YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Picket 43 (2015) HQ HDRip - 720p - x264 - YK(CM).mp4

913.2 MB N/A video/mp4 1256 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Conspiracy of Faith
7

IMDB – 7.0/10 Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံး အထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူး ခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက် ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီ တောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာ နေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမား မိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့ လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ် အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကို ဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရော ဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင် နွဲရတဲ့အမှု ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ ကျွန်တော်တို့ စုံထောက်ကြီးကားလ်က ခါတိုင်းထက် အခြေအနေဆိုးနေတဲ့ပုံစံပါ ဘာယုံကြည်မှုမှ မရှိတဲ့ စုံထောက်တစ်ယောက် အာဆတ်နဲ့ ယုံကြည်မှုကိစ္စတွေ ရိုးရာမပြတ် ရန်သတ်ပြီး ဘယ်လိုဖော်ထုတ် ကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာပါဝင်လာတဲ့ အဓိကနောက် ဇာတ်ကောင်ကတော့ ကျွန်တော် CM မှာ ပြန်ဆိုထားတဲ့ ပင်လယ်ထဲကို ဖောင်နဲ့ စွန့်စွန့်စားစား အပြင်မှာ တကယ်သွားခဲ့တဲ့ Kon Tiki ရုပ်ရှင်ထဲ သော်ရ်နေရာ သရုပ်ဆောင်ထားတဲ့ မင်းသားလည်း အထူးသရုပ်ဆောင်ထားပါသေးတယ်။ File size…1.74GB / 674.8MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 52m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Comedy
7 2016 108 mins
A Conspiracy of Faith
Get Shorty
6.5

IMDb Rating (6.9) / Rotten Tomatoes (88%) သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။ သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။ အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး လေကြောင်းလိုင်းကပေးတဲ့အာမခံငွေကို လိမ်ပြေးတဲ့ လီယို ဆိုတဲ့ ငတုံးတစ်ကောင်။ သူက ချီလီတို့ဆီကအကြွေးယူထားတာ။ အဲဒါကို မဆပ်ဘဲပြေးတာ။ ဇာတ်ညွှန်းကောင်းကောင်းတစ်ပုဒ် တွေ့ထားပေမယ့် မဝယ်နိုင်တာနဲ့ ထုတ်လုပ်သူတွေပေးထားတဲ့ငွေတွေကို ဘောပွဲလောင်းပြီးအပွကြံမိမှ ရှူံးပြီး တိုင်ပတ်နေတဲ့ ဟယ်ရီ ဆိုတဲ့ ဒါရိုက်တာကြီးတစ်ယောက်။ ဇိမ်ခံကားအငှားလုပ်ငန်းကို ဗန်းပြပြီး မူးယစ်ဆေးရောင်းနေတဲ့၊ ရုပ်ရှင်လုပ်ငန်းထဲကိုပါ ဝင်ပါချင်နေတဲ့ လူဆိုးတစ်စုရယ်။ အရည်အချင်းရှိရဲ့သားနဲ့ သရဲကားတွေထဲမှာပဲ ပါနေရလို့ စိတ်ကုန်နေတဲ့ မင်းသမီး‌ချောလေးတစ်ယောက်ရယ်။ အဲဒီမင်းသမီးရဲ့ခင်ပွန်းဟောင်း အရပ်အလွန်ပုပေမယ့် သရုပ်ဆောင်ကောင်းလှတဲ့ စူပါမင်းသားကြီးတစ်ယောက်ရယ်။ ဇာတ်လမ်းအစမှာကတည်းက ချီလီ့ကို ဩဇာပြချင်လှတဲ့ (ပြီးတော့လည်း ချီလီဗျင်းတာချည်း လှိမ့်ခံနေရတဲ့) ဘာဘိုနီ ဆိုတဲ့ ငွေချေးသမားကြီးရယ်။ ရဲတွေက ဘယ်သူလာဖွင့်မလဲလို့ အချိန်ပြည့်စောင့်ကြည့်နေကြတဲ့ လေဆိပ် အာမခံသေတ္တာ လော့ကာခန်းတစ်ခုထဲက အိတ်တစ်လုံးရယ်။ အရာရာနဲ့အကြောင်းကြောင်းတွေစုသွားတဲ့အခါ အမျိုးမျိုးနဲ့အဖုံဖုံတွေဖြစ်လာတော့တာပါပဲ။ (ဂိုဏ်းစတားကရုပ်ရှင်ပိုးဝင်လာချိန်မှာ ရုပ်ရှင်သမားတွေက ဂိုဏ်းစတားစိတ်ပေါက်ပြီး အကုန်လျှောက်လုပ်ကြတော့တာမျိုးပေါ့။ 1995ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action-comedyဇာတ်ကားတစ်ကားဖြစ်တဲ့ "Get Shorty" ဟာ ratingတွေမှာ IMDb 6.9/10 ၊ Rotten Tomatoesမှာ 88% နဲ့ Metacritic မှာ 82%ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် ချီလီအနေနဲ့ပါဝင်ထားသူကတော့ နာမည်ကျော် John Travolta ဂျွန်ထရာဗိုလ်လ်တာ ပဲဖြစ်ပါတယ်။ (Face-offဇာတ်ကားမှာ မြန်မာပရိသတ်တွေ သတိအထားမိဆုံး အကြိုက်ကြီးကြိုက်ခဲ့ကြတဲ့ မင်းသားကြီးပါ။ ) သူ့ရဲ့ဂန္ဓဝင်ဇာတ်ကားကောင်းတွေလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားရဲ့အောင်မြင်မှုကြောင့် နောက်ဆက်တွဲအနေနဲ့ "Be Cool" ဆိုတဲ့ ဇာတ်ကားကို 2005ခုနှစ်မှာ ဂျွန်ထရာဗိုလ်လ်တာ ကပဲ ခေါင်းဆောင်မင်းသားအနေနဲ့ ဆက်လက်ရိုက်ကူး ထွက်ရှိခဲ့ပါသေးတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားတာပါ။) File size…(1.8 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:44:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Adventure • Fantasy
6.5 1995 105 mins
Get Shorty
The Lost Choices
7

ဂျီအွန်းက ငယ်စဉ်ဘဝက ယာဉ်မတော်တဆမှုမှာ မိဘတွေ ဆုံးပါးပြီးတဲ့နောက် စကားမပြောနိုင်ဘဲ ဆွံ့အခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့မသန်မစွမ်းဖြစ်မှုကို ရင်ဆိုင်ကျော်လွှားပြီး ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ကို သူ စိတ်ကူးယဉ်ထားခဲ့တာပါ။ တစ်နေ့မှာတော့ သူရဲ့အိမ်အပြန်လမ်းမှာ လူစိမ်း ၃ ယောက်က ပြန်ပေးဆွဲပြီး အဓမ္မကျင့်တာ ခံလိုက်ရပါတယ်။ ရဲစခန်းမှာ ရဲတွေက သူ့ကို ကူညီပေးရမယ့်အစား သူ့ကိုပဲ နှိမ့်ချကြပါတယ်။ ဒီတော့ ဂျီအွန်း တစ်ယောက် ဘယ်သူ့ကိုမှ မယုံတော့ဘဲ သူ့ကိုယ်သူ အားကိုးပြီး တိတ်တိတ်လေး လက်စားချေဖို့ ကြိုးစားတဲ့အခါမှာတော့ ..... ဇာတ်လမ်းနာမည်အတိုင်းပါပဲ ..... ရွေးချယ်စရာတွေ ဆိတ်သုဉ်းပျောက်ကွယ်ပြီး ချောင်ပိတ်လာတဲ့အခါမှာ လူတစ်ယောက်ရဲ့ တုံ့ပြန်မှု အကြောင်းပါပဲ။ မှုခင်း ဒရာမာ အမျိုးအစား ဖြစ်တဲ့အတွက် အသည်းတယားယာ ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။ ဘာသာပြန်ကတော့ Hnyot Myet Wunn ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 599MB | 261MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hnyot Myet Wunn Encoder ..... August

Horror • Thriller
7 2015 108 mins
The Lost Choices
The Demon Hunter

၂၀၂၂ ခုနှစ်ကတော့ တရုတ်ကားလေးတွေ နည်းနည်းပြန်ဦးမော့လာတဲ့နှစ်လို့ထင်မိပါတယ် ။ အရင်ကြည့်နေကျလို မိတ်ကပ်အဖွေးသားတွေ CGI အထူးပြုလုပ်ချက်တွေအများကြီးနဲ့ ထိုင်ရာမထသရုပ်ဆောင်ချက်တွေ သိပ်မပါတော့ဘဲ သဘာဝဆန်လာတယ်လို့မြင်မိတဲ့ နောက်ထပ်ကားကောင်းလေးတစ်ကားထွက်လာပါပြီ။ The Demon Hunter ဆိုတဲ့နာမည်အတိုင်း မကောင်းဆိုးဝါးဖမ်းပွဲလေးပေါ့။ မကောင်းဆိုးဝါးအများကြီးမပါပါဘူး.. ချောချောလေးတစ်ယောက်တည်းပါ။ အဲ့ဒီတစ်ယောက်တည်းကပဲ အစီအစဉ်တွေအကုန်ချထားပြီး လုံယွမ်တိုင်းပြည်ကြီးတစ်ခုလုံးကို ပျက်ဆီးသွားအောင်လုပ်ပါတော့တယ်။ လုံယွမ်ပြည်ကြီးမှာ ကျိုင်းကောင်ကပ်ဆိုးတွေရော ဝမ်းရောဂါကပ်ဘေးတွေပါဖြစ်နေရတဲ့အထဲ မင်းကြီးကပါ နဂါးအဖြစ်ပြောင်းလဲသွားပြီး အဝေးကိုပျံထွက်သွားပါတယ်။ ပြည်သူတွေအတွက် လုပ်ပေးမယ့်ဆုတောင်းပွဲကလည်း နောက်သုံးရက်နေရင်စပါပြီ။ ဒီလိုမျိုးမူမမှန်တဲ့ပျောက်ဆုံးမှုတွေနဲ့ မိုးကောင်းကင်ကအပြစ်ပေးတဲ့ကပ်ဆိုးတွေကို စုံစမ်းစစ်ဆေးဖို့ နက္ခတ်ဌာနမှစစ်ဆေးရေးမှူး ပိုင်ယိထုန် နဲ့ မင်းကြီးအပေါ်ကိုသစ္စာစောင့်သိတဲ့ လင်လုံတို့ တာဝန်ယူလိုက်တဲ့အခါမှာတော့...... အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre.....Thriller, Drama, Fantasy Quality….WEB-DL 1080p and 720p File size…1.2GB, 763MB, 244MB Format…mp4 Duration….1h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August

Action • Drama
0 2022 79 mins
The Demon Hunter
Halloween
6.5

လူတိုင်းလူတိုင်းဟာ ကံကောင်းပြီးမွေးလာကြတာမဟုတ်ပါဘူး အဲ့ထဲမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး မွေးလာတဲ့ Michael တစ်ယောက်လဲ အပါဝင်ပေါ့ ကလေးဘဝကတည်းက လူသတ်ရတာခုံမင်တဲ့ Michael Halloween ညတွေမှာ စိတ္တဇမျက်နှာဖုံး စွပ်ပြီးလိုက်လံသတ်ဖြတ်ခဲ့တဲ့သွေးအေး လူသတ်သမား Michael လူသတ်မှုှုနဲ့ စိတ္တဇ ဆေးရုံရောက်နေခဲ့တာ နှစ် ၄၀ ရှိနေခဲ့ပြီ သူသတ်ဖို့ကြိုးစားခဲ့ တဲ့ Laurie Strode ဆိုတဲ့ကောင်မလေးလဲ ဟယ်ဒန်ဖီလ်း ဆိုတဲ့မြို့မှာ ရှိနေခဲ့တာ နှစ် ၄၀ ကြာမြင့်ခဲ့ပြီ ဒါပေမယ့် နှစ်တွေဘယ်လောက်ကြာကြာ သူတို့နှစ်ယောက်ကြားက အငြိုးတွေကတော့ ဖြိုဖျက်ဖို့ မဖြစ်နိုင်သေးပါဘူး ဒီလိုနဲ့ Halloween ညမတိုင်ခင်မှာမှ တိုက်တိုက်ဆိုင်ဆိုင်ပြန်လွတ်သွားတဲ့ Michael Myers တစ်ယောက်ဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကျူးလွန်မလဲဆိုတာ စိတ် တုန်လှုပ်ခြောက်ခြားစွာ ကြည့်ရှုရမှာပါ ဒီ Halloween ကိုပြောလို့ပြောတာမဟုတ်ဘူး ကျွန်တော်လဲ ရှေ့ကားတွေမကြည့်ဖူးပါဘူး ဒါပေမယ့် အသေချာပြောနိုင်တာက Friday the 13th ကားထဲက Jason Vorhees နဲ့ အတော်လေးဆင်ပါတယ် မသိဘူး သတ်မယ်ဆိုတဲ့သကောင့်သားတွေပေါ့ ဇာတ်လမ်း ကလဲရိုးရိုးရှင်းရှင်းလေး ကြည့်ရတာဘာမှအာရုံနောက်စရာမရှိဘူး Thriller ဖီးလ်လေးကို ခံစားရတာကလွဲလို့ပေါ့ slasher film လို့ပြောထားတဲ့အတိုင်းပဲ အသတ်အဖြတ်အကြမ်းအရမ်းတွေ ဘုံးဘောလအော ထည့်ပေးထားပါတယ် ကိုယ်တိုင်က Friday the 13th တို့ Black Sails တို့ Spartacusတို့လို အသတ်အဖြတ်ကားတွေအကြည့်များလို့လားတော့မသိဘူး :3 ဒီ Halloweenက သတ်ဖြတ်တာတွေကိုသိပ်အားမရဘူး ဒါပေမယ့် Michael Myers ဆိုတဲ့သွေးအေး လူသတ်သမားဇာတ်ရုပ်ကို သဘာဝဆန်ဆန် ဘွင်းခနဲမြင်ရမှာပါ အဲ့လိုမြင်အောင်လဲနောက်က theme songကအတော်လေး ပံ့ပိုးပေးထားတာတွေ့ရပါတယ် ပြီးတော့အခု Halloween ကားက လွန်ခဲ့တဲ့ နှစ် ၄၀ က ရိုက်ခဲ့တဲ့ Halloween(1978)ကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာပါ IT(2017) လိုမျိုး လက်ရှိရောက်နေတဲ့ခုနှစ်နဲ့ ဇာတ်ကားထဲက plot နဲ့ ကွက်တိဆိုသလိုပေါ့ rating အနေနဲ့ကတော့ IMDb 7.1 Rotten Tomatoes မှာ 79% ရထားပါတယ် Halloween ကားဟာ Halloween ညမှမဟုတ်ပါဘူး ဘယ်ညဖြစ်ဖြစ်ကြည့်လို့ ခြောက်ခြားစရာကောင်းမှာ အမှန်ပါပဲ ဒီရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီး ကိုယ်တိုင် အညွှန်းရေးပေးထားပါတယ် Korensub စာတန်းထိုး အသေဖြင့် ထွက်ရှိလာတာဖြစ်ပြီး ဘာသာပြန်မှု အနည်းငယ် မှားယွင်းနိုင်ပါသဖြင့် အလွဲတစ်ချို့ ရှိပါက နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် BluRay Version ထွက်လာခဲ့လျင် ပြန်လည် Update လုပ်ပေးပါမည်။

Action & Adventure • Drama • Sci-Fi & Fantasy
6.5 2018 106 mins
Halloween
Island of Fire – The Prisoner

ဒီကားလေးကတော့ ဟောင်ကောင်စတားတွေဖြစ်တဲ့ Jackie Chan ရယ် Andy Lau ရယ် Sammo Kam-Bo Hung (ဖက်တီးမင်းသား)တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပါပဲ…….. ဇာတ်လမ်းလေးထဲမှာတော့ သူတို့တွေဟာ အကြောင်း အမျိုးမျိုးနဲ့ ထောင်ထဲကို ရောက်သွားကြတဲ့သူတွေပါ။ တစ်ယောက်ကို ပြဿနာတစ်ခုကြုံနေကြရတဲ့ သူတွေပေါ့။ ထောင်မှူးနဲ့ ထောင်စောင့်တွေကလည်း ထောင်သားတွေအပေါ် အနိုင်ကျင့်နှိပ်စက်လာဘ်စားနေကြတာပါ…. ဒီလိုနဲ့ ပြဿနာပေါင်းစုံတဲ့ ထောင်ကြီးထဲမှာ ပြဿနာပေါင်းစုံဖြစ်ကြပြီး တစ်ယောက်ပြီးတစ်ယောက် သေမိန့်ပေးခံလိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့…….. File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield

0 1990
Island of Fire – The Prisoner
Blindness
6.5

IMDB – 6.5 ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလို ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာက ခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ် အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံ ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိ ကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။ လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက် ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီး လင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက် မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီး ကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်း မျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြား တစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက် အစိုးရကရောဂါကူးစက်‌သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက် သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက် အစအစအရာရာ ဦးဆောင်ပြီးလုပ်‌‌ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့် နောက်ပိုင်းလူတွေတစ်စတစ်စများလာ‌တော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံ လူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်း စိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာ‌တော့…. File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.5 2008
Blindness
As Verdades
6

ဒီရုပ်ရှင်ဟာ ဂျပန်စာရေးဆရာ Ryūnosuke Akutagawa ရဲ့ ၀တ္ထုတိုတပုဒ်ဖြစ်တဲ့ In A Grove ကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ပေါ်တူဂီရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဘရာဇီးက မြို့လေးတမြို့မှာဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့လေးဟာ ပင်လယ်ကမ်းစပ်နဲ့နီးတယ် သေးငယ်တယ် တိတ်ဆိတ်ငြိမ်သက်တယ်။ မြို့ခံမဟုတ်ဘဲ ခဏတဖြုတ်လာလည်တဲ့သူတွေကတော့ ဒီမြို့လေးကို ကောင်းကင်ဘုံလေးအဖြစ် တင်စားကြတယ်။ ဒါပေမဲ့ ဒီမြို့မှာမွေး ဒီမြို့မှာကြီးပြင်းခဲ့ကြတဲ့ မြို့ခံတွေအတွက်တော့ ဒီမြို့လေးဟာ ငရဲပြည်သာသာပါ။ ဂျိုဆူအဲဟာ ၂နှစ်အကြာမှာ ရဲချုပ်အဖြစ်တာ၀န်ကျတဲ့ ဒီမြို့ငယ်လေးကိုပြန်ရောက်လာတယ်။ ဂျိုဆူအဲမှာ တချိန်ကချစ်ကြိုက်ခဲ့ဖူးတဲ့ ဖရန်စစ်စကာလို့အမည်ရတဲ့ မိန်းကလေးတဦးရှိခဲ့ဖူးတယ်။ ဖရန်စစ်စကာဟာ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မြင်သူတကာငေးရတဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတဦးဖြစ်တယ်။ ဒါပေမဲ့ သူမဟာ အထီးကျန်ရတာကိုမုန်းတယ် ကြောက်တယ်။ ဂျိုဆူအဲပြန်ရောက်လာတဲ့အချိန်မှာ မြို့ငယ်လေးဟာ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘဲ ဆက်လက်ငြိမ်သက်နေပေမဲ့ သူချစ်ခဲ့ဖူးတဲ့မိန်းကလေးဖြစ်တဲ့ ဖရန်စစ်စကာကတော့ မြို့တော်၀န်အဖြစ်‌၀င်ရောက်ရွေးချယ်ခံဖို့ရှိနေတဲ့ မြို့တော်၀န်လောင်း ဗယ်လ်မီနဲ့ လက်‌ထပ်တော့မှာပါ။ တရက်မှာ ဂျိုဆူအဲရဲ့ရဲစခန်းဆီကို သတင်းတခုပို့လာပါတယ်။ ဒီသတင်းကတော့ မြို့တော်၀န်လောင်းဖြစ်တဲ့ဗယ်လ်မီတယောက် မြို့ပြင်က မြေရိုင်းမှာ ကားကြိတ်ခံထားရတယ်ဆိုတာပါ။ ဒီလိုနဲ့ ဂျိုဆူအဲဟာ ဗယ်လ်မီတိုက်ခိုက်ခံရတဲ့ ရာဇ၀တ်မှုကိုလိုက်လံစုံစမ်းရင်းကနေ ဗယ်လ်မီရဲ့ ဇနီးလောင်း ဖရန်စစ်စကာ၊ ဗယ်လ်မီကိုလုပ်ကြံခဲ့တယ်လို့ သံသယရှိတဲ့ စီဆီရိုနဲ့ နစ်နာသူ ဗယ်လ်မီတို့ဆီကနေ မတူညီတဲ့ထွက်ဆိုမှုတွေ ဇာတ်လမ်းတွေကို ကြားလာရပါတယ်။ ဒီလူတွေရဲ့နှုတ်ကထွက်တဲ့ ဇာတ်လမ်းတွေထဲမှာမှ ဘယ်ဇာတ်လမ်းကအမှန်ဖြစ်မလဲ ဗယ်လ်မီကိုလုပ်ကြံခဲ့တဲ့သူက စီဆီယိုလား ဖရန်စစ်စကာလား ဒါမှမဟုတ် ဘယ်သူများလဲဆိုတာကို ထိခိုက်ပြတ်ရှဖွယ်ကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အမှုအခင်း ဒရုမာ ထိတ်လန့်စရာတွေကို အချိုးညီညီပေါင်းစပ်ပြီး ဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတာကြောင့် ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.54 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama
6 2022
As Verdades
Family History Mysteries: Buried Past
6.7

ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတွေ ရိုက်ကူးမှုများတဲ့ ဒါရိုက်တာကြီးကနေ ခရစ္စမတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် မိသားစုဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေဗျ။ ဆိုဖီဆိုတဲ့ အမျိုးသမီးလေးက ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေပေးတဲ့ အလွတ်စုံထောက်သဘောမျိုးလုပ်ကိုင်နေသူတစ်ဦး။ ဆိုဖီ့မှာ နှစ်အိမ့်တစ်အိမ်လိုနေတဲ့ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းအမွှာညီကိုနှစ်ယောက်လဲရှိတယ်။ ညီဖြစ်သူက သွေးကင်ဆာဖြစ်ပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူရော အမေဖြစ်သူနဲ့ပါ ကိုက်ညီမှုမရှိခဲ့ပါဘူး။ ပထွေးအပါအဝင် သူငယ်ချင်းဆိုဖီတို့ပါ ကိုက်ညီမလား စစ်ဆေးကြပေမဲ့လည်း ကိုက်ညီမှုမရှိခဲ့။ ဒီမှာပဲ ညီကိုနှစ်ယောက် မမွေးခင်ကတည်းက သေသွားပြီလို့ ထင်ထားကြတဲ့ အဖေအရင်းကို ရှင်သန်နေမလားဆိုတဲ့ သဲလွန်စ သေးသေးလေးတွေကနေ လိုက်လံရှာဖွေဖို့ ဆိုဖီ့ဆီကို တာဝန်ကျလာပါတော့တယ်။ ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

6.7 2023
Family History Mysteries: Buried Past
Mukidi

Mukidi (2024) ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အင်ဒိုနီးရှားဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်မူကီဒီကအရမ်းရိုးသားတဲ့ဖိုးသခွားလေးပါ။ တစ်နေ့သူဟာ သတင်းစာအဟောင်းကြီးဖတ်ပြီး အလုပ်ရှာဖို့မြို့တက်လာခဲ့ပါတယ်။ အူတူတူမူကီဒီဟာ ဂျာကာတာမှာအောင်မြင်ရမယ်လို့ ကြုံးဝါးပြီးကာမှ အလုပ်လျှောက်တဲ့နေရာက ပိတ်ထားတာကြာတဲ့နေရာကြီးဖြစ်နေပါတယ်။ အားမလျော့တဲ့မူကီဒီဟာ ဂျာကာတာထဲ လျှောက်ပတ်သွားရင်းကြိုးစားလိုက်တာ အသုပ်သည်မာကို့နာနဲ့ မြင်မြင်ချင်းချစ်မိပြီး အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ ရှုပ်ထွေးတဲ့ဂျာကာတာမှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကလေးနှစ်ယောက်အဖေမူကီဒီဟာ ကပ်ဘေးကြောင့်အလုပ်ပြုတ်ရာကနေ အလုပ်သစ်ထပ်ရှာရဖို့ဖြစ်လာခဲ့ပါတယ်။ ဘဏ်တစ်ခုကနေ သူ့ကိုအကြွေးဝယ်ကတ်စစ်ဆေးရေးအနေနဲ့ မှားပြီး အလုပ်ခန့်လိုက်မိတဲ့အခါ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ ပညာသိပ်မတတ်တဲ့အောက်ခြေမိသားစုတွေရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို Mukidiမှာ ဟာသနှောပြီးကြည့်ရမှာဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်

0 2024
Mukidi
Pixels
5.6

Pixels (2015) ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊ ၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့ Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊ သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီး ငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။ Review Crd

5.6 2015
Pixels
Apartment 7A
5.8

Apartment 7A (2024) နာမည်ကျော် Classic Horror တစ်ကားဖြစ်တဲ့ Rosemary’s Baby (1968) ရဲ့ Prequel ဖြစ်ပြီး Rosemary’s Baby Franchise ရဲ့ တတိယကားပါပဲ။ ပါရာမောင့်ရဲ့ မူပိုင်ရုပ်ရှင်ဖြစ်တဲ့အားလျော်စွာ ပါရာမောင့်ကပဲ သံယောဇဉ်ကြီးစွာနဲ့ ထုတ်ပေးထားတာပါ။ ပရိုဂျူဆာထဲတော့ John Krasinski နဲ့ Michael Bay ပါပါတယ်။ ၂၀၀၈မှာတုန်းက Michael Bay နဲ့ ပရိုဂျူဆာတစ်အုပ်ဟာ Rosemary’s Baby (1968) ကို Remake ပြန်ရိုက်ဖို့လုပ်ခဲ့ကြပေမဲ့ နောက်နှစ်မှာပဲ အစီအစဉ်ပျက်သွားပါတယ်။ ဒီကားကိုတော့ အဲဒီ Remake ကို ထုတ်ဖို့လုပ်ခဲ့ကြတဲ့ ပရိုဂျူဆာတွေကပဲ ထုတ်ပေးထားတာပါ။ ပိုအဆင်ပြေသွားတယ်ပြောရမှာပဲ။ ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ Rosemary’s Baby (1968) ကိုတော့ အဲဒီထက်ပိုကောင်းအောင် ဘယ်လိုမှ ရိုက်လို့မရလောက်တော့လို့ပါ။ Rosemary’s Baby ထဲ ရို့စ်မေရီနဲ့ အဝတ်လျှော်ခန်းထဲ တွေ့ခဲ့တဲ့ တယ်ရီဆိုတဲ့ဇာတ်ကောင်အကြောင်းကို အကျယ်ချဲ့ရိုက်ထားတယ်။ Rosemary’s Baby မှာတော့ တယ်ရီက ရို့စ်မေရီနဲ့ တစ်ခါပဲ တွေ့လိုက်ရပြီး နောက်တစ်ခါမှ တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားတဲ့ တယ်ရီဆိုတဲ့ အမျိုးသမီးရဲ့အကြောင်းပေါ့။ Story by ကို Skylar James လို့ရေးထားတော့ ဒါက စာအုပ်ထဲမပါတဲ့ ကိုယ်တိုင်စိတ်ကူးထားတဲ့ နောက်ကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ရို့စ်မေရီမတိုင်ခင် ဒီအိမ်ကြီးထဲကလူတွေက ဘာတွေလုပ်ခဲ့လဲ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြထားပေမဲ့ မူရင်း ရို့စ်မေရီရဲ့ ဇာတ်ကြောင်းနဲ့တော့ မသွေဖီသွားပါဘူး။ ဒီမှာ ချီးကျူးရမှာက သူက ရို့စ်မေရီလို Psychological Horror / Mystery ဘက်သွားမယ်ဆို သွေဖီသွားနိုင်တယ်။ ဒီတော့ သူက အတိုင်းအတာတစ်ခုအထိတော့ ဘာဖြစ်မလဲ ကျွန်တော်တို့မှန်းမိပြီးသားဇာတ်ကို Psychological Thriller ပုံစံနဲ့ ပြန်တင်ပြသွားတယ်။ ဒါပေမဲ့ မူရင်းပုံစံနဲ့လည်း တော်တော်ဆင်နေတုန်းပဲ။ အဆုံးသတ်ကို ကျွန်တော်တို့သိပြီးသားပဲ။ ဒီတော့ ဒီလိုအဆုံးသတ်ဖြစ်လာဖို့ ဘယ်လိုဖန်လာမလဲဆိုတာကို ဇာတ်ကောင်ရဲ့ စိတ်အတက်အကျတွေနဲ့ ဆွဲခေါ်သွားလိမ့်မယ်။ ထင်တော့မထင်ထားဘူးလို့ ပြောရမလိုပဲ။ ဒီဇာတ်က ဘယ်လိုအဆုံးသတ်သွားမလဲ ပမာဏတစ်ခုအထိတော့ သိနေပေမဲ့ ထင်တော့မထင်ထားတဲ့ပုံစံနဲ့အဆုံးသတ်သွားတယ်။ ဆိုးတာက ဒီဇာတ်အတိုင်းသာဆို ရို့စ်မေရီဇာတ်ကောင်ပေါ် တော်တော်လေး သက်ရောက်မှုများနေတာပါပဲ။ ဘာလို့ဆို ကြည့်ပြီးရင် သိပါလိမ့်မယ်။ 1968 ဇာတ်ကားမကြည့်ရသေးဘဲ ဒါကို အရင်ကြည့်ဖို့တော့ အားမပေးချင်ပါဘူး။ ရို့စ်မေရီကို ကြည့်ထားရင်တော့ ဘယ်လိုများချိတ်ပြမလဲ စောင့်ကြည့်ရတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘရုတ်ဝေးကနေ ဆုရထားတဲ့ Dianne Wiest တို့၊ One Day မင်းသား Jim Sturgess တို့၊ Ozark ဇာတ်လမ်းတွဲထဲက Julia Garner တို့ ပါဝင်သရုပ်ဆောင်ထားတယ်။ Rosemary’s Baby ကိုကြည့်ပြီးတဲ့လူတွေအတွက်တော့ စိတ်ဝင်စားဖို့ကောင်းမယ့် ရုပ်ရှင်ဖြစ်သလို Rosemary’s Baby ကို ကြိုက်တဲ့လူတွေကတော့ ကြည့်ကိုကြည့်သင့်တယ်လို့ မြင်တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.3GB, 1.45GB, 735MB Quality – 4K HEVC, 1080p HEVC, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 44Min Genre – Psychological Horror, Psychological Thriller, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

5.8 2024 106 mins
Apartment 7A
The Fix
5

ဒီရုပ်ရှင်က ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ တစ်နေ့တစ်နေ့ လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဓာတုအကြွင်း အကျန်တွေနဲ့ အမှိုက်ပုံက Waste တွေကြောင့် လေထုပါ အဆိပ်သင့်သွားတယ်ဆိုတဲ့ အနာဂတ်စိတ်ကူးယဉ် ကမ္ဘာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ နေ့စဉ်ရှုရှိုက်နေရတဲ့ လေထုဟာ အဆိပ်သင့်ပြီဆိုမှတော့ တစ်ကမ္ဘာလုံး နိုင်ငံအနှံ့ ကပ်ဆိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာပြိုရင်တောင် ပြေးပေါက်မရရအောင် ရှာတတ်ကြတဲ့ လူသားမျိုးစိတ်တွေက ဂတ်စ်မျက်နှာဖုံးတွေ တပ်ကာ နေထိုင်ကြပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ တစ်ကမ္ဘာလုံးအနှံ့ အနီရောင်နယ်မြေတွေက ကြီးထွားသထက် ကြီးထွားလာပါတယ်။ ဒီအတွက် သူတို့မှာ အဖြေလုံးဝမရှိတာတော့ မဟုတ်ပါဘူး။ Athera ဆိုတဲ့ လုပ်ငန်းစုကြီးတစ်ခုက ထုတ်လုပ်တဲ့ AIReum ဆိုတဲ့ ဆေးတစ်မျိုးဟာ တစ်လုံးသောက်လိုက်တာနဲ့ ၆ နာရီကြာအောင် မျက်နှာဖုံးတပ်စရာမလိုဘဲ လေထုအဆိပ် ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့ သူတို့ဆေးဖော်စပ်တဲ့နေရာမှာသုံးတဲ့ အဓိကပစ္စည်းကို လျှို့ဝှက်ထားတဲ့အတွက်ကြောင့် ဆေးလောကမှာတော့ သူတို့လုပ်ငန်းစုတစ်ခုတည်း ပြိုင်ဖက်ကင်းဖြစ်လို့နေပါတယ်… ဒါပေမဲ့လည်း ငွေကုန်ကြေးကျခံနိုင်တဲ့ လူချမ်းသာတွေအတွက်သာ ထုတ်လုပ်ထားသလိုဖြစ်နေတာကြောင့် ဆင်းရဲတဲ့သူတွေက ဒီဆေးကိုဝယ်မသောက်နိုင်ကြပါဘူး။ တစ်ဖက်မှာလည်း အဲဒီကုမ္ပဏီအတွက် ကြော်ငြာမော်ဒယ်လုပ်ပေးတဲ့ အယ်လာဟာ လှပပေမဲ့ သူ့အမေဖြစ်သူရဲ့အရှိန်အဝါကြောင့် လူကြိုက်ခံရလို့ သူ့ဘဝကို အားရမှုမရှိလှပါဘူး…အမြဲတမ်း အတုအယောင်တွေကြားထဲမှာ ရှင်သန်နေရတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်… တစ်နေ့မှာတော့ သူ့ကောင်လေးဖြစ်သူရဲ့ပါတီပွဲကိုရောက်သွားပြီး သူ့ကောင်လေးလွတ်ကျကျန်ခဲ့တဲ့ ဘာမှန်းမသိတဲ့ ဆေးတောင့်လေး တစ်တောင့်ကို သောက်မိတဲ့အချိန် သူ့တစ်ကိုယ်လုံးမှာ ထူးဆန်းတာတွေ ဖြစ်လာပါတယ်… ရုပ်အသွင်အပြင်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်လာပေမဲ့လည်း သူ့ခန္ဓာကိုယ်က AIReum ဆေးထက်ကိုပိုပြီး လေထုအဆိပ်အတောက်ကို ဓာတ်ပြယ်စေတဲ့ဒြပ်စင်တွေ ထုတ်လွှတ်နေတာကြောင့်… အဲဒါကို သိရှိသွားတဲ့ Athera လုပ်ငန်းစုက သူ့ကို အပိုင်ဖမ်းပြီး AIReum တွေ အကန့်အသတ်မရှိထုတ်ကာ စီးပွားရှာဖို့ ကြံစည်ရာကနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီရုပ်ရှင်မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်… File size… (1.24GB) / (729MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Horror
5 2024 98 mins
The Fix
Monkey Trouble
5.3

ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူ ကြည့်လို့ရတဲ့ ချစ်စရာ တိရစ္ဆာန်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ ဒီထဲကအဓိကဇာတ်ကောင်က တခြားမဟုတ်ဘဲ မျောက်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အီဗာဆိုတဲ့ ကောင်မလေးကအိမ်ကလည်းမနိုင် အိမ်ကိုလည်းမပိုင်တဲ့ ဂျစ်ကန်ကန်နဲ့ကလေးမလေးတစ်ယောက်ပေါ့။ သူ့ခမျာ အိမ်မွေးခွေးတစ်ကောင်လောက် မွေးချင်‌ပေမဲ့ ပထွေးဖြစ်သူ တွမ်က တိရစ္ဆာန်အမွေးနဲ့ ဓါတ်မတည့်လို့ မွေးခွင့်မရဘဲ ဖြစ်နေတာပါ။ အဲဒီအချိန် သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတာက ဒေါ့ဂျာရယ်လို့ ဖြစ်လာမယ့် မျောက်ကလေးတစ်ကောင်ပါ။အဲဒီမျောက်ကလေးက လမ်းဘေး ဖျော်ဖြေသူတစ်ယောက်က မွေးထားတာဖြစ်ပြီး ပရိသတ် တွေဆီကနေ မျောက်ပြဆန်တောင်းလုပ်ရင်း ပိုက်ဆံတွေ လက်ဝတ်ရတနာတွေ အလစ်သုတ်တတ်အောင် လေ့ကျင့်ပေးထားတဲ့ စောရမျောက်လေး ဖြစ်နေတာပါ။ နဂိုထဲကတိရစ္ဆာန်မွေးချင်နေတဲ့ အီဗာဆီကို အဲဒီမျောက်ကလေးရောက်သွားတော့ အိမ်ကလူတွေမသိအောင် မွေးထားရင်းမျောက်လေးရဲ့ မကောင်းတဲ့အကျင့်ကို သိသွားတဲ့အခါသူရှာ‌‌ထားတဲ့ပြဿနာတွေကို အိမ်ကမသိအောင် ရှင်းရင်းအီဗာတစ်ယောက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗျာများရပုံတွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 3.18 GB / 1.3 GB Quality… WEB-DL 1080p / 720p Format… mp4 Audio… AAC Duration…. 1h 36m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

Action • Crime • Drama
5.3 1994 96 mins
Monkey Trouble
The Bachelor

အခုတစ်ခေါက်က The Bachelor (1999) ဆိုတဲ့ ရိုမန်တစ်ကားလေးကြည့်ဖြစ်တယ်။ ဒီဇာတ်ကားက ရိုတယ်ဆိုပေမယ့် ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ရောထားတော့ ကြည့်ရတာ စိတ်အပန်းဖြေဖို့ ကောင်းတာပေါ့။ ဒါက Seven Chances (1925) ဆိုတဲ့ကားကို ပြန်လည်ရိုက်ကူးထားတာလို့လည်း သိရတယ်။ ဇာတ်လမ်းကတော့ ဂျင်မီရှန်နွန် (Chris O’Donnell) ဆိုတဲ့ လူပျိုကြီးတစ်ယောက်အကြောင်း။ သူက အိမ်ထောင်ရေးဆိုတာကို သိပ်မစဉ်းစားတဲ့သူ လွတ်လွတ်လပ်လပ် နေရတာကိုပဲ သဘောကျတယ်။ ဒါပေမယ့် သူ့ရည်းစား အန်နီ (Renée Zellweger) ကတော့ အိမ်ထောင်ပြုဖို့ မျှော်လင့်နေတာပေါ့။ တစ်နေ့ ဂျင်မီက အန်နီကို လက်ထပ်ခွင့်တောင်းဖို့ ကြိုးစားပေမယ့် သူ့စကားတွေက တကယ့်ကို အဆင်မပြေလို့ အန်းက စိတ်ဆိုးပြီး ထွက်သွားတယ်။ ဒီမှာ ပြဿနာက စတာပဲ။ ဂျင်မီရဲ့ အဘိုးဖြစ်သူ ဆုံးသွားပြီး သူ့ကို ဒေါ်လာ ၁၀၀ သန်းတန် မိသားစုလုပ်ငန်းကို အမွေပေးထားတယ်လို့ သိရတယ်။ ဒါပေမယ့် အမွေရဖို့ သူ မနက်ဖြန်ည ၆:၀၅ မတိုင်ခင် အိမ်ထောင်ပြုရမယ်ဆိုတဲ့ စည်းကမ်းတစ်ခုပါလာတယ်။ ပြီးတော့ လက်ထပ်ပြီး ၁၀ နှစ်အတွင်း တစ်ပတ်ထက်ပိုပြီး မိန်းမနဲ့ ခွဲမနေရဘူး ၅ နှစ်အတွင်း ကလေးယူဖို့ ကြိုးစားရမယ် စသဖြင့် စည်းကမ်းတွေ ရှိသေးတယ်။ ဒီတော့ ဂျင်မီ အချိန်မီ သူ့ရည်းစားဟောင်းတွေကို ပြန်လိုက်ရှာရင်း လက်ထပ်ဖို့ ကြိုးစားရတာပေါ့။ ဒီလိုနဲ့ သူ့သူငယ်ချင်း မာကို (Artie Lange) နဲ့ ဖာသာတယောက် (James Cromwell) ပါ ပါလာပြီး ဆန်ဖရန်စစ္စကိုမြို့ထဲမှာ ဗရမ်းဗတာ လက်ထပ်ဖို့သတို့သမီးလိုက်ရှာ​​တာ။ တစ်ချိန်တည်းမှာပဲ ဂျင်မီရဲ့ သူငယ်ချင်းတစ်ယောက်က သူ့အတွက် သတို့သမီးရှာဖို့ သတင်းစာမှာ ကြော်ငြာထည့်လိုက်တော့ မြို့ထဲက မိန်းကလေးတွေ သတို့သမီးဝတ်စုံတွေနဲ့ ဂျင်မီနောက်ကို လိုက်ပြေးကြတာ တကယ်ရယ်ရပါတယ်။ ဒီဇာတ်ကားက အဓိကအားဖြင့် ဂျင်မီတစ်ယောက် သူ့ရဲ့ အချစ်စစ်ကို ပြန်ရှာတွေ့ဖို့ ကြိုးစားရင်း ဘဝမှာ အိမ်ထောင်ရေးရဲ့ တန်ဖိုးကို နားလည်လာတဲ့ အကြောင်းပါ။ Chris O’Donnell နဲ့ Renée Zellweger က ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ထားပြီး ဟာသအပိုင်းမှာ Artie Lange တို့ James Cromwell တို့က အတော်လေး ထောက်ပံ့ပေးထားတယ်။ ဒါ့အပြင် Mariah Carey, Brooke Shields, Sarah Silverman တို့လို နာမည်ကြီးတွေ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတာလည်း စိတ်ဝင်စားစရာပဲ။ ဇာတ်လမ်းက နည်းနည်းတော့ တကယ်မဖြစ်နိုင်တဲ့ အနေအထားတွေ ပါတယ်။ ဥပမာ မိန်းကလေးတွေ ရုတ်တရက် သတို့သမီးဝတ်စုံတွေနဲ့ ဂျင်မီနောက်ကို လိုက်ပြေးကြတာမျိုး။ ဒါပေမယ့် ဒီလို ပေါ့ပေါ့ပါးပါး ဟာသလေးတွေက ကြည့်ရတာ ပျော်ဖို့ကောင်းတယ်လေ။ ရိုမန်တစ်ဆန်ဆန်နဲ့ ရယ်လည်းရယ်ရတဲ့ ဇာတ်ကားမျိုးကို ကြိုက်တတ်တဲ့သူဆို ဒီကားလေးက အေးအေးလူလူနဲ့ ကြည့်လို့ကောင်းမှာပါ။ File size… (1.9 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

0 1999
The Bachelor