YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Player (2018)Ep5.WED DL 720P(CM).mp4

413.5 MB N/A video/mp4 1196 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cosmopolis
5.7

IMDb 5.1 3 wins 14 nominations ဒီကားထဲမှာတော့ မင်းသားကြီး Robert Pattinson ကအသက်၂၈နှစ်အရွယ်ဘီလျံနာတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မနက်ခင်းတစ်ခုမှာ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ အဲရစ်ပက်ကာက ငယ်ဘ၀ကတည်းကညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်ညှပ်ဖို့ လီမိုဇိမ်ခံကားကြီးကိုစီးပြီး မန်ဟက်တန်မြို့ထဲကိုရောက်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီတစ်ရက်အတွင်းမှာပဲ မန်ဟက်တန်မြို့ထဲမှာ သမ္မတယာဉ်ကြောင်းရော၊ နာမည်ကြီးရပ်အဆိုတော်တစ်ယောက်ရဲ့စျာပနရော၊ မင်းမဲ့ဝါဒီတွေရဲ့ဆန္ဒပြပွဲပါဖြစ်နေပါတယ်။ ယွမ်ဈေးဟာလည်းအဆမတန်ထိုးကျနေပြီး တစ်ရက်အတွင်းမှာ အဲရစ်ပက်ကာဟာ သန်း‌ပေါင်းများစွာ‌သော ရင်းနှီးမြုပ်နှံမှုတွေကိုဆုံးရှုံးရတော့မှာပါ။ ဒီကားက အက်ရှင်ခန်းတွေမပါဘဲ တစ်ကားလုံး စကားပြောခန်းတွေချည်းပါပဲ။ အဲရစ်ပက်ကာရဲ့ဇနီး ၊လုပ်ဖော်ကိုင်ဖက်၊ ဆံပင်ညှပ်ဆရာ အစရှိတဲ့ တစ်ရက်တာအတွင်း အဲရစ်ပက်ကာနဲ့ပြောဆိုဆက်ဆံရတဲ့လူတွေရဲ့ စကားပြောခန်းက‌နေ သူတို့ရဲ့ အမြင်တွေ၊ တွေးခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွား‌ရေးစကားဝိုင်းတွေကို တစ်ခန်းချင်းရိုက်ပြထားတာပါ။ (Sex sceneအချို့ပါ၀င်တာဖြစ်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.7 GB)/(790 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:49:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Thriller • Western
5.7 2012 109 mins
Cosmopolis
Monster of The Deep
6

အခုတစ်ခေါက် CM က သတ္တဝါကြီးတွေနဲ့ စွန့်စားရေးကားတွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် Deep Sea Walleye ဆိုတဲ့ သိပ္ပံကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့- သင်္ဘောတစ်စင်းမှ သင်္ဘောသားက ဖန်ပြွန်လေးတစ်ခုကိုကောက်ရခဲ့ပါတယ်။ ဖန်ပြွန်ထဲမှာ ရေဘဝဲလေးတစ်ကောင်ပါနေပါတယ်။ ထိုဖန်ပြွန်ထဲက ရေဘဝဲကို ဖက်တီးဆိုသူက စားပြမယ်ဆိုပြီး မီးဖိုချောင်ထဲမှာ လူတွေ စုနေကြသတဲ့။ တစ်ဖက်မှာ ထိုသင်္ဘောပေါ်က သိန်း ၃၀၀ တန် စိန်ကြီးကို ဓားပြတိုက်ဖို ကျန်းယန်နဲ့ ချွေးလီတိုအဖွဲက သင်္ဘောတစ်စင်းဖြင့် ချဉ်းကပ်လာပါတယ်။ ဖန်ပြွန်ထဲက ရေဘဝဲလေးက ဘယ်လို သတ္တဝါကြီး အဖြစ်ပြောင်းလဲသွားပြီး လူတွေကို ဘယ်လို ဒုက္ခပေးမလဲ...... ကျန်းယန်တိုကရော ထို သတ္တဝါကြီးလက်ထဲကနေ အသက်ရှင်နိုင်ပါမလား...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားကြည့်ရှူလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction , Thriller Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
6 2023 78 mins
Monster of The Deep
The Advocate: A Missing Body
7.3

ဥပဒေရုံးကြီးတစ်ခုရဲ့နာမည်ကျော်ရှေ့နေဗြောန်းဟိုဆောင်းဟာ လိုက်သမျှအမှုတိုင်းလိုလို နိုင်အောင်စွမ်းဆောင်နိုင်ပြီး "အနိုင်ရတာကတရားမျှတမှုပဲ" လို့ခံယူထားသူတစ်ဦးဖြစ်ပါတယ်။ ဆေးဝါးကုမ္ပဏီကြီးအတွက် အမှုနိုင်အောင်လုပ်ပေးပြီးတဲ့နောက်မှာတော့ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ ဥက္ကဌမွန်းဂျီဟွန်းရဲ့ဒရိုင်ဘာအတွက် အမှုလိုက်ပေးဖို့ ငှားရမ်းခံရပါတယ်။ အလောင်းရော၊ သက်သေရောမရှိတဲ့လူသတ်မှုဖြစ်နေပေမယ့် ရှေ့နေဗြောန်းက သူ့ထုံးစံအတိုင်း တရားပြိုင် အပြစ်မရှိအောင် ခုခံချေပပေးခဲ့ပါတယ်။ ဒီလိုနဲ့ တရားခွင်နောက်ဆုံးနေ့ အမှုနိုင်ခါနီးမှာမှ သူ့အမှုသည်က သူသတ်ခဲ့တာဖြစ်ကြောင်း ရုတ်တရက်ထဝန်ခံလိုက်တဲ့အခါမှာတော့ အမှုရှုံးနိမ့်သွားပါတော့တယ်။ ရှေ့နေဗြောန်းတစ်ယောက် အရှက်တကွဲဖြစ်ခဲ့ရတဲ့အပြင် မျက်မြင်သက်သေအတုဖန်တီးမှုနဲ့ပါ သံသယဝင်ခံရတဲ့အတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ အမှုပြန်စုံစမ်းရင်းက နောက်ကွယ်မှာ သူမထင်ထားတဲ့ ဖြစ်ရပ်ပေါင်းများစွာရှိနေတဲ့အခါမှာတော့... File Size :(1.7GB) and (688MB) Quality :WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:57:00 Genre : Crime , Thriller, Mystery, Comedy, Law Subtitle : Myanmar Subtitle (Hard Sub) Translated by  Ei Phyu Khin & Shoon Encoded by Phyo Pyae

Fantasy • Romance
7.3 2015 117 mins
The Advocate: A Missing Body
2 Alone in Paris
5.2

ဂျာဗစ်ဟာ ပါရီမြို့က ပြင်သစ်ရဲဌာနက စုံထောက်တစ်ယောက်ဖြစ် ပါတယ်။ သူဟာ ကာတစ်ဆိုတဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းနေခဲ့တာ ၁၀ နှစ်လောက်ရှိသွားခဲ့ပါပြီ။ သူက လိုက်ဖမ်းလိုက် ကာတစ်က တစ်ပတ် ရိုက်ပြီး လစ်သွားလိုက်တဲ့ ဖြစ်နေခဲ့တာပါ။ တစ်နေ့မှာတော့ ကာတစ်ကို လိုက်ဖမ်းရင်း ပါရီတစ်မြို့လုံးက လူတွေ ပျောက်သွားတဲ့အဖြစ်နဲ့ ဂျာဗစ် ကြုံလိုက်ရပါတယ်။ ဂျာဗစ်လည်း မြို့အကြီး ကြီး တစ်မြို့မှာ တစ်ယောက်တည်း ပျင်းရိစွာ ဖြတ်သန်းနေရင်း တစ်ယောက် တည်း ကျန်နေခဲ့တာမဟုတ်ဘူးလို့ ယုံကြည်လက်ခံထားပါတယ်။ ဒီလိုနဲ့နေလာရင်း တစ်ရက်မှာတော့ ပါရီမြို့မှာ ကျန်နေခဲ့တာ သူ တစ်ယောက် တည်းမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ နောက်ကျန်နေခဲ့တဲ့ တစ်ယောက် ကတော့ သူ အမြဲတမ်းလိုက်ဖမ်းနေခဲ့တဲ့ ကာတစ် ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ မြို့အကြီးကြီးတစ်မြို့မှာ နှစ်ယောက်တည်း ဖမ်းလိုက် ပြေးလိုက်နဲ့ စိန်ပြေး လိုက်တမ်းဆော့ရင်း ဘယ်လိုတွေကြုံတွေရမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှု့ရမယ် Comedy ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အကယ်၍ သင်ရော မြို့ကြီးတစ်မြို့ထဲမှာ တခြားဘယ်သူမှမရှိတော့ဘဲ နှစ်ယောက် တည်း ကျန်နေခဲ့ရမယ်ဆိုရင် ဘယ်သူနဲ့ ကျန်နေခဲ့ချင်လဲ..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.94 GB) / (808 MB) / (480 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 34Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Leonard Lin Encoder..........SWM

Action • Adventure • Science Fiction
5.2 2008 94 mins
2 Alone in Paris
Ju-on: The Grudge
6.7

ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၂ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။ နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ သေဆုံးကုန်ပါတယ်။ အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှကို ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာမိသွားတဲ့သူတစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်။ ဒီအိမ်မှာ လက်ရှိနေထိုင်နေတဲ့ နခဂဝါမိသားစုဝင်တွေရော ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံရပြီး ကျိန်စာသင့်ကြဦးမှာပါလဲ။ သရဲ တစ္ဆေနဲ့ ကျိန်စာဇာတ်လမ်းတွေနှစ်သက်တဲ့ သူတွေအတွက် ကားကောင်းတစ်ကားဖြစ်မှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (750MB) Quality__BluRay_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:32:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Comedy • Crime
6.7 2002 92 mins
Ju-on: The Grudge
Dog Gone
6.3

"ဘာ မင်းက ခွေးမွေးမယ် မင်းလို ကိုယ့်တာဝန်ကိုယ်တောင် မယူနိုင်တဲ့လူကလေ ခွေးတစ်ကောင်မွေးရတာ လွယ်မှတ်နေလား" ဒီစကားတွေကတော့ ခွေးမွေးမယ်လို့ ပြောလိုက်တိုင်း အိမ်မှာ ကြားနေကျ စကားတွေပေါ့။ ဖီးလ်ဒင်း ဆိုတဲ့ ကောင်လေးလည်း အတူတူပါပဲ။ ကံကောင်း ထောက်မပြီး ဘွဲ့ရသွားပေမဲ့ ဘာဆက်လုပ်ရမလဲ မသိသေးတဲ့ စော်ပစ်ကောင်လေးတစ်ယောက်ပေါ့။ အဲဒီလို ဘာလုပ်ရမလဲ မသိတာနဲ့ ခွေးလေးကောက်မွေးလိုက်ရာကနေ တစ်အိမ်လုံး အငြိမ်မနေနိုင်၊ အိမ်ဦးခန်းက အမေ့ဓာတ်ပုံ အာဝုပုံနဲ့ ပြောင်း ချိတ်မယ် ဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်လာပါတော့တယ်။ ဟူးမန်းတွေနဲ့ အာဝု‌တို့ကြားက ချစ်ခြင်းမေတ္တာသံယောဇဉ်တွေကို အလှပဆုံး ဖော်ကျူးပေးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး မိသားစု ကြားက ပြဿနာအဖုအထစ်လေးတွေကိုပါ ဖြေရှင်းပြသွားတာမို့ မိသားစုဝင်တွေနဲ့အတူတူ ကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ပြောကြားရင်းတင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီ၊ ဘာသာပြန်ရေးသားပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်) File Size..........(1.49 GB) / (654 MB) / (378 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Family Translator.......May Thet Khine Soe, Ngwe Zin Encoder..........Zin Phyo Aung

Action • Comedy • Crime
6.3 2023 95 mins
Dog Gone
Rooney
6.1

၁၉၈၅ခုနှစ် အောက်တိုဘာ ၂၄ရက်မှာ အင်္ဂလန်ရဲ့ မာဆေးဆိုက်ဒ် လို့ခေါ်တဲ့ လီဗာပူးလ်မြို့မှာ ကောင်လေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ခရော့တတ်အရပ်မှာ ကြီးပြင်းလာတဲ့ ခပ်ဆိုးဆိုးနဲ့ဂျစ်ကန် တဲ့ ကောင်လေးတစ်ယောက်၊ တစ်နေကုန် လမ်းပေါ်မှာပဲ ဘောလုံးတစ်လုံးနဲ့ အချိန်ဖြုန်းနေတဲ့သူဟာ တချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင်၊ အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့အအောင်မြင်ဆုံးနဲ့အရှိန်အဝါအကြီးဆုံး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင် ဖြစ်လာမယ်လို့ ဘယ်သူမှတပ်အပ်ပြောနိုင်မှာ မဟုတ်ခဲ့ပါဘူး။ သူ့နာမည်က "ဝိန်းရွန်နီ"ပါ။ ဒီ Docuမှာတော့ ဝိန်းရဲ့ကစားသမားအစပြုရာ အဲဗာတန်အသင်းကနေ လက်ရှိဒါဘီကောင်တီနည်းပြဖြစ်လာတဲ့အထိ footageများ၊အင်တာဗျူးမှာဖြင့်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်၊ ငယ်စဉ်ကတည်းက ဆိုးတေခဲ့တဲ့ ဝိန်းဟာ ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံးဂိုးသွင်းရှင်၊ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အငယ်ဆုံးဂိုးသွင်းရှင်စံချိန်များမှသည် မန်ချက်စတာယူနိုက်တက် အသင်းကြီးရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ရှင် ( ၂၅၃ဂိုး) ၊ အင်္ဂလန်လက်ရွေးစင်ရဲ့ဂိုးသွင်းအများဆုံး စံချိန်ရှင် (၅၃ ဂိုး) ဖြစ်လာသူပါ မန်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု ၅ကြိမ်အပါဆုဖလား၁၆လုံးအထိ ရရှိခဲ့ပြီး အင်္ဂလန်လူမျိုးကစားသမားအနေနဲ့မှတ်ကျောက်တင်ထိုက်သူပဲဖြစ်ပါတယ်။ ဒီ Docuမှာတော့ ဒီလိုမျိုးအောင်မြင်တဲ့ကစားသမားနောက်ကွယ်က ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊အခက်အခဲတွေ၊ အောင်မြင်မှုနဲ့တွဲလိုက်လာတဲ့ လူမှုရေးပြဿနာတွေ၊စသဖြင့် ဝိန်းရဲ့ငယ်ဘဝကစလို့ အတွင်းကျကျ အချက်အလက်များကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဝိန်းနဲ့ ဇနီးဖြစ်သူကောလင်းတို့မှ အဓိကဖြေကြားပေးထားတာဖြစ်ပြီးအသင်းဖော်ဟောင်းဂယ်ရီနဗီးလ်နဲ့ ရီယိုဖာဒီနန်၊ အင်္ဂလန်အသင်းရဲ့နည်းပြဟောင်း အဲရစ်ဆင်၊ ပြိုင်ဘက်ဟောင်းဖြစ်သူ အာဆင်နယ်နဲ့ပြင်သစ်ဂန္တဝင်တိုက်စစ်မှူး အွန်နရီတို့အပါအဝင် သတင်းထောက်၊တင်ဆက်သူ၊ အေးဂျင့်များ စသဖြင့် အားဖြည့်ကူညီထားသူများစွာပါဝင်ပါတယ်။ Team player တစ်ဦးဖြစ်တဲ့ ဝိန်းဟာ ဆေးစက်ကျရာအရုပ်ထင်ရင်းအသင်းလိုအပ်တဲ့နေရာတိုင်းမှာ ကစားခဲ့တဲ့ Ultimate Attacking Versatile ကစားသမားလို့သမုတ်ရင် မှားမှာမဟုတ်ပါဘူး၊ အသင်းအနိုင်ရဖို့ကို တစ်ဦးချင်းအောင်မြင်မှုထက် ပိုအလေးထားတဲ့ဝိန်းဟာIndividual recordတွေကို ပိုမြင်တဲ့ မော်ဒန်ဘောလုံးလောကမှာထိုကိသင့်တဲ့ အသိအမှတ်ပြုမှုကို မရခဲ့ပါဘူး၊ သို့ပေမယ့် သရဲနီတွေရဲ့ရင်ထဲမှာ ဝိန်းရွန်းနီဆိုတဲ့နာမည်ဟာ အမြဲရှင်သန်နေမှာပါ၊ Wazzaလို့ ပြောလိုက်တာနဲ့ တိုက်ရဲ ခိုက်ရဲ အသင်းအတွက်ဆို နည်းမျိုးစုံနဲ့ပေးဆပ်ရဲတဲ့ အင်္ဂလန်တိုက်စစ်မှူးကြီးကို သတိရနေကြမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Jim X မှ တင်ဆက်ထားပါတယ်။) File size…(2.3 GB) and (900 MB) Quality….WEB-DL 1080p & 720p Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Jim X

Drama • Romance
6.1 2022 105 mins
Rooney
Comrades, Almost a Love Story
8.1

Comrades, Almost A Love Story (1996) ~ IMDb – 8.1/10, Rotten Tomatoes – 89% ~ Directed By Bunny Chan အချစ်ဇာတ်လမ်းတွေဟာ သိပ်ခမ်းနားပါတယ်။ အထူးသဖြင့် ဘာမှခမ်းနားမနေတဲ့ အချစ်ဇာတ်လမ်းတွပေါ့။ Comrades ဟာ ဘာမှ မထူးဆန်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အလှပဆုံးသီချင်းတွေ၊ အလှပဆုံးစီနီမာတိုဂရပ်ဖီတွေ သုံးပြီး အလိုက်ဖက်ဆုံး ဇာတ်ကောင်တွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ၉၀ပြည့်နှစ် အလယ်ပိုင်းတွေမှာ ပြည်မကလူတွေဟာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတဲ့ ဟောင်ကောင်ကို အိပ်မက်တွေအလီလီနဲ့ ပြောင်းလာခဲ့ကြတယ်။ အဲဒီပြောင်းလာခဲ့တဲ့ထဲ နှစ်ယောက်က လီယွန်လိုင်နဲ့ မက်ဂီချောင်တို့ရဲ့ ဇာတ်ကောင်၂ကောင်လည်းပါတယ်။ လီယွန်လိုင်ရဲ့ ဇာတ်ကောင်ကတော့ သူ့ရည်းစားကို ဟောင်ကောင်ခေါ်ပြီး လက်ထပ်ဖို့ လုံလောက်အောင် ငွေရှာချင်ရုံပါပဲ။ မက်ဂီချောင်ရဲ့ ဇာတ်ကောင်ကတော့ အိပ်မက်တွေ ဟိုးအမြင့်ကြီးနဲ့။ သူတို့ဇာတ်ကောင်၂ကောင်ဟာ အဲဒီခေတ်က ပြည်မကနေ ဟောင်ကောင်ကို ပြောင်းလာခဲ့တဲ့ သူတွေရဲ့ အခြေအနေကို ကောင်းကောင်းကြီး ပုံဖော်ထားခဲ့သလို ပြည်မကလူတွေ တောသားမြို့တက်အထင်ခံရမှာစိုးတဲ့ သဘာ၀ကိုလည်း ပုံဖော်ထားခဲ့တယ်။ အဲဒီလိုပုံဖော်ထားတဲ့အထဲ ရယ်ရခက်ငိုရခက် တစ်ချက်ကိုပြောရရင် ပြည်မကလူတွေဟာ Teresa Tang ဆိုတဲ့ အဆိုတော်ကို တော်တော်သဘောကျကြတယ်။ မက်ဂီချောင်ဟာ ပြည်မမှာ Teresa Tang အခွေတွေ ရောင်းတုန်းက အရမ်းရောင်းကောင်းခဲ့တော့ ဟောင်ကောင်ပွဲဈေးမှာရောင်းဖို့ ရှိသမျှပိုက်ဆံတွေကို Teresa အခွေတွေ၀ယ်ပြီး ရင်းခဲ့တယ်။ ကံဆိုးချင်တော့ ဟောင်ကောင်မှာ Teresa သီချင်းနားထောင်ရင် ပြည်မသားဆိုတာ လိုက်ပြောလိုက်သလိုဖြစ်နေတော့ ကြိုက်ကြပေမဲ့ ဘယ်သူ့မှ မ၀ယ်ကြပါဘူး။ ဒီလိုနဲ့ မက်ဂီချောင် အရင်းပြုတ်သွားတယ်။ ဒီလိုဆိုလို့ Teresa ကို ခပ်ညံ့ညံ့အဆို‌တော် မထင်လိုက်ပါနဲ့။ Teresa ဟာ တရုတ်ပြည်ရဲ့ ဂန္တ၀င်အဆိုတော်လို့ ပြောလို့ရပြီး တရုတ်တွေရှိတဲ့ နေရာတိုင်းမှာ Teresa သီချင်းသံကြားရတယ်ဆိုပါတယ်။ ဒီရုပ်ရှင်မှာ Teresa သီချင်းတွေ နေရာမလပ် လွှမ်းခြုံထားသလို ဒီရုပ်ရှင်မှာ Teresa ဟာ အရေးကြီးတဲ့ ဓာတ်ကူပစ္စည်းလည်း ဟုတ်ပါတယ်။ Comrades ရုပ်ရှင်ရဲ့ တရုတ်နာမည်က Tian Mi Mi ဆိုတဲ့ Teresa သီချင်းနာမည်ကို ယူထားတာဖြစ်သလို ဒီရုပ်ရှင်အနှံ့မှာ Tian Mi Mi သီချင်းကို ကြားရမှာပါ။ တော်တော်ကောင်းတဲ့ သီချင်းပါပဲ၊ YouTubeမှာ အလွယ်တွေ့နိုင်ပါတယ်။ တရုတ်ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးစာရင်း၀င်တဲ့ လီယွန်လိုင်ဟာ ဝေါင်ကာဝေးရဲ့ Fallen Angels မှာ ခပ်မိုက်မိုက် ကြေးစားလူသတ်သမား ဇာတ်ကောင်နေရာနဲ့ ပီပြင်ခဲ့သလို ဒီထဲလည်း ပြည်မကနေ ဟောင်ကောင်တက်လာတဲ့ အူတူတူ အတတ ဇာတ်ကောင်နဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းပါပဲ။ ဒီရုပ်ရှင်ထဲက သူ့ဇာတ်ကောင်ဟာ သူ့ဘ၀ကို ထင်ဟပ်နေတယ်လို့လည်းဆိုပါတယ်။ သူ့ရုပ်ရှင်ဆိုလို့ နှစ်ကားတည်း ကြည့်ဖူးပေမဲ့ လီယွန်လိုင်ဟာ ဒီတစ်ကားနဲ့တင် တော်တော်သရုပ်ဆောင် ကောင်းတဲ့သူဆိုတာ မြင်သာပါတယ်။ ကျွန်တော်တို့ရဲ့ မက်ဂီကတော့ ဒီထဲပိန်ချုံးကျနေပြီး အရင်လောက် မလှဘူးထင်ရပေမဲ့ တစ်နေ့လေးနာရီလောက်ပဲ အိပ်ပြီး အလုပ်ကြိုးစားနေတဲ့ ကောင်မလေးဇာတ်ရုပ်မှာ ဒီပုံစံက အံ၀င်ခွင်ကျပါပဲ။ ဒီလိုကမောက်ကမခေတ်ကြီးမှာ ဒီရုပ်ရှင်နဲ့ ရင်ဘတ်ချင်းနီးတဲ့သူတွေ များလောက်မှာပါပဲ။ အိပ်မက်တွေရှိတယ်။ ကြိုးစားကြည့်ကြတယ်။ လဲကျကြတယ်။ အချစ်တွေရှိတယ်။ ဘ၀တွေက အဆင်ပြေမနေခဲ့ဘူး။ အချိန်မှား နေရာမှား ရောက်လာရသလို လမ်းလွဲခဲ့ကြတယ်။ Comrades ဟာ ဒီအကြောင်းတွေကို ရိုက်ပြထားတဲ့ အချစ်ဇာတ်လမ်းဖြစ်လုနီးနီး ဘ၀နှစ်ခုအကြောင်းဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ကျွန်တော့်အနေနဲ့တော့ ထိုင်၀မ်နဲ့ ပြည်မက မာစတာပိစ်တွေထဲ သူတို့ခေတ် သူတို့အခြေအနေကို ထင်ဟပ်တဲ့ ရုပ်ရှင်ကောင်းတွေ တွေ့ရပေမဲ့ ဟောင်ကောင်မှာ ဒီလိုမျိုးရုပ်ရှင်တွေကို မကြည့်ဖူးခဲ့ပါဘူး။ ဥပမာဆို – A Brighter Summer Day မှာ ပြည်မကနေ ထိုင်၀မ်ခွဲထွက်ပြီး နောက်ပိုင်း အခြေအနေတွေကို ပြထားတဲ့ ပုံစံမျိုးပေါ့။ Comrades ကတော့ အချစ်ဇာတ်လမ်းလည်းဖြစ်သလို အဲဒီလိုဇာတ်လမ်းတွေရဲ့ အရသာကိုလည်း ပေးနိုင်ခဲ့တဲ့ ဟောင်ကောင်ရဲ့ အရာရာလှပနေတဲ့ မာစတာပိစ်တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုရေးတဲ့ Ivy Ho ဟာ ဇာတ်ညွှန်းဆုများစွာရခဲ့သလို ရုပ်ရှင်ကလည်း တခြားဆုများစွာလည်း ရထားတယ်။ ထူးတာကတော့ ဒီရုပ်ရှင်မှာ ဝေါင်ကာဝေးရဲ့ ပင်တိုင် စီနီမာတိုဂရပ်ဖာ ခရစ္စတိုဖာဒွိုင်းက အင်္ဂလိပ်စာသင်တဲ့ဆရာ အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။။ လူပြောတော်တော်များပေမဲ့ ဒီလောက်ကောင်းတဲ့ ရုပ်ရှင်ကို အရင်က မကြည့်ဖြစ်ခဲ့ပါဘူး။ သို့ပေမဲ့ နောင်တတော့မရပါဘူး။ ဒီလိုအခြေအနေတွေမှာ ကြည့်မှ ပိုနီးစပ်သွားမယ့်ရုပ်ရှင်လို့ ယူဆလို့ပါပဲ။ ဗိန်းဗောင်းဆင့်ရောက်လာတဲ့ ကမောက်ကမခေတ်မှာ အခြေအနေအချိန်အခါတွေ မလွယ်တဲ့ဘ၀တွေကြောင့်နဲ့ လမ်းလွဲခဲ့ရတဲ့ ချစ်ခြင်းတွေ နည်းမှာမဟုတ်ပါဘူး။ Comrades ဟာ အဲဒီအချစ်တွေကို ထင်ဟပ်မိလောက်မယ့် ရုပ်ရှင်ပါ။ ပုဂ္ဂလိက အမြင်အရတော့ အကြိုက်ဆုံးရုပ်ရှင် ဆယ်ဂဏန်းထဲ စာရင်းသစ်၀င်သွားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.2GB, 1.23GB Quality – Blu-ray 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 58Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
8.1 1996 118 mins
Comrades, Almost a Love Story
Locke

IMDb – 7.1 , RT – 91% ဒီဇာတ်ကားက ကျွန်တော်တို့ရဲ့ အချစ်တော် Venom ကြီး Tom Hardyနဲ့ Spidyလေး Tom Holland တို့ရဲ့ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် Heart Stopper၊ The Crown၊ Puss in boots တို့ထဲမှာ သရုပ်ဆောင်ဖူးတဲ့ Olivia Colmanလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းလေးကို မပြောခင် သင်ဟာ One Night Stand ကို ဘယ်လိုမြင်ပါသလဲ။ သင်ဟာ One Night Stand လုပ်နေသူလား၊ လုပ်ခဲ့သူလား၊ လုပ်ဖို့ကြံရွယ်နေတဲ့လူလားဆိုတာကို သုံးသပ်စေလိုပါတယ်။ အိုင်ဗန်လော့ခ်ဆိုတဲ့ အမျိုးသားက ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ထောင်ထားတဲ့ အောင်မြင်တဲ့ ဆောက်လုပ်ရေး မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အရာရာအဆင်ပြေလှတဲ့ သူ့ရဲ့ဘဝထဲကို သူ တစ်ညတာ One Night Stand ခဲ့ဖူးတဲ့ ဗေသန် မက်ဂွားယားဆိုတဲ့ အမျိုးသမီးတစ်ယောက်က အိုင်ဗန်နဲ့ရတဲ့ ကလေးကို မွေးဖို့ သားဖွားခန်းထဲရောက်နေတယ်ဆိုပြီး ဖုန်းဝင်လာခဲ့တဲ့အခါမှာတော့ …. ။ အဖေက သူ့ကိုမွေးပြီး ပစ်သွားခဲ့တဲ့ အဖေ့အပေါ် နာကျည်းချက်တွေရှိနေတဲ့ အိုင်ဗန်တစ်ယောက် သူ့အဖေ အမှားမျိုး ထပ်မမှားအောင် ကိုယ်ဝန်ကိုတာဝန်ယူပါ့မလား၊ ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့တည်ထောင်ထားတဲ့ မိသားစုဘဝလေးနဲ့ ဗေသန် အကြား ဘယ်သူ့ကိုရွေးချယ်သွားမလဲ။ ပုဂ္ဂိုလ်ရေး ပြဿနာတက်နေတဲ့သူ့အဖို့ အလုပ်မှာပါ ပြဿနာ တက်လာသောအခါ …..အိုင်ဗန်တစ်ယောက် မိသားစုရေး၊ One Night Standခဲ့တဲ့အမျိုးသမီးနဲ့ရတဲ့ ကလေးအရေး၊ အလုပ်အရေးတွေကို သူဘယ်လိုများစီမံမလဲဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကလေ ဘာသာပြန်သူအဖို့တော့ တော်တော်လေး ပညာရတဲ့ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ အမှားတစ်ခုကနေ အရာရာဟာ ဖြစ်တတ် ပျက်တတ်တဲ့ သဘောကို ပေါ်လွင်အောင်ရိုက်ပြထားတာ အဆုံးထိကို ပြီးလို့ပြီးသွားမှန်းကို မသိလိုက်ဘူး။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဆုံးတာနဲ့ ရင်ထဲမှာ တစ်ခုခုကို ကျန်ခဲ့တဲ့ဇာတ်ကားကို့ပြောရင်း Reviewလေးကို အဆုံးသတ်ပရစေ။ File size…(1.4 GB)/(677 MB)/(323 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama • Family
0 2013
Locke
Snake in the Eagle’s Shadow
7.3

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် 1978 ခုနှစ်လောက်ကထွက်ခဲ့တဲ့ jackie chan ရဲ့ကွန်ဖူးဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… လင်းယုန်လက်သည်းသိုင်းနဲ့ မြွေလက်သီးသိုင်းပညာတွေဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက ပြိုင်ဘက်သိုင်းပညာတွေဖြစ်ပြီး ဂိုဏ်းအချင်းချင်းက နှစ်ပေါင်းများစွာယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ လင်းယုန်လက်သည်းသိုင်းကို တဖက်ကမ်းခတ်ကျွမ်းကျင်တတ်မြောက်ထားတဲ့သူ ရှန့်ခွင်းရီယွမ်တစ်ယောက် မြွေလက်သီးသိုင်းကို အဆုံးသတ်နိုင်တဲ့အခွင့်အရေးရလာခဲ့ပါတယ်။ မြွေလက်သီးဂိုဏ်းရဲ့တပည့်ပေါင်း ၃၀၀၀ ကျော်ကို သတ်ပစ်ခဲ့ပြီးနောက်ဆုံး ဆက်ခံသူ ၃ ယောက်ကိုသာရှင်းပစ်ဖို့ကျန်ပါတော့တယ်။ အဲဒီ ၃ ယောက်ထဲမှာ အတော်ဆုံးတပည့်ဖြစ်တဲ့ ပိုင်ချန်ထင်ဟာ ထွက်ပြေးတိမ်းရှောင်နေရင်း ဝေ့ဝူကျောင်းတော်က စိတ်ရင်းကောင်းပြီး လေ့ကျင့်ရေးထိုးအိတ်အဖြစ် အမြဲအနိုင်ကျင့်ခံနေရတဲ့ လီချန်တွေ့သွားတဲ့အချိန်မှာတော့… လင်းယုန်လက်သည်းဂိုဏ်းက မြွေလက်သီးသိုင်းကို အမြစ်ပြတ်ချေမှုန်းသွားနိုင်မှာလား.. တခြားဘယ်လိုဇာတ်ကွက်တွေနဲ့ဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ဆွဲခေါ်သွားမလဲဆိုတာကိုကြည့်ရှူရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.95 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe yee

7.3 1978
Snake in the Eagle’s Shadow
A Greek Recipe for Romance
6.5

နယူးယောက်မှာ ဟိုတယ်မန်နေဂျာအဖြစ် ရာထူးတိုးဖို့ မျှော်လင့်ထားတဲ့ အက်ဘီတစ်ယောက် ဝန်ထမ်းလျှော့တဲ့အထဲပါသွားပြီးနောက် သူ့အမေရှိတဲ့ ဂရိကိုသွားလည်ခဲ့တယ် ဂရိမှာလဲ သီရိုတစ်ယောက် ၂ပတ်အတွင်း စားသောက်ဆိုင်မဖွင့်ရင် အမေဖြစ်သူရဲ့ဆိုင် အသိမ်းခံရတော့မှာကြောင့် အပူတပြင်းဖြစ်နေပြီး သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးရာကနေ အက်ဘီနဲ့ အချင်းချင်းသိသွားပြီး နှစ်ယောက်သား စားသောက်ဆိုင်ကိုဖွင့်တာ အဆင်ပြေသွားကြမှာလား သီရိုရဲ့ ဘဝလမ်းကြောင်း ရွေးချယ်မှုအပေါ် သဘောမကျဖြစ်နေတဲ့ အဖေကရော စားသောက်ဆိုင်မဖွင့်ဖြစ်အောင် ဘယ်လိုတွေတားဆီးနှောက်ယှက်မလဲဆိုတာကိုတော့ A Greek Recipe for Romance ဆိုတဲ့ ကားလေးကို ကြည့်ရှုပေးကြပါဦး File size…(1.4 GB)/(730 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

6.5 2024
A Greek Recipe for Romance
A Body That Works (aka) Rispet

နီကိုလာက စိတ်မနှံ့တဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေရဲ့ စပျစ်ခြံအလုပ်တွေကိုလည်း ဝင်မကူ သူ့ကိုယ်ပိုင်ခွေးနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေ့ရှိတယ်။ ညဘက်တွေဆိုလည်း ခွေးတစ်ကောင်နဲ့ ရွာထဲကိုလျှောက်သွားတတ်ပြီး လူတွေ လမ်းကြားထဲမှာ ရန်ဖြစ်နေတာမြင်ရင် သူက ကြောက်လို့ထွက်ပြေး… လူတွေက သူထွက်ပြေးတာကိုမြင်တော့ သူက ရွာသားတွေကို လိုက်ချောင်းနေတာလားဆိုပြီး အတွေးရောက်စရာတွေဖြစ်ကုန်တော့တယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့ရွာထဲက ရွာသားတစ်ယောက်ရဲ့ ပန်းပုရုပ်ထုတစ်ခုကို လူတစ်ယောက်က ညဘက်ကြီး ခေါင်း-ဖြတ်သွားတဲ့အခါ… နောက်ညတွေမှာလည်း အခြားပန်းပုရုပ်တွေပါ ဖျက်စီးခံလာရတဲ့အခါ… တစ်ရွာလုံးရဲ့ စွပ်စွဲချက်တွေက နီကိုလာဆီကို စုပြုံပြီးရောက်လာတော့တယ်။ တကယ်ပဲ နီကိုလာက ရွာကပစ္စည်းတွေကို ဖျက်စီးနေတာလား? ဘယ်သူကလုပ်နေတာလဲ? အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.5 GB)/(790 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo Kay zaw

0 2023 106 mins
A Body That Works (aka) Rispet
Outside
5.5

ဒီတစ်ခါ ပရိသတ်ကြီးကို Netflix က အသစ်ထုတ်လွှင့်လိုက်တဲ့ အာရှနိုင်ငံတစ်ခုရဲ့ ဇွန်ဘီဇာတ်ကားသစ် တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက အောက်တိုဘာ ၁၇ ကမှ ပူပူနွေးနွေးထွက်ရှိထားပြီးတော့ IMDB မှာ လက်ရှိ Rating 5.5 ရထားပါတယ်။ သမားရိုးကျ ဇွန်ဘီကားတွေနဲ့ မတူဘဲ ပြင်ပဘေးအန္တရာယ်နဲ့အတူ ယှဉ်တွဲပြီး အတွင်းစိတ်ဒဏ်ရာ ရှိသူတစ်ဦးက ဘယ်လောက်ထိ အန္တရာယ်များနိုင်သလဲဆိုတာ ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်ညွှန်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာ Zombie Outbreak ဖြစ်ပြီး နောက်ပိုင်း ဖက်ဒရစ်တို့ မိသားစုဟာ သူရဲ့မိဘတွေ ရှိတဲ့ နယ်မြို့လေးကို ခိုလှုံဖို့ ပြေးလာကြတာနဲ့ အစပြုထားပါတယ်။ ကံမကောင်းချင်တော့ မိဘတွေလည်း ဇွန်ဘီဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး သေဆုံးကုန်ကြပါတယ်။ ဖက်ဒရစ်ဟာ ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဖြစ်သူရဲ့ ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ကြီးပြင်းလာခဲ့ရပြီး သူ့မိဘအိမ်ဟာ အတိတ်မှာ သူ့အတွက်တော့ ပျော်ရွှင်စရာ အိမ်မဖြစ်ခဲ့ပါဘူး၊ ဒါ့အပြင် သူ့ရဲ့ဇနီး အိုင်းရစ်ကလည်း သူနဲ့အိမ်ထောင်ရေး အဆင်မပြေတာ ကာလတစ်ခုကြာပြီးနောက်ပိုင်း ကလေးတွေ မျက်နှာကြောင့်သာ သူနဲ့ အတူရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဖက်ဒရစ်နဲ့ သူ့မိသားစု ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်ရမှာလဲ….။ သူ့အတွက် အကျဉ်းထောင်တစ်ခုလို ဖြစ်ခဲ့တဲ့ သူ့မိဘနေအိမ်မှာ သူ့အတွက် ဘယ်လိုအတိတ်ကို နှိုးဆွစေမယ့် အရာတွေ ဖြစ်လာမလဲ ဆိုတာတော့…..။ File size…2.05GB / 1.04GB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 22m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024 142 mins
Outside