YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Petrichor 2024 E04 WEB-DL 1080p [CM].mp4

645.26 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) Sister Sister
7.5

ကင်ကရေဒီယို အသံလွှင့်ရုံက သန်းခေါင်ယံရင်ဖွင့်စကားများဆိုတဲ့ အစီအစဉ်ကိုတင်ဆက်သူတစ်ယောက်ပါ ကင်ကချမ်းသာတဲ့မိသားစုက ပညာတတ်ခင်ပွန်းတစ်ယောက်လဲရှိတယ် လောလောလတ်လတ်ကိုယ်ဝန်ပျက်ကျထားပြီး မိသားစုရေးအဆင်မပြေတာလေးတွေတော့ရှိတာပေါ့ ကင်ကသူတင်ဆက်ရတဲ့အစီအစဉ်မှာ ဖုန်းခေါ်ဆိုလာတဲ့သူတိုင်းကို နှစ်သိမ့်ပေးရင် အမ်ဂိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို သံယောဇဉ်တွယ်လာတယ် အဲ့ကောင်မလေးကို သူ့ရည်းစားကဗိုက်တစ်လုံးနဲ့ထားခဲ့တာပါ တစ်နေ့မှာတော့ ကောင်မလေးကို သူအလုပ်လုပ်နေတဲ့ဆိုင်က ဆိုင်ရှင်ကအနိုင်ကျင့်နေလို့ ကင်က သူ့ကိုအိမ်ပေါ်ခေါ်တင်လာတယ် အဲ့အချိန်မှာ ကင်ရယ် သူ့ခင်ပွန်းရယ် သူခေါ်လာတဲ့ ကောင်မလေးရယ် သုံးယောက်ဘယ်လိုစခန်းသွားကြမလဲ ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဟာ ဟာ ဟာဆိုပြီး သုံးခါလောက်ဖြစ်အောင် အလှည့်အပြောင်းတွေပါမဲ့အပြင် မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့အခန်းလေးတွေတော့ ပါပေမဲ့ Suspense Drama လက်စ်ဘီယန် ဇာတ်ကားကောင်းလေးမို့ CM ပရိသတ်တို့ လက်မလွှတ်တမ်းကြာ့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ File size…1.2GB/ 600MB Quality…1080p WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Crime • Thriller
7.5 2019 104 mins
(18+) Sister Sister
Werewolf by Night
7

မာဗယ်ရဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ သမန်းဝံပုလွေကို တီဗီရုပ်ရှင်တစ်ကားအဖြစ် ဒစ္စနေးက ထုတ်လွှင့်လိုက်ပါပြီ။ ဟောလိုးဝင်းလနဲ့ကိုက်ညီစွာပဲ အဖြူအမည်းအများစုနဲ့ ကာလာအချို့ထည့်သွင်းပြီး ဟော်ရာဆန်ဆန် ရိုက်ကူးတင်ဆက်ထားပါတယ်။ မင်းသမီးအဖြစ် The Nevers စီးရီးနဲ့လူသိများတဲ့ Laura Donnelly လည်းပါဝင်ထားပါသေးတယ်။ အဲဒီမင်းသမီးက ရုတ်တရက်ဆို ဂျက်စီကာဂျုန်းစ် စီးရီးထဲကမင်းသမီး Krysten Ritter နဲ့ မှားတတ်ကြပါတယ်။ နောက်များမကြာမီ မာဗယ်စကြဝဠာထဲမှာ ဘယ်လိုပါဝင်လာမလဲတော့ မသိရသေးပါဘူး။ အခုတော့ သီးခြားရုပ်ရှင်တစ်ခုအနေနဲ့ပဲ ခံစားကြည့်လိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း မာဗယ်ရဲ့ စကြဝဠာထဲမှာ စူပါဟီးရိုးတွေရှိနေသလို အမှောင်ထုထဲမှာလည်း ရှေးမိစ္ဆာကောင်တွေ ရှိနေပြန်ပါသေးတယ်။ အဲဒီလို မိစ္ဆာမျိုးစုံကို အမဲလိုက်တဲ့ မုဆိုးတွေလည်း ရှိနေပါသေးတယ်။ ဒီရုပ်ရှင်အစမှာတော့ နာမည်ကျော် မုဆိုး ဘလက်ဒ်စတုန်းမိသားစုရဲ့ ခေါင်းဆောင် ယူလစ်ဆီ ဘလက်ဒ်စတုန်း သေဆုံးသွားပြီးတဲ့နောက် မိသားစုပိုင် သွေးကျောက်တုံးကို အမွေခံဖို့ မုဆိုးအသစ်တစ်ယောက်လိုအပ်လာပါတယ်။ အဲဒီကျောက်တုံးဟာ ကိုင်ဆောင်သူကို အသက်ရှည်စေတယ်၊ ခွန်အားကြီးစေတယ် စသည်ဖြစ် စွမ်းအားမျိုးစုံပေးနိုင်တာကြောင့်နာမည်ကြီး မုဆိုးတွေလည်း ကျောက်တုံးကို ပိုင်ဆိုင်ဖို့ အမဲလိုက်ပြိုင်ပွဲကို ရောက်လာကြပါတော့တယ်။ အဲဒီမှာပဲ သမန်းဝံပုလွေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားလိုက်ရအောင်... File size…1 Gb / 400 Mb Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Thriller
7 2022 55 mins
Werewolf by Night
The Proposition
7

ဒါကတော့ western ကားလေးပါ။ Australia ရဲ့တရားဥပဒေစိုးမိုးမှုးအားနည်းသေးတဲ့၁၈၈၀ပြည့်နှစ်တွေမှာဇာတ်တည်ထားပါတယ်။ Charlie Burns ဟာနာမည်ကျော်ရာဇ၀တ်သားတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့သူနဲ့သူ့ညီကို ရဲတွေကပစ်ခတ်ဖမ်းဆီးလိုက်ပါတယ် ရဲဗိုလ်ကြီး Stanley က ချာလီသာ မုဒိန်းမှု၊လူသတ်မှုနဲ့အလိုရှိနေတဲ့ သူ့အကိုဖြစ်သူ Arthur Burns ကိုဖမ်းပေးနိုင်ရင် သူနဲ့သူ့ညီကိုလွှတ်ပေးမယ်၊မဖမ်းနိုင်ရင်တော့ သူ့ညီကိုကွပ်မျက်မယ်လို့ အကျပ်ကိုင်ပါတယ်။ချာလီက သဘောတူပြီ း သူနဲ့ကွဲနေတဲ့ ဆိုးသွမ်းလှတဲ့အကိုဖြစ်သူကို အရှာထွက်ရာကနေ ဒေသခံလူမည်းတွေ၊ကြေးစားတွေရန်ကိုပါရင်ဆိုင်ရပါတယ်။ File size…(1.6GB)/(864MB) Quality…. 1080p/720p HDCAM/ 480p Format…mp4 Duration….01:44:00 Genre...Crime /Drama/ western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Thriller
7 2005 104 mins
The Proposition
Kaathuvaakula Rendu Kaadhal
5.7

ဒီကားလေးကတော့ Sgတွေ Faတွေကြည့်ပြီးအားကျ၊ ကျိတ်ငိုရမယ့်ကားလေးပါ:3 ယူတို့မယ် ရည်းစားလေးတစ်ယောက်တောင်အဖြစ်ရှိအောင်မထားနိုင်ပေမယ့် Rambo တစ်ယောက်ကတော့ သူ့ကိုတုန်နေအောင်ချစ်ကြတဲ့ ရည်းစားလန်းလန်းလေးနှစ်ယောက်ကြား ရှယ်ဗျာများပဲ။ ဇာတ်လမ်းလေးကတော့ ရွာလေးတစ်ရွာရဲ့ ထူးဆန်းတဲ့မိသားစုအကြောင်းကစရပါမယ်။ Rambo ကိုမမွေးခင် Rambo တို့မိသားစုက ကျိန်စာသင့်နေတဲ့မိသားစုဆိုပြီးနာမည်ကြီးပါတယ်။ သူတို့မိသားစုဝင်ထဲက ဘယ်သူကမှလက်ထပ်လို့မရဘူး။ လက်ထပ်တာနဲ့ အိမ်ထောင်ဖက်အသက်ဆုံးရှုံးရတယ်ဆိုလို့ ရွာထဲကဘယ်သူကမှ သူတို့မိသားစုဝင်တွေနဲ့လက်မထပ်ချင်ကြပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ Rambo အဖေက သူ့ချစ်သူ အင်္ဂလိပ်စာဆရာမ Minah Kaif နဲ့လက်ထပ်လိုက်ပြီး သူမွေးလာမယ့်ကလေးက သူ့မိသားစုဆီ ကံကောင်းခြင်းတွေယူဆောင်လာမယ့်ကလေးလို့ ကြွေးကြော်နေတာပေါ့။ Rambo ကိုမွေးတဲ့နေ့မှာပဲ အဖေဖြစ်သူကမတော်တဆမှုတစ်ခုနဲ့ဆုံးပါးသွားရတယ်။ ခိုကိုးရာမဲ့မိခင်ကြီးလည်း လေဖြတ်ပြီး သူ့သား Ramboကလွဲပြီး အရာအားလုံးမေ့သွားတော့တယ်။ ဒီလိုနဲ့ အများက “ဂြိုဟ်ဆိုးကောင်” လို့ ဝိုင်းသမုတ်ထားကြတဲ့ Ramboရဲ့ ကလေးဘဝက သိမ်ငယ်မှု၊ နာကျင်မှုတွေအပြည့်နဲ့ပေါ့။ အမေ့ဆီကိုပါ ကံဆိုးမှုတွေမကူးအောင် အမေနဲ့ရွာကိုစွန့်ပြီး မြို့မှာ နေ့နေ့ညညမလုပ်ကြိုးစားလုပ်တဲ့ Ramboတစ်ယောက် Khatija နဲ့ Kanmani ဆိုတဲ့ မချောလေးနှစ်ယောက်နဲ့တွေ့ပြီး “မချောနှစ်ယောက် ကိုယ်တစ်ယောက်” ဇာတ်လမ်းစပါတော့တယ်။ ကောင်မလေးနှစ်ယောက်ကလည်း သူမှသူဖြစ် .. တစ်သက်လုံးကအပယ်ခံလာရပြီး အခုမှလူနှစ်ယောက်ဆီကချစ်ခြင်းကို တစ်ပြိုင်တည်းရလိုက်တဲ့ Rambo .. သူ့ဘဝကြီးအခုမှ အသက်ဝင်လာသလို ကမ္ဘာလောကကြီးက ပန်းတွေနဲ့ဝေနေသလို .. ။ ရည်းစားကောင်မလေးနှစ်ယောက်လုံးကို ညီတူညီမျှချစ်ပါတယ်ဆိုတဲ့ အချစ်ကြီးသူကြီး Ramboရဲ့အချစ်ရေး .. ဘယ်လိုဆုံးခန်းတိုင်သွားမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုအားကျ ဂျေဝင်လိုက်ပါတော့နော်။ File size…7.16GB / 2.47GB/ 900MB Quality…  4k HEVC WEBDL  / 1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Lai Lai & Oeliu J

Comedy • Drama
5.7 2022 159 mins
Kaathuvaakula Rendu Kaadhal
A World Of Worlds: Rise of the King
6.5

ရီဇီယာ ဂြိုဟ်ပေါ်က တောတွင်းတိုက်ပွဲတစ်ပွဲ။ ခေတ်မီလူ့လောကထဲကို ရှေးဟောင်းအမှောင်အင်အားစုတွေ စုဝေးရောက်ရှိကျူးကျော်လာတဲ့အချိန်တစ်ခု။ အမှောင်သခင် ဆိုင်လ် က မကောင်းဆိုးဝါး စစ်ပွဲဘုရင်ကြီး ရဇီးလ် ကို နိုးထလာဖို့ကြိုးစားနေပါတယ်။ အစွမ်းတွေပူးပေါင်းပြီး လောကကြီးတစ်ခုလုံးကို အုပ်စိုးဖို့ပါ။ အဲဒီအချိန်မှာပဲ ကလေးတွေရဲ့ အိပ်ယာဝင်ပုံပြင်တွေထဲမှာ လူဆိုးကြီး‌ေတွအဖြစ် အသုံးတော်ခံခဲ့ရတဲ့ တော်ဝင် မင်းလေးပါးကို ပြန်လည်ရှာဖွေရတော့တာပေါ့။ ဘုရင်သုံးယောက် ဘုရင်မတစ်ယောက်က အမှောင်အင်အားစုတွေကို တစ်ခါတွန်းလှန်ခဲ့ဖူးတော့ သူတို့ကိုပဲ အားကိုးရမယ့် အခြေကိုဆိုက်ရောက်လာပါတယ်။ ရှေးဟောင်းခေတ်က မင်းလေးပါး ယခုခေတ်မှာ သာမန်လူတွေအဖြစ် လူပြန်ဝင်စားနေတာကို လိုက်လံရှာဖွေ၊ သူတို့ရဲ့ ဘဝဟောင်းကို မှတ်မိအောင်၊ သူတို့ရဲ့ အစွမ်းတွေနဲ့ သဟဇာတဖြစ်အောင် ကြိုးစားပေးနေတဲ့ ခေါင်းဆောင် ဟေဒန်။ ဆိုင်လ် ရဲ့ကျူးကျော်မှုမှာ မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ ခရိုသီဟန် စစ်ခေါင်းဆောင်တစ်ယောက်။ ချစ်သူနဲ့ အရာအားလုံးကို ဆုံးရှုံးလိုက်ရတဲ့ သူခိုးတို့ရဲ့ ဘုရင်မတစ်ပါးရယ် ပူးပေါင်းပြီး လောကကို အလင်းပြန်ထွန်းလင်းဖို့ ကြိုးစားနေကြပုံတွေ။ ခုခံသူအင်အားစုတွေကို အသည်းအမည်း လိုက်လံရှာဖွေနေရတဲ့ လူငယ်မျိုးစပ်လေး တီရော့ရှ် ရဲ့ ခရီးစဉ်၊ အပုပ်အဆွေးစားသူတွေကြားမှာ လိုရာပန်းတိုင်ကို ရောက်မလားဆိုတာတွေ တွေ့မြင်ခံစားရမှာပါ။ File size…(1.5 GB) /(900 MB) Quality….WEBDL 1080p /720p Format…mp4 Duration….01:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Anonymous

Drama
6.5 2021 78 mins
A World Of Worlds: Rise of the King
Sher Shivraj
9.7

Sher Shivraj (2022) *************************** IMDb-8.3/10 ဘယ်လိုလက်နက်ပဲဖြစ်နေပါစေ..... လူသားပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ်..... နေ့ပဲဖြစ်နေနေ ညပဲဖြစ်နေနေ..... အိမ်တွင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်.... သင်ဟာ သတ်လို့မသေနိုင်တဲ့ မသေမျိုးဖြစ်စေဆိုပြီး အရှင်ဗြမ္မဟာက ဒီဆုလာဘ်ကို ဟီရန်ရာကာ့ရှပ်ဆီ ပေးအပ်ခဲ့တယ်။ ဒီဆုလာဘ်ကြောင့်ပဲ ဆိုးသွမ်းလာတဲ့ ဟီရန်ရာကို နတ်ဘုရားတွေကပါ ကြောက်လန့်လာကြခဲ့တယ်။ဒါပေမယ့် သူ့သားတော် ပရယ်လားဒ်ကတော့ အရှင်ဗိဿနိုးကို ဆည်းကပ်တဲ့သူ။ဒါကြောင့်ပဲ ဟီရန်ရာကာ့ရှပ်က ပရယ်လားဒ်ကို အကြိမ်ပေါင်းများစွာသတ်ဖို့ကြံစည်ခဲ့တယ်။ ဒါပေမဲ့လည်း အရှင်ဗိဿနိုးရဲ့ဘုန်းတန်ခိုးကြောင့် ပရယ်လားဒ်ကို အကြိမ်ကြိမ်သတ်ဖို့ကြံစည်တာ မအောင်မြင်ခဲ့တဲ့နောက်မှာတော့ ပရယ်လားဒ်ကိုမေးခဲ့တယ် မင်းရဲ့အရှင်ဗိဿနိုးဘယ်မှာလဲဆိုပြီး။ပရယ်လားဒ်ကပြန်ပြောခဲ့တယ် စကြာဝဠာကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အရှင်ကတည်ရှိနေပါတယ်တဲ့။ဒီတော့ ဟီရန်ရာက ဒီတိုင်မှာရှိတာလားလို့မေးလေတော့ ပရယ်လားဒ်က ဟုတ်တယ် ဒီတိုင်လုံးထဲမှာလည်းရှိတယ်ဆိုတော့ တိုင်ကို ဒေါသတကြီးနဲ့ကန်ပါလေရော။အဲဒီမှာပဲ တိုင်လုံးကအစိတ်စိတ်အမွှာမွှာကွဲပြီး လူခန္ဓာကိုယ် ခြင်္သေ့ခေါင်းနဲ့ ဗိဿနိုးရဲ့အဝတာတစ်ဆူဖြစ်တဲ့ အရှင်နာဆင်မာပေါ်လာပြီး ဟီရန်ရာကိုပွေ့ချီသွားပြီး အတွင်းလည်း မဟုတ် အပြင်လည်းမဟုတ် လူလည်းမဟုတ် တရိစ္ဆာန်လည်းမဟုတ် ဘယ်လိုလက်နက်မှလည်းမသုံးဘဲ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ဒီဇာတ်လမ်းကိုကြားတော့ မင်းသားလေးက သူလည်းအရှင်နာဆင်မာလို မကောင်းဆိုးဝါးတွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပြီး တိုင်တည်ပါတယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ တစ်နေ့မှာတော့ ဟီရန်ရာလိုမကောင်းဆိုးဝါးနဲ့ စစ်ခင်းဖို့ဖြစ်လာတဲ့အချိန်မှာ မင်းသားလေးအဆင်သင့်ဖြစ်နေမလားဆိုတာတော့ ခမ်းခမ်းနားနားနဲ့ ကြည့်ရမယ့် အိန္ဒိယနန်းတွင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Yunniတို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.3GB Quality…1080p WEBRIP  / 720p  Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~BpL~Cherry~Yunni

Mystery • Science Fiction • Thriller
9.7 2022
Sher Shivraj
The Commuter
6.3

မိုက်ကယ်မက်ကော်လေ ဟာ စုံထောက်အလုပ်ကနေအ နားယူပြီးတဲ့နောက် အာမခံလုပ် ငန်း တစ်ခုမှာ အလုပ်ဝင်နေခဲ့ပါ တယ်။ ခရီးဝေးမှာ နေရတာ ကြောင့် အလုပ်တက်၊ အလုပ် ဆင်းကို ရထားနဲ့ပုံမှန်သွားနေသူ ပါ။ တစ်ရက်မှာတော့ ဂျီအန်နာ ဆိုတဲ့ အမျိုးသမီးတစ်ဦးက ရထားပေါ်မှာမိုက်ကယ်ကို လာ မိတ်ဆက်ခဲ့ပါတယ်။ နောက် တော့ စကားပြောဆိုရင်း ရထား ပေါ်မှာ လျှို့ဝှက်လိုက်ပါလာတဲ့ သူတစ်ယောက်ကို နောက်ဆုံးဘူ တာမရောက်မီ ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အကယ်၍ ဖော်ထုတ်နိုင်ခဲ့ ရင် ဒေါ်လာတစ်သိန်းရမယ်ဆို တာကြောင့် အလုပ်အကိုင်လည်း သိပ်အဆင််မပြေတဲ့ မိုက်ကယ် က စိတ်ဝင်စားခဲ့ပြီး လက်ခံခဲ့ပါ တော့တယ်။ အဲဒါနဲ့ ဂျိုဟန်နာ ပြောတဲ့ သဲလွန်စတွေ နဲ့အတူသူ ခိုင်းတာကို ရှာပုံတော် ဖွင့်ခဲ့ပါ တယ်။ ဂျိုဟန်နာရဲ့ ကမ်းလှမ်းချက် ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ မယ်ဆိုရင် ရမယ့်ပိုက်ဆံတွေကို လည်း ရှာတွေ့ခဲ့ပေမယ့် တကယ် တမ်း လုပ်ကြည့်တဲ့အခါမှာ လှည့် ကွက်တွေရှိနေတယ်ဆိုတာ ရိပ် မိခဲ့လို့ ရှေ့မဆက်ဖို့ မိုက်ကယ် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျိုဟန်နာ ပြောသလို ဆက်မလုပ်ခဲ့ဘူးဆိုရင် သူနဲ့မိိသားစုဝင်တွေရော၊ အခြား ခရီးသည်တွေအတွက်ပါ အန္တ ရာယ်ရှိတဲ့ အနေအထားမို့ မိုက်ကယ်ခမျာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်အခြေအနေနဲ့ ကြုံခဲ့ရ ပါတော့တယ်။ ဂျိုဟန်နာက ဘယ်လိုရည် ရွယ်ချက်နဲ့ မိုက်ကယ်ကိုစေခိုင်းခဲ့ တာလဲ။ မတိုးသာ၊ မဆုတ်သာအ ခြေအနေမှာ မိုက်ကယ် ဘာတွေ ဆက်လှုပ်ရှားမလဲဆိုတာတော့ ကိုယ်တိုင်ဆက် ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါ တယ်။ ဒီဇတ်ကားမှာ မင်းသားကြီးလီယမ်နီးဆန်က မိုက်ကယ်နေရာကနေ အဓိကဇာတ်ဆောင် အဖြစ် ပါဝင်ထားပြီး ဗီရာဖာမီဂါ၊ ပက်ထရစ်ဝီလ်ဆင်၊ ဂျိုနသန်ဘန့်စ်၊ အဲလိဇဘက် မက်ဂိုဗာန်စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily Website မှကူးယူဖော်ပြသည်) File Size : (899 MB) and (375 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by May Thazin Myint Encoded by Thanhtike Zaw

Drama
6.3 2018 104 mins
The Commuter
Scarlett
6.8

အက်ရှင်ကားမှကြည့်ချင်တဲ့ပရိသတ်တို့အတွက် ဂျက်မ စကားလက်ကားပါ...။ ဖခင်ဖြစ်သူဟာ စပိုင်တစ်ယောက်ဖြစ်တဲ့အလျောက် စကားလက်ဟာလည်း ငယ်စဥ်ကတည်းက သူများတွေနဲ့မတူအောင် သေနတ်ပစ်၊ အသတ်အပုတ် အတိုက်အခိုက်ကိုလေ့ကျင့်ခဲ့ရတာပါ....။ မိခင်ဖြစ်သူကငယ်ငယ်လေးကတည်းကဆုံးပါးသွားတော့ ဖတဆိုးလေး စကားလက်ဟာ သူ့ဘဝကို စပိုင်ဖခင်ဆီက သင်ယူရင်းနဲ့သာအချိန်ကုန်ဆုံးခဲ့တာပေါ့...။ တစ်နေ့မှာတော့ မှောင်ခိုလက်နက်အရောင်းအဝယ်သမားတွေဟာ သူတို့အိမ်ကို လာတိုက်ခိုက်ပြီး စကားလက်ရဲ့ဖခင်ကို ဖမ်းသွားပါတော့တယ်...။ ဒီတော့ စကားလက်တစ်ယောက် ဖခင်ကိုပြန်ကယ်ဖို့အတွက် တစ်ယောက်တည်း စစ်ဆင်ရေးထွက်ခဲ့ပါတော့တယ်....။ သူ့အဖေကို ဘာလို့ဖမ်းသွားတာလဲ၊ မှောင်ခိုသမားတွေရဲ့ရည်ရွက်ချက်ကဘာလဲ၊ စကားလက်တစ်ယောက်တည်းဘယ်လို တိုက်ပွဲဝင်မလဲဆိုတာ ဇာတ်ကားလေးထဲကြည့်ရှုလို့ရပါပြီ...။ File size…1.94GB / 848MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 43m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action & Adventure • Drama • Sci-Fi & Fantasy
6.8 2020 103 mins
Scarlett
Toscana
5.7

Toscana (2022) ============= IMDb Rating – 5.7/10 Drama/ Romance ဇာတ်ကားကောင်းကြိုက်သူများအတွက် ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ သီအိုဒါလ် ဟာ စာဖိုမှူးအလုပ်ကိုပဲ အာရုံစိုက်ထားတဲ့ ဒိန်းမတ်က စာဖိုးမှူးတစ်ယောက်ပါ။ ဒေါသလည်းကြီးသလို သူ့အလုပ်ကလွဲရင် ကျန်တာတွေလည်းဂရုစိုက်ပါဘူး။ သူ့ရဲ့ စားသောက်ဆိုင်ဟာ ငွေရေး ကြေးရေး အခက်အခဲတွေ ရင်ဆိုင်ရပြီး ရင်းနှီးမြှုပ်နှံမယ့်သူကို လိုအပ် လာပါတော့တယ်။ စိတ်ဝင်စားသူက လာရောက်ခဲ့သော်လည်း သူ့ရဲ့ဒေါသကြောင့် ရင်းနှီး မြှုပ်နှံမယ့်သူနဲ့ အဆင်မပြေဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ အခက်အခဲဖြစ် နေတုန်း သူ့ဆီကို စာစောင်ရောက်လာပါတော့တယ်။ အဆိုပါစာအရ ဟိုးအရင်ကတည်းက ကွဲကွာနေခဲ့တဲ့ အဖေဖြစ်သူ သေဆုံးသွားလို့ အမွေများကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။ သီအိုရဲ့ အဖေဟာ အီတလီ နိုင်ငံ တက်စကာနီဒေသမှာ ရဲတိုက်ကြီးတစ်လုံးနဲ့ ခြံတွေ ထားခဲ့တာပါ။ ပိုက်ဆံလိုနေတဲ့ သီအိုလည်း အဆိုပါ ရဲတိုက်နဲ့ ခြံကို ရောင်းဖို့ အီတလီနိုင်ငံကို ရောက်လာပါတော့တယ်။ ထိုနေရာကိုရောက်လာသည့်အခါ သီအို့အတွက် ဘဝအတွေးအခေါ်၊ အချစ်နဲ့ ပတ်သတ်တဲ့ ခံယူချက်တွေ ပြောင်းလဲဖို့ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်း ကောင်းကောင်းကို ကြည့်ရင်း အီတလီနိုင်ငံ တက်စကာနီဒေသရဲ့ အလှအတွေကို ခံစားရမှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.27 GB) / (700 MB) / (420 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 30mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Leonard Lin Encoder……….SWM

Horror • Science Fiction • Thriller
5.7 2022
Toscana
Lilo & Stitch 2: Stitch Has a Glitch
6.2

Lilo & Stitch 2: Stitch Has a Glitch (2005) ============================== IMDb Rating – 6.2/10 Lilo and Stitch (2002) ရဲ့ ဇာတ်သိမ်းမှာ Stitch အပါအဝင် Jumba နဲ့ Pleakly တို့ဟာ နယ်နှင်ဒဏ်အနေနဲ့ ကမ္ဘာမြေမှာထားခဲ့ခံရတာကြောင့် Lilo တို့မိသားစုနဲ့အတူနေလာတာ နှစ်အတော်ကြာလာခဲ့ပါပြီ။ Lilo တို့ ညီအစ်မနဲ့အတူ လူတွေကြားမှာ နေသားကျလာတဲ့ Stitch လည်း အရင်လို တာတေလန်အောင် သောင်းကျန်းတတ်တာမျိုး မရှိတော့ပါဘူး။ ဒီလိုနဲ့ Stitch ရဲ့ တည်ငြိမ်မှုက သက်တမ်းကုန်ဆုံးဖို့ဖြစ်လာတော့မှာပါ။ တစ်နေ့ထက်တစ်နေ့ စိတ်ဖောက်သောင်းကျန်းတာတွေများလာပြီး အခြေ အနေပိုပိုဆိုးလာတဲ့ Stitch ကို Lilo တောင် နားမလည်ပေးနိုင်တဲ့အချိန်တွေ ရှိလာပါတော့တယ်။ ပြဿနာအရင်းခံကိုသိနေတဲ့ ဂျမ်ဘာတစ်ယောက် Stitch ကို ပြန်ပြင်နိုင်မယ့်နည်းရှာနေချိန် Lilo နဲ့ Stitch ဆက်ဆံရေးက ပိုပိုဆိုးလာ ပါပြီ။ အကြောင်းမရှိထထဖောက်တဲ့ Stitch ကြောင့် Lilo အရှက်ကွဲပေါင်းများ လာပါတော့တယ်။ ပြဿနာကောင်လို့ အထင်လွဲခံရပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ ပစ်ပယ်မှုကိုပါခံလိုက်ရတဲ့ Stitch ရဲ့ ဇာတ်သိမ်းမှာတော့ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.13 GB) / (457 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 08Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Comedy, Drama Translator……Hnin Wut Yi Encoder……….Zin Phyo Aung

Comedy
6.2 2005
Lilo & Stitch 2: Stitch Has a Glitch
The Breach

The Breach (2022) ~ Rotten Tomatoes – 82% ~ မိုးအေးအေးနဲ့ လိုက်ဖက်မယ့် Horror ကားလေးတစ်ကား လာပါပြီ။ ဂျွန်ဟောကင်းဟာ ခပ်ခေါင်ခေါင်ဒေသက မြို့ငယ်လေးတစ်မြို့ရဲ့ ရဲမှူးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူလူသူသူအားကျရာအရပ်ဆီကို ပြန်လို့ပြောင်းမိန့်ကျထားပြီဖြစ်တာကြောင့် သူ ပြောင်းရတော့မယ့်ရက်ကို စောင့်စားရင်းနေနေသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးထူးဆန်းဆန်းဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းတစ်လောင်းဟာ မြစ်စပ်မှာ မျောလို့ တင်လာပါတယ်။ ဒီလိုနဲ့ပဲ ဂျွန်ဟောကင်းတစ်ယောက် သူ့အတွက် ဒီမြို့လေးရဲ့ နောက်ဆုံးဖြေရှင်းရမယ့်အမှုအဖြစ် စတင်ကိုင်တွယ်ရပါတော့တယ်။ Horror ကားဆိုတဲ့အတိုင်း များများပြောပြလို့ မကောင်းတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ လူသားတစ်ဦးရဲ့ နားလည်နိုင်စွမ်းအလွန်က ကြောက်မက်ဖွယ်ပဟေဠိထဲ ဂျွန်ဟောကင်းတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ရဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါ။ ဒီရုပ်ရှင်ဟာ ကောင်းလှတယ်လို့ မဆိုသာပေမယ့် Best FX Makeup (အထူးပြုလုပ်ချက်မိတ်ကပ်ဆု)ကို ဆွတ်ခူးထားသမို့တော့ သက်ဝင်ကြွရွ အလောင်းလှလှလေးတွေ မြင်ချင်ရင်တော့ လက်မနှေးဘဲ ဒေါင်းလိုက်ကြပါဦးနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 745MB Quality – 1080p, 720p Format – mp4 Duration – 1H 32Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

0 2022 93 mins
The Breach
Why Did I Get Married?
5.9

Why Did I Get Married? ဇာတ်ကား နာမည်ကိုက စိတ်ဝင်စားစရာ မေးခွန်းလေးပါ။ ငါ ဘာလို့ အိမ်ထောင်ပြုတာလဲ တဲ့။ စုံတွဲတွေရော အိမ်ထောင်သည်တွေရော FA တွေရော ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလို့ ပြောရင် မှားမဖြစ်ပါဘူး။ ကြည့်သင့်တဲ့ အချက်တွေထဲက အရေးကြီးဆုံး တစ်ချက်က စုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့၊ စုံတွဲမဖြစ်သေးတဲ့ လူတွေလည်း စိတ်ပူလေ့ရှိတဲ့၊ ကွဲသွားတဲ့ လူတွေလည်း မေးခွန်းထုတ်မိတတ်တဲ့၊ ကွဲမလို ဖြစ်နေတတ်တဲ့ လူတွေလည်း အဖြေထုတ်ချင်တတ်တဲ့ မဟာမေးခွန်းကြီးဖြစ်တဲ့ “သူက Right Person လား” ဆိုတဲ့ မေးခွန်းအတွက် ဘယ်လို အဖြေထုတ်ရမလဲ ဆိုတာ သိရတာပါ။ တကယ့်ကိုလက်တွေ့ကျတဲ့ နည်းလမ်းကို ပြောပြထားတာပါ။ သိပြီးသားဆိုလည်း ဟုတ်မဟုတ်တိုက်ကြည့်ပါဦး။ သူငယ်ချင်း ရှစ်ယောက်/အိမ်ထောင်သည် စုံတွဲ ၄ တွဲရယ်၊ နောက်ထပ် သူတို့နဲ့ ဆက်နွယ်လာတဲ့လူတွေရယ်နဲ့၊ သူတို့တွေ အားလုံးရဲ့ကြားက အချစ် အမုန်း နားလည်မှု သစ္စာတရားအိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ အယူအဆတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အံဝင်ခွင်ကျ ထည့်ပြောပြသွားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။ သစ္စာမရှိ ဖောက်ပြန်လို့ ကွဲသွားရတဲ့ စုံတွဲ အကြောင်းလည်း ပါတယ်။ ပို စိတ်ဝင်စားစရာကောင်းတာက အဲ့လို ဖောက်ပြန်တဲ့လူတွေ အကြောင်းနဲ့ ဆက်စပ်ပြီး တော်တော်ကောင်းတဲ့ ၈၀/၂၀ အချိုး ဆိုတာလေး ပြောပြထားတယ်။ အဲ့ဒီ အချိုးအကြောင်း သေချာပေါက်ရှာကြည့်လိုက်ပါ။ ဖောက်ပြန်တဲ့လူတွေ ဘာဖြစ်သွားလဲလည်း ပါတယ်။ ဖောက်ပြန်ခံရတဲ့လူတွေ ဘယ်လိုကျော်ဖြတ်ကြလဲ ဆိုတာလည်း သင်ယူစရာတွေ ပါတယ်။ ကိုယ့်ကို တန်ဖိုးမထားတဲ့လူနဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားတာက ဘယ်လောက်ဆိုးလဲ ဆိုတာလည်း ပါတယ်။ အဲ့လိုကနေ ရုန်းထွက်နိုင်ရင် ဘာတွေရလာနိုင်လဲ ဆိုတာလည်း ပါတယ်။ ပြီးတော့ တကျက်ကျက် ရန်ဖြစ်နေတတ်တဲ့ စုံတွဲတွေနဲ့ သူတို့ သဘောသဘာဝ တွေလည်းပါတာပဲ။ ဘယ်လိုဆိုးကျိုးတွေ ရှိလဲ၊ ဘာတွေတော့ ကောင်းလဲ ဆိုတာလည်း သိရမယ်။ ဘာမှ မပြောဘဲ စိတ်ထဲ ထားတတ်တဲ့ စုံတွဲတွေ ဆိုရင်ရော။သူတို့ ဘာတွေ ကြုံရတတ်လဲလည်းထည့်ပြောထားသေးတာပါပဲ။ ဆိုးဝါးတဲ့ နာကျင်စရာတွေကို တစ်ယောက်ကို တစ်ယောက် ညှာပြီး မပြောမိရာကကနေ ဘာတွေ ဖြစ်လာတတ်သလဲ ဘယ်လို ဖြေရှင်းလို့ ရသလဲတွေထည့်ရိုက်ထားတာပါ။ ပြီးတော့ အလုပ်ပဲ ကြည့်တတ်တဲ့ သားသမီးရတနာ ယူရေး/မယူရေးတွေနဲ့ မပြေလည်မှုတွေရှိလာတဲ့ စုံတွဲအကြောင်းလည်း ပါတယ်။ သူတို့တွေ နောက်ထပ် ထပ်တွဲဖြစ်သွားကြတဲ့ လူတွေအကြောင်းလည်း ပါပါသေးတယ်။ ပိုကောင်းတဲ့ ဆက်ဆံရေးတွေ၊ လက်တွဲဖော်တွေကို ရသွားကြတာလား၊ ထားခဲ့ကြရတာလား ဆိုတာလည်း သိရမှာပါ။ Rating တွေ သိချင်ရင်တော့ Rotten TomatoRating က 48 ဆိုပေမယ့် ပရိတ်သတ်ကတော့ 78မှတ်တောင် ပေးထားတဲ့ ဇာတ်ကားပါ။ IMDb က 5.9ပါတဲ့။ သရုပ်ဆောင်တွေကတော့ Janet Jackson က စလို့ Tyler Perry ထိ ပါ ပါတယ်။ အရမ်းမရင်းနှီးတဲ့ သရုပ်ဆောင်တွေက ပိုများနေတောင် ကြည့်ကြည့်လိုက်ရင် သဘာဝကျလွန်းနေတာ တွေ့ရမှာပါ။ မသိတဲ့ သရုပ်ဆောင် ပိုများတော့ ဇာတ်ကားဆိုတာ မေ့သလိုလို ပိုဖြစ်တာလည်း ပါဦးမှာပါ။ ဇာတ်ကားရဲ့ ဒါရိုက်တာနဲ့ စာရေးဆရာက ဒီဇာတ်ကားထဲကတယ်ရီဆိုတဲ့ ဘဲကြီးပါပဲတဲ့။ ကြည့်လိုက်ရင်တော့ လူတိုင်း တနည်းမဟုတ် တနည်းတွေ့ရရတတ်တဲ့ လူတွေကြားကဆက်ဆံရေးတွေအကြောင်း အများကြီး သိရ၊ ချိန်ညှိကြည့်လို့ရ၊ အဖြေထုတ်လို့ရဖြစ်သွားမှာပါ။ It’s worth it ပါ။ File size… 2.4 GB/ 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Myat Thu

Drama • Adventure
5.9 2007 113 mins
Why Did I Get Married?
Battle of the Warriors
6.7

စစ်သည်တို့ရဲ့တိုက်ပွဲလို့အမည်ရတဲ့ ဒီဟောင်ကောင်ရုပ်ရှင်က၂၀၀၆ ခုနှစ်ထွက်စစ်ပွဲရုပ်ရှင်ဖြစ်ပြီး ဂျပန်သမိုင်းဝင်မန်းဂစီးရီးတစ်ခုဖြစ်တဲ့ Bokkō ပေါ်အခြေခံထားပါတယ်။ ဒါရိုက်တာ Jacob Cheung ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andy Lau, Ahn Sung-ki, Wang Zhiwen, Fan Bingbing, Nicky Wu နဲ့ Choi Siwon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီပူးတွဲထုတ်လုပ်မှုမှာ တရုတ်ပြည်မြောက်ပိုင်း၊ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါဝင်ပါတယ်။ ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ Liang ဘုရင်ဟာ ဘုရင့်အရည်အချင်းနဲ့မပြည့်မီတာကြောင့် ကျူးကျော်သူတွေကို ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချအညံ့ခံဖို့ရာကို စီစဉ်ထားပြီးဖြစ်ပါတယ်။ Ge Li ကတော့ လူထုစုကိုစည်းရုံးပြီး လူထုအင်အားနဲ့ ရန်သူကို ပြန်လည်ခုခံတိုက်ထုတ်နိုင်ကြောင်းကို ဘုရင့်ထံရှင်းပြလိုက်ပါတယ်။ ဒီလိုနဲ့ Liang ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ သားတော်ဖြစ်သူ Liang မင်းသားက သူ့ရဲ့စစ်တပ်ကို Ge Li ကို အမိန့်ပေးခွင့်ပြုပြီး Ge Li က Liang စစ်တပ်ကို ကြီးကြပ်ကာ Zhao စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခုခံတားဆီးဖို့ကြိုးစားပါတော့တယ်။ ဒီရုင်ရှင်ထဲမှာတော့ ရှေးခေတ်စစ်ပွဲတွေမှာ ထိုးစစ်ဆင်တဲ့ဘက်နဲ့ ခုခံကာကွယ်တဲ့ဘက်တို့ရဲ့ စစ်သူကြီးတွေ၊ တပ်မှူးတွေရဲ့ စစ်ရေးဗျူဟာ‌တွေ၊ နည်းပရိယာယ်တွေကို ရှူစားရမှာပါ။ ဇာတ်အိမ်လည်းကောင်း သရုပ်ဆောင်ပိုင်းလည်း မညံ့တဲ့အပြင် တရုတ်စစ်ပွဲရုပ်ရှင်တို့ထုံးစံအတိုင်း ကြက်သီးထစရာနောက်ခံတေးနဲ့ တိုက်ပွဲဇာတ်၀င်ခန်းတွေကို ဟန်ချက်ညီအောင် ပေါင်းစပ်ရိုက်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် စစ်ပွဲရုပ်ရှင်တွေကိုကြိုက်တဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်ဟာ အထူးသင့်တော်တဲ့ရုပ်ရှင်တစ်ခုဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:13:00 Genre… Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.7 2006
Battle of the Warriors
Remo Williams: The Adventure Begins
6.4

ဆမ်မေကင်ဟာ နယူးယောက်မြို့ ဘရွတ်ကလင်းမှာ လမ်းသရဲ လူဆိုးတွေကို ဖမ်းဆီးနေတဲ့ သာမန် ရဲသားတစ်ဦးသာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လျှို့ဝှက်အမေရိကန်အဖွဲ့အစည်း တစ်ခုရဲ့ အတင်းအကျပ် လူသစ်စုဆောင်းမှုကို ခံခဲ့ရပါတယ်။ ဆမ်မေကင် ဆိုတဲ့ဘဝကို ဈာပနအတုပါပြုလုပ် ပြည်ဖုံးကားချခဲ့ပြီးတော့ ရီမိုဝီလီယမ်စ်ဆိုတဲ့ သူအဖြစ်နဲ့ ဘဝအသစ်ကို ထပ်မံရရှိခဲ့ပါတယ်။ နာမည်တင်မက မျက်နှာကိုပါ အပြောင်းအလဲပြုလုပ်ခံခဲ့ရပါတယ်။ CURE လို့ အမည်ခံထားတဲ့ လျှို့ဝှက်အစိုးရအဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ စည်းရုံးခံခဲ့ရပြီးတဲ့နောက်မှာ ကိုယ်ခံပညာတို့ရဲ့ မြစ်ဖျားခံရာ ရှီနန်ဂျူရွာရဲ့ မျိုးဆက်သခင် ကိုးရီးယားလူမျိုး ချွန်းရဲ့လက်အောက်မှာ လူသားလက်နက်အဖြစ်နဲ့ လေ့ကျင့်ခဲ့ရပါတယ်။ အပြည့်စုံဆုံး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ မတော်တဆဆန်ဆန် သတ်ဖြတ်မှုမျိုးတွေကို ဆောင်ရွက်နိုင်အောင် အထူးလေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ စိတ်ရော ကိုယ်ပါ ကြံ့ခိုင်သန်စွမ်းလာအောင် ရှေးကျတဲ့လေ့ကျင့်ခန်းတွေနဲ့ စခန်းသွင်းလေ့ကျင့်အပြီးမှာတော့ ကျည်ဆန်ကိုပါ ရှောင်နိုင်တဲ့ ရီမိုဝီလီယမ်စ် အဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။ ချွန်းရဲ့အပြောအရ ရီမို့ကို အပြည့်စုံဆုံးအနေအထား ရောက်အောင် (၁၅) နှစ်အထိ အချိန်ယူရမှာ ဖြစ်ပေမယ့် CURE အနေနဲ့ သူတို့ရဲ့လူသားလက်နက်ကို မဖြစ်မနေထုတ်သုံးရမယ့် အခြေအနေ ရောက်လာခဲ့ပါတယ်. သူတို့ကိုယ်တိုင် ထောက်လှမ်းဖို့ နည်းလမ်းရှာမတွေ့နိုင်သေးတဲ့ လက်နက်ကုမ္ပဏီတစ်ခုရဲ့ လျှို့ဝှက်ချက်တွေကို သိရှိနိုင်ဖို့ ရီမို့ကို စေလွှတ်စုံစမ်းခိုင်းခဲ့ပါတယ်.။ The Destroyer ဆိုတဲ့ ဝတ္ထုစီးရီးရဲ့ ရုပ်ရှင်အဖြစ် ပထမဦးဆုံးခြေလှမ်းလည်းဖြစ်တဲ့ Remo Williams : The Adventure Begins ဆိုတဲ့ ၁၉၈၅ ခုနှစ်က အက်ရှင်ဇာတ်ကားကောင်းလေးကို CM က ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File Size : 2.7 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 2hr Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Comedy • Romance • Drama
6.4 1985 121 mins
Remo Williams: The Adventure Begins
Andrea Gets a Divorce Andrea lässt sich scheiden
6.5

Andrea Gets a Divorce (2024) IMDb Rating (6.5) ဒီဇာတ်ကားမှာ အန်ဒရီရယ် (Birgit Minichmayr) ဆိုတဲ့ ရဲအဖြစ်လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးကို ပြသထားပါတယ်။ သူ့ရဲ့ရွေးချယ်မှုတွေကနေ တဖြည်းဖြည်းပေါက်ကွဲလာပြီး သူ့ဘဝဟာ အတိတ်နဲ့လက်ရှိကြားမှာ အကျပ်ရိုက်လာပါတယ်။ ဒါရိုက်တာ Josef Hader က ဟာသနဲ့ ဒရမ်မာကို စွဲမက်ဖွယ်ပေါင်းစပ်ထားပြီး လူနေမှုနဲ့ အတွေးအခေါ်တွေကို ထိတွေ့အောင်ဖန်တီးနိုင်ပါတယ်။ ရုပ်ရှင်မှာ အတွေးတွေနဲ့ အနည်းငယ်ထိတ်လန့်ဖွယ်အခန်းတွေပါဝင်ပေမယ့်လည်း ဇာတ်ကွက်တွေ တဖြည်းဖြည်းတည်ဆောက်ထားတာကြောင့် အလွယ်တကူ နားလည်နိုင်မှာမဟုတ်ပါဘူး။ မကောင်းတဲ့အချက်အနေနဲ့ ဇာတ်ညွှန်းဟာ တစ်ချို့လူတွေအတွက် ခံစားရခက်နိုင်ပြီး အနည်းငယ် ချွတ်ယွင်းချက်တွေ ရှိနိုင်ပါတယ်။ သို့သော် အမြင်အသစ်နဲ့ ပြုလုပ်ထားတဲ့ ဇာတ်ကားတစ်ခုဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.7 GB) / (940 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:34:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

6.5 2024 94 mins
Andrea Gets a Divorce Andrea lässt sich scheiden