YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Pink.Lie.S01E03.Two.Lies.Have.Entered.the.House.1080p.CM.mp4

1.43 GB N/A video/mp4 122 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Warrant: Breaker's Law
4

MDB 5.5/10 April 18ရက်နေ့ကမှ စတင်ထွက်ရှိလာခဲ့တဲ့ ဒီကားဟာဆိုရင်ဖြင့် အက်ရှင် costume drama အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ Dermot Mulroney, Neal McDonough, Bruce Boxleitner, Amy Hargreavesတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဓိက ဇာတ်ဆောင်ဖြစ်သူ ဂျွန်ဘရိတ်ကာက သူ့ဖမ်းမိထားတဲ့ ဒက်ဒ်အိုင်းဆိုတဲ့ လူကို နိုင်ငံကိုဖြတ်ပြီး ပို့ပေးရမှာဖြစ်တယ်။ ဒါပေမယ့်အဲ့မြို့ကလေးကိုရောက်သွားတဲ့အခါမှာ အဲ့မြို့မှာ သောင်းကျန်း ဆူပူပြီး မြို့ထဲက ရှိသမျှ လူတိုင်းကို သတ်ဖြတ်ရမ်းကားနေတဲ့ ဂိုဏ်းတစ်ခိုင်းကို သူတို့ကနေပြီးတော့ ဘယ်လိုတွေရင်ဆိုင်ပြီး‌တော့ကာကွယ်သွားမလဲဆိုတာကိုရိုက်ပြသွားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် ကောင်းဘွိုင်းခေတ်မှာ ဇာတ်အိမ်တည်ထားတာမို့ အဲ့ခေတ်ကဇာတ်လမ်းကို ကြည့်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့‌ဆို အရမ်းကိုနှစ်သက်မှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(930 MB)/(470 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Thriller, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Action & Adventure • Drama • Sci-Fi & Fantasy
4 2023 90 mins
The Warrant: Breaker's Law
Doubt
7.2

John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ရင်ထဲရောက်စေမှာပါ။ တွေးစရာတွေလည်း အများကြီးပေးမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ခံစားကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်။ File size…(1.8 GB)/(860 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Drama • War
7.2 2008 104 mins
Doubt
Deep Blue Sea
6

ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ အဆုံးသတ်နားနီးတော့မှ ဇာတ်လိုက်က ဒီကားနာမည် Deep Blue Seaကို ညွှန်းလိုက်တဲ့စကားတစ်ခွန်းကြောင့် ခံစားရတဲ့ ရသလည်း အသစ်ပြောင်းသွားရပါတယ်။ ပြောရရင် ရှုထောင့်ပြောင်းပြီး မြင်လာတဲ့ အမြင်သစ်တစ်ခု ရသွားတာပေါ့လေ။ Alzheimer's diseaseဆိုတာ လူတွေမှာ အဖြစ်အများဆုံး ဦးနှောက်ရောဂါတစ်ခုပါ။ မှတ်ဉာဏ်တွေ မေ့ပျောက်ကုန်တဲ့ရောဂါတစ်မျိုးပါပဲ။ သူငယ်ပြန်တာမျိုးလည်း မဟုတ်ဘဲ ကြာလေလေ ဘာကိုမှ မမှတ်တော့လောက်အောင် ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာမျိုးပါ။ အဲဒီရောဂါနဲ့သူ့မိဘတွေ ကွယ်လွန်သွားရလို့ အခဲမကျေဖြစ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ အယ်လ်ဇိုင်းမားရောဂါ ကုထုံးသစ်အတွက် သုတေသနလုပ်နေပါတယ်။ သူလုပ်နေတဲ့ သုတေသနဌာနက ဒုတိယကမ္ဘာစစ်လက်ကျန် ရေငုပ်သင်္ဘောတွေ ဆီဖြည့်တဲ့ စခန်းဟောင်းတစ်ခုကို ပြုပြင်ပြီး လုပ်ထားတာပါ။ ဘာလို့ အဲဒီနေရာကိုမှ သွားလုပ်ရသလဲဆိုရင် သူတို့ စမ်းသပ်နေတဲ့ဆေးကုထုံးက ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ပတ်သက်နေလို့ပါပဲ။ ငါးမန်းတစ်ကောင်ရဲ့ဦးနှောက်ကို ပုံမှန်ထက်ငါးဆလောက်ကြီးလာအောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီငါးမန်းရဲ့ဦးနှောက်ထဲကို အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ဦးနှောက်ဆဲလ်တွေ မြှုပ်နှံထားပြီးတော့ ရလဒ်တွေကို သုတေသနပြုနေကြတာပါ။ စမ်းသပ်ချက်က အောင်မြင်ပါတယ်။ ငါးမန်းဦးနှောက်ရဲ့ ပရိုတင်းဆဲလ်တွေက အယ်လ်ဇိုင်းမားလူနာရဲ့ ဦးနှောက်ဆဲလ်တွေ ပြန်အလုပ်လုပ်လာအောင် ဓာတ်ပြုပေးလိုက်ပါတယ်။ ဒါပေမဲ့ ထည့်တွက်မထားမိတဲ့တစ်ချက်က စမ်းသပ်ခံငါးမန်းတွေဟာ သူတို့ရဲ့ဦးနှောက် ငါးဆကြီးထွားလာတာနဲ့အတူ သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကပါ အလွန်မြင့်မားလာကြတော့တာပါပဲ။ လေးဆယ့်ငါးပေအရှည်ရှိပြီး အလေးချိန် ပေါင် ရှစ်ထောင်လောက်လေးတဲ့ အင်မတန်ဉာဏ်ရည်မြင့်မားနေတဲ့ ငါးမန်းပြာတစ်ကောင် ဘာကိုစဉ်းစားမိမလဲ။ သူ ဘာလိုချင်မှာလဲ။ အဲဒါဟာ အစမှာ ကျွန်တော်ပြောခဲ့တဲ့ ရှုထောင့် အလှည့်အပြောင်းလေးပါပဲ။ ဇာတ်လမ်းအရတော့ ထူးထူးခြားခြားမရှိပေမယ့် တစ်ကားလုံး ပျင်းရတဲ့အချိန်မရှိလောက်အောင် ကြည့်ရှုသူကို ဆွဲခေါ်သွားမှာပါ။ ရယ်ရမှာလိုလို မရယ်ရဘူးလိုလိုအကွက်တွေလည်း ပါပါသေးတယ်။ Samuel L. Jacksonကတော့ ဒီဇာတ်ကားထဲမှာ သိပ်မဆဲလိုက်ရရှာပါဘူး။ အဆိုတော် သရုပ်ဆောင် LL Cool J လည်းပဲ ပါဝင်ထားပါသေးတယ်။ မင်းသမီး Saffron Burrows ကတော့ Troy ရုပ်ရှင်ဇာတ်ကားထဲမှာ သူရဲကောင်း Hector ရဲ့ဇနီးနေရာက ပါဝင်သရုပ်ဆောင်ခဲ့တာ မှတ်မိကြပါလိမ့်မယ်။ ကြည့်ရှုခံစားကြပါစို့။ File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:45:00 Genre...Action / Adventure /  Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

Action • Adventure • Comedy • Horror
6 1999 105 mins
Deep Blue Sea
Love 101

ဂင်မ်ချီမြေက “ဦး” တွေကိုပဲငမ်းနေကြတဲ့ ယူတို့တွေ သင်္ဘောသီးထောင်းမြေက “ဦး” ကိုရော ပြောင်းမငမ်းချင်ကြဘူးလား ? လက်ရှိမှာ တပ်ကြပ်ရာထူးနဲ့တာဝန်ထမ်းဆောင်နေပြီး မနက်မိုးလင်းတာနဲ့အလုပ်ခွင်ဝင် ညနေအိမ်ပြန်ရောက်ရင် အနားယူ .. အိပ် .. နေ့စဥ်နေ့တိုင်း ဘဝကို ဒီလိုပျင်းစရာကောင်းအောင်ဖြတ်သန်းနေရတဲ့ “ဒန်း” ဘဝထဲကို တစ်နေ့မှာတော့မြားနတ်မောင်ကြီးရဲ့ကူညီစောင်မမှုနဲ့ အထက်တန်းကျောင်းသူအရွယ် “ဖတ်” ရောက်လာခဲ့တယ်။ မြင်မြင်ချင်းအချစ်လို့ပဲပြောရမလား အသက် ၃၀ ကျော်ကွာပြီး အဖေ့ထက်တောင်အသက်ကြီးတဲ့ “ဒန်း” ကို တခြားသူတွေက “ခွေးချီးရုပ်, ဂြိုဟ်သားရုပ်, ဖားကိုပြုတ်ထားတဲ့ရုပ်” အမျိုးမျိုးဝေဖန်ကြပေမယ့် “ဖတ်” မျက်လုံးထဲမှာတော့ “ဦး” က ရိုးရိုးလေးနဲ့ခန့်နေခဲ့တာပေါ့:) ဒီလိုနဲ့နှစ်ယောက်သား fall in love သွားကြပြီး နှစ်ယောက်ကြားအသက်ကွာဟမှုက များလွန်းတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ အတားအဆီးတွေအများကြီးနဲ့ “ဦး နဲ့ သမီး” ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲ .. “ဦး” အဖြစ် ထိုင်းဟာသကားပေါင်းများစွာရဲ့အဓိကဇာတ်လိုက်ကျော် “Phetthai Vongkumlao” နဲ့ “ဖတ်” အဖြစ် မင်းသမီးချောလေး “Daraphak Thawinun” က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 674MB | 332MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder .....August

Drama • Horror • TV Movie • Thriller
0 2022 90 mins
Love 101
Hanuman Shadow Master
7.3

ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်ကိန်းကို ရာမရဲ့ စစ်သူကြီး ဟာနုမန်က သေမင်းနတ်ဘုရားအနေနဲ့ အင်္ဂလိပ်လိုတွေပြောပြီးဝင်တားတဲ့ကားမျိုးဖြစ်လို့ နည်းနည်းတော့ကြောင်ပါတယ်။ ဒါပေမဲ့ Ong-bak ဆန်ဆန် အက်ရှင်တွေနဲ့ ပဟေဠိဆန်ဆန် ရိုက်ချက်တွေကြောင့် အပျော်ကြည့်အနေနဲ့တော့ အဆင်ပြေမယ့်ကားမို့ တင်ပေးလိုက်ပါတော့တယ်။ မင်းသားကတော့ စားစရာနေစရာမရှိလို့ ဆေးရုံပျက်တစ်ခုမှာ ညစောင့်ကင်းသမားလာလုပ်ရတဲ့သူပေါ့။ သူ့အတိတ်ကို ဆေးရုံမှာမှီခိုနေရတဲ့လူတွေကလည်းမသိကြဘူး။ ကြည့်တဲ့သူတွေပဲသိမှာပါ သူက ဂန်းစတားဟောင်းကြီး မွေ့ထိုင်းကျွမ်းတယ်ဘာညာပေါ့။ ဒါပေမဲ့ ဟာနုမန်နတ်ဘုရားက မြင်းသည်တော်လေးယောက်နဲ့ချဖို့ အသုံးချတာကိုခံလိုက်ရတဲ့အခါ ပိုပြီးကြမ်းလာပြီး နတ်ဆိုးတွေနဲ့ပါ ချနိုင်သွားတာပေါ့။ အဲတော့ ချကြတယ်ပေါ့။ ကြည့်ကြည့်လိုက်ပါ။

Documentary
7.3 2022 90 mins
Hanuman Shadow Master
Leprechaun

Leprechaun (1992) Friends ထဲက Rachel နေရာမှာ Jennifer Aniston ကို ဒီဇာတ်ကားကြည့်မိပြီး ရွေးလိုက်တာလို့ ထင်မိတယ်။ ဖေဖေ့ပိုက်ဆံနဲ့ လောကကြီးအကြောင်းဘာမှမသိ၊ လူမှုရေးနားမလည်ပေမဲ့ အမြင်ကပ်စရာမကောင်းဘဲ ချစ်စရာကောင်းနေဖို့က သူကလွဲပြီး တခြားသူတွေ လုပ်ဖို့ ခက်လိမ့်မယ်လို့ထင်ပါတယ်။ Friends ပရိသတ်တွေ ဒီကားကိုကြည့်ပြီး Jen ကိုထပ်ချစ်သွားမှာ အသေအချာပါပဲ။ လက်ပရာခွန်ဆိုတာကတော့ တိုက်ရိုက်ဘာသာပြန်ရင် လူသေးသေးလေးလို့ ပြောတာပါတဲ့။ ပုံပြင်တွေမှာတော့ သူက ဖိနပ်ချုပ်တဲ့သူ၊ ဦးထုပ်အဝိုင်းဆောင်းထားတဲ့ ကုတ်အင်္ကျီနဲ့ လူသေးသေးလေးလို့ ပြောကြပါတယ်။ သူ့မှာ ဖိနပ်ချုပ်တာကနေရတဲ့ ရွှေတွေ အိုးလိုက်ရှိတယ်ဆိုပဲ။ သက်တံ့ရဲ့အဆုံးမှာ သူ့ရွှေအိုးကို မြှုပ်ထားပါသတဲ့။ ကျွန်တော်တို့ဆီက လူနီလေးလိုမျိုးပဲ သူ့ကို နိုင်တယ်ဆိုရင် သူပိုင်ထားတဲ့ ရွှေအိုးကို ယူလို့ရတယ်တဲ့။ ပုံပြင်တွေထဲမှာတော့ လက်ပရာခွန်က အန္တရာယ်ပေးတတ်တယ်ဆိုတာမပါဘဲ ကျီစယ်တာသန်တဲ့ ရွှတ်နောက်နောက်ကောင်လေးတွေအဖြစ်နဲ့ ပုံဖော်ကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Horror ဆိုတဲ့အတိုင်းပဲ ဒီလက်ပရာခွန်က နောက်တာမဟုတ်ဘဲ တကယ်လုပ်တာပါ။ ရွှေပျောက်ရှာနေတဲ့ လက်ပရာခွန်ကို မမ Jen နဲ့ ဘော်ဒါတစ်သိုက် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ Comedy နည်းနည်းရောပြီး ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 885MB Quality – 1080p, 720p Format – mp4 Duration – 1H 32Min Genre – Comedy, Fantasy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Documentary • Action • Adventure
0 1992
Leprechaun
LOL
4.4

LOL (2012) ========== ဒီဇာတ်လမ်းက ကျောင်းဖွင့်ဖွင့်ချင်းမှာ သူ့ကောင်လေးဆီက ဖောက်ပြန်ခံရတာကိုသိပြီး အသည်းကွဲနေတဲ့ Lola နဲ့ သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်း Kyle ရဲ့ ကျောင်း သားအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီကားထဲမှာ ဆယ်ကျော် သက်အချစ်အပြင် အချင်းချင်းမရည်ရွယ်ဘဲ ပြဿနာတွေတက် ရင်း ပြန်ပြေလည်အောင်ဖြေရှင်းကြတဲ့ Lola နဲ့သူ့အမေတို့လို မိသားစုအချစ်ကိုလည်း ဖော်ကျူးထားပါတယ်။ Lola နေရာမှာ သရုပ်ဆောင်ထားသူကတော့ Miley Cyrus ပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Miley Cyrus ဖြစ်ပါတယ်) File Size……….(1.41 GB) / (552 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Miley Cyrus Encoder……….SWM

4.4 2012
LOL
Big Fish & Begonia
7

ပရိသတ်ကြီးတို့ကို တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး animation movie တွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Big Fish and Begonia လို့ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဲဒီထဲက Big Fish ဆိုတဲ့ ost ဟာ ဒီနေ့ဒီအချိန်အထိ တရုတ်ပြည်မှာ ရေပန်းအစားဆုံး သီချင်းတစ်ပုဒ်ဖြစ်နေတုန်းပါ။ ဒီဇာတ်ကားကို inspire ယူပြီး cosplay လုပ်တာတွေ performance လုပ်တာတွေ အခုထိ ရှိပါတယ်။ ရုံတင်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ရထားတဲ့ animation လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ချွင်လို့ခေါ်တဲ့ ကောင်မလေးနဲ့ သူ့ရွာကလူတွေက လူမဟုတ်သလို နတ်ဘုရားတွေလည်း မဟုတ်ကြပါဘူး။ သူတို့က သဘာဝတရားကြီးရဲ့ နိယာမတွေကို ထိန်းသိမ်းသူတွေဖြစ်ပြီးတော့ လူ့လောကမဟုတ်တဲ့ နေရာမှာ နေကြပါတယ်။ သူတို့လူမျိုးဆီမှာ ထုံးတမ်းတစ်ခုရှိပါတယ်။ အသက် ၁၆ နှစ်ပြည့်သူတိုင်းက လင်းပိုင်နီတွေအဖြစ်နဲ့ ဝဲကြီးကနေတစ်ဆင့် လူသားလောကကို ၇ ရက်တိတိ သွားလေ့လာခွင့် ရကြပါတယ်။ ချွင်ဆိုတဲ့ ကောင်မလေးကလည်း ၁၆ နှစ်ပြည့်ပြီမလို့ လင်းပိုင်နီလေးအဖြစ် လူ့လောကကို သွားရောက်လေ့လာတော့တာပေါ့။ လူ့လောကဘက်ကို စရောက်ချိန် ကမ်းစပ်နားမှာ လူသားမောင်နှမနှစ်ယောက်ကို ချွင် တွေ့ခဲ့တယ်။ ချွင်က လူသားကောင်လေးကို သဘောကျသလို ဖြစ်သွားတယ်။ ၇ ရက်မြောက်နေ့ အိမ်ကိုပြန်ရတော့ချိန်မှာ ချွင်ဟာ ဝဲကြီးထဲကို ပြန်မဝင်နိုင်ဘဲ ထောင်ချောက်မှာ ပိတ်မိခဲ့တယ်။ လူသားကောင်လေးဟာ မြင်သွားပြီးတော့ သူ့ကို ကယ်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူသားကောင်လေးက ချွင်ကိုကယ်တင်ရင်းနဲ့ ဆုံးသွားခဲ့ပါတယ်။ ချွင်ကတော့ သူ့အိမ်ကို ပြန်လာနိုင်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ချွင်ဟာ သူ့ကြောင့် တခြားလူ အသက်ဆုံးရှုံးသွားရတာ ဖြစ်တာမလို့ ပြန်ပြီးပေးဆပ်ချင်တယ်။ ဒါကြောင့် ချွင်ဟာ ဝိညာဉ်ထိန်းသိမ်းသူဆီသွားပြီး လူသားကောင်လေးကို အသက်ပြန်သွင်းဖို့ အပေးအယူလုပ်ဖို့ ကြိုးစားပါတော့တယ်။ လူသေတစ်ယောက်ကို အသက်သွင်းတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးပါ။ ဒါမျိုး လုပ်ရပ်ကို ကျူးလွန်မယ့် ချွင်ကြောင့် သူတို့ လူမျိုးစုအနေနဲ့ ဘာတွေကို ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူသားကောင်လေးကို လူ့လောကဆီ ပြန်လွှတ်ပေးမယ့် အစီအစဉ်အတွက် စိတ်ပါလက်ပါ ကူညီပေးမယ့် ချွင်ရဲ့သူငယ်ချင်းဖြစ်သူ ချိုးရဲ့ ပေးဆပ်မှုတွေကိုလည်း မျက်ရည်အဖြာဖြာနဲ့ ကြည့်ရှုရဦးမှာပါ။ ဒီဇာတ်ကားလေးအပေါ် ဘာသာပြန်သူရဲ့ ထင်မြင်ချက်ကိုပြောရရင်တော့ တစ်ခါတလေမှာ အချစ်ဆိုတဲ့ အရာက သိပ်ကိုဆန်းကြယ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုချစ်တဲ့သူကို မသိကျိုးကျွံပြုတတ်ကြပြီး ခက်ခဲတဲ့အချစ်ကိုမှ လိုချင်ကြတယ်ဆိုတာကို ဒီဇာတ်ကားလေးကနေတစ်ဆင့် တွေ့မြင်ရမှာပါ။ ဒါ့အပြင် လူတွေဟာ အချစ်ကြီးသွားတဲ့အခါ မပိုင်ဆိုင်ရလည်းဖြစ်တယ် သူ ပျော်ရင်ရပြီဆိုတဲ့ ရူးမိုက်မှုမျိုးတွေ လုပ်တတ်တာကိုပါ ဒီဇာတ်ကားလေးထဲမှာ ထည့်ပြပေးထားတာမလို့ အချစ်ရေးမှာ ဒုတိယလူဖြစ်ပြီး အရွေးမခံခဲ့ရတဲ့ ပရိသတ်ကြီးတို့အတွက် ကွက်တိဖြစ်စေမယ့် ဇာတ်ကားလေးဖြစ်တာမလို့ ကြည့်ရှုကြဖို့ recommend ပေးလိုက်ပါတယ်။ File size… 1.6 GB / 758MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Drama
7 2016
Big Fish & Begonia
Somante Krithavu
6

Somante Krithavu (2023) “လူ့ဂွစာ” IMDb – 6.0/10 စိမ်းစိုတဲ့ လယ်ယာရှုခင်းတွေနဲ့အတူ ကျေးလက်သဘာ၀ကို ဖော်ကျူးထားတဲ့ မလေယာလမ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆိုမန်ဆိုတာ စိုက်ပျိုးရေးအရာရှိလူပျိုကြီးတစ်ယောက်။ သဘာ၀တရားကြီးကို ချစ်မြတ်နိုးပြီး အော်ဂဲနစ်ဆိုတာကို ရူးသွပ်သူတစ်ယောက်။ အလိမ်အညာစကားမဆိုဘဲ အလုပ်ကိုရိုးသားကြိုးစားစွာနဲ့လုပ်ကိုင်နေသူတစ်ယောက်ဆိုလည်းဟုတ်။ သူတင်မကဘဲ သူ့မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ဓာတုဆေးပါတဲ့ အစားအသောက် အသုံးအဆောင်တွေကိုမသုံးစွဲဖို့ လိုက်တားမြစ်ပြီးဆုံးမနေတဲ့အတွက် တစ်ရွာလုံးနဲ့တစ်ယောက်ဆိုသလို သူ့ကိုအမြင်မကြည်ကြပါဘူး။ ဖြစ်ချင်တော့ သူ့သစ်တောရုံးက သစ်ပင်တစ်ပင်မှာ တင်ပါးဆုံပုံစံထွက်လာတာကို ကလေးတွေက နောက်ပြောင်ပြီး ဓာတ်ပုံရိုက်လိုက်ကြ အမျိုးသမီးတွေလည်းအဲဒါကိုကြည့်ပြီး ရှက်ကြတယ်ဆိုတော့ ရွာလူကြီးက ခုတ်ဖို့စီစဉ်ပါရော။ ဒီမှာပဲ ဆိုမန်တစ်ယောက် သစ်ပင်မခုတ်ဖို့အရေး အစာငတ်ခံဆန္ဒပြပါတော့တယ်။ ဒီလိုလူ့ဂွစာဖြစ်နေတဲ့ ဆိုမန်ရဲ့ ဘ၀ရှင်သန်ပုံကို ဟာသလေးနှောပြီးရိုက်ကူးတင်ဆက်ထားတာမို့ အပျော်သဘောနဲ့ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6 2023 121 mins
Somante Krithavu
The Present
5.7

ဒီကားလေးကတော့ ကလေးရှိတဲ့ မိဘတိုင်း ကြည့်ကိုကြည့်ရမဲ့ မိသားစု ဇာတ်လမ်းလေးပါ Eric နဲ့ Jennifer တို့ စုံတွဲဟာ နှင်းကျတဲ့ ညတစ်ညမှာ ပထမဆုံးဒိတ်ကျရင်း စံပြအိမိထောင် တစ်ခုကို ထူထောင်နိုင်ခဲ့ကြပါတယ်။ သူတို့မှာ လိမ္မာတဲ့ သမီးကြီး၊ ရော်ကာ သားလတ်ကလေးနဲ့ စကားမပြော အပြင်မထွက် အသားချင်းမထိချင်တဲ့ သားငယ်လေး Taylor ဆိုပြီး သားသမီး ၃ယောက် ရှိကြပါတယ်။ တစ်နေ့မှာတော့ ကလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်မဖြစ်ဘူးလို့ ကိုယ့်ကိုကိုယ် ယူဆထားတဲ့ Eric နဲ့ ကလေး ၃ယောက်မွေးထားလည်း လှနေသေးတဲ့ Jen တို့ဟာ single life ကို ပြန်သွားဖို့ရာ ကွာရှင်းကြမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ မိဘ ၂ပါး ကွာရှင်းမှာကို တားနိုင်ဖို့ မိသားစုလေး မပြိုကွဲရဖို့အရေး အောင်နှမ ၃ယောက်ဟာ အချိန် ခရီးသွားတာကို ၈၆ ကြိမ်တောင် ပြုလုပ်ခဲ့ကြပါသတဲ့။ ဒါပေမယ် အဆုံးမှာတော့ အချိန်ခရီးသွားခြင်းဟာ ဖြစ်ရပ်တွေကိုပဲ ပြောင်းနိုင်မှာ ဖြစ်ပြီး ခံစားချက်ခံယူချက်တွေကို ပြောင်းနိုင်မှာ မဟုတ်ကြောင်း သဘောပေါက်သွားကြပါတော့တယ် Taylor တို့ မိသားစုလေး ကွဲကြေသွားသလား ပေါင်းစည်းသွားကြသလားဆိုတာကို ကြည့်ရှုလိုက်ကြပါအုံး File size…(1.3 GB)/(740 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:26:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ladybug

5.7 2024 87 mins
The Present
Vanished into the Night
5.2

အခုဇာတ်ကားလေးကတော့ ဒရမ်မာအမျိုးအစားဖြစ်ပြီး အကြွေးတွေပတ်လည်ဝိုင်းနေပြီး မိန်းမနဲ့ပါ ကွာရှင်းဖို့ တရားရင်ဆိုင်နေရတဲ့ Pietro တစ်ယောက် မိန်းမဖြစ်သူ Elena မှ ခရီးသွားဖို့ ရှိတာကြောင့် ကလေးနှစ်ယောက်ကို Pietro ရဲ့အိမ်မှာ ထားခဲ့ရာ ကလေးနှစ်ယောက်လုံး ပြန်ပေးဆွဲခံလိုက်ရတယ်။ ပြန်ပေးသမားမှ ပြန်ပေးငွေတောင်းရာ Pietro တစ်ယောက် ကလေးတွေကို ကယ်တင်ဖို့ ငွေကို ဘယ်လိုရှာမလဲ၊ ကလေးတွေကိုရော အန္တရာယ်ကင်းကင်းနဲ့ ပြန်ပေးသမားလက်ထဲကနေ ပြန်ခေါ်နိုင်ပါ့မလား၊ ပြန်ပေးသမားကရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးလို့….. File size…(1.5 GB)/(820 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:32:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

5.2 2024
Vanished into the Night
Longlegs
7.1

အောက်ကားတွေပဲ ရိုက်နေရာကနေ နာမည်ပြန်ပြန်ရလာပြီဖြစ်တဲ့ နစ်ကလက်ကေ့ဂျ်ရဲ့ နောက်ဆုံးထွက် ဟော်ရာရုပ်ရှင်လာပါပြီ။ ဒီရုပ်ရှင်က အင်ဒီ ဟော်ရာရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး အဖြစ် သန်း ၁၀၀ ရပြီး စံချိန်တင်သွားခဲ့တာပါ။ ရုပ်ရှင်ရဲ့ ဘက်ဂျက်က ၁၀ သန်းတောင်မပြည့်ခဲ့ပါဘူး။ A24 ရဲ့ Talk To Me နဲ့ ၄၈ သန်းရခဲ့တဲ့ စံချိန်ကို နှစ်ဆ ချိုးသွားတာပါ။ Neon ကုမ္ပဏီက ဖြန့်ချီပေးခဲ့ပြီး နစ်ရဲ့ Saturn Films production company က ပရိုဂျူဆာအဖြစ် ပါဝင်ခဲ့တာပါ။ ဒါရိုက်တာကတော့ ဟော်ရာဒါရိုက်တာ Osgood Perkins ပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့ သဘာဝလွန် ဆိုက်ကို ဟော်ရာ အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း *************** အက်ဖ်ဘီအိုင် အေးဂျင့် လီဟာကာ ကို ကွင်းဆက်လူသတ်သမား တစ်ယောက်ကိုလိုက်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။ အဲဒီလူသတ်သမားက နှစ် ၃၀ အတွင်း မိသားစု ၁၀ စုကို သတ်ခဲ့တာပါ။ ဒါပေမဲ့ ပြဿနာက လူသတ်မှုတွေအားလုံးက မိသားစုဝင်အချင်းချင်း သတ်ပစ်ကြပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ အမှုတွေချည်းဖြစ်နေတာပါပဲ။ သူ့လက်ချက်ပါလို့ သိသာစေတဲ့ စာတစ်စောင်ချန်ခဲ့လို့သာ တရားခံရှိတယ်ဆိုတာသိရပြီး တရားခံဟာ အမှုဖြစ်ချိန်တိုင်းမှာ လူကိုယ်တိုင် ရှိမနေခဲ့ပါဘူး။ အဲဒီ ဝှက်စာတွေအရ တရားခံကို ခြေတံရှည်ကြီးလို့ သိရပါတယ်။ လီဟာကာတစ်ယောက် လူသတ်မှုတွေရဲ့ နောက်ကွယ်က ဆက်စပ် ပုံတွေကို အဖြေရှာရင်း နောက်ထပ် လူသတ်မှုတွေ ဖြစ်လာမှာကိုပါ ရိပ်စားမိပြီး တားဆီးဖို့ ကြိုးစားရပါတော့တယ်။ File size…2.09GB / 1.13GB / 533MB Quality…WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 41m Genre ….. Crime , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Music • Drama
7.1 2024 101 mins
Longlegs
Novitiate
6.7

Novitiate (2017) ~ IMDb – 6.7/10, RT – 86%, Meta – 73% ~ တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်း‌ကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။ “ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်” ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ဆန့်ကျင်ဖက်ပါပဲ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ကတ်သလင်းကတော့ တစ်ယောက်သောသူကို တစ်ဖက်သတ် တစ်ဘဝလုံးစာ ပေးဆပ်ပြီး ဥပေက္ခာပါရမီဖြည့်ရင်း ချစ်နေချင်ပါတယ်တဲ့။ သူချစ်မိတဲ့သူကတော့ ဘုရားသခင်ပါပဲ။ သူ့ရဲ့ ငယ်ရွယ်မှုအပါအဝင် တစ်ဘဝလုံးစာ စတေးပြီး ဘုရားသခင်ကို ချစ်ခွင့်ရဖို့ ဆယ်ကျော်သက်အရွယ်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ သီလရှင်ဝတ်ဖို့ ပထမအကြိမ် သစ္စာပြုပြီး ဒုလ္လဘဝတ်လိုက်ပါတယ်။ (တစ်သက်လုံးစာ မဝတ်ခင်ဝတ်တဲ့ ယာယီသီလရှင်သဘောမျိုးပါပဲ။ မြန်မာမှာ အနီးစပ်ဆုံး စကားလုံးယူသုံးထားတာပါ။ နားလည်မှုအလွဲအမှားဖြစ်သွားရင် တောင်းပန်ပါတယ်) ကတ်သလင်းက ဘာသာရေးနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘုရားသခင်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သီလရှင်ကျောင်းကို ရောက်လာတာပါ။ သီလရှင်ကျောင်းကို ရောက်တဲ့အချိန် တင်းကြပ်လွန်းတဲ့ ပညတ်တွေနဲ့ သူ့ရဲ့စတေးမှုက ထိုက်တန်ရဲ့လားဆိုတဲ့ သံသယတွေက တိုက်စားတာကို သူဘယ်လိုရင်ဆိုင်လဲဆိုတာကို ပြပေးထားပါတယ်။ ခေတ်ကတော့ ၁၉၆၀ များက ဗာတီကန် ၂ ကိုစမိတ်ဆက်ပြီး ရိုးရာဘာသာရေးကနေ ခေတ်သစ်ဘာသာရေးကို ပြုပြင်ပြောင်းလဲနေစဉ် ကာလမှာဖြစ်ပါတယ်။ လူတစ်စုရဲ့ ဆုံးဖြတ်ချက်ကြောင့် တချို့သူတွေ အခွင့်အရေးသစ်တွေရလာပြီး တချို့သူတွေရဲ့ တစ်ဘဝလုံးစာ အချည်းနှီးဖြစ်ရတာကို ခပ်ပါးပါးလေးပြပေးသွားပါတယ်။ ခင်ဗျားတို့ဆိုရင်ရော ရယူခြင်းလုံးဝမရှိဘဲ တစ်သက်လုံးစာစတေးပြီး ချစ်နိုင်ကြမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 665MB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.7 2017 123 mins
Novitiate