YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Pill.S01E07.1080p.WEB DL.YK(CM).mp4

894.19 MB 1080p video/mp4 85 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ditto
7.2

" ကမ္ဘာ တစ်ဖက်မှာ နင်နေထိုင်တယ် ကမ္ဘာ တစ်ဖက်မှာ ငါနေထိုင်တယ် " ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုပါပဲ ဒီဇတ်လမ်းကို ကြည့်မိတဲ့ အချိန်က နှလုံးသားထဲမှာ ဆွေးဆွေးမြေ့မြေ့ ကို ဖြစ်လာတာပဲ ဒီဇတ်လမ်းက ဆိုအွန်း ဆိုတဲ့ ကောင်မလေး နဲ့ ဂျီအင်း ဆိုတဲ့ ကောင်မလေး တို့ နဲ့ ဇတ်လမ်းစတာပဲ ဆိုအွန်းမှာ မီးသတ်တပ်ဖွဲ့တွေ သုံးတဲ့ ရေဒီယို တစ်လုံး ရှိနေတယ် တစ်ရက်သော နေ့မှာတော့ အဲ့ဒီရေဒီယိုကနေ အသံတစ်ခုကြားရတယ် တစ်ဖက်က ဆက်သွယ်လာတဲ့ အသံတစ်ခုပေါ့ အသံပိုင်ရှင်က ဂျီအင်း လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက် ပုံမှန်ပဲ မိတ်ဆက်ကြတာပေါ့ ဂျီအင်း နဲ့ ဆိုအွန်း တို့ တစ်ယောက်နဲ့ တစ်ယောက် ကျောင်းမှာ ချိန်းကြတယ် အဲ့ဒီ နေ့က စိတ်တွေ လှုပ်ရှားနေကြတယ်... ဆိုအွန်း ကျောင်းရဲ့ နာရီစင်ရှေ့မှာ စောင့်နေတယ် ဂျီအင်းက ပေါ်မလာခဲ့ဘူး.... ဂျီအင်း ကိုယ်တိုင်ကလဲ ဆိုအွန်းကို မိုးရေတွေထဲ ကျောင်းရှေ့ စောင့်နေခဲ့တာပါပဲ သူတို့ ၂ ယောက် စိတ်ပျက်လက်ပျက် နဲ့ အိမ်ပြန်လာခဲ့ကြတယ်... သူတို့ စကားမပြောဖြစ်ကြတော့ဘူး တစ်ခုခု လွဲနေပေမဲ့ ဘာက သူတို့ ကြား လွဲနေတာလဲ သတိမထားမိခဲ့ကြဘူး တကယ်တမ်း လွဲနေတာကတော့ ဆိုအွန်းက ၁၉၇၉ ခုနှစ်မှာ နေထိုင်တာ ဖြစ်ပြီးတော့ ဂျီအင်းက ၂၀၀၀ ခုနှစ်မှာ ရောက်နေခဲ့တာပါ... ကဲ ဒီလောက်ဆို ဒီဇတ်လမ်းကို ဆက်ကြည့်ဖို့ လုံလောက်ပါပြီ အချိန်ကွဲပြားမှုကို စပွိုင်လာလုပ်တယ် ထင်ရင် မှားပါလိမ့်မယ် ဒီဇတ်လမ်းထဲ ကျနော် မပြောပြထားတဲ့ အကြောင်းအရာ တစ်ခုက ရှိနေတုန်းပါပဲ သင်က စိတ်ဓါတ်မာသူ တစ်ယောက်ဆို ဒီဇတ်လမ်းကို ကြည့်ဖို့ အသင့်တော်ဆုံးပါပဲ မဟုတ်ရင်တော့ တစ်ရှုးလေး ဆောင်ထားပေါ့ ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားတာကတော့ "နွေးထွေးအောင်" ဖြစ်ပြီး Thit San Khant မှ အညွှန်း ရေးပေးပေးထားပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 3.2GB | 1.2GB | 526MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nway Htwe Aung Encoder ..... August

Comedy • Drama
7.2 2000 112 mins
Ditto
No Such Thing as Loyalty
5.8

No Such Thing As Loyalty (2021) ======================== ဒီနေ့မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ 2021 ခု‌နှစ်ကမှ ထွက်ရှိထားပြီး သစ္စာတရားအကြောင်းကိုရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒါနယ်လ် နဲ့ ဂျိမ်းစ် တို့ဟာ ငယ်ဘ၀ကတည်းကခင်လာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ကြားကို ကျေးဇူးကန်း တတ်တဲ့ မိန်းမတစ်ယောက် ရောက်ရှိလာတဲ့အခါ၊ ဒီမိန်းမက ဒါနယ်လ် နဲ့ ဂျိမ်းစ် တို့ရဲ့ခင်မင်မှုကို ပျက်စီးအောင်လုပ်နိုင်မလား။ ဒါမှမဟုတ် သူကစားနေတဲ့ဂိမ်းကနေ သူငယ်ချင်းနှစ်ယောက် ကျော်လွှားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ စကားလုံးအသုံးအနှုန်းတွေကြမ်းတဲ့အတွက် မိသားစုနဲ့ကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JaKa ဖြစ်ပါတယ်)

Horror • Mystery • Science Fiction • Thriller
5.8 2021
No Such Thing as Loyalty
Saw II Saw 2
6.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 2 (2005)မှာတော့ Jigsaw လူသတ်သမားကို ပြန်ပေါ်လာတဲ့အတွက် အထူးတပ်ဖွဲ့တွေနဲ့အတူ စုံထောက်အဲရစ်ခ်မက်သရူးပါ ပါလာပြီး လာဖမ်းတော့တယ်။ ဒီအချိန်မှာ Jigsaw လူသတ်သမားက ကင်ဆာရောဂါသည်တစ်ဦး ဖြစ်နေတော့တယ်။ စုံထောက်အဲရစ်ခ်ဆိုတာကလည်း လူကောင်းမဟုတ်။ ဟိုးတုန်းကဆို သူဖမ်းချင်တဲ့သူတွေဆိုရင် သက်သေအတုလုပ်ပြီး ဖမ်းထည့်တတ်တဲ့သူ။ Jigsaw က အဲဒါကို ကောင်းကောင်းသိထားတော့ သူ အရင်က အမှုဆင်ပြီးဖမ်းဖူးတဲ့သူအားလုံးနဲ့အတူ အဲရစ်ခ်ရဲ့သားကို ဖမ်းထည့်ပြီး အိမ်တစ်အိမ်မှာ ဂိမ်းတွေ စကစားစေတော့တယ်။ အိမ်တစ်လုံးမှာ ထောင်ချောက်တွေ အပြည့်ပေါ့။ ဂိမ်းကို ကျော်ဖြတ်နိုင်တဲ့သူကပဲ အသက်ရှင်ခွင့်ရမှာ။ ဒါကို အဲရစ်ခ်တို့ Jigsaw ကို လာဖမ်းတဲ့အခါမှာ Jigsaw ရဲ့ ပုန်းအောင်းတဲ့နေရာမှာရှိတဲ့ ကွန်ပျူတာဖန်သားပြင်တွေပေါ်မှာ သူ့သားနဲ့အတူ တခြားလူတွေ အဖမ်းခံထားရတဲ့အကြောင်း အဲရစ်ခ်သိလိုက်ရတော့တယ်။ Jigsaw ရဲ့ ထောင်ချောက်တွေကြားကနေ သူ့ကိုမကျေနပ်တဲ့သူတွေနဲ့အတူရှိနေတဲ့ သူ့သား ဒန်နီရယ်ကို စုံထောက်အဲရစ်ခ်တစ်ယောက် ဘယ်လိုကယ်တင်မလဲဆိုတာ ဒီ Saw II ဇာတ်ကားထဲမှာ ရှုစားရမှာပါ။

6.6 2005
Saw II Saw 2
Lebanon

ဒီတစ်ခါမှာတော့ Rotten tomatoes မှာ 90%ထိရရှိထားတဲ့ War/Thriller ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ် 1982 လက်ဘနွန်စစ်ပွဲမှာ အစ္စရေး အမြှောက်ကားတစ်စီးနဲ့ တပ်စုတစ်စုဟာ လေတပ် ဗုံးကြဲထားရာနေရာကို ဝင်ရောက်ပြီး ကျန်ရှိနေတဲ့ အကြမ်းဖက်တွေကို ရှင်း‌လင်းရေး လုပ်ရပါတယ် ရှင်းလင်းရေး လုပ်နေတုန်းမှာပဲ သူတို့ဟာ မူလလမ်းကြောင်းက ကွဲထွက်သွားပြီး စီးရီးယားနယ်မြေထဲကိုရောက်သွားပါတော့တယ် သူတို့ နယ်မြေအပြင်ဘက်ကို ပြန်ထွက်လာနိုင်မှာလား အစ္စရေး လက်ဘနွန်စစ်ပွဲက စစ်သားတစ်ယောက်ရဲ့ အတွေ့အကြုံကို အခြေခံပြီးရိုက်ကူးထားတဲ့အတွက် စစ်ပွဲအတွင်း တင့်ကားထဲမှာ တာဝန်ထမ်းဆောင်တဲ့တပ်သားတွေရဲ့ဘဝကို လက်တွေ့ဆန်ဆန် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(833 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

Comedy
0 2009
Lebanon
The Book of Solutions (Le Livre Des Solutions)
6.3

ဒီရုပ်ရှင်လေးက IMDb 6.3 နဲ့ Meta score 65 ရရှိထားတဲ့ ပြင်သစ် ကော်မဒီ ဒရာမာရုပ်ရှင်လေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် မက် သူ့ရဲ့ရိုက်ကူးရေးအဖွဲ့လေးနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီက သူဌေးတွေက မက်ရဲ့ရုပ်ရှင်ကို လက်လွှတ်ဖို့ကြိုးစားနေကြတဲ့အခါမှာတော့ မက် ဟာ သူ့ရဲ့မပြီးပြတ်‌သေးတဲ့ရုပ်ရှင်ကို မပြီးပြီးအောင်ရိုက်ဖို့အတွက် သူအားကိုးအားထားပြုရတဲ့ အဖွဲ့လေးနဲ့အတူ မြို့ပြနဲ့ဝေးကွာတဲ့နေရာက မြို့ငယ်လေးမှာရှိတဲ့ အဒေါ်ဖြစ်သူ ဒနိစ်ရဲ့အိမ်ကို ရောက်ချလာပါတယ်။ မက်ရဲ့အဖွဲ့ထဲမှာ တည်းဖြတ်သူ၊ လက်ထောက်၊ ပရိုဂျူဆာတွေဖြစ်တဲ့ ရှားလက်နဲ့ ဆီဗီယာဆိုတဲ့ အမျိုးသမီးနှစ်ဦးရယ် ကာလို့စ်ဆိုတဲ့ အမျိုးသားတစ်ဦးရယ်ပါလာပါတယ်။ မက်ဟာ စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရပြီး ဒီဝေဒနာကို ဖုံးဖိထားဖို့အတွက် ဆေးသောက်နေရတဲ့သူတစ်ဦးပါ။ မက်ဟာ ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးဖို့ အနုပညာပြဿနာတွေရှိသလို တစ်ဖက်မှာလည်း စိတ်က ထထဖောက်တတ်ပြီး တစ်ခါတလေ မဆင်မခြင် လုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေပြောနေတတ်ပြီး စိတ်ကူးကမ္ဘာနဲ့ လက်တွေ့ဘ၀ မကွဲပြားဘဲလည်း ဖြစ်နေတတ်ပါတယ်။ ဒီရုပ်ရှင်လေးက ရိုးရိုးရှင်းရှင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ ဒါရိုက်တာတစ်ယောက်နဲ့ သူ့ရုပ်ရှင်ကို ပြီးပြတ်အောင်ရိုက်ကူးပေးဖို့ သူ့ရဲ့တဇွတ်ထိုးအပြုအမူတွေ၊ ရူးကြောင်ကြောင်စိတ်ကူးတွေကို အဒေါ်ဖြစ်သူရဲ့အိမ်မှာ အတူသည်းခံပြီးလိုက်နေပေးရင်း ဒုက္ခခံအကောင်အထည်ဖော်ပေးတဲ့ သူ့ရဲ့ရုပ်ရှင်အဖွဲ့လေးအကြောင်းကိုပဲ ရိုက်ပြထားတာပါ။ ဒီရုပ်ရှင်ဟာ နာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ Eternal sunshine of spotless mind တို့ The science of sleep တို့လို နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Michel Gondry ရဲ့လက်ရာဖြစ်တာကြောင့် နာမည်ကြီးဒါရိုက်တာကြီးတစ်ယောက် ပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာတစ်ယောက်အကြောင်းကို မြည်းစမ်းကြည့်ရှုလိုက်ကြပါဦး။ File size…(2.3 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama • Action
6.3 2023 102 mins
The Book of Solutions (Le Livre Des Solutions)
The Seven Darks

ဇာတ်လမ်းအစမှာ လူတစ်ယောက်ကို အမည်မသိ အသံဖျက်ထားတဲ့ သူစိမ်းတစ်ယောက် ဖုန်းလှမ်းဆက်ပါတယ် အိမ်က အခန်းထဲမှာ တစ္ဆေသဏ္ဌာန် သတ္တဝါတစ်ကောင်ကို မြင်လိုက်ရတဲ့အခါမှာ… သူငယ်ချင်းကောင်မလေးကို တွေ့ဖို့ အကူအညီတောင်းရပါတယ် သူခိုင်းတဲ့အတိုင်း အထူးပြုလုပ်ထားတဲ့ အသံဖိုင်ကို နားထောင်ပြီး အိပ်မွေ့ချ မေ့ဖျောက်ဖို့ကြိုးစားတဲ့အခါမှာ… ကြောက်လန့်စရာ အိပ်မက်ဆိုးကို တွေ့ကြုံရပါတော့တယ် လော့အိန်ဂျလိစ်က လူခြေပြတ်တဲ့ လမ်းမတွေမှာ အိမ်ပြန်နောက်ကျတဲ့လူတွေကပါ… အမျိုးမျိုးသော ခြောက်လှန့်မှုတွေကို ကြုံတွေ့လာရတဲ့ အချိန်မှာတော့ …. File size…(900 Mb)/(300 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:03:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

0 2024
The Seven Darks
The Happy Ghost 1
6

90s တွေ ငယ်ငယ်က အမှတ်တရရုပ်ရှင်တွေထဲမှာ တစ်ခုဖြစ်တဲ့ Happy Ghost ဆိုတဲ့ ဟာသကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်အကျဉ်းလေးကတော့- ချင်မင်းဆက် ရှန်ဖုန်းနှစ်ပိုင်းမှာ ကွမ်တုံးခရိုင် ပေါင်အန်းနယ်မှာ စာမေးပွဲ ၁၈ ကြိမ်ကျခဲ့တဲ့ ကျူးကျင်ချွင်းဟာ သူ့ဇနီးက တခြားလူနဲ့ လိုက်သွားတဲ့အတွက် စိတ်ဓာတ်ကျပြီး ဘုရားကျောင်းမှာ ဆွဲကြိုးချသေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ဝိညာဉ်က ဘုရားကျောင်းက ကြိုးထဲမှာ ကျန်နေခဲ့ပါသတဲ့။ ၁၉၈၄ ခုနှစ်မှာ အထက်တန်းကျောင်းသူတစ်ဖွဲ့ဟာ ပျော်ပွဲစားထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးတွေလေတွေ ကြီးနေတဲ့အတွက် ဘုရားကျောင်း အဟောင်းထဲမှာ မိုးခိုခဲ့ပါတယ်။ ချင်းချင်းရဲ့ အိတ်ချည်တဲ့ကြိုးက ပျက်သွားလို့ တွေ့ရာကြိုးယူပြီး ချည်ခဲ့ပါတယ်။ အဲ့ဒီကြိုးကတော့ ကျူးကျင်ချွမ်းဝိညာဉ်ရှိနေတဲ့ ကြိုးဖြစ်နေပါတယ်။ ဒီလို တိုက်ဆိုင်မှုတွေကြောင့် ကျူးကျင်ချွမ်းတစ်ယောက် မိန်းကလေးကျောင်းကို ရောက်လာတဲ့အခါ ဘယ်လိုအလွှဲလေးတွေဖြစ်မလဲ…… ကျောင်းသူလေး ၃ ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီးနောက် ကောင်မလေးတွေကို သူ့အစွမ်းနဲ့ ဘယ်လိုကူညီမလဲ…… နောက်ဆုံးမှာ သူတို့အားလုံးဘဝရဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်သွားမလဲ ဆိုတာကို ဟာသလေးတွေနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ စုစုပေါင်း ၅ ကားရှိပြီးတော့ ဇာတ်ကားအားလုံးကို ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ်

Western
6 1984 96 mins
The Happy Ghost 1
Antboy 3
The Heist
7.7

The Heist 2024 (အနုကြမ်းဓါးပြ) IMDb – 7.6/10 အန်နာညာဟာ အရင်က အစိုးရလက်အောက် FATF ဌာနမှာ အလုပ်လုပ်ခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ အခုဆိုရင်တော့ လူလိမ်တွေ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးပေးတဲ့ လုပ်ငန်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦးပေါ့။ သူတို့ဟာ အခုလက်ရှိမှာ အိန္ဒိယရဲ့ အလိုအရှိဆုံး နာမည်ကြီးလူလိမ်ဖြစ်တဲ့ ဗီရှန်ရှားနောက်ကိုလိုက်နေကြတာဖြစ်ပါတယ်။ ဗီရှန်ရှားဆိုသူဟာ တောင်အာဖရိကပိုင် အီဘိုနီကျွန်းမှာ တွေ့ရတယ်လို့ သတင်းရတဲ့အခါမှာတော့ သတင်းကိုသေချာဖို့အတွက်နဲ့ မြေအောက်စနစ်ထဲကနေ အယ်လ်ဖာဆိုတဲ့ သူကို ငှားရမ်းပြီးတော့ စုံစမ်းခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဗီရှန်ရှားရဲ့ ကျွန်းပေါ်က အခြေအနေကို သိလာရတဲ့အချိန်မှာတော့ သူတို့ကိုယ်တိုင်လက်ရဖမ်းဆီးဖို့ ကြံစည်ကြပါတော့တယ်။ သို့ပေမဲ့လည်း တခြားနိုင်ငံပိုင်နယ်နိမိတ်အတွင်းမှာဖြစ်နေတဲ့အတွက် အခက်တွေ့နေပါတော့တယ်။ ဒီလိုနဲ့ ဗီရှန်ရှားကို ဖမ်းဆီးနိုင်ဖို့ သူတို့ ဘယ်လိုတွေ အကြံထုတ်ကြမလဲ ….. မြေအောက်စနစ်ကနေ ငှားရမ်းထားတဲ့ အယ်လ်ဖာဆိုတဲ့သူနဲ့ရော တွဲပြီးတော့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ … နောက်ဆုံးမှာ လူလိမ်ကြီးဗီရှန်ရှားကို ဖမ်းဆီးနိုင်မှာလား … ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအက်ရှင်မှုခင်းဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Alex~ V~ KKKZ တို့ပဲဖြစ်ပါတယ်)

Crime • Drama • Comedy • Romance
7.7 2024
The Heist
Red Eagle
5.4

အက်ရှင်သိပ္ပံကားတွေကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် 2016 ခုနှစ် မှာ ဘန်ကောက်ဟာ ဒုစရိုက်နဲ့ အရေးအခင်းတွေဖြစ်ပွားပြီး ရှုပ်ထွေးတဲ့မြို့တော်ကြီးတစ်ခုဖြစ်နေပါပြီ… ခေါင်းဆောင်မှုအပိုင်းမှာလည်း နိုင်ငံရေးသမားတွေရဲ့လှည့်ကွက် ညစ်ပတ်မှုတွေကြောင့် ဖရိုဖရဲဖြစ်နေတဲ့အပြင် အစိုးရဟာလည်း ပြည်သူတွေကိုမငဲ့ပဲ နယူကလီးယား လက်နက်စမ်းသပ်ဖို့ ဖြစ်နေပါတယ်.. ဒီအချိန်မှာတော့ သူရဲကောင်းတစ်ဦးထွက်ပေါ်လာပါတော့တယ် ဒီလူဟာ ညစ်ပတ်တဲ့နိုင်ငံရေးသမားတွေ…ဒုစရိုက်သမားတွေကိုနိမ်နင်းပါတော့တယ် သူ့ရဲ့ သရုပ်မှန်ကိုဘယ်သူမှလည်းမသိပါဘူး တစ်ခါလူသတ်ပြီးတိုင်း The Red Eagle ဆိုတဲ့စာလေးပဲထားတတ်တဲ့ လျှို့ဝှက်ချက်တွေ ပြည့်နေတဲ့သူဆိုတော့ The Red Eagle တစ်ယောက် စွန့်စားရင်းနဲ့ ဘယ်လိုတွေကြုံရမယ်ဆိုတာ ဆက်လက်ခံစားပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Anony One ပဲ ဖြစ်ပါတယ်။ Genre….. Action, Sci-fi, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 2.1GB | 1.1GB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Anony One Encoder ….. Aaron

Western
5.4 2010
Red Eagle
Lowlifes
6.2

ဒီတစ်ပတ်တော့ cm ပရိသတ်ကြီးကို လူသားစား Horror ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ IMDB မှာ Rating 6.2 အထိရထားပြီး သိပ်မဆိုးတဲ့ Horror ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်ကြောင်းကတော့…. ကိသ်နဲ့ ကတ်သလင်းတို့ ဇနီးမောင်နှံနှစ်ဦးက သူတို့ရဲ့ ဆယ်ကျော်သက် ကလေးနှစ်ယောက်နဲ့အတူ နှစ်စဉ်နှစ်တိုင်း ထွက်နေကျဖြစ်တဲ့ နယ်ဘက်ခရီးစဉ်ကို အာဗီနောက်တွဲကားနဲ့ ထွက်လာခဲ့ကြပါတယ်။ လမ်းတစ်နေရာမှာ နယ်ခံနှစ်ယောက် ကားပျက်တာနဲ့ ကြုံဆုံပြီး လမ်းကြုံပို့ပေးဖို့ အစပြုတာကနေ လူသူဝေးတဲ့ အိမ်တစ်လုံးကို ရောက်သွားကြတဲ့ အခါမှာတော့….။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ လူတွေကို အပြင်ပန်းသဏ္ဍန် ကြည့်ပြီးတော့ပဲ ဆုံးဖြတ်လို့ မရဘူးဆိုတာရယ်နဲ့… အချိန်မရွေး သားကောင်ကနေ မုဆိုး….မုဆိုးကနေ သားကောင် ဖြစ်သွားနိုင်တယ်ဆိုတာကို မက်ဆေ့ပေးချင်တဲ့ သဘောကို တွေ့ရမှာပါ။ တစ်ခုသတိပေးချင်တာက သွေးသံရဲရဲ အပိုင်းအစတွေ မြင်ရမှာ မို့လို့ နှလုံးမကောင်းတဲ့သူတွေ ရွံတတ်တဲ့သူတွေအနေနဲ့ သတိလေးကပ်ပြီး ကြည်သင့်ကြောင်းပါခင်ဗျ….။ File size… (857MB) / (582MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.2 2024 90 mins
Lowlifes
A Christmas in New Hope

‌Influencer တစ်ယောက်ဖြစ်တဲ့ ဗစ်တိုးရီးယားက ဒေါင်းရောဂါခံစားနေရသူသမီးလေးကို ပြုစုစောင့်ရှောက်နေရတဲ့ single mom တစ်ယောက်ဖြစ်ပါတယ်… ခရစ်စမတ်မတိုင်ခင် အိမ်ကိုပြန်လည်ပြုပြင်ဖို့အတွက် Home to Heart ပြိုင်ပွဲလေးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်…. ပြိုင်ပွဲကြောင့် သူ့ရဲ့အိမ်နီးချင်း ဂယ်ဗင်ဂါဒင်နာနဲ့ ပိုမိုရင်းနှီးလာရင်း သံယောဇဉ်တွေ တွယ်နေချိန်မှာ သူမရဲ့ခင်ပွန်းဟောင်း ဘတ်ဒီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်….. “သူ့မှာ ဖေဖေရှိပါစေ”ဆိုတဲ့ သူ့သမီးလေးရဲ့ ခရစ်စမတ်ဆုတောင်းကို ဖြည့်စည်းပေးချင်တဲ့ ဗစ်တိုးရီးယားက သမီးလေးရဲ့ဖေဖေနဲ့ ပြန်လည်ပေါင်းစည်းသွားမှာလား? ဒါမှမဟုတ် သူမရဲ့အချစ်ကို ဦးစားပေးရွေးချယ်သွားမှာလား? ပျော်ရွှင်စရာခရစ်စမတ်ပုံရိပ်လေးတွေနဲ့ ဖန်တီးထားတဲ့ ကြည်နူးစရာရုပ်ရှင်ကားလေး ဖြစ်တာကြောင့် စိတ်အပန်းဖြေချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(888 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sumon

0 2024
A Christmas in New Hope
Bye Bye Boredom
6.7

Bye Bye Boredom (2024) IMDb Rating (6.7) ဒီဇာတ်လမ်းက ဆွီဒင်လူမျိုးဆယ်ကျော်သက်တွေရဲ့ အရွယ်ရောက်လာမှုဘဝအစိတ်အပိုင်းက စစ်မှန်တဲ့ စိန်ခေါ်မှုတွေ၊ စရိုက်အတွေ့အကြုံ၊ ယဉ်ကျေးမှုတွေကို အရှိကိုအရှိအတိုင်း ပေါ်လွင်အောင်ရိုက်ကူးထားနိုင်မှု၊ သရုပ်ဆောင် သဘာဝကျမှု‌တွေကြောင့် ချီးကျူးမှုတွေရရှိထားတဲ့ စိတ်ဝင်စားစရာ ဆွီဒင်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဆွီဒင်မြောက်ပိုင်းကျေးရွာတစ်ခုမှာ သူ့အမေနဲ့ ပထွေးနဲ့အတူ နေထိုင်တဲ့ ၁၃ နှစ်အရွယ်ကလေးမလေး Jackie ရဲ့ဘဝကို အခြေခံထားပါတယ်။ Jackie တစ်ယောက် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Nova နဲ့အတူ ရွာထဲမှာ မြင်းစီး၊ ထွန်စက်မောင်း၊ မူးယစ်ဆေးသုံးစတဲ့ လုပ်နေကျလူငယ်အလုပ်တွေလုပ်ရင်း တစ်နေ့မှာတော့ Nova သူနဲ့အတူ ဆေးသုံးရင်း သေသွားခဲ့တယ်။ သူ့အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုးလိုက်ရတာကြောင့် ပူဆွေးဝမ်းနည်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေပေါ်လာတဲ့ Jackie က Nova သေဆုံးသွားရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်ချင်ခဲ့တယ်။ အဲဒီအတွက် သူတိုကို ဆေးပေးခဲ့တဲ့ ရွာက မှောင်ခိုမူးယစ်ဆေးရောင်းသမားတစ်ဖြစ်လဲ စာပိုသမား Casper အိမ်မှာ အတူနေထိုင်ပြီး အဲဒီညနေက ဖြစ်ရပ်မှန်ကိုရှာဖွေဖို ကြိုးစားပါတော့တယ်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.2 GB) / (460 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:16:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Horror • Thriller • Mystery
6.7 2024 76 mins
Bye Bye Boredom
The Descent: Part 2
5.8

The Descent: Part 2 (2009) IMDb Rating (5.8) နာမည်ကြီးခဲ့တဲ့ The Descent (2005) ရဲ့အဆက်အနေနဲ့ထွက်ရှိလာတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကတော့… အမျိုးသမီး ၆ ဦး ပျောက်ဆုံးနေတာကို အပြန်လေယာဉ်လက်မှတ်ကနေတစ်ဆင့် သိရှိသွားကြပြီး ရဲတွေ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အလုပ်များကြရပါတော့တယ် သူတို့ရှာဖွေကြတဲ့နေရာက ဘိုရာမ်လှိုဏ်ဂူ…အစအနပင် မတွေ့… အမျိုးသမီး ၆ ဦးထဲမှ ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာပါတယ် သူ့ကိုတွေ့တဲ့နေရာက ဘိုရာမ်လှိုဏ်ဂူနဲ့ လားလားမှမဆိုင်… သွေးပျက်ချောက်ချားနေတဲ့ အမျိုးသမီးကို ဘာမှလည်း မေးလို့မရ… ဒီလိုနဲ့ သူမကိုတွေ့ရှိခဲ့တဲ့နေရာအနားက လှိုဏ်ဂူကို ရဲနှစ်ဦး နဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေကြရာမှာတော့… Jump Scare အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ် (သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့်နှလုံးမခိုင်သူများ မကြည့်ရှုသင့်ပါ။)

Comedy • Drama
5.8 2009 94 mins
The Descent: Part 2