YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Pluto 2024 EP09(FULL) WEB-DL 720p [CM].mp4

305.92 MB N/A video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Call Boy
6.6

ဖန်းဆင်းခဲ့ပြီးသော မိန်းမသားများ၏  ဖြစ်တည်ခဲ့သော သဘာဝတရားများသည် ယောင်္ကျားသားများနှင့်ယှဉ်လျှင် အနည်းငယ် ဒုက္ခရောက်ရသော ကိစ္စများရှိလေသည်... ထို့ကြောင့်ပင် အားနွဲ့သောမိန်းမသားလို့ သုံးနှုံးကြလေသည်.......ထို့ကြောင့်  မိန်းမသားများသည် မိမိတို့၏ အားနည်းချက်များကို ဖုံးကွယ်ရန်အလို့ငှါ ဉာဏ်ကိုတတ်နိုင်သမျှ သုံးကြလေသည်... ထိုဉာဏ်ကို မာယာဟု တစ်ချို့သောသူတွေက ခေါ်ဆိုကြပြန်သည်... ဒီကားလေးကတော့ မာယာနတ္ထိနဲ့မိန်းမသားအချို့အကြောင်းကိုခပ်လှလှလေးရိုက်ပြထားတာပါ... ဒီဂျပန်ကားလေးမှာတော့ အချို့သောအမျိုးသမီးများသည် လိင်မှုကိစ္စများနှင့် အခြားမွန်းကြတ်နေသောကိစ္စများကိုဖြေဖျောက်ရန် အခကြေးငွေးပေးကာ  တိတ်တဆိတ် ခေါ်ယူရနိုင်သည့် ကောင်လေးများနှင့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်... ဒီကားကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ ကွယ်ဝှက်ထားသော အလွှာများကိုမြင်တွေ့နိုင်သည်.... ပြီးတော့ ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ခမ်းခမ်းနားနားလှလှပပလေးကို ရိုက်ပြထားတာ...နောက်ခံသီးချင်းသံကအစ Lighting အဆုံး.... လူတွေကိုစနစ်တကျလေးရွေးချယ်ထားတာရော... တော်တော်ကိုမိုက်တယ်... (18+ အခန်းပေါင်းများစွာ ပါဝင်သဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ....) File Size : (2.02GB) and (635MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wild Race Encoded by SD

Drama
6.6 2018 119 mins
[18+] Call Boy
Thor: God of Thunder
4.8

ဟုတ်ကဲ့ မမှားပါဘူး။ မာဗယ်ရဲ့အချစ်တော် နာမည်ကျော် ဆရာသောရ်ရဲ့ အသစ်စက်စက်ရုပ်ရှင်ပါ။ ထုံးစံအတိုင်း သောရ်နဲ့ ဆရာလိုကီတို့ရဲ့ အပြိုင်ဇာတ်ပါပဲ။ ဇာတ်လမ်းစစဖွင့်မှာတော့ လိုကီဟာ အကျဉ်းစံနေရပါတယ်။ ခဏအကြာမှာတော့ ထမင်းလာကျွေးတဲ့ကောင်ကို မလှိမ့်တပတ်လုပ်ပြီး လွတ်သွားပါတယ်။ God of Mischief ကြီး လိုကီကို ဂျက်စပဲရိုးကို လှောင်သလို သံတိုင်နောက်လှောင်ထားတာကိုး။ မလွတ်တာကမှ ဆန်းနေမှာပါ။ လိုကီဟာ လွတ်ပြီးပြီးချင်းပဲ အိုဒင်ကိုသွားသတ်ပြီး Ragnarök ကို အစပျိုးဖို့ ကြံပါတယ်။ သူ့သားတွေထဲက တစ်ကောင်ဖြစ်တဲ့ ဧရာမဝံပုလွေကြီးကို အကျဉ်းချထားတာကို လွှတ်ပေးရမှာပါ။ အဲဒီဝံပုလွေကြီးလွတ်သွားရင် အိုဒင်ကို စားပြီး လောကကိုးပါးသစ်ပင်ကို စားပြီး လောကကိုးပါးလုံးကို ဖျက်ဆီးပစ်မှာပါ။ ပြဿနာကတော့ အိုဒင်ကြီးဟာ မျက်စိတစ်ဖက်ကန်းနေပေမဲ့ စောင်ထာကျနေတဲ့ ကြေးစားလူမိုက်ရုပ်ကြီးထွက်နေပါတယ်။ အိုဒင်အသက်ငင်နေတဲ့ အချိန်မှာပဲ အတ်ဂတ်စ်ကိုပစ်ပြီး ဘယ်တွေအလည်လွန်နေမှန်းမသိတဲ့ ဆရာသောရ် ပြန်လာပါပြီ။ မီးခိုးငွေ့တွေ မြင်ရပါတယ်။ တူကိုင်ထားတဲ့လက်ကြီး မြင်ရပါတယ်။ သောကြီးကြမ်းပါတော့မယ်။ ဟာ ရုပ်မြင်ရပါပြီ။ မုတ်ဆိတ်‌မွေးပဲရှိတဲ့ ထိပ်ပြောင်ကတုံးကြီးပါ။ ရှေးသရုပ်ဖော်ပုံတွေမှာတောင် အဘိုးကြီးဖြစ်တဲ့အထိ ဆံရှည်ခဲ့တဲ့သောရ်ဟာ ခုတော့ ထိပ်ပြောင်ကြီးဖြစ်နေပါပြီ။ ထိပ်ပြောင်ကြီးဟာ တူကြီး ယမ်းပါတယ်။ ယမ်းတာ အထာကျပါတယ်။ မီးခိုးငွေ့တွေကြား ယမ်းရင်း အိမ်ပြန်ရောက်တဲ့ ကလေးလေးလို အပြေးလေးလာပါတယ်။ ထိပ်ကြီးကတော့ ပြောင်နေပါတယ်။ သေခါနီးအိုဒင်ဟာ စောင်စကားတွေများပြီး လိုကီကိုတားဖို့မှာပါတယ်။ ဒီတော့ ဝံပုလွေကြီးကို ချုပ်ထားတဲ့ မစ်ဂတ်ခေါ် ကမ္ဘာကို နှစ်ကောင်သား ရှေ့ဆင့်နောက်ဆင့် ရောက်လာကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ကို နှစ်ထောင်ပေါင်းများစွာ ဘယ်သူမှမတွေ့ခဲ့တဲ့ ဝံပုလွေကြီးကို ချုပ်ထားတဲ့နေရာကို ကမ္ဘာပေါ်ကလူတွေက ဒီအချိန်မှာမှ စတွေ့ပါတယ်။ ရှေးသုသမားပီသကြပါတယ်။ ဗိုက်ကင်းသင်္ချိုင်းလိုလို ဘာလိုလို ပေါက်ကရတွေမျိုးစုံ လျှောက်မှန်းပါတယ်။ တကယ်က ထောင်ကြီးပါ။ ရှေးသုသမားတွေကို မယုံကြပါနဲ့။ အစွမ်းအပြည့်နဲ့ လိုကီဟာ အဲဒီရှေးသုဆိုက်ထဲကို ခွင့်တောင်းပြီးမှဝင်ပါတယ်။ သူ့ရှေ့မှာတင် ရုပ်ပြောင်းသွားတာကိုလည်း ဆရာသမားအစောင့်က သံသယမဝင်ပါဘူး။ ဒါမျိုး အင်းနားလော့ဂျစ်မျိုး ကွီးနေထူးနိုင်ကလွဲ ကမ္ဘာမှာ ဘယ်သူမှ မလုပ်နိုင်သေးတာကို ဒီကားမှာ လုပ်ပြသွားပါတယ်။ ကြုံတောင့်ကြုံခဲရုပ်ရှင်ပါပဲ။ အတိုချုန်း ပြောရရင်တော့ လိုကီက ဝံပုလွေကို လွှတ်ပေး၊ လောကကိုးပါးကို ဖျက်ဖို့ပြင်၊ ကမ္ဘာကစပျက်၊ သောရ်က ရောက်လာ၊ ထုံးစံအတိုင်း လူတွေနဲ့ပေါင်းပြီး ကမ္ဘာကို ကယ်ဖို့လုပ် ဒါတွေပါပဲ။ ထူးတာကတော့ ဒီရုပ်ရှင်မှာ Mjölnir ကို worthy ဖြစ်တဲ့သူ နောက်တစ်ယောက်ပေါ်လာတာပါပဲ။ မာဗယ်ဖန်တွေမကြည့်မဖြစ်ကြည့်သင့်ပါတယ်။ မာဗယ်ကားလောက်နီးနီးကောင်းသလို Mjölnir ကို worthy ဖြစ်တဲ့လူ နောက်တစ်ယောက်ရှိ‌ကြောင်း ပြောကြတဲ့အခါကျ ပါးစပ်အဟောင်းသားမဖြစ်နေဖို့ ကြည့်သင့်ပါတယ်။ သောရ်ထိပ်ပြောင်နဲ့ တော်တော်ဂကြောင်ကျတဲ့ သောရ် ပေါကားဆိုပေမဲ့လည်း ဒတ်နေရာကနေ ထပေါသွားတဲ့ သောရ်ကား၂ကားကို ရင်းနှီးပြီးသားသူတွေအဖို့တော့ သောရ်ပေါတာမဆန်းတော့ပါဘူး။ နောက်ဆုံးကားမှာဆို ဇာတ်တိုက်ကိုပေါပြတာပါ။ မကြည့်ရသေးတဲ့ လူတွေကြည့်ကြစေချင်ပါတယ်။ တိုက်ဂါးဟာ နာမည်ကျော် ဒါရိုက်တာ ပီသစွာပဲ မာဗယ်အဆန်ဆုံး မာဗယ်ကားစစ်စစ်ကို မွေးထုတ်ပေးလိုက်တာပါပဲ။ ဒီကားကလည်း သူနဲ့တစ်နှစ်တည်းထွက်တဲ့ ကားနဲ့အပြိုင်ပေါပါတယ်။ သို့ပေမဲ့ ကြည့်ကြစေချင်ပါတယ်။ တမင်ပေါတာနဲ့ ရုပ်တည်နဲ့ပေါတာလေးပဲ ကွာတာပါ။ တစ်နှစ်ထက်တစ်နှစ် ပေါပြီးရင်း ပေါလာတဲ့ သောရ်ပေါကြီးရဲ့ သောရ်ပေါကားအသစ်ကို ကြည့်ရင်း စိတ်အပန်းဖြေနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ ဟုတ်ကဲ့ ဒီလောက်ပါပဲ။ ကျွန်တော် လူစီဖာပါ။ Size - 1.64GB, 790MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Action, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

4.8 2022 90 mins
Thor: God of Thunder
Muoi: The Curse Returns
5.4

Muoi : The Curse Returns (2023) လင်းက မြို့ပေါ်က ပန်းချီပြခန်းမှာ အလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာ သူမရဲ့သူငယ်ချင်းကောင်လေးဟာ ရုတ်တရက်ဆုံးသွားခဲ့လို့ စျာပနအခမ်းအနားကို တက်ရောက်တဲ့အချိန်မှာ ငယ်ငယ်က သူမရဲ့အချစ်ဆုံးသူငယ်ချင်း ဟမ် နဲ့ပြန်ဆုံခဲ့ပါတော့တယ်။ ဟမ် က အနီးနားမှာရှိတဲ့ မြို့ဟောင်းတစ်ခုရဲ့အိမ်အိုကြီးမှာနေပြီး ပန်းချီဆွဲရင်း အချိန်ကုန်ဆုံးနေခဲ့တာပါ။ စျာပနအခမ်းအနားမှာ လင်း နဲ့ဆုံတွေ့ပြီးနောက် ဟမ်ဟာ သူမရဲ့နေရာကို အလည်လိုက်ဖို့ လင်းကို တောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ လင်းက နှစ်ပေါင်းများစွာ သရဲခြောက်နေတဲ့မူအွိုင်ရဲ့ပုံတူပန်းချီနဲ့ ကျိန်စာကို ရှာဖွေတွေ့ရှိပြီး လင်းဟာ သူမရဲ့သူငယ်ချင်းကောင်လေးနဲ့ဖောက်ပြန်မိတာကို ဝန်ခံရင်း ထွက်ပြေးဖို့ကြိုးစားရာကနေ သူမရဲ့သူငယ်ချင်းခန္ဓာကိုယ်ဟာ မူအွိုင်ဝင်ပူးတာခံရတာကို သိရှိခဲ့ပါတယ်။ လင်းက သူမရဲ့သူငယ်ချင်းကိ ကယ်ဖို့ထွက်ပြေးမှာလား ဒါမှမဟုတ် ကျိန်ဟာနဲ့ရင်ဆိုင်ဖို့အတွက် အသက်ပေးမလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီသရဲခြောက်တဲ့ပုံတူပန်းချီရဲ့နောက်ကွယ်က အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်ကို ဖြည်းညှင်းစွာဖော်ထုတ်ရင်း သူမ သိရသလောက် လင်းက ကြောက်မက်ဖွယ်အကောင်းဆုံးထောင်ချောက်ထဲကို နက်ရှိုင်းစွာ ကျရောက်သွားခဲ့တော့တယ် လင်းက သူမရဲ့သူငယ်ချင်းကို ကယ်တင်နိုင်မှာလား ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။ Genre….. Drama, Horror Quality…. 1080p | 720p | 480p File size… 1.7GB | 626MB | 307MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Myo Myo Encoder ….. Aaron

5.4 2023
Muoi: The Curse Returns
Christmas As Usual
5.4

Christmas As Usual (2023) ==================== Thea က ခရစ္စမတ်အတွက် သူ့မွေးရပ်မြေကိုပြန်ဖို့ သူနဲ့စေ့စပ် ထားတဲ့ ချစ်သူ Jashanကိုပါ ခေါ်လာခဲ့တယ်။ ဒါပေမဲ့ Theaက သူ့မိသားစုကို Jashanက အိန္ဒိယလူမျိုးဖြစ်ကြောင်းနဲ့ သူတို့စေ့ စပ်ထားကြောင်းကို မပြောရသေးပါဘူး။ လူမျိုးချင်းမတူတဲ့ Thea နဲ့ Jashan တို့ ခရစ္စမတ်မှာ မတူညီတဲ့ ယဥ်ကျေးမှုဓလေ့ရိုးရာ ယုံကြည်မှုတွေကို ဘယ်လို မေးခွန်းထုတ် အမြင်ပြောင်းလဲစေ မလဲ၊ မိသားစုကြားက ခရစ္စမတ်အတွင်း ဘယ်လိုနွေးထွေးမှုတွေ ရှိလဲဆိုတာကို ကြည့်ရှုရမှာပါ။ နော်ဝေးမိသားစုလေးရဲ့ ပုံမှန်ခရစ္စ မတ်လေးက Jashan အတွက်တော့ ပုံမှန်ခရစ္စမတ်မဟုတ်ခဲ့တာမို့ သူဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ရင်တ မမနဲ့ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.39 GB) / (482 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Thwal Htoo Zin Encoder……….SWM

Horror • Action • Fantasy
5.4 2023 89 mins
Christmas As Usual
The Alamo

IMDb rating – 6/10 Award – 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။ အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်‌ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်‌ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.1 GB) Quality….Webrip 720p Format…mp4 Duration….02:17:00 Genre… Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

Science Fiction • Adventure
0 2004
The Alamo
A Dog Year
6

ဒီတစ်ခါတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ A Dog Year ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကတော့ စာရေးဆရာ Jon Katz ရေးထားတဲ့ A Dog Year စာအုပ်ကိုပဲ ဇာတ်လမ်းပြန်ရိုက်ထားတာဖြစ်ပါတယ်.. ဇာတ်လမ်းလေးကတော့ စာရေးဆရာJon Katz တစ်ယောက် သူ့ရဲ့စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သိုးထိန်းခွေး တစ်ကောင်မွေးပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်မိတာကနေ စတာပါပဲ နဂိုလည်းခွေးနှစ်ကောင်ရှိပြီသား ခွေးချစ်တတ်သူစာရေးဆရာ ဖြစ်လို့ အိမ်တွင်းညှင်းပန်းနှိပ်စက်ခံထားရတဲ့ ခွေးတစ်ကောင်အရမ်း သောင်းကျန်းနေလို့ စာဖတ်ပရိသတ်တစ်ဦးက မွေးပေးဖို့တောင်းဆို ခဲ့တာပါ ဒါပေမဲ့ စာရေးဆရာကိုယ်တိုင်က Mid life Crisis တွေဖြစ် စာမရေးချင်ဖြစ်လို့ စာအုပ်တိုက်တွေကပူညံပူညံလုပ်နေချိန်ပါ ထိန်းမနိုင်သိမ်းမရခွေးတစ်ကောင်အသစ်ရလာတော့ အတော် ကွိုင်ပါတော့တယ်.. ခွေးချစ်သူ စာရေးဆရာလူ့ဂွစာတစ်ယောက် ဒီခွေးနဲ့အတူတူ သူ့ဘဝ သူ့လူနေမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ ကောင်းကောင်းဖြတ်သန်း နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာကြည့်ရှူရမှာပါ ဒါရိုက်တာ Gegore LaVoo ရိုက်ကူးထားပြီး Jon Katz နေရာမှာ သရုပ်ဆောင်ထားကတော့ Crazy Heart ဇာတ်ကားနဲ့ အော်စကာဆု ရထားတဲ့ မင်းသားကြီး Jeff Bridges ပဲဖြစ်ပါတယ်( မသိတဲ့သူတွေ အတွက်ကတော့ Iron man, Tron, Kingsman ဇာတ်ကားတွေမှာ မြင်ဖူးကျမှာပါ) File size…1.61GB / 896MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

6 2009
A Dog Year
Once Upon a Time
7

Once Upon a Time (2008) ************************* ကိုရီးယားက ဂျပန်လက်အောက်ကို ကျရောက်နေတဲ့အချိန်ဖြစ်တဲ့ 1940 ခုနှစ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး စိန်ခိုးကြမယ့် ဒီရုပ်ရှင်ကားမှာတော့ “Hide, Agency”စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Lee Bo Young, “Priest, Tracer” ဇာတ်ကားထဲက မင်းသား Park Yong Woo, “Reply 1988, Hospital Playlist”တို့လို နာမည်ကြီးဇာတ်ကားအများစုမှာ ပါဝင်ခဲ့တဲ့ ဇာတ်ပို့မင်းသားကြီး Sung Dong-il တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- ကာနယ်မူရာ (Park Yong Woo) ဆိုတဲ့ ကိုရီးယားသူခိုးဟာ ဆိုးလ်မြို့တစ်ခွင်လျှောက်သွားပြီး ဂျပန်အာဏာပိုင်တွေဆီက တန်ဖိုးကြီးရတနာပစ္စည်းတွေကို ခိုးယူနေတဲ့သူပါ။ ဟာရူကို (Lee Bo Young) ကတော့ ကာနယ်မူရာ ပုံမှန်သွားနေကျ ဘားတစ်ခုရဲ့ ဂျက်ဇ်အဆိုတော်မ‌လေးပေါ့။ ဒါပေမဲ့ သူမကလည်း သာမန်အဆိုတော်မလေး မဟုတ်ဘဲ နာမည်တုနဲ့လှုပ်ရှားနေတဲ့ အကျော်ဇေယျ သူခိုးတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ ဂျပန်အာဏာပိုင်တွေက ပွဲအခမ်းအနားကျင်းပပြီး အလွန်ရှားပါးတဲ့ “အရှေ့ဘက်ရဲ့ အလင်းရောင်”လို့ခေါ်တဲ့ ၃၀၀၀ ကာရက်တန် စိန်တုံးတစ်တုံးကို ကိုရီးယားကနေ ဂျပန်ကို တင်ပို့သွားမဲ့ သတင်းကို ရသွားတဲ့အချိန်မှာတော့.. ငတက်ပြားတွေ အဲဒီစိန်တုံးကိုရဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမယ့် action, comedy ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်။) File size…1.75GB / 810MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Action, Adventure, Historical, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Toe Toe Aung

7 2008 110 mins
Once Upon a Time
White Snake: Afloat
6.8

CM ပရိသတ်တွေ မေးမေးနေတဲ့ မြွေဖြူမလေး အတွဲ ၃ ရောက်လာပါပြီ… ပထမတွဲမှာ ဆုံတွေ့ခဲ့တဲ့ ယုံကျိုးက မြွေဖမ်းသမားလေး အားရွှမ်းကတော့ ရှောင်ပိုင်အတွက် အသက်စတေးခဲ့တယ်… ဒုတိယတွဲမှာ သူ့မမ မြွေဖြူမလေးကို ရှာပုံတော်ထွက်တဲ့ ရှောင်ချင်းနဲ့ ရှောင်ပိုင် ပြန်ဆုံစည်းခဲ့တယ်… ဒီတတိယတွဲမှာ မဆုံးသေးတဲ့ အားရွှမ်းရှာပုံတော်ကို မြွေဖြူမလေးက ဆက်ဖွင့်ခဲ့ပါတယ်… ကျောက်စိမ်းဆံထိုးလေးရဲ့ လမ်းပြမှုကြောင့် စေတနာသမားတော်လေး ရွှီရှန်းနဲ့ ဆုံတွေ့ခဲ့ပြီး… မြင်လျှင်မြင်ချင်း လွန်ခဲ့တဲ့ နှစ် ၅၀၀ က အားရွှမ်းဆိုတာကို သိခဲ့တယ်… ဖူးစာလူးလာ ဒူးကာမရဆိုသလို မြင်မြင်ချင်းပဲ ချစ်မိတယ် ဖြစ်သွားတဲ့ ရွှီရှန်းဟာဆိုရင် သူ့ပိုင်မိန်းကလေးကို ဇနီးမယားဖြစ်လက်ထပ်ယူဖို့ ခဲအိုနဲ့ မိတ်ဆက်ပေးပြီး အကြင်လင်မယားဖြစ်သွားခဲ့တယ်… နောက်တော့ အားလုံးသိတဲ့အတိုင်း ရွာထဲ ပလိပ်ရောဂါတွေ စဖြစ်လာပြီး ရွှီသမားတော်က ဆေးဖော် ဆေးရှာ ဆေးကုနဲ့ အလုပ်များသလို ပါရမီဖြည့်ဖက် မြွေဖြူမလေးလည်း တတ်စွမ်းတဲ့ဖက်က ကူခဲ့ပါတယ်… နောက်တော့ … ဖာဟိုင်နဲ့ တွေ့ရမှာပေါ့… ဘယ်လိုတွေ့မလဲ… ရွှီရှန်းကရော မူရင်းဝတ္ထုထဲကလိုမျိုး မြွေဖြူမလေးကို ရိုက်သတ်မှာလား… ဇာတ်လမ်းတွေထဲကလိုမျိုး ကာကွယ်မှာလား… ဖာဟိုင်ကရော ရှောင်ချင်းနဲ့ မေတ္တာမျှမှာလား… ဒါမှမဟုတ် ထန်စန်းကိုယ်တော်လိုမျိုး မေတ္တာရှေ့ထား မိစ္ဆာတိုင်းကိုသနားပြီး လွှတ်ပေးတတ်တဲ့ မေတ္တာရှင်ဖြစ်မှာလား… အတူတူကြည့်ပြီး မျှဝေကြတာပေါ့

Horror • Thriller
6.8 2024
White Snake: Afloat
Zhongkui: Snow Girl and the Dark Crystal
5.3

Zhongkui: Snow Girl and the Dark Crystal (2015) တရုတ်ရှေးဟောင်း စိတ်ကူးယဉ်သိုင်းကားနှစ်သက်သူတွေ မြည်းစမ်းကြည့်နိုင်ဖို့အတွက် အကယ်ဒမီဆုရ ဒါရိုက်တာပီတာပေါင်း ရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်လိုက်ပါတယ်။ မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းသူဖြစ်တဲ့ ဒဏ္ဍာရီထဲက သူရဲကောင်းကျုံးကွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ရှိသူဖြစ်ပြီး ကောင်းကင်ဘုံနဲ့ငရဲမှာ တစ်ပြိုင်နက်တိုက်ခိုက်ရင်း လူသားတွေနဲ့ သူချစ်ရတဲ့မိန်းကလေးကို ကယ်ဆယ်ပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ တရုတ်ဒဏ္ဍာရီ ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဒီဇာတ်လမ်းမှာလည်း နတ်သမီးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ လူတွေအတူတကွ အေးအေးချမ်းချမ်း နေလို့မရတဲ့စကြဝဠာကြီးနဲ့ စတင်ထားပါတယ်။ ထောင်စုနှစ်တွေ ဖြတ်သန်းပြီးတိုင်းမှာ မကောင်း ဆိုးဝါးတွေကလည်း လူသားတွေအဖြစ် ပြန်ဝင်စားသလို အဆင့်မြင့်သွားတာတွေလည်းရှိတာကြောင့် မိုးနတ်မင်းဟာဆိုရင် ငရဲပြည်က မကောင်းဆိုးဝါးတွေ လွတ်လာမှာအလွန်စိုးရိမ်နေခဲ့ပါတယ်။ နတ်ဘုရား ကျန်ဒေါင်ရှန်ဟာ မိစ္ဆာရန်က ကာကွယ်နိုင်ဖို့အတွက် သူ့တပည့်ဖြစ်တဲ့ ကျုံးကွေကို မကောင်းဆိုးဝါးတွေ ရဲ့ဝိညာဉ်တွေသိမ်းဆည်းတဲ့ ငရဲပြည်ကနေ အနက်ရောင် သလင်းကျောက်ကို ယူဆောင်စေခဲ့ပါတယ်။ တစ်ကိုယ်တည်းသမားကျုံးဟာ မိစ္ဆာတွေနဲ့မကောင်းမှုမှန်သမျှ ဖယ်ရှားရှင်းလင်းသူ တစ်ယောက်ဖြစ်တာကြောင့် သူ့ဆရာ ရဲ့ စေခိုင်းချက် အတိုင်းလုပ်ဆောင်ခဲ့ပါတယ်။ မကောင်းဆိုးဝါး ဘုရင်က ဟူမြို့တော်ကို အေးခဲသွားအောင် လုပ်ဖို့ အတွက် နှင်းမင်းသမီးကိုခိုင်းစေခဲ့ပါတယ်။ နှင်းမင်းသမီးနဲ့ မကောင်းဆိုးဝါးတွေဟာ ပါရှင်းအကအဖွဲ့ ယောင်ဆောင်ပြီး ဟူမြို့တော်ထဲဝင်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့ ကျုံးရဲ့ချစ်သူလို့ ထင်မှတ်အောင်လည်း ညှို့ယူခဲ့ပါတယ်။ ဒီဇာတ်လမ်းက စိတ်ကူးယဉ် လျှို့ဝှက်ဆန်းကြယ် ဇာတ်ကားဖြစ်လို့ အထူးပြုလုပ်ချက်တွေ အလွန်အကျွံသုံးထားတာကြောင့် ကြည့်ရတာတစ်မျိုးဖြစ်နေပေမယ့်လည်း အတိုက်အခိုက် ဇာတ်ကွက်လေးတွေကတော့ ကြည့်ကောင်းပါတယ်။ အကအဖွဲ့ကိုယုံလွယ်မိတဲ့ လူသားတွေကို မိစ္ဆာတွေက ဘယ်လိုဒုက္ခပေးဦးမှာလဲ။ မိစ္ဆာတွေကို နှိမ်နင်းတဲ့ကျုံးကွေတစ်ယောက် သူချစ်ရတဲ့ နှင်းမင်းသမီးနဲ့ ဆုံစည်းခွင့်ရမလားဆိုတာ ကြည့်လိုက်ကြဦးနော်။ ဒီဇာတ်ကားမှာ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသမီးလီပင်းပင်းက နှင်းမင်းသမီးအဖြစ်သရုပ်ဆောင်ထားပြီး သူရဲကောင်း ကျုံးကွေအဖြစ် မင်းသားချန်ကွန်းက သရုပ်ဆောင်ထားပါတယ်။

Comedy • Drama • Romance
5.3 2015 118 mins
Zhongkui: Snow Girl and the Dark Crystal