YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Poker.Face.2023.S01E09.1080p.(CM).mp4

1.46 GB 1080p video/mp4 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Inside
5.7

Inside ရုပ်ရှင်ကိုကြည့်ရင်း အရင်ဆုံးသတိရမိတာက ဘုရင်မိုင်းဒက်စ်ပဲ။ အလိုကြီးပြီး ထိလိုက်သမျှရွှေဖြစ်တဲ့ဘုရင်ကြီးပေါ့။ နောက်ဆုံးတော့ သူ့စားစရာတွေတောင်ထိလိုက်တိုင်းရွှေဖြစ်လို့ ငတ်သေလုနီးပါးဖြစ်ခဲ့ရတယ်။ ဒီဇာတ်လမ်းမှာတော့ နီမိုဆိုတဲ့သူခိုးပေါ့။ သူက ခေတ်မှီထိန်းချုပ်စနစ်တွေနဲ့ တိုက်ခန်းတစ်ခုက ပန်းချီကားတွေကို သွားခိုးတာ။ ပိုင်ရှင်ကလဲခရီးသွားနေတာ ဘယ်တော့မှပြန်လာမယ်မသိ။ ဖြစ်ချင်တော့သူကအဲ့ဒီတိုက်ခန်းထဲမှာပိတ်မိသွားပါလေရော။ စနစ်ကလဲ ချို့ယွင်းမှုဖြစ်တယ်လို့တွင်တွင်ပြနေပြီး လုံးဝအလုပ်မလုပ်တော့ဘူး။ အဲ့လိုစမတ်ဟုမ်းထဲမှာပိတ်မိတာက ကျွန်းတစ်ကျွန်းပေါ်တစ်ယောက်ထဲကျန်တာမျိုးထက်တောင်ပိုဆိုးသေး။ ရေစနစ်ကလဲအလုပ်မလုပ် အပူအအေးစနစ်ကလဲ ပူလိုက်အေးလိုက်ဖြစ်ချင်ရာတွေဖြစ်။ စားစရာဆိုတာကလဲသိပ်မရှိ။ ဒီကြားထဲစမတ်ရေခဲသေတ္တာဆိုတာကလဲ စက္ကန့်ပိုင်းလောက်များကြာကြာဖွင့်မိရင် "ဟေး မာကရီနာ" ဆိုပြီး နာငြီးအောင်သီချင်းဆိုသတိပေးသေးတယ်။ ဒီလိုရူးလောက်စရာတိုက်ခန်းထဲမှာ၊ သူလာခိုးတဲ့အဖိုးတန်ပန်းချီများစွာရဲ့အလယ်မှာ ပိတ််မိနေတဲ့သူခိုး "နီမို" ထွက်လမ်းကိုဘယ်လိုရှာမလဲ။ နီမိုရဲ့ ကြိုးပမ်းမှုတွေ ပိတ်လှောင်မှုတွေ စိတ်အတက်အကျတွေကို ပန်းချီတစ်ချပ်လိုပဲ အနုစိတ်ဖော်ပြထားလို့ ကြည့်ရှုသူကိုပါ မွန်းကြပ်မှု၊ လွတ်မြောက်ဖို့တောင့်တမှုတွေ ခံစားမိလောက်အောင် ရသမြောက်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 564MB | 282MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

5.7 2023 105 mins
Inside
The Yards
6.2

Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။ အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။ မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( Ted 1,2 ) Willie အဖြစ် Joker မင်းသားကြီး Joaquin Phoenix နဲ့ Frank အဖြစ် Godfather မှ James Caan တို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…(1.62GB)  / (`777.52MB) / (347.98MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:59:00 Genre...  Drama /Romance / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Mariposa

Drama
6.2 2000 115 mins
The Yards
Wild Dog
5.4

Wild Dog (2021) ===================== imdb 6.1/2.4k နာမည်ကြီးတေလဂူးမင်းသားကြီး Nagarjuna Akkineniအဓိကသရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ်...ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် TV-MAရိတ်တင်ရတဲ့ထိပါပဲ..... ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်နိုမ်နင်းရေးအရာရှိ ဗီဂျေးဟာ အကြမ်းဖက်နိုမ်နင်းရာမှာ ကြမ်းတမ်းရက်စက်လွန်းတာကြောင့် Wild Dog (ခွေးရိုင်းကြီး)လို့နာမည်ပြောင်ပေးရတဲ့ထိ ဆိုးဝါးလှပြီး ဌာနကလည်း သူ့ကို ရုံးထိုင်အလုပ်ပြောင်းပေးခဲ့ပါတယ်... ဒါပေမယ့် တနေ့မှာတော့ နိုင်ငံတွင်း အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ စိပ်လာပြီး အကြမ်းဖက်သမားတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးစော်ကားလာတာကြောင့် ဌာနက သူ့ကို ပြန်လည်ရာထူးပေးအပ်ပြီး အမှုလိုက်ခိုင်းပါတော့တယ်.... ဗီဂျေးဒီတခါဆုံတွေ့ရမယ့်ရန်သူက အင်မတန်ကောက်ကျစ်ဉာဏ်များပြီး ဖောက်ခွဲရေးပိုင်းဆရာတဆူဖြစ်တာကြောင့် ဗီဂျေးတစ်ယောက် ဘယ်လိုဘယ်ပုံ စွန့်စားပြီး ဉာဏ်ပညာရော ခွန်အားရော ပြိုင်ဆိုင်သွားလဲဆိုတာကို ဇာတ်လမ်းအစဆုံးထိ မလွှတ်တမ်းကြည့်ရှုချင်သွားမယ့် ရုပ်ရှင်ကောင်းတပုဒ်ပဲဖြစ်ပါတယ် File size…2.11GB / 1GB Quality…1080p UHD WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment

Crime • Drama • Thriller
5.4 2021 122 mins
Wild Dog
The Kissing Booth
7.2

CM Fan တွေကို ဒီတစ်ခါတော့ အရမ်း ရို ရတဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် The Kissing Booth ပါတဲ့ ဒီဇတ်လမ်းမှာ အဓိက ကတော့ အလ် ဆိုတဲ့ ကောင်မလေးပါ ငယ်ငယ်ကတည်းက သူမ အမေ ရဲ့ BF မှာလဲ သူနဲ့ တစ်ပြိုင်ထဲ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ရှိနေပါတယ် လီ လို့ ခေါ်တဲ့ ကောင်လေးပေါ့ လီ နဲ့ အလ် က မွေးဖွားတဲ့နေ့ တွေ အချိန်တွေ တူတဲ့ အမွှာတွေလို ဖြစ်ပြီး မိခင် ၂ ယောက်ထက်တောင် ပိုပြီး BFF ဖြစ်လာခဲ့ပါတယ် ဘယ်သွားသွား အတူတူ ဘာလုပ်လုပ် အတူတူပါပဲ ၂ ယောက်ကြားမှာ ဘာလျို့ဝှတ်ချက်မှ မထားခဲ့ပါဘူး ဒါပေမယ့် သူတို့မှာ စည်းကမ်းတော့ ရှိပါတယ် တစ်ယောက် ရည်းစားထားရင် တစ်ယောက်က သဘောတူရမယ် သဘောမတူရင်လဲ လုံး၀ လမ်းခွဲရမယ်ဆိုတာမျိုးတွေပေါ့ ဒါပေမယ့် အဲ့ဒီ ကတိကို စပြီး ချိုးဖောက်မိတာကတော့ လီ ရဲ့ အကိုဖြစ်သူ နိုအာ ကြောင့်ပါပဲ... နိုအာ က စော်ကြည်ဘဲ ကျောင်းရဲ့ ဖိုက်တာပေါ့ အငယ် ၂ ကောင်ဖြစ်တဲ့ လီ နဲ့ အလ် ကို နှောက်ယှက်သူ ရှိရင် ဝင်ပြီး လက်နဲ့ ဖြေရှင်းတက်သလို အမြဲတမ်း မာမာ ကျောကျော နေတက်သူမို့ အလ် ကတော့ ပိုပြီး Crush နေခဲ့ရတာပါပဲ.... ဒီဇတ်လမ်းလေး ကြည့်စ တုန်းမှာ ဟာ ကောင်မလေးက ရုပ်ဆိုးလိုက်တာပေါ့ ပါးစပ်ပြဲပြဲလေး နဲ့ ဘယ်လိုလေးမှန်း မသိဘူး ဘာညာ စဉ်းစားမိသေးတယ် ဒါပေမယ့် ဇတ်လမ်းကို ကြည့်နေရင်းမှာ ဒီကောင်မလေးက အင်မတန် ချစ်ဖို့ကောင်းလာပါတယ် ဇတ်လမ်းလေးကလဲ ဒီ ၃ ယောက်လိုပဲချစ်ဖို့ကောင်းပါတယ် ဇတ်လမ်းလေးက နည်းနည်းတော့ ငိုရမယ် ဒါပေမယ့် ရယ်ရတဲ့ အခန်းက ပိုများတယ် Happy Ending ဖြစ်မယ်လို့ Admin ကတော့ ပြောချင်ပါတယ်... ဘာကိုမှ အရမ်း မမျှော်လင့်ပဲ လွတ်လွတ်လပ်လပ်လေး ကြည့်မယ့်သူတွေ အတွက် သင့်တော်ပါတယ်... ဆက်လက်ကြည့်ရှုလိုက်ကြပါ.... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hein Thet Naing ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်

Drama
7.2 2018 105 mins
The Kissing Booth
The Match
5.9

The Match (2021) ==================== 1944 ခုနှစ် နွေဦးကာလမှာ ထောင်စခန်းက အကျဉ်းသားတွေနဲ့ နာဇီလက်ရွေးစင်အသင်းတို့ ဘောလုံးပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန် အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကဘယ်လိုလဲဆိုရင် ဘရန်ကို ဆိုတဲ့ အဘိုးကြီးတစ်ယောက်က သူငယ်ငယ်က ဆုံခဲ့ဖူးတဲ့ လက်စ်ဇလို ဆိုတဲ့ နာမည်ကြီး ဟန်ဂေရီ ဘောလုံး သမား အကြောင်းကို သူ့မြေးလေးကို ပြောပြနေတဲ့ narrative ဆန်ဆန်ပုံစံ လေးပေါ့။ လက်စ်ဇလိုက နာဇီတွေကို ဘောပွဲတစ်ပွဲမှာ အနိုင်ပိုင်းခဲ့ဖူးတော့ နာဇီတွေက သူ့ကိုတင်းနေတာ၊ အဲတာနဲ့ ညနေခင်းတစ်ခုမှာ နာဇီတွေက သူရောက်နေတဲ့ ‌စားသောက်ဆိုင်ရောက်လာပြီး သူတို့ သိက္ခာပြန်ဆယ်ဖို့အတွက် အလောင်းကစားလုပ်ဖို့ပြောတယ်။ ဇာတ်လိုက်မင်းသားကလည်း ခပ်မာမာနဲ့ ငြင်းလွှတ်လိုက်တော့ သူ့ကို နာဇီတွေက သူ့တို့စခန်းထဲဖမ်းခေါ်သွားရော နောက်‌ကျတော့ ဗိုလ်မှူးတစ်ယောက်က သူနဲ့ နာဇီတွေနဲ့ ဘောလုံးထပ်ကန်ခိုင်း ဖို့အတွက် အပေးအယူတစ်ခုလုပ်လိုက်ပြီး၊ အဲဲဒီနောက် လက်စ်ဇလိုက စခန်းတွေမှာ လူတွေလိုက်စု အပြင်းအထန်လေ့ကျင့်ပြီး နာဇီတွေကိုထပ်ပြီး အနိုင်ပိုင်းနိုင်မလား ဆိုတာကိုတော့ အဘိုးဘရန်ကို ရဲ့ မြေးလေးနဲ့အတူ ဆက်လက်နားထောင်ပေးလိုက် ပါဦးခင်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.64 GB) / (835 MB) / (507 MB) Quality…………WebRip 1080p / 720p / 480P Duration………1Hr 59mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History, Sport Translator…….Khant Sett Naing Encoder……….SWM

Action • Comedy • Crime
5.9 2021 119 mins
The Match
Higher Learning
6.5

Higher Learning ============== အခုတင်ဆက်မဲ့ကားကတော့ အမြင်လှပြီးအတွင်းပုပ်နေတတ်တဲ့ အမေရိကန်တက္ကသိုလ်လောကအကြောင်းကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားပါတယ်။ Columbus တက္ကသိုလ်ဟာ နာမည်ကြီး‌အကောင်းဆုံးတက္ကသိုလ်တွေထဲကတခုပါ။ ဒီကျောင်းကြီးရဲ့ပရ၀ုဏ်အတွင်းမှာကတော့လူဖြူလူမည်းပဋိပက္ခတွေ လူမျိုးရေးခွဲခြားဆက်ဆံတာတွေလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ စသဖြင့်ပွေလီရှုပ်ထွေးနေပါတယ်။ဒီလိုနေရာကိုရောက်လာတဲ့ ကျောင်းသားသစ်သုံးယောက်ကတော့Malik Williams လူမည်းအပြေးအားကစားကျောင်းသားဖြစ်ပြီးပညာရေးမှာရုန်းကန်နေရပါတယ်။ Kristen Connor ကတော့ အရှက်ကြီးပြီးအယုံလွယ်တဲ့ကျောင်းသူလေးပေါ့။ Remyကတော့ ရေကန်မရှိတဲ့ငါးလိုကိုယ့်နယ်ကနေရပ်ရွာသစ်မှာအဖော်မဲ့ လမ်းပျောက်နေသူပါ။ဒီသုံးယောက်ရဲ့ကျောင်းသားသစ်ဘ၀မှာတဦးချင်းစီ ကြုံတွေ့ရမဲ့ လူမျိုးရေးခွဲခြားမှုတွေ, သွေးထိုးလှုံ့ဆော်မှု‌တွေ, လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း အတွေးအမြင် ကောင်းကောင်းတွေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားကို‌တော့ Omar Epps, Ice Cube, Jennifer Connelly, Laurence Fishburne စသဖြင့် နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်အားဖြည့်ထားပါတယ်။ File Size : 2.73GB / 1.28 GB Quality : BluRay 1080p 5.1CH , 720p Duration : 2hr 8min Format : Mp4 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Brackman Encoded by Min Wai

Horror
6.5 1995
Higher Learning
[18+] Daughter of Darkness
5.7

Daughter of Darkness (1993) (အကြည်ရဖို့မလွယ်လို့ 480p အနေနဲ့ကိုပဲ ကြည့်လို့ပြေအောင် ကုတ်တင်ပေးလိုက်ပါတယ်) Erotica အမျိုးအစား ဇာတ်ကားတွေထဲမှာ ဇာတ်လမ်း အထူးခြားဆုံးကတော့ ဟောင်ကောင် Erotica ဇာတ်ကားတွေလို့ ကျွန်တော်တော့ ထင်တာပဲ။ ဇာတ်လမ်း ဆန်းဆန်းလေးနဲ့ ဆွဲဆောင်မှုရှိတယ်။ ဇာတ်ကားတွေက ကောင်းတယ်လို့ ပြောလို့မရလောက်ပေမဲ့ ဇာတ်လမ်းလေးတွေကတော့ ဆွဲဆောင်မှုတစ်မျိုးရှိနေတာတော့ အသေအချာပါပဲ။ အခုဇာတ်လမ်းလေးက မင်းသားကိုတော့ လူတိုင်းနီးပါးသိကြမှာပါ။ မင်းသမီးကတော့ ချစ်စရာလေးပဲ။ ဘော်ဒီလေးကလည်း အစ်ကိုတို့အကြိုက်ပေါ့ဗျာ။ မင်းသမီးတင်မဟုတ်ဘူး တခြား အလန်းလေးတွေလည်း ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းက အေးချမ်းတဲ့ နယ်မြို့လေးတစ်မြို့မှာ မကြုံစဖူး တစ်မိသားစုလုံး အသတ်ခံရတဲ့ လေးလောင်းပြိုင် လူသတ်မှုပေါ်လာတယ်။ စခန်းမှူးဆိုတာကလည်း ဖဲဝိုင်း မာကျောက်ဝိုင်းလောက် ဖမ်းရတဲ့သူမျိုး။ Erotica ဇာတ်ကားဆိုတော့ နယ်မြို့လေးပေမဲ့ စျေးသည်တွေကတော့ ပေါတယ်ပေါ့ဗျာ။ စခန်းမှူးကလည်း နှာဘူးနည်းနည်းကျတာပေါ့။ အဲဒီတော့ နှာခေါင်းနဲ့တွေးပြီး လူသတ်ရတဲ့အကြောင်းအရင်းကတော့ မုဒိမ်းမှုလို့ပဲ ဆွဲပြီး ကောက်ချက်ချပါတော့တယ်။ ဒါပေမဲ့ အမှုမှန်ကို လိုက်စုံစမ်းကြည့်တဲ့အခါမှာတော့ ရင်နာစရာ၊ ဝမ်းနည်းစရာ ဇာတ်လမ်းလေးတစ်ခုကို တွေ့လာရပါတော့တယ်။ Erotic ဇာတ်ကားလိုကြည့်ရင်လည်း တန်ပြီး Crime, Mystery, Horror ဇာတ်ကားလိုဆိုရင်လည်း ရသအပြည့်ရနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်) Size – 790MB Quality – 480p IMDb Rating – 5.7/10 Format – mp4 Duration – 1H 36Min Genre – Comedy, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by s Encoded by RGB

5.7 1993 96 mins
[18+] Daughter of Darkness
Dragon Gate Posthouse 10: Wolf Warrior
5.8

နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီကားလေးမှာတော့ လုံမိန်ရပ်နားစခန်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဖုန်းစစ်ညန်ရဲ့ဒဏ္ဍာရီ လုံမိန်ရပ်နားစခန်းရဲ့ဒဏ္ဍာရီအကြောင်းပဲဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ဖုန်းစစ်ညန်ဟာ ကန္တာရကိုအမြဲငေးမောကြည့်နေတတ်တယ်။ သူကတစ်ယောက်ယောက်ကိုစောင့်နေသလိုပါပဲ။ ဖုန်းစစ်ညန်ဟာ တစ်သက်ဆုံးပေါင်းဖက်သွားမယ်လို့ကတိပေးခဲ့တဲ့ ချစ်ရသူကိုစောင့်နေတာပဲဖြစ်တယ်။ ဒါပေမယ့် ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးရွှီဟာ လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းက တိုက်ပွဲမှာကျဆုံးသွားခဲ့တယ်။ ဒါပေမယ့် သူ့မှာမျှော်လင့်ချက်တွေရှိနေတုန်းပဲ။ တစ်နေ့မှာတော့ ညမှာပဲပေါ်လာတတ်တဲ့ ဝံပုလွေမိစ္ဆာစစ်သည်တွေဆိုပြီး ကောလဟာလရှိတဲ့ ရက်စက်တဲ့စစ်သည်တွေဟာ လုံမိန်ရပ်နားစခန်းကိုရောက်လာခဲ့ပြီး စစ်သူကြီးရွှီဟာမိစ္ဆာစစ်သည်တွေထဲကတစ်ယောက်ဖြစ်နေတယ်။ ဝံပုလွေမိစ္ဆာစစ်သည်တွေက တကယ်ပဲသရဲလား လူလား……. ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးကဘယ်လိုကြောင့်ဒီအဖြစ်မျိုးရောက်သွားရတာလဲ……. စစ်သူကြီးရဲ့လုံမိန်ရဲ့ကံကြမ္မာဟာဘယ်လိုဖြစ်သွားမလဲ……

5.8 2018
Dragon Gate Posthouse 10: Wolf Warrior
Snatched

အန်မလီဟာ ကောင်လေးနဲ့အတူ အီကွေဒေါကို ခရီးသွားဖို့အတွက် ခရီးစဉ်အစအဆုံးကို ငွေချေပြီးသားပါ.. သွားခါနီးမှာပဲ ဘဝတက်လမ်းကြောင့်ဆိုပြီး လမ်းခွဲခံလိုက်ရပါတယ်။ အန်မလီတစ်ယောက် ရည်းစားနဲ့ပြတ်၊ အလုပ်ကလည်းပြုတ်၊ သူငယ်ချင်းလည်းတစ်ယောက်မှမရှိတဲ့အပြင် ဝယ်ထားတဲ့ ခရီးစဉ်ကလည်း ငွေပြန်အမ်းလို့မရတဲ့ခရီးစဉ်ဖြစ်နေတာကြောင့် အမေနဲ့အတူတူ ခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။ ခပ်ပေါ့ပေါ့တွေးပြီး နေတတ်တဲ့အန်မလီနဲ့ ဂရုတစိုက် အ ားလုံးကို အသေးစိတ်တတ်တဲ့အန်မလီ့အမေတို့ ခရီးတစ်ခုတည်းအတူသွားတဲ့အခါ ဖြစ်လာတတ်တဲ့အလွဲလေးတွေအပြင် အယုံလွယ်တတ်တဲ့ အန်မလီကြောင့် သားအမိနှစ်ယောက် ပြန်ပေးဆွဲခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုး ပြန်လွတ်အောင် ကြံဆောင်ကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲဆိုတာလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အပြင် သားအမိနှစ်ယောက်ကြား ခံစားချက်လေးတွေပါ ကြည့်ရှုရမယ့်ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size… 1.7 GB / 828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Drama
0 2017
Snatched
[18+] Trauma

Trauma (2017) စပိန်စကားပြော ချီလီဇာတ်ကားဖြစ်ပြီး ကြောက်မက်ဖွယ်ရာ Horror, Drama ,Thriller,Action ဆိုပြီး မတူညီတဲ့ အမျိုးအစားတွေတွဲဖက်ပါဝင်တဲ့ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့… ညီမဖြစ်သူအပေါ် အရမ်းချုပ်ချယ်သလို ဖြစ်သော အစ်မကြီး အန်ဒရီယာ၊ ညီမဖြစ်သူက လိင်တူချင်းကြိုက်ပြီး အစ်မနဲ့ မတည့် အမေနဲ့ စကားမပြောတဲ့ ကာမီလာ၊ သူတို့နှစ်ယောက်ရဲ့ ဝမ်းကွဲညီအစ်မ မက်ဂ်ဒါလီနာ၊ ကာမီလာရဲ့ လက်စ်ဘီယန်ချစ်သူ ဟူလီယာ စတဲ့ မိန်းကလေး ၄ ယောက်ဟာ မြို့ပြင်နယ်စွန်နယ်ဖျားက ဦးလေးဖြစ်သူရဲ့ အပန်းဖြေအိမ်ကလေးကို အနားယူဖို့ ခရီးထွက်လာကြပါတယ်။ ဒီအိမ်ရဲ့ရာဇဝင်နဲ့ ခြောက်ခြားဖွယ်အတိတ်တွေက ဘယ်လိုဆိုတာမသိကြဘဲ အဲဒီညမှာပဲ ထူးခြားတဲ့ သားအဖနှစ်ယောက်ဟာ အိမ်ထဲကို အကြမ်းဖက်ဝင်ရောက်လာပြီး ထပ်မံဒုက္ခပေးတဲ့အချိန်မှာတော့ အမျိုးသမီး ၄ ယောက်သား အသက်ရှင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြကွက်များ၊ သွေးထွက်သံယို အော်ဂလီဆန်စရာများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးမှသာကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။) (Dark Side Production မှ တင်ဆက်သည်။)

Drama
0 2017 106 mins
[18+] Trauma
Monday First Screening
5

Monday First Screening ( 2023) ဒီဖိလစ်ပိုင် အချစ်ကားက ဖိလစ်ပိုင်အချစ်ကားပေမဲ့ ထူးတော့ ထူးပါတယ်။ ဘာလိုဆို အချစ်ကားပေမဲ့ လူငယ်တွေ လူလတ်တွေအကြောင်းမဟုတ်ဘဲ တော်တော်ကိုမြင်ရခဲတဲ့ အငြိမ်းစား အဘိုးကြီးနဲ့အဘွားကြီးက အချစ်ဇာတ်လမ်းကို ပြထားတာမလိုပါပဲ။ အသက်၆၀ကျော်လို ပင်စင်ယူပြီးမှ ဖြစ်လာတဲ့အချစ်ဇာတ်လမ်းပေါ့။ အချစ်ဇာတ်လမ်းကိုပြတာဆိုပေမဲ့ သူတိုဖိလစ်ပိုင်က ပင်စင်စားတွေရတဲ့အခွင့်အရေးတွေ ဘာတွေကိုလည်း မြင်ရမယ်။ ဒါကတော့ ကောင်းတဲ့ဘက်ပေါ့။ အဲဒီပင်စင်စားဘဝရဲ့ မကောင်းတဲ့ဘက်ကိုလည်း ပြတော့ပြထားတယ်။ ဒါပေမဲ့ မကောင်းတဲ့ဘက်ကတော့ အမြဲမြင်နေကျအရာပဲမို သိပ်တော့မထူးလှပါဘူး။ ကောင်းတဲ့ဘက်ကတော့ တနင်္လာနေ့ မနက်မှာပြတဲ့ ပထမဆုံးရုပ်ရှင်ပြသမှုကို အသက်၆၀ပြည့် သက်ကြီးနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အခမဲ့ကြည့်ခွင့်ရတာတို ဘာတိုပေါ့။ အတုယူချင်စရာကောင်းမယ့် အချက်တွေပါပဲ။ သူတိုလူကြီးချင်း မိတ်ဖွဲဆွေဖွဲဖြစ်ကြမယ်။ တစ်ပတ်ရုပ်ရှင်တစ်ကား ဘာစရိတ်မှမကုန်ဘဲကြည့်ခွင့်ရမယ်။ လူလွတ်တွေ မုဆိုးဖို မုဆိုးမတွေဆိုရင်လည်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့။ ဇာတ်အိမ်တည်ဆောက်ပုံကတော့ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ဒီလိုထူးထူးခြားခြားအကြောင်းအရာကို အတုယူချင်ယူစရာကောင်းတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ တည်ဆောက်ပြထားတာမို ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဒီလိုကားတွေမှာ စာဖိုင်က တစ်ခါတလေ အခက်အခဲရှိတတ်တာမို ဒီကားက စာဖိုင်က အပြည့်တော့မစုံပါဘူး။ ၅ရာခိုင်နှုန်းလောက်တော့ လိုနေပါလိမ့်မယ်။ နည်းနည်းလေးတော့ သည်းခံပေးရပါလိမ့်မယ်။ ဒါပေမဲ့လည်း ဇာတ်ကိုတော့ မထိခိုက်တာကြောင့် ကြည့်လိုတော့ လုံးဝအဆင်ပြေပါတယ်။ ဒီလိုအတုယူချင်စရာကောင်းတဲ့ အသိုင်းအဝိုင်းတစ်ခုအကြောင်းကို မြင်ရမှာမို တန်တော့တန်မှာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော W ပါ ) File size_( 3GB)/( 1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:44:00 Genre_Drama, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

5 2023
Monday First Screening
Bloody Ishq
4

Bloody Ishq (2024) ဒီနေ့မှာတော့ horror ဆန်ဆန်ဘောလိဝုဒ်ကားလေးအလှည့်ကျလာပြီပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ နေဟာဆိုတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ရပါတယ်။ မှတ်ဉာဏ်တွေမရသေးပေမဲ့ ဆေးရုံကသက်သာလို့ ဆင်းလာပြီးတဲ့နောက် သူမရဲ့အမျိုးသားနဲ့အတူ သူတို့နေထိုင်ခဲ့တဲ့ စကော့တလန် ကျွန်းပေါ်က သူတို့အိမ်တစ်အိမ်ပဲရှိတဲ့ အိမ်ကြီးကို ပြန်လာနေခဲ့ပါတယ်။ အမျိုးသားဖြစ်သူကလည်း သူ့ဇနီးကို သိပ်ဂရုစိုက်တာပေါ့။ နေဟာကတော့ သူမ အတိတ်က သူတို့ရဲ့အကြောင်းတွေကို ဘာဆိုဘာမှ ပြန်မခံစားရလို့ အတော်လေးထိတ်လန့်လို့နေတာပေါ့။ ဆိုတော့ တကယ်ဖြစ်တာရော ဟုတ်ရဲ့လား။ သူမ မတော်တဆဖြစ်တဲ့ကိစ္စကရော သွေးရိုးသားရိုးဟုတ်ရဲ့လား သူမ ယောက်ျားကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်။

4 2024 138 mins
Bloody Ishq
Powder
6.9

Powder 2024 ပေါင်ဒါ မှောင်ခိုလောကမှာ ကျင်လည်နေတဲ့ ဘိန်းရာဇာကြီး ဘရုစ်လီ သူ့ရဲ့လက်ရုံးတွေကတော့ နယ်စပ်ကနေ မှောင်ခိုသယ်ဖို့ အရာရာကူညီနေတဲ့ ဂျိဗ်စ် နယ်စပ်ကသယ်လာတာကို မြို့ထဲဖြန့်ပေးတဲ့ အန်နာချီနဲ့ ဂျိဗ်စ်နဲ့အန်နာချီတို့အရှုပ်မှန်သမျှ နောက်ကလိုက်ရှင်းရတဲ့ ကြေးစား မလိကာတို့ပါ။ ဒီတစ်ခါ သူတို့ရဲ့မဟာအကြံကတော့ ဘိန်းဖြူကို ပေါင်ဒါမှုန့်ဘူးထဲထည့်ပြီး မှောင်ခိုသယ်ဖို့ပါပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ အစီအစဉ်ချွတ်ချော်ပြီး ကုဋေချီတန်တဲ့ ဘိန်းဖြူပေါင်ဒါဘူးက သူများလက်ထဲရောက်သွားတဲ့အခါ… ဘိန်းဖြူဆိုတော့ပေါ်ပေါ်ထင်ထင်ကလည်း ရှာလို့မဖြစ်လေတော့ ဒီဘိန်းဖြူပေါင်ဒါဘူးကို ပြန်ရယူဖို့လုပ်ရင်း ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲဆိုတာ အခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်)

6.9 2024
Powder
50 First Dates
6.8

50 First Dates (2004) IMDb Rating (6.8) – ” မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် ” – ” ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်” Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။ လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် အစွဲကြီးစွဲရှာပြီ။ ဒါဟာ သူ့ရဲ့ ဘဝလက်တွဲဖော်ပဲ၊ သူအတည်တကျပေါင်းသင်းလက်ထပ်ရမယ့် အိမ်ထောင်ရှင်မပဲလို့ တစ်ထစ်ချယုံကြည်လိုက်ပြီ။ နောက်တစ်နေ့မနက်မှာ Henry က Hukilau ကော်ဖီဆိုင်လေးကို ခပ်စောစောရောက်အောင်လာပြီး ကောင်မလေးကို မျှော်ပြီ။ ကောင်မလေးရောက်လာတော့ သူက ဝင်ရောပြီး သူ့ကိုယ်သူမိတ်ဆက်။ အခြေအနေက ခပ်ကောင်းကောင်း။ ကောင်မလေးက မနက်ဖြန်ကျရင်လည်း လာခဲ့ပါဦးလား။ ထပ်တွေ့ကြရအောင်ဆိုတော့ Henry တစ်ယောက်အဖို့ ဝမ်းသာလုံးတွေစို့လို့။ မနက်ဖြန်ဆိုတာကိုတောင် မြန်မြန်ရောက်ချင်လှရှာပြီပေါ့။ တကယ်တမ်းထပ်တွေ့ကြတဲ့အခါ ကောင်မလေးက သူ့ကိုလုံးလုံးမမှတ်မိ။ မနေ့ကတွေ့ဖူးတယ်ဆိုတာကို ဘယ်လိုရှင်းပြရှင်းပြ လက်မခံ။ ဘာတွေဖြစ်ကုန်တာလဲ။ သူ့ကိုများ ကောင်မလေးက အကြောင်ရိုက်တာလား။ ဆိုင်ရှင်အဒေါ်ကြီးက ကောင်မလေးရဲ့ ထူးဆန်းတဲ့ရောဂါအကြောင်းကို ရှင်းပြလိုက်တဲ့အချိန်မှာတော့….။ ဘယ်လောက်ပဲ ပွေရှုပ်တဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ မိန်းမတွေကို ဘယ်တော့မှ အတည်တကျမတွဲဘူးဆိုတဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ တစ်နေ့မှာတော့ သူ့နှလုံးသားက တကယ်ရူးရူးမူးမူးချစ်ရတဲ့ မိန်းကလေးတစ်ယောက်တော့ ပေါ်လာစမြဲပဲဆိုတာ ဒီဇာတ်ကားလေးက ပြသနေပါတယ်။ ဒီဇာတ်ကားမှာ Henry ရဲ့ အချစ်က ဘယ်လောက်ဖြူစင်ပြီး ဘယ်လောက်ကြီးမားတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားမှာ မင်းသားအဖြစ် Adam Sandler က သရုပ်ဆောင်ထားပြီး မင်းသမီးနေရာကိုတော့ Drew Barrymore က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Peter Segal ရိုက်ကူးတဲ့ ဒီ 50 First Dates ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းကို Movie Locos FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Thriller
6.8 2004
50 First Dates