Time (2024) ===================== အချစ်ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ အားလုံးကတော့ အချိန်ခရီးသွားတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ လကြတ်တဲ့နေ့မှာအချိန်ခရီးသွားမယ် ရေထဲမတော်တဆပြုတ်ကျတဲ့အခါ အချိန်ခရီးသွားမယ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့အချိန်ခရီးသွားကြတဲ့ဆီမှာ ၁၇၀၀ခုနှစ်များရဲ့ သမိုင်းဝင်မိသားစုတစ်ခုက ချားစ်ဟာ ၂၁ရာစုဆီကို ဘယ်လိုအနေအထားနဲ့ အချိန်ခရီးသွားမှာလဲ။ ချားစ်ပိုင်ဆိုင်ခဲ့တဲ့ အိမ်ဟောင်းကြီးကို ရောင်းပစ်ဖို့အတွက် ဘဏ်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လာရောက်နေထိုင်သူ ချယ်လ်ဆီးက ချားစ်နဲ့တွေ့ပြီး ဘယ်လိုလှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါက်ဖွားလာမလည်းဆိုတာတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။

7.2 2024 90 mins
Love Across Time
Wine Country
5.5

Wine Country (2019) ******************** “ဟဲ့ မသာမကြီး ဟိုကောင်မ” စတဲ့ ခပ်ရိုင်းရိုင်းအသုံးအနှုန်းမျိုးနဲ့ နှုတ်ဆက်ပေမယ့် မျက်နှာတွေကပြုံးချိုနေတဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေ လူတိုင်းမှာရှိကြတယ်…အထူးသဖြင့် State ကျောင်းသား ကျောင်းသူဘဝက ငယ်သူငယ်ချင်းတွေပေါ့…အရွယ်လေးရောက်လာတော့ လောကကြီးကိုဖြန့်ကျက်ဖို့ရာ ကိုယ်အားသန်ရာနေရာကိုယ်စီကို လျှောက်လမ်းကြရင်း တဖြည်းဖြည်း ကျွန်တော်တို့ငယ်သူငယ်ချင်းတွေဟာ ဝေးကွာမှန်းမသိဝေးကွာကုန်တယ်… ဘဝကိုယ်စီရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကစဉ့်ကလျားမဖြစ်အောင် အံကြိတ်ထမ်းပိုးရင်း ငယ်သူငယ်ချင်းတွေနဲ့ပြန်ဆုံဖို့ အခွင့်အရေးဆိုတာ နောက်ဆုံးမှလုပ်ရမဲ့ အစီအစဉ်ထဲကိုရောက်မှန်းမသိရောက်ကုန်ကြတယ်… ခရီးအတူထွက်ဖို့ ဆိုင်မှာအတူဆုံပြီးစားကြဖို့မျိုးစုံကြိုးစားကြပေမဲ့ ငယ်သူချင်းတွေနဲ့ပြန်ဆုံဖို့ဆိုတာ တိမ်ထဲမှာစာရေးသလိုပါပဲ… ကိုယ့်ဆန္ဒထက်ဦးစားပေးရမဲ့ လက်ရှိဘဝလေပွေလည်းတစ်ချက်တိုက်လိုက်ရုံနဲ့ ကျွန်တော်တို့အစီအစဉ်တွေအကုန်လုံး ပျက်ကုန်ကြတာပဲမဟုတ်လား…ခင်ဗျားတို့အားလုံး ဒီလိုအဖြစ်မျိုးမကြုံဖူးတဲ့သူ ခပ်ရှားရှားပါပဲ… ဇာတ်လမ်းအညွှန်း ————– ဒီကားထဲမှာတော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဟာ သူတို့အုပ်စုထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အသက် ၅၀ပြည့်မွေးနေ့အတွက် ခရီးစုထွက်ဖို့ကြိုးစားကြတယ်…ကျွန်တော်တို့လိုတော့မဟုတ်ဘူးပေါ့… သူတို့အဖွဲ့ကတော့ တကယ်ကိုဆုံဖြစ်ခဲ့ကြတယ်…ငယ်သူငယ်ချင်းတွေပြန်ဆုံတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောစရာရှိပြောကြဆိုကြနဲ့ပေါ့…ဒီကားလေးကိုကြည့်ရင်း ရယ်စရာလေးတွေတွေ့ရသလို ပြန်ဆုံကြတဲ့အခိုက်အတန့်မှာ သူတို့သောင်းကျန်းတဲ့ပုံတွေကိုလည်း ဟာသလေးတွေနှောပြီးတွေ့ရလိမ့်မယ်… ခံစားကြည့်လိုက်ပါဦးလို့ပဲ ပြောပါရစေ… File Size : 2.06GB / 997MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:43:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Heather Oo

Drama • War • TV Movie
5.5 2019 103 mins
Wine Country