YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Polarized (2023) WEB-Rip,1080p(CM).mp4

1.15 GB N/A video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cậu Vàng
3

ပမ်ဗန်ဟက်နဲ့ ပမ်ဗန်ကိုတို့ဟာ ဆင်းရဲမွဲတေပြီး စိုက်စားစရာစိုက်ခင်းလေးနဲ့ ခွေးလေးဗန်ပဲရှိတဲ့ သားအဖပါ။ တစ်ဖက်မှာတော့ ရွာသူကြီးလီနဲ့ သူ့အဖေ ရွာရဲ့ဂုဏ်သရေရှိလူကြီး သခင်ဗာတို့ သားအဖဟာ ရွာသားတွေကို အခွန်အခတွေကောက်ပြီး ဖိနှိပ်နေသူတွေပါ။ သူတို့ကိုထိ ဓားကြည့်ဆိုပြီး အာဏာစက်နဲ့ အုပ်ချုပ်နေသူတွေပေါ့။ သားဖြစ်သူ ပမ်ဗန်ကိုတစ်ယောက် မိန်းကလေးကိစ္စနဲ့ သခင်ဗာတို့သားအဖနဲ့ ငြိစွန်းပြီး ရွာက ထွက်သွားရတဲ့အပြင် အ‌ဖေဖြစ်သူ ပမ်ဗန်ဟက်တို့စိုက်ခင်းအတွက် အမြဲသုံးနေတဲ့ ရေတွင်းကြီးကို ဒီတွင်းက နဂါးသွေးကြောဖြစ်ကြောင်း၊ ဒီရေကိုသောက်ရင် သခင်ဗာရဲ့ မျိုးဆက်မပြတ်နိုင်တော့ကြောင်း ဗေဒင်ဆရာတစ်ယောက်က ပြောပြီးနောက်မှာ အဘိုးကြီးဟက်တို့စိုက်ခင်းဟာ ရွာသူကြီးလီတို့ လိုချင်စရာပစ်မှတ်ဖြစ်လာပါတော့တယ်။ ဒီလိုမျိုး အဖက်ဖက်က ပစ်မှတ်ထားခံနေရတဲ့ အဘိုးကြီး ပမ်ဗန်ဟက်တစ်ယောက် သူ့ခွေးလေး ဗန်နဲ့အတူ စိုက်ခင်းလေးကို ဘယ်လိုထိန်းသိမ်းမလဲ။ မြေနိမ့်ရာလှံစိုက်ဖြစ်နေတဲ့ အဘိုးကြီးရဲ့ဘဝမှာ ခွေးလေးနဲ့အတူ ဘယ်လိုအသက်ရှင်နေထိုင်မလဲဆိုတာကို ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size… 2.5GB | 953MB | 411MB Format… mp4 Duration….1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... August

Drama
3 2021
Cậu Vàng
Mr. Harrigan's Phone
6.5

ဒီဟော်ရာ ရုပ်ရှင်ကတော့ စာရေးဆရာ၊ဒါရိုက်တာ စတီဗန်ကင်းရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပါ။ သူ့ရဲ့လက်ရာတွေက ဝတ္ထုတိုဝတ္ထုရှည်မရွေး ကျောချမ်းစရာကောင်းတာကိုသိကြမှာပါ။ သူ့ရဲ့လက်ရာတွေထဲက IT, Shinning, Pet Sematary, Green Mile, Misery, 1408, The Mist, Shawshank, Doctor Sleep, The Dark Tower, In the Tall Grass, Lisey Story, Thinner, Dolores Claiborne တို့တွေကို ကြည့်ဖူးကြတဲ့သူများမယ်ထင်ပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကတော့ နာမည်အတိုင်း မစ္စတာ ဟာရီဂန်ရဲ့ ဖုန်းအကြောင်းပါပဲ။ ဇာတ်လမ်းက တမလွန်ဘဝတွေ၊ သဘာဝလွန်တွေနဲ့ သို့လောသို့လော ကျောချမ်းစရာတွေနဲ့ ဖွဲ့စည်းထားတာမို့ အကျဉ်းပြောမပြတော့ပါဘူး။ ဘာပြီးဘာဖြစ်လာမလဲ ရင်တဖိုဖိုကြည့်လို့ရစေချင်လို့ပါ။ ဆက်ကြည့်လိုက်ပါဦး။ File size…1.1GB / 540MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson

Comedy • Family • Romance
6.5 2022 105 mins
Mr. Harrigan's Phone
(18+) P.O. Box Tinto Brass
5.5

Tinto Brass ဆိုရင် သူ့ရုပ်ရှင်တွေကိုသိတဲ့သူတွေအနေနဲ့ ကပျက်ကချော်စကားတွေ၊ညစ်တီးညစ်ပတ်တွေ တရစပ်ထွက်နေတတ်တဲ့ ညို့အားပြင်းတဲ့ နူတ်ခမ်းတွေ၊ အဓိပ္ပါယ်များစွာပါဝင်တဲ့မျက်လုံးတွေ မြူဆွယ်တဲ့အကြည့်တွေ နဲ့ ရင်ထွားထွား တင်ကားကား အမွှေးထူထူ လုံးကြီးပေါက်လှ မိန်းမတွေကိုမြင်ယောင်မိကြပါလိမ့်မယ်။ သူတို့တွေဟာ သူ့ရုပ်ရှင်ကားအများစုရဲ့ သင်္ကေတတစ်ခုလိုဖြစ်နေလို့ပါပဲ။ Tinto Brass ဟာရုပ်ရှင်သက်တမ်းအစောပိုင်းကာလမှာဝေဖန်ရေးဆရာတွေအကြိုက်တွေ့ကြတဲ့ အမျိုးအစား ပေါင်းစုံ Experimental film တွေရိုက်ခဲ့ပေမယ့်လဲ အခုချိန်မှာတော့ နောက်ပိုင်းသူဇောက်ချခဲ့တဲ့ erotic genre နဲ့ပဲ လူသိများပါတော့တယ်။သူ့ ရုပ်ရှင်တွေကို သူရိုက်ခဲ့တာလို့ မသိရင်တောင် ပိုစတာတွေကိုမြင်ရုံနဲ့မှတ်မိနိုင်လောက်အောင် နာမည်ကြီးတဲ့ All Ladies Do It, Paprika, Monella တို့လိုကားတွေအများကြီးပါ။ အဲ့ဒါတွေထဲက အထင်ရှားဆုံးကတော့ အငြင်းပွားမှုတွေ ပြဿနာတွေ တစ်ပုံတစ်ပင်နဲ့ Helen Mirren တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတဲ့ Caligula ပါပဲ။ ပြင်းထန်တဲ့ကြမ်းတမ်းရက်စက်မှုတွေ၊ အမှန်တကယ်လိင်ဆက်ဆံတဲ့ အခန်းတွေ အငြင်းပွားစရာအချက်အလက်တွေကြောင့် နိုင်ငံအမျိုးမျိုးအတွက် ဖြတ်တောက်ထားတဲ့ မူကွဲမျိုးစုံထွက်ရှိခဲ့ရပေမယ့် အခုချိန်အထိ cult classic တစ်ကားဖြစ်နေတုန်းပါပဲ။ အဲ့ဒါကတော့လူတိုင်းကြည့်ဖူးကြမှာပါ။ အခုဇာတ်ကားကတော့ ဟာသနဲ့ညစ်ညမ်းဘက်ကိုဦးစားပေးတဲ့နောက်ပိုင်းလက်ရာလေးတစ်ခုပါ။ ဒီကားမှာတော့ ဆရာကြီး Tinto Brass ကိုယ်တိုင်အဓိကနေရာကဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Tinto Brass နဲ့ သူ့အတွင်းရေးမှူးမိန်းမလှလေး လူစီယာတို့ဟာ ဗင်းနစ်ရုံးခန်းမှာ Tinto Brass ဆီ ပေးပို့လိုက်တဲ့ အမျိုးသမီးပရိသတ်တွေရဲ့ သူတို့ဘဝဇာတ်ကြောင်းစာလေးတွေကိုဖွင့်ဖတ်ဇာတ်ကြောင်းပြောကြပုံပါပဲ။သူ့ရဲ့ အရွယ်ပေါင်းစုံ ဘဝပေါင်းစုံ အတွေ့အကြုံ ပေါင်းစုံပရိသတ်အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စနဲ့ပတ်သက်တဲ့ စိတ်ကူးယဉ်မှုပေါင်းစုံကို တစ်ခန်းရပ်လေးတွေနဲ့ anthology ပုံစံတင်ဆက်ထားပါတယ်။ သူ့ဇာတ်ကားတွေကတော့ 18 plus အနေအထားကို ကိုအတော်ကြီးကျော်လွန်နေတဲ့အတွက် 21 plus လောက်သတ်မှတ်ရပါလိမ့်မယ်။ပြီးတော့ သရုပ်ဆောင်မင်းသမီးတွေက အပြာမင်းသမီးတွေမဟုတ်ပါဘူး။ သူ့ကျေးဇူးကြောင့်သာ အခုလိုမြင်ရတာလို့ပြောလို့ရပါတယ်။ခံစားကြည့်ပါဦး။ File Size : (3.4 GB) & (900 MB) Quality : BluRay 1080p & 720p Running Time : 01:33:23 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

5.5 1995 81 mins
(18+) P.O. Box Tinto Brass
The Apology
6.5

သမီးပျောက်ထားတာ နှစ် ၂၀ တောင်ကြာသွားပြီဖြစ်တဲ့ အမေဖြစ်သူဒါလင်း။ နှစ်တွေဆယ်နဲ့ချီသွားပေမယ့်လည်း သမီးဖြစ်သူကို တစ်နေ့နေ့တော့ရှာတွေ့မှာပါဆိုတဲ့စိတ်နဲ့ နေထိုင်လာခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် ခရစ်စမတ်စားသောက်ပွဲလုပ်ဖို့ စီစဉ်နေတုန်း အရင်တုန်းကခဲအိုဖြစ်ခဲ့တဲ့သူက အိမ်ကိုမမျှော်လင့်ဘဲရောက်လာတဲ့အခါ... ဒီနှစ်တွေထဲ သမီးလေးအတွက်တရားခံကို ဒါလင်းဘာလုပ်ချင်မလဲ။ သေလောက်အောင်သတ်ပစ်ချင်နေမလား ဒါမှမဟုတ် တောင်းပန်တာကိုပဲလိုချင်တာလား... Breaking Bad ကမင်းသမီး Anna Gunn ကပါဝင်သရုပ်ဆောင်ထားပါတယ် File size…(1.2GB)  / (`492MB) / (284MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina

Drama
6.5 2022 91 mins
The Apology
Outlaw King
6.8

"အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander III နတ်ရွာစံံပြီးနောက်မှာ ဆက်ခံသူ မြေးတော် Magaretကလည်း ၁၂၉၀ မှာ ထပ်ပြီးနတ်ရွာစံတဲ့အခါ ထီးနန်းကိုဆက်ခံထိုက်တဲ့ သူကောင်းမျိုးအင်အားစု ၁၄ စုကြားမှာ နန်းလုတဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေဖြစ်လာခဲ့တယ်။ အင်္ဂလန်ပြည့်ရှင် ပထမမြောက်အက်ဒွပ်ဘုရင်ကို ကြားဝင်စေ့စပ်ပေးဖို့ အကူအညီတောင်းတဲ့အခါ အက်ဒွပ်က John Balliolကို နန်းတင်ပေးတယ်။ ၁၂၉၆ မှာ EdwardဟာJohn Balliolကို နန်းချပြီး စကော့တလန်ကို သိမ်းပိုက်လိုက်တယ်။ စကော့တလန်တစ်ပြည်လုံးဟာ ကျောချမှ ဓားပြမှန်း သိလိုက်ရတဲ့အဖြစ်ကြုံခဲ့ရပြီး အင်္ဂလိပ်တွေ ဗိုလ်ကျသမျှကို ခံရတော့တယ်။ အဲဒီနောက်မှာ အင်္ဂလိပ်တွေကို အတိအလင်းတော်လှန်မယ့် William Wallace ဆိုတဲ့ သူရဲကောင်းပေါ်ထွက်လာပြီး ဘုရင်Edwardကို တော်လှန်တဲ့အခါ မထင်မှတ်လောက်အောင် အောင်မြင်မှုတွေရတယ်။ ဒါပေမဲ့ သွေးကွဲနေကြတဲ့ စကော့တလန်သူကောင်းမျိုး အင်အားစုတွေကြောင့် Falkirkတိုက်ပွဲ(July 22, 1298)မှာ စကော့တလန်သားတွေ အထိနာပြီး ဝေါလေ့စ်လည်း တောပြန်ခိုရတဲ့ဘဝရောက်သွားတော့တယ်။ ဘုရင်Edwardဟာ စကော့တလန်ကို ပြန်သိမ်းပြီး သူကောင်းမျိုးတွေကို သစ္စာပြန်ခံစေတယ်။ နောင်တစ်ချိန်မှာ ဘုရင်ဖြစ်လာမယ့် Robert the Bruceဟာ သတ္တမမြောက် Bruceဖြစ်ပြီး သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruceဟာ Edwardနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တယ်။ သတ္တမမြောက် Bruceဟာ ဝီလျံဝေါလေ့စ်ကို လေးစားကြည်ညိုသူဖြစ်ပေမယ့် နန်းလုနေတဲ့ သူကောင်းမျိူ းတွေကြားထဲမှာ အနေအထိုင် မမှားအောင်ဆင်ခြင်ရသူမို့ ဝေါလေ့စ်နဲ့ပေါင်းပြီး ထိထိရောက်ရောက် မတော်လှန်ဖြစ်ခဲ့ဘူး။ (Brave Heart 1995 ရုပ်ရှင်ထဲကလို မဟုတ်ပါဘူး) Edwardဟာ စိတ်မချရတဲ့ သတ္တမြောက်Bruceကို Ulsterမြို့စား Richard Ogရဲ့သမီး Elizabeth de Burghနဲ့ လက်ထပ်ပေးလိုက်တယ်။ Bruceက ပထမဇနီးကွယ်လွန်ခဲ့ပြီး သမီးတစ်ယောက် ရနေပြီ။ လက်ထပ်ချိန်မှာ Bruceက ၂၈ နှစ် Elizabethက ၁၈ နှစ်ပဲရှိပါသေးတယ်။ လက်ထပ်ပြီး မကြာမီမှာပဲ သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruce ကွယ်လွန်သွားပြီး ဘုရင်Edwardကလည်း ဝီလျံဝေါလေ့စ်ကို ဖမ်းမိသွားတယ်။ ဝေါလေ့စ်ကို ခေါင်းဖြတ် လေးပိုင်းပိုင်းပြီး နိုင်ငံ တနံတလျားကို တစ်ပိုင်းစီပို့စေတဲ့အခါ ဝေါလေ့စ်ကို သိပ်ကြည်ညိုတဲ့ စကော့တလန်မှာ ဆူပူမှုတွေဖြစ်လာတယ်။ ဒါဟာပုန်ကန်ဖို့ အချိန်ကောင်းပဲဆိုတာကို သိလိုက်တဲ့ Bruceဟာ သူရဲ့အင်အားအကောင်းဆုံး ပြိုင်ဘက် John Comynနဲ့ လက်တွဲပုန်ကန်ဖို့ ဆွေးနွေးတဲ့အခါ မမျှော်လင့်တဲ့ပြဿ နာဖြစ်လာတယ်။ သူပုန်ထမယ့်ကိစ္စကို Edwardဆီသတင်းပို့မယ်လို့ ခြိမ်းခြောက်တဲ့အခါ Bruceက သူ့ကိုဓားနဲ့ ထိုးလိုက်တယ်။ ဘုရားကျောင်းအပြင်ဘက်မှာ စောင့်နေတဲ့ နောက်လိုက်တွေဆီက Bruceဟာ လက်မှာသွေးတွေနဲ့ ပြန်ရောက်လာပြီး "ငါဓားနဲ့ထိုးလိုက်တာ Comynသေပြီလား မသိဘူး"လို့ ပြောတဲ့အခါ William Wallaceရဲ့ ရောင်းရင်းဖြစ်ဖူးတဲ့ Roger de Kirkpatrickက ဒါဆိုလက်စတုံးမှဖြစ်မယ်ဆိုပြီး ဘုရားကျောင်းထဲ ဝင်ပြီး သေအံ့မူးမူးဖြစ်နေတဲ့ Comynကို လက်စတုံးလိုက်တယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါ Bruceကို ချက်ချင်းဘိသိတ်မြှောက်ပြီး ဘုရင်ဖြစ်ဖို့ လုံးပမ်းကြရတော့တယ်။ ဘုရားကျောင်းထဲမှာ လူသတ်မှုကျူ းလွန်တဲ့အတွက် ပုပ်ရဟန်းမင်းက Bruceကို အသိအမှတ်မပြုခဲ့ပါဘူး။ ဘုရင်ဖြစ်ပြီးပြီးချင်း Bruce စရင်ဆိုင်ရတာက Comynမိသားစုတွေနဲ့ Edwardကို သစ္စာခံထားတဲ့ အင်အားစုတွေကို စရင်ဆိုင်ရတယ်။ ၁၃၀၆ ဇွန်လမှာဖြစ်ခဲ့တဲ့ Methvenတိုက်ပွဲမှာ အကြီးအကျယ်အထိနာပြီး ထွက်ပြေးခဲ့ရတယ်။ Edwardရဲ့တပ်တွေ ထပ်ရောက်လာတဲ့အခါ Bruceရဲ့ မိသားစုတွေ အဖမ်းခံရပြီး အကျဉ်းချခံရတယ်။ညီလေးယောက်မှာ သုံးယောက် ရက်ရက်စက်စက် အသတ်ခံရတယ်။ အဲဒီအချိန်တွေဟာ Robert the Bruceအတွက် အခက်ခဲဆုံး အချိန်တွေပဲ။ ၁၃၀၆-၁၃၀၇ ဆောင်းကာလမှာ Bruceဟာ စကော့တလန်ပြင်ပထိ သွားရှောင်နေခဲ့ရပြီး တကြော့ပြန်ဝင်လာတဲ့အခါ သမားရိုးကျမတိုက်ဘဲ ပြောက်ကျားနည်းနဲ့ ရန်သူကို အထိနာအောင်တိုက်ပါတော့တယ်။ ၁၃၀၇ ခုနှစ် မေလမှာဖြစ်ပွားခဲ့တဲ့ လောင်ဒွင်တောင်ကုန်း (Loudoun Hill)တိုက်ပွဲဟာ စကော့တွေအတွက် သမိုင်းတွင်တဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး Robert the Bruceဟာ အင်အား ၆၀၀ တည်းနဲ့ အင်္ဂလိပ်တွေရဲ့ မြင်းတပ် အင်အား ၃၀၀၀ ကို ဗျူ ဟာကြွယ်ကြွယ်အနိုင်ယူပြီး အစွယ်ရိုက်ချိုးပြခဲ့တယ်။ စကော့တလန်ဘက်က ဆယ်ဂဏန်းအကျအဆုံးရှိပြီး အင်္ဂလိပ်တွေဘက်က အကျအဆုံး ရာချီပါတယ်။ ဒီတိုက်ပွဲမှာနိုင်ခဲ့ပေမယ့် Robert the Bruceဟာ စကော့တလန် တစ်ပြည်လုံးကို မနားတမ်း တိုက်ခိုက်ရ စည်းရုံးလိုက်ရတာ ၁၃၁၄ ခုနှစ်မှာ ညီလာခံ ကျင်းပပြီး အုပ်ချုပ်ရေး ပြန်လုပ်နိုင်ခဲ့တယ်။ ကံမကောင်းရှာတဲ့ Robert the Bruceဟာ သက်တော် ၅၄ နှစ်မှာ နူနာရောဂါနဲ့ ကွယ်လွန်တယ်လို့ ဆိုကြပါတယ်။ Brave Heart ရုပ်ရှင်ထဲမှာ နူနာရောဂါနဲ့ကွယ်လွန်တာ ဆဋ္ဌမမြောက် Bruce ဖြစ်ပေမယ့် မှတ်တမ်းတွေအရ ဒီရောဂါနဲ့ ကွယ်လွန်တာ King Bruce I (သတ္တမမြောက် Bruce)လို့ဆိုကြတယ်။ Robert the Bruceရဲ့ အုတ်ဂူကိုရှာဖွေတွေ့ရှိလို့ သူ့အရိုးတွေကို လေ့လာကြည့်တဲ့အခါ ဒီရောဂါလက္ခဏာ မတွေ့ရဘူးလို့ ဆိုတဲ့အခါ နူနာရောဂါနဲ့ ကွယ်လွန်တာ ဘယ် Bruceလဲ မခွဲခြားနိုင် ဖြစ်လာရတော့တယ်။ Robert the Bruceဟာ မိဖုရား Elizabethနဲ့ သားသမီးလေးယောက်ရခဲ့ပြီး သူ့ရဲ့ တီ ဆဋ္ဌမမြောက် Jamesဟာ အင်္ဂလန်နဲ့ စကော့တလန် နှစ်ပြည်ထောင်ရဲ့ ဘုရင် ဖြစ်လာခဲ့ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ဒါရိုက်တာ David Mackenzieရဲ့ လက်ရာ Outlaw King(2018)ဟာ ဒီနှစ်ထွက်တဲ့ရုပ်ရှင်တွေထဲမှာ လူသိပ်မသိပေမယ့် ကြည့်ရတာ တန်တဲ့ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ Robert the Bruceအဖြစ် Chris Pineက သရုပ်ဆောင်ထားပြီး Black Douglasအဖြစ် Avengers: Age of Ultronထဲက သွားလေသူ Quicksilverအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Aaron Taylor Johnsonတို့က သရုပ်ဆောင်ထားတယ်။ Brave Heartလို Fictionများလွန်းတဲ့ ရုပ်ရှင်မျိုးမဟုတ်ဘဲ သမိုင်းမှန်နဲ့ ပိုနီးစပ်အောင်ကြိုးစားထားပေမယ့် စကော့တလန်မဆန်ဘူးလို့ ဝေဖန်ကြတဲ့အထိ ဟာတာတာဖြစ်နေပါတယ်။ Brave Heartထဲကလို James Hornerရဲ့ နောက်ခံတေးဂီတရဲ့ အင်အားကို မခံစားရတာလည်း ပါလိမ့်မယ်ထင်တယ်။ ကြည့်ကောင်းပြီး စိတ်ကျေနပ်ရတဲ့ရုပ်ရှင်မျိုး ဆိုပေမယ့် Brave Heart(1995)လိုတော့ အကြာကြီး လွမ်းမိနေမယ် မထင်ပါဘူး။ ဒီရုပ်ရှင်ကားကို Htet Htet Myint က ဘာသာပြန်ပေးထားပြီး အညွှန်းကိုတော့ Elvis မှ ရေးပေးထားပါတယ် Review By : Elvis Ref ~ The Battle of Loudoun Hill ~ Robert the Bruce ~ History of Scotland www.wikipedia.com

Crime • Sci-Fi & Fantasy
6.8 2018 122 mins
Outlaw King
Fighting with My Family
6.9

ပေ့ဂျ် ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ  တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့် လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်...သို့ပေမယ့် တစ်နေတော့  သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့် နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမဝင်ချင်ဘဲ ဝင်လိုက်ရတယ်... သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်...အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ " လုပ်ထားစမ်းကွ....မိုက်တယ်... မင်းသမီးလေး လုပ်ထားစမ်း"ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်.. ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကို သိပ်လိုက်ရတဲ့အပြုံးမျိုး.... ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။.. အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ.... The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီး နပမ်းသမား  ပေ့ဂျ် အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်.... သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီး ဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်... ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင် တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်...သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ... ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်... လက်ရှိ IMDb 7.5 ရှိပြီး Rotten ...92%ရရှိထားလေတော့ ကောင်းမကောင်း ဆုံးဖြတ်စရာမလိုတော့ဘူးထင်တယ်.. ဘယ်အချိန်ကြည့်ဖြစ်မလဲပဲဆုံးဖြတ်ရမယ်ထင်တယ်.. မင်းသမီးချောလေး Florence Pugh   အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Little Neo ပဲဖြစ်ပါတယ်.....

Comedy • Drama
6.9 2019 108 mins
Fighting with My Family
[18+] PVT Chat
5.9

ဒီဇာတ်ကားလေးကတော့ ၂၀၂၀ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+လူကြီးကားလေးဖြစ်ပါတယ်။ sex chatလုပ်ရာ ကနေစတဲ့ အချစ်ဇာတ်လမ်းလေးလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းသဘောကတော့ ဂျက်ခ်က နယူးရော့ခ်မှာ နေထိုင်ပြီး အင်တာနက်လောင်းကစားလုပ်တဲ့လူတစ် ယောက်ပါ၊ အပြာဝက်ဘ်ဆိုဒ်တစ်ခုက အဖော်အချွတ် မယ်လေး စကားလက်နဲ့ စကားတွေပြောဖြစ်ရင်း ချစ်မိ တဲ့ အဆင့်ထိရောက်သွားတာပေါ့။ ဆန်ဖရန်စစ္စကိုက အဖော်အချွတ်မယ်လေးကို အမှတ်မထင် နယူးရော့ခ်က ညတစ်ညမှာ ရှာတွေ့သွားရင်းက စိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာပြီး ဇာတ်လမ်းတွေဖြစ်တယ့်အကြောင်း လေးပါ။ လူနှစ်ဦးကြားက စိတ်ကူးယဉ်ဘဝနဲ့ လက်ရှိဘဝလေးကို ချိန်ထိုးပြထားတဲ့ ဇာတ်လမ်းလေးပါ။ ဝတ်လစ်စလစ်ခန်း တွေ ရှင်းရှင်းလင်းလင်းပါပေမယ့်လည်း အပြာကားပုံစံ မဟုတ်ပဲ romanceဖြစ်လောက်အောင်အထိ ဇာတ်လမ်း ဇာတ်ကွက်ဆန်းတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ZMT ဖြစ်ပါတယ်) File Size……….(1.6 GB) / (539 MB) / (288 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adult, Drama Translator…….ZMT Encoder……….AdminX

5.9 2020
[18+] PVT Chat
Eye of the Storm
6

SARS ဆိုတဲ့ကူးစက်ရောဂါကိုခပ်ရေးရေးတော့မှတ်မိကြမယ်ထင်ပါတယ်။ အခုလိုCovid-19ကပ်ရောဂါကြီးမဖြစ်ခင် လွန်ခဲ့(၁၀)နှစ်လောက်တုန်းက SARSဆိုတဲ့အသက်ရှူလမ်းကြောင်းကူးစက်ရောဂါဖြစ်ခဲ့ပြီး သေဆုံးနှုန်း (၁၁)ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ (၂၀၀၃)ခုနှစ် အေပရယ်လမှာ SARSဟာဟောင်ကောင်ကတစ်ဆင့် ထိုင်ဝမ်ကိုစတင်ကူးစက်လာပြီး ပေထိုင်ဆေးရုံမှာဖြစ်ခဲ့တဲ့ ကပ်ဘေးရောဂါဖြစ်ရပ်လေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားလေးမှာဆိုရင် ပေထိုင်ဆေးရုံမှာSARSကူးစက်တယ်လို့ သံသယရှိတဲ့လူနာရှိကြောင်းသတင်းရတာနဲ့ ထိုင်ပေအစိုးရကဆေးရုံကို ပိတ်ချလိုက်တဲ့အခါ ဆေးရုံထဲမှာလူနာတွေရော ကျန်းမာရေးဝန်ထမ်းတွေမှာပိတ်မိသွားပါတယ်။ ရောဂါရဲ့သဘောတရားကိုသေချာမသိရသေးတဲ့အတွက် အားလုံးဟာ ထိတ်လန့်တကြားတွေဖြစ်ကြရပြီး အခြေနေတွေဟာလုံးဝရှုပ်ထွေးကုန်ပါတယ်။ ဒီကားလေးမှာဆိုရင် ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ ဆရာဝန်တွေသူနာပြုတွေဟာလဲ လူပါပဲ။ ထိတ်လန့်တတ်တယ် ကြောက်ရွံ့တတ်တယ် မိသားစုတွေရှိတဲ့အတွက် တစ်ကိုယ်ကောင်းလေးတွေဆန်မိကြတယ် ဆိုတာလေးကိုမြင်တွေ့ရမှာဖြစ်ပြီး။ ဒီကြောက်ရွံ့ထိတ်လန့်မှုတွေကို ကျော်ဖြတ်ပြီး SARS ရောဂါကိုဘယ်လိုအန်တုခဲ့ကြလဲဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။

6 2023
Eye of the Storm
Nanban
7.8

Nanban (2012) ****************** ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့ မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်း သူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက် ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Horror • Thriller
7.8 2012 181 mins
Nanban
Happy Ghost 3
6.1

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟောင်ကောင်သရဲဟာသကားလေးဖြစ်တဲ့ Happy Ghost 3 ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်ပေမဲ့ ဘဝပေးကံကြမ္မာကြောင့် ထုတ်ဝေတဲ့သီချင်းတိုင်းကိုအားပေးမှုမရှိပဲ နောက်ဆုံးကိုယ့်ကိုယ် အဆုံးစီရင်သတ်သေသွားတဲ့ အဆိုတော်ရွှီကျောင်းကျောင်း။ နောင်ဘဝမှာနာမည်ကြီးအဆိုတော်ဖြစ်ဖို့ ပြန်လည်မွေးဖွားမယ့်ရက်ကောင်းရက်မြတ်ကိုရွေးပေမဲ့ ခပ်တုံးတုံးအအဖြစ်တဲ့ကျောင်းဆရာ ခန်းစန်ကွေ့လူရဲ့ဖန်တီးမှုကြောင့် နှစ်ကြိမ်တိတိ ပြန်လည်မွေးဖွားခွင့်နဲ့လွဲချော်ခဲ့တယ်။ ဒါကြောင့် ရွှီကျောင်းကျောင်းကလက်စားချေဖို့ နေ့တိုင်း တနည်းမဟုတ်တနည်းဒုက္ခပေးပါတော့တယ်။ ဒါပေမဲ့ကျောင်းဆရာရဲ့အတိတ်ဘဝက ချင်ခေတ်စာဂျပိုးဖြစ်ပြီးသရဲအဖြစ် ကိုယ်ထဲဝင်နေတဲ့အခါ ခန်းစန်ကွေ့မှာမတူညီတဲ့စွမ်းအားတွေရှိနေခဲ့တယ်။ ဒီလိုနဲ့ရွှီကျားကျားရဲ့ ဒုက္ခကိုမခံနိုင်တဲ့အဆုံး သူ့ကိုချစ်ကျွမ်းဝင်အောင်လုပ်မှသာသူဒုက္ခပေးတာရပ်တန့်မယ်လို့ ကျောင်းဆရာကို အကြံဉာဏ်ပေးလိုက်တဲ့အခါ စတင်ဟန်ဆောင်ချစ်မိရာကနေတကယ်အတည်ချစ်မိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ နာမည်ကြီးဟာသကားကောင်းလေးတကားဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူအားပေးလိုက်ကြရအောင် စုစုပေါင်း ၅ ကားရှိပြီးတော့ ပထမ ၂ ကားကိုတင်ဆက်ပီးပါပြီ ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ်

History • Drama
6.1 1986 89 mins
Happy Ghost 3
Romantic Island
6.2

Romantic Island (2008) ကိုရီးယားဇာတ်ကားဟောင်းတွေ ပြန်လည်တင်ဆက်ပေးနေကျမှာ ဒီတစ်ခါမှာတော့ Romance, comedy အမျိုးအစား ဇာတ်ကားလေးနဲ့ ပြန်ရောက်လို့ လာပါပြီ။ ကိုရီးယားဇာတ်လမ်းပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရီုးရှင်းရှင်းပါပဲ။ ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့မယ်ဆိုသလိုပါ အိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့ ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီး အာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။ Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစားလူသတ်သမား ငှားခဲ့ပြီး၊ ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့… မတူညီတဲ့ နောက်ခံရှိတဲ့ အတွဲသုံးတွဲရဲ့ ရိုမန်တစ်ကျွန်းပေါ်က ကိုယ်စီဇာတ်လမ်းကို Romance, comedy အမျိုးအစားဖြစ်တာမို့ ရိုမန့်ငြိမ်ငြိမ်လေးကို ဟာသလေးတွေနဲ့ တွဲမြင်ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ် Genre….. Comedy, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.7GB | 1.2GB Format… mp4 Duration….1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

6.2 2008
Romantic Island
Silk
5.8

၁၉ ရာစုက ပြင်သစ်နိုင်ငံရဲ့ ပိုးထည်မှောင်ခိုသမားတဦးဖြစ်တဲ့ Hervé Joncour အီဂျစ်နိုင်ငံကို ခရီးထွက်ပြီး နောက်ပိုင်းမှာတော့ အရည်အသွေးမြင့်တဲ့ ပိုးဥများရရှိဖို့အတွက် ဂျပန်နိုင်ငံကိုသွားပြီး အရောင်းအဝယ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ခရီးတွေက မိုင်ထောင်ပေါင်းများစွာ ဖြတ်ကျော်ပြီး ဂျပန်နိုင်ငံကို သွားခဲ့ရတာဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံထဲရောက်ရှိနေစဉ်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး အမည်မဖော်လိုတဲ့ ဘုရင့်ကိုယ်လုပ်တော်တယောက်ကို အစွဲအလမ်း ကြီးစွဲလမ်းလာခဲ့ပါတယ်။ တဖက်မှာလည်း ပြင်သစ်နိုင်ငံထဲမှာ သူ့အပေါ်နားလည်မှုအပြည့်ရှိတဲ့၊ သူချစ်တဲ့အမျိုးသမီးနဲ့ လက်ထပ်ယူထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပိုးထည်ဖန်တီးမှုအနုပညာ၊ ချစ်ခြင်းမေတ္တာ စွဲလမ်းမှုသံယောဇဉ်နဲ့ ဇာတိမြေနဲ့ ဝေးကွာတဲ့အရပ်ဆီကဆွဲဆောင်မှု တွေအကြောင်းကို ကဗျာတပုဒ်လို လှပစွာရိုက်ကူးတင်ဆက် ထားတာဖြစ်ပါတယ်။ File size…2.36GB / 1.21GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

5.8 2007
Silk
Joyeux Noel
7.6

(ခရစ္စမတ်ကို ရန်သူတွေနဲ့အတူဆင်နွှဲခဲ့ကြတဲ့ ပထမကမ္ဘာစစ် စစ်သားများအကြောင်း) ဒီရုပ်ရှင်ကိုမကြည့်ဖူးကြရင်တောင် ဆိုရှယ်မီဒီယာမှာ အတိုလေးတွေ အတော်များများ မြင်ဖူးကြမှာပါ။ ဂျာမန်၊ ဗြိတိသျှ၊ စကော့တလန်စစ်သားတွေ ပထမကမ္ဘာစစ်အတွင်း ကတုတ်ကျင်းကိုယ်စီနဲ့ တစ်ဘက်နဲ့တစ်ဘက် အသေအကြေတိုက်ခိုက်နေကြပေမဲ့ ခရစ္စမတ်အကြိုညမှာတော့ အပစ်အခတ်တွေရပ်စဲပြီး အတူ ဆင်နွှဲကြဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းပါ။ စစ်ပွဲရဲ့ အကျဉ်းတန်ခြင်းတွေထဲကနေ လူသားဆန်မှုတွေကို ပြတဲ့ရုပ်ရှင်ပါပဲ။ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဆု အော်စကာ စကာတင် ဝင်ခဲ့ပါတယ်။ Tsotsi 2005 ကို မကျော်နိုင်ခဲ့လို့သာ ဆုမရခဲ့တာပါ။ အော်စကာရသွားတဲ့ Tsotsi ကိုလည်း Channel Myanmar မှာ တင်ပေးပြီးသားပါ။ ဒီရုပ်ရှင်ထဲမှာတော့ နှစ်ဘက်စစ်သားတွေရဲ့ တာဝန် နဲ့မိသားစုကြားက လွန်ဆွဲတာတွေ၊ ရန်သူကနေ မိတ်ဆွေဖြစ်လာပြီး ရန်သူပြန်ဖြစ်လာတဲ့အခါ ဆုံးဖြတ်ရခက်တာတွေနဲ့ အထက်ဖိအားတွေကြားထဲက စစ်ရဲ့ အကျဉ်းတန်မှုတွေကို မြင်ရမှာပါ။ ကြည့်ဖြစ်အောင်ကြည့်ရမဲ့ရုပ်ရှင်ဖြစ်လို့ ခရစ္စမတ်အမီလေး တင်ပေးထားလိုက်ပါတယ်။ File Size : 1.74 GB, 787 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 56min Format : Mp4 Genre : Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr.Anderson Encode by : Thit San Khant

Drama
7.6 2005 116 mins
Joyeux Noel
Love Actually
7.6

Love Actually (2003) IMDb Rating (7.6) / Rotten Tomatoes (64 %) နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman,Bill Nighy ,Hugh Grant Kingsman မင်းသားကြီး Colin Firth, မစ္စတာဘင်းမင်းသားကြီး Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာမြင်လိုက်ရတာနဲ့တင် အချိန်ပေးရကျိုး နပ်မယ့်ရုပ်ရှင်ဖြစ်တဲ့အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းအသွားအလာလေးကလဲ အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ညွှန်းရမယ့် ဇာတ်ကားလေးတကားပါ။ intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသာခြင်း ကြည်နူးခြင်း ဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ အညွှန်းလေးအကျဉ်းချုပ်ပြောရရင်…. မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက် အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီးမိမိမွေးရပ်မြေကိုစွန့်ခွာချင်နေတဲ့ဗြိတိန်သားငနဲလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီးကင်မရာလေးနဲ့ရိုက်ပြီး အမှတ်တရပုံရိပ်ကိုတိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက် ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက် ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက် Real sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင်အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး သူဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့ စာရေးမလေးနဲ့ သူဌေးရဲ့မိန်းမမိသားစုအကြောင်း ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့ ၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိ ဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့် မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာ ဘယ်မျိုးသောအကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲ ကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့် ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံ ခံစားမှုတွေရမယ်ဆိုတာသေချာပါတယ် Love actually ဇာတ်ကားဟာ Nominated 27 နဲ့ Winners 10 ခုကိုရရှိထားဖြစ်ပြီး အကောင်းဆုံးဇာတ်ပို့ဆုတွေကို မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး Emma Thompson တို့ကအများဆုံးရထားကြပြီး 2017 ခုနှစ်မှာတော့ Red Nose Day Actually ဆိုတဲ့ မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ် အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း Alan Rickman ကြီးတစ်ယောက်တော့ပါဝင်နိုင်တော့မှာမဟုတ်တော့ပါဘူး ? #LoveActually #HollywoodDope #Dave (ရုပ်ရှင်အညွှန်းကို Hollywood Dope Facebook Page မှ ကူးယူဖော်ပြပါသည်။)

7.6 2003 135 mins
Love Actually