YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Petra Naruemit (2023) (Ep12).mp4

767.81 MB N/A video/mp4 215 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghost Rider
5.5

Ghost Rider ဆိုတာနဲ့ အရိုးခေါင်းကြီးမှာ မီးတွေတောက်နေပြီး ဆိုင်ကယ်ကြီးနဲ့ အထာကျကျဖြဲတတ်တဲ့ Marvel ဇာတ်ကောင်ကြီးကို တန်းမြင်ကြမယ်ထင်ပါတယ်။ Marvel မှာ Ghost Rider တွေ အများကြီးရှိပါတယ်။ဒါပေမယ့် အဲ့ဒီအထဲမှာ အထင်ရှားဆုံးကတော့Johnny Blaze ပါ။2007 မှာ မင်းသားကြီး Nicolas Cage နဲ့ LA ရိုက်လိုက်တဲ့နောက်ပိုင်း superhero fan မဟုတ်တဲ့သူတွေကြားမှာလည်း Ghost Rider Character ဟာ ပိုပြီးထင်ရှားပါတယ်။(Nicolas Cage ကို ခုနောက်ပိုင်းလူငယ်တွေ သိပ်မသိနိုင်တော့ပေမယ့်။သူ့ခေတ်သူ့အခါတုန်းကတော့ သူမှသူဆိုပြီး ဖြစ်ခဲ့ရတဲ့ မင်းသားကြီးတစ်လက်ပါ။Leaving Las Vegas နဲ့ အော်စကာဆုကို ရရှိခဲ့ပြီးNational Treasure, Con Air ,Face/Off စတဲ့ သူ့ရဲ့ဇာတ်ကားတွေဟာ Skynet ခေတ်မှာကျွန်တော်တို့ အရူးအမူးထိုင်စောင့်ကြည့်ခဲ့ရတဲ့ ကားတွေပေါ့ဗျာ။အခုထွက်မယ့် Renfield မှာလည်းDracula အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။) MCU မှာ multiverse ဘာညာနဲ့ characterတွေ ပြန်ပေါင်းနေပြီဆိုတော့ Ghost Rider ပါလာနိုင်တယ်ဆိုတဲ့ သတင်းတွေဟိုတစ်ဒီတစ်စ ကြားလာရပါတယ်။ဆိုတော့ အရင် Ghost Rider ကားလေးကို ပြန်နွှေးနိုင်ဖို့ သေချာပြင်ဆင်ပြီး ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Ghost Rider:Extended ဟာ Ghost Rider (Johnny Blaze) ရဲ့ origin story လို့ပြောလို့ရပါတယ်။ဒီဇာတ်ကားမှာတော့ သေခါနီးအဖေရဲ့ကင်ဆာကိုကုပေးဖို့အတွက် သူ့ဝိညာဉ်ကို နတ်ဆိုးဆီမှာရောင်းပြီးGhost Rider ဖြစ်လာတဲ့ Johnny Blaze ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နတ်ဆိုးဟာ စာချုပ်အတိုင်းသူ့အဖေရဲ့ ကင်ဆာကို ကုပေးခဲ့ပေမယ့်လည်း Johnnyကို နှောင်ကြိုးတွေမရှိစေချင်တာကြောင့်ချက်ချင်းပဲ ပြန်သတ်ပစ်ခဲ့ပါတယ်။ပြီးတော့ လိုအပ်တဲ့အခါပြန်လာရှာမယ်လို့ပြောပြီး ပျောက်ကွယ်သွားပါတယ်။Johnnyဟာလည်း သူ့အဖေသူ့ကြောင့်အချိန်မတိုင်ခင်သေရတာဆိုတဲ့နောင်တကြီးနဲ့ သူ့ဘဝကိုရှင်သန်ပြီး သေမှသေတော့ဆိုတဲ့စိတ်မျိုးနဲ့ အန္တရာယ်များတဲ့စတန့်ကွက်တွေ လုပ်ရင်းနာမည်ကြီးလာပါတယ်။ဒီလိုနဲ့ အရာအားလုံးပြန်အဆင်ပြေနေပြီဆိုတဲ့ တစ်နေ့မှာတော့ နတ်ဆိုးဟာ သူ့ဆီကို ပြန်ရောက်လာပါတော့တယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ပြီးသူတွေ သိပါလိမ့်မယ်။မကြည့်ရသေးဘူးဆိုလဲ အခုကြည့်ကြပါ(ဟဲ ဟဲ) MCUမှာပါလာခဲ့သည်ရှိသော်ဆိုပြီး နွှေးပြီးသားလည်းဖြစ်၊ ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးတဲ့ကားလည်း ဖြစ်တာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အဲ့တော့ကြည့်ကြပါဗျာ။ ဒီဇာတ်ကားရဲ့အဆက် Ghost Rider: Spirit of Vengeance (2011) ကို ဒီမှာ https://channelmyanmar.org/ghost-rider-spirit-of-vengeance-2011/ ကြည့်ပါ။ File size…(2.2 GB)/(1.2 GB) Quality….BluRay(Extended Version)1080p HEVC/720p Format…mkv/mp4 Duration….02:03:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Damien

Action • Comedy • Drama • Family
5.5 2007 114 mins
Ghost Rider
Blue Gate Crossing
7

IMDb Rating - 7.4/10 ကိုယ့်နှလုံးသားကို ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတွေရော၊ မချစ်သင့်တဲ့သူကို ချစ်မိတဲ့ကိုကိုတွေရောမမတွေရော အတွေး တစ်စုံတစ်ရာရရှိအောင်လုပ်ပေးနိုင်တဲ့ LGBT ထိုင်ဝမ်ကား လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်ဝမ်ရုပ်ရှင်တို့ထုံးစံအတိုင်း သဘာဝကျတဲ့ရိုက်ချက်တွေနဲ့ အပီအပြင်တင်ဆက်ပေးထား ပါတယ်။ ကျောင်းမှာအရမ်းချောတဲ့ ကျောင်းသားလေးဖြစ်တဲ့ ကျန်းရှီး ဟောင်ကို လင်ယွဲ့ကျန်းကျောင်းသူက အရူးအမူးချစ်နေပါ တယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျန်းရှီးဟောင် စွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံး၊ အသုံးအဆောင်ပစ္စည်း တွေကအစ အမှိုက်ပုံးထဲကနေယူပြီး အိမ်မှာစုထားတဲ့သူပါ။ ဘယ်လောက်ပဲချစ်ချစ် သူငယ်ချင်းလုပ်ဖို့တောင် လုံးဝဖွင့် မပြောရဲတဲ့ ကြိတ်ခရက်ချ်သူလေးပေါ့။ သူ့ကိုကူညီပေးဖို့ မုန့်ခယ်ရုံဆိုတဲ့အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းခဲ့ပါတယ်။ ကြားထဲကနေ အောင်သွယ် ပေးရင်းနဲ့ ကျန်းရှီးဟောင်နဲ့လင်ယွဲ့ကျန်းတို့ နှစ်ယောက်ကြား ဗျာများလာခဲ့ရပါတော့တယ်။ တစ်နေ့မှာ “ကျွန်မကိုမနမ်း ချင်ဘူးလား”လို့ အရဲစွန့်ပြီးမေးလိုက်တဲ့တစ်ယောက်က မုန့်ခယ်ရုံဖြစ်သွားတဲ့အခါ.... ကျန်းရှီးဟောင်၊ လင်ယွဲ့ကျန်း၊ မုန့်ခယ်ရုံတို့သုံးယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့် လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.5 GB) / (622 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Jo Jo Va Encoder..........SWM

Horror
7 2002 85 mins
Blue Gate Crossing
Ride Above
6.9

IMDb Rating - 6.1/10 ဒီဇာတ်လမ်း​လေးမှာ အ​ကြောင်းကိစ္စတစ်ခုခု​ကြောင့် စိတ်ပင်ပန်း ပြီးခက်ခဲလာရင်​တောင် အားမ​လျှော့ဘဲ မဆုတ်မနစ်ကြိုးစားရင် အရာရာကို​ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ သီအိုရီကို ကျကျနနပုံ​ဖော် ထားတယ်။ မြင်း​တွေနဲ့လူ​တွေရဲ့သ​ဘောသဘာဝကို အသာ​ပေးရိုက် ပြထားတာ​ကြောင့် အပြင်​လောကမှာဖြစ်ပျက်​နေတာ​တွေနဲ့ဆက် စပ်​မှုရှိပါတယ်။ ​​ဂျော်ကီတစ်​ယောက်ဖြစ်တဲ့ ဖီးလစ်က ပြိုင်မြင်း​တွေကို​လေ့ကျင့် ပေးတဲ့ထရိန်နာပါ။ သူ့ရဲ့လုပ်​ဖော်ကိုင်ဖက်ကူပါး ​ငွေစိုက်သူ​ပေါ့ သူတို့နှစ်​ယောက်လုံးရဲ့ရည်မှန်းချက်က မြင်းပြိုင်ပွဲမှာဗိုလ်ဆွဲဖို့ပါ။ ဖြစ်ချင်​တော့ ကိစ္စ​တွေက ထင်သ​လောက်မလွယ်ကူခဲ့ပါဘူး။ ဖီလစ် တစ်​ယောက် ပြိုင်ပွဲမှာအနိုင်ရဖို့ အစွမ်းကုန်ကြိုးစား​နေချိန်မှာ "ကံဆိုးမသွား​လေရာ အရပ်တိုင်း မိုးလိုက်၍ရွာ"ဆိုသလို သမီး ဖြစ်သူကို ဒုက္ခိတဖြစ်သွား​စေတဲ့အ​ခြေအ​နေနဲ့ ကြုံ့​တွေ့လိုက်ရတဲ့ အခါမှာ​တော့... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(2.23 GB) / (972 MB) / (543 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 49Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......ZWT Encoder..........SWM

Drama
6.9 2022 109 mins
Ride Above
The Great Raid
6.6

ဒါကတော့ ၂၀၀၄ ကထွက်တဲ့ဒုတိယကမ္ဘာစစ်ကားလေးပါ။၁၉၄၁ မှာဂျပန်တွေက ပုလဲဆိပ်ကမ်းကိုဗုံးကျဲပြီးနောက် အမေရိကန်ပိုင် ဖိလစ်ပိုင်ကို၀င်သိမ်းတာ အမေရိကန်စစ်သားတစ်သောင်းလက်နက်ချအဖမ်းခံခဲ့ရပါတယ်။ ၁၉၄၄အရောက်မှာတော့အမေရိကန်တွေက စစ်ရေးသာလာပြီး ဖိလစ်ပိုင်ကိုပြန်သိမ်းဖို့တာစူနေပါပြီ။ အဲဒီအချိန်မှာ ရိန်းဂျားတပ်ရင်း(၆)ဟာ ရှေ့တန်း‌ကိုကျော်ပြီး အမေရိကန်စစ်သုံ့ပန်းငါးရာရှိတဲ့စခန်းကို ၀င်စီးပြီး သုံ့ပန်းတွေကိုကယ်ဖို့ တာ၀န်ကျလာပါတယ်။ လမ်းခရီးမှာတွေကြုံရတဲ့အခက်အခဲတွေ၊တိုက်ပွဲ၀င်ပုံတွေ၊ရဲဘော်ရဲဘက်စိတ်ထားပုံတွေကို ပြထားပါတယ်။ သုံးစွဲတဲ့လက်နက်တွေ၊အသုံးအဆောင်တွေ၊လက်နက်တွေကိုလည်း အမှန်အတိုင်းဖြစ်အောင် ဂရုစိုက်ပြီးသုံးပြထားပါတယ်။ Director John Dahl ရိုက်ကူးထားပြီး နာမည်ကျော်မင်းသား James Franco, Benjamin Bratt,Joseph Fiennes တို့ပါ၀င်ထားပါတယ်။ စစ်ကားကြိုက်တတ်သူတွေ အတွက်အကြိုက်တွေ့မယ့်ကားလေးပါ။ File size…(3.24GB)/(1.4GB)/(1014MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:12:00 Genre...Drama /Action/War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Fantasy
6.6 2005 132 mins
The Great Raid
Doraemon: Nobita’s Treasure Island
6.5

Doraemon: Nobita’s Treasure Island (2018) ——————————————————————- အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။

Action • Adventure • Fantasy • Science Fiction
6.5 2018
Doraemon: Nobita’s Treasure Island
[21+] Sexually Bugged!
4

လူတွေက အောင်မြင်ကျော်ကြားမှု ငွေ စတာတွေကိုမြင်ရင် ပိုင်ဆိုင်ရမယ်ဆိုရင် ဘာမဆိုပေးဆပ်မယ်လို့တွေးထားတဲ့သူတွေက များသားရယ် အခုလည်းကြည့်လေ ဒေါက်တာက မျိုးစိတ်တစ်ခုကို ဖန်တီးထားတယ် အဲဒီအကောင်က လူထဲမှာနေရတာပျော်တယ် ပြီးတော့လူကိုကောင်းကျိုးပြုတယ် ဘယ်လိုကောင်းကျိုးပြုတာလဲဆိုရင် သူဝင်ထားတဲ့လူကို လိင်ကိစ္စကို သူမတူ ခံစားလို့ကောင်းစေတယ် လိင်စိတ်နိုးကြွစေတယ် အဲဒီအချက်လက်တွေကို အတည်ပြုပြီး ဈေးကွက်ကို ချပြီး ပိုက်ဆံရှာချင်နေတဲ့ လူတယောက်နဲ့ အားပြိုင်လာချိန်မှာတော့ ကျော်ကြားမှု ကိုလိုချင်နေတဲ့ ဒေါက်တာရယ် ငွေကိုငမ်းငမ်းတက်လိုချင်နေတဲ့ လောဘသားရယ် နှစ်ယောက်ပြိုင်ဆိုင်လာတဲ့အခါမှာတော့ DS fans တွေအကြိုက်အခန်းတွေများတာမို့ တင်ဆက်ပေးလိုက်ပါတယ်။

4 2014 75 mins
[21+] Sexually Bugged!
Saw II Saw 2
6.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 2 (2005)မှာတော့ Jigsaw လူသတ်သမားကို ပြန်ပေါ်လာတဲ့အတွက် အထူးတပ်ဖွဲ့တွေနဲ့အတူ စုံထောက်အဲရစ်ခ်မက်သရူးပါ ပါလာပြီး လာဖမ်းတော့တယ်။ ဒီအချိန်မှာ Jigsaw လူသတ်သမားက ကင်ဆာရောဂါသည်တစ်ဦး ဖြစ်နေတော့တယ်။ စုံထောက်အဲရစ်ခ်ဆိုတာကလည်း လူကောင်းမဟုတ်။ ဟိုးတုန်းကဆို သူဖမ်းချင်တဲ့သူတွေဆိုရင် သက်သေအတုလုပ်ပြီး ဖမ်းထည့်တတ်တဲ့သူ။ Jigsaw က အဲဒါကို ကောင်းကောင်းသိထားတော့ သူ အရင်က အမှုဆင်ပြီးဖမ်းဖူးတဲ့သူအားလုံးနဲ့အတူ အဲရစ်ခ်ရဲ့သားကို ဖမ်းထည့်ပြီး အိမ်တစ်အိမ်မှာ ဂိမ်းတွေ စကစားစေတော့တယ်။ အိမ်တစ်လုံးမှာ ထောင်ချောက်တွေ အပြည့်ပေါ့။ ဂိမ်းကို ကျော်ဖြတ်နိုင်တဲ့သူကပဲ အသက်ရှင်ခွင့်ရမှာ။ ဒါကို အဲရစ်ခ်တို့ Jigsaw ကို လာဖမ်းတဲ့အခါမှာ Jigsaw ရဲ့ ပုန်းအောင်းတဲ့နေရာမှာရှိတဲ့ ကွန်ပျူတာဖန်သားပြင်တွေပေါ်မှာ သူ့သားနဲ့အတူ တခြားလူတွေ အဖမ်းခံထားရတဲ့အကြောင်း အဲရစ်ခ်သိလိုက်ရတော့တယ်။ Jigsaw ရဲ့ ထောင်ချောက်တွေကြားကနေ သူ့ကိုမကျေနပ်တဲ့သူတွေနဲ့အတူရှိနေတဲ့ သူ့သား ဒန်နီရယ်ကို စုံထောက်အဲရစ်ခ်တစ်ယောက် ဘယ်လိုကယ်တင်မလဲဆိုတာ ဒီ Saw II ဇာတ်ကားထဲမှာ ရှုစားရမှာပါ။

6.6 2005
Saw II Saw 2
Chronicle of a Blood Merchant
6.4

Chronicle of a Blood Merchant (2015) ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ် နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ် ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တို့ပါဝင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.7GB | 876MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

Drama
6.4 2015
Chronicle of a Blood Merchant
Feet of Death

ဂျေဆန်တို့နယ်မြို့လေးနားက တောထဲမှာ တိရစ္ဆာန်တိုက်ခိုက်ခံရလို့သေဆုံးမှုက ပြည်နယ်တစ်ခုလုံးထက် နှစ်ဆလောက်များနေခဲ့ပါတယ်။ အဲဒါကြောင့် ဆိုရှယ်အင်ဖလူရန်ဇာတစ်ယောက်က တောထဲကသေဆုံးမှုတွေကို စုံစမ်းဖို့ရောက်လာခဲ့တယ်။ အဲဒီအင်ဇလူရန်ဇာပါသေသွားတော့ ဇနီးဖြစ်သူသေထားတာမကြာသေးလို့ဘူနေတဲ့ သစ်တောဌာနက ဂျေဆန်တစ်​ယောက် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စုံစမ်းဖို့ရာဖြစ်လာပါရော။ ဒီသေဆုံးမှုတွေရဲ့ အဓိကလက်သည်က နှင်းလူကြီးဖြစ်မယ်လို့ တစ်ယောက်စကားတစ်ယောက်နား ပြောဆိုနေကြတဲ့ ကောလာဟလတစ်ခုရှိနေတာပါပဲ။ ဒီမှာပဲ ဂျေဆန်နဲ့ ရဲမှူးတို့ နှင်းလူအကြောင်းအတော်လေးသိပါတယ်ဆိုတဲ့ တောထဲက ဟင်နရီဆိုတဲ့လူဆီကို ရောက်သွားရာကစ မထင်မှတ်တာတွေ တွေ့လာရတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(822 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kyawt Hay Thar

Action • Science Fiction
0 2024
Feet of Death
High Fidelity
7.4

High Fidelity (2000) IMDb Rating (7.4) / Rotten Tomatoes (91%) အသက် ၃၀ အရွယ် အခွေဆိုင်ပိုင်ရှင် ရော့က အချစ်ရေးမှာ ကျွန်းခံနေတဲ့သူတစ်ယောက်ပေါ့.. တွဲသမျှကောင်မလေးတိုင်းနဲ့အဆင်မပြေဖြစ်နေရတာကြောင့် သူဘာကြောင့် အချစ်ရေးမှာ ကံဆိုးရတာလဲဆိုတာကို သိချင်နေခဲ့တယ်.. သူတွဲခဲ့တဲ့ ကောင်မလေးတွေထဲက ထိပ်ဆုံး ၅ ယောက်နဲ့ ဘယ်လိုတွေ တွေ့ဆုံခဲ့ပြီး ဘယ်လိုတွေ ထားခဲ့ခံရမလဲ? ဒီအထဲကမှ သူတကယ်ချစ်ပြီး လက်ထပ်ချင်ခဲ့တာ ဘယ်သူလဲ? အချစ်ဆိုတာဘာလဲဆိုတာကို နားမလည်ခဲ့တဲ့ ရော့က နောက်ဆုံးမှာ သူ့အချစ်စစ်ကိုရှာတွေ့သွားမလား? ဆုံးရှုံးပြီးမှ တန်ဖိုးထားရကောင်းမှန်းသိခဲ့တဲ့ ရော့ဟာ သူတကယ်ချစ်တဲ့ ကောင်မလေးရဲ့ အချစ်ကို ပြန်လည်ရယူနိုင်ပါ့မလား? အချစ်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပြီးတော့ ရှုပ်ထွေးတဲ့အချစ်ဇာတ်လမ်းကြားမှာ ရော့တစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(8.3 GB) / (1.9 GB) / (1 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Music, Romance Duration….01:53:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Horror
7.4 2000 113 mins
High Fidelity
The Most Beautiful Girl in the World
6.1

The Most Beautiful Girl in the World (2025) ******************************************* WinTV ရုပ်သံလိုင်းရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူ ရူဘန်ဟာ အရမ်းကို ပွေရှုပ်တတ်တဲ့ ပလေးဘွိုင်းလေးတစ်ယောက်ပေါ့။ သူဟာ သူ့အဖေနဲ့လည်း မျက်နှာချင်းဆိုင်လိုက်တာနဲ့ ရန်ပွဲဆိုတာလိုဖြစ်နေပြီး အမေဖြစ်သူကလည်း သူနဲ့သူ့အဖေကို ထားကာ ထွက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရူဘန့်အဖေဟာ ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အဖေရဲ့ သေတမ်းစာမှာတော့ ရူဘန်တစ်ယောက် ၆လအတွင်းမှာ ကမ္ဘာပေါ်က အလှဆုံးမိန်းကလေးနဲ့ လက်ထပ်နိုင်မှ ပိုင်ဆိုင်မှုတွေအကုန်လုံးကို ရမယ်ဆိုတာပါပဲ။ ဒီအတွက်နဲ့ ရူဘန်တစ်ယောက် မိန်းမရှာပုံတော် ထွက်ရပါတယ်။ ရုပ်သံလိုင်းရဲ့ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးဆိုတဲ့ မော်ဒယ်ရှိုးကို အထူးစီစဥ်အနေနဲ့ ရူဘန်ရဲ့ ဇနီးလောင်းရှာဖွေပွဲကြီးအဖြစ်‌ ပြောင်းလဲလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ရူဘန်တစ်ယောက် ၆လအတွင်း မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်နိုင်ပါ့မလား .. ရူဘန်ရဲ့ ဘဝ အချစ်ခရီးလမ်းက ဘယ်လိုတွေ ကြုံတွေ့လာရမလဲ … ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ အချစ်ရိုမန့်ဟာသ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.52GB / 674MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 03m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by AHtet

6.1 2025 122 mins
The Most Beautiful Girl in the World
Revenge of the Green Dragons
5.3

ဒီ ဇာတ်လမ်းမှာတော့ နယူးယောက်မြို့ရဲ့ တရုတ်တန်းတွေမှာ ကြီးစိုးနေတဲ့ တရုတ်ဂိုဏ်းတွေကြားက ရန်ပွဲတွေအကြောင်း ၊ တရုတ်ပြည်မှ တရားမဝင်ခိုပြောင်းရွှေ့နေထိုင်တဲ့ မိဘမဲ့ကောင်လေး ဆွန်နီရဲ့ ဘဝအကြောင်း ကို ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဇာတ်လမ်းအစမှာတော့ တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေကို စီမံနေရာချပေးရာကနေ မိဘမဲ့ ဆွန်နီကို စတီဗင်တို့ မိသားစုနဲ့ နေရာချပေးခဲ့ပါတယ် ။ သူတို့ဟာ အခြေအနေအရပ်ရပ်ကြောင့် အမေရိကန်ကို ရောက်လာပေမယ့် အမေရိကန်ရဲ့ တရုတ်တန်းတွေမှာ ကြီးစိုးနေတဲ့ ဂိုဏ်းတွေရဲ့ အနိုင်ကျင့်မှုကို ခံစားရပါတော့တယ် ။ တစ်ရက်မှာတော့ စတီဗင်ဟာ အိမ်ပြန်မလာခဲ့တာကြောင့် ဆွန်နီဟာ ညီအစ်ကိုလို သူငယ်ချင်း စတီဗင်ကို လိုက်ရှာရပါတော့တယ် ။ ဖြစ်ချင်တော့ စတီဗင်ကို ဖမ်းသွားတာ နယူးယောက်မြို့ ထိပ်တန်း ဂိုဏ်းတွေထဲကမှ အကြမ်းဆုံးဖြစ်တဲ့ နဂါးစိမ်းဂိုဏ်းက ဖမ်းသွားခဲ့တာပါ ။ ဆွန်နီဟာ စတီဗင်ကို ရှာမတွေ့ခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာတော့ စတီဗင်ဟာ နဂါးစိမ်းဂိုဏ်းဝင်အဖြစ် ပြန်လည်ရောက်ရှိလာပါတော့တယ် ။ စတီဗင်ဟာ ဆွန်နီ့ကို နဂါးစိမ်းဂိုဏ်းအတွင်း ခေါ်သွင်းပြီးနောက်မှာတော့ သူတို့ ဘာတွေ ဆက်ကြုံတွေ့ရမလဲ ၊ ဘယ်လို ကံကြမ္မာက စောင့်ကြိုနေမလဲ ဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ ဂိုဏ်းရန်ပွဲတွေ ၊ အချင်းချင်းချောက်ချတာတွေ ၊ အနိုင်ကျင့်တာတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် အက်ရှင်ဇာတ်ကားကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ။ File size… 1.60 GB / 692 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 34m Genre ….. Action/Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sithu Htun Kyaw

Horror • Comedy
5.3 1994 95 mins
Revenge of the Green Dragons
Zhongkui: Snow Girl and the Dark Crystal
5.3

Zhongkui: Snow Girl and the Dark Crystal (2015) တရုတ်ရှေးဟောင်း စိတ်ကူးယဉ်သိုင်းကားနှစ်သက်သူတွေ မြည်းစမ်းကြည့်နိုင်ဖို့အတွက် အကယ်ဒမီဆုရ ဒါရိုက်တာပီတာပေါင်း ရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်လိုက်ပါတယ်။ မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းသူဖြစ်တဲ့ ဒဏ္ဍာရီထဲက သူရဲကောင်းကျုံးကွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ရှိသူဖြစ်ပြီး ကောင်းကင်ဘုံနဲ့ငရဲမှာ တစ်ပြိုင်နက်တိုက်ခိုက်ရင်း လူသားတွေနဲ့ သူချစ်ရတဲ့မိန်းကလေးကို ကယ်ဆယ်ပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ တရုတ်ဒဏ္ဍာရီ ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဒီဇာတ်လမ်းမှာလည်း နတ်သမီးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ လူတွေအတူတကွ အေးအေးချမ်းချမ်း နေလို့မရတဲ့စကြဝဠာကြီးနဲ့ စတင်ထားပါတယ်။ ထောင်စုနှစ်တွေ ဖြတ်သန်းပြီးတိုင်းမှာ မကောင်း ဆိုးဝါးတွေကလည်း လူသားတွေအဖြစ် ပြန်ဝင်စားသလို အဆင့်မြင့်သွားတာတွေလည်းရှိတာကြောင့် မိုးနတ်မင်းဟာဆိုရင် ငရဲပြည်က မကောင်းဆိုးဝါးတွေ လွတ်လာမှာအလွန်စိုးရိမ်နေခဲ့ပါတယ်။ နတ်ဘုရား ကျန်ဒေါင်ရှန်ဟာ မိစ္ဆာရန်က ကာကွယ်နိုင်ဖို့အတွက် သူ့တပည့်ဖြစ်တဲ့ ကျုံးကွေကို မကောင်းဆိုးဝါးတွေ ရဲ့ဝိညာဉ်တွေသိမ်းဆည်းတဲ့ ငရဲပြည်ကနေ အနက်ရောင် သလင်းကျောက်ကို ယူဆောင်စေခဲ့ပါတယ်။ တစ်ကိုယ်တည်းသမားကျုံးဟာ မိစ္ဆာတွေနဲ့မကောင်းမှုမှန်သမျှ ဖယ်ရှားရှင်းလင်းသူ တစ်ယောက်ဖြစ်တာကြောင့် သူ့ဆရာ ရဲ့ စေခိုင်းချက် အတိုင်းလုပ်ဆောင်ခဲ့ပါတယ်။ မကောင်းဆိုးဝါး ဘုရင်က ဟူမြို့တော်ကို အေးခဲသွားအောင် လုပ်ဖို့ အတွက် နှင်းမင်းသမီးကိုခိုင်းစေခဲ့ပါတယ်။ နှင်းမင်းသမီးနဲ့ မကောင်းဆိုးဝါးတွေဟာ ပါရှင်းအကအဖွဲ့ ယောင်ဆောင်ပြီး ဟူမြို့တော်ထဲဝင်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့ ကျုံးရဲ့ချစ်သူလို့ ထင်မှတ်အောင်လည်း ညှို့ယူခဲ့ပါတယ်။ ဒီဇာတ်လမ်းက စိတ်ကူးယဉ် လျှို့ဝှက်ဆန်းကြယ် ဇာတ်ကားဖြစ်လို့ အထူးပြုလုပ်ချက်တွေ အလွန်အကျွံသုံးထားတာကြောင့် ကြည့်ရတာတစ်မျိုးဖြစ်နေပေမယ့်လည်း အတိုက်အခိုက် ဇာတ်ကွက်လေးတွေကတော့ ကြည့်ကောင်းပါတယ်။ အကအဖွဲ့ကိုယုံလွယ်မိတဲ့ လူသားတွေကို မိစ္ဆာတွေက ဘယ်လိုဒုက္ခပေးဦးမှာလဲ။ မိစ္ဆာတွေကို နှိမ်နင်းတဲ့ကျုံးကွေတစ်ယောက် သူချစ်ရတဲ့ နှင်းမင်းသမီးနဲ့ ဆုံစည်းခွင့်ရမလားဆိုတာ ကြည့်လိုက်ကြဦးနော်။ ဒီဇာတ်ကားမှာ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသမီးလီပင်းပင်းက နှင်းမင်းသမီးအဖြစ်သရုပ်ဆောင်ထားပြီး သူရဲကောင်း ကျုံးကွေအဖြစ် မင်းသားချန်ကွန်းက သရုပ်ဆောင်ထားပါတယ်။

Comedy • Drama • Romance
5.3 2015 118 mins
Zhongkui: Snow Girl and the Dark Crystal
Catalyst
5

Catalyst (2025) စိတ်ဝင်စားစရာ ဇာတ်လမ်းဆန်းဆန်းနဲ့ ထူးဆန်းထွေလာတွေကို နှစ်သက်ကြတဲ့ ပုရိသတ်ကြီးအတွက် Catalyst (2025) ဆိုတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “The Collective” ဆိုသည့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကနေ မကောင်းမှုတွေကို ကျူးလွန်ဖူးတဲ့ ယောက်ျား (၇) ယောက်ကို ပြန်ပေးဆွဲပြီး ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ လျှပ်စီးနေတဲ့လှောင်အိမ်ထဲမှာ သူတို့ (၇) ယောက်ကို ဖမ်းဆီးထားခဲ့ပြီး ဘေးပတ်လည်မှာ မျက်နှာဖုံးတပ်ထားတဲ့ လူတွေက သူတို့ကိုစောင့်ကြည့်နေခဲ့တယ်.. သူတို့လွတ်မြောက်ဖို့အတွက် “တစ်ယောက်ကိုသတ်ပြီး ကျန်တဲ့လူတွေ လွတ်မြောက်ဖို့ လမ်းကြောင်းကို” ရွေးချယ်မလားဆိုတဲ့ ကစားပွဲတစ်ခုကို စတင်လိုက်ပါတယ်။ ဒီ (၇) ယောက်ထဲမှာ အသတ်ခံရမယ့်သူကဘယ်သူလဲ???? အပြစ်ကျူးလွန်ခဲ့ကြတဲ့လူ (၇) ယောက်ကြားမှာ သေလောက်တဲ့အထိ ပြစ်မှုကို ကျူးလွန်ခဲ့တာ ဘယ်သူလဲ???? ဒီလှောင်အိမ်ကနေ သူတို့ လွတ်မြောက်ကြပါ့မလား??? သူတို့ ကျူးလွန်ထားတဲ့အပြစ်တွေက ဘာတွေလဲ??? မေးခွန်းပေါင်းများစွာနဲ့ ဇာတ်လမ်းအဆုံးထိ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖို ဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများ ကြည့်ရှုကြဖို့ အကြံပြုတိုက်တွန်းအပ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (2.5 GB) / (820 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 01:37:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

5 2025 96 mins
Catalyst
Adharma Kadhaigal
5.1

Adharma Kadhaigal (2024) “စိတ်အမှောင်” ဒီတစ်ခါ‌တော့ CM Bollywood ပရိသတ်ကြီးအတွက် ထူးထူးခြားခြားတင်ဆက်ထားတဲ့ တမီလ်စကားပြောမှုခင်း-ဒရာမာ ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းရဲ့ထူးခြားချက်က အစအဆုံးဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ မတူတဲ့ဇာတ်ကြောင်း ၄ ခုကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကြောင်းမတူပေမဲ့ လေးပုဒ်လုံးတူညီတဲ့အချက်တွေကတော့ မတရားမှု၊ ကလဲ့စား၊ သစ္စာဖောက်မှုနဲ့ စိတ်ရဲ့အမှောင်ဘက်ခြမ်းကိုသွားတဲ့ dark side တွေကို တွေးတောဆင်ခြင်မိစရာဖြစ်အောင် ရိုက်ကူးထားတာပါ။ မတရားမှုတွေ၊ လူတွေရဲ့ဆိုးယုတ်မှုတွေ၊ လောကရဲ့ပျော်စရာ၊ ၀မ်းနည်းစရာတို့အပြင် အချစ်နဲ့ဘ၀ကို ရသစုံလင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတိုတွေပေမဲ့ တကယ်အနှစ်တွေမို့ အချိန်လေးတစ်ခုပေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Family • Drama
5.1 2024 131 mins
Adharma Kadhaigal