YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

PinocchioPart 1.rar

4.92 GB N/A application/rar 1199 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ella Enchanted
6.4

Ella Enchanted (2004) ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။ Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။ Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် နဲ့ အိုင်ယာလန် ရုပ်ရှင်ကုမ္မဏီသုံးခု ပေါင်းရိုက်ခဲ့တာ။ ဒါပေမဲ့ Box Office မှာတော့ အရှုံးပေါ်ခဲ့တယ်။ ဇာတ်လမ်းကတော့ ဖရဲလ် မြို့လေးမှာမွေးတဲ့ အယ်လာ ကို သောက်တလွဲ အရက်သမား နတ်သမီးတစ်ပါးက ကပေါက်တိကပေါက်ချာ ဆုတစ်ခု ချီးမြှင့်သွားတာက စတာပဲ။ ကလေးကို နာခံတတ်တဲ့သူဖြစ်အောင် ဂါထာနဲ့ ပြုစားသွားတယ်။ အယ်လာ လေးက ဘယ်သူ ဘာပြောပြော မငြင်းဆန်နိုင်ပဲ လုပ်ပေးနေရရင်း အရွယ်ရောက်လာသတဲ့။ တိုင်းပြည်က လူထွားကြီးတွေ၊ နတ်သူငယ်တွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ ဟန်ချက်ညီညီစုပေါင်းနေထိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘုရင်ကြီး နတ်ရွာစံအပြီး သူ့ညီနဲ့ ဘုရင်ကြီးသားတော်တို့လက်ထက်အရောက်မှာ ဘီလူးတွေကို နှင်ထုတ်၊ လူထွားကြီးတွေကို ခိုင်းစား၊ နတ်သူငယ်လေးတွေကို ဖျော်ဖြေရေးသမားလုပ်ခိုင်းပြီး လူသားတွေကြီးစိုးတဲ့အချိန်ပေါ့။ အယ်လာ ရဲ့ ဖခင်က နောက်အိမ်ထောင်ပြု၊ မိထွေးနဲ့ သမီးနှစ်ယောက်ပါလာ၊ စင်ဒရဲလားဇာတ်လည်း ပါသေးသဗျ။ မိထွေးကပါလာတဲ့ ညီအစ်မက အယ်လာ ရဲ့ အားနည်းချက်ကိုသိသွားတဲ့အခါမှာ အမျိုးမျိုးအနိုင်ကျင့်ခံရပါတော့တယ်။ တိုင်းပြည်အရှုပ်အထွေးကြားမှာ အယ်လာ တစ်ယောက် ကျိန်စာပြယ်အောင်လုပ်ရင်း ကြုံတွေ့ရပုံတွေကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်း သုံးခုလောက်ကို ရောသမမွှေထားတဲ့ဟန်ပဲ‌ပြောပါတော့။ ကဲ ကျွန်တော်ပြောခဲ့သလိုပဲ။ မင်းသမီးနဲ့တင် ကြည့်ထိုက်နေပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 36Min Genre - Comedy, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy
6.4 2004 96 mins
Ella Enchanted
Call Me by Your Name
8.2

IMDb Rating - 7.8/10 ၁၉၈၃ ခုနှစ်ရဲ့ အီတလီနွေရာသီမှာ ကားလေးတစ်စီးနဲ့ အိမ်ကို စရောက်လာတဲ့ ခင်ဗျားဟာ ကျွန်တော့်ရဲ့ အိပ်ခန်းကို ဦးစွာ သိမ်းပိုက်ခဲ့တယ်။ အရပ်အမောင်း ကောင်းကောင်းနဲ့ သိပ်ကို ဆွဲဆောင်မှု ရှိတဲ့ ခင်ဗျားဟာ ကျွန်တော်နဲ့ ၇နှစ်တောင် အသက်ကွာခြားသတဲ့။ အချင်းချင်း နှုတ်ဆက်ခါနီးကို သူများနဲ့မတူ တမူထူးခြားစွာ " နောက်မှပဲ " " နောက်မှပဲ" လို့ ပြောတတ်တဲ့ခင်ဗျားကို ကျွန်တော် အမြင်တော့ကပ်မိသား။ ဒီလို တုံးတိဆန်တဲ့ စကားက ကျွန်တော့်အတွက်တော့ ရိုင်းပြမောက်မာတဲ့ အပြုအမူလို့ ထင်မိတယ်လေ။ ဟော တွေ့လား ဒီလိုနဲ့ ခင်ဗျားက ကျွန်တော့်ရဲ့ အတွေးနယ်ကို နယ်ချဲ့သိမ်းပိုက်လိုက်ပြန်ပြီ။ အိမ်ကို လာတဲ့ ဧည့်သည်ကို အိမ်ရှင် ဖြစ်တဲ့ ကျွန်တော်က မြို့တစ်ဝိုက်ကို လမ်းပြရင်း အချိန်ကုန်ဆုံးပေးခဲ့ရပြန်တယ်။ ကျွန်တော့်ဘက်က ဧည်၀တ်ကျေရဲ့လား သေချာမသိပေမယ့် သေချာတာတစ်ခုက ကျွန်တော့်အချိန်တွေကို ခင်ဗျား သိမ်းပိုက်သွားပြန်ပြီ။ အချိန်ကြာလာတော့ "နောက်မှပဲ" ဆိုတဲ့ ကျွန်တော်ကိုယ်တိုင် အရိုင်းဆန်တယ် ပြောခဲ့တဲ့ စကားလေးကိုမှ ကျွန်တော် စွဲလမ်းလာတယ်။ ကျွန်တော့်ရဲ့ အိပ်ခန်း၊ စိတ်နဲ့ အချိန်တွေကို သိမ်းပိုက်ခဲ့တာ ခင်ဗျား ဆိုပေမယ့် နှလုံးသားနဲ့ အသွေးအသားကို အသိမ်းပိုက်ခံချင်သူက ကျွန်တော် ဖြစ်လာ တယ်။ နှစ်ယောက်တည်းသိတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ရည်ညွှန်းတဲ့အခါ လောကကို မေ့ပြီး အပျော်ကြီး ပျော်တတ်ခဲ့ပြီ။ သို့ပေမဲ့ အတားအဆီး ချုပ်ချယ်မှုတွေ များတဲ့ ဒီလောကမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပတ်သတ်မှုဟာ ယိုယွင်းသွားနိုင်တာကိုတော့ ခင်ဗျားက အစောကြီးကတည်းက ပိုနားလည်ခဲ့ပုံပါပဲ။ ကျွန်တော်ဆိုတဲ့ကောင်က ဘာဆိုဘာမှ မသိခဲ့တဲ့ ၁၇ သာသာ ကောင်လေးတစ်ယောက်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ အိုလီဗာ ... ခင်ဗျား ထွက်သွားတော့မယ်ဆိုရင် အနားမှာ ဘယ်သူမှ မရှိတော့ချိန် ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်သွားချိန်မှာ ကျွန်တော့် ဘက်ကို တစ်ချက် မျက်နှာမူပြီး ခင်ဗျားရဲ့ နာမည်လေးနဲ့ ကျွန်တော့်ကို ခေါ်လို့နှုတ်ဆက်ခဲ့ပါ ...... /အယ်လီယို (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်) File Size..........(2 GB) / (1 GB) / (650 MB) Quality............WebRip 1080p / 720p / 480p Duration.........2Hr 12mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Yoon Sandi Aung Encoder..........SWM

Drama
8.2 2017 132 mins
Call Me by Your Name
Whiskey Tango Foxtrot
6.3

ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကို စာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့ အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက် ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊ လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော် အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့ စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာက အမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ စိတ်အရမ်းရှုပ်တဲ့အခါ၊ အလွန်အမင်းအံအား သင့်တဲ့အခါမှာ ပြောလေ့ရှိတဲ့ (Wtf) What The Fuck ဆိုတာပါပဲ။ File Size : (2.1GB)(945 MB) and (543MB) Quality : Blu-Ray  1080P, 720p Format…mp4 Duration…01:52:00 Genre : Biography, Comedy, Drama , War Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo (kop) Encoded by Phyo Pyae

Crime • Thriller
6.3 2016 112 mins
Whiskey Tango Foxtrot
Throw Down
6.9

Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ သူတို့ရဲ့ ကာရိုက်တာChemistryထဲ ဝင်လာတဲ့ နောက်ကာရိုက်တာက Cherrie Yingရဲ့ မိုနာ။ သူလည်းရှေ့က ၂ကောင်လို ဗရုတ်သုတ်ခဘဝထဲ နေနေတာပဲ။ အဆိုတော်ဖြစ်ချင်ပေမဲ့ အသံကမကောင်း အေးဂျင့်က အောကားရိုက်ခိုင်းဖို့လုပ်ရာက အေးဂျင့်နဲ့ ပြဿနာတက်နေတဲ့ ကောင်မလေးပါပဲ။ သူ့ကာရိုက်တာက တစ်မျိုးတော့ဆန်းတယ်။ အိမ်လခမပေးနိုင်တာ ၆လရှိပြီမို့ အိမ်ရှင်ကမောင်းချတာကို ခေါက်ဆွဲစားရင်း မထုံတတ်သေး လမ်းပေါ်ရပ်နေတာလည်း ဂကြောင်နဲ့ကို တော်တော်ဆွဲဆောင်မှုရှိတဲ့အခန်းပါပဲ။ တိုနီလျောင်ခဖိုင်ကတော့ ခပ်ကြမ်းကြမ်းဇာတ်ပို့သက်သက်ပေါ့။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ထက် ဇာတ်ကောင်တွေကို ဦးစားပေးထားတယ်ဆိုပေမဲ့လည်း ဂျပန်သိုင်းပညာဖြစ်တဲ့ ဂျူဒိုကို အဓိကအခရာအဖြစ် ဇာတ်အိမ်တည်ထားပြီး ကူရိုဆာဝါရဲ့ ပွဲဦးထွက်ရုပ်ရှင် Sanshiro Sugataအကြောင်းလည်း ထည့်ပြောရင်း အဲဒီရုပ်ရှင်လိုပဲ စိန်ခေါ်သိုင်းချတဲ့အခန်းတွေကို ဦးစားပေး ရိုက်ကူးထားသလို ကူရိုဆာဝါကိုလည်း ဂုဏ်ပြုကြောင်း ထည့်သွင်းရေးထားတဲ့ ကူရိုဆာဝါကို Homage ပေးထားတဲ့ ရုပ်ရှင်ပါပဲ Throw Downဟာ Johnnie Toအရိုက်များတဲ့ ခပ်ကြမ်းကြမ်းပုံစံကနေ နည်းနည်းခွဲထွက်ပြီး သူ့မူလထက် နည်းနည်းပေါ့ပါးတဲ့ ပုံစံနဲ့ ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ သို့ပေမဲ့ သူရဲ့ဟန်လိုဖြစ်နေတဲ့ Darkဆန်တဲ့ ဟန်ကနေတော့ ခွဲမထွက်သွားပါဘူး။ ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ရှေးဆရာကြီးတွေဖြစ်ခဲ့တဲ့ Louis kooတို့ တိုနီလျောင်ခဖိုင်တို့အပြင် တရုတ်ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ Aaron Kwok တို့ကတော့ main castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Aaron Kwokဟာ သရုပ်ဆောင်ကောင်းလှတဲ့သူ မဟုတ်ပေမဲ့ Johnnie Toဟာ အကောင်းဆုံးဖြစ်အောင် ထည့်သွင်းနိုင်ခဲ့တယ်လို့လည်း ပြောကြပါတယ်။ ဟုတ်မှာပါ။ ဒီထဲက Aaron Kwok ကာရိုက်တာဟာ တော်တော်လေး သဘောကျစရာကောင်းပါတယ်။ 2021မှာ art filmကားကောင်းတွေကိုပဲ ကွာလတီကောင်းကောင်းနဲ့ ပြန်ထုတ်ပေးတဲ့ The Criterion Collectionက throw downကို 4kပြန်ထုတ်ပေးခဲ့ပြီး တရုတ်ရှပ်ရှင်ဆုပေးပွဲတွေမှာ Best Pictureတို့ Best Directorတို့ ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Johnnie Toလည်း ကားမရိုက်တာကြာပြီဖြစ်တဲ့အတွက် ဟောင်ကောင်ရွှေခေတ်က ရုပ်ရှင်တွေကို ကြိုက်တဲ့လူတွေအတွက် Throw Downဟာ ကြည့်ကိုကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.9GB) / (750MB) Quality__BluRay_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__01:35:00 Type__Action, Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Comedy • Drama • Family
6.9 2004 95 mins
Throw Down
Siklo
7

ရင်ဂိုဆိုတဲ့ကောင်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်သည်တစ်ပိုင်းဖြစ်နေပြီး အတူနေချစ်သူအမန်ဒါမှာလဲ ကိုယ်ဝန်ဆောင်ထားတာဖြစ်တော့ Delivery Rider တစ်ယောက်အနေနဲ့ကြိုးစားအသက်မွေးနေပါတယ်။ သူတို့ဆီမှာလဲ ဒီမှာလိုပဲ Rider တွေကြုံရတတ်တဲ့မှာပြီးမှမယူတာ၊ စိုက်ပေးထားတဲ့ပိုက်ဆံတွေပြန်မရတာ စတာမျိုးတွေကြောင့် သူ့ချစ်သူနဲ့ခဏခဏပြဿနာဖြစ်ရပါတယ်။ တစ်နေ့တော့ အဲ့ဒီလိုကုမ္ပဏီအသစ်တစ်ခုမှာ သွားလျှောက်ရာကနေအဆင်ပြေသွားခဲ့ပြီး ရင်ဂိုဘဝတစ်ဆစ်ချိုးပြောင်းဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီမှာအလုပ်ဝင်ချိန်ကစလို့ ဆက်တိုက်ကြုံရတာကတော့ သူတို့မြို့မှာ သာသနာပြုလုပ်ငန်းဗန်းပြပြီးနောက်ကွယ်က မကောင်းမှုပေါင်းစုံ အားလုံးလုပ်တဲ့ သင်းအုပ်ဆရာ မိသားစု ရဲ့ အရှုပ်အထွေးတွေပါပဲ။ သင်းအုပ်ဆရာရဲ့ တိတ်တိတ်ပုန်းချစ်သူ မိန်းကလေး ပစ္စည်းမှာတဲ့အခေါက်တိုင်း သူ့ဆီပဲတိုက်တိုက်ဆိုင်ဆိုင်ရောက်ရောက်လာတတ်လို့ မျက်မှန်းတန်းမိစအချိန်မှာ အဲ့ဒီမိန်းမလှလေးဟာ ရေစိုနေတဲ့အဝတ်အစားတွေနဲ့ ထွက်ပြီးလာယူပါတယ်။အဲ့ဒီကနေ စကားစပ်မိရာက ကောင်မလေးအိမ်မှာရေပိုက်ပျက်နေတယ်ဆိုတာကို သိလိုက်ရသလို ရင်ဂိုက သူရေပိုက် ကောင်းကောင်းပြင်တတ်တဲ့အကြောင်းပြောရင်း အိမ်ထဲဝင်လိုက်မိတဲ့အခါ...။ ရင်ဂို့ဇနီးသည်ဟာ ကိုယ်ဝန်ဆောင်ဖြစ်တဲ့အတွက် သူ့မှာ တစ်ပိုင်းတစ်စနဲ့မပြီးပြတ်လိုက်တဲ့ဆန္ဒတွေရှိပါတယ်၊အသက်ချင်းထက်ဝက်လောက်ကွာတဲ့သင်းအုပ်ဆရာကို အလိုဖြည့်ရုံသက်သက် ဆက်ဆံရရှာတဲ့ ကောင်မလေးမှာလဲ ဒီလိုထပ်တူအားမလိုအားမရဖြစ်မှုတွေ ကိန်းအောင်းနေတဲ့အတွက် သူတို့နှစ်ယောက်ဟာ..။ ထုံးစံအတိုင်း မိသားစုနဲ့ကြည့်မရတဲ့ အခန်းတွေ အများကြီးပါဝင်ပါတယ်။ ဒါတွေကို အသားပေးဆိုပေမယ့် နောက်ခံဇာတ်လမ်း၊ လှည့်ကွက်၊ အစရှိတာတွေကလဲ အပြစ်ပြောစရာမရှိသလောက် ကောင်းမွန်တဲ့အချစ်ဇာတ်ကြမ်းကားသစ်တစ်ကားဖြစ်ပါတယ်။ File size…(1.2 GB)/(570 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

Drama • Thriller
7 2022 108 mins
Siklo
The Equalizer 2
6.7

ကွန်မန်ဒိုဟောင်းရောဘတ် မက်ကောလ်ဟာ မက်ဆာချူး ဆက်မြို့ပြင်မှာ အိမ်ခန်းငှားနေ ရင်း Lyft ကုမ္ပဏီမှာ ဒရိုင်ဘာ လုပ်ပြီး ဘဝကို အေးအေးချမ်း ချမ်း ဖြတ်သန်းနေခဲ့ပါတယ်။ မက် ကောလ်ရဲ့ကားကို ပုံမှန်စီးနေတဲ့ ဆမ်ရက်ဘင်စတိန်းက သူ့ညီမရဲ့ ပန်းချီကားကို လိုက်ရှာချင်တဲ့ အကြောင်း ပြောခဲ့ပါတယ်။ ဆမ် က ဂျူးလူမျိုးတွေ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုကနေ လွတ်မြောက်လာသူဖြစ် ပြီးကွဲကွာနေ တဲ့ သူ့ညီမဖြစ်သူကို ရှာချင်နေ တာပါ။ အဲဒါနဲ့ မက်ကောလ်ဟာ စီအိုင်အေက သူ့သူငယ်ချင်း ဆူ ဇန်ကို ပန်းချီတွေနဲ့ပတ်သက်ပြီး စုံစမ်းပေးဖို့ အကူအညီတောင်းခဲ့ ပါတယ်။ တစ်ရက်မှာတော့ ဘရပ် ဆဲလ်က တိုက်ခန်းတစ်ခုမှာ လူ သေမှုဖြစ်တဲ့အတွက် စီအိုင်အေ က မက်ကောလ်ရဲ့ လုပ်ဖော်ကိုင် ဖက်ဟောင်း ဒေ့ဗ်နဲ့ ဆူဇန်တို့ သွားစုံစမ်းခဲ့ကြပါတယ်။ အဲဒီက နေ ဟိုတယ်အပြန်မှာတော့ ဆူဇန်ကို လူနှစ်ယောက်က တိုက်ခိုက်ခဲ့ ပြီး ဆူဇန်သေဆုံးခဲ့ပါတယ်။ ဆူဇန်သေဆုံးမှုနဲ့ပတ်သက် နေသူတစ်ယောက်ဟာ မက် ကောလ်ရဲ့ကားမှာ ခရီးသည်အ သွင်ဆောင် လိုက်ပါစီးနင်းခဲ့ပြီး မက်ကောလ်ကို လုပ်ကြံဖို့ ကြိုး ပမ်းတဲ့အတွက် မက်ကောလ်နဲ့ အသေအလဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလူရဲ့ ပစ္စည်းတွေကို ရှာဖွေ စစ်ဆေးကြည့်ရင်း ဒေ့ဗ်နဲ့ နောက်ဆုံးဖုန်းအဆက်အသွယ်လုပ်ထား တယ်ဆိုတာ တွေ့ခဲ့ပါတယ်။ အဲဒါနဲ့ မက်ကောလ်က ဆူ ဆန်သေဆုံးမှုဟာ ဒေ့ဗ်နဲ့ပတ် သက်နေတယ်ဆိုတာ သေချာ သလောက်ဖြစ်နေပြီမို့ ဒေ့ဗ်ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံခဲ့ပါတယ်။ နောက်တော့ အပြင်ရောက်နေတဲ့ စီအိုင်အေအဖွဲ့ဝင်ဟောင်းတွေနဲ့ မက်ကောလ်ချိတ်ဆက်ပြီး ဒေ့ဗ်နဲ့ ပတ်သက်တာတွေ ဖော်ထုတ်ဖို့ လုပ်ခဲ့ပါတယ်။ ဒေ့ဗ်ကလည်း ခေသူတစ် ယောက်မဟုတ်တာမို့ မက် ကောလ်ကိုပါ အပြတ်ရှင်းဖို့လုပ် တဲ့အခါမှာ နှစ်ယောက်သား ထိပ် တိုက်တွေ့ပြီး ဘာတွေဆက်ဖြစ် မှာလဲ၊ ဆူဇန်က ဘာတွေသိထား လို့ အပြတ်ရှင်းခံရတာလဲ၊ မက် ကောလ်တစ်ယောက် ဆူဇန်အ တွက် ဘယ်လိုတွေ လက်တုံ့ပြန် မလဲဆိုတာတော့ အမိုက်စား အက်ရှင်ဇာတ်ကွက်တွေနဲ့အတူ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ဒန်ဇဲလ်ဝါ ရှင်တန်၊ ပတ်ဒရိုပက်စ်ကယ်၊ မလစ်ဆာလီယို၊ အက်ရှ်တန်ဆန် ဒါစ်၊ ဘီလ်ပူးလ်မန်း၊ ဆက်ကီနာ ဂျက်ဖရီ၊ ဂျိုနသန်စကာ့ဖ်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : 2.0 GB Quality : Blu-Ray 1080p 5.1 CH x264 Running Time : 2h 01min Format : Mp4 Genre : Action , Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-FGT Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Action & Adventure • Crime • Drama • Mystery
6.7 2018 121 mins
The Equalizer 2
Are You There God? It’s Me, Margaret.
7.8

Are You There God? It’s Me, Margaret. (2023) ~ IMDb – 7.8/10, Rotten Tomatoes – 99% ~ ဒီရုပ်ရှင်လေးကတော့ Anne with an E လိုမျိုး မြီးကောင်ပေါက်လေးတွေရဲ့ ခံစားချက်နဲ့ ဇာတ်လမ်းလေးတွေကို ချစ်စရာရိုက်ကူးထားတဲ့ Coming of Age အမျိုးအစားပါပဲ။ ဒီနာမည်နဲ့ပဲ မူရင်းဝတ္ထုဟာ 1970 မှာ စာရေးဆရာ Judy Blume ကရေးသားခဲ့ပြီး ၁၉၂၃ နောက်ပိုင်း အကောင်းဆုံး စာအုပ် ၁၀၀ ထဲမှာ အပါအဝင်အဖြစ် တိုင်းမ်မဂ္ဂဇင်းက ၂၀၁၀မှာဖော်ပြခဲ့ပါတယ်။ ကလေးတွေအတွက် အကောင်းဆုံး စာအုပ် ၁၀၀ စာရင်းထဲမှာလည်း အပါအဝင်ပါပဲ။ ဒီဝတ္ထုကိုပဲ ခြေခံပြီး ဒါရိုက်တာ Kelly Fremon Craig က ဇာတ်ညွန်းခွဲ ရိုက်ကူးခဲ့တာပါ။ အဓိကမင်းသမီးလေး မာဂရက် အဖြစ် Ant-Man ရဲ့သမီး ကတ်ဆီ ငယ်ငယ်တုန်းက နေရာက‌နေ ပါဝင်ခဲ့တဲ့ Abby Ryder Fortson က သရုပ်‌ဆောင်ထားသလို မာဂရက်ရဲ့ မိခင်နေရာကတော့ ဒေါက်တာစထရိန့်ရဲ့ အချစ်ဆုံး ခရစ္စတင်းဖြစ်ခဲ့တဲ့ Rachel McAdams ပါ။ မာဂရက်ရဲ့ သူငယ်ချင်း နန်စီကတော့ Stranger Things ထဲက ရဲမှူးကြီးရဲ့ သမီးဖြစ်ခဲ့တဲ့ Elle Graham ပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ မာဂရက်ဟာ ဂျူးအဖေ ခရစ်ယာန်အမေကနေ မွေးဖွားလာသူဖြစ်ပြီး မိဘတွေက ဘာသာမဲ့အဖြစ်ပဲထားထားပြီး အရွယ်ရောက်လာမှ ကိုယ်ပိုင်ဘာသာရွေးချယ်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရားတွေကို သူ့ဘာသာ လေ့လာဆဲ စဉ်းစားဆဲပါပဲ။ သူတို့မိသားစု နယူးယောက်ကနေ နယူးဂျာဆီကို ပြောင်းလာပြီး ၆ တန်းမှာ ရွယ်တူ သူငယ်ချင်းတွေနဲ့ မိန်းကလေး ယောက်ျားလေးသဘာဝ ချစ်စရာ ဖြစ်ပျက်ပုံလေးတွေကို အခြေခံထားတာပါ။ ရင်သားတွေကြီးလာဖို့၊ ဘရာတွေအကြောင်းပြောဖို့၊ ဓမ္မတာလာတာရဲ့ ထူးဆန်းမှုတွေ၊ ကောင်လေးတွေအကြောင်းတွေ စသဖြင့် ကလေးဘဝကနေ အရွယ်ရောက်လာတဲ့မိန်းကလေးတွေရဲ့ အတွေးတွေနဲ့ စူးစမ်းမှုလေးတွေကို ပြထားတာမို့ မြီးကောင်ပေါက်ရုပ်ရှင်ကောင်းလေးတစ်ခုအဖြစ် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 46Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

7.8 2023 107 mins
Are You There God? It’s Me, Margaret.
The Passion of the Christ
7.2

The Passion of the Christ (2004) ~ IMDb – 7.2/10, Rotten Tomatoes – 49% ~ ခရစ်တော်တို့ မယ်တော်မေရီတို့အကြောင်းဇာတ်ကားတွေ သမ္မာကျမ်းစာလာကားတွေကို ရိုက်ရတယ်ဆိုတာ အင်မတန်အန္တရာယ်ကြီးတဲ့အလုပ်ပါပဲ။ လူပေါင်းမြောက်များစွာ လုပ်ခဲ့ကြပေမဲ့ နာမည်ကြီးဒါရိုက်တာကြီးတွေတောင် အောင်မြင်တစ်လှည့် ရှုံးတစ်လှည့်နဲ့ပေါ့။ ဒီတစ်ခါ “The Passion of the Christ” ဆိုတဲ့ ဇာတ်ကားကိုတော့ Mel Gibson က ရိုက်ထားတယ်။ ဂစ်ဆင်ကိုတော်တော်များများ မင်းသားအနေနဲ့ ပိုသိကြမှာပါ။ ဒါပေမဲ့ သူလည်း သရုပ်ဆောင်သက်တမ်းမနည်းသလို ဒါရိုက်တာသက်တမ်းလည်း အတော်တော့ရှိနေပါပြီ။ Braveheart လို ဂန္ထဝင်တွင်တဲ့ကားတွေ၊ Hacksaw Ridge နဲ့ Apocalypto တို့လို တကယ့်ကားကောင်းတွေရိုက်ခဲ့သလို အခုရုပ်ရှင် The Passion of the Christ ကိုလည်း IMDB rating မှာ 7.2 ရထားတဲ့အပြင် ဆုပေါင်း ၃၀ ကျော် ဆွတ်ခူးထားနိုင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့လည်း တကယ်မခေတဲ့သူပါပဲ။ ခေါင်းစဉ်အတိုင်း ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲမှာတဲ့ “Jesus Christ” သခင်ယေရှုအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပေမဲ့ သခင်ယေရှုသက်တော်စဉ်ဖြစ်တဲ့ ဘဝတစ်ခုလုံးအကြောင်းရိုက်ပြထားတာပဲမဟုတ်ဘဲ “The Last Supper” လို့ နာမည်ကြီးတဲ့ နောက်ဆုံးညစာစားပွဲပြီး နောက်တစ်နေ့နံနက်အချိန် သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ် ကားစင်တင်သတ်မခံရခင် ၁၂ နာရီကာလကို အသေးစိတ်ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ခရစ်တော်အကြောင်းရိုက်တဲ့ကားတွေထဲကမှ ဒီကားကတော့ ထူးထူးခြားခြား အချိန်တိုလေးကို သုံးပြီး ရိုက်ကူးထားတာဖြစ်လို့ အန္တရာယ်ပိုကြီးမှာပေမဲ့ Mel Gibson ကတော့ ကောင်းကောင်းကြီး ပုံဖော်သွားခဲ့နိုင်တယ်ပဲ ပြောရပါမယ်။ ~ ဇာတ်လမ်းအကျဉ်း ~ သခင်ယေရှုဟာ သူရဲ့သာဝက ၁၂ ပါးနဲ့ ပွဲတော်စားပြီးတဲ့အချိန်မှာ နောက်တစ်နေ့မနက် အသတ်ခံရတော့မှာကိုသိတဲ့အတွက် ဂေသရှေမန်ဥယျာဉ်ထဲမှာ ခမည်းတော် အဘဘုရားဆီဆုတောင်းဖို့သွားခဲ့ပါတယ်။ ဆုတောင်းအပြီးမကြာခင်မှာပဲ ရောမရဲမက်တစ်သိုက်နဲ့အတူ သခင်ယေရှုကို ဖာရိရှဲလို့ခေါ်တဲ့ ထိုခေတ်အခါက ကျမ်းတတ်ပုဂ္ဂိုလ်ဆိုတဲ့လူတွေဆီ ငွေအသပြာ သုံးဆယ်နဲ့ရောင်းစားခဲ့တဲ့ သခင်ယေရှုရဲ့တပည့်တော် ၁၂ ပါးထဲမှ သခင်ယေရှုကိုသစ္စာဖောက်ခဲ့တဲ့ ယုဒရှကာရုတ်ဆိုတဲ့ တပည့်တော်လည်းပါပါတယ်။ ဒီလိုအကြောင်းဖန်လာတာကတော့ ဖာရိရှဲတို့က သခင်ယေရှုကို မှားယွင်းတဲ့ဩဝါဒဖြန့်သူ၊ မဟုတ်မမှန်ဘဲ ဘုရားသားလို့ မိမိကိုယ်ကိုခေါ်ဝေါ်သမုတ်သူဖြစ်တယ်ဆိုပြီး ရဲမက်တွေကိုဖမ်းဆီးခိုင်းလိုက်လို့ပဲဖြစ်ပါတယ်။ ယေရုရှလင်(ဂျေရုဆလင်)မြို့ရဲ့ တရားစိုးမိုးမှုအောက်မှာရှိနေတဲ့ သခင်ယေရှုက နောက်ဆုံးမှာ ဘယ်လိုမျိုးကားစင်တင်သတ်ခံသွားရမလဲဆိုတာကို ဒီဇာတ်ကားထဲမှာရှုမြင်ခံစားကြရမှာပဲဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲက သခင်ယေရှုလက်ဝါးကပ်တိုင်ပေါ်မှာ ကားစင်တင်သတ်ခံရပုံကို သမ္မာကျမ်းစာထဲကအတိုင်း တိကျသေသပ်အောင် ရိုက်ကူးထားနိုင်ခဲ့ရုံတင်မကဘဲ ခရစ်ယာန်တွေရဲ့ နာမည်ကြီးထုံးတမ်းစဉ်လာတွေဖြစ်ကြတဲ့ “ပွဲတော်စားခြင်း”၊ သခင်ယေရှုရဲ့ ငယ်ဘဝအကျဉ်း၊ ကျမ်းတတ်ပေမဲ့လည်း သမာသမတ်မကျတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲတွေရဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားနိုင်ခဲ့ပါတယ်။ လာမယ့် 2024~2025 မှာလည်း ဒီဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ကောင်းကင်ပေါ်ပြန်မကြွခင်ကာလအကြောင်းဇာတ်ကားကို Mel Gibson ကပဲ ဒါရိုက်တာအနေနဲ့ တာဝန်ယူရိုက်ကူးဦးမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – (8 GB)/ (2.7 GB)/(1.4 GB) Quality – BluRay 4K HEVC /1080p/ 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 7Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

7.2 2004 127 mins
The Passion of the Christ
Good Grief
6.4

Good Grief (2023) ~ IMDb – 6.4/10, RT – 78%, Meta – 60% ~ Schitt’s Creek Sitcom နဲ့ နာမည်စရလာခဲ့သလို Schitt’s Creek ရဲ့နောက်ဆုံးစီဆန်ကိုလည်း ကိုယ်တိုင်ရေးသား ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ Emmy လေးဆုပိုင်ရှင် Dan Levy ကိုယ်တိုင် ရေးသား ရိုက်ကူး သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Dan Levy ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဟုတ်တယ်။ Rotten Tomatoes – 78% ရထားတော့ ပွဲဦးထွက်အနေနဲ့ဆို အရည်အချင်းရှိတယ်ပြောရမှာပါပဲ။ နက်ဖလစ်ကနေ ဖြန့်ပေးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်ကတော့ လိင်တူအချစ်ကို Focus ထားပြသလိုပြနေရင်းက သူငယ်ချင်းတစ်အုပ်ကြားကအချစ်ကို Focus ထားပြထားတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ မက်ဆိုတဲ့ ဂေးတစ်ယောက်ရှိတယ်။ သူက ပန်းချီဆွဲတဲ့အလုပ်လုပ်တယ်။ ပြောရရင်သရုပ်ဖော်ပုံဆွဲတာပေါ့။ စာအုပ်အဖုံးတို့ ပုံပြင်တို့ကိုဆွဲတာများတယ်။ သူ့ယောက်ျားကတော့ နာမည်ကျော် စာရေးဆရာ။ သူ့ယောက်ျားစာအုပ်တွေကိုလည်း သူပဲ သရုပ်ဖော်ပုံဆွဲတာ။ သူတို့လင်ယောက်ျားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေလာခဲ့တာကြာပြီ။ သူတို့အိမ်လေးကလည်း ပါတီတွေ သူငယ်ချင်းတွေနဲ့သာယာနေခဲ့တယ်။ ဒီလိုနဲ့ အပျော်တွေမကုန်ခင် တစ်နေ့မှာ သူ့ယောက်ျားဆုံးသွားတယ်။ ဘဝမှာ သူ့ယောက်ျားကိုပဲကြည့်ရင်း နေလာခဲ့တဲ့လူတစ်ယောက်ဟာ သူ့ယောက်ျားမရှိတော့တဲ့နောက် သူ့ယောက်ျားနဲ့အတူနေခဲ့တဲ့ အိမ်ကြီးထဲ တစ်ကိုယ်တည်း ရှင်သန်ရဖို့ဖြစ်လာတယ်။ သူ့သူငယ်ချင်းတွေက သူတို့ဘဝရဲ့ တစ်နှစ်တာအချိန်ကို အကုန်ခံပြီး သူ့ကိုအားပေးဖို့ သူနဲ့အတူလာနေပေးကြတယ်။ တစ်နှစ်ပြည့်ပြီးတဲ့နောက် သူ့ယောက်ျားချန်ထားခဲ့တဲ့စာကို ဖောက်ဖတ်ဖို့ သတ္တိရှိလာတဲ့အချိန် ဒီစာဟာ သူ့ဘဝကို ဘယ်လိုရိုက်ခတ်သွားခဲ့သလဲ… သူ့သူငယ်ချင်းတွေနဲ့သူ့ဆက်ဆံရေးက ဘာဖြစ်သွားမလဲ… ကျွန်တော်တို့မြင်ရလိမ့်မယ်။ ဆိုခဲ့သလို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းကနေ သူငယ်ချင်းတွေအကြောင်းဖြစ်သွားတဲ့ရုပ်ရှင်ပါပဲ။ ခင်မင်မှုရဲ့ ခွင့်လွှတ်ခြင်း လှပခြင်းတွေကို တစိမ့်စိမ့်ကြည့်ရလိမ့်မယ်။ ဒီလိုကားမျိုးတွေက သရုပ်ဆောင်ကောင်းရင်ကောင်းသလောက် ပိုတာသွားတတ်သလို Dan Levy, Luke Evans, Emma Corrin, Passing (2021) ထဲက အဓိကဇာတ်ကောင်ဖြစ်ခဲ့တဲ့ မင်းသမီးဇာတ်ဆောင်အော်စကာဆု ဆန်ခါတင်ဖူးခဲ့တဲ့ Ruth Negga, Yesterday (2019)ထဲက မင်းသား Himesh Patel တို့လို သရုပ်ဆောင်ကောင်းတဲ့ ဆရာကြီးတွေချည်း သရုပ်ဆောင်ထားတာမို့ ကြည့်ရတာတော့ ရှယ်တန်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 665MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.4 2023 101 mins
Good Grief
My Father Is A Hero
6.6

1995ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Jet Li ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jet Li ရဲ့ပရိသတ်တွေကိုတော့ ဇာတ်ကားအကြောင်း သိပ်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကုံဝေ့ဟာတရုတ်ပြည်မကြီးက ရဲဘက်ကသူလျှိုတစ်ယောက်ဖြစ်တယ်။ အလုပ်ကြောင့် မိန်းမနဲ့ကလေးကိုအချိန်မပေးနိုင်ခဲ့ဘူး။ ကိုယ်ခံပညာတော်ပြီး အရမ်းသိတတ်တဲ့သားနဲ့ ရောဂါသည်ဇနီးကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး။ ဇနီးသည်ကရောဂါကြောင့်သူ့ကိုလိုအပ်နေချိန်မှာ သူက အရေးကြီးတဲ့အမှုတစ်မှုအတွက် ရာဇဝတ်သားယောင်ဆောင်ပြီး ဟောင်ကောင်မှာ သူလျှိုသွားလုပ်နေခဲ့ရတယ်။ ရှေးဟောင်းပစ္စည်းမှောင်ခိုရောင်းတဲ့လူဆိုးတွေကို သားအဖနှစ်ယောက် အပီတွယ်မယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။

6.6 1995
My Father Is A Hero
Wishes of the Blue Girl
6.3

ဒီဇာတ်လမ်းလေးရဲ့ ဇာတ်အိမ်ကတော့ နည်းနည်းထူးဆန်းတယ်လို့ပြောရမယ် ကောင်မလေးတစ်ယောက်က တစ်ခုခုကိုကြောက်ပြီး အိမ်ထဲမှာပဲပုန်းနေခဲ့တာ သူငယ်ချင်းတွေ အိမ်ကလူတွေကိုလည်း မဆက်သွယ်ခဲ့ဘူး အစကဒီကားကိုtime travelကားလို့ ထင်ခဲ့တာတကယ်ကမဟုတ်ပါဘူး နည်းနည်း Psychoဘက်ရောက်တယ်လို့ပြောရမှာပေါ့ Horroလို့လည်းပြောလို့ရမယ် တစ်စိမ့်စိမ့်ကြည့်ပြီးကျောချမ်းစေမယ့်ကားမျိုးပေါ့ Horror Psychoအမျိုးစားကြိုက်တဲ့လူမျိုးတွေအတွက်ဆို တကယ်သင့်တော်မဲ့ကားမျိုးမလို့ ကြည့်ရှုပေးကြပါဦးရှင့် File size…(1 GB)/(660 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:13:00 Genre… Psychological Horror, Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

6.3 2024
Wishes of the Blue Girl
Kudumbasthan
7

Kudumbasthan (2025)”အိမ်ထောင်ဦးစီး” \================================ အသစ်ထွက်ထားတဲ့ တမီလ်စကားပြော မိသားစုဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇတ်လမ်းကတော့ ဇာတ်မြင့်ကောင်လေး နာဗင်းန်နဲ့ ဇာတ်နိမ့်ကောင်မလေးဗန်နီလာကို ကောင်လေးရဲ့သူငယ်ချင်း ယစ်ထုပ်ကြီးတွေက မိဘသဘောမတူဘဲ လက်ထပ်ပေးလိုက်ရာကနေစပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါ နာဗင်းန်ရဲ့မိဘတွေအိမ်မှာနေကြပါတယ်။ ဒါပေမဲ့ နာဗင်းန်ရဲ့အမေက ယောက္ခမအများစုရဲ့ထုံးစံ ချွေးမဖြစ်တဲ့ ဗန်နီလာကို ကြည့်မရပါဘူး။ အဲဒီလို မိန်းမနဲ့ အမေကြား လိုက်ညှိပေးရင်းဗျာများနေတဲ့အပြင် အစ်မရဲ့ယောက်ျားဖြစ်တဲ့ ယောက်ဖဖြစ်သူနဲ့လည်း မတည့်တဲ့နာဗင်းန်ဟာ အလုပ်မှာပါပြဿနာတက်ပြီး အလုပ်ပြုတ်သွားတဲ့အချိန် ဖိအားပေါင်းစုံခံစားရပုံကို တမင်ရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတဲ့ မိသားစုဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

TV Movie • Drama • Romance
7 2025 153 mins
Kudumbasthan