YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Poultrygeist.Night.Of.The.Chicken.Dead.2006.720p.BluRay {CM}.mp4

666 MB N/A video/mp4 242 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
On the Sand House
5

အသက် 30 အရွယ်အတိုင်ခင် အလုပ်ရ‌အောင်အမြန်ရှာနေတဲ့ ဒုတိယမြောက် သ‌မီးဖြစ်တဲ့ ဂျင်ယောင်းက မိဘတွေအိမ်မှာ အဖေ အမေတို့နဲ့ အတူတူနေတယ်... ဒါပေမဲ့ အိမ်မှာထက် စက်ရုံက ခေါက်ကုလားထိုင်မှာ ထိုင်ရတာကို ပိုသဘောကျတဲ့ အေးတိအေးစက် အဖေနဲ့ ဂျင်ယောင်းကတော့ စကား‌သိပ်ပြောလေ့ မရှိကြဘူး... အမေကသာ သူတို့နှစ်ယောက်ရဲ့ ကြားခံနယ် ဖြစ်ခဲ့ရတယ် ဂျင်ယောင်းက ကနေဒါကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေစဉ်မှ အမေ ဖြစ်သူက ကားအက်ဆီးဒင့်‌ကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ သားအဖနှစ်ယောက်တည်း အဲဒီအိမ်ကြီးထဲ ကျန်ရစ်ခဲ့ရှာတော့တယ် သားအဖ နှစ်ယောက်သား ပြန်အဆင်ပြေသွားကြမလား... ဂျင်ယောင်းလည်း သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို ဇာတ်ကားလေးထဲမှာပဲ ဆက်လက် ရှုစား လိုက်ကြပါနော်.... File Size :(1.4GB) and (534MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:02:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo & Miri Encoded by Phyo Pyae

Drama
5 2023 122 mins
On the Sand House
Amazing Grace
6.9

IMDB...7.4 ၁၇ရာစုနှစ်အလယ်ပိုင်းလောက်က ကမ္ဘာကြီးမှာ ကိုလိုနီနယ်မြေတွေ၊အင်ပါယာတွေကြောင့် ကျွန်ကူးသန်းရောင်းဝယ်ရေးဆိုတာ ပေါ်ထွန်းလာခဲ့ပြီး အဓိကအချက်ကတော့ လုပ်ခသက်သာတာရယ် စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုးအတွက် ခေါင်းပုံဖြတ်လို့ရတာတွေကြောင့်ပါ။ ဒီထဲမှာမှ ဗြိတိန်အင်ပါယာဟာလည်း ကိုလိုနီနယ်မြေတွေမှာ ကြံပင်၊ကော်ဖီပင်စတဲ့ စိုက်ပျိုးရေးတွေလုပ်ပြီး တိုင်းပြည်စီးပွားရေးအတွက် ကျွန်တွေအပေါ်မှီတည်ထားပါတယ်။ ၁၈ရာစုနှစ်အ‌ရောက်မှာတော့ William Wilberforceဆိုတဲ့ ဗြိတိန်ပါလီမန်အမတ်တစ်ဦးဟာ ကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒီဇာတ်လမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ကျွန်စနစ်အပေါ် အဲ့ခေတ်က ပါလီမန်အမတ်တွေရဲ့အမြင်၊ လူထုအမြင်တွေကို သိသာအောင်ရိုက်ကူးပြထားတာပါ။ စနစ်တစ်ခု ပြုပြင်ဖို့ ဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြကြတဲ့အခါ လက်ခံတဲ့သူတွေရှိသလို ဒီစနစ်ကနေအကျိုးအမြတ်ရနေသူတွေကတော့ ကန့်ကွက်ကြမှာပါပဲ။ ဒါဟာ ဖြစ်နေကျ နိယာမပါပဲ။ ဒါကို William Wilberforceဦးဆောင်တဲ့လူတစ်စုက အကြိမ်ကြိမ်ကျရှုံးရင်း ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုနိုင်ပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ Fantastic Four မင်းသား Ioan Gruffuddကအဓိကဇာတ်ဆောင်နေရာကပါဝင်ထားပြီး Doctor Strange မင်းသားBenedict Cumberbatchလည်းပါဝင်သရုပ်ဆောထားပါတယ်.. File Size :(3.07GB) and (1.01GB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Biography, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • History
6.9 2006 117 mins
Amazing Grace
Frankie and Johnny
6.7

Frankie and Johnny ဆိုတာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ရှေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လွန်လေပြီးသော King of Rock & Roll ကြီး Elvis Presley တောင် သူ့ရုပ်ရှင်မှာ ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။ မူရင်းသီချင်း‌က‌တော့ ဖရန်ကီဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ယောက်ျားတစ်ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်ကို သီဆိုထားတာပါ။ ဒီကားကလည်း ဖရန်ကီဆိုတဲ့ စားပွဲထိုးမလေးနဲ့ ဂျွန်နီဆိုတဲ့ သက်လတ်နှောင်းပိုင်းစားဖိုမှူးတို့ကြားက ချစ်ခြင်းမေတ္တာပါ။ သီချင်းထဲမှာတော့ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ ဂျွန်နီ့ကို ဖရန်ကီက သေနတ်တစ်လက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ တကယ့်လူသတ်မှုတချို့ကိုအခြေခံထားတယ်လို့လည်း ပြောကြပါတယ်။ အခုဒီရုပ်ရှင်ကားဟာလည်း ဒီသီချင်းနာမည်ပေါ် လုံးလုံးအခြေခံထားပေမယ့် သီချင်းထဲကအကြောင်းအရာနဲ့တော့ လားလားမှ မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကို စလိုက်မယ်နော်... ထောင်ကလွတ်လာကစ ဂျွန်နီဟာ နယူး‌ယော့ခ်မြို့ကြီးကိုသွား၊ ထောင်တွင်းမှာတုန်းက တတ်ကျွမ်းခဲ့တဲ့ အချက်အပြုတ်ပညာနဲ့ အလုပ်တစ်ခု စ,ရှာပါတော့တယ်။ ရုပ်ကလေးလှသလောက် ဘဝရဲ့ ပျော်စရာကို ရှာမတွေ့တော့တဲ့ ဖရန်ကီကတော့ ဂျွန်နီအလုပ်လာလျှောက်ဖြစ်သွားတဲ့ စားသောက်ဆိုင်လေးရဲ့ စားပွဲထိုးပါ။ တစ်ခါတလေ တိုက်ဆိုင်မှုဆိုတာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ လူ၂ဦးကြားက မြှားနတ်မောင်ပါပဲ။ သီချင်းခေါင်းစဉ်မှာပါတဲ့ နာမည်ပိုင်ရှင်၂ဦးလုံးဟာ နေရာလေးတစ်ခုမှာ လာတွေ့ဖြစ်ကြတယ်ဆိုတာကိုက ကံကြမ္မာပါ။ ဒီလိုနဲ့ ဖရန်ကီ့ကို ချစ်မိသွားတဲ့ ဂျွန်နီနဲ့ နှလုံးသားကို ဖွင့်ပြဖို့ လူတွေကို ယုံကြည်ဖို့ခက်ခဲနေတဲ့ ဖရန်ကီဆိုတဲ့ မိန်းကလေးတို့ရဲ့ ဇာတ်လမ်းလေးကို တွေ့ရမှာဖြစ်ပါတယ်။ တခြားရှည်ရှည်ဝေးဝေး မစဉ်းစားတောင် ပါတဲ့သရုပ်ဆောင်တွေစာရင်း ကြည့်လိုက်ရင်ကို ဒီကားကြည့်ရတာ တန်နေမှာအမှန်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 930MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 58Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Adventure • Thriller
6.7 1991 118 mins
Frankie and Johnny
The Twins Effect
6

၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။ အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:43:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Drama • War
6 2003 107 mins
The Twins Effect
Lady Bird
7.3

Imdb - 7.8 Rotten Tomatoes - 99% ---------------------------------------------- သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ကျောင်းကောင်းတွေကိုသာ ရွေးလျှောက်ဖို့ကြိုးစားခဲ့ပါတယ်။ အဖေဖြစ်သူကတော့ သမီးလေးအဆင်ပြေအောင် နည်းမျိုးစုံနဲ့ထောက်ပံ့ခဲ့ပါတယ်။ ငှက်မဒီတစ်ယောက် မိဘတွေနဲ့ ဘယ်လိုကတောက်ကဆတွေဖြစ်မလဲ၊ ဘယ်အရာမဆို လက်တည့်စမ်းချင်တဲ့အရွယ်မှာ ဘာတွေကြုံရမလဲ၊ ငွေရေးကြေးရေး အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြပါ။ Ladybird ရုပ်ရှင်ဟာ Poster ပဲကြည့်ရင် နာမည်ကျော်အထင်ကရ အမျိုးသမီးတစ်ယောက်ယောက်အကြောင်း ရိုက်ထားသလားလို့ ထင်မိပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ အလွန်ရိုးရှင်းပေမယ့် အော်စကာဆန်ကာတင်စာရင်းမှာ အကောင်းဆုံးရုပ်ရှင်ဆုနေရာအတွက် တစ်ကားအပါအဝင်အဖြစ် ရွေးချယ်ခံထားရပါတယ်။ အမျိုးသမီးဒါရိုက်တာ Greta Gerwig အတွက်လဲ ပွဲဦးထွက်ရုပ်ရှင်မှာတင် အော်စကာဆန်ကာတင်စာရင်းဝင်သွားတဲ့အတွက် မှတ်တမ်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ဆောင်မင်းသမီး Saoirse Ronan လဲ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု နေရာအတွက် ဆန်ကာတင်စာရင်းမှာပါခဲ့ပါတယ်။ သူဟာ 2015 ခုနှစ်တုန်းက ပြသခဲ့တဲ့ Brooklyn ရုပ်ရှင်မှာလဲပါဝင်ခဲ့ဖူးပြီး အဲ့ရုပ်ရှင်နဲ့တုန်းကလဲ ဆန်ကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ Ladybird ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဆု ဆန်ကာတင်ရုပ်ရှင်တွေထဲမှာတော့ အရိုးရှင်းဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ အဓိကပြသသွားတာက လူတွေရဲ့အပြင်ပန်းသဏ္ဏာန်နဲ့ စိတ်ထဲကခံစားချက်တွေ၊ ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ကစားမှုတွေပါ။ ဒီနှစ် အကောင်းဆုံးရုပ်ရှင်ဆုအတွက်ကတော့ တစ်ပေးချင်စရာ ရုပ်ရှင်တွေကြီးပဲ ဖြစ်နေပါပြီ။ အားလုံးပဲ တကယ်ကောင်းပါတယ်လို့အာမခံနိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုအာကာဖြိုးပါ) ================================================ File Size : (756 MB) Quality : WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Arkar Phyo Encoded by Thanhtike Zaw

Comedy • Drama • Romance
7.3 2017 94 mins
Lady Bird
Mia and the Dragon Princess

ဒီတစ်ခါမှာတော့ Mia And The Dragon Princess ဆိုတဲ့ Live action ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ဘားဝန်ထမ်းမလေးမီယာဟာ တစ်နေ့မှာ ပဟေဠိဆန်တဲ့မိန်းကလေးတစ်ယောက် သူတို့ဆိုင်နားမှာပုန်းနေတာကိုတွေ့လို့ကူညီပေးခဲ့ပါတယ်။ အဲ့မိန်းကလေးဟာ အင်္ဂလိပ်စကားလည်းမတတ်တာကြောင့် ပြောဆိုဆက်သွယ်ဖို့အခက်အခဲရှိနေပြီး ဘာမှလည်းမေးမရဖြစ်နေခဲ့ပါတယ် အဲ့နောက်မှာတော့ သူမကိုလိုက်ရှာတဲ့ လူမိုက်တစ်ဖွဲ့ရောက်လာပြီး သူတို့ဘားကို လာဖျက်စီးကြပါတော့တယ် အဲ့လူမိုက်တွေဟာ ဟိုးနှစ်ပေါင်းများစွာက ပင်လယ်ဓားပြမလေး ရက်ဒ်ကတ်မော်ဂန်ရဲ့ ရတနာတွေကိုလိုက်လံရှာဖွေနေကြတာပါ သူတို့ရှာနေတဲ့ရတနာနဲ့ ပဟေဠိဆန်တဲ့မိန်းကလေးတို့ကဘယ်လိုပက်သက်နေတာလဲ မီယာတစ်ယောက်လည်း သူမကယ်ဆယ်ခဲ့တဲ့ ထိုမိန်းကလေးကို အဆုံးထိကယ်ဆယ်ပေးနိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်… File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Action, Crime, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

0 2023 83 mins
Mia and the Dragon Princess
Armageddon
6.7

Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ လက်ရှိမှာလည်း တစ်ချို့ ဥက္ကာပျံအစိတ်အပိုင်းတွေကမ္ဘာပေါ်ကျရောက်လောက်ပြီး လူတစ်ချို့က အသက်အိုးအိမ်တွေ ပျက်စီးနေကြပါတယ်။ အန္တရယ်အများဆုံးနဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဥက္ကာပျံက ကမ္ဘာကြီးကို (၁၈)ရက် နေရင် ကျရောက်လာတော့မှာပါ။ ဒီအန္တရယ်ဆိုးကြီးမှ လွတ်မြောက်ဖို့အတွက် NASA အကြီးအကဲ Dan Truman က ဥက္ကာပျံဆီရောက်အောင်သွားပြီး အဲဒီဥက္ကာပျံရဲ့ အတွင်းအလယ်ဗဟိုနေရာအထိ တွင်းတူးကာ nuclear ဗုံးကို ထည့်ခွဲရင် ၎င်းဥက္ကာပျံကြီး အစိတ်စိတ်အမွှာမွှာကွဲကာ.. ကမ္ဘာမြေနဲ့ ဝေးရာကို လွင့်စင်သွားမှာဖြစ်လို့ အဲဒီလိုနည်းနဲ့ ဖြေရှင်းမယ်လို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် ဒီလို အန္တရယ်မျိုးတွေ ကျရောက်လာရင် ဖြေရှင်းနိုင်အောင်လို့ ကြိုတင်တွက်ချက်ကာ.. ရေနံတွင်းတူးစက်(Drilling Machine) နဲ့ ပုံစံတူ ယာဉ်ပုံစံဒီဇိုင်း ထုတ်ထားတာရှိပေမယ့် စက်ကို ကိုင်တွယ်အသုံးပြုဖို့ တော့ အာကသယာဉ်မှုးတွေကို သင်တန်းပေးတုန်းရှိပါသေးတယ်။ အဲဒီတော့ကာ… Harry Stamper သူက အရမ်းတော်တဲ့ အတွေ့အကြုံပြည့်ဝတဲ့ Drilling Engineer တစ်ဦးဖြစ်ပြီး သမီးဖြစ်သူ Grace ကိုလည်း သူနဲ့အတူ ကမ်းလွန်ရေနံတွင်းတူးစဉ်မှာအတူအလုပ်လုပ်ကိုင်ဖို့ ခေါ်ထားတဲ့ သမီးကိုအလွန်ချစ်တဲ့ ဖခင်ကောင်းတစ်ဦး.. နောက်တစ်ခုက NASA က တီထွင်ထားတဲ့ ယာဉ်ပျံရဲ့ အတုခိုးထားရတဲ့ Drill Design ကို ဖန်တီးရေးဆွဲသူတစ်ဦး A.J သူကတော့ Harry ရဲ့လက်အောက်မှာ (၅)နှစ်ခန့် တာဝန်ထမ်းဆောင်နေတဲ့ Drilling Enginner ဖြစ်ပြီး Harry ရဲ့ သမီး Grace နဲ့ မေတ္တာမျှနေတဲ့ ထက်မြက်ပြီး တစ်ဇွတ်ထိုးခေါင်းမာတဲ့ လူငယ်လေး တစ်ဦး…. ဒါ့အပြင် ရေနံစင်ပေါ်မှာ သက်စွန့်ဆံဖျားလုပ်ကိုင်နေကြတဲ့ Harry ရဲ့ ဆိုးတူကောင်းဖက် ရဲဖော်ရဲဖက်တွေဖြစ်တဲ့ Chick, Rockhound, Oscar, Bear, Max စတဲ့ လူတစ်စုကလည်း ရေနံစင်ပေါ်မှာ နေ့စဉ်လုပ်ကိုင်မြဲဖြစ်တဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်နေတုန်းမှာပဲ… FBI က Harry ကို NASA စခန်းဆီသို့ ခေါ်ဆောင်ပြီး ယာဉ်ပျံပေါ်လိုက်ပါကာ ဥက္ကာပျံကို ဖျက်ဆီးရာမှာ တာဝန်ယူဆောင်ရွက်ပေးဖို့ စေခိုင်းပါတယ်။ Harry ကလည်း သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာ အတူတကွ ပူးပေါင်းလုပ်ကိုင်လိုကြောင်း ပြန်လည်တောင်းဆိုတဲ့အခါမှာ NASA က တာဝန်ရှိသူတွေကလည်း သဘောတူလက်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Freedom နဲ့ Independence ဆိုတဲ့ ယာဉ်ပျံနှစ်စင်းနဲ့ လူနှစ်စုခွဲပြီး ကမ္ဘာကထွက်ဖို့ အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လေ့ကျင့်မှုတွေကို ပြုလုပ်ပြီး အစီအစဉ်ဆွဲကြပါတော့တယ်။ ယာဉ်(၂)စင်းက လမ်းတစ်ဝက်မှာ Russia အာကာသယာဉ်စခန်းမှာ ဆီဖြည့်ပြီး လကိုပတ်ကာ ဥက္ကာပျံဆီ သွားရဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် တင်လွှတ်တဲ့ အာကာသယာဉ်တိုင်းက ရည်ရွယ်ရာနေရာကို အောင်မြင်စွာရောက်သွားတဲ့ ယာဉ်တွေရှိသလို လမ်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပျက်ဆီးသွားခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်ဆိုတာ အားလုံးက သိရှိနားလည်ထားပြီးဖြစ်ကြတဲ့အလျှောက်.. Freedom နဲ့ Independence ဆိုတဲ့ ယာဉ်ပျံနှစ်စင်းကရော ကမ္ဘာမြေကို ကယ်တင်နိုင်ပါ့မလား.. သူတို့အတွက်အပြန်လမ်းရောရှိပါ့မလားဆိုတာ… ဒီဇာတ်ကားမှာ Disaster Film/Thriller သက်သက်မဟုတ်ပဲ Harry ရဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာ၊ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်း နဲ့ စိတ်ဓာတ် သူရွေးခြယ်ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရဲဘော်ရဲဖက်စိတ်ဓာတ် .. AJ နဲ့ Grace တို့ရဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုလည်း တွေ့မြင်ခံစားရမှာပါ.. သရုပ်ဆောင်တွေကိုတော့ ကျွန်တော်ဒီကားကို စစကြည့်ကြည့်ချင်းမှာ ဘယ်သူတွေမှန်းသိပ်မသိဘူးဗျ.. (ကျွန်တော် ၉တန်းလောက်က ပထမဆုံးကြည့်ဖူးတာမို့လို့) နောက်ပိုင်း ပြန်ကြည့်ကာမှပဲ.. Harry အဖြစ် Die Hard မင်းသားကြီး Bruce Willis A.J အဖြစ် Bat Man ကြီး Ben Affleck Grace အဖြစ် Liv Tyler တို့အပြင် သရုပ်ဆောင်ကောင်းများစွာပါဝင်အားဖြည့်ထားပါတယ်။ 1998က ထွက်တယ်ဆိုပေမယ့် ခုချိန် ကြည့်လဲ ဆက်တင်ပိုင်းတွေက ခေတ်မှီဆဲပါ Budget USD 140Millions သုံးပြီး USD 553.7 Millions ရရှိလောက်သည်အထိ အောင်မြင်ခဲ့ပါတယ်။ Movie Soundtruck တစ်ပုဒ်ဖြစ်တဲ့ Aerosmith အဖွဲ့ရဲ့ I Don’t Want to Miss a Thing သီချင်းလေးကလဲ Aerosmith ရဲ့ အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့အတိုင်းပဲ နားထောင်လို့ အတော်ကောင်းသဗျ။ ထွက်ထားတာကြာပေမယ့် အခုချိန်မှာထိခေတ်မှီပြီးကြည့်ကောင်းနေတာမို့ Bruce Willis Collection ဒါမှမဟုတ် Ben Affleck Collection အခွေတွေထဲမှာ ပြန်ရှာဝယ်လို့ရနိုင်မယ့် ကားတစ်ကားဖြစ်မယ်ထင်ပါတယ်။ #Admin_Y (ရုပ်ရှင်အညွှန်းကို Nucleon FB Page မှ ကူးယူဖော်ပြထားပြီး ရုပ်ရှင်ဘာသာပြန်ကိုတော့ Myo Min Aung(MMA) မှခံစားတင်ဆက်ထားပါတယ်။)

Drama • Western
6.7 1998 151 mins
Armageddon
The Prequel of Gold Convoyers 9 : An Ultimate Task
5.6

ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဆရာတူညီမလေးကျင်းကျင်းသေသွားတော့ ကူဖျင်အန်းကိုချစ်မိနေတဲ့ဝမ်ကျောက်ရှင်းဟာ အနာဂတ်မရှိတဲ့ ကိုယ်ရံတော်တပ်ကိုစိတ်ကုန်ပြီး ကိုယ်ရံတော်တပ်ကထွက်ပြီး အချစ်နဲ့အတူသာမန်ဘဝလေးမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒါကြောင့်သူ့မွေးစားအဖေကိုအသိပေးဖို့ မြို့တော်ကိုသွားတဲ့အချိန်မှာ သူ့ကိုနောက်ဆုံးတာဝန်တစ်ခုပေးအပ်လိုက်တယ်။ တိုင်းတစ်ပါးကစစ်ရှုံးပြီး အညံ့ခံလာတဲ့စစ်သူကြီးတစ်ယောက်ကိုစောင့်ရှောက်ပြီး စစ်မက်ရေးရာဌာနကိုပို့ပေးဖို့ပါ။ ဘယ်သူထင်မထားမလဲ မြို့အဝင်တံခါးမကြီးကနေ စစ်မက်ရေးရာဌာနကိုသွားတဲ့လမ်းတစ်လျှောက်မှာ အန္တရာယ်တွေအထပ်ထပ်ကြုံရမယ်လို့ပေါ့။ တစ်နေ့တာအတွင်း အန္တရာယ်အထပ်ထပ်ကိုကျော်ဖြတ်ပြီး စစ်မက်ရေးရာဌာနကိုရောက်အောင်ပို့ပေးဖို့ကြိုးစားတာကို သဲထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။

5.6 2010
The Prequel of Gold Convoyers 9 : An Ultimate Task
Polaris
5.3

Polaris (2022) ============ ဒီ “Polaris” ဆိုတဲ့ Documentary လေးမှာတော့ ဟာရက်မိုးခမ်းနစ်ရှ် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို လိုက်လံကြည့်ရှုကြရမှာ ပဲဖြစ်ပါတယ်။ သူဟာ ငယ်ဘဝမှာ မိခင်ဖြစ်သူကဆေးစွဲပြီး ဖခင်ဆိုတာ လည်း ဘယ်သူဘယ်ဝါရယ်မှန်းမသိဘဲ ကြီးပြင်းလာခဲ့ရတဲ့သူတစ်ဦးပါ။ အခုချိန်မှာ သူ့အတွက် မိသားစုဆိုတာ ညီမဖြစ်သူလေလာနဲ့ လေလာရဲ့ သမီးဖြစ်သူ အင်နာယာရယ်ပဲရှိတာပါ။ ဟာရက်ဟာဆိုရင် Iceland ရေခဲပိုင်းဒေသတွေမှာ လှေသင်္ဘော ကပ္ပတိန် တစ်ဦးအနေနဲ့လုပ်ကိုင်နေတဲ့သူပေါ့။ ဒီ Documentary မှာဆိုရင် သူ့အနေနဲ့ အမျိုးသားတွေပေါများတဲ့အလုပ်ခွင်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ရတာနဲ့ အညီ လိင်ပိုင်းဆိုင်ရာထိကပါးရိကပါးလုပ်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာ တွေအကြောင်းနဲ့ သူ့ငယ်ဘဝက စိတ်ဒဏ်ရာတွေကြောင့် ခု အသက် ၃၅ ဝန်း ကျင်ထိ ချစ်ခြင်းမေတ္တာကိုရှာဖို့ ဘယ်လိုဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အကြောင်းကိုတွေ့မြင်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo zin ဖြစ်ပါတယ်) File Size……….(795 MB) / (370 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Sci-Fi Translator…….Fiona Gillen Encoder……….SWM

5.3 2022 89 mins
Polaris
Bury My Heart at Wounded Knee
7.1

Bury My Heart at Wounded Knee (2007) ============================= IMDb Rating – 7.1/10 ဒီဇာတ်လမ်းဟာ ၁၉၆၀ နဲ့ ၇၀ ဝန်းကျင် အမေရိကန်အနောက်ပိုင်းက မူလတိုင်းရင်းသားတွေအကြောင်းရေးသားထားတဲ့ Bury My Heart at Wounded Knee စာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်။ အမေရိကန်တွေ သူတို့ရဲ့ဒေသကိုကျူးကျော်ဝင်ရောက်လာပုံ၊ သူတို့ရဲ့ နဂိုနေရိုးရာဓလေ့ထုံးစံတွေကနေ အမေရိကန်တွေသူတို့အတွက် သတ် မှတ်ပေးထားတဲ့ သီးသန့်နယ်မြေတွေမှာ ဘ၀ကိုအခြေချရင်း ခေတ်ပေါ် လူနေမှုဓလေ့ထုံးစံတွေအပေါ်မှာ အသားကျအောင်ပြုပြင်ရင်း ရှင်သန် အောင်ကြိုးစားရပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ မူလတိုင်းရင်းသားတွေ တွေ့ကြုံခဲ့တဲ့ အခက်အခဲနဲ့ခါးသီးမှုတွေကိုစာနာ နားလည်စေသလို တစ်ဖက်စီးနင်း ဝါဒဖြန့်ဆန်ဆန်ပြမထားပဲ သူတို့ကောင်း ကျိုးကိုအမှန်တကယ် ရှေးရှုတဲ့အမေရိကန်တစ်ချို့ဘက်ကိုပါပြသွားခဲ့သလို အဲ့ဒီလူတွေရင်ဆိုင်ခဲ့ရတဲ့ အတိုက်အခံတွေကိုလည်းမီးမောင်းထိုးပြနိုင်ခဲ့ပါ တယ်။ Tv-movie တစ်ခုအဖြစ်အသက်သွင်းခဲ့ပေမယ့် ဆုပေါင်းများစွာရရှိ ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက်ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.5 GB) / (1 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History, Western Translator…….Alias Encoder……….SWM

Documentary
7.1 2007 125 mins
Bury My Heart at Wounded Knee
Hard to Kill

Steven Seagal ကိုမသိတဲ့လူမရှိသလောက်ပါပဲ။ ခပ်မိုက်မိုက်ပုံစံနဲ့လူဆိုးတွေကိုတိုက်တတ်ခိုက်တတ်တဲ့ အဖေတို့ခေတ်ကမင်းသားတစ်လက်ဆိုလည်းမမှားပါဘူး။ ဒီရုပ်ရှင်ကတော့ မင်းသား Stevel Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မေဆင်စတွန်းဆိုတာ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ စုံစမ်းနေတုန်းထူးဆန်းတဲ့အရောင်းအဝယ်တစ်ခုကို စုံစမ်းမိသွားပါတယ်။ စတွန်းတစ်ယောက်မသိလိုက်တာက ဒီတွေ့ရှိမှုနဲ့အတူပေးဆပ်မှုတွေကအရမ်းများတယ်ဆိုတာပါပဲ။ သူစုံစမ်းမိတဲ့အမှုဟာ သူ့ရဲ့မိသားစုကိုအသက်ဘေးကြုံခဲ့ရပြီးသူကိုယ်တိုင်လည်း ၇ နှစ်ကိုမာဝင်ခဲ့ပါတယ်။ ကိုမာကနိုးထလာတဲ့အခါမှာ ဒီလူတွေကပဲ သူ့ကိုသတ်ဖို့ကြိုးစားလာပြန်ပါတယ်။ ဘာတွေများဆက်ဖြစ်မှာလဲ… ကြည့်ရတန်တဲ့ အက်ရှင်တစ်ကားမလို့ မိသားစုနဲ့လည်းကြည့်ဖို့သင့်ပါတယ်။ File size…(2.3 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff

0 1990
Hard to Kill
Danshari Paradise
6.5

Danshari Paradise (2024) ~ IMDb – 6.5/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်ကတော့ ဂျပန်သွားတာ တော်တော်ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီလောကနဲ့ မကင်းတဲ့လူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်လို့ထင်တာပါပဲ။ ဒီရုပ်ရှင်မှလည်း မဟုတ်ပါဘူး။ အချစ်ကားတွေမဟုတ်ဘဲ ဂျပန်တွေရဲ့ ယဉ်ကျေးမှုတွေ လူနေမှုပုံစံတွေကို ဖော်ပြထားတဲ့ ကားတော်တော်များများ အသစ်ထဲမှာရော အဟောင်းထဲမှာရော တော်တော်များပါတယ်။ မသကာ Yasujirō Ozu တို့၊ Hirokazu Kore-eda ရိုက်တာတွေကိုတော့ ကြည့်သင့်ပါတယ်။ မဟုတ်ရင် လွန်ခဲ့တဲ့လတွေတုန်းကလို သူတို့ယဉ်ကျေးမှုမသိဘဲ ဆာကူရာကိုင်းသွားချိုးမိနေမှာ စိုးရပါတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုကို သိအောင်လုပ်ပေးတာနဲ့ ပလိန်းကြီး မလိုအပ်တာတွေပါ စည်းကမ်းတင်းကြပ်တာတွေ မလိုအပ်တာတွေ လုပ်ခိုင်းတာတွေနဲ့တော့ မတူလှဘူးပေါ့။ ဒီနှစ်ခုကြားက စည်းက တော်တော်တော့ ပါးတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုတစ်ခုကို ချစ်တတ်အောင် သင်ပေးလိုက်ရင်တော့ သူ့နှလုံးသားနဲ့သူ ခွဲခြားကြပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အမှိုက်အကြောင်းပါ။ ဂျပန်တွေ အမှိုက်ပစ်တဲ့စည်းကမ်းကပဲ နည်းနည်းလေး အလုပ်ရှုပ်နေလားလို့ ဘာလို့လားမသိပေမဲ့ ဒီရုပ်ရှင်ထဲက လူတွေက အမှိုက်မပစ်ကြတဲ့လူတွေ၊ မလိုတာတွေ အိမ်မှာ စုပုံထားပြီး အိမ်က အမှိုက်ပုံဖြစ်နေတဲ့လူတွေရဲ့ အကြောင်းပါ။ တစ်အိမ်လုံးအမှိုက်ပုံစစ်စစ်ဖြစ်နေတဲ့ တော်တော်ဆိုးဆိုးလူတွေနဲ့ သူတို့ကို သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ သန့်ရှင်းရေးကုမ္ပဏီက လူတွေအကြောင်း။ အိမ်သန့်ရှင်းပြီးနောက်နဲ့ အိမ်မသန့်ရှင်းခင်က သူတို့ဘဝတွေ သူတို့အပြောင်းအလဲတွေကို ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ အကြောင်းအရာလည်းဆန်းသစ်သလို တင်ပြပုံလည်းကောင်းတော့ ကြည့်လို့ကောင်းတယ်။ သူတို့လူနေမှုအကြောင်း နည်းနည်းပါးပါးသိရတော့ မဆိုးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 920MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 41Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.5 2023
Danshari Paradise
Ni Main Sass Kuttni 2
7.3

Ni Main Sass Kuttni 2 (2024) “ယောက္ခမနဲ့ ချွေးမ” ဒီတစ်ခါမှာ ပရိသတ်တို့အတွက် ပန်ချာပီ မိသားစုဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ အမျိုးသမီး ကျေးရွာလူကြီးဖြစ်တဲ့ ချွေးမလုပ်သူဟာဆိုရင် မြေးနှစ်ယောက်ရတဲ့အရွယ်အထိ အိမ်က အသက်အကြီးဆုံးအဘွားအိုဖြစ်တဲ့ ယောက္ခမနဲ့ မတည့်နိုင်ဘဲရှိပါတယ် ယောက္ခမလုပ်သူကလည်း အိမ်မှာ ရိုင်းရိုင်းစိုင်းစိုင်း စွာကျယ်စွာကျယ်လုပ်တဲ့ ချွေးမကို ပြန်နိုင်ဖို့ရာ အကြံထုတ်လျက်ရှိပါတယ် တစ်ဖက်မှာလည်း ရှေ့နေစုံတွဲနှစ်ယောက် တရားခွင်မှာ ပြိုင်ဘက်တွေဖြစ်ပေမယ့် တရားရုံးအပြင်မှာ တီတီတာတာလုပ်ကြတဲ့ အချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသော ရပ်ရေးရွာရေး ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Adventure • Family
7.3 2024
Ni Main Sass Kuttni 2
Dark Paradise Tume paradiis
5.9

Dark Paradise (2024) IMDb Rating (5.9) ကာမန်ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အဖေကရှိတုန်းက သူ့ဘဝက သူ့အဖေထောက်ပံ့တဲ့ငွေနဲ့ မတောင့်မတ မကြောင့်မကြပါဘဲ။ ဇာတ်လမ်းကတော့ သူ့အဖေ အသုဘမှာစထားတယ်။ သူ့အဖေက သူထင်ခဲ့သလို လူချမ်းသာမဟုတ်ဘဲ အကြွေးတွေဝိုင်းနေတဲ့လူဆိုတာလည်း သူ့အဖေ အသုဘကျမှ သူသိလိုက်ရတယ်။ သူ့အဖေချန်ခဲ့တဲ့အမွေတွေကိုလည်း အကြွေးတွေဆပ်ဖို့ သူ့အမေနဲ့သူ့ပထွေးက သိမ်းချင်နေတယ်။ ဒီတော့ ကာမန်ဟာ သူ့ဘဝကြီးထဲ သူစရောက်လာတယ်။ ဆေးလည်းစွဲနေတဲ့ ကာမန်ဟာ သူ့ဘဝကြီးကို ဘယ်လိုတည်ဆောက်မလဲ။ ဆောက်နိုင်ပါ့မလား။ သူ့အဆိုးတွေကရော ဘယ်အထိဆိုးမလဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ လိင်ဆက်ဆံခန်းတွေ တော်တော်ပါတာမို့ မိသားစုနဲ့တော့ ကြည့်လို့အဆင်မပြေပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.4 GB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:49:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Music • Crime
5.9 2024 108 mins
Dark Paradise Tume paradiis