YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Personal Taste 2010 E06 WEB-DL 720p [CM].mp4

540.9 MB N/A video/mp4 126 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Smile
6.8

IMDb Rating - 6.9/10 ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM

Action • Thriller
6.8 2022 115 mins
Smile
Double Threat
3

ဇာတ်လမ်းလေးကတော့ ဂျင်မီရူးဒေါ့ဖ် ဆိုတဲ့ မှုခင်း စာရင်းကိုင်တစ်ယောက်ဟာ ဆုံးသွားတဲ့ သူ့အစ်ကိုရဲ့ အရိုပြာကို ကမ်းခြေမှာ ရေမျှောဖို့ သွားရင်း လမ်းဘေး စတိုးဆိုင်လေးတစ်ခုမှာ မုန့်ဝင်ဝယ်တာကနေ စတာပေ့ါ။ စတိုးဆိုင် ကောင်တာက ကောင်မလေးက ဂျင်မီကလွဲပြီး အခြား ဆိုင်ထဲ ဝင်လာတဲ့ သူအားလုံးကို သေနတ်နဲ့ပစ် ဓားနဲ့ပေါက်ပြီး သတ်ပစ်လိုက်တာကြောင့် ဂျင်မီတစ်ယောက်လည်း ကြောင်တောင်တောင်ဖြစ်သွားပြီ ကျသင့်ငွေကို ကောင်တာပေါ်တင်ပေးကာ ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ ဂျင်မီတစ်ယောက် ကြောင်တိကြောင်တောင်နဲ့ သူ့ကားပေါ်တက်ပြီး ပြန်မောင်းထွက်လာခဲ့ပေမဲ့ ခုနက ကောင်တာက ကောင်မလေးက သူ့ရဲ့ကားထဲမှာ လိုက်ပါလာခဲ့ပါတယ်။ နောက်တော့ သိလိုက်ရတာက ကောင်မလေးနာမည်က နတ်တာရှာဖြစ်ပြီး ကိုယ်တူစိတ်ကွဲစိတ်ရောဂါ DID ခံစားနေရတဲ့ ကြေးစားတစ်ယောက်ပါတဲ့။ ဆိုလိုတာက နတ် နဲ့ တာရှာ ဆိုပြီး စိတ်နှစ်ခွရှိနေပြီး ပြဿနာရှာလွန်းတဲ့ တာရှာ့ရဲ့ အရှုပ်ထုပ်တွေကို ဉာဏ်ကောင်းတဲ့ နတ်က လိုက်ရှင်းရတာပေါ့။ သူ့အဖြစ်ကလည်း ဒုစရိုက်သမား အလုပ်ရှင်ဆီကနေ ပိုက်ဆံခိုးမိလို့ အဖွဲလိုက် လိုက်သတ်တာရှောင်နေရတာပါတဲ့ဗျာ။ ရုပ်ချောပြီး ချစ်စရာကောင်းတဲ့ ပြဿနာအိုးမလေးတစ်ယောက် ဂျင်မီရဲ့ ဘဝထဲ အမှတ်မထင် ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ? နတ်ကို လိုက်သတ်နေတဲ့ လူသတ်သမားတွေ ရန်ကနေ လွတ်အောင် ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ဗျာ Action, Comedy အမျိုးအစားဖြစ်တာကြောင့် ပေါ့ပေ့ါပါးပါးနဲ့ ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 2.2GB, 921MB, 450MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Comedy Translated by Chevy Encoded by Kinnov

Romance
3 2023 91 mins
Double Threat
Death to 2021
5.9

IMDb Rating - 6.3/10 Netflix ကထွက်ရှိထားတဲ့ ဒီTV Special ဇာတ်ကားဟာဆိုရင် IMDb 6.3 ထိရရှိထားတာဖြစ်ပါတယ်။ ဇာတ်ကားဆိုတာထက် TV Program တစ်ခုကို ကြည့်နေရသလိုဆိုရင် ပိုမှန်ပါလိမ့်မယ်။ 2020 , 2021 မှာဆိုရင် ကမ္ဘာတစ်လွှားမှာ ကပ်ရောဂါဘေးတွေရင်ဆိုင်ရသလို နိုင်ငံရေး စီးပွားရေး သဘာဝပတ်ဝန်းကျင်ကပ်ဘေး အစသဖြင့် ကိစ္စတော်တော်များများကြုံတွေ့ခဲ့ရပါတယ်။ ဒီကားမှာဆိုရင် သရုပ်ဆောင်တွေက ကျွန်တော်တို့ 2021 ခုနှစ်အတွင်း ဖြစ်ခဲ့သမျှ အကြောင်းကို အကုန်ပြန်သုံးသပ်ပြီးပြောကြတာဖြစ်ပါတယ်။ နိုင်ငံရေး ကျန်းမာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိတဲ့ နယ်ပယ်မျိုးစုံကအကြောင်းအရာတွေနဲ့ပတ်သတ်ပြီးဆွေးနွေးထားတာကြပြီးတော့ အသိ ပညာဗဟုသုတ တိုးစေမဲ့ဇာတ်ကားလေးဖြစ်တာကြောင့်ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Shwe Pyae မှရေးသားပေးထားပြီး ဘာသာပြန်များကတော့ Shwe Pyae, Jo Jo Va တို့ပဲဖြစ်ပါတယ်။) File Size -(1.12 GB) / (580 MB) / (276 MB) Quality – WebDL -(1080p) /  (720p) / (480p) Duration - 1hr 10min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, TV Program Translator – Shwe Pyae, Jo Jo Va Encoder – San Win Maung

Action • Adventure • Fantasy
5.9 2021 60 mins
Death to 2021
When a Stranger Calls
5.7

"Have you checked the children?" ဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရဲ့ အသံသြသြကြီးကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ ခေါင်းနားပန်းကြီးပြီး ထိတ်လန့်သွားရှာမယ့် ဆယ်ကျော်သက်အရွယ် က​လေးထိန်း မိန်းကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အဝ သိချင်ရင်တော့ "When a stranger calls" လို့အမည်ရတဲ့ ၂၀၀၆ ခုနှစ်ထွက် horror-suspense- thriller ရုပ်ရှင်ကို ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ ၄င်းဟာ ၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ "When a stranger calls" ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျေးလ် ဂျွန်ဆန် (Camilla Belle) ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလည်း တွဲဖက်လုပ်ကိုင်ပါတယ်။ တစ်ညနေခင်းမှာ သူမဟာ လူနေအိမ်ခြေ နည်းပါးသောအရပ်မှာ သီးခြားတည်ရှိတဲ့ အလွန်လှပတဲ့ စံအိမ်ကြီးတစ်ခုမှာ ကလေးထိန်းရဖို့ အကြောင်းဖန်လာပါတယ်။ သဘောအလွန်ကောင်းတဲ့ အိမ်ရှင်ဇနီးမောင်နှံဟာ အိပ်ပျော်နေတဲ့ ကလေးငယ်နှစ်ယောက်ကို ကလေးထိန်းလက်သစ်ဖြစ်သူ ဂျေးလ် လက်ထဲအပ်ပြီး ညစာစားပွဲကို ထွက်ခွာသွားကြပါတယ်။ ရည်းစားဖြစ်သူ ဘော်ဘီနဲ့ နားလည်မှုလွဲပြီး စိတ်လေနေတဲ့ ဂျေးလ်ဟာ ထိုအိမ်မှာ ရှိနေစဥ်အချိန်အတွင်း လူစိမ်းတစ်ယောက်ရဲ့ ဖုန်းခေါ်အနှောင့်အယှက်ပေးမှုကို ဆက်တိုက်ဆိုသလို ကြုံတွေ့လာရသောအခါ... ထို အမည်မသိဖုန်းသရဲ ရဲ့ ရည်ရွယ်ချက်... ဂျေးလ်နဲ့ သူထိန်းရမယ့် ကလေးတွေ ကျရောက်လာမယ့် ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ပါ့မလား... ဆိုတာတွေကို လက်​​တွေ့ သိရှိ​စေဖို့ "When a stranger calls" လို့အမည်ရတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားကြပါစို့။ File size…1.51GB / 543.5MB Quality…Blu-Ray 1080p / 720P Format…mp4 Duration….1h 27m Genre ..... Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Suu

Action • Adventure • Fantasy
5.7 2006 87 mins
When a Stranger Calls
Togo
8.2

Disneyကနေထွက်လာတာရက်ပိုင်းပဲရှိသေးတဲ့ တကယ်ကောင်းပြီး နာမည်ကြီးဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Dramaကားတစ်ကားပါ။ လက်ရှိ IMDb rating 8.3 ခရမ်းချဉ်သီးမှာ 94%နဲ့ reviewကောင်းတွေရထားပါတယ်။ တိုဂိုဆိုတာအလက်စကာရဲ့ နုံးဆိုတဲ့ရွာသာသာ‌နေရာလေးကစွတ်ဖားခွေးတစ်ကောင်ပါ။ အဲ့နယ်တစ်ခွင်မှာ အတော်ဆုံးနာမည်ကြီး စွတ်ဖားလှည်းခေါင်းဆောင်ခွေးပေါ့။ သူ့သခင် ဆပါလာလည်း နာမည်ကြီးစွတ်ဖားမောင်းသမားတစ်ယောက်။ 1925ခုနှစ် သေလောက်အောင်အေးတဲ့အလက်စကာရဲ့ ဆောင်းရာသီမှာ ကလေးတွေဆုံဆို့နာဆိုတဲ့ ကူးစက်ရောဂါဖြစ်ပြီး သေကြတယ်။ အဲ့ရောဂါအတွက်ဆေးက သူတို့ရွာကနေအသွားအပြန်မိုင်၆၄၀လောက်ဝေးတဲ့နေရာကိုပဲ ပို့နိုင်တယ်။ အဲ့အချိန်မှာမုန်တိုင်းကလည်းတိုက်နေတော့ စွတ်ဖားလှည်းနဲ့ပဲသွားယူလို့ရမယ်။ ဒီလိုအချိန်မှာ အဲ့မုန်တိုင်းထဲမှာအသက်ရှင်လျက်သွားပြီး ပြန်လာနိုင်မယ့်သူဆိုလို့ တိုဂိုခေါင်းဆောင်တဲ့ ဆပါလာရဲ့စွတ်ဖားပဲရှိတော့တယ်။ ဒီလိုနဲ့ ရောဂါဖြစ်ပြီးသေတော့မယ်ကလေးတွေအတွက် ဆပါလာဟာ အသက်၁၂နှစ်ရှိနေတဲ့ခွေးအိုကြီးတစ်ကောင်ကို ဦးဆောင်ခိုင်းပြီး အေးခဲလှတဲ့မုန်တိုင်းထဲ ဆေးယူဖို့တိုးဝင်ရပါတော့တယ်။ ဆပါလာတစ်ယောက်ဆေးကိုယူပြီး အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား သူပြန်လာရင်ရော တိုဂိုဆိုတဲ့ခွေးအိုကြီးရော အသက်ရှင်လျက်ပါလာပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပါ။ ဒီကားမှာဒိတ်ဒိတ်ကြဲမင်းသားကြီး Willem Dafoeဦးဆောင်ပြီး Cinematographyကျွမ်းကျင်လှတဲ့ Ericson Core ဒါရိုက်တာလုပ်ထားတာကြောင့်လည်း တကယ်ကိုကြည့်လို့ကောင်းတဲ့အပြင် တိုဂိုရဲ့ငယ်ဘဝကိုရော အခုလက်ရှိဖြစ်နေတာတွေကိုပါပေါင်းစပ်ပြသထားလို့ တစ်ကားလုံး လုံးဝအီမနေပဲ တစ်ချို့အခန်းတွေဆိုအသဲတယားယားနဲ့ကြည့်ရှုရမှာပါ။ ကြည့်ပြီးနောင်တရမယ့်ကားတစ်ကားမဟုတ်တာကြောင့် ရှယ်ညွှန်းပေးလိုက်ရပါတယ်။ File Size : (1 GB , 341 MB ) Quality :  WEB-DL 720p Running Time : 1 hr 53 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Comedy • Drama
8.2 2019 113 mins
Togo
Free State of Jones
6.7

ဒီ Free State of Jones ဇာတ်ကားဟာဖြင့်အမေရိကန်ပြည်တွင်းစစ်အတောအတွင်းဖြစ်ပွားခဲတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကိုအခြေခံထားတဲ့ကားကောင်း တစ်ကားပါပဲ။ဒီဇာတ်လမ်းမှာ ဆင်းရဲသားတွေနဲ့လူချမ်းသာတွေရဲ့ တဖြည်းဖြည်းကွာဟလာတဲ့ ဘဝတွေကိုပေါ်လွင်အောင်ပြထားနိုင်တယ်လို့ချီးမွမ်းကြပါတယ်။ ဒီဇာတ်လမ်းမှာNewton Knight ဆိုတဲ့ ဆင်းရဲသားလယ်သမားတစ်ယောက် ဦးဆောင်တဲ့ လွတ်မြောက်လာတဲ့ကျွန်တွေ၊ဆင်းရဲသားတွေရဲ့ တော်လှန်ပုံ ကိုပီပီပြင်ပြင်ပုံဖော်ထားလို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောရမှာပါ (ဇာတ်လမ်းအညွန်းကိုတော့ Shocking Pink မှရေးသားပေးထားတာဖြစ်ပါတယ်) File Size : 1 GB /500 MB Quality : Blu ray 720P Running Time : 2hr 15 minute Format : Mp4 Genre : Action, Biography, Drama Encoder : Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.7 2016 140 mins
Free State of Jones
Samsara
7.7

Samsara (2001) ~ IMDb – 7.7/10, Rotten Tomatoes – 100% ~ Directed By ” Pan Nalin ” ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက ” ယသောဓရာ ” တဲ့။ ” ရှင် အဲဒီနာမည်ကို ကြားဖူးလား ” တဲ့။ ” သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော ” ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ” ပင်လယ်ထဲ ပစ်ချလိုက်ရမယ် “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.23GB, 1.01GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 2H 18Min Genre – Adventure, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2001
Samsara
Without Saying Goodbye
5.8

စိတ်အပန်းဖြေစရာ ပီရူးနိုင်ငံက ရှုခင်းတွေကို တစ်ဝကြီးကြည့်ရမယ့် အချစ်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ စပိန်နိုင်ငံက ထိပ်တန်း ဗိသုကာပညာရှင်တစ်ယောက်နဲ့ ဘာကိုမှ အနှောင်အဖွဲ့မထားဘဲ ခရီးတွေပဲသွားနေတဲ့ ပီရူးနိုင်ငံသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ စပိန်ဗိသုကာပညာရှင် Salvadorဟာ ဖခင်ပိုင်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေရင်း ကြယ်၇ပွင့်ဟိုတယ်တည်ဆောက်ဖို့ စီမံကိန်းနဲ့ ပီရူးနိုင်ငံကို ရောက်ရှိလာပါတယ်။ တစ်ဖက်မှာလည်း ပီရူးရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်မြတ်နိုးပြီး နှောင်ကြိုးတွေမတွယ်ဘဲ ခြေသလုံးအိမ်တိုင်နေသူလေး Arianaဟာ အဒေါ် ဖြစ်သူရဲ့တည်းခိုခန်းမှာ ခဏတာအလုပ်ဝင်လုပ်နေပါတယ်။ ဘဝအခြေအနေ ကွာခြားလှတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့ဖန်တီးမှုကြောင့် ဆုံစည်းကြတာပေါ့။ Salvadorဟာ ဟိုတည်ဆောက်ဖို့ Arianaတို့ ငယ်ဘဝအမှတ်တရတွေရှိနေတဲ့ တည်းခိုခန်းနေရာကိုပါ ဝယ်ယူချင်နေတော့ နဂိုက တစ်ယောက်နဲ့တစ်ယောက် အကြည်စိုက်နေကြပေမဲ့ ရန်သူတွေဖြစ်သွားကြပြန်ပါတယ်။ Arianaအနေနဲ့ သဘောမကျလှပေမဲ့ ကိုယ့်တည်းခိုခန်းကိုလာတဲ့ ဧည့်သည်ဖြစ်နေတော့ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို Salvadorကို အလည်အပတ်တွေလိုက် ပို့ရပါတယ်။ ရန်တကျက်ကျက်ဖြစ်ရင် ဘယ်လိုချစ်သွားကြမလဲ ဟိုတည်ဆောက်ဖို့ ကိစ္စကရော ဘာဆက်ဖြစ်မလဲဆိုတာ ပီရူးနိုင်ငံကို tourတစ်ခေါက်လိုက်ပါရသလို ခံစားကြည့်လိုက်ပါဦးနော်။ File size…2.01GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Drama
5.8 2022
Without Saying Goodbye
Terminator Genisys
6.3

ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။ ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။ နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ပါသင့်သလောက် မပါဘဲဖြစ်သွားတယ်။ ဂျွန် ကော်နာ တို့တတွေ စကိုင်းနက်ကို ဝင်စီးတယ်။ ပင်မစခန်းကိုဖြိုတယ်။ အဲဒီမှာ စက်တွေက မော်ဒယ် ၁၀၁ စက်ရုပ်တစ်ရုပ်ကို အတိတ်ကိုလွှတ်လိုက်ပြီး ဂျွန် ကော်နာ ရဲ့ အမေကို သတ်ခိုင်းတယ်။ အဲဒီမှာ ဂျွန် ကော်နာ က တစ်ကိုယ်တော်စစ်သည်တစ်ယောက်ကို လွှတ်ပြီး သူ့အမေကို ကာကွယ်ခိုင်းရတယ်။ ကာကွယ်ရုံတင်မက သူ့အမေနဲ့ချစ်ကျွမ်းဝင်ပေါင်းဖက်ပြီး သူ့ကို သန္ဓေတည်စေဖို့ပါ ရည်ရွယ်တာပေါ့။ ဒါဟာ ပထမဆုံးဇာတ်ကားဖြစ်တဲ့ The Terminator ရဲ့ အစပါပဲ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တစ်ကိုယ်တော်စစ်သည် ကိုင်းလ် ရိစ် က အချိန်စက်ဝန်းနောက်တစ်ခုထဲကို ရောက်သွားခဲ့တယ်။ အဲဒီအချိန်စက်ဝန်းမှာ တီ ၁၀၀၀ စက်ရုပ်တစ်ရုပ်ရယ်၊ ‌တီ ၈၀၀ စက်ရုပ်တစ်ရုပ်ရယ်၊ သူလာမယ်ဆိုတာ ကြိုသိနေတဲ့ ဆာရာ ကော်နာ ရယ်တို့က သူလာမယ့်လမ်းမှာ အသင့်စောင့်ကြိုနေတာကို တွေ့လိုက်ရတာပါပဲ။ ဒီလိုနဲ့ ပထမတာဝန်ဖြစ်တဲ့ ဆာရာ ကော်နာ ကိုကာကွယ်ပြီး ဂျွန် ကော်နာ ဖြစ်လာမယ့် သန္ဓေသားလောင်းကို မျိုးစေ့ချပေးဖို့အဖြစ်ကနေ ဂျန်နင်းစစ် အဖြစ် ရုပ်ဖျက်ထားတဲ့စကိုင်းနက်ကို ဖောက်ခွဲဖျက်ဆီးဖို့ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ အနာဂတ်က ဂျွန် ကော်နာ ကိုယ်တိုင် ရောက်ရှိလာပြီး ဇာတ်လမ်းသပွတ်အူဖြစ်ရပုံတွေကို ရှုစားကြရမှာဖြစ်ကြောင်းပါဗျာ။ File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:06:00 Genre…Action, Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arr Kun Winchester

6.3 2015
Terminator Genisys
Hick
5.5

ချစ်စရာမင်းသမီးချောလေး Chloe Grace Moretz ငယ်စဉ်က ပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2011 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Hick ဖြစ်ပြီး IMdb Rating 5.5 အထိရရှိထားပါတယ်။ဒရာမာ ဟာသအမျိုးအစားဖြစ်ပြီးအိမ်နဲ့ ဝေးနေတဲ့အိမ်ပြေးလေးတွေအတွက်ပိုကြည့်ကောင်းမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ နယ်မြို့လေးမှာ မိဘဖြစ်သူတွေနဲ့အတူနေထိုင် လူလီဆိုတဲ့ ကောင်မလေးတစ်ယောက်က တစ်နေ့မှာတော့ အိမ်ကမိဘတွေရဲ့ ဖိအားတွေကြောင့်အိမ်ပေါ်ကဆင်းလာခဲ့ပြီး သူ့အိပ်မက်ဖြစ်တဲ့ လက်စ်ဗီးဂက်စ်ကိုသွားဖို့တစ်ယောက်တည်း ကားလမ်းမကြီးပေါ် လမ်းလျှောက်ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမှာလမ်းကြုံ ခေါ်ပေးမဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး ကားကြုံလိုက်စီးခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီလူကထူးဆန်းနေတဲ့အတွက် လူလီတစ်ယောက် ချက်ချင်းဆင်းပြေးလာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမကြီးပေါ်မှာ ဆက်လျှောက်လာခဲ့ပြီးကားကြုံထပ်လိုက်စီးခဲ့ပါတယ်။ဒါပေမယ့် ဒီတစ်ခေါက်တော့ လမ်းကြုံတင်ခေါ်ပေးတဲ့သူက အမျိုးသမီး တစ်ယောက်ဖြစ်နေတဲ့အတွက် သူနဲ့အဆင်ပြေခဲ့ပြီး သူ့ရဲ့ လက်စ်ဗီးဂက်စ်ကို သွားတဲ့ခရီးစဉ်မှာ ဘယ်လိုစွန့်စားခန်းတွေထပ်မံကြုံတွေ့သွားရဦးမလဲ ဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 740MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Thriller • Crime
5.5 2011 99 mins
Hick
Bird
7.1

IMDb – 7.1, RT – 78% ဒီကားကို နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး Clint Eastwoodက ရိုက်ကူးခဲ့တာဖြစ်ပြီး Jazzဂီတအနုပညာရှင်ကြီး Charlie “Bird” Parkerရဲ့ဘ၀နဲ့ တေးဂီတအနုပညာကို ဂုဏ်ပြုဖန်တီးထားတဲ့ အနုပညာပန်းတိုင်တစ်ခုဖြစ်ပါတယ်။ အဓိကဇာတ်ကောင် Charlie Parker အဖြစ် သရုပ်ဆောင်တဲ့ Forest Whitakerကတော့ လူသိများတဲ့မင်းသားကြီးပါပဲ။ Forest Whitakerရဲ့ သရုပ်ဆောင်မှုကောင်းကြောင့် Charlie Parker ရဲ့စိတ်ဒဏ်ရာ၊ တေးဂီတအပေါ်ခံစားချက်နဲ့ကိုယ်ရေးကိုယ်တာဒုက္ခတွေကို သဘာဝကျကျဖော်ပြနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ Parker ၏ အနုပညာရည်မှန်းချက်၊ မိသားစုအပေါ်ချစ်ခြင်း၊ မူးယစ်ဆေးဝါးအလေ့အထနဲ့ ကျန်းမာရေးပြဿနာများကြောင့် ကြုံတွေ့ရတဲ့ဒုက္ခများကို ပြသထားပါတယ်။ ဇာတ်ကွက်တွေက ပုံမှန်လိုမဟုတ်ဘဲ အချို့အခန်းတွေမှာ အတိတ်နဲ့ပစ္စုပ္ပန်ကို လွှဲပြောင်းဖော်ပြထားလို့ မရင်းနှီးသူတွေအတွက်ကတော့ တမျိုးဖြစ်နိုင်ပေမဲ့ အနုပညာဖန်တီးမှုနဲ့ စိတ်ခံစားမှုတို့ကို ပေါင်းစပ်ပြသထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်လို့ ဂျက်ဇ်ဂီတကို နှစ်သက်သူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ကား‌လေးပါ။ File size…(3 GB)/(1.4 GB) Quality….WebRip 1080p / 720p Format… mp4 Duration…. 02:41:00 Genre… Tragedy, Biography, Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Action • Comedy • Thriller
7.1 1988 161 mins
Bird
Chaurya Paatam
7.6

Chaurya Paatham 2025 (ရုပ်ရှင်ရိုက်ဖို့ ဘဏ်ကိုဓားပြတိုက်ရာဝယ်) တေလ်ဂူဘာသာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါဝင်ပြီး ရာဇဝတ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဗီဒန့်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့အတွက် ကြိုးစားရုန်းကန်နေရသူတစ်ယောက်ပါ။ အိပ်မက်တွေဟာ ဈေးကြီးတယ်ဆိုတဲ့အတိုင်းပဲ ငွေကြေးမပြည့်စုံတဲ့သူ့အတွက် ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ လက်ရှိဒါရိုက်တာကြီးတွေဆီမှာ ကပ်ပြီး ပညာသင်ရင်း ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ဇာတ်ညွှန်းကို ဘယ်ထုတ်လုပ်သူကမှ မကြိုက်ဘဲ ဇာတ်ညွှန်းပြဖို့သွားလိုက်တိုင်း မင်းဇာတ်ညွှန်းကို ဇာတ်ကားဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင် ဘဏ်ကိုဓားပြတိုက်မှပဲ ရိုက်နိုင်မှာဆိုတဲ့စကားကို ကြားဖန်များလာတဲ့အခါမှာတော့ သူဟာ လူတစ်စုကို စုလိုက်ပြီး အိန္ဒိယမှာရှိတဲ့ အအေးချမ်းဆုံးသော ရွာလေးတစ်ရွာကိုသွားပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ သွားပါတော့တယ်။ ဒီလိုမှတ်တမ်းရုပ်ရှင်ရိုက်ရတဲ့ နောက်ကွယ်မှာတော့ ရှေ့က ကြားဖန်များလာတဲ့စကားကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ ဟုတ်ပါတယ် မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓားပြတိုက်ဖို့ဖြစ်ပါတယ်။ ဗီဒန့်တစ်ယောက် အေးချမ်းတဲ့ရွာလေးမှာ မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓ ားပြတိုက်ဖို့ စီစဉ်တဲ့အခါမှာ ဘယ်လို ဘယ်ပုံ ရယ်စရာအဖြစ်အပျက်တွေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Animation • Action • Adventure • Science Fiction
7.6 2025 124 mins
Chaurya Paatam
We’re Back! A Dinosaur’s Story
6

ဒီကားလေးကတော့ 1993 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Classic Cartoon ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သိပ္ပံပညာရှင်တစ်ဦးဟာ အချိန်ခရီးသွားပြီးတော့ သမိုင်းမတိုင်ခင်တုန်းက ဒိုင်နိုဆောမျိုးစိတ်တွေကို ဉာဏ်ကောင်းစေတဲ့ဗီဇပေါ်လာအောင် အစားအစာတစ်မျိုးကို တိုက်ကျွေးပြီး ကမ္ဘာမြေပေါ်က ကလေးတွေအတွက် မိတ်ဆွေကောင်းတွေဖြစ်လာအောင် ကြံစည်ပါတယ်။ ဒါပေမဲ့ သူ့အကိုဖြစ်သူကတော့ မကောင်းဆိုးဝါးဆန်တဲ့ဆပ်ကပ်ပွဲနဲ့အတူ ကလေးသူငယ်တွေအတွက် အကြောက်တရားတွေဖြစ်လာစေဖို့ ဒိုင်နိုဆောတွေကို အရိုင်းဗီဇပြန်သွင်းပြီး ခြိမ်းခြောက်ဖို့ ပြန်ကြိုးစားပါတော့တယ်။ ရယ်စရာပျော်စရာ ဟာသလေးတွေ စိတ်လှုပ်ရှားစရာတွေနဲ့ပေါင်းစပ်ထားတာကြောင့် ကလေးငယ်တွေအတွက် ကြည့်ပျော်ရှုပျော်ရှိတဲ့ ကာတွန်းကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။ File size… 1.7 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 10m Genre ….. Sci-Fi/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Vader ft Riley

Animation • Action
6 1993 72 mins
We’re Back! A Dinosaur’s Story