YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Polis Evo 2 2018 1080p NF WEB-DL CM.mp4

1.67 GB N/A video/mp4 335 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Ballads of Roy
6.5

Balada Si Roy (2023) ******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူ မတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကို ပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်.. ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် ... နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သား ဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်.. မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါ လက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……. .ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်....   File Size          : 2.2GB, 921MB Quality            : WEB-DL 1080p, 720p Format            : mp4 Duration         : 1hr 49mins Genre              : Romance, Drama , Action Translated by   Thinn Thinzar Encoded by Phyo Pyae

Drama
6.5 2023 109 mins
The Ballads of Roy
To Every You I've Loved Before
6.3

IMDb 7.2/10 MyAnimeList 7.4/10 To all of you that I've loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာYomoji Otonoရဲ့ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။ ​(နောက်တစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း ထပ်ပြီးတင်ဆက်​ပေးဦးမှာပါ)။ ဝတ္ထုအ​နေနဲ့တုန်းကလည်း ​အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်း ကြည့်ရှုသူပရိသတ်​တွေကိုစိတ်​ကျေနပ်မှု​ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်း​တွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင် ဆရာYomoji Otonoရဲ့တတ်ယ​မြောက် ဝတ္ထု 僕が君の名前を呼ぶから (Boku ga Kimi no Namae o Yobukara, lit. "Because I'm Calling Your Name")လည်း ၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါ​သေးတယ် ဇာတ်လမ်းက​တော့ အခု​ခေတ်စား​နေတဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းအ​ခြေခံထား​ပေမဲ့ တကယ့်ဇာတ်လမ်းအနှစ်က​တော့ ​ကောင်​လေးတစ်​ယောက်ရဲ့အချစ်ဇာတ်လမ်း​လေးပါ။ အချစ်ဇာတ်လမ်း​လေးကိုလှလှပပ ရယ်​မော​ငို​ကြွေးနိုင်​​အောင်ကိုတင်ဆက်​ပေးသွားနိုင်ခဲ့တာမလို့ ကြည့်​နေရင်းနဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းကိုစိတ်မဝင်စား​တော့ အချစ်ဇာတ်လမ်းထဲမှာ​မျောပါသွားနိုင်တဲ့အထိပါပဲ။ ဇာတ်လမ်းအကျဥ်းက​တော့ Koyomiဟာ အလယ်တန်း​ကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကိုshiftလုပ်မိခဲ့ပါတယ်။ အထက်တန်း​ကျောင်းသားဘဝ​ရောက်ချိန်မှာ​တော့ Kazuneဆိုတဲ့​ကောင်မ​လေးတစ်​ယောက်ရဲ့လူမှားနှုတ်ဆတ်တာကိုခံရပြီး ရိုးရှင်းမလိုထင်ရတဲ့အချစ်ဇာတ်လမ်း​လေးတစ်ပုဒ်ဖြစ်တည်လာခဲ့ပါတယ်။ အချစ်ဇာတ်လမ်း​လေးဟာ ​သာယာ​ဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားက​တော့ ကြည့်ရှုသူအ​ပေါ်မှာပဲ မူတည်ပါလိမ့်မယ် Spoilerပါးပါး​လေး​ပြောပါမယ်။ နည်းနည်း​လေး​တောင်spoilမမိချင်ရင် ဆက်မဖတ်ပါနှင့်​တော့။ ဒီဇာတ်လမ်းထဲမှာဇာတ်လမ်း၂ခုပါပါတယ်။ အစကတည်းက ဇာတ်လမ်း၂ခုရှိတာကိုချပြထား​ပေမဲ့ ဇာတ်လမ်းဆွဲ​ခေါ်သွားပုံက ငြင်သာလွန်းလို့ ပြီးခါနီးမှပဲ သတိထားမိမှာပါ File size…913MB / 400MB Quality…1080p HEVC / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Dr Nyan

Action • Crime • Thriller
6.3 2022 102 mins
To Every You I've Loved Before
The Banshees of Inisherin
7.5

ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ပြည်တွင်းစစ်ပြီးဆုံးခဲ့တာပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ကွမ်ဆိုတဲ့သူနဲ့ ပက်ဒရစ်ဆိုတဲ့သူဟာ အင်နီရှဲရင်ဆိုတဲ့ ကျွန်းကလေးပေါ်က ရွာလေးတစ်ခုမှာ အတူနေထိုင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွမ်ဟာ ရုတ်တရက်ကြီး ပေါ့ဒရစ်ကို အပေါင်းအသင်းမလုပ်ချင်တော့ဘူးဆိုပြီးအဆက်အသွယ်ဖြတ်သွားပါတယ်။ ဘာကြောင့်မှန်းလည်းမသိတဲ့ ပေါ့ဒရစ်က ကွမ်နဲ့စာရှင်းရှင်းဖို့ ကြိုးစားရင်း ပြဿနာတွေပိုပိုရှုပ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို မုန်းတီးလာပေမဲ့ အပြင်လူနဲ့ အရေးကြုံရင်လည်း ကူညီတတ်ကြသလို တစ်ယောက်ရဲ့ တိရစ္ဆာန်လေးတွေကိုလည်း တစ်ယောက်က ချစ်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမုန်းတရားတွေကြောင့် ဘယ်လိုပျက်စီးရလဲဆိုတာကို Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရယ်ရခက် ငိုရခက်နဲ့ ရိုက်ကူးပြသသွားတာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | 312MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Crime
7.5 2022 114 mins
The Banshees of Inisherin

IMDb - 8.5/10 ကျွန်တော်တို့ရဲ့လက်ရှိဘဝမှာ ပျော်စရာတွေဝမ်းနည်းစရာတွေနဲ့လူတိုင်းကြုံကြရပါတယ်... ပျော်စရာတွေရှိရင်ပျော်လိုက်ကြပြီး ဝမ်းနည်းစရာတွေ​ကြုံလာရင်ရော ပျော်ရွှင်မှုလိုမျိုးလက်ခံ​​ပေးနိုင်ကြဦးမှာလား စိတ်ဓာတ်တွေကျဆင်းသွားကြမလား... ကိုယ်ရတဲ့ဘဝတစ်ခုမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုကြောင့် ကိုယ်မပျော်နိုင်ဘူးဆိုရင်တောင် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်လျော့ပြီးပြောင်းလဲမယ့်အစား ရင်ဆိုင်အနိုင်ယူလိုက်တာအကောင်းဆုံးပါပဲ ဟုတ်ကဲ့...ဒီဇာတ်ကားလေးကတော့ မျှော်လင့်ချက်တွေပျောက်ဆုံးပြီးဘဝကိုရေစုန်မျှောနေတဲ့အန်တိုနီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့.... မိန်းကလေးဖြစ်နေရတဲ့သူ့ဘဝကို မကျေမနပ်ဖြစ်နေရတဲ့ ယောကျ်ားလျာမလေး ဆာရာတို့အကြောင်းပေါ့... တစ်နေ့သူတို့နှစ်​ယောက်ခရီးတစ်ခုမှာဆုံမိကြပြီး ခင်မင်ရင်းနီးခဲ့ကြပါတယ်.. ဒီလိုနဲ့တစ်ယောက်အကြောင်းတစ်ယောက်နားလည်လာကြပြီး ယောက်ျားလေးအဖြစ်ခွဲစိတ်ပြောင်းလဲချင်နေတဲ့ဆာရာကို အန်တိုနီကဘယ်လိုတွေကူညီပေးမှာလဲ... ဘာကြောင့်များဆာရာကရော ခွဲစိတ်ပြောင်းလဲချင်ရတာလဲ... ဆိုတာကို သူတို့နှစ်ယောက်က ဇာတ်ကားအဆုံးထိတွဲဖက်ခေါ်ဆောင်သွားပေးမှာမို့ ငြိမ့်ငြိမ့်လေးနဲ့ အေးအေးလူလူ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်နော်... File size…1080p True Web Dl  / 720p Quality…2GB / 1GB Format…mp4 Duration….1h 48m Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by Taylor & Thet Ko

Action • Comedy • Romance
null 2022
Mike
Lake Placid
5.9

ဧရာမသတ္တဝါကြီးတွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကိုကြိုက်တဲ့လူတွေ အကြိုက်တွေစေမယ့် Old But Gold ကားကောင်းလေးဖြစ်ပါတယ် နယူးအင်္ဂလန်ပြည်နယ် မိန်းမြို့လေးမှာ...ဘယ်ကမှန်းမသိတဲ့ ပေ ၃၀ ရှည် ဧရာမမိကျောင်းကြီးတစ်ကောင်ကို ပေါ်လာပြီး လူတွေရဲ့ အသက်အန္တရာယ်ကို တစ်စတစ်စ ခြိမ်းခြောက်လာပါတယ်... ဒီလိုဧရာမကောင်ကြီးတွေ မျိုးတုန်းသွားပြီလို့ ယူဆရပေမယ့် ပေါ်လာခဲ့တာကြောင့် စူးစမ်းလိုစိတ်နဲ့ နယူးယောက်က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ကယ်လီစကော့ဟာ မိန်းမြို့သို့ ရောက်လာပါတယ်... ဒီမိကျောင်းကြီးက ဘယ်ကနေရောက်လာတာလဲ လူတွေကို ဘာကြောင့်ရန်ပြုနေတာလဲဆိုတာကိုတော့ ကယ်လီနဲ့ မိန်းမြို့က တောခေါင်း ရဲမှူးတစ်ယောက်ပူးပေါင်းပြီး အဖြေရှာနှိမ်နင်းပုံကို သည်းထိတ်ရင်ဖို ရိုက်ပြထားပါတယ် (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:22:00 Genre...Action / Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Crime • Drama • Thriller
5.9 1999 82 mins
Lake Placid
Detective Dee and Nine Dragon Coffin
2

Detective Dee ပရိသတ်တွေအတွက် နောက်တစ်ကားကို CM မှတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ၆၇၆ခုနှစ်ခန့်ကာလမှာ သင်္ချိုင်းသူခိုးတစ်သိုက်ဟာ လူသားစားတဲ့အခေါင်းတလားကိုတူးဖော်ခဲ့မိပါတယ်။ ရွှေနဂါးကြီးဟာအခေါင်းအတွင်းကနေပျံထွက်လာခဲ့ပြီး ပြုစားခံထားရတဲ့အလောင်းဟာ အခေါင်းထဲကထွက်လာပြီး ဘုရင်ကြီးနဲ့ဘုရင်မကြီးကိုလုပ်ကြံဖို့ကြိုးစားခဲ့ရာ ကိုယ်ရံတော်အရာရှိလီက တားမြစ်ကယ်တင်ခဲ့ပါတယ်။ ထုံးစံအရ တရားရေးဌာနက Di Ren Jie ဟာ အမိန့်တော်အရ အမှုကိုစစ်ဆေးတော့တာပေါ့။ လူသားစားပြီးဓားလှံတွေကိုမကြောက်တဲ့အလောင်းကောင်တွေဟာ လွန်ခဲ့တဲ့နှစ်၂၀တုန်းက နယ်နှင်ဒဏ်ပေးခံခဲ့ရတဲ့ မိဖုရားကြီးဝမ်ရဲ့မျိုးဆက်ရဲ့လုပ်ရပ်ပဲဆိုတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့ မီးပုံးပွဲညမှာ လူတွေစည်းကားနေတဲ့အချိန်မှာ ထူးဆန်းတဲ့ပုလွေသံနဲ့အတူ အလောင်းကောင်တွေဟာ Chang An မြို့ထဲကိုဝင်လာပါတော့တယ်။ အလုံးအရင်းနဲ့ဝင်လာတဲ့ အလောင်းကောင်တွေ လူတွေကိုကိုက်လိုက်တိုင်းတိုးလာတဲ့အလောင်းကောင်တွေကို ဆရာဒီးတို့နှိမ်နင်းနိုင်ပါ့မလား ဘယ်အချိန်အထိများတောင့်ခံနိုင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ပြီးခံစားလိုက်ပါနော်. Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK

Horror • Mystery • Thriller
2 2022 70 mins
Detective Dee and Nine Dragon Coffin
American Sniper
7.4

IMDb Rating (7.3) / Rotten Tomatoes (72%) အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။ Chris Kyle ဟာ အစကတော့ တက္ကဆက်က သာမန်မြင်းစီးသမားလေးပေါ့။ ဒါပေမယ့် 9/11 ဖြစ်ရပ်ဆိုးကြီးအပြီး အမေရိကန်က အီရတ်ကိုစစ်ကြေငြာတဲ့အခါမှာ မျိုးချစ်ကြီးဖြစ်တဲ့ Chris ကလည်း စစ်တပ်ထဲစဝင်ပါတော့တယ်။ အမေရိကန်နဲ့ အီရတ်စစ်ပွဲဟာ လူတွေကြား ပြောစရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်စစ်အပေါ် ဝေဖန်သံတွေဆူခဲ့ပေမယ့် ဒီဇာတ်ကားက နိုင်ငံရေးကားမဟုတ်တာကြောင့် အဲဒါတွေကိုတော့ ထည့်သွင်းရိုက်ကူးထားတာမျိုးမရှိပါဘူး။ Chris Kyle ဟာ လူများများသတ်ဖို့ထက် သူ့ရဲဘော်တွေကို ပိုများများကာကွယ်ချင်တာကြောင့် တစ်ခါ နှစ်ခါ မကဘဲ လေးကြိမ်တိတိ စစ်ထွက်ခဲ့ပါတယ်။ အဆိုပါလေးကြိမ်အတွင်းမှာ သူသတ်ခဲ့တဲ့ ရန်သူပေါင်း ၁၆၀ ကျော်ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ အမေရိကန်သမိုင်းတစ်လျှောက် သတ်အားအကောင်းဆုံး စနိုက်ပါသမားအဖြစ် ဂုဏ်ပြုခံခဲ့ရတာပါ။ စစ်ပွဲအတွင်းမှာတင် အီရတ်ဘက်က သူ့ကိုသတ်နိုင်တဲ့သူကို ဒေါ်လာ ၁သိန်း၈သောင်းပေးမယ်ဆိုပြီး ဝရမ်းထုတ်ရတဲ့အထိ ရန်သူတွေကို ဖိန့်ဖိန့်တုန်စေခဲ့ပါတယ်။ Kyle က သူ့ဘဝမှာ ရန်သူ ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရဘဲ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို မကယ်နိုင်ခဲ့တာပိုနောင်တရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့ရဲဘော်ရဲဘက်တွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ အဲဒီလိုစစ်ထွက်တိုင်း သူ့အိမ်ကကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ စိတ်အပူကြီးပူကျန်ခဲ့ရပြီး စစ်မထွက်ဖို့တားတဲ့ကြားက အတိုက်အခံလုပ်ပြီး စစ်ပွဲထဲကိုဝင်ခဲ့တဲ့လူမျိုးပါ။ ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက်က ပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က အီရတ်အလ်ကိုင်ဒါတပ်ဖွဲ့ထဲက ဆီးရီးယားလက်ဖြောင့်သမား မူစတာဖာ ပါပဲ။ သူကလည်းခေသူတော့မဟုတ်ဘူး။ အိုလံပစ်ပြိုင်ပွဲမှာပါ စနိုက်ပါဝင်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်စနိုက်ပါသမားတစ်ယောက်ပါ။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက် သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ရင် စစ်ပွဲအနိ‌ဋ္ဌာရုံတွေကြားထဲ ခဏခဏပြန်သွားတဲ့ Chris Kyle ကိုလည်းစာနာမိလာမယ်။ အိမ်မှာကျန်ခဲ့တဲ့ သူ့ဇနီးနဲ့ သားသမီးတွေကိုလည်းကိုယ်ချင်းစာမိပါလိမ့်မယ်။ စစ်ပွဲကို တစ်ကန့်၊ သူ့ရဲ့ အိမ်ပြန်ချိန်လူနေမှုဘဝကို တစ်ကန့် တစ်လှည့်စီပြထားတာကြောင့် တခြားသောစစ်ကားတွေလို "ငါလည်းစစ်တိုက်ချင်လိုက်တာ" ဆိုတဲ့ ခံစားချက်မျိုးပေးမှာမဟုတ်ဘဲ စစ်ပွဲကို မုန်းသွားစေမယ့် စစ်ကားမျိုးပါ။ ဒီရုပ်ရှင်အတွက် မင်းသားကြီး Bradley Cooper ကလည်း ဝိတ်တင်ခဲ့ပါတယ်။ လက်တွေ့ဘဝက Chris Kyle နဲ့ လေသံကအစ ဆင်တူအောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒါကြောင့် အော်စကာဆု‌ Nominated ဝင်ခဲ့ပြီး ဒီရုပ်ရှင်ကလည်း ဆုပေးပွဲပေါင်းစုံကနေ ဆုပေါင်းများစွာရရှိခဲ့ပါတယ်။ သေနတ်ပစ်တာတွေ၊ ပေါက်ကွဲတာတွေ စစ်ပွဲမြင်ကွင်းတွေကို ပီပီပြင်ပြင်ရိုက်ကူးထားပြီး သွေးထွက်သံယိုခန်းတွေပါဝင်တာကြောင့် အသည်းနုတဲ့သူတွေ မကြည့်ဖို့ အကြံပေးချင်ပါတယ်။ သူ့ဇာတ်လမ်းကိုမကြားဖူးတဲ့ လူတွေအတွက် ဇာတ်သိမ်းပိုင်းက အံ့အားသင့်စရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်း စ လယ် ဆုံး ပျင်းစရာမကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး အရင်ကကြည့်ဖူးတဲ့လူတွေအနေနဲ့ကော၊ စစ်ကားကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ပါ ကြည့်ရတာတန်မယ့် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(5.1 GB)/(1.8 GB)/ (1.2 GB) Quality….WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:12:38 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Action • Fantasy
7.4 2014 133 mins
American Sniper
The Harbinger

The Harbinger (2022) ပုဗ္ဗနိမိတ် (သို့) ရှေ့တော်ပြေး ဆိုတဲ့ခေါင်းစဥ်အတိုင်း Omen လို နိမိတ်တွေကို အဓိကထားတာ မဟုတ်ဘဲ Devil ရဲ့ ရှေ့တော်ပြေးအကြောင်းကို ရိုက်ကူးထားတဲ့ Horror, Thriller အမျိုးအစားပါ။ ဒန်နီယယ်တို့ဟာ တစ်ချိန်တုန်းက သိပ်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးပါ။ ယခုအခါမှာတော့ သမီးလေး ရိုဆလီရဲ့ ထူးဆန်းတဲ့အပြုအမူတွေနဲ့အတူ အလုပ်ကိစ္စကြောင့် တစ်မြို့ပြီးတစ်မြို့ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဒီတစ်ခါရောက်သွားတဲ့ မြို့လေးမှာတော့ မိမိကိုယ်ကို သတ်သေမှုတွေ ဆက်တိုက်ဆိုသလို ကြုံလာရတယ်။ အမှုတိုင်းမှာလည်း ရှေးဟောင်းပစ္စည်းလေးတစ်ခုက ရှိနေတယ်။ အဲဒီမြို့လေးမှာ ကျိန်စာသင့်နေတယ်လို့ သမုတ်ကြတဲ့ မူလဇာတိသား အင်ဒီးယန်းလူမျိုးစုတွေရဲ့ ​နယ်မြေလည်း ရှိနေပြန်တယ်။ ဒီသတ်သေမှုတွေက ဒန်နီယယ်တို့ မိသားစုနဲ့ ဘယ်လိုပတ်သတ်နေမလဲ မူရင်း အင်ဒီးယန်းလူမျိုးတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုအားပေးရင်း ရင်ဖိုနိုင်ရန် ညွှန်းဆိုလိုက်ပါရစေ… (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 730MB Quality – 1080p, 720p Format – mp4 Duration – 1H 54Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama • Fantasy • Horror • Thriller
0 2022 114 mins
The Harbinger
Heroes Season 1 to 4 Complete
7.7

လွန်ခဲ့သော ၁၇ နှစ်က Moving (သို့မဟုတ်) Heroes 2006 Season 1 2 3 4 complete အခုလက်ရှိ လူကြိုက်များနေတဲ့ Moving စီးရီးက အတော်ကောင်းပါတယ်။ အက်မင်လည်းကြည့်ပါတယ်။ Moving ကိုကြည့်ကြည့်မိချင်းမှာ ပြေးသတိရသွားတာကတော့ ၂၀၀၆ လောက်က အခွေနဲ့ စောင့်ကြည့်ခဲ့ရတဲ့ ဒီစီးရီးပါပဲ။ Moving လိုစီးရီးမျိုးကိုကြိုက်လို့ ခပ်ဆင်ဆင်ကြည့်ချင်တဲ့သူတွေ၊ စူပါပါဝါစီးရီးမျိုးကိုမှ English taste နဲ့ ကြည့်ချင်တဲ့သူတွေအတွက် ညွှန်းပေးရင်း ပြန်တင်ပေးထားတာပါ။ ဒီစီးရီးက အခွေခေတ်ကဆိုတော့ စီစန် -၁ ကတော့ Dvd 360p ပဲရှိပေမဲ့ ကျန်တဲ့စီစန်တွေကိုတော့ အကြည်တင်ပေးထားပါတယ်။ ဒီစီးရီးဟာ စူပါဟီးရိုးကြိုက်သူတွေအတွက်တော့ ရွှေပါပဲ။ လူတိုင်းတစ်ယောက်ချင်းစီမှာ ထူးဆန်းတဲ့အစွမ်းတွေ ပိုင်ကြပါတယ်။ မိုးပေါ်ပျံနိုင်တာ၊ ဒဏ်ရာပြန်ကောင်းတာ၊ အချိန်ကိုထိန်းချုပ်နိုင်တာ စသဖြင့် အစွမ်းအစုံပါပါတယ်။ ဒီစီးရီးရဲ့ ကောင်းတဲ့အချက်ကတော့ ဇာတ်ကောင်အဆက်အစပ်ပါပဲ။ ဇာတ်ကောင်တွေဟာ တစ်နေရာစီ မဆိုင်သလိုဖြစ်နေပေမဲ့ တစ်ချိန်မှာ တွေ့ကြ ပေါင်းစပ်မိကြပြီး စွမ်းအားတွေကလည်း တစ်ယောက်နဲ့တစ်ယောက်ပေါင်းမှ အောင်မြင်မှာတွေ ဖြစ်လာပါတယ်။ ပေါင်းစပ်ပုံတွေကတော့ moving ထက် အတော်လေးကို ပိုရှုပ်ထွေးပြီး ဇာတ်အိမ်ပိုခိုင်ပါတယ်။ အပိုင်းပိုများလို့လည်း ဖြစ်မှာပါ။ နောက်ပြီး မိသားစုဒရာမာ၊ ညီအစ်ကိုဒရာမာတွေက အတော်ကောင်းပါတယ်။ ကိုရီးယားစတိုင်တော့မဟုတ်ဘဲ အမေရိကန်စတိုင် ဒရာမာပါပဲ။ နောက်ပြီး ရန်သူမိတ်ဆွေပုံသေမရှိဘဲ အခြေအနေရ တွဲကြ ခွဲကြတာတွေနဲ့ နောက်ကွယ်က ပဟေဠိဆန်ဆန်အဖွဲ့တွေနဲ့မို့ မထတမ်းကြည့်ချင်စရာတောင် ကောင်းပါတယ်။ မကြည့်ဖူးသေးရင် မြည်းကြည့်လိုက်ကြပါဦး။ Thit San Khant =========== Season-2 Season-3 Season-4

Action • Crime
7.7 1900
Heroes Season 1 to 4 Complete
Nikki & Nora: Sister Sleuths
6.6

Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။ တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။ အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ထူးဆန်းတဲ့ သေတမ်းစာကရော ဘယ်လိုတွေဆက်စခန်းသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်တစား ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ရာနှုန်းပြည့်စုံထောက်ကားတစ်ခုလို ဇာတ်မလေးဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုလိုတဲ့ပရိသတ်တွေအတွက် အဆင်ပြေမယ့်ဇာတ်ကားဖြစ်ပါတယ်။ crime drama ဖြစ်တဲ့အတိုင်း ဇာတ်ရဲ့မြှပ်ကွက်တွေ၊ ကျောရိုးတွေကို အရသာမပျက်ယွင်းစေဘဲ ညီအစ်မသံယောဇဥ်တရားအကြောင်းကိုလည်း ဇာတ်ကားနာမည်နဲ့လိုက်အောင် အထိုက်အလျောက်ထည့်သွင်းဖော်ညွှန်းထားပါတယ်။ IMDb rating 6.6 ရရှိထားပြီး Rotten tomatoes ကတော့ 71% ဖြစ်ပါတယ်။ File size…(1.65 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Thriller • Horror
6.6 2022 84 mins
Nikki & Nora: Sister Sleuths
The Dry 2 – Force of Nature
6.2

The Dry 2 – Force of Nature (2024) ======================= စုံထောက် Aaron Falk က တောထဲ ခရီးထွက်ရာကနေ လမ်းပျောက်ခဲ့တဲ့ အမျိုးသမီးလေးယောက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါးယောက်မြောက်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Alice ကတော့ ကယ်တင်ခံရတဲ့အထဲမပါဘဲ ကျန်တဲ့အမျိုးသမီးတွေနဲ့ အဖွဲ့ကွဲပြီး တောထဲကျန်ခဲ့တယ်လို့ပြောတယ်။ ရဲတွေလည်း ပျောက်သွားတဲ့အမျိုးသမီး Alice ကို ရှာဖို့ တောထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပြီး ရှာဖွေကြတော့တယ်။ ဒါပေမဲ့ ကယ်တင်ခံရတဲ့ အမျိုးသမီးတွေပြောတဲ့စကားက တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အမျိုးမျိုးကွဲထွက်နေပြီး ယုံစားရခက်နေတာကြောင့် Alice ကို ရှာဖွေဖို့ ဘယ်လိုတွေအခက်အခဲဖြစ်မလဲ၊ တောထဲမှာ Alice ပါဝင်တဲ့ အမျိုးသမီးအဖွဲ့ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ဇာတ်ကြောင်းအစစ်အမှန်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ Mystery ဆန်စွာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ ) File size_( 1.7GB)/( 900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Crime, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Fiona Gillen

Action • Thriller • Adventure • Crime
6.2 2024
The Dry 2 – Force of Nature
Siapa Buka Lampu

Siapa Buka Lampu (2024) ဒီဇာတ်လမ်းမှာ Aadhya ဆိုတဲ့ အသစ်ဖွင့်ထားတဲ့ အပန်းဖြေတည်းခိုစံအိမ်က ဖွင့်ဖွင့်ချင်းမှာပဲ သရဲခြောက်လို့ လိုင်းပေါ်မှာ နာမည်ကြီးသွားပါလေရဲ့။ Aadhya စံအိမ်ရဲ့ပိုင်ရှင်ကလည်း သူ့စီးပွားရေးမပျက်အောင် မဟုတ်ပါဘူးလျှောက်ရွှီးပြီး နောက်ကွယ်မှာ သူ့စံအိမ်က သောင်းကြမ်းနေတဲ့သရဲကိုဖမ်းဖို့ သရဲဖမ်းသမား လင်မယားနှစ်ယောက်ကို အလုပ်ခန့်လိုက်တယ်။ ဒါပေမဲ့ အူကြောင်ကြောင် သရဲဖမ်းသမားတွေနဲ့ ကြားထဲက ဘုမသိဘမသိ လာတည်းတဲ့ ဧည့်သည် ကောင်မလေးနှစ်ယောက်ပါ ရောက်လာတာကြောင့် ဧည့်သည်တွေကိုလိမ်ပြီး နောက်ကွယ်မှာ သရဲဘယ်လိုခိုးဖမ်းမလဲဆိုတာကို ဒီမလေးရှားသရဲဟာသကားမှာ အလွဲပေါင်းစုံနဲ့ ခွီနေအောင် ကြည့်လိုက်ကြပါဦးဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ပဲဖြစ်ပါတယ်) File size…(1.3 GB) / (655 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:31:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Action • Crime • Horror
0 2024
Siapa Buka Lampu
Cheta Singh
7.4

Cheta Singh 2023 (ချီတာဆင်းဂ်) ပါလေနဲ့နီမီတို့ဟာ မိဘတွေမရှိတော့ဘဲ အဒေါ်နဲ့အတူနေနေတဲ့ မောင်နှမနှစ်ယောက်၊ အစ်ကိုတစ်ခုညီမတစ်ခုဘဝဆိုတော့ သိပ်ချစ်ကြတဲ့မောင်နှမနှစ်ယောက်ပေါ့လေ။ ပါလေကတော့ စာအုပ်ဆိုင်မှာအလုပ်လုပ်ပြီး နီမီလေးကို အစစအရာရာပံ့ပိုးပေးသလို နီမီကလည်း အစ်ကိုဖြစ်စေချင်သလို စာမှာရော အားကစားမှာပါတော်တဲ့ စံပြကျောင်းသူတစ်ယောက်၊ တစ်နေ့ သူ့အစ်ကိုဆန္ဒအတိုင်း ရဲအရာရှိဖြစ်လာအောင် ကြိုးစားနေသူရယ်ပါ။ ဒီလိုနဲ့ တစ်နေ့ သူတို့ရွာကို ဆေးအတုလုပ်ချင်တဲ့ လူတစ်စုရောက်လာပြီး သူကြီးနဲ့ပေါင်းလို့ မကောင်းတာတွေအစုံလုပ်ဖို့ ကြိုးစားတာကြောင့် ပါလေတို့မိသားစုကိုထိခိုက်လာတဲ့အခါ… ညီမနဲ့အဒေါ်အတွက်ပဲ တစ်သက်လုံးရှင်သန်လာခဲ့တဲ့သူ၊ မိသားစုကို အသက်ထက်ပိုတန်ဖိုးထားတဲ့ပါလေတစ်ယောက် မိသားစုကိုလာထိပါးချိန်မှာ သားရဲတစ်ကောင်လိုပြောင်းလဲသွားပြီး ဘယ်လိုလက်စားချေမလဲဆိုတာ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)

7.4 2023 135 mins
Cheta Singh
Dum Laga Ke Haisha
7.5

Dum Laga Ke Haisha (2015) “ဝဝကစ်ကစ်သတို့သမီး” ၂၀၁၅ က ထွက်ရှိခဲ့တဲ့ ဟင်ဒီအချစ်ဟာသကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်များအနေနဲ့ Ayushmann Khurrana နဲ့ Bhumi Pednekar တို့ဖြစ်ပြီး ဘတ်ဂျက် ၁၄ ကုဋေတည်းနဲ့ ရုံတင်ဝင်ငွေ ၁၁၃ ကုဋေ ပြန်လည်ရရှိခဲ့တဲ့ ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ ပရမ်းဆိုတဲ့ကောင်လေးဟာ ကျောင်းထွက်တစ်ယောက်ဖြစ်ပြီး ရှက်ကိုးရှက်ကန်းနဲ့ မိဘစကားကို မြေဝယ်မကျနားထောင်ရသူပါ အဖေလုပ်သူရဲ့ အတင်းအကျပ်ခိုင်းစေမှုကြောင့် ဘွဲ့ရပညာတတ် ခပ်ဝဝကောင်မလေး ဆန်ဒယာ့ကို မိမိဆန္ဒမပါဘဲ လက်ထပ်လိုက်ရပြီး အစစအရာရာ စရိုက်လက္ခဏာမတူကြတဲ့ သူတို့မောင်နှံနှစ်ယောက် အကွဲအလွဲတွေကနေ အချစ်ကိုဘယ်လိုရှာတွေ့သွားမှာလဲဆိုတာကတော့ … အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama
7.5 2015 111 mins
Dum Laga Ke Haisha
The Hustler
7.9

ဒီဇာတ်ကားဟာ ၁၉၅၉ ခုနှစ်ထွက် အမေရိကန်စာရေးဆရာ Walter Tevis ရဲ့ အမည်တူစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ Edward “Fast Eddie” Felson ဆိုသူ pool player တစ်ယောက်ရဲ့ အနိုင်အရှုံးတွေအကြောင်းပါ။ အက်ဒီဟာ နယ်လှည့်ကာ ကျူထိုးရင်း အသက်မွေးနေတဲ့သူတစ်ယောက်ပါ။ ကစားပွဲအစမှာ မကစားတတ်ချင်ယောင်‌ဆောင်ပြီး နောက်မှကြေးမြှင့်ကာ အနိုင်ယူတတ်တဲ့ Hustler တစ်ယောက်။ သူ့ရဲ့ရည်မှန်းချက်ဟာ ၁၅ နှစ်လုံး ဘယ်သူမှအနိုင်မယူနိုင်ခဲ့တဲ့ ဂန္ဓ၀င်ကစားသမားကြီး Minnesota Fats ကိုအနိုင်ယူဖို့ဖြစ်တာကြောင့် စိန်ခေါ်လိုက်တဲ့အချိန်မှာ နိုင်နိုင်ရှုံးရှုံး ဘယ်အချိန်ရပ်ရမယ်မှန်းမသိဘဲ အရည်အချင်းတစ်ခုပဲရှိတဲ့ အက်ဒီတစ်ယောက် ဘယ်လိုမျိုးတွေဖြစ်လာမလဲ။ နှဲသမားပါးစပ်လို ပိန်‌လိုက်ဖောင်းလိုက်ဖြစ်နေတဲ့ သူ့ဘ၀ရဲ့အဆိုးဆုံး အခြေအနေမှာ ဆာရာဆိုသူမိန်းကလေးတစ်ယောက်နဲ့လည်း ဆုံဖြစ်ခဲ့တယ်။ ဇာတ်လမ်းအစကနေ အဆုံးထိ အက်ဒီဟာ တကယ့်ကို ငယ်ရွယ်တဲ့လောင်းကစားသမားတစ်ယောက်ပီသခဲ့ပါတယ်။ File size…(1.8 GB)/(810 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:14:00 Genre… Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama
7.9 1961 134 mins
The Hustler