YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Pose.S01E06.Love.is.the.Message.1080p(CM).mp4

984.53 MB N/A video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Memory of a Killer
6.8

အယ်(လ်)ဇိုင်းမားဆိုတဲ့ရောဂါ အကြောင်းကြားဖူးလား။ မှတ်ဉာဏ်တွေပျောက်သွားတဲ့ ရောဂါပေါ့။ တံခါးပိတ်ခဲ့ပြီလား ၊သော့ဘယ်နားထားလဲ စတဲ့ အကြောင်းအရာသေးသေးလေးတွေကနေစပြီး လူတွေ၊ နာမည်တွေ၊လမ်းတွေ မမှတ်မိတော့တာမျိုးအထိဖြစ်တတ် တယ်။ပြီးတော့ အဲ့ရောဂါရရင် အနီးစပ်ဆုံး(လတ်တလော) ဖြစ်ထားတဲ့ အဖြစ်အပျက်တွေက စပြီး မေ့တတ်တယ်တဲ့။ တစ်ကိုယ်တည်းရှင်သန်ရတာ တော်တော်ခက်ခဲမယ့် ရောဂါမျိုးပေါ့။ သာမာန်လူတစ်ယောက်အတွက်တောင် ဘဝရှင်သန်မှုကို ကပြောင်းကပြန်ဖြစ်အောင် လုပ်နိုင်တဲ့ ဒီရောဂါက လူသတ်သမား တစ်ယောက်မှာ ရှိနေမယ်ဆိုရင်ရော၊၊ဘယ်လိုဖြစ်မယ်ထင်လဲ၊၊ ဒီဇာတ်ကားက အန်ဂျလို လဲဒါ ဆိုတဲ့ အယ်(လ်)ဇိုင်းမားရောဂါရှိတဲ့ လူသတ်သမားအဘိုးကြီးတစ်ယောက် အကြောင်းရိုက်ထားတာ၊၊ သူ့ခေတ်သူ့အခါက သျှမ်းသျှမ်းတောက် ကြေးစားဆိုပေမယ့် ရောဂါဖိတဲ့ဒဏ်ကိုခံလာရတော့ အနားယူဖို့ စဉ်းစားရတာပေါ့၊၊ ဒါပေမယ့် သူအနားမယူခင်မှာ အလုပ်တစ်ခုလာအပ်တယ်၊၊ ဘယ်(လ်)ဂျီယံနိုင်ငံကို သွားပြီး လူသတ်ပေးဖို့တဲ့၊၊အနားယူဖို့ စဉ်းစားထားပေမယ့် နောက်ဆုံးအနေနဲ့လုပ်ပေးပါကွာဆိုတဲ့ တောင်းဆိုချက်ကြောင့် အဘိုးကြီးလည်း လက်ခံလိုက်တယ်၊၊ ဒီနေရာမှာ ဖြတ်ပြောရရင် အန်ဂျလိုဟာ လူသတ်သမားဆိုပေမယ့် သူ့စည်းနဲ့ သူရှိတယ်၊၊(၁၃)နှစ်အောက်ကလေးတွေကို မသတ်ဘူး၊၊ ကလေးတွေကို လိင်ပိုင်းအရဖိနှိပ်တာတွေ အကြမ်းဖက်တာတွေဆို လက်မခံဘူး၊၊ ဖြစ်ချင်တော့ အခုနောက်ဆုံးဆိုပြီး သူလက်ခံလိုက်တဲ့ အလုပ်မှာ ကလေးတစ်ယောက်ကို သတ်ပေးဖို့ဖြစ်လာတယ်၊၊ အလုပ်အပ်တဲ့လူတွေကလည်း ဘယ်(လ်)ဂျီယံမှာ အာဏာရှိ ပါတယ်ဆိုတဲ့ ထိပ်တန်းနိုင်ငံရေးသမားမိသားစု၊၊ အန်ဂျလို လဲဒါတစ်ယောက် ဘာဆက်လုပ်မလဲ၊၊ သူ့ရဲ့ရပ်တည်ချက်စည်းမျဉ်းတွေကို နောက်ဆုံးတစ်ခေါက်မှာ ဖောက်ဖျက်လိုက်မလား၊၊ အယ်(လ်)ဇိုင်းမားရောဂါနဲ့ သူ့လူသတ်သမားအလုပ်နဲ့ရော ဘယ်လို နှစ်ပါးသွားမလဲ၊ စတာတွေကို ဒီဇာတ်ကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dutch စကားပြော အက်ရှင်ကားဖြစ်ပါတယ်၊၊ IMDB မှာလည်း 7.2/10 ရရှိထားပြီး Leon : The Professional နဲ့တောင် ယှဉ်လို့ရတယ်ဆိုတဲ့ အထိညွှန်းကြတာကြောင့် ကြည့်ရှုကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်၊၊ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…2.44GB / 904MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….2h 3m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Action • Crime • Thriller
6.8 2003 114 mins
The Memory of a Killer
King
6.6

ခြင်္သေ့ပေါက်လေးတစ်ကောင်ဟာ လေဆိပ်တစ်ခုကနေလွတ်လာပြီး ပျောက်ဆုံးသွားပါတယ်။ ရဲတွေဟာ ဒီခြင်္သေ့လေးကိုလိုက်လံရှာဖွေရင်း အန္တရာယ်ရှိတာမို့ အနားမကပ်ကြဖို့လည်း ထုတ်ပြန်နေကြပါတယ်။ အဲဒီလိုနဲ့ ခြင်္သေ့လေးဟာ Inès နဲ့ Alex တို့ရဲ့ အိမ်ထဲကိုရောက်လာတာပေါ့။ Inès ဟာ သူ့အမေဆုံးသွားပြီးတဲ့နောက် မိထွေးကသူတို့အပေါ်ကောင်းပေမယ့်လည်း အထီးကျန်စွာနေနေတတ်တဲ့ကလေးတစ်ယောက်။ မောင်နှမနှစ်ယောက်အနက် အငယ်ဖြစ်ပေမယ့် တွေးတတ်ခေါ်တတ်ရှိပြီး ထက်ထက်မြက်မြက်လေးပေါ့။ ဒီလိုနဲ့ပဲ ခြင်္သေ့လေးကို Inès တွေ့ကတည်းက ချစ်ခဲ့ရပြီး King လို့ မှည့်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးပီသစွာ မစဉ်းစားမဆင်ခြင်တတ်တဲ့ အကို Alex ကတော့ King လေးနဲ့ Video ရိုက်ပြီး လိုင်းပေါ်တင်လိုက်တာ Viral ပါဖြစ်သွားပါတော့တယ်။ အဲဒီကနေစလို့ Inès နဲ့ Alex နှစ်ယောက်သား ချစ်စရာ King လေးကို လွတ်လွတ်လပ်လပ် သူ့သဘာဝအတိုင်းရှင်သန်နိုင်အောင် တောထဲလွှတ်ဖို့ ပြင်သစ်ကနေ အာဖရိကထိဆိုတဲ့ Adventure ခရီးကြမ်းကို ဘယ်လိုရုန်းကန်လှုပ်ရှားစွန့်စားကြရမလဲဆိုတာကို ရှူစားကြရမယ့် ပြင်သစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 810MB Quality - 1080p, 720p IMDb Rating - 5.1/10 Format - mp4 Duration - 1H 45Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Adventure • Drama
6.6 2022 105 mins
King
Significant Other
6

(1080p ရပါပြီ) R Rated Mystery/Scifi ကားသစ်လေးပါ။ ရူ့သ်နဲ့ ဟယ်ရီက တောအုပ်တစ်ခုထဲကို စခန်းချခရီးထွက်လာကြတဲ့ ချစ်သူစုံတွဲပါ။ အဲဒီလိုခရီးထွက်ဖို့ကို ဟယ်ရီက စိတ်အားထက်သန်သလောက် ရူ့သ်က အင်တင်တင်ရယ်။ ဒါပေမဲ့ ချစ်ရသူ ဟယ်ရီက စိတ်အားထက်သန်နေတော့ ကျောပိုးအိတ်တစ်လုံးနဲ့ လိုက်လာရှာပါတယ်။ တကယ်တမ်း ဟယ်ရီက ရူ့သ်ကို တောထဲခေါ်လာတယ်ဆိုတာ အကြံနဲ့ပါ။ ဘာအကြံလဲဆိုတော့ လက်ထပ်ခွင့်တောင်းဖို့ပေါ့။ ဒါပေမဲ့ ကလေးတုန်းက ရခဲ့တဲ့စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ရူ့သ်က ဟယ်ရီ့ကို ငြင်းပါတယ်။ ဒီလိုနဲ့ အက်ကြောင်းထင်သွားတဲ့ သူတို့ကြားမှာ ဟယ်ရီ ထပ်သိလာတာက တောထဲခဏပျောက်သွားခဲ့တဲ့ ရူ့သ်ဟာ … ရူ့သ်တစ်ယောက် ဘာတွေဖြစ်သွားတာလဲ? သူတို့ ဆက်ဆံရေးကကော အရင်လို ပြန်အဆင်ပြေပါ့မလား? ဆိုတာတွေကိုတော့ ရုပ်ရှင်လေးထဲ ဆက်လက် အဖြေရှာ ကြည့်ရှုလိုက်ကြစို့နော် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။) File Size          : 1.6GB, 540MB, 281MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 24mins Genre              : Mystery, Thriller, Sci-Fi Translated by May Myat Thu Encoded by Kinnov

Action • Adventure • Fantasy • Science Fiction
6 2022 85 mins
Significant Other
The Anchor
5.5

သည်းထိပ်ရင်ဖို Paranormal ဆန်ဆန် ဇာတ်ကားအသစ်လေး ထွက်ရှိလာပါပြီ Psychology, Thriller ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် အရမ်းကိုက်မယ့်ကားလေးပါ Se-Ra (Chun Woo-Hee)က ရုပ်သံလွှင့်ဌာနမှာ နာမည်ကြီး သတင်းကြေညာသူ(Anchor) ဖြစ်ပါတယ် Korean မှာ နာမည်ကြီးတဲ့ ၉ နာရီသတင်းမှာ အမြဲတာဝန်ယူရတဲ့သူပေါ့ တစ်နေ့ သူ ၉နာရီ သတင်းအတွက် ရုပ်သံမလွှင့်ခင် ထူးဆန်းတဲ့ဖုန်းဝင်လာတယ် အဲဒီဖုန်းက Se Ra နဲ့ပဲ ပြောချင်တဲ့ဖုန်းဖြစ်နေတော့ မဖြစ်မနေကိုင်လိုက်ရတယ် ဖုန်းဆက်တဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်ပြီး... “အဲဒီလူ ကျွန်မကိုသတ်တော့မယ်...ကျွန်မရဲ့သမီးကိုလည်း သတ်သွားပြီ... အကယ်၍ ကျွန်မသေသွားရင်လည်း သတင်းကြေညာသူဆယ်ရာကပဲ ကြေညာပေးပါ...” အဲဒီလိုမျိုး ထူးဆန်းတဲ့စကားတွေနဲ့ သံသယဝင်စရာကောင်းအောင်ပြောတာမို့လို့ နောက်တဲ့ဖုန်းလို့ထင်သွားတယ် ဒါပေမဲ့ စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့တယ် ဆယ်ရာရဲ့ အမေဖြစ်သူ So-Jung (Lee Hye-Young)က သူ့သမီးအောင်မြင်ကျော်ကြားတာကိုလိုချင်တယ် အဲဒါကြောင့် သူ့သမီးကို ဖုန်းထဲကပြောတဲ့ လိပ်စာအတိုင်းသွားဖို့ အကြံပေးတယ် Sera လည်း အဲမိန်းကလေးအိမ်ကိုသွားတော့ အဲမိန်းကလေးနဲ့ သမီးဖြစ်သူသေ‌ဆုံးနေတာကို တွေ့လိုက်ရတယ် အဲအချိန်ကစပြီး Sera က သရဲလိုမျိူး အဲမိန်းကလေးရဲ့ ပုံရိပ်တွေ ဆက်တိုက်မြင်လာရတယ် အလုပ်တွေပါ ထိခိုက်လာတာကြောင့် သေသွားတဲ့မိန်းကလေးရဲ့ စိတ်ရောဂါကုဆရာဝန် In-Ho (Shin Ha-Kyun) နဲ့ တွေ့ခဲ့တယ် ဒီအမှုနဲ့ ထိုဆရာဝန်ပတ်သတ်နေတယ်လို့ သိလာပြီး သံသယဝင်လာတယ် ပြီးပြည့်စုံတဲ့ သတင်းကြေညာသူတစ်ယောက်ရဲ့ တုန်လှုပ်ယိုင်နဲ့လာပုံကို ကျောချမ်းရင်း ကြည့်ရမယ့်အပြင် သားသမီးနဲ့မိဘတွေရဲ့ စိတ်ထဲကခံစားချက်တွေကို ဖော်ကြူးထားတဲ့ အတွက် အမိုက်စားကားသစ်လေးကို အခုပဲကြည့်လိုက်ရအောင်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing Khin ပဲ ဖြစ်ပါတယ်။ Genre.....Mystery, Thriller Quality….1080p | 720p| 480p File size… 1.6GB | 815MB | 296MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... Khaing Khin Encoder ..... August

Fantasy
5.5 2022 111 mins
The Anchor
Resident Evil: Welcome to Raccoon City
6

ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်း လီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာ ဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့က မိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာ ကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလား အခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့ လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့် သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီး ဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ... File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP / 1080p AAC 5.1CH Format…mkv Duration….1h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson

Drama • Sci-Fi & Fantasy
6 2021 107 mins
Resident Evil: Welcome to Raccoon City
Luzifer
5.6

Luzifer (2021) ~ Rotten Tomatoes – 100% ~ Horror ရုပ်ရှင်ပေမဲ့ ကနေဒါက ရုပ်ရှင်ပွဲတော်တွေမှာ Best Picture ရထားပါတယ်။ Horror ဆိုပေမဲ့ အကြမ်းပတမ်းတွေ မပြဘဲ သိမ်သိမ်မွေ့မွေ့နဲ့ စိတ်ညစ်အောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ဂျာမန်စကားပြောရုပ်ရှင်ဖြစ်ပြီး Rotten Tomatoes 100% ရထားတဲ့ Art House ဆန်ဆန် ရုပ်ရှင်လို့ပြောလည်း မမှားပါဘူး။ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဘာသာရေးတွေ နတ်ဆိုးတွေနဲ့ ဆိုက်ကိုဆန်ဆန် ပုံဖော်ထားပါတယ်။ အသက်ကြီးလာပေမဲ့ ကလေးစိတ်ပဲရှိသေးတဲ့ သားကို ကာကွယ်ပေးချင်လို့ လူမနီးသူမနီးတောကြီးထဲ သွားနေတဲ့အမေနဲ့ သူ့သားကြားက စိတ္တဇဆန်ဆန်ဖြစ်ရပ်တွေကို စိတ်ညစ်စရာကောင်းအောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ Metaphor တွေ တပုံတပင်သုံးထားတဲ့ ဥရောပ Art Houseရုပ်ရှင်တွေကို မြည်းစမ်းကြည့်ချင်တဲ့သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ပြီး Actor တွေရော Actress တွေရော ရုပ်ရှင်ပွဲတော်တွေမှာ ဆုရထားပါတယ်။ တလောကထွက်ခဲ့တဲ့ You Won’t Be Aloneဆိုတဲ့ Art House ဆန်ဆန် စုန်းကားနဲ့ ပြသပုံတောင်နီးစပ်ပါတယ်။ အရသာတော့မတူဘူးပေါ့။ ဒီရုပ်ရှင်က ဘုရားသခင်ကို ယုံကြည်ပြီး နတ်ဆိုးဆိုတာ ဘာလဲအဖြေရှာတဲ့ ရုပ်ရှင်နဲ့ပိုတူပါတယ်။ ရှားရှားပါးပါး Horror ရုပ်ရှင်ကို RT 100% ရထားပြီး ဆုတွေအများကြီးရထားတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.31GB, 571MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 43Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Science Fiction
5.6 2021
Luzifer
The Bang Bang Club
6.9

The Bang Bang Club (2010) အာဖရိကတိုက်ဟာ လူမျိုး‌ရေးပြဿနာတွေ၊ ပဋိပက္ခ‌တွေ၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သွေးသံရဲရဲသတ်ဖြတ်မှုတွေကြောင့် တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ရတဲ့ နေရာတစ်ခုပါ။ နေ့တိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်နေတဲ့အရပ်မို့လို့လဲ သတင်းသမားတွေရဲ့ ရတနာသိုက်ကြီးတစ်ခု ဖြစ်လာတော့တာပေါ့။ သတင်းသမားဆိုတာနဲ့ လူ့ကျင့်ဝတ်ကို ဘေးဖယ်ထားလိုက်ရတော့တာပါပဲလေ။ ကိုယ့်ရှေ့မှာ လူသတ်နေရင် ဝင်ကူညီဖို့ထက် ရှင်းလင်းပြတ်သားမြင်သာတဲ့ ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ဖို့က ပိုအရေးကြီးတာကိုး။ ဒါ့ကြောင့်ပဲ သတင်းထောက်တွေကို နှာခေါင်းရှုံ့ကြတယ်ပဲ ထင်ပါရဲ့။ သတင်းသမား‌တွေအတွက် ဓာတ်ပုံတစ်ပုံဟာ ရွှေထက်ပိုတန်ဖိုးရှိတာပေါ့။ သတင်းဓာတ်ပုံဆု ပူလစ်ဇာ ဆိုတာက သတင်းထောက်တစ်ယောက်ကို စင်ပေါ်တင်ပေးလိုက်ပြီး ငွေပုံပေါ် ထိုင်လို့ရသွားစေတာကိုး။ သတင်းဌာနတွေက အလုအယက်ဝိုင်းခေါ်၊ လစာတွေတပုံကြီးပေးပစ်လိုက်ကြတာမျိုးပဲ။ ကဲ ဒီလောက်ဆိုရင် အမြည်းသဘော သိရပြီမလို့ အကြောင်းအရာလေးတစ်ခု ထပ်ပြောပါ့မယ်။ လူကြီးမင်းတို့ထဲမှာ မှတ်မိလိုက်ကြသူတွေလည်း ရှိမှာပေါ့။ အာဖရိက ဆူဒန်တောင်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးမှု အကြီးအကျယ်ဖြစ်တော့ လူအမြောက်အများ သေကြေခဲ့ရဖူးတယ်။ ထမင်းငတ်လို့ သေတဲ့မသာတွေပေါ့ဗျာ။ အဲဒီထဲမှာမှ အစာရေစာငတ်လို့ သေအံ့မူးမူးဖြစ်နေတဲ့ ကလေးမလေးတစ်ယောက် လဲကျခါနီးမှာ လင်းတငှက်တစ်ကောင်က ဘေးမှာအသင့်စောင့်နေတဲ့အဖြစ်ကို ရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံက ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်ပါတယ်။ သိပ်ကြောက်စရာကောင်းတဲ့အဖြစ်ကြီးကို ကမ္ဘာကြီးက မျက်ဝါးထင်ထင်တွေ့လိုက်ရအောင် တင်ဆက်နိုင်လိုက်တဲ့ ဓာတ်ပုံဟာ ပူလစ်ဇာဆုကို ဆွတ်ခူးသွားပါတယ်။ အဲဒီနောက်မှာပဲ ဓာတ်ပုံဆရာဟာ အဲဒီကလေးမကို မကူညီခဲ့လို့ ဝိုင်းဝန်းပြစ်တင်ခံရတဲ့ နောက်ဆက်တွဲအပိုင်းတွေလည်း ရှိတာပေါ့။ နောက်တစ်ပုံ ရှိသေးတယ်ဗျ။ ကိုယ့်လည်ပင်းကို လှီးမယ့်ဓားသမားက ကိုယ်နဲ့ နှစ်ပေအကွာမှာရှိတယ်။ သုံးလေးချက်လည်း လှမ်းခုတ်နေသေးတာနော်။ မထိလိုက်လို့ လည်ပြတ်မသွားသေးတာ။ အဲဒီမှာ ဓာတ်ဆီလောင်းပြီး မီးရှို့ခံလိုက်ရလို့ မီးလုံးကြီးတဝင်းဝင်းလောင်နေတဲ့သူက ကိုယ့်ရှေ့က ဖြတ်ပြေးတော့ ဆယ်ပေအကွာမှာရောက်နေပါသတဲ့။ လူကြီးမင်းတို့ ဘာလုပ်မလဲ။ သတင်းထောက်ရဲ့ခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိတယ်တဲ့နော်။ F 5.6 တဲ့။ သူတို့ခေတ်က ဖလင်ခေတ်။ Digital တွေမရှိဘူး။ ကင်မရာအလင်းဝင်ပေါက် အကျဉ်းအကျယ်က ကိုယ်တိုင်ချိန်ရတာ။ မီးတောက်လိုမျိုး အလင်းစူးစူးကိုရိုက်ရင် ‌shatter ပွင့်တဲ့အချိန် တိုရတယ်ဗျ။ ကြာသွားရင် ပုံက ဘာမှမပေါ်တော့ပဲ အဖြူပြင်ကြီးဖြစ်နေမှာ။ ဒီတော့ သတင်းထောက်က အလင်းဝင်ပေါက် အကျဉ်းဆုံးနဲ့ အမြန်ဆုံးဖြစ်တဲ့ F 5.6 setting ကိုပဲ ခေါင်းထဲတွေးမိသတဲ့။ တကယ့်ကောင်တွေပါဗျာ။ သူ့ရဲ့ မီးလောင်နေတဲ့လူဓာတ်ပုံကလည်း ပူလစ်ဇာဆု ရခဲ့တယ်ဗျ။ ထူးခြားတာက ဒီဓာတ်ပုံသမားနှစ်ယောက်လုံးက ဘန်းဘန်းကလပ်လို့ခေါ်တဲ့ သတင်းထောက်ဓာတ်ပုံဆရာအသင်းငယ်လေးထဲကပါ။ ဒီတော့ ဘန်းဘန်းကလပ် လို့ နာမည်ပေးထားတဲ့ ဟောဒီဇာတ်ကားက ဘာကိုရိုက်ကူးတင်ဆက်ထားတယ်ဆိုတာ လူကြီးမင်းတို့ကို ညွှန်းစရာမလိုလောက်တော့ပါဘူး။ Cast တွေကလည်း ရှယ်မိုက်တာမလို့ အခုချက်ချင်း Download ဆွဲပြီး ကြည့်သင့်တဲ့ဇာတ်ကားပါပဲခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Crime • Thriller
6.9 2010
The Bang Bang Club
Cloudy with a Chance of Meatballs
6.9

ကာတွန်းဆိုတဲ့ ရုပ်ရှင်အမျိုးအစားက ကလေး လူငယ် လူကြီးမရွေး နှစ်သက်ကြတဲ့၊ ကြည့်ရှုဖြစ်ကြတဲ့ ရုပ်ရှင်အမျိုးအစားတစ်မျိုးပါ။ ဟိုးအရင်က ထွက်ခဲ့တဲ့ ကာတွန်းကားတွေထဲကမှ စားစရာတွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကားလေလို့ ပြောလိုက်ရင် မသိတဲ့သူ မရှိသလောက်ဖြစ်ခဲ့ဖူးတာကို သိကြမှာပါ။ အဲဒီ စားစရာတွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကားကို CM ကနေ quality ကောင်းကောင်းနဲ့ တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဒီကာတွန်းကားလေးက ၂၀၀၉ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီးတော့ Columbia Pictures နဲ့ Sony Pictures တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၃ သန်းအထိ ရရှိခဲ့ပါတယ်။ မသိတဲ့သူတွေရော သိတဲ့သူတွေပါ ထပ်သိသွားရအောင်လို့ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ ဒီဇာတ်ကားလေးထဲမှာ အဓိကဇာတ်ကောင်က ဖလင်လော့ခ်ဝုဒ်ဆိုတဲ့ ကောင်လေးပါ။ ငယ်ငယ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီး ပစ္စည်းအသစ်အဆန်းတွေကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။ ဒါပေမဲ့ သာမန်ကလေးတွေကြားမှာ သူ့ရဲ့ တီထွင်မှုတွေက လှောင်ပြောင်စရာဖြစ်ခဲ့တယ်။ သူနေတဲ့ မြို့လေးက ဆာဒင်းငါးသေတ္တာလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မြို့လေး။ ဒါပေမဲ့ အဲဒီလုပ်ငန်းပိတ်သိမ်းသွားချိန်မှာ သူအပါအဝင် တစ်မြို့လုံးက ဆာဒင်းငါးကလွဲပြီး တခြားဘာမှမစားနိုင်ခဲ့တော့ဘူး။ တစ်မြို့လုံးက ဆားဒင်းငါးပြီးရင်း ဆာဒင်းငါးစားနေရတော့ ကြာတော့ လူတွေပါ ဆာဒင်းငါးရုပ်ပေါက်မတတ်ပဲပေါ့။ တစ်နေ့မှာတော့ ဖလင့်က သူ့မြို့ကလူတွေကို ဒီအဖြစ်ဆိုးကနေ ကယ်တင်ဖို့အတွက် အစားအစာဖန်တီးတဲ့စက်ကို တီထွင်ဖို့ ကြိုးစားတော့တယ်။ ရေထည့်လိုက်ရုံနဲ့ မှာတဲ့အစားအစာကို အလိုလျောက် ထုတ်လုပ်ပေးသွားမယ့် စက်မျိုးပါ။ ငယ်ငယ်ကတည်းက မြို့ရဲ့ ငကြောင်လို့ သတ်မှတ်ခံထားရတာမလို့ သူ့ရဲ့ တီထွင်မှုကို မြို့ခံတွေက သဘောကျလက်ခံပါ့မလား၊ သူ ထွင်တဲ့ စက်ကရော ဘာချွတ်ယွင်းချက်မှမရှိ အလုံးစုံ ပြည့်စုံနေနိုင်ပါ့မလား၊ ဘယ်လိုပြဿနာတွေ ပေါ်လာမလဲဆိုတာကိုတော့ Cloudy with a Chance of Meatballs ဆိုတဲ့ ဟောဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်။ ပေါ့ပေါ့းပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုရမှာဖြစ်တာမလို့ မိသားစုနဲ့အတူ ကြည့်ဖို့လည်း အဆင်ပြေတဲ့ ကာတွန်းကားကောင်းလေးပါ။ တစ်နေ့တာ ပင်ပန်းနေတာတွေ ပြေပျောက်ချင်ရင်တော့ ဒီကားလေးကြည့်ဖို့ recommend ပေးလိုက်ပါတယ်။ File size… 1.7 GB / 852 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

6.9 2009 90 mins
Cloudy with a Chance of Meatballs
There Was a Father
7.6

There Was a Father (1942) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ There Was a Father က အိုဇုရဲ့ အသံတိတ်မဟုတ်တဲ့ ရုပ်ရှင်တွေထဲတော့ အစောဆုံးတွေထဲက တစ်ကားပဲ။ ၁၉၃၆မှာ သူ့ရဲ့ ပထမဆုံးဒိုင်ယာလော့သံပါတဲ့ ရုပ်ရှင် The Only Son ကို ရိုက်ပြီးတဲ့နောက် ၁၉၃၇မှာ စစ်မှုမထမ်းမနေရစနစ်အရ စစ်မှုထမ်းခဲ့ရတယ်။ ၁၉၃၉မှာမှ စစ်မှုထမ်းကာလပြီးဆုံးခဲ့တယ်။ ၁၉၄၁မှာ Brothers and Sisters of the Toda Family ကိုရိုက်ပြီးတဲ့နောက် ၁၉၄၂မှာ There Was a Father ကို ရိုက်ခဲ့တယ်။ ၁၉၄၃မှာတော့ အိုဇုကို ဗမာပြည်မှာ ဝါဒဖြန့်ရုပ်ရှင်ရိုက်ခိုင်းဖို့ ထပ်ပြီး စစ်မှုပြန်ထမ်းခိုင်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတုန်းကာလပေါ့။ ၁၉၄၅မှာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၄၆မှပဲ သူပြန်လာခဲ့ရတယ်။ ဒီနောက်ပိုင်းမှာ သူရဲ့နာမည်ကျော် Noriko Trilogy ကို ရိုက်ခဲ့တယ်။ စစ်ပြီးကာလရုပ်ရှင်တွေမှာမှ သူ့ဟန်ပိုပေါ်လာတယ်လို့ ပြောကြတယ်။ There was a fatherကတော့ သူ့ရဲ့ဟန်ပေါ်မလာခင် စပ်ကြားကာလက ရုပ်ရှင်လို့ပြောရမယ်။ Tatami Shot လို့ခေါ်တဲ့ သူထွင်ခဲ့တဲ့ သူ့ Trademarkရိုက်ဟန်တောင် ဒီမှာ သိပ်ပုံမပေါ်သေးဘူး။ Tatami Shot ဆိုတာက တတမိဖျာပေါ်ဒူးတုပ်ထိုင်နေတဲ့လူနဲ့ ဗီဒီယိုကိုကြည့်နေတဲ့လူ မျက်လုံးချင်းဆုံးနိုင်တဲ့အနေအထားအထိ ကင်မရာကို ခပ်နိမ့်နိမ့်ထားထားတဲ့ အနီးကပ်ရိုက်ဟန်မျိုး။ စစ်ပြီးနောက်ပိုင်းရိုက်ခဲ့တဲ့ တိုကျိုစတိုရီလို အိုဇုကားတွေမှာ ဒီလိုရိုက်ချက်မျိုးကို ဖောဖောသီသီတွေ့ရတယ်။ There Was a Father မှာတော့ ဒီလိုရိုက်တာမျိုး သိပ်မမြင်ရပေမဲ့ ပေါ်သလောက်တော့ရှိနေပြီဖြစ်သလို နှောင်းပိုင်း သူ့ရုပ်ရှင်‌တွေအတိုင်းပဲ သူမြင်နေရတဲ့ခေတ်နဲ့ သူမြင်နေရတဲ့အရာတွေကိုပဲ တင်ပြထားတယ်။ သူ့စစ်မှုထမ်းကာလတွေစပ်ကြားမှာ ရိုက်ခဲ့တဲ့ကားဆိုတော့ ဒီအပေါ် သူ့အမြင်ကိုလည်းမြင်ရတယ်။ သူ့အမြင်က ဘဝထဲကြုံရမယ့် တစ်စိတ်တစ်ပိုင်းအရာတစ်ခုလိုပဲ မြင်ပုံပဲ ထူးထွေခိုင်မာတဲ့ ခံစားချက်တစ်စုံတရာတော့ ရှိမနေဘူး။ ကျန်တဲ့ အိုဇုရုပ်ရှင်တွေမှာ စစ်ပွဲနဲ့ပတ်သက်တဲ့ အမြင်ကို ဘယ်တော့မှပြလေ့မရှိဘဲ စစ်ပွဲရဲ့ဒဏ်ကို ခံခဲ့ရတဲ့ လူတွေရဲ့ ဝေဒနာတွေကိုပဲပြတာများတယ်။ There Was a Father မှာတော့ အဓိကအားဖြင့် အဖေတစ်ယောက်ရဲ့ဘဝနဲ့ ခံယူချက်အကြောင်းပဲပြထားတယ်။ The Only Son နဲ့ There Was a Father ကြားက တူညီတဲ့အခြေအနေတစ်ချို့ကြောင့် There Was a Father ကို The Only Son ရဲ့ တခြားတစ်ဘက်အမြင်လို့ ဆိုရင်လည်း ဆိုလို့ရနိုင်တယ်။ အဖေတစ်ခုသားတစ်ခုနေနေကြတဲ့ သားအဖ၂ယောက်ရှိတယ်။ အဖေက ကျောင်းဆရာလုပ်တယ်။ တစ်နေ့မှာ ကျောင်းအပျော်ခရီးထွက်ကြရင်း ကျောင်းသားတစ်ယောက် လှေမှောက်သေသွားတဲ့နောက် တာဝန်ယူစိတ် တာဝန်ခံစိတ်ကြီးတဲ့အဖေက သူ့အပြစ်တော့မဟုတ်လှပေမဲ့ သူ့အပြစ်ပါပဲလို့ယူဆပြီး ကျောင်းဆရာလုပ်ရမှာကို ကြောက်သွားတယ်။ သူနဲ့မထိုက်တန်တဲ့အလုပ်လို့ ယူဆသွားတယ်။ ဒီနောက် သူ့သားကိုခေါ် ဇာတိမြို့ကလေးကိုပြန်ပြီး တခြားအလုပ်တစ်ခုရှာလုပ်တယ်။ ဒါပေမဲ့ သူ့သားကိုသိပ်ချစ်တော့ သူ့သားကိုကျောင်းကောင်းကောင်းပို့နိုင်ဖို့က ဒီနယ်မြို့ကလေးမှာ လုပ်အားခအဲဒီလောက်မရလေတော့ သူ့သားကို ဘော်ဒါကျောင်းထား ခွဲထားခဲ့ပြီး တိုကျိုကိုတက်လာခဲ့တယ်။ သူ့သားကလည်း စာကိုကြိုးစား သူကလည်း အလုပ်ကိုကြိုးစားမယ်။ ဒီလိုကြိုးစားလာရင်း အဖေတစ်ခုသားတစ်ခုပဲရှိနေတဲ့ဘဝမှာတောင် ခွဲနေနရတဲ့ သူတို့တွေ တစ်နေ့အတူတူပြန်နေကြဖို့ သားရောအဖေရော အိပ်မက်ထားခဲ့ကြတယ်။ ဒီလိုနဲ့ သူ့သားကလည်း အဖေတူသား ကျောင်းဆရာဖြစ်လာတယ်။ သူတို့သားအဖရဲ့အိပ်မက် ဖြစ်လာသလားတော့ ဆက်ကြည့်လိုက်တာကောင်းမယ်။ There Was a Father မှာ အိုဇုဟာ သူ့နာမည်အတိုင်း အဖေတစ်ယောက်ရဲ့အချစ်နဲ့ခံယူချက်တွေအကြောင်းကိုပဲ ပုံဖော်ပြသသွားခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 630MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 34Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Romance
7.6 1942 93 mins
There Was a Father
Sarfarosh
8.1

Sarfarosh (1999) “တာဝန်” IMDb – 8.1/10 ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါ အိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီး အကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ် လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ ….. အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8.1 1999
Sarfarosh
It Boy
6.3

It Boy(2013) IMDb: 6.3/10 Rotten Tomatoes: 45% Genre: Comedy/Romance It Boy ဟာ ပြင်သစ်နောက်ခံစကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ တော်တော်လေးလည်းသဘောကျဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရိုမန်တစ်အဆန်ဆုံး ဘာသာစကားတစ်ခုဖြစ်တဲ့ ပြင်သစ်နောက်ခံစကားပြောဖြစ်တာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ပြုံးပြုံးကြီးဘာသာပြန်ရတဲ့ ကားဆိုရင်လည်းမမှားပါဘူး။ ဇာတ်ညွှန်း အဲလစ်ဆိုတာက ရီဘဲလ် စာနယ်ဇင်းက အယ်ဒီတာတစ်ယောက်ဖြစ်ပါတယ်။ ဘရာဇီးမှာအလုပ်လုပ်ရင်း ပြင်သစ်ကိုလေယာဉ်နဲ့ပြန်လာခဲ့ပါတယ်။ ဘဲလ်သက်ဇာ ဆိုတာကတော့ ဗိသုကာအတန်းမှာသင်ကြားနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ဘဲလ်သက်ဇာကလည်း ဘရာဇီးကနေ ပြင်သစ်ကိုပြန်လာတဲ့ လေယာဉ်ပေါ်မှာပါလာခဲ့ပါတယ်။ ဒါပေမယ့် အဲလစ်က ပထမတန်းမှာဖြစ်ပြီး ဘဲလ်သက်ဇာကတော့ ဒုတိယတန်းမှာဖြစ်ပါတယ်။ ကံချင်းအပ်ချင်တော့ ဘဲလ်သက်ဇာဟာ အဲလစ်ဘေးကိုရောက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ တစ်ညတာဖြတ်သန်းပြီး ခွဲခွာချိန်ကိုကြုံလာတဲ့အချိန်မှာ အဲလစ်ရဲ့ USB ဟာလေယာဉ်ပေါ်မှာကျန်ခဲ့ပါတယ်။ အဲဒါကို ဘဲလ်သက်ဇာက ကောက်ပြီးပေးဖို့ကြိုးစားခဲ့ပေမယ့် မမှီခဲ့ပါဘူး။ အသက် ၂၀ တောင်မပြည့်သေးတဲ့ ဘဲလ်သက်ဇာနဲ့အသက် ၄၀ ပြည့်ခါနီး အလုပ်ကလွဲဘာကိုမှ စိတ်မဝင်စားတဲ့ အဲလစ်တို့ရဲ့ ဇာတ်လမ်းကဘယ်လိုများဖြစ်သွားမှာလဲ။ Lucifer Maximoff File size… 1.8 GB / 820 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

6.3 2013 92 mins
It Boy
200% Wolf
5.8

လူသားပုံစံနဲ့ဝံပုလွေအသွင်နှစ်မျိုးရှိတဲ့ သမန်းဝံပုလွေတွေက ညအချိန်မှာ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြတယ်။ ကမ္ဘာရဲ့အပြင်ဘက် လကမ္ဘာမှာတော့ သမန်းဝံပုလွေတွေရဲ့ မိတ်ဆွေ ရှေးဘိုးဘေး ဝိညာဉ်တို့ နေထိုင်ကြတယ်။ ဖရက်ဒီ က ‌သမန်းဝံပုလွေဖြစ်ပေမဲ့ ကံမကောင်းအကြောင်း မလှလို့ သူရဲ့ ဝံပုလွေပုံစံက ခွေးပုလေးဖြစ်နေခဲ့တယ်။ အုပ်စုထဲမှာ သူများလေးစားတာကို လိုချင်တဲ့ ဖရက်ဒီ က လဝိညာဉ်တွေဆီ တိုင်တည်ဆုတောင်းရင်းနဲ့ မထင်မှတ်ပဲ လဝိညာဉ်ပေါက်စလေး မူးပူး ရဲ့ အစွမ်းကြောင့် ဝံပုလွေဖြစ်သွားပါတော့တယ်။ လပေါ်ကနေ ရောက်လာတဲ့ ဝိညာဉ်ပေါက်စလေး မူးပူး ဟာ ကမ္ဘာပေါ်မှာ အသက်မရှင်သန်နိုင်တာကြောင့် ဖရက်ဒီတို့ သူငယ်ချင်းတစ်စု မူးပူးလေးကို အိမ်ပြန်ပို့နိုင်ဖို့ နည်းလမ်းရှာဖို့အတွက် ရှာပုံတော်ဖွင့်ကြပါတော့တယ်။ ဒီ animation ကာတွန်းလေးကတော့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့သင့်တော်တဲ့ animation လေးတစ်ခုပဲဖြစ်ပါတယ်။ File size…1.54GB / 867MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Animation , Action , Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.8 2024
200% Wolf
Salem’s Lot

စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဟော်ရာဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာကလည်း Annabelle Comes Home တို့ IT တို့ရဲ့ ဇာတ်ညွှန်းဆရာ Gary Dauberman ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက မိစ္ဆာတွေကတော့ သွေးစုပ်ဖုတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက သွေးစုပ်ဖုတ်ကောင်တွေက တကယ် ကြောက်ဖို့ကောင်းတဲ့ ခေတ်ဟောင်းဗားရှင်းဖြစ်ပြီး ဒရာမာတွေ၊ ခေတ်ပေါ်နည်းပညာတွေ ထည့်ထားတဲ့ ဗားရှင်းတွေမဟုတ်ပါဘူး။ ပြီးတော့ စတီဖင်ကင်းရဲ့ ထုံးစံအတိုင်း ကလေးတွေ အများကြီး ဒုက္ခရောက်တာတွေ ကလေးတွေထဲကပဲ သူရဲကောင်းပေါ်လာတာတွေ ထည့်သွင်းထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဆေလမ်စ်လော့ ဆိုတဲ့မြို့ကလေးကို ငယ်ငယ်က စိတ်ဒဏ်ရာတွေနဲ့ စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူရောက်လာပြီးမကြာခင်မှာပဲ ကလေးတစ်ယောက် ပျောက်ဆုံး၊ သေဆုံးသွားရာကနေ ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက်ဖြစ်လာတယ်။ ဒါကိုပဲ ကျောင်းဆရာတစ်ယောက်၊ မြို့ခံကောင်မလေးတစ်ယောက်၊ ဆရာဝန်တစ်ယောက်၊ သတ္တိရှိတဲ့ကလေးတစ်ယောက်နဲ့ စာရေးဆရာတို့ ပူးပေါင်းပြီး အဖြေရှာဖို့ ကြိုးစားတဲ့အခါ မြို့ထဲကို သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရောက်နေပြီး တစ်မြို့လုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာကို သိလိုက်ရတဲ့အခါ သူတို့တွေ ဘယ်လိုတားဆီးဖို့ ကြိုးစားကြမလဲ၊ ဘယ်သူတွေ အသက်ရှင်ကျန်မလဲဆိုတာ ကြည့်ရမှာပါ။ File size…(1.5 GB)/(840 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

0 2024
Salem’s Lot
No Heaven, But Love.
7

No Heaven, But Love. (2024) **************************** Mr. Plankton , Strong Girl Namsoon တို့မှ မင်းသမီး Lee Yoo Mi ရဲ့ GL ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဂင်ဂျူယောင်း (Park Soo-Yeon) ဟာဆိုရင် ဂျောင်ဆန်းအထက်တန်းကျောင်း မိန်းကလေးတိုက်ကွမ်ဒိုအဖွဲ့မှာ ရွှေတံဆိပ်ဆုရဖို့ မျှော်မှန်းရင်း တိုက်ကွမ်ဒို‌လေ့ကျင့်နေသူလေးပါ။ တစ်နေ့ တိုက်ကွမ်ဒိုအဖွဲ့ဝင်များက ဂျူယောင်းကို ဝိုင်းရိုက်နေစဉ်မှာ Lotteria မှာ အလုပ်လုပ်တဲ့ နာယယ်ဂျီ (Lee Yoo Mi) က ဂျူယောင်းကို တွေ့ပြီး ကူညီပေးရင်း နှစ်ယောက်သား ရင်းနှီးသွားကြတော့တာပေါ့။ အဲဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် ယယ်ဂျီက ဂျူယောင်းတို့အိမ်မှာ အတူနေဖို့ဖြစ်လာပြီး တိုက်ကွမ်ဒိုကစားတာ ခဏနားထားတဲ့ ဂျူယောင်းရဲ့ သူငယ်ချင်းအုပ်စုနဲ့အတူ ခရီးထွက်ဖို့ အကြောင်းဖန်လာပါတော့တယ်… အပြန်အလှန် ဖေးမနားလည်ပေးရင်း တစ်စထက်တစ်စ ပိုမိုရင်းနှီးလာကြတဲ့ ယယ်ဂျီနဲ့ ဂျူယောင်းတို့ နှစ်ဦးကြားက သူငယ်ချင်းသံယောဇဉ်လေး အရောင်စွန်းစပြုလာတဲ့အခါမှာတော့… ၁၉၉၉ ခုနှစ် ၊ ဘယ်အရာမှ မလွယ်ကူနေခဲ့တဲ့ အဲဒီအချိန်ကာလတုန်းက နွေရာသီထက်ကို ပူပြင်းနေခဲ့တဲ့ ကောင်မလေးနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်လေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါ‌ရစေ။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File Size : 1.57GB/ 600MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:52:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary, Miri & Hnin Wai Oo Encoded by Tiff

Comedy
7 2024
No Heaven, But Love.
Swordsman 3: The East Is Red
6.1

Swordsman 3: The East Is Red (1993) IMDb Rating (6.1) သိုင်းကားချစ်သူတိုင်းရဲ့ငယ်ဘဝအမှတ်တရတစ်ခုဖြစ်တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ သိုင်းလောကစိန်ခေါ်သံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ the swordsman 3(1993) လေးကို CM Version လေးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ The swordsman 3 ကတော့ မင်းသားကြီး Jet Liနဲ့ မင်းသမီးကြီး Brigette Linတို့ရဲ့ the swordsman 2ရဲ့အဆက်ဆိုတော့ ရှေ့နှစ်ကားကြည့်ပြီးမှပဲ ဇာတ်ရည်လည်မှာမလို့ မကြည့်ရသေးရင်တော့ အရင်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ The swordsman 2ရဲ့အဆုံးသတ်မှာ တောင်နက်ကမ်းပါး တိုက်ပွဲအပြီးမှာ တုန်းဖန်းပုပိုက်တစ်ယောက် အကြီးအကျယ်ရှုံးနိမ့်ပြီးတော့ ချောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ နေလဂိုဏ်းနဲ့အတူ သိုင်းလောကကနေ စုန်းစုန်းမြုပ်သွားပါတော့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ တိုင်းပြည်ရေးရာက မတည်မငြိမ်ဖြစ်နေသလို တိုင်းပြည်တစ်ခွင်မှာ ကိုယ့်ကိုယ်ကိုယ် တုန်းဖန်းပုပိုက်လို့ နာမည်တပ်နေသူတွေ အများအပြားပေါ်ထွက်လာပြီး ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာပြန်တာပေါ့။ ဒါပေမဲ့ တုန်းဖန်းပုပိုက်သေသွားပြီဆို‌တာကို နန်းတွင်းက ရေတပ်တပ်မှူးဖြစ်တဲ့ ကုချောင်ဖုန်းကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာပဲ နန်းတွင်းက စပိန်စစ်တပ်တစ်ဖွဲ့ကို တောင်နက်ကမ်းပါးတိုက်ပွဲမှာ မြုပ်သွားတဲ့သင်္ဘောတည်နေရာကို လိုက်ပြပေးဖို့ ကုချောင်ဖုန်းကို တာဝန်ပေးအပ်လာချိန်မှာတော့ ကုချောင်ဖုန်းတစ်ယောက် သိုင်းလောကထဲကနေ ဇာတ်မြှုပ်နေတဲ့ တုန်းဖန်းပုပိုက်ကိုပါ ရှာဖို့အတွက်ကြံရွယ်ပါတော့တယ်။ ကုချောင်ဖုန်းရဲ့ရည်ရွယ်ချက်က တုန်းဖန်းပုပိုက်အစစ်ကိုရှာပြီးတော့ တုန်းဖန်းအတုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဆိုပေမဲ့ တကယ်တမ်းမှာ သူတွက်ဆထားသလို မဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Action • Crime • Thriller
6.1 1993 93 mins
Swordsman 3: The East Is Red