YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Phone Bhoot (2022) Hindi TRUE WEB-DL.720p(CM).mp4

1.01 GB N/A video/mp4 4953 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Hilom

Hilom (2023) အသည်းကွဲတာ ပျောက်တယ်ဆိုတဲ့ဆေး မတွေ့သေးတဲ့ ကော်နီကို ပေးလို့ရပါပြီ။ Hilom ကတော့ ၂၀၂၃ ထွက် ဖိလစ်ပိုင် အချစ်ဟာသဇာတ်ကားလေးပါ။ အချစ်ခန်း အနည်းငယ်ပါတဲ့အတွက် ကလေးတွေကြည့်ဖို့ကတော့ မသင့်တော်ပါဘူးနော်။ အဖေဆုံးပြီးတာမကြာသေးတာကိုမှ သတို့သမီးလောင်းကို လက်ထပ်ခွင့်တောင်းပြီးမှ ရည်းစားပစ်ခံလိုက်ရတဲ့ ဆမ်တစ်ယောက် အသေအကြေ အသည်းကွဲပါတော့တယ်။ စိတ်ဓာတ်တွေကျပြီး ကိုယ့်ဘာသာသတ်သေလောက်တဲ့ထိကို ဖြစ်သွားတာပေါ့။ အဲဒါနဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က ဆေးတစ်လုံးဝယ်လာပေးပါတယ်။ အသည်းကွဲတာပျောက်တဲ့ဆေးတဲ့... အဲဒါနဲ့ ဆမ် အဲဒီဆေးကို သောက်လိုက်ပြီးတော့ အသည်းကွဲတာပဲပျောက်မလား... အသက်ပဲပျောက်မလားတော့... ဇာတ်ကားထဲမှာပဲ မင်းသမီးလုံးလုံးလေးတွေနဲ့ အတူကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 945MB Quality - 1080p, 720p Format - mp4 Duration - 1H 58Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Reality
0 2023 119 mins
[18+] Hilom
Last Sentinel
5.7

Cm ပရိသတ်ကြီးအတွက် 2023 ထွက် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလမှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စစ်ပွဲကြီးတွေဖြစ်ခဲ့ပြီး ကုန်းမြေအကုန်လုံးနီးပါးဟာ ပင်လယ်ရေအောက်ကိုမြုပ်သွားကြပါတယ်။ ကုန်းမြေအကုန်လုံးနီးပါးရေထဲမြုပ်သွားပေမဲ့လည်း စစ်ဖြစ်နေတာကတော့မရပ်သေးဘဲ ကင်းစခန်းတွေကိုရေပေါ်မှာတည်ဆောက်ထားပြီး ရန်သူရဲ့ လှုပ်ရှားမှုကိုဆက်လက်စောင့်ကြည့်ခဲ့ကြပါတယ်။ ဗိုလ်ကြီးဟန့်ဒရစ်ခ်ျဦးဆောင်တဲ့ စစ်သားလေးယောက်ပါကင်းတပ်ဖွဲ့ကလည်း တာဝန်ကျရာ ရေပေါ်ကင်းစခန်းမှာစောင့်ကြည့်ရင်း တာဝန်ချိန်နှစ်နှစ်ပြည့်သွားတဲ့အတွက် ကယ်ဆယ်ရေးသင်္ဘောရောက်အလာကို မျှော်လင့်နေကြတာပါ။ သူတို့ရဲ့စခန်းကလည်းတစ်လကိုတစ်ကြိမ်တိုက်ခတ်နေတဲ့မုန်တိုင်းကြောင့်တဖြည်းဖြည်းယိုယွင်းလာနေခဲ့ပါပြီ။ သူတို့ဆီကိုလည်းတစ်နေ့နဲ့တစ်နေ့ ဌာနချုပ်ကနေပြီးအကြောင်းကြားစာအသစ်တွေကိုရောက်ရှိမလာတဲ့အတွက် လူသူကင်းမဲ့ပြီးရေအတိဝိုင်းနေတဲ့ ပင်လယ်ပေါ်မှာ နှစ်နှစ်ကျော်နေလာရတဲ့လူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာပါတော့တယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ရဲ့ကယ်ဆယ်ရေး သင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကမျောပါလာတာကိုတွေ့လိုက်ရပြီး သင်္ဘောပေါ်မှာ ပစ္စည်းတွေကလွဲရင် လူတစ်ယောက်မှပါခဲ့ပါဘူး။ ဌာနချုပ်ဘက်ကလည်း သင်္ဘောနဲ့ပတ်သတ်ပြီး ဘယ်လိုအကြောင်းကြားစာမှမပြန်တာမလို့ မျောပါလာတဲ့သင်္ဘောကိုပြင်ပြီးလူနှစ်‌ေယာက်က ဌာနချုပ်ဆီကို ကိုယ်တိုင်အစီရင်ခံစာသွားပို့မယ်လို့စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုသွားပို့မဲ့အစီအစဉ်ကအောင်မြင်ပါ့မလား၊ ‌သူတို့ရဲ့ အကြောင်းကြားစာတွေကိုရော ဌာနချုပ်ကဘာလို့အကြောင်းမပြန်တာလဲ၊ သူတို့ကရော နောက်ဆုံးကင်းတပ်ဖွဲ့ဖြစ်နေတာလား၊ ကယ်ဆယ်ရေးနဲ့ ရန်သူဘယ်အရာကအရင်ရောက်ရှိလာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Horror • Thriller
5.7 2023 112 mins
Last Sentinel
Death Note
4.2

ဒီနာမည်နဲ့ ဂျပန်ကားကိုတော့ မသိတဲ့ ရုပ်ရှင်ပရိသတ်အတော်ရှားမှာပါ။ အခုတင်ပေးထားတာကတော့ Netflix က ပြန်လည်ရိုက်ကူးတဲ့ အမေရိကန် death note ပါ။ ဇာတ်လမ်းကျောရိုးအနေနဲ့တော့ ဆင်တူပါတယ်။ Light ပါမယ်၊ L ပါမယ်၊ပန်းသီးကြိုက်တဲ့ သေခြင်းနတ်ဘုရား ပါမယ်ပေါ့။ အရင်ဇာတ်လမ်းမှာ မပါတဲ့ လှည့်ကွက်အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ အရင်ဇာတ်လမ်းထက် ညံ့တဲ့ လှည့်ကွက်အသစ်တွေနဲ့ အရင်ဇာတ်လမ်းထဲ ညံ့တဲ့ ဇာတ်သိမ်း ပါဝင်တယ်ပဲ ပြောရမှာပါပဲ။ အရင် Death Note ရဲ့ တစ်ဝက်လောက်ပဲ အဆင့်မှီအောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Death Note ကို ကြိုက်နှစ်သက်သေးသူတွေ အမေရိကန်ဗားရှင်းကို မြည်းစမ်းကြည့်ချင်သူတွေအတွက် တင်ပေးထားလိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ ကိုယ့်အမြင်နဲ့ကိုယ် ခံစားတာမို့ ကြိုက်တဲ့သူတွေလည်း ကြိုက်ပါလိမ့်မယ်။ မြည်းစမ်းကြည့်နိုင်ပါတယ်။ (ဘာသာပြန်သူတွေကတော့ Scrn နဲ. Little Twinlay ပါ) File Size : (750 MB) and (300 MB) Quality : 720pWebdl Running Time : 1hr 41minutes Format : Mp4 Genre : Fantasy, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Scrn & Little Twinlay Encode by Thanhtike Zaw

Comedy • Family
4.2 2017 101 mins
Death Note
From Me to You (or) Kimi ni Todoke
6.9

From Me to You (or) Kimi ni Todoke (2010) =============================== IMDb Rating – 6.9/10 Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်း လေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ Sawako Kuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချ ထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉ ၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား ‘Ring’ ထဲက သရဲမ “Sadako” နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော် တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။ အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကို ခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီး ကောင်လေးတစ်ယောက် Shota Kazehay‌a (Haruma Miura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲ ဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehay‌a ကြောင့် Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့် တခဲ့ရတဲ့ ကျောင်းသားဘဝလေးရလာတဲ့အခါ သူတို့ သူငယ် ချင်းနှစ်ယောက် တဖြည်းဖြည်းကြီးထွားလာတဲ့ ကိုယ်စီ ခံစားချက်တွေကို အချင်းချင်းသိအောင် အရောက်ပို့နိုင် ကြမလားအဆင့် တက်သွားကြမလား ဆိုတာ…ကြည့်ရှု ရမှာပါ။ လူငယ်တွေရဲ့ friendship တွေ စိတ်ခံစားချက် တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ Naoto Kumazawa ရဲ့ masterpiece လေး… ဇာတ်အိမ်ခိုင်တဲ့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ recommend ပေးလိုက် ပါတယ်။ ကား‌ဟောင်းလေးဆိုပေမဲ့ 2009 တုန်းကထွက်ခဲ့တဲ့ original anime အပြီး ၂၀၁၀ မှာထွက်ခဲ့တာဆိုတော့ မူမပျက် ဇာတ် လမ်းကောင်းလေးကို စီးရီးအနေနဲ့မဟုတ်ဘဲ တစ်ကားတည်း အပြီးပြန်ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size……….(2.32 GB) / (905 MB) / (532 MB) Quality…………WEB-DL 1080p / 720p / 480p Duration………2Hr 08Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Khaing Khin Encoder……….Zin Phyo Aung

6.9 2010 128 mins
From Me to You (or) Kimi ni Todoke
Jaane Jaan
7.7

Jaane Jaan (2023) ==================== IMDb-6.0/10 ဒီကားကတော့ ၄တန်းအောင် အဂျေးရဲ့ အလောင်းဖျောက်ပုံ အလီဘိုင်ရှာပုံတွေနဲ့ ပုံစံဆင်တူတဲ့ ဇာတ်ကားတစ်ကားပါ Netflix ကထုတ်လွှင့်ပြီး Rating အနေနဲ့ရော Plot အနေအထားအရပါ အတော်လေးကြည့်ရှုလို့ကောင်းတဲ့ Crime / Mystery ဇာတ်ကားအမျိုးအစားဖြစ်ပါတယ် မင်းသမီးကြီး ကရီနားကပူးဟာဆိုရင်လည်း အပိုအလိုမရှိ ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ် ဘောလိဝုဒ်ကားတွေက အင်စပက်တာတွေ အမှုလိုက်တော်တဲ့ကားတွေပဲများပေမဲ့ ဒီကားကတော့ criminal ဘက်ကနေ ဘယ်လောက်ထိပိရိအောင်လုပ်နိုင်လဲဆိုတာကိုကြည့်ရှုရမှာပါ ဉာဏ်ပညာထက်မြက်မှုနဲ့ ရူးသွပ်မှု..ဒီ၂ခုကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ ခြားပါတယ် သင်္ချာပညာရပ်ကို ရူးသွပ်လို့ ဆယ်စုနှစ်တစ်ခုအထိ လေ့လာလိုက်စားလာခဲ့ပြီး အရာရာကို သင်္ချာနည်းတကျ စေ့စပ်တွေးခေါ်တတ်တဲ့လူတစ်ယောက်က လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင်ရော.. နည်းနည်းလောက်သာပိုတွေးမိရင် မျက်စိရှေ့က အမှန်တရားကိုမြင်နိုင်ပေမဲ့ မကြိုးစားခဲ့ကြသူတွေနဲ့ ချစ်ရတဲ့မိသားစုကိုကာကွယ်ဖို့ အဘက်ဘက်ကကြိုးစားကြတဲ့လူတွေကြားက တိုက်ပွဲတစ်ခု ..လူသတ်သမားကိုသိနေတာတောင် အလီဘိုင်က အစစအရာရာပြည့်စုံနေပြီး ဟာကွက်မရှိနေတဲ့ ပြီးပြည့်စုံတဲ့ လူသတ်မှုတစ်ခု ..ဉာဏ်ပညာထက်မြက်မှုနဲ့ အမှန်တရားကြား ဘယ်သူကအနိုင်ရသွားမလဲ ဇာတ်ကားတစ်ကားလုံးက ပစ်ရက်စရာရှိအောင် ပြည့်စုံလွန်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ YH ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်)

7.7 2023
Jaane Jaan
Amanat
6.6

Amanat (2022) ရုရှားစကားပြော သမိုင်းနောက်ခံ ဇာတ်ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ် ၁၉ ရာစုအလယ် ၁၈၁၇-၁၈၆၄ က Caucasian စစ်ပွဲ (ရုရှားအင်ပါယာနဲ့ Caucasus လူမျိုးတို့ရဲ့စစ်ပွဲ) ကို အခြေတည်ထားပါတယ် တောင်ပေါ်သား အစ္စလာမ်မျိုးနွယ် Caucasus တို့ရဲ့ခေါင်းဆောင်က သူတို့နယ်ကို ရုရှားတပ်တွေ ဝိုင်းလာတဲ့အချိန် သူတို့ခေါင်းဆောင် Imma Shamil က သူ့ရဲ့သားဖြစ်သူ Jamalutdin ကို ဓားစာခံအဖြစ် စေလွှတ်ခဲ့ပါတယ် အသက်ကိုးနှစ်အရွယ်မှာ Jamal တစ်ယောက် စစ်မှုရေးရာကျောင်းမှာ တက်ရောက်ပြီး ရုရှားအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ် အဲဒီရုရှားမြေမှာပဲ အရာရှိတစ်ယောက်ရဲ့သမီးဖြစ်သူ Lisa နဲ့ချစ်ကြိုက်ခဲ့ပါတယ် Jamal က ရုရှား officer တစ်ယောက်ဖြစ်ပေမယ့် စစ်ကို ရွံမုန်းပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့သူပါ တစ်နေ့တော့ “တာဝန်ဝတ္တရား”နဲ့ “သူ့ချစ်သူ Lisa” နှစ်ခုကြား ခက်ခက်ခဲခဲရွေးချယ်ရတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာတော့ …. ၁၉ ရာစုနောက်ခံ အချစ်ဇာတ်လမ်းကို “စစ်နဲ့ငြိမ်းချမ်းရေး” တို့နဲ့ ရောယှက်ပြီး အလွမ်း/အဆွေး/ခွဲခွာခြင်း/စွန့်လွှတ်ခြင်းတို့ကို သေချာပုံဖော်ထားတာမို့ ကြည့်ရတာနောင်တမရစေနိုင်မယ့် ရှားမှရှား ရုရှားဇာတ်ကားလေးပါ File size…(2 GB)/(1.05 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Fantasy • Action • Horror
6.6 2022 120 mins
Amanat
Irena’s Vow
6.2

စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့ မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စား သွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ် တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့ တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီး ကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေက အပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်း အီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့ အတိုင်း Irena’s Vow ဖြစ်ပြီး IMDb Rating 6.2 အထိရရှိထားပါတယ်။ အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ် စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့ အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန် နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံး လွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာ အတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာက စိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲ ဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်း အဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်က သူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီး နိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင် ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာ ဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကို အီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကို သူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ဖွက်ထား ပေးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အီရန်နာတစ်ယောက် မီးခဲကြီးကို လက်ထဲမှာကိုင်ထားရသလို ရင်တထိတ်ထိတ်နဲ့ အိမ်ထဲမှာ ဂျူးတွေကို ဖွက်ထားပေးရင်း အီရန်နာနဲ့ဂျူးတွေ အန္တရာယ်တွေကြားက ဘယ်လိုတွေအတူတူရင်ဆိုင် ကျော်ဖြတ် သွားရမယ်ဆိုတာတွေအပြင် မထင်မှတ်ထားတဲ့ဒရာမာအချစ် ဇာတ်လမ်းလေးတစ်ခုကို ပါကြည့်ရှုရမဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 610MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre …..War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2023
Irena’s Vow
Before Sunrise
8.1

B E F O R E ရဲ ့နိဒါန်း . Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး … . အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို ့နှစ်ယောက်ရဲ ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို ့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို ့နှစ်ယောက် စတွေ ့ခဲ့ကြတယ်ဆိုတာကိုပဲ။ . ကျွန်တော်တို ့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို ့ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို ့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။ Before Trilogy လို ့ရုပ်ရှင်ချစ်သူတွေရဲ ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ ့Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ ့အတွေးက ဒါပဲ။ ဘဝရဲ ့တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ ့မယ်။ ပြီးတော့ ထိုလူသားကို ပြန်တွေ ့အောင် သင်ဟာ နည်းမျိုးစုံနဲ ့တမင်ဖန်တီးနေခဲ့မိမယ်။ ဒါတွေရဲ ့မြစ်ဖျားခံရာက အချစ်ပဲ။ —————————————————————————- B E F O R E . သူ ့နာမည်က James။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ ့ကို Jesse လို ့ပဲခေါ်ကြတယ်တဲ့။ ဒီတော့ ကျွန်တော်တို ့လည်း သူ ့ကို ရင်းနှီးတယ်လို ့ခံစားရအောင် Jesse လို ့ပဲ ခေါ်ကြတာပေါ့။ သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို ့ဆိုတဲ့ရည်ရွယ်ချက်နဲ ့ဥရောပကို ရောက်လာတယ်။ ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ ့ပဲ အမေရိကားကို ပြန်ဖို ့ထွက်လာခဲ့တယ်။ Vienna မြို ့ကနေ လေယာဉ်နဲ ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ်။ ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ်။ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ်။ ဒါကြောင့် အရဲစွန် ့ပြီး Vienna မြို ့ပေါ်ကို သူနဲ ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို ့တစ်ချိ ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို ့ပဲ မြင်တယ်။ . လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လိုု ့ခင်ဗျားတို ့ထင်ကြသလဲ။ ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို ့မြင်တယ်။ လောကမှာ ကိုယ်နဲ ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။ Director Richard Linklater ဟာ လူ ့ဘဝရဲ ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူရေးဖွဲ ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ Celine လည်း မငြင်းဆန်ခဲ့ဘူး။ ဒီလိုနဲ ့သူတို ့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို ့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ်။ . သူတို ့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး ။ ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ်။ ဘဝအကြောင်းတွေပါတယ်။ ခံယူချက်တွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေပါတယ်။ ဘာသာရေးတွေပါတယ်။ မျက်စိရှေ ့မှာ မြင်တွေ ့နေတဲ့ မြင်ကွင်းတွေပါတယ်။ အချစ်ရေးတွေပါတယ်။ သူတို ့စိတ်ကူးထဲမှာ ပေါ်ပေါက်လာတဲ့ အတွေးတွေအကုန်လုံးကို ပြောဖြစ်ကြတယ်။ Vienna မြို ့လေးပေါ်က အုတ်လမ်းလေးတွေပေါ်က သူတို ့နှစ်ယောက်ရဲ ့ခြေသံတွေဟာ ထပ်ထပ်လာလေ သူတို ့နှစ်ဦးပြောဖြစ်တဲ့ အကြောင်းအရာတွေဟာ ပိုပြီး ဆက်စပ်မှု ရှိလာလေလေပဲ။ ထိုညလေးဟာ တစ်ဖြည်းဖြည်းနဲ ့ပိုနက်လာတယ်။ တစ်နေရာမှာ ဗေဒင်ဟောဆရာမတစ်ယောက်ကို တွေ ့ခဲ့တယ်။ တစ်နေရာမှာတော့ ကဗျာဆရာတစ်ယောက်နဲ ့တွေ ့တယ်။ ထိုကဗျာဆရာဇာတ်ကောင်က ထူးဆန်းတယ်။ သူကလူတွေဆီကနေ ငွေကို အခမဲ့မတောင်းဘူး။ လူတွေကို စိတ်ထဲကရှိတဲ့ စကားလုံးတစ်လုံးကို ရေရွတ်ခိုင်းတယ်။ ထိုစကားလုံးကို အခြေခံပြီး ထိုခဏအတွင်း သူကဗျာတစ်ပုဒ်ဖွဲ ့နွဲ ့ရေးသားမယ်။ ဖတ်တဲ့သူတွေက နှစ်သက်မှ၊ ပြီးတော့ သူတို ့ဘဝတွေမှာ တစ်ခုခုနဲ ့ဆက်နွယ်တယ်လို ့ခံစားရမှ သူ ့ကိုစေတနာရှိသလောက် ငွေပေးကမ်းခဲ့ခိုင်းတာမျိုး။ သူက Jesse နဲ ့Celine ကို ဖွဲ ့ပေးလိုက်တဲ့ ကဗျာလေးက အရမ်းလှလွန်းတယ်။ . Daydream delusion, limousine eyelash / Oh baby with your pretty face / Drop a tear in my wineglass / Look at those big eyes / See what you mean to me / Sweet-cakes and milkshakes / I’m a delusion angel / I’m a fantasy parade / I want you to know what I think / Don’t want you to guess anymore / You have no idea where I came from / We have no idea where we’re going / Lodged in life / Like branches in a river/ Flowing downstream / Caught in the current / I carry you / You’ll carry me / That’s how it could be / Don’t you know me? / Don’t you know me by now? . ထိုညတစ်ညမှာ လရောင်ဟာ လင်းလက်နေခဲ့သလား၊ မှောင်မိုက်နေခဲ့သလားဆိုတာကိုတော့ သူတို ့နှစ်ယောက်ပဲ အသိဆုံးဖြစ်ခဲ့လိမ့်မယ်။ ဒီလိုနဲ ့နောက်နေ ့မနက်မှာ ကိုယ်ပိုင်ခရီးတစ်ခုဆီကို သူတို ့အသီးသီးဆက်သွားကြတော့တယ်။ လူသားတွေဟာ မတည်မြဲတဲ့ ကတိတွေကို ပေးတတ်တဲ့နေရာမှာတော့ ထူးချွန်ကြတယ်။ ဒီလိုပဲ သူတို ့လည်း နောက် ၆ လကြာရင် ဒီမြို ့လေးမှာ ပြန်တွေ ့ကြမယ်ဆိုပြီး ကတိတွေပေးခဲ့ကြတယ်။ . ထိုရုပ်ရှင်ဇာတ်ကားထွက်ခဲ့တုန်းက ပရိသတ်တိုင်းဟာ သူတို ့နှစ်ယောက် ပြန်တွေ ့ခဲ့ကြလား၊ မတွေ ့ဖြစ်ခဲ့ကြဘူးလားဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ခဲ့ကြဘူး။ ကိုယ်ပိုင်ထင်ကြေးတွေ ပေးခဲ့ကြတယ်။ ထိုအဖြေကို နောက် ၉ နှစ်အကြာမှ ပရိသတ်တွေ ရခဲ့ကြတယ်။ —————————————————————————- နှစ်တွေကြာမြင့်ခဲ့ပြီ။ နောက် ၉ နှစ်အကြာမှာ ပါရီမြို ့ရဲ ့စာအုပ်ဆိုင်တစ်ဆိုင်မှာ မမျှော်လင့်ပဲ သူတို ့ထပ်တွေ ့ဖြစ်ကြတယ်။ Jesse ဟာ လွန််ခဲ့တဲ့ နှစ်အနည်းငယ်က ရထားတစ်စင်းပေါ်မှာ ကောင်မလေးတစ်ယောက်နဲ ့စတင်တွေ ့ဆုံခဲ့ပြီး Vinenna မြို ့ပေါ်မှာ တစ်ညတာ အချိန်တွေ ကုန်ဆုံးခဲ့ပုံကို စာအုပ်ရေးခဲ့တာကြောင့် အခုတော့ အတော်အတန်အောင်မြင်စ စာရေးဆရာတစ်ယောက်ပေါ့။ စာနယ်ဇင်းသမား ၃ ယောက်ရဲ ့အမေးတွေကို ဖြေကြားနေတဲ့ Jesse ကို ဘေးကနေ Celine ပြုံးကြည့်နေတယ်။ ဒီတစ်ခါ သူတို ့ပြန်တွေ ့ဖြစ်ကြတော့ လွန်ခဲ့တဲ့ ၉ နှစ်တုန်းကလို အချိန်တစ်ညလောက် မရဘူး။ ညနေ နေမဝင်ခင်မှာ Jesse က လေယာဉ်နဲ ့အမေရိကားကို ပြန်ရမှာ။ အလွန်ဆုံး စကားလက်ဆုံပြောရ နာရီအနည်းငယ်ခန် ့ပေါ့။ ဒါပေမဲ့ သူတို ့ထိုညနေခင်းတစ်ခင်းကို လွန်ခဲ့တဲ့ ၉ နှစ်ကအတိုင်း စကားလုံးတွေနဲ ့ကုန်ဆုံးကြပြန်တော့တယ်။ ထ်ိုညနေခင်းရဲ ့အဆုံးမှာ ဘာတွေ ဆက်ဖြစ်သွားကြသလဲ။ Celine က Jesse ကို သတိပေးလိုက်တယ်။ ရှင်တော့ လေယာဉ်မှီမှာ မဟုတ်တော့ဘူး တဲ့။ . ထုံးစံအတိုင်း ပရိသတ်ကို ဘာဆက်ဖြစ်မလဲဆိုတာ မသေချာတဲ့ဇာတ်ကြောင်းနဲ ့ချန်ထားရစ်ပြန်တယ်။ Jesse လေယာဉ်မှီသွားရဲ ့လား။ သူတို ့ဘာဆက်ဖြစ်ကြတော့မှာလဲ။ ထိုမေးခွန်းတွေရဲ ့အဖြေကိုလည်း နောက် ၉ နှစ်ကြာမှ ပရိသတ်တွေ ရခဲ့တော့တယ်။ —————————————————————————— B E F O R E အပေါ် မိမိအမြင် . ဒီဇာတ်ကား ၃ ကားကို ကျွန်တော်ကြည့်ခဲစဉ်က ထူးထူးခြားခြား ဘယ်လို ခံစားခဲ့ရသလဲဆိုတော့ ရုပ်ရှင်တစ်ကားကို ကြည့်နေတယ်လို ့မခံစားရပဲ စာအုပ်တစ်အုပ် (သို ့မဟုတ်) ဆောင်းပါးတစ်ခုကို ဖတ်နေရသလိုပဲ ခံစားခဲ့ရတယ်။ အခုလို ခံစားချက်မျိုးက My Dinner with Andre (1981) ကို ကြည့်ခဲ့ရတုန်းကလည်း ခံစားဖူးတယ်။ ဒါပေမဲ့ ဇာတ်ကား ၃ ကားစလုံးကို ကြည့်ပြီးတဲ့အခါမှ ထို ၃ ကားစလုံးပေါင်းပြီး ရုပ်ရှင်တစ်ကားလို ့ခံစားခဲ့ရတယ်။ . လူအများစုက ယခုဇာတ်ကားတွေကို အချစ်ကားလို ့သတ်မှတ်ကြပေမဲ့ ကျွန်တော်ကတော့ အချစ်ကားဆိုတာထက် ပိုတယ်လို ့ခံစားရတယ်။ လူသားနှစ်ဦးရဲ ့ဆက်စပ်မှုတွေ၊ တူညီတဲ့အတွေးစတွေကို ဖော်ထုတ်ပေးခြင်းလို ့ပိုမြင်မိတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေကို ကြည့်မယ်ဆိုရင် Before Sunrise မှာတုန်းက သူစိမ်းတွေဆိုတော့ ခံယူချက်တွေ၊ ideas တွေ အစရှိတဲ့အကြောင်းအရာတွေကို ပိုမိုပြောဖြစ်ခဲ့ကြပြီး နောင် ၉ နှစ်အကြာ Before Sunset မှာ ပြန်တွေ ့တော့ သူတို ့ပြောတဲ့စကားတွေက လွန်ခဲ့တဲ့ ၉ နှစ်အတွင်းက ဖြစ်ခဲ့ကြတဲ့ ဘဝအသီးသီးရဲ ့ဖြစ်စဉ်တွေကို ဖလှယ်ကြတယ်။ သူတို ့ဘဝတွေဟာ ပရိသတ်တွေရဲ ့ဘဝတွေ ဖြစ်လာတယ်။ ဒီလိုနဲ ့နောက်ထပ် ၉ နှစ်အကြာ Before Midnight မှာ သူတို ့ဘာတွေပြောကြပြီလဲဆိုတော့ အရင်လိုတစ်ယောက် မသိခဲ့တဲ့ ဖြစ်စဉ်တွေကို တစ်ယောက် ပြောနေတာထက် နှစ်ယောက်အတူတူ နှစ်ရှည်လများ ရှိနေခဲ့တာတောင် တစ်ယောက်ရဲ ့ခံစားချက်ကို တစ်ယောက် မမြင်နိုင်ခဲ့တဲ့ ခံစားချက်တွေပဲ။ ဒီဇာတ်ကားတွေဟာ ဘာထူးခြားသလဲဆိုတော့ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းကို ကျွန်တော်တို ့ဟာ တတိယလူအဖြစ်နဲ ့ဝင်ရောက်နားထောင်နေခဲ့တဲ့အတွက် သူတို ့နှစ်ယောက်အပြင် တတိယလူဖြစ်တဲ့ ပရိသတ်ကပါ ထိုဇာတ်ကောင်နှစ်ယောက်နဲ ့ပိုမိုနီးစပ်လာတယ်ဆိုတာ သိသာစွာ ခံစားလာရတယ်။ ထိုဇာတ်ကောင် နှစ်ယောက်နဲ ့ပရိသတ်ကြားမှာ ကာထားတဲ့ အလွှာပါးတစ်ချပ်ဟာ ဘယ်အချိန်မှာ လွင့်ပျံပျောက်ကွယ်သွားတယ်ဆိုတာ ပရိသတ်ဟာ ဘယ်တော့မှ သိလိုက်မိမှာမဟုတ်ဘူး။ ဒါဟာ သူတို ့နှစ်ယောက်ရဲ ့စကားလုံးတွေကြားမှာ သင်ဟာလည်း စီးမျောပါသွားလို ့ပဲ။ . Directing မှာ 90% က Casting လို ့ directors တွေပြောတာ ကျွန်တော် ဖတ်ဖူးတယ်။ ဒီစကားသာ အမှန်ဆိုရင် ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Director Richard Linklater ကတော့ 90% စလုံးကို အောင်မြင်ခဲ့တယ်လို ့ဆိုလို ့ရတယ်။ ဒီဇာတ်ကား ၃ ကားလုံးမှာ ထူးခြားချက်တွေအကုန်လုံးက ထိုဇာတ်ကောင်နှစ်ယောက်ကို အသီးသီးပုံဖော်ခဲ့ကြတဲ့ Ethan Hawke နဲ ့Julie Deply တို ့နှစ်ယောက်ပဲ။ သူတို ့နှစ်ယောက် သရုပ်ဆောင်တာကို ကြည့်ရတာ သရုပ်ဆောင်နေတယ်လို ့လုံးဝမထင်ရဘူး။ သာမာန်အသိ လူသားနှစ်ယောက် လမ်းလျှောက်ရင်း စကားတွေ ပြောနေကြသလိုမျိုးပဲ။ 3 ကားစလုံးမှာ 10 မိနစ်ထက်ကျော်တဲ့ ဇာတ်ဝင်ခန်းတွေပါတယ်။ တစ်ချို ့ဆို 17 မိနစ်ကျော်တယ်။ ထိုဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်ဖို ့ဆိုတာ ဘယ်မင်းသား မင်းသမီးမှ တော်ရုံ သရုပ်မဆောင်နိုင်ဘူး။ ဒါပေမဲ့ အလွယ်ကူဆုံးကတော့ သရုပ်ဆောင် နှစ်ယောက်ကို Theme တစ်ခုချပြထားပြီး သူတို ့ဆွေးနွေးပြောဆိုနေကြတာကို camera က လိုက်ရိုက်ကူးနေယုံပဲ။ . dialogues တွေကိုစဉ်းစားပြီး 17 မိနစ်ကျော် သရုပ်ဆောင်ရတာထက် အခုလို လွတ်လပ်စွာ သရုပ်ဆောင်ရတာကို ကျွန်တော်က ပိုသဘောကျတယ်။ ဒါက ကျွန်တော့်အထင်ပါ။ သူတို ့နှစ်ယောက် တစ်ကယ်လည်း ထိုပုံစံအတိုင်း သရုပ်ဆောင်ချင် ဆောင်ခဲ့ကြပါလိမ့်မယ်။ နောက်တော့ ကျွန်တော် သိခဲ့တာက ထိုသရုပ်ဆောင်နှစ်ယောက်စလုံး ဇာတ်ညွှန်းကို တစ်ခြားဇာတ်ညွှန်းရေးဆရာတွေနဲ ့ပူးတွဲရေးသားခဲ့ကြလို ့ပဲ။ ပထမဆုံး Before Sunrise မှာတော့ credits မပါခဲ့ပေမဲ့ နောက်နှစ်ကားမှာတော့ ဇာတ်ညွှန်းရေးဆရာနာမည်တွေမှာ သူတို ့နှစ်ယောက်ပါခဲ့ကြတယ်။ ကိုယ်တိုင်ပူးတွဲရေးသားထားတဲ့ ဇာတ်ညွှန်းကို ကိုယ်တိုင်ပြန်သရုပ်ဆောင်ရတာ ပိုလွယ်ကူမယ်လို ့မြင်မိလို်က်တယ်။ ဒီဇာတ်ကားတွေမှာ ဇာတ်ကြောင်းပြောတဲ့သူမရှိဘူး။ သူတို ့ပြောနေတဲ့ စကားတွေကပဲ ဇာတ်ကောင်တွေကို ရင်းနှီးစေတယ်။ Jesse နဲ ့Celine ဆိုတာ ရုပ်ရှင်ဆိုတဲ့ ဖျော်ဖြေမှုတစ်ခုရဲ ့အလှပဆုံးတဖြစ်လဲ သဘာဝအကျဆုံး ဇာတ်ကောင်တွေပဲ။ . Ethan Hawke ရဲ ့ဇာတ်ကောင်ဖြစ်တဲ့ Jesse ကို ကျွန်တော်သဘောကျတယ်။ သူက အချစ်ဆိုတာကို ယုံကြည်ခဲ့တဲ့လို ့ပြောလို ့ရတယ်။ ဒါကြောင့်လည်း Before Sunset အစမှ သူတို ့နှစ်ယောက်ပြန်တွေ ့တော့ Celine အသည်းအသန်မေးခဲ့တဲ့ မေးခွန်းက သူတို ့ချိန်းခဲ့ကြတဲ့ နေရာလေးကို Jesse လာခဲ့သလားဆိုတာပဲ။ အစကတော့ မဖြေဘူး။ Celine တစ်ယောက် မလာခဲ့တာကို သိတော့ သူကိုယ်တိုင်လည်း ထိုအချိန်က လာခဲ့ရဲ့သားနဲ ့မလာခဲ့ဘူးလို ့လိမ်ပြောလိုက်တယ်။ ကျွန်တော် စောစောက ပြောခဲ့သလို ဖူးစာဆိုတာ လူသားတွေလိမ်ညာပြီး တမင်ဖန်တီးတဲ့အရာဆိုတာ ဒီနေရာမှာ မြင်လာရတယ်။ Jesse က ပြောတယ်။ ဒီစာအုပ်ထုတ်တယ်ဆိုတာ သူ ့စိတ်ထဲက ရေးချင်စိတ်နဲ ့ရေးလိုက်တာတဲ့။ Celine ကလည်း ပြောတယ်။ ဒီစာအုပ်ဆိုင်လေးက သူအမြဲလာနေကြနေရာလေးတဲ့။ တစ်ကယ်တော့ သူတို ့နှစ်ယောက်စလုံး ညာခဲ့ကြတယ်။ Celine နဲ ့ပြန်တွေ ့လိုတွေ ့ငြားဆိုတဲ့ စိတ်လေးနဲ ့Jesse ဒီစာအုပ်လေးကို ရေးပြီးထုတ်ခဲ့တယ်။ Jesse တစ်ယောက် ထိုနေ ့မှာ ထိုစာအုပ်ဆိုင်လေးမှာ စာနယ်ဇင်းမိတ်ဆက်ပွဲရှိတယ်ဆိုတာ သိလို ့Celine တစ်ယောက် တမင်လာခဲ့တာ။ ဒါဟာ သူတို ့ရဲ ့ဖူးစာကို သူတို ့ဖန်တီးခဲ့ကြတာပဲ။ ——————————————————————————– ဒီဇာတ်ကားလေးတွေ ဖြစ်ပေါ်လာပုံကလည်း ရုပ်ရှင်ချစ်သူတွေ သိပြီးကြတဲ့အတိုင်း ထူးဆန်းပြီး လှပလွန်းတယ်။ Richard Linklater က 1989 တုန်းက သူ ့ရဲ ့ပထမဆုံးဇာတ်ကား Slacker ဆိုတဲ့ဇာတ်ကားရိုက်ကူးရေးအပြီး New York ကအပြန် Philadelphia မှာ သူစိမ်းအမျိုးသမီးတစ်ယောက်နဲ ့စကားလက်ဆုံကြဖြစ်ခဲ့တယ်။ မြို ့အနှံလမ်းလျှောက်သွားကြရင်းနဲ ့ စကားဝိုင်းဟာ ပိုမိုကြာရှည်လာတယ်။ ထိုတစ်ညက အဖြစ်အပျက်ကို အခြေခံပြီး Before Sunrise ကို ရိုက်ကူးခဲ့တာပဲ။ ထိုအမျိုးသမီးနာမည်က Amy Lehrhaup တဲ့။ ဝမ်းနည်းဖို ့ကောင်းတာတစ်ခုက ထိုရုပ်ရှင်ကား Before Sunrise တောင် ရုံမတင်ခင်မှာပဲ ထိုအမျိုးသမီးဟာ Motorcycle Accident နဲ ့ဆုံးပါးသွားခဲ့တယ်။ ထိုအကြောင်းအရာတွေကို Richard Linklater က နောင် 15 နှစ်အကြာ 2010 မှ Public ကို ပြောပြခဲ့တယ်။ ————————————————————————— B E F O R E အပေါ် မိမိခံစားချက် . သူတို ့နှစ်ယောက် ပြောခဲ့ကြတဲ့ စကားတွေထဲက တစ်နေရာမှာ Jesse က လူသားတွေရဲ ့အသက်ရှင်ခြင်းနဲ ့သေဆုံးခြင်းအတွေးကို ထုတ်ဖော်ပြခဲ့တယ်။ ကျွန်တော်အမြဲမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပဲ။ လူသားတွေဟာ တစ်ဘဝပဲလား ဆိုတာ။ တစ်ကယ်လို ့ရှေးဘဝတွေ၊ နောက်ဘဝတွေ ရှိတယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်မြားစွာကထက် အခုအချိန်မှာ လူသားအရေအတွက်တွေ ကမ္ဘာပေါ်မှာ အဆပေါင်းမြောက်မြားစွာ ပိုများလာရတာလဲ။ ယနေ ့ခေတ်လူသားတွေရဲ ့ဝိဉာဉ်တွေဟာ ဘယ်ကနေ ရောက်လာကြတာလဲ။ Jesse ပြောခဲ့တဲ့အတိုင်းဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း 50,000 ကျော်လောက်က ကမ္ဘာပေါ်မှာ လူသားအရေအတွက် တစ်သန်းပင် မရှိဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း 10,000 လောက်ရောက်လာတော့ ကမ္ဘာပေါ်မှာ လူသားအရေအတွက် နှစ်သန်းကျော်နေပြီ။ သူပြောခဲ့တဲ့ 1995 တုန်းက ကမ္ဘာပေါ်မှာ 6 Billion ခန် ့လောက် လူသားတွေ ရှိနေပြီ။ ဟိုတုန်းက လူသားတွေရဲ ့ကြွေလွင့်သွားတဲ့ ဝိဉာဉ်တွေဟာ အစိပ်စိပ်အပိုင်းဖြစ်သွားပြီး ယခုမှာ အရေအတွက်တွေ ပိုမိုများပြားလာတာလားလို ့သူတွေးပုံကို ပြောပြတယ်။ တစ်ကယ်လို ့လူသားတွေဟာ ဒီတစ်ဘဝတစ်ခုတည်းဆိုရင် ဘာကြောင့် အရည်မရ၊ အဖတ်မရ လူ ့ဘဝကြီးကို ကျွန်တော်တို ့တွေ ရနေရတာလဲ။ ဘာအဓိပ္ပာယ်များ ရှိနေလို ့လဲ။ . နောက်တော့ မွေးဖွားခြင်းနဲ ့သေခြင်းတရားကို သူယှဉ်ပြသွားပုံကိုလည်း ကျွန်တော်သဘောကျတယ်။ သူ ့သူငယ်ချင်းတစ်ယောက်ရှိတယ်တဲ့။ ထိုလူက သူ ့မိန်းမကလေးမွေးတာကို ကြည့်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ အတွေးစလေးတစ်ခု။ ယခုမှ လူ ့လောကထဲကို တိုးဝင်လာတဲ့ လူသားလေးဟာ သူ ့ဘဝရဲ ့ပထမဆုံးအသက်ကို မနည်းအားယူပြီး ရှုနေတယ်။ ဒီအချိန်မှာ ဖခင်လုပ်တဲ့သူက ကြည့်နေရင်း ဘာကို သွားစဉ်းစားမိသလဲဆိုတော့ ယခုမှ လူ ့လောကထဲတိုးဝင်လာတဲ့ လူသားတစ်ယောက်ဟာ တစ်ချိန်မှာ သေဆုံးမယ်ဆိုတဲ့ သေခြင်းတရားအတွေးကို စဉ်းစားခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း နောင်တစ်ချိန်မှာ ဖခင်ဖြစ်လာရင် ကိုယ့်ရင်သွေးကို ပထမဆုံးမြင်တဲ့အခါ စတွေးမိမဲ့အတွေးဟာ ဒီအတွေးပဲ ဖြစ်နေမိတော့မယ်။ . Celine ပြောခဲ့တဲ့ စကားတွေထဲမှာ ကျွန်တော်သဘောကျခဲ့တာက မိမိဘဝမှာတွေ ့ကြုံခဲ့ရတဲ့ လူသားတိုင်းဟာ အစားထိုးလို ့မရဘူးဆိုတာပဲ။ လူသားတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ အသေးစိပ်အချက်ကလေးတွေရှိတယ်ဆိုတာပဲ။ သူမဇာတ်ကောင်ဟာလည်း လူသားတွေရဲ ့အသေးစိပ်အချက်ကလေးတွေကို မှတ်သားထားတတ်ပြီး ဘယ်တော့မှ မမေ့တတ်တဲ့ သူမျိုး။ ငယ်ငယ်ကဆို ကျောင်းသွားတဲ့လမ်းမှာတောင် အမြဲတမ်း သစ်ပင်ပေါ်ကကျလာတဲ့ chestnuts သီးလေးတွေရဲ ့လိမ့်ဆင်းသွားပုံတွေ၊ လမ်းဖြတ်ကူးနေတဲ့ ပုရွက်ဆိတ်တန်းလေးတွေ၊ သစ်ရွက်ကလေးတွေရဲ ့အရိပ်ကလေးတွေ လိုက်ကြည့်နေတတ်လို ့အမြဲကျောင်းနောက်ကျခဲ့ဖူးတဲ့ သူမျိုး။ . အသက်သုံးဆယ်ကျော်အရွယ် ရင့်ကျက်သွားပြီဖြစ်တဲ့ သူတို ့နှစ်ယောက် Before Sunset မှာ ပြန်တွေ ့တော့ ဇာတ်ကောင်နှစ်ယောက် ပြောခဲ့ကြတဲ့ စကားတွေဟာ သရုပ်ဆောင်နှစ်ယောက်ရဲ ့ပြင်ပက လက်တွေ ့ဘဝတွေကို မသိမသာထင်ဟပ်စေခဲ့တယ်။ အမှန်တော့ ထိုသရုပ်ဆောင်တွေဟာ သူတို ့ရဲ ့အပြင်က ဘဝတွေကိုပါ ရောပြီးပြောသွားခဲ့ကြတယ်။ အထူးသဖြင့် Jesse အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ethan Hawke ဟာ ထိုအချိန်တုန်းက မင်းသမီး Uma Thurman နဲ ့ကွာရှင်းခါစ အချိန်ဖြစ်တာကြောင့် သူ ့ဘဝအစစ်ကို သူပြန်ပြောနေသလိုတောင် မြင်ခဲ့ရတယ်။ ဘဝဆ်ုိတာ ခက်ခဲတယ်တဲ့။ ငါတို ့တွေဟာ ဘဝရဲ ့ခါးသီးမှုတွေကိုသာ မခံစားရရင် ဘဝကနေ ဘာမှ သင်ယူဖြစ်မှာမဟုတ်ဘူးတဲ့။ ထို ့အပြင် ဇာတ်ကောင်တွေဟာ အသက်အရွယ်ကြီးရင့်လာခြင်းရဲ ့ဆုတ်ယုတ်မှုတွေကို ဘာနဲ ့ပြောပြခဲ့သလဲဆိုတော့ Celine ရဲ ့အိပ်မက်ဆိုးတစ်ခုမှာ သူမဟာ အသက် ၃၂ ဖြစ်နေတယ်တဲ့။ ဒီလိုနဲ ့အိပ်မက်က နိုးလာတော့ အသက်က ၂၃ ဆိုလို ့စိတ်ချမ်းသာသွားခဲ့တယ်။ ဒါပေမဲ့ တစ်ကယ့် အိ်ပ်မက်အစစ်က နိုးထလာချိန်မှာတော့ သူမဟာ အသက် ၃၂ ဆိုတာ ပြန်သတိရသွားတယ်။ ဒါဟာ သူတို ့အတွက် တစ်ကယ်အိပ်မက်ဆိုးတစ်ခုပဲ။ ကျွန်တော်ကိုယ်တိုင်လည်း နောင်နှစ်အနည်းငယ်ကြာတဲ့အခါ ထိုအိပ်မက်ဆိုးကို မက်နေမိတော့မယ်။ . Notre Dame ဘုရားကျောင်းကြီးကို Seine မြစ်ပေါ်ကနေ သူတို ့နှစ်ယောက် ငေးကြည့်နေတယ်။ ဒုတိယကမ္ဘာစစ်တုန်းက German တွေ စစ်ရှုံးလို ့ပြန်ပြေးခါနီးမှာ ဒီဘုရားကျောင်းကြီးကို မိုင်းခွဲပြီး ဖျက်ဆီးဖို ့စီစဉ်ခဲ့ကြတယ်။ မို်င်းကြိုးတွေသွယ်ပြီး မိုင်းခွဲဖို ့စစ်သားတစ်ယောက်ကို ချန်ထားခဲ့တယ်။ ထိုစစ်သားဟာ Notre Dame ဘုရားကျောင်းကြီးရဲ ့အလှကို ခံစားနေခဲ့တာကြောင့် သူမိုင်းမခွဲခဲ့ဘူး။ မဟာမိတ်တပ်သားတွေ ရောက်လာတော့ ဘုရားကျောင်းကြီးကို မိုင်းကြိုးတွေနဲ ့သွယ်ပြီး မိုင်းခွဲတဲ့ခလုတ်ကို ပိတ်ထားတာကို တွေ ့ခဲ့ကြတယ်တဲ့။ ဒီဇာတ်လမ်းကို Jesse က ပြောတော့ အဟုတ်လားလိုု ့Celine က မေးတယ်။ ဟုတ်တယ်၊ မဟုတ်တယ် ဆိုတာကို သူမသိဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကိုတော့ သူသဘောကျတယ်တဲ့။ သူသဘောကျသလို ကျွန်တော်တို ့လည်း သဘောကျတယ်။ လောကရဲ ့အလှအပတွေ၊ အနုပညာရဲ ့အလှအပတွေကို ခံစားတတ်တဲ့သူတွေသာ ကမ္ဘာမှာ များပြားခဲ့ရင် စစ်ပွဲတွေဆိုတာ ရှိလာခဲ့မှာ မဟုတ်ဘူး။ —————————————————————————— ဒီဇာတ်ကား ၃ ကားစလုံးကို ကြည့်ပြီးသွားတဲ့ ပရိသတ်တစ်ယောက်အနေနဲ ့ကိုယ်ဘယ်ဇာတ်ကားကို အကြိုက်ဆုံးလဲလို ့မိမိကိုယ်ကို မေးမိကြလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း မေးခဲ့တယ်။ ဒါပေမဲ့ တိကျတဲ့အဖြေထက် ကွဲပြားတဲ့ အဖြေတွေကို ကျွန်တော်ရလာတယ်။ Before Sunrise ဇာတ်ကားကို ကြည့်ပြီး လူငယ်အများစုဟာ စိတ်ကူးယဉ်ကောင်း ယဉ်မိကြမယ်။ ကိုယ်နဲ ့အရာအားလုံး ကိုက်ညီတဲ့ ထူးဆန်းတဲ့ အချစ်စစ်တစ်ခုကို အိပ်မက်တွေထဲကလို မမျှော်လင့်ပဲ တွေ ့ဆုံမိမယ်။ ထို ့နောက် စကားတွေ ပြောဖြစ်ကြမယ်။ ဝမ်းနည်းဖို ့ကောင်းတဲ့ လမ်းခွဲချိန်လေးရောက်ပြီး ကြေကွဲဆို ့နစ်မယ်။ ဒါကြောင့် Before Sunrise ဟာ ပရိသတ်အများစု လိုချင်တာတွေကို ပေးခဲ့တယ်။ ဒါပေမဲ့ Before Sunset ရောက်လာတဲ့အခါ ဇာတ်ကောင်တွေဟာ သရုပ်ပိုမှန်လာတယ်။ အရွယ်ရောက်လူသားတွေရဲ ့ခက်ခဲတဲ့တာဝန်တွေ၊ ဝန်ထုတ်ဝန်ပိုးတွေ ထမ်းဆောင်နေရပုံတွေကို တွေ ့လာရတယ်။ အချစ်ဆိုတာ အမျှင်တန်းလေးအနေနဲ ့ပဲ တွေ ့ရတယ်။ Before Midnight ရောက်တဲ့အခါမှာတော့ နာကျင်မှုတွေဟာ ပိုပြီးပြင်းထန်လာကြတယ်။ အရာတစ်ချို ့ဟာ ပြောင်းလဲလာကြတယ်။ နေ ့တစ်နေ ့ရဲ ့အဆုံးဟာ ညသန်းခေါင်ယံမတိုင်မှီအချိန်ဖြစ်သလို အချစ်တစ်ခုရဲ ့နိဂုံးဟာလည်း ပွင့်ထွက်လာကြတဲ့ ခံစားမှုတွေ ပေါက်ကွဲမထွက်ခင်ကာလတစ်ခုပဲ။ . Before Midnight ကို စဖွင့်တဲ့အခါ ကျွန်တော်တို ့တွေ ့ရတဲ့ Jesse နဲ ့Celine ဟာ လွန်ခဲ့တဲ့ ၉ နှစ်ကနဲ ့တစ်ခြားစီဖြစ်နေပြီ။ လွန်ခဲ့တဲ့ ၉ နှစ်ကလို ငယ်ရွယ်နုပျိုမှုတွေ မရှိတော့ဘူး။ အချစ်တွေတော့ ကျန်ကောင်းကျန်နေပါလိမ့်မယ်။ ဒါပေမဲ့ ဟန်ဆောင်မှုတွေလားလို့ သံသယဝင်မိလာတယ်။ ဒီဇာတ်ကားဟာ ထို ၃ ကားထဲမှာ သဘာဝအကျဆုံး၊ သရုပ်အမှန်ဆုံး တင်ပြထားခြင်းပဲ။ ဇာတ်ကောင်တွေမှာ တောက်ပတဲ့ အိပ်မက်တွေအစား နေ ့စဉ်ဖြတ်သန်းတဲ့ဘဝတွေရုန်းကန်မှုတွေက အစားထိုးလာတယ်။ Jesse မှာ အရင်ကလို စူးရှတဲ့ မျက်ဝန်းတွေ မရှိတော့ဘူး။ Celine မှာ အရင်ကလို စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် မရှိတော့ဘူး။ ရီဝေနေတဲ့ မျက်ဝန်းတွေနဲ ့အဆီတွေတက်နေတဲ့ ခန္ဓာကိုယ်တွေကို ကျွန်တော်တို ့မြင်လာရတယ်။ . လွန်ခဲ့တဲ့ 18 နှစ်ကျော်တုန်းက Vienna ရဲ ့လမ်းမတွေပေါ်မှာ ပြင်သစ်သူလေး Celine တစ်ယောက် အချစ်ကိုရူးသွပ်စွာ ယုံကြည်ပုံကို ဘယ်လို ပြောခဲ့သလဲဆိုတော့ ထိုလူဟာ သူ ့ဆံပင်ကို ဘယ်လိုပုံစံထားလာမှာ၊ ဘယ်အကျင်္ီကို ဘယ်နေ ့မှာ သူဝတ်လာခဲ့တာ၊ ထိုလူရဲ ့တိုက်ဆိုင်ရင် တိုက်ဆိုင်သလို ပြောလေ့ရှိတဲ့ အကြောင်းအရာတွေကို သူခန် ့မှန်းတတ်လာခဲ့ပြီဆိုရင် သူဟာ ထိုလူကို တစ်ကယ်ချစ်နေမိပြီတဲ့။ . ဒါပေမဲ့ အခုတော့ အချစ်ဆိုတာထက် ကျွန်မ ရှင့်ကို မချစ်နိုင်တော့ဘူးဆိုပြီး တံခါးကနေ ထွက်ခွာသွားတော့တယ်။ ထို ၃ ကားစလုံးမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်ဝင်ခန်းက Jesse ရဲ ့Celine ကို ပြေလည်အောင် လိုက်ပြောတဲ့ ဇာတ်ဝင်ခန်းပဲ။ အချစ်တစ်ခုရဲ ့အမှန်တရားတွေအကုန်လုံးကို ထို 10 မိနစ်အတွင်းမှာ ချပြခဲ့တယ်။ သရုပ်မှန်ဟာ လက်တွေ ့ဆန်တယ်။ စိတ်ကူးယဉ်မဟုတ်ဘူး။ Perfect မဖြစ်ဘူးဆိုတာ သူပြောသွားခဲ့တယ်။ —————————————————————————– B E F O R E ရဲ ့နိဂုံး လူသားတွေ တစ်ကယ်ပြောင်းလဲကြလား။ အချစ်ဆိုတာကရော အချိန်နဲ ့အတူ ပြောင်းလဲတတ်သလား။ ပမာဏကို တိုင်းတာလို ့မရနိုင်ပေမဲ့ ပုံစံခြင်းတော့ ကွဲပြားသွားတတ်ကြပါတယ်။ အမှန်တော့ လူသားတွေဟာ မပြောင်းလဲကြပါဘူး။ ကိုယ့်ကိုကိုယ် ပြောင်းလဲကြတယ်လို ့အထင်မှားနေကြတာပါ။ ကျွန်တော် ပထမဆုံး ပြောခဲ့တဲ့ ဖူးစာကို ပြန်ပြောမယ်ဆိုရင် ဇာတ်လမ်းအဆုံးမှာ Jesse နဲ ့Celine တို ့လမ်းခွဲခဲ့ကြသလား။ ရှေ ့ဆက်လက်တွဲသွားကြသလား။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ သူတို ့နှစ်ယောက် ရွေးချယ်တဲ့ ဆုံးဖြတ်ချက်တွေပဲ။ ကံကြမ္မာက သူတို ့နှစ်ယောက်ကို နီးစပ်စေခဲ့တာ မဟုတ်ဘူး။ ကံကြမ္မာက သူတို ့နှစ်ယောက်ကို ခွဲခွာစေခဲ့တာလည်း မဟုတ်ဘူး။ သူတို ့နှစ်ယောက်စလုံးဟာ သူတို ့ရဲ ့ဆုံးဖြတ်ချက်ကိုပဲ ရွေးချယ်ခဲ့ကြတာ။ ဖူးစာဆိုတာ မရှိဘူး။ ကံကြမ္မာဆိုတာ မရှိဘူး။ ဖူးစာဆိုတာ ကျွန်တော်တို ့လူသားတွေ ကံကြမ္မာကို ခုတုံးလုပ်ပြီး အသုံးချလို ့ကောင်းတဲ့ စကားတစ်ခွန်းပဲ။ . ရထားပေါ်က ဆင်းဖို ့သူတို ့ဆုံးဖြတ်ခဲ့ကြတယ်။ ဒီစာအုပ်ဆိုင်ကို ပြန်လာဖို ့သူတို ့ဆုံးဖြတ်ခဲ့ကြတယ်။ သူတို ့နှစ်ယောက်ရဲ ့ရန်ပွဲကိုလည်း …. ဖို ့သူတို ့ဆုံးဖြတ်ခဲ့ကြတယ်။ . Before Sunrise က 1995 တုန်းက ထွက်ခဲ့တယ်။ Before Sunset ကိုတော့ 2004 မှာ ထွက်ခဲ့ပြီး နောက်ဆုံးကား Before Midnight ကို 2013 မှာထွက်ခဲ့တော့ အကယ်၍ 2013 အပြီး နောင် 9 နှစ်အကြာ 2022 မှာ နောက်ထပ် Before တစ်ကားကို ကျွန်တော် စောင့်ချင်တယ်။ Richard Linklater ရော၊ Julie Delpy ရော Ethan Hawke ရော ကျွန်တော်ရော 2022 ထိ အသက်ရှိထင်ရှား ရှိနေအုံးမယ်ဆိုရင်တော့ ကျွန်တော့်အတွက် မျှော်လင့်ချက်ကလေး ရှိချင်ရှိနေအုံးမှာပါ။ ဇာတ်လမ်းအညွန်းကိုတော့ Movies – we watch,we feel page ကကူးယူဖော်ပြတာဖြစ်ပြီး ဘာသာပြန်ကတော့ကိုခိုင်လင်းပါ ။ Before ကို Trilogy အဖြစ်ထွက်ရှိထားတာ ဖြစ်လို့ ကျန်တဲ့ sunset နဲ့ mid – night ၂ကားကိုလဲ ထပ်မံတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေကြပါအုံးဗျ File size… 2.6 GB / 941 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

8.1 1995
Before Sunrise
All Eyes Off Me
5.7

All Eyes Off Me (2021) Genre – Drama, Comedy (ပွင့်လင်းမြင်သာသော လိင်ပိုင်းဆိုင်ရာ ပြကွက်များနှင့် အသုံးအနှုန်းများ ပါဝင်သောကြောင့် ကြည့်ရှုသူများအနေဖြင့် သတိပြုစေလိုပါသည်) ၂၀၂၁ ခုနှစ်က ဂရိစကားပြော ဒရမ်မာကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ သုံးပိုင်းခွဲပြီး တင်ဆက်ထားသလိုမျိုးပါ။ ပထမပိုင်း – ဒန်နီဆိုတဲ့ကောင်မလေးတစ်ယောက် ဘာလင်မှာ ကြုံဆုံခဲ့ရပြီး တစ်ညတာ ရင်းနှီးမှုကနေ ကိုယ်ဝန်ရလာတဲ့အထိ ဖြစ်ခဲ့လို့ ဒီကောင်လေးကို ပါတီတစ်ခုမှာ လာရှာတဲ့အကြောင်းအရာလေးပါ။ ဒုတိယပိုင်း – မက်စ်ဆိုတဲ့ကောင်လေးနဲ့ သူ့ကောင်မလေး၊ ဒီ စုံတွဲလေးဟာ သာမန်အတိုင်း လိင်ဆက်ဆံတာတွေမကပဲ ကောင်မလေးဖြစ်သူရဲ့ စိတ်ကူးယဉ်ဆန်ဆန် လိင်ပိုင်းဆိုင်ရာ ကာမဂုဏ်အာရုံတွေကို မက်စ်က ဖြည့်စည်းပေးရတဲ့အကြောင်း။ တတိယပိုင်း – အာဗီရှက်ဗ်ဆိုတဲ့ကောင်မလေးဟာ အိမ်နီးနားချင်း ဘိုးတော်ကြီးရဲ့ ခွေးတွေကို ထိန်းကျောင်းပေးရင်း ဒီဘိုးတော်ကြီးကို ဘယ်လို စွဲလမ်းသွားလဲဆိုတဲ့ အကြောင်းအရာတွေကို စကားပြောဦးစားပေးနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File size… 1.6 GB / 690 MB Quality… WEB-Rip 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

5.7 2021 88 mins
All Eyes Off Me
Love in the Afternoon
7.6

လူဆိုတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲမြင်နေရရင် ရိုးလာကြတာပါပဲ။ ဒီဇာတ်ကားမှာလဲ ဖရက်ဒရစ်ဆိုတဲ့ ပဲရစ်က အောင်မြင်နေတဲ့ ရှေ့နေ့တစ်ယောက်က ဟယ်လင်နာဆိုတဲ့ မိန်းမနဲ့ပျော်ပျော်ရွှင်ရွှင် ကလေးတွေယူပြီး လက်ထပ်ထားတာပါပဲ။ ဒါပေမဲ့ သူ့မှာတခြား အိမ်ကမိန်းမကိုရိုးပြီးတော့ တခြားမိန်းမတွေနဲ့ ဖောက်ပြန်ချင်တဲ့စိတ်ကူးယဉ် ဇာတ်လမ်းတွေရှိနေပါတယ်။ တနေ့မှာ ကလိုဝီဆိုတဲ့ သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ပြန်တွေ့ပြီးတော့ သူလိုချင်တဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေပါတယ်။ ကလိုဝီနဲ့ သူ့မိန်းမကြားမှာ ခံစားချက်လွန်ဆွဲရင်း ဖရက်ဒရစ် အနေနဲ့ ဘယ်ဘက်ကိုပါသွားမလဲ ဆိုတာကတော့ ဇာတ်လမ်းထဲမှာကြည့်လိုက်ပါခင်ဗျ File size…(1.8 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

7.6 1972
Love in the Afternoon
Daddy’s Head
5.7

ဒီဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Horror Genre ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ IMDb မှာ 5.7/10 ဆိုတဲ့ Rating ကောင်းတစ်ခုကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Isaac ဆိုတဲ့ကောင်လေး တစ်ယောက်ဟာ သူ့အဖေကို မကြာသေးခင်ကမှ ကားမတော်တဆမှု တစ်ခုမှာ ဆုံးရှုံးလိုက်ရတာကြောင့် စိတ်ထိခိုက်နေပါတယ်။ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ မကောင်းဆိုးဝါး တစ်ကောင်က သူ့အဖေဟန်ဆောင်ကာ သူနဲ့သူ့အမေကြား ပြဿနာတွေဖြစ်အောင် အမျိုးမျိုးနှောင့်ယှက်ရင်း Isaac ကိုပြုစားဖို့ ကြိုးစားပါတယ်။ အဲဒီမကောင်းဆိုးဝါးကို သားအမိနှစ်ယောက်ပေါင်းကာ ဘယ်လိုတွေ မောင်းထုတ်ကြမလဲ၊ မကောင်းဆိုးဝါးရဲ့အကြံကရော အောင်မြင် သွားမလားဆိုတာတွေကို အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရှု ကြရမှာပါ။ ဇာတ်လမ်းက အစပိုင်းမှာတော့ နည်းနည်းရှုပ်သလိုလိုရှိပေမယ့် ကြည့်ရင်း ကြည့်ရင်းနဲ့ သဘောပေါက်လာပြီးတော့ Horror vibe ကို လုံးဝ ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1GB / 613MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5.7 2024
Daddy’s Head
Highway 65
5.9

Highway 65 (2024) IMDb Rating (5.9) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာ အစ္စရေး-ပြင်သစ် ပူးတွဲထုတ်လုပ်ခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ကျေးရွာအသေးလေးမှာနေထိုင်တဲ့ ဒက်ဖနာဆိုတဲ့ ရဲက အမှုငယ်သေးလေးတွေကို နေ့စဉ်ဖြေရှင်းကနေ ရုတ်တရတ် အော်လီ ဆိုတဲ့ အမျိုးသမီး ပျောက်ဆုံးမှုကို ရင်ဆိုင်ရပါတော့တယ်။ ဒီအမျိုးသမီးကို ဘာလို့ဘယ်သူကမှ မရှာကြလဲဆိုတာ သူ့ စိတ်ထဲ တွေးနေခဲ့ပါတယ်။ ဒီပျောက်ဆုံးမှုကို ဒက်ဖနာ ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားက Ophir award အတွက် ၉ကြိမ်တိုင် စာရင်းတင်သွင်းခံရပြီး ဆုပေါင်းများစွာ ရရှိခဲ့တဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Thriller Duration…. 01:43:10 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Eaint Phu Khin

Action • Drama
5.9 2024 109 mins
Highway 65