YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Personal Taste 2010 E08 WEB-DL 1080p [CM].mp4

1.88 GB N/A video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Wind That Shakes the Barley
7.4

အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အ‌ကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုး သူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့ အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။ အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊ ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။ လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။ ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသ‌ဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။ ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။ ဇာတ်လိုက်ညီအစ်ကိုတွေဟာလည်း အိုင်ယာလန်နိုင်ငံဖွား သရုပ်ဆောင်တွေဖြစ်ကြပြီး peaky blinders မင်းသားကြီး Cillian Murphyရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ရဦးမှာပါ။ File Size :(2.2GB)(978 MB) and (380 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:07:00 Genre : War, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • TV Movie
7.4 2006 127 mins
The Wind That Shakes the Barley
Life Is Beautiful
8.5

ဒီရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးပေါင်း ၁ သန်းကျော် အသတ်ခံခဲ့ရတဲ့ ဂျာမန်တွေရဲ့ ငရဲခန်းလို့ တင်စားကြတဲ့ Auschwitz အကျဉ်းစခန်းထဲက လွတ်မြောက်လာခဲ့သူ အီတလီ ဂျူးလူမျိုး Rubino Romeo Salmoni ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းအပေါ် အခြေခံထားပါတယ်။ သူဟာ အသက် ၉၁ နှစ် ( ၂၀၁၁ ) မှာ ကွယ်လွန်သွားခဲ့ပါတယ်။ Romeo Salmoni ဟာ ၁၉၄၄ ခုနှစ်မှာ ဖမ်းဆီးခြင်းခံခဲ့ရပြီး အသက် ၂၄ နှစ်အရွယ်မှာ Auschwitz အကျဉ်းစခန်းကို ရောက်ခဲ့တယ်။ သူလွတ်မြောက်လာချိန်မှာ သူ့ညီ နှစ်ယောက်စလုံးက အသတ်ခံခဲ့ရတယ်ဆိုတာ သိခဲ့ရတယ်။ ဒါပေမယ့် သူ့မိဘတွေနဲ့တော့ ပြန်ဆုံခဲ့တယ်။ ဒီဇာတ်ကားကို ရိုက်တဲ့ဒါရိုက်တာ Roberto Benigni ရဲ့ အဖေဟာ မဟာမိတ်အီတလီစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတုန်း နာဇီတွေရဲ့ စစ်သုံ့ပန်းအဖြစ် အဖမ်းခံရပြီး အလုပ်သမားအကျဉ်းစခန်းမှာ ၂ နှစ် နေခဲ့ရတယ်လို့ ဆိုတယ်။ ဒါကြောင့် ဒါရိုက်တာက သူ့အဖေရဲ့ ဘဝအတွေ့အကြုံပေါ်မှာလည်း အခြေခံပြီး ဇာတ်ညွန်းရေးခဲ့တယ်လို့ ဆိုတယ်။ ဒီဇာတ်ကားမှာ ဂွီဒိုအဖြစ် ပါဝင်ထားတဲ့ မင်းသား Roberto Benigni ဟာ ကိုယ်တိုင်ဒါရိုက်တာလုပ်၊ ဇာတ်ညွန်းရေးပြီး ရိုက်ခဲ့ပါတယ်။ ဒိုရာအဖြစ် ပါဝင်ထားတဲ့ မင်းသမီးဟာလည်း အပြင်မှာ Roberto Benigni ရဲ့ မိန်းမ ဖြစ်ပါတယ်။ ဒီဇာတ်ကားထွက်လာချိန်မှာ ဝေဖန်ချီးကျူမှုတွေ များစွာရခဲ့သလို အော်စကာဆုလည်း ၇ ဆုထိ Nomination ဝင်ခဲ့ပါတယ်။ အဲဒီထဲမှာ Oscar ဆု ၃ ဆုရခဲ့တဲ့အပြင် Best Foreign Languge နဲ့ Best Picture ၂ ခုစလုံး Nomination ဝင်ခဲ့ဖူးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ မင်းသား ဒါရိုက်တာ ဖြစ်တဲ့ Roberto Benigni လည်း Oscar, BAFTA အပြင် ကိန်းရုပ်ရှင်ပွဲတော်၊ အခြားနိုင်ငံတကာကချီးမြှင့်တဲ့ ဆုပေါင်းများစွာ ရခဲ့တယ်။ ငွေကြေးအရပြောရမယ်ဆိုရင်လည်း ဘတ်ဂျက် သန်း ၂၀ သုံးပြီးရိုက်ခဲ့ရာမှာ သန်း ၂၃၀ ကျော် ပြန်ရတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့တယ်။ ---------------------------------- Giosué Orefice: "No Jews or Dogs Allowed." Why do all the shops say, "No Jews Allowed"? Guido: Oh, that. "Not Allowed" signs are the latest trend! The other day, I was in a shop with my friend the kangaroo, but their sign said, "No Kangaroos Allowed," and I said to my friend, "Well, what can I do? They don't allow kangaroos." Giosué Orefice: Why doesn't our shop have a "Not Allowed" sign? Guido: Well, tomorrow, we'll put one up. We won't let in anything we don't like. What don't you like? Giosué Orefice: Spiders. Guido: Good. I don't like Visigoths. Tomorrow, we'll get sign: "No Spiders or Visigoths Allowed." သူတို့ဆိုင်က "ဘာလို့ ဂျူးနဲ့ ခွေးတွေ ဝင်ခွင့်မပြု" လို့ ဘာလို့ ဆိုင်းဘုတ်တပ်ထားတာလဲ ဖေဖေ။ အဲဒါ အဲဒီလို ဆိုင်းဘုတ်တွေ ခေတ်စားနေတယ် သားရဲ့။ ဟိုတစ်နေ့က ဖေဖေ သူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်တစ်ဆိုင်မှာ ရောက်နေတုန်း သားပိုက်ကောင် မဝင်ရလို့ ဆိုင်းဘုတ်တပ်ထားတာ တွေ့ခဲ့တယ်။ အဖေကလည်း သူငယ်ချင်းကိုပြောလိုက်တယ်လေ။ သူတို့ က သားပိုက်ကောင်တွေကို ဝင်ခွင့်မပြုတော့ ဖေဖေ ဘာတတ်နိုင်မှာလဲလို့။ ဒါဆို သားတို့ဆိုင်မှာ "ဝင်ခွင့်မပြု" ဆိုတဲ့ဆိုင်းဘုတ် ဘာလို့ မရှိရတာလဲ ဖေဖေ။ နက်ဖန် တပ်မှာပေါ့ သားရဲ့။ ဖေဖေတို့ မကြိုက်တဲ့အကောင် တစ်ကောင်ကောင်ကို ပေးမဝင်တော့ဘူးပေါ့။ သား ဘယ်အကောင်ကို မကြိုက်ဘူးလဲ။ သား ပင့်ကူ မကြိုက်ဘူးဖေဖေ။ ဖေဖေကတော့ Visigoths ဆိုတဲ့ကောင်တွေကို မကြိုက်ဘူး။ အဲဒီတော့ မနက်ဖန်ကျရင် ဖေဖေတို့ ဆိုင်မှာ ပင့်ကူနဲ့ Visigoths တွေ မဝင်ရလို့ ဆိုင်းဘုတ်တပ်ကြမယ်ကွာ။ ဤသည်မှာ သားဖြစ်သူ လူမျိုးခွဲခြားရေး သဘောတရားကို စတင်သတိထားမိချိန်မှာ ဖခင်က လူမျိုးမုန်းတီးရေး မပါဘဲ သားကို ကလေးသဘာ၀ နားလည်အောင် လှလှပပ ရှင်းပြသည့် ဇာတ်ဝင်ခန်းတစ်ခုထဲက ကောက်နှုတ်ဖော်ပြခြင်း ဖြစ်သည်။ IMDb 8.6 Rotten Tomatoes 90% Roger Ebert 3.5/4 - Cinemanto (ရုပ်ရှင်အညွှန်းကို Cinemanto Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(2.9 GB) / (1.1 GB) Quality….BluRay Remux 1080p HEVC /720p Format…mp4 Duration….01:56:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by HaDes

Action & Adventure • Animation
8.5 1997 116 mins
Life Is Beautiful
The Unfair (a.k.a) Minority Opinion
6.4

The Unfair (a.k.a) Minority Opinion (2015) တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ ‘YONGSAN TRAGEDY’ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ ‘SoSooUiGyeong’ ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း … မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။ တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ တရားစွဲခံရပြီးတော့ ဘတ်ရှင်းအူကို သတ်တဲ့တရားခံဟာလည်း အစစ်အမှန်မပေါ်ခဲ့ပါဘူး။ အဲဒီအတွက် ပြည်သူ့ရှေ့နေယွန်ဂျင်ဝန်၊ ရှေ့နေအီဒယ်ဆော့နဲ့ သတင်းထောက်ဂုံဆူဂယောင်းတို့က ဘတ်ဂျယ်ဟိုနဲ့ဘတ်ရှင်းအူတို့ရဲ့အမှုတွေမှာ တရားမျှတမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ အောင်မြင်နိုင်မှာလား? ဘတ်ဂျယ်ဟိုအတွက် တရားမျှတမှုရှာဖွေနိုင်မလား? ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hay Thar Oo ပါ။) File Size : 2GB, 745MB, 393MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 7mins Genre : Drama Translated by Hay Thar Oo Encoded by Kinnov

Action • Comedy • Fantasy
6.4 2015 127 mins
The Unfair (a.k.a) Minority Opinion
Duma
7.2

ဒီဇာတ်ကားက တိရစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူ​တွေ အ​တော် သ​ဘောကျမယ့် ဇာတ်ကား​လေးပါ။ ဒါ​ပေမဲ့ ခါတိုင်းလို ​ခွေး​လေး၊ ​ကြောင်​လေး​တွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်​မွေးတိရစ္ဆာန်​လို ဖြစ်​နေတဲ့ ချီတာကျားသစ်​လေးတစ်​ကောင်အ​ကြောင်းပါ။ IMDb 7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့​ကောင်​လေးရဲ့ အိမ်မှာ ​လသား​လေး အရွယ်ကတည်းက ​​ရောက်ရှိ​နေတဲ့ ဒူးမားဆိုတဲ့ကျားသစ်​လေးကို တစ်အိမ်လုံးဝိုင်းပြီး ချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်​မွေးတိ​လေးတစ်​ကောင် လိုမျိုး အရမ်းယဉ်ပါးတဲ့ ​ကောင်​လေးတစ်​ကောင် ဖြစ်​နေတာပါ။ ဒါ​ပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီး​နောက် သူတို့​မိသားစုရဲ့အိမ်မှ မြို့​ပေါ်​ကို ပြောင်း​​ရွှေ့​နေထိုင်ရချိန်မှာ​​တော့ ဘယ်​လိုပဲ လူယဉ်တဲ့ တိ​လေးဖြစ်​နေပါ​စေ၊ ကျားသစ်က ကျားသစ်၊ ​သားရဲက သားရဲပဲ ဖြစ်လို့ ခေါ်ထားဖို့အဆင်မ​ပြေတဲ့ အ​ခြေအ​နေဖြစ်လာပါတယ်။ ဒါ​ကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမား​လေးကို ​စ​တွေ့ခဲ့တဲ့​တောထဲ ပြန်ပို့​ပေးဖို့ ဆုံးဖြတ်လိုက်ပါ​တော့တယ်။ ဒီဇာတ်ကား​​လေးထဲမှာ ဇန်နဲ့ ကျားသစ်​လေး ဒူးမားတို့ရဲ့ သံ​ယောဇဉ်​​တွေ၊ သူတို့ကြုံရမယ့် အခက်အခဲ​ပေါင်းများစွာနဲ့ စွန့်စားမှု​တွေကို ကြည့်ရှုခံစားရမှာပါ။ ချစ်ဖို့​ကောင်းတဲ့ တိကား​လေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့ အဆင်​ပြေမယ့် ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။ File size…2.85 GB / 1.24 GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

7.2 2005
Duma
Saw II Saw 2
6.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 2 (2005)မှာတော့ Jigsaw လူသတ်သမားကို ပြန်ပေါ်လာတဲ့အတွက် အထူးတပ်ဖွဲ့တွေနဲ့အတူ စုံထောက်အဲရစ်ခ်မက်သရူးပါ ပါလာပြီး လာဖမ်းတော့တယ်။ ဒီအချိန်မှာ Jigsaw လူသတ်သမားက ကင်ဆာရောဂါသည်တစ်ဦး ဖြစ်နေတော့တယ်။ စုံထောက်အဲရစ်ခ်ဆိုတာကလည်း လူကောင်းမဟုတ်။ ဟိုးတုန်းကဆို သူဖမ်းချင်တဲ့သူတွေဆိုရင် သက်သေအတုလုပ်ပြီး ဖမ်းထည့်တတ်တဲ့သူ။ Jigsaw က အဲဒါကို ကောင်းကောင်းသိထားတော့ သူ အရင်က အမှုဆင်ပြီးဖမ်းဖူးတဲ့သူအားလုံးနဲ့အတူ အဲရစ်ခ်ရဲ့သားကို ဖမ်းထည့်ပြီး အိမ်တစ်အိမ်မှာ ဂိမ်းတွေ စကစားစေတော့တယ်။ အိမ်တစ်လုံးမှာ ထောင်ချောက်တွေ အပြည့်ပေါ့။ ဂိမ်းကို ကျော်ဖြတ်နိုင်တဲ့သူကပဲ အသက်ရှင်ခွင့်ရမှာ။ ဒါကို အဲရစ်ခ်တို့ Jigsaw ကို လာဖမ်းတဲ့အခါမှာ Jigsaw ရဲ့ ပုန်းအောင်းတဲ့နေရာမှာရှိတဲ့ ကွန်ပျူတာဖန်သားပြင်တွေပေါ်မှာ သူ့သားနဲ့အတူ တခြားလူတွေ အဖမ်းခံထားရတဲ့အကြောင်း အဲရစ်ခ်သိလိုက်ရတော့တယ်။ Jigsaw ရဲ့ ထောင်ချောက်တွေကြားကနေ သူ့ကိုမကျေနပ်တဲ့သူတွေနဲ့အတူရှိနေတဲ့ သူ့သား ဒန်နီရယ်ကို စုံထောက်အဲရစ်ခ်တစ်ယောက် ဘယ်လိုကယ်တင်မလဲဆိုတာ ဒီ Saw II ဇာတ်ကားထဲမှာ ရှုစားရမှာပါ။

6.6 2005
Saw II Saw 2
Angaaragan
8.7

Angaaragan 2023 (တောနက်ထဲကပဟေဠိစံအိမ်) IMDb – 8.7/10 Halloween ပွဲလည်းနီးကပ်လာပြီဆိုတော့ တမူထူးလို့ ဘောလိဝုဒ်ဟော်ရာလေးနဲ့ငြိမ့်ချင်တဲ့ စီအမ်ပရိသတ်ကြီးအကြိုက် Horror, Thriller ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။ သရဲကားဆိုပေမဲ့ နည်းနည်းလည်းအခွီဓာတ်လေးနှောထားတာဆိုတော့ မျက်နှာကွယ်ထားစရာရင်ခွင်ကြီးမရှိတဲ့ အက်ဖ်အေတစ်သိုက်အတွက်လည်း အဆင်ပြေပါကြောင်း ထပ်လောင်းပြောရင်းနဲ့…. ဇာတ်လမ်းအကျဉ်း ကူရင်ဂျီမာလဲအပန်းဖြေစခန်းဟာ တောထဲမှာရှိတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး တစ်ချိန်က သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေအလှကိုနှစ်သက်တဲ့ ခရီးသွားတွေကြားမှာ တော်တော်ကို ရေပန်းစားခဲ့တဲ့နေရာတစ်ခုပေါ့။ တစ်‌နေ့မှာ ဒီအပန်း‌ဖြေစခန်းရဲ့ပိုင်ရှင် ပျောက်ဆုံးသွားတဲ့အပြင် တောလမ်းကိုဖြတ်ရတာကြောင့် ကားတွေကလည်း လိုက်မပို့ချင်ကြတော့ အပန်းဖြေစခန်းကို လာတဲ့လူလည်းတဖြည်းဖြည်းနည်းပါးလာပါတော့တယ်။ ရှီဗာဟာ အပန်း‌ဖြေစခန်းပိုင်ရှင်ရဲ့ဇနီးဖြစ်သူနဲ့ ဆွေနီးမျိုးစပ်တော်စပ်သူဖြစ်ပြီး ‌‌အဒေါ်ဖြစ်သူနေမကောင်းတာကြောင့် အပန်းဖြေစခန်းကို ကြီးကြပ်ဖို့ရောက်နေတဲ့သူပါ။ အဲဒီမှာ ရှီဗာလည်း အပန်း‌ဖြေစခန်းကိုလိုက်ကြည့်ရင်းနဲ့ ထူးဆန်းတဲ့အိမ်တစ်လုံးကိုမြင်ခဲ့ပေမဲ့ ဒီအိမ်ထဲကိုဝင်ခွင့်မရှိဘူးဆိုလို့ ဝင်ခွင့်မရခဲ့ပါဘူး။ တစ်နေ့.. အပန်းဖြေစခန်းမှာလာတည်းနေတဲ့ ပူဂျီသာဆိုတဲ့မိန်းကလေး ပျောက်ဆုံးရာကနေ ဧည့်သည်ချင်းရန်ဖြစ်တာကြောင့် ကိုမြညွန့်တို့အဖွဲ့ရောက်လာပြီ စစ်လားဆေးလားလုပ်ရာကနေ ဒီတောတွင်းအပန်း‌ဖြေစခန်းမှာ ခြေချုပ်မိဖို့ဖြစ်လာတဲ့ သူတို့တစ်သိုက်… လူသူအဝင်အထွက်တားမြစ်ထားတဲ့ အိမ်ကြီးမှာ ဘာတွေရှိနေတာလဲ။ ကောင်မလေးကရော ဘာလို့ရုတ်တရက်ပျောက်သွားရတာလဲ။ ကိုမြညွန့်တို့အဖွဲ့ကရော အမှုစစ်ရင်းဘယ်လိုဖြစ်ရပ်ဆန်းတွေကြုံရမလဲ‌ဆိုတာ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.7 1900 130 mins
Angaaragan
Iron Lady Sniper
5.7

ဇာတ်ကားလေးကိုတော့ တရုတ်ပြည်မှာ ဂျပန်တွေကြီးစိုးနေတဲ့ခေတ် 1950နှောင်းပိုင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ် ။ ဇာတ်ကားလေးက Action ဆန်ဆန် ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မယ်ဆိုတာ ပြောရဲပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ စက်တင်ဘာ 18 ဆူပူမှုကြီးအပြီးမှာ တရုတ်ပြည်ရဲ့ အင်အားအကြီးဆုံးစစ်တပ်ဖြစ်တဲ့ တုန်းပေစစ်တပ်ဟာ ဂျပန်တွေကို မတိုက်ခိုက်တော့ဘဲ ခုခံဖို့မူဝါဒကိုချမှတ်လိုက်ပါတယ် ။ ဒါကိုမကျေနပ်ကြတဲ့ တုန်းပေစစ်တပ်က စစ်သားတွေဗိုလ်ကြီးတွေ တော်တော်များများက တုန်းပေစစ်တပ်ကထွက်ခွာပြီး ပြည်သူ့တော်လှန်ရေးတပ်ထဲဝင်ကြပါတော့တယ် ။ ဂျပန်တွေကလည်း မန်ချူးတွေရဲ့အကူအညီနဲ့ရဲတင်းပြီး တရုတ်ပြည်က တော်လှန်သူမှန်သမျှကို ရက်ရက်စက်စက်လိုက်လံသုတ်သင်နေတဲ့အချိန်လည်းဖြစ်ပါတယ် ။ အဲဒီတော်လှန်သူတွေထဲမှာ မင်းသမီးရဲ့မိဘတွေကလည်းအပါအဝင်ဖြစ်ပြီး သူတို့ရဲ ရဲဘော်ရဲဘက်တစ်ယောက်ကို ဖွက်ထားပေးမိလို့ အသေနှိပ်စက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ် ။ ဒါကိုမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ လန်ရွှယ် ( မင်းသမီး ) လေးဟာ တစ်ဘဝလုံး ဂျပန်တွေကိုမုန်းတဲ့စိတ်နဲ့ကြီးပြင်းလာခဲ့ပြီးတော့ အဲဒီကယ်လိုက်တဲ့ရဲဘော်ရဲဘက်ဗိုလ်ကြီးဆီမှာ သေနတ်ပစ်နည်းကို ကျွမ်းကျင်သည်အထိသင်ခွင့်ရခဲ့ပါ‌တယ် ။ သူပညာရည်ပြည့်စုံပြီး ထိပ်တန်းစနိုက်ပါတစ်ယောက်ဖြစ်လာခဲ့ချိန်မှာတော့ မိဘတွေအတွက်ဘယ်လိုလက်စားချေသွားမလဲ ? ဂျပန်တွေကိုရော ဘယ်လိုတော်လှန်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူပေးကြပါအုံးနော် ။

5.7 2024
Iron Lady Sniper
Beautiful Sunday
5.6

Beautiful Sunday (2007) ************************ မင်းသားကြီး Namkoong Min နဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီကားဟာ တစ်ကားလုံး ဇာတ်ရှိန်မကျသွားဘဲ ခြောက်ခြားစရာကောင်းတဲ့ ရိုက်ချက်နဲ့ ဇာတ်လမ်းကြောင့် နောက်ဆုံးစာတန်းထိုးပြီးတာတောင် စိတ်ထဲမှာ စွဲကျန်ရစ်နေမဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ် .. ဒီကားဟာ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေ အရင်းခံဆက်ယှက်နေတဲ့ အမျိုးသားနှစ်ဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီး စိတ္တဇမှုခင်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်များ အရသာတွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအညွှန်း ************* ဆေးရုံမှာ သတိမေ့နေတဲ့ ဇနီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအကြွေးတွေကြောင့် ငွေအသည်းအသန်လိုနေတဲ့ စုံထောက်ဂန်။ သူ့ဘဝရဲ့ အမှောင်ဆုံးအချိန်မှာ ဇနီးဖြစ်သူ အသက်ဆက်နိုင်ဖို့အတွက် ဆေးမှောင်ခိုသမားတွေဆီက လာဘ်ထိုးတာကို လက်ခံပြီး သူတို့ရဲ့ပြစ်မှုတွေကို မျက်နှာလွှဲခဲပစ် နေပေးခဲ့ရတယ်။ တစ်နေ့မှာ အကျင့်ပျက်စုံထောက်ဂန်ဆီကို မင်ဝူးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး သူဟာ သူ့မိန်းမကို သတ်မိပါတယ်လို့ အပြစ်ဝန်ခံတော့တယ်။ အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ဒီလူသတ်မှုနဲ့ သူ့မိန်းမရဲ့ မတော်တဆမှုအကြား ဆက်သွယ်ချက်တစ်ခုခုရှိနေကြောင်း ရိပ်မိသွားတဲ့အခါ…. (ဇာတ်လမ်းအညွှန်းကို Esther Oo မှရေးသားထားပါတယ်) File size…3.32GB / 1.03GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 57 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by AHtet

Drama • History
5.6 2007
Beautiful Sunday
Once Upon a Time in Hong Kong
6.1

ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာ ပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ… ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာ စီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့… ဒါပေမယ့် ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ…. နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့… လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင် မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာ ကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကို တကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီး လုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်… ဒါကို မကြည့်နိုင်သူတစ်ဦးက အမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ် စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊ ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊ အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ် မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကို ဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင်

6.1 2021 106 mins
Once Upon a Time in Hong Kong
Buy Her

Buy her ကတော့ အန်တိုနီလို့ခေါ်တဲ့လက်ဝှေ့သမားလေးနဲ့သူ့မိန်းမဒီလိုင်လာတို့ရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အန်တိုနီဟာလက်ဝှေ့လောကမှာတက်လမ်းတွေအများကြီးရှိတဲ့လူငယ်လေးပဲဖြစ်ပါတယ်။ ဒါပေမယ့်သူ့အဖေရဲ့ကျန်းမာရေးအခြေအနေအတွက် ပိုက်ဆံတွေအများကြီးလိုနေတဲ့အန်တိုနီတစ်ယောက် ရုတ်တရက်မမျှော်လင့်ဘဲ ငွေရပေါက်အကြီးကြီးကိုတွေ့ရှိလိုက်ရချိန်မှာ သူ့သူဘဝကြီးနဲ့ သူ့အိမ်ထောင်ရေးဘယ်လိုအရှုပ်အထွေးတွေနဲ့ကြုံတွေ့သွားရမယ်ဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်ကြပါဦး။ File size…(1 GB)/(578 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

Animation • Comedy • Family
0 2023
Buy Her
Cape Fear
7.7

Cape Fear (1962) IMDB : 7.7 Rotten Tomatoes : 88% Genre : Horror / Crime ========================= ဒီရုပ်ရှင်ကို Cape Fear Original လို့လည်း လူသိများကြပါတယ်။ အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကိုမမှီဘူးလို့ဆိုကြတဲ့အတိုင်း ဒီရုပ်ရှင်က Thriller ကားတွေအကြောင်းပြောကြရင် အမြဲလိုလို ထပ်ဆုံးက ပါတတ်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဘာလို့အဲလောက်ထိဖြစ်ရလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။ ဇာတ်ညွှန်း ခင်ဗျားတို့ လူတစ်ယောက်ကို ဘယ်လောက်ထိမုန်းတီးဖူးလဲ။ လုပ်လိုက်မယ်ကွ ဘာဖြစ်တယ် ညာဖြစ်တယ် အဲလိုစိတ်မျိုး ခဏတော့ဖြစ်ဖူးပေမဲ့ နှစ်ရှည်လများ ကိုယ့်အလုပ်နဲ့ကိုယ်လုံးလည်ချာလည်လိုက်လာတော့ သူများကိုမုန်းတီးဖို့ထက် ကိုယ့်ကိုယ်ကိုချစ်ဖို့က အရေးကြီးတယ်ဆိုတာ သိလာတဲ့လူကပိုများပါတယ်။ ဒါပေမဲ့ ထောင်ထဲမှာ ၈ နှစ်လုံးအချိန်ဖြုန်းခဲ့ရပြီး လုပ်စရာဆိုလို့ လူတစ်ယောက်ကို မုန်းတာပဲရှိတဲ့ မက်စ်ကေဒီဆိုတဲ့ လူတော့မပါခဲ့ပါဘူး။ သူမုန်းနေတာကတော့ ရှေ့နေ ဆမ်ဘိုဒန်ကိုပါ။ သူက တစ်ယောက်တည်းတင်မုန်းတာမဟုတ် တစ်မိသားစုလုံးကို အဆုံးအစွန်ထိ လုပ်ချင်လောက်အောင် အငြိုးကြီးတဲ့လူမျိုးပါ။ ကမ္ဘာမှာ အဆိုးဆုံးအမှုတွေနဲ့ ထောင်ကျတဲ့လူတစ်ယောက်ကိုသွားမေးရင်တောင် သူ့မှာ အကြောင်းပြချက်တွေရှိပါတယ်။ ဒီလိုပါပဲ လူတိုင်းကတော့ ကိုယ်မမှားပါဘူး။ မက်စ်မှာလည်း သူ့အကြောင်းအရင်းတွေရှိပါတယ်။ သူ့အကြောင်းအရင်းက တခြားလူ ပေတံနဲ့တိုင်းလို့ မှားနေရင်တောင် သူ့တာနဲ့သူက မှန်ပါတယ်။ မက်စ်က ယုတ်မာသလောက် ဉာဏ်ကလည်း အတော်များပါတယ်။ ဉာဏ်များတဲ့လူများ ယုတ်မာလေတော့ ဆိုတဲ့အတိုင်း လက်တလုံးခြားနဲ့ ဆမ်တို့ မိသားစုကို တိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ ယုတ်မာနဲ့ မက်စ်လက်ကနေ ဆမ်တို့ မိသားစုလွှတ်လေမလား။ ဒါမှဟုတ် ၈ နှစ်စာ ရန်ငြိုးမီးဟုန်းဟုန်းတောက်နေတဲ့ မက်စ်ကပဲ အနိုင်ရသွားမလားဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ပုံမှန်ဆို မင်းသား Gregory Peck ကြောင့် ဇာတ်ကားက ကြွတာများပေမဲ့ ဒီရုပ်ရှင်မှာတော့ မက်စ်ကေဒီနေရာမှာသရုပ်ဆောင်တဲ့ မင်းသား Robert Mitchum ကြောင့် ဇာတ်က အတော်လေးကိုကြွပါတယ်။ ခံစားသာကြည့်လိုက်ကြပါတော့ဗျာ။ File size… 2.5 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

Drama
7.7 1962 105 mins
Cape Fear