YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Pee Nak 4 2024 720p NF WEB-DL CM.mp4

858.83 MB N/A video/mp4 2578 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kandahar
6.3

Kandahar (2023) ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ နောက်ထပ် စစ်ကားကောင်းတစ်ခုလာပါပြီ။ ဒီကားက ဂျိတ်ယီလင်ဟောရဲ့ နာမည်ကြီးစစ်ကား The Covenant နဲ့ ဆင်တူပါတယ်။ ကောင်းတာချင်းလည်းတူပါတယ်။ မင်းသားကတော့ အက်ရှင်ကားကောင်းတွေအများကြီးရိုက်ထားတဲ့ ဂျရက်ဘတ်တလာပါပဲ။ ဒါရိုက်တာကတော့ Angel Has Fallen နဲ့ Greenland ကို ရိုက်ခဲ့တဲ့ Ric Roman Waugh ဖြစ်ပြီး ဒီရုပ်ရှင်တစ်ခုလုံးကို ဆော်ဒီမှာပဲ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ အမေရိကန်တွေ အာဖဂန်ကနေ ဆုတ်ခွာအပြီး တာလီဘန်တွေကြီးစိုးနေချိန်မှာ တည်ထားပါတယ်။ အီရန်နိုင်ငံနဲ့အနောက်နိုင်ငံတွေ အနုမြူလက်နက်လျှော့ချရေး သဘောတူညီချက်ရဖို့ ကြိုးစားနေဆဲကာလပါ။ တွမ်ဟားရစ်ဆိုတဲ့ စစ်ပြန် အမ်အိုင်-၆ လူဟောင်းဟာ စီအိုင်အေမှာ အငှားအေးဂျင့်အနေနဲ့ လုပ်နေပြီး အီရန်စစ်ဆင်ရေးတွေကို လျို့ဝှက်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးကတော့ အီရန်နိုင်ငံထဲမှာအသွင်ယူပြီး အနုမြူဓာတ်ပေါင်းဖိုတွေကို ဖျက်ဆီးရတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ နောက်ဆုံးစစ်ဆင်ရေးတစ်ခုစခါနီးမှာပဲ ပင်တဂွန်က သတင်းပေါက်ကြားမှုဖြစ်ပြီး သူ့နာမည်နဲ့ပုံဟာ အီရန်၊ အာဖဂန် တဝှမ်းမှာပြန့်သွားပါတော့တယ်။ တာလီဘန်၊ အိုင်းစစ်၊ အီရန်၊ အယ်ကိုင်ဒါ အဖွဲ့ပေါင်းစုံက သူ့ကိုလိုက်ဖမ်းဖို့ကြိုးစားတဲ့အချိန်မှာ သူနဲ့ စကားပြန် မိုဟာမက်တို့ နှစ်ယောက်တည်း ဘယ်လိုအသက်လုပြီး လွတ်မြောက်အောင် တိုက်ခိုက်ထွက်ပြေးကြမလဲဆိုတာ ကြည့်ရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.55GB, 700MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 59Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Comedy • Drama
6.3 2023 119 mins
Kandahar
Stan Lee
7.1

Stan Lee (2023) ~ IMDb - 7.2/10, Rotten Tomatoes - 88% ~ Superhero ပရိသတ်တွေရင်ထဲမှာ Stan Lee ဆိုတဲ့ နာမည်ကိုကြားတာနဲ့ Marvel ရဲ့ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ချစ်တဲ့ Superhero တွေရဲ့ ဖခင်ကြီးအဖြစ် တံဆိပ်ခတ်နှိပ်ထားပြီးသားဖြစ်လို့နေပါတယ်။ Stan Lee နဲ့ Marvel ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ။ Stan Lee မရှိရင် Marvel ဆိုတာလည်းဖြစ်မလာနိုင်ပါဘူး။ Fantastic Four ကစလို့ X-Men, Spider-Man, Iron Man, Captain America, Hulk, Thor, Dr. Strange, Black Panther တို့လိုစူပါဟီးရိုးတွေအပြင် တခြား ဟီးရိုးနဲ့ ဗီလိန်ပေါင်းများစွာကို ဖန်တီးခဲ့တဲ့ Stan Lee ကို Marvel ရဲ့ ဥသျှောင်တင်မက စူပါဟီးရိုးယဉ်ကျေးမှုကြီးရဲ့ ဥသျှောင်အဖြစ်တင်စားရင်တောင် လွန်မယ်မထင်ပါဘူး။ စူပါဟီးရိုးရုပ်ပြစာအုပ်တွေကို Stan Lee ခေတ် မတိုင်ခင်က အပျော်တမ်းဖတ်ကလေးကြိုက်အဖြစ်ယူဆထားခဲ့ပေမဲ့ Stan Lee ဟာ အဲဒီထုံးတမ်းတွေကို ရိုက်ချိုးပြပြီး လူကြီးလူငယ်မရွေး ဖတ်ရှုအသည်းစွဲနိုင်တဲ့ စူပါဟီးရိုး‌တွေ အကြောင်း ရုပ်ပြတွေကို ဖန်တီးပေးခဲ့ပါတယ်။ Timely Comics ကနေ Atlas Comics... Atlas ကနေ Marvel အထိ တဖြည်းဖြည်းဆွဲတင်ပေးခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက လူမျိုးဘာသာ ကျားမ အသက်အရွယ်မရွေး ပရိသတ်တွေအတွက် စိတ်အပန်းပြေစရာ စိတ်လှုပ်ရှားစရာ ဆွေးနွေးငြင်းခုန်စရာ Culture ကြီးတစ်ခုကို ပုံပေါ်လာအောင် ထုဆစ်ပေးခဲ့တဲ့ Stan Lee အကြောင်း အထုပ္ပတ္တိ Documentary လေးဖြစ်ပါတယ်။ Stan Lee ရဲ့ငယ်ဘဝ၊ သူ့ရဲ့အိမ်ထောင်ရေး၊ သူ့ရဲ့ဘဝဇာတ်လမ်း၊ စူပါဟီးရိုးတွေအပေါ်ရှုမြင်ပုံအပြင် Stan Lee ရဲ့ အတွေးအခေါ် အယူအဆတွေကို Stan Lee ရဲ့ နောက်ခံအသံ၊ Animation မြိုင်မြိုင်နဲ့ ရိုက်ကူးထားပါတယ်။ ကြည့်ရင်း ကြက်သီးတွေထရတဲ့အခါရှိမယ်၊ Stan Lee ကို သနားမိတဲ့အခါတွေရှိမယ်၊ ရင်ထဲနွေးသွားရတဲ့အခါတွေရှိမယ်။ ကျွန်တော်တို့ငယ်ငယ်က ပုံပြင်နားထောင်ရသလိုပေါ့။ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ပါဝင်စီးမျောသွားနိုင်မယ့် Documentary လေးတစ်ခုဖြစ်တာကြောင့် စူပါဟီးရိုးပရိသတ်တွေတင်မက စူပါဟီးရိုးနာမည်လေးတစ်ခုကြားဖူးတဲ့သူတွေအနေနဲ့တောင် လက်မလွှတ်သင့်တဲ့ Documentary တစ်ခုပါ။ Stan Lee ဟာ 2018 ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေနဲ့အတူ Stan Lee ဟာလည်း ကျွန်တော်တို့ရင်ထဲမှာ အမြဲထာဝရ ရှင်‌သန်နေဦးမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.35GB, 900MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 26Min Genre - Biography, Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
7.1 2023 86 mins
Stan Lee
The Purge
6.3

ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း​ နောက်တစ်​ခေါက်ပြန်ပြန်ကြည့်ချင်​နေတဲ့ ဇာတ်ကား​တွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။ ~ ဇာတ်လမ်းအညွှန်း ~ အ​မေရိကန်နိုင်ငံ စီးပွား​ရေးကျဆင်းလာတာ​နဲ့အမျှ ဒုစရိုက်မှု​တွေ ဆင်းရဲမွဲ​တေမှု​တွေ မှိုလို​ပေါက်လာတာကို ဘယ်လို​ဖြေရှင်းရမလဲ ​ခေါင်းခဲ​နေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီ​နေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့​နေ့မျိုး​ပေါ့။ လူချမ်းသာ​တွေက​တော့ ​ငွေနဲ့အကာအကွယ်ယူလို့ရ​​ပေမယ့် ဆင်းရဲတဲ့သူ‌တွေ၊ အသက်ကြီးတဲ့သူ​တွေ၊ ပစ်ပယ်ထားခံရတဲ့သူ​တွေက​တော့ အဲဒီ​နေ့ရဲ့ ပစ်မှတ်​တွေ​ပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်​ပေမယ့် မထင်ထားရ​လောက်​အောင် ဆင်းရဲမှု​တွေ ဒုစရိုက်မှု​တွေနည်းသွားပြီး အလုပ်ဖြစ်သွားတာ​တွေ့ရ​တော့ ​အ​မေရိကန်မှာ ရိုးရာ​နေ့​လေးတစ်​နေ့လို ဖြစ်သွားတာပဲ။ ဒီဇာတ်ကားရဲ့ဇာတ်လိုက်က​တော့ ဂျိမ်းဆိုတဲ့သူ... သူက လုံခြုံ​ရေးစနစ်​တွေကို ​​ရောင်းရင်းချမ်းသာလာတဲ့သူ။ သန့်စင်ပွဲ​နေ့​ကြောင့် သူ့ထုတ်ကုန်​တွေ ​ရောင်းရတာဆို​တော့ သန့်စင်ပွဲ​နေ့ကိုလည်း လုပ်သင့်တဲ့သူလို့ ​ထောက်ခံတဲ့ဘက်​က​ပေါ့။ သူ့မှာ သား​လေးတစ်​ယောက်နဲ့ သမီး​လေးတစ်​​ယောက်ရှိတယ်။ သမီး​လေးက​တော့ ၁၈နှစ်ပြည့်​ပြီး ဘဲတစ်​ယောက်လည်းရှိတယ်။ သား​လေးက​တော့ ငယ်ငယ်​လေးရှိ​သေးတာမို့လို့ ဒီလိုသန့်စင်ပွဲမှာလူ​တွေ ​သေရ​တာမဖြစ်သင့်ဘူးဆိုပြီး အမြဲလိုလိုအကူအညီ​ပေးချင်​နေတဲ့သူ။ ဖြစ်ချင်​တော့ သားဖြစ်သူက သန့်စင်ပွဲ​နေ့ညမှာ အိမ်ရာမဲ့ ​ခြေနှစ်​ချောင်းသားကို ကယ်လိုက်မိပါ​လေ​ရော။ အဲဒီလို ကယ်တင်ပြီး​နောက်ပိုင်း ​ခြေနှစ်​ချောင်းသားကယ်​ကောင်းလား မကယ်​ကောင်းလားဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှူရပါလိမ့်မယ်။ ဒီကားပြီး နောက်ပိုင်းကားတွေက Horror ထက် Action ပိုဆန်လာကြတာမို့ Horror Vibe အပြည့်ပေးနိုင်ခဲ့တဲ့ ဒီကားဟာ The Purge Franchise ကြီးကို Ethan Hawke နဲ့ Lena Headey တို့လို မင်းသား မင်းသမီးအကောင်းတွေသုံးပြီး လမ်းသစ်ဖောက်ခဲ့တဲ့ကားဆို မှားမယ်မထင်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 870MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 25Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Horror
6.3 2013 86 mins
The Purge
[19+] Day Dream
3.9

အကြမ်းပတမ်းအိပ်ခန်းနှင့်သတ်ဖြတ်ခန်းများပါသဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ..... ဇာတ်ကားကတော့ နာမည်နဲ့လိုက်အောင်ပဲ နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်နေတဲ့ ကိုလူချောရဲ့အိပ်မက်ကို ရိုက်ပြထားတာပါ သွားနဲ့ပတ်သက်ပြီး ဝေဒနာခံစားရသူတွေ ဆုံစည်းကြတဲ့ သွားဆေးခန်းမှာ ကူရာဟာရှီနဲ့ မိန်းမလှလေး ချီအဲကိုတို့ ကိုယ့်အလှည့်ရောက်အောင် အတူတူထိုင်စောင့်ကြရပါတယ် အရင်ဝင်သွားတဲ့ ချီအဲကိုရဲ့ သွားကုသရာမှာ နာလို့ညည်းသံတွေကို ကိုယ်တော်က တမျိုးတဖုံ စိတ်ဝင်စားမိပြီး စပ်စုမိတဲ့နောက်မှာတော့ သွားနှုတ်ဖို့အတွက် မေ့ဆေးလား ထုံဆေးလားမသိတာကို အပေးခံလိုက်ရပါတယ် အဲမှာ စိတ်စွဲပြီး ဘယ်လိုအိပ်မက်တွေ ဆက်မက်မလဲဆိုတာသိချင်ရင်တော့ ကူရာဟာရှီနဲ့အတူတူ လိုက်မက်ကြည့်ကြဖို့အကြံပေးချင်ပါတယ်... File Size :(2.2GB) and (836 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:50:00 Genre : Adult,Fantasy, Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Horror
3.9 1981 110 mins
[19+] Day Dream
Pompo the Cinephile
7

IMDb Rating - 7.0/10 ပွန်မ်ပို ဆိုတဲ့ကောင်‌မလေးက ညလိဝုဒ် မှာ ဇာတ်ကားအသေးလေး တွေနဲ့ အရမ်းနာမည်ကြီးတဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ပေါ့။ သူက ရုပ်ရှင်ကြည့်ရတာ အရမ်းကြိုက်တဲ့အတွက် တစ်နေ့မှာ သူ့ရဲ့ လက်ထောက်ဖြစ်သူ ဂျင်းဖီနီ ကို သူရုပ်ရှင်ဘယ်လောက်ကြိုက်ကြောင်း တွေ ပြောပြပြီး သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုကို ဇာတ်ကား အဖြစ်ရိုက်ဖို့အတွက် ဂျင်းကို ဒါရိုက်တာလုပ်ခိုင်းဖို့ တာဝန်ပေးလိုက်တယ်။ ဂျင်း ကလည်း ငယ်ငယ်ကတည်းက ရုပ်ရှင်ဖန်တီးချင်တဲ့အိပ်မက်ရှိပေမယ့် အခုမှ စရိုက်ရမှာဆိုတော့ သူ့ရဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ ဘယ်လိုတွေကျော်လွှားမလဲဆိုတာ ကြည်ကြည်နူးနူးနဲ့ ကြည့်ရမယ့် anime movie လေးပဲဖြစ်ပါတယ်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.13 GB) / (650 MB) Quality............WebRip 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Drama Translator.......Khant Sett Naing Encoder..........SWM

Comedy • Drama • Romance
7 2021 94 mins
Pompo the Cinephile
Salute
7.7

မှုခင်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ နိုင်ငံရေးနဲ့မှုခင်းတွဲဖက်နေတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် "ငါတို့က ယူနီဖောင်းဝတ်ထားတဲ့ချိန်ပဲ အာဏာရှိတာကွ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရပြုတ်သွားရင် ဒီအုပ်ချုပ်ရေးခရိုင်မှာ ငါတို့ဆိုတာ ရှိမှာမဟုတ်တော့ဘူး" အာဏာမက်တဲ့သူတွေအတွက် အားနည်းချက်မရှိစေဘဲနဲ့ အာဏာကို ဆက်လက်တည်တံ့နိုင်ဖို့ အထက်ဖားအောက်ဖိ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတယ်မလား ဒီဇာတ်ကားလေးမှာလည်း မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မဲ့ မြို့လေးမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီး ၃ပတ်ကြာတောင်မှ အမှုနဲ့ပတ်သတ်ပြီး ဘာတိုးတက်မှုမရှိတဲ့အခါ လက်ရှိအုပ်ချုပ်သူက ရဲဌာနကိုဖိအားပေးလာပါတော့တယ် အာရဗင်က အစ်ကိုဖြစ်သူစံပြပုဂ္ဂိုလ် ရဲအရာရှိကြောင့် ရဲထဲဝင်လာသူလည်းဖြစ်ပါတယ် ဒီအမှုကို အမြန်စုံစမ်းဖို့ဖိအားပေးတဲ့ချိန်မှာ အစ်ကိုဖြစ်သူနဲ့ အာရဗင်တို့ကြား သဘောထားကွဲလွဲမှုဖြစ်လာပြီး အာရဗင်ကို သူ့အစ်ကို နယ်ပြောင်းပြီး တာဝန်ချပေးလိုက်ပါတယ် အမှုကိုစုံစမ်းရင်းနဲ့ ချန်ဒရာဗီလာဆိုတဲ့လူလိမ် နောက်ကို လိုက်ရင်း အမှုက ဘယ်လိုရုပ်လုံးပေါ်လာမလဲ အာရဗင်တစ်ယောက် အမှုကိုကိုယ့်နည်းကိုယ်ဟန်နဲ့ ဘယ်လိုတွေဆက်ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…1.5GB / 800MB Quality…1080p WEB DL Format…mp4 Duration….2h 25min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko & Poe

Action • Crime • Drama
7.7 2022 145 mins
Salute
Miracle in Cell No. 7
8.3

Remakeကားတွေ မူလရုပ်ရှင်ကို မှီတာ အတော်ရှားပါတယ်။အခုရုပ်ရှင်က အဲ့ဒီ လိုရှားတဲ့အထဲက တစ်ကားပါပဲ။ သိသလောက်တော့ ကိုရီးယားရုပ်ရှင်တွေကို remake ပြန်ရိုက်ကြတဲ့ အနောက်တိုင်းရုပ်ရှင်တွေမှာ ပျက်ကြတာ အတော်များတယ်။ Old Boyတို့ My Sassy Girlတို့ IIMareတို့ဆို ပျက်သလောက်ပါပဲ။မူလရုပ်ရှင်ရဲ့ ခံစားမှုကို မပေးစွမ်းနိုင်ပါဘူး။ အခုရုပ်ရှင်ကတော့ Remakeဆိုပေမယ့် မူလရုပ်ရှင်ရဲ့ဟာကွက်ဆန်တာတွေကို ဖြည့်ထားတဲ့အပြင်၊ ထောင်သားတွေရဲ့ ဇာတ်ကောင်စရိုက်ကလည်း ပိုပီပြင်တယ်။ ဖြစ်ရပ်တွေရဲ့ ယုတ္တိရှိမှုကလည်း ပိုပြီးတာသွားတယ်။ မူလရုပ်ရှင်ထက်သာတဲ့ Remakeလို့ပဲ ဆိုချင်တယ်။ မူလ ကိုရီးယားရုပ်ရှင်ကို ကြည့်ပြီး ခံစားခဲ့ရတဲ့သူတွေ ဒီရုပ်ရှင်မှာ ပိုခံစားလို့ရမှာတော့ သေချာပါတယ်။ ဇာတ်အိမ်တည်တာက တူရကီက ရွာလေးတစ်ရွာမှာ။ အဲ့ဒီရွာမှာ မွေးထားတဲ့ ခြောက်နှစ်သမီး ကလေးလောက်တောင် ညဏ်ရည်မမှီတဲ့လူရှိတယ်။ ဆင်းရဲကလည်းဆင်းရဲရတဲ့အထဲ ဂြိုလ်ဆိုး၀င်ချက်ကတော့ အခြေအနေအကြောင်းကြောင်းကြောင့် စစ်တပ်က ကွန်မန်ဒါရဲ့သမီးလေးသေသွားတာ သူ့ကြောင့်ဆိုပြီး သေဒဏ်ချခံလိုက်တာရတာပါပဲ။ ကလေးကိုသတ်တဲ့လူဆိုပြီး ထောင်သားချင်း အရိုက်ခံရတဲ့အပြင် ကွန်မန်ဒါကလည်း သူ့ကို မိသားစုနဲ့ပေးမတွေ့ဖို့ အမိန့်ချထားတယ်။ တွေ့ခွင့်တောင်မရှိတဲ့ ဘ၀မှာသမီးကလွဲ ဘာမှမရှိတဲ့အဖေတစ်ယောက်ရယ် အဖေကလွဲ ဘာမှမရှိတဲ့သမီးတစ်ယောက်ရယ်ဟာ တွေ့ခွင့်ရဖို့ကြိုးစားကြရင်း ဒီရုပ်ရှင်ရဲ့ လူသားဆန်မှုတွေက ကျွန်တော်တို့ မျက်ရည်ကို ချူယူသွားကြတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖို့ မိတ်ဆွေအနေနဲ့ တစ်ရှုးတစ်ရွက်လောက်တော့ ဆောင်ထားသင့်တယ်။ Turkey Youth Awards (2020)နဲ့ Golden Palm Awards (2020) တို့မှာ Best Filmဆုရထားပြီး အော်စကာပွဲမှာ Best International Feature Filmဆုအတွက် ယဉ်ပြိုင်ခွင့်ရတဲ့တူရကီရုပ်ရှင်အဖြစ် အရွေးခံခဲ့ရတယ်ဆိုတော့ Remakeပေမယ့် အတော်အောင်မြင်တဲ့ Remakeပါပဲ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 12min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.WebRip Translator –  WiRa Aung Encoder – SWM

Romance
8.3 2019 132 mins
Miracle in Cell No. 7
Match Me If You Can
5.9

လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Match Me If You Can ဆိုတဲ့ Romance/ Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 5.3 ရရှိထားပြီး ဇာတ်အိမ်ကလည်း တမူထူးခြားနေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါပဲ။ ကစ်ပ်က ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးအချစ်နဲ့ဝေးရာမှာနေလာရတဲ့ စာဂျပိုးမလေးတစ်ယောက်ပါ။ သူ့အတွက်အဖော်ဆိုလို့ ရုံးကအူကြောင်ကြောင် သူငယ်ချင်းသုံးယောက်နဲ့ ဝင်ကစွပ်ကောင်လေးတစ်ကောင်ပဲ ရှိပါတယ်။ ရိုင်လေကတော့ I Promise လို့အမည်ရတဲ့ Online Dating ဝက်ဘ်ဆိုက်တစ်ခုကို ဦးစီးနေသူဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကုမ္ပဏီတစ်ခုပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ မထင်မှတ်ဘဲ I Promise မှာ sign up လုပ်ပြီး ရည်းစားရှာဖို့ကြိုးစားခဲ့တဲ့ကစ်ပ်ဟာ ကုမ္ပဏီဘက်က ကစ်ပ်အတွက် ရည်းစားရှာမရနိုင်ကြောင်း ပြန်စာကိုရရှိပြီးနောက်မှာတော့ အကြီးအကျယ်ပေါက်ကွဲပြီး I Promise ကို စတင်တိုက်ခိုက်ပါတော့တယ်။ ရန်သူတွေအဖြစ်စတင်ခဲ့တဲ့ ကစ်ပ်နဲ့ရိုင်လေရဲ့ဇာတ်လမ်းလေးက ဘယ်လိုများအချစ်အသွင်ကို ပြောင်းလဲသွားမှာလဲ‌‌ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုပေးပါဦးနော်။ အခုခေတ်က အင်တာနက်ခေတ်ဖြစ်ပြီး အရာရာကိုအင်တာနက်မှာပဲ အလွယ်တကူရှာဖွေရရှိနေနိုင်တာမို့ online dating app တွေ website တွေဆိုတာလည်း ဒီနေ့ခေတ်လူငယ်တွေနဲ့တော့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ရိုးရိုးလေးနဲ့ဆန်းတဲ့ဒီဇာတ်ကားက နားလည်ရခက်မှာလည်းမဟုတ်သလို ကြည့်ရင်းနဲ့အပျင်းပြေစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.91 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

Adventure • Drama • Fantasy • Romance
5.9 2023 106 mins
Match Me If You Can
The Communion Girl
5.3

The Communion Girl (2022) ===================== Horror ဇာတ်လမ်းဆိုရင် Annabelle ကို ပြေးမြင်ရတဲ့အထိ အရုပ်လေး တစ်ရုပ်ရဲ့ ဖြစ်တည်မှုက လူတွေကို Trauma ရတဲ့အထိ သွေးပျက်စေခဲ့ဖူး တယ်မဟုတ်လား။ ဒီဇာတ်လမ်းကလည်း အရုပ်လေးတစ်ရုပ်ကနေ စတင် လာခဲ့တဲ့ ကြောက်မက်ဖွယ် ကျိန်စာသင့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဆာရာ ဆိုတဲ့ ကောင်မလေးတို့ မိသားစုက မြို့လေးတစ်မြို့ဆီကို ပြောင်း ရွှေ့လာကြတဲ့ လူသစ်တွေပါ။ နေရာအသစ် ကျောင်းအသစ်မှာ ဆာရာ့ အတွက် တစ်ဦးတည်းသောအဖော်က ရေဘက်ကာဆိုတဲ့ ခပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်ပါပဲ။ တစ်ရက်မှာတော့ ဆာရာတို့ သူငယ်ချင်း နှစ်ယောက် တခြားမြို့က ကလပ်တစ်ခုဆီ သွားပျော်ခဲ့ကြတယ်။ အပြန်လမ်း မှာတော့ ကလပ်မှာတွေ့ခဲ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့ကားကို လိုက်စီး ကြရင်း တောလမ်းတစ်နေရာစီ အရောက်မှာတော့ ဝတ်စုံဖြူဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ကို ကားနဲ့ တိုက်မိမလို ဖြစ်သွားခဲ့တယ်။ သူတို့တွေ ကားပေါ်ကနေ ဆင်းပြီး ရှာကြတဲ့အချိန်မှာတော့ ကောင်မလေး အစား အရုပ်လေးတစ်ရုပ်ကိုပဲ တွေ့ခဲ့ကြရတယ်။ မြို့ခံကောင်လေးတွေက တော့ ဒီအရုပ်ရဲ့ ရာဇဝင်ကို သိထားကြပေမဲ့ ဆာရာကတော့ မသိခဲ့ပါဘူး။ ဒီလိုနဲ့ ဆာရာတစ်ယောက် အဲဒီအရုပ်လေးကို အိမ်ကိုသယ်လာခဲ့ပြီး နောက် ပိုင်းမှာတော့…….။ အရုပ်ဆိုရင် မြင်တောင်မမြင်ချင်တဲ့အထိ ဖြစ်စေဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May The Khine Soe ဖြစ်ပါတယ်) File Size……….(1.25 GB) / (503 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator……May The Khine Soe Encoder……….Zin Phyo Aung

5.3 2022 103 mins
The Communion Girl
Higuita: The Way of the Scorpion
Rest Stop
4.5

Rest Stop (2006) ============= ဂျက်စ်နဲ့နစ်ကိုးလ်တို့ဟာ ပုန်ကန်ချင်တဲ့၊ စွန့်စားချင်တဲ့ ချစ်သူနဲ့ ဘဝသစ်ကိုထူထောင်ချင်တဲ့ ဆယ်ကျော်သက်လူငယ်တွေပါ။ အဲ့ဒီစိတ်ကူးယဉ်အိမ်မက်တွေနောက်ကိုလိုက်ဖို့တစ်နေ့မှာတော့ ဂျက်စ်ရဲ့အမိုးဖွင့်ကားလေးနဲ့အတူ မိဘတွေကိုအသိမပေးပဲ ဟော လိဝုဒ်ကိုဦးတည်ပြီး ခိုးထွက်လာခဲ့ကြပါတယ်။လမ်းတစ်နေရာမှာ တော့ အပေါ့သွားချင်လာတဲ့ နစ်ကိုးလ်ကြောင့် လမ်းဘေး အိမ် သာလေးတစ်ခုကိုဝင်မိရာကနေပြန်အထွက်မှာ ဂျက်စ်တစ်ယောက် ပျောက်ချင်းမလှပျောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ နီးစပ်ရာမှာ အကူအညီတောင်းဖို့ကြိုးစားရင်း လူနေကားတစ်စီးကို တွေ့မိလို့ ခဏလိုက်ပါမိရာကနေ ကြက်သီးထဖွယ်ကားပိုင်ရှင်မိသား စုကြောင့် ပြန်ဆင်းလာခဲ့ရပြီး လမ်းဘေးအိမ်သာဆီပြန်ရောက်လာခဲ့ ပါတယ်။ အဲ့ဒီလမ်းဘေးအိမ်သာမှာတော့ သူ့ကိုပိုပြီးခြောက်ခြားဖွယ် အဖြစ်အပျက်တွေက စောင့်ကြိုနေတာကို နစ်ကိုးလ်တစ်ယောက်အသိ နောက်ကျခဲ့ရပါတယ်။ ဒီကားလမ်းမပေါ်မှာ ထရပ်ကားနဲ့လူတစ်ယောက်လိုက်ဒုက္ခပေးနေ ကြောင်းရေးထားတဲ့ အိမ်သာနံရံက ခြောက်ခြားဖွယ်စာတွေ ၊Rolling stones ဂီတဖျော်ဖြေပွဲကိုသွားရင်း လူတစ်ယောက်ဖမ်းထားပြီးနှိပ်စက် ရာကနေထွက်ပြေးလာတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်၊ တကယ် တမ်းတော့ အဲ့ဒီမိန်းကလေးဟာ ၁၉၇၁ ထဲကပျောက်ဆုံးနေခဲ့တာဆိုတာ သူသိလိုက်ရချိန်၊ အခြေအနေတွေ အဖြစ်အပျက်တွေကို သူ ဆက်စပ်မိ လာချိန်မှာတော့..။ Wrong Turn တို့၊ The hills have eyes တို့လို မျက်စိလည်လမ်းမှားရာ ကနေ သွေးပျက်စရာလူသတ်သမားတွေရဲ့ပစ်မှတ်ထားခံရတဲ့ ပရိသတ် တွေအကြိုက်တွေ့မယ့် Franchise နောက်တစ်ခုပါပဲ။ အဲ့ဒီကားတွေထက် မလျော့တဲ့ ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေ၊ သွေးထွက်သံယို တွေ၊ အဖော်အချွတ်တွေပါဝင်တဲ့အတွက်၊ Genre ပရိသတ်တွေကျေနပ် နှစ်သိမ့်ကြမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(731 MB) Quality…………WEB-DL 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

Action • Crime • Thriller
4.5 2006 85 mins
Rest Stop
Laila Majnu
7.7

Laila Majnu (2018) ကိန္ဒရီ ကိန္ဒရာ ဒဏ္ဍာရီ Genre – Drama, Romance IMDB – 7.7/10 ၇ ရာစုလောက်မှာ Layla and Majnun ဆိုတဲ့ အာရေဗျ အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်။ ခုထက်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ပါရှားဒေသ၊ အာရေဗျဒေသနဲ့ အာရှတစ်လွှား လူတိုင်းက ပြောဆိုခဲ့ကြတဲ့ ရှေးဟောင်းရိုးရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အချစ်ပုံပြင်လေးသာဆိုတာပါ ပျော်ရွှင်စရာအတိချည်းပဲတော့ ဖြစ်မနေပါဘူး ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ဆန်ဆန်ပဲ ပြောရမှာပေါ့လေ။ ဒါပေမဲ့ ဒီပုံပြင်လေးဟာ ကြီးမားလှတဲ့ အချစ်စွမ်းအားတွေ၊ ကွဲကွာခြင်းရဲ့ သေလုမတတ် နာကျင်ရခြင်းတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်မှု ပညတ်ချက်တွေကို မီးမောင်းထိုးပြထားတာပါ။ ဒီ ရိုးရာပုံပြင်လေးကိုပဲ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းသာယာလှပတဲ့ ကက်ရှမီးယားပြည်နယ်မှာ အခြေပြုပြီး ယနေ့ခေတ်ကာလအတိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ အချစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လိုင်လာဆိုတာက စိတ်ကူးယဉ်ဆန်ဆန် အချစ်ရဲ့အကြောင်းတွေကို တွေးတောမှိန်းမောပြီး ရင်ခုန်နေတဲ့ လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်။ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်း ထပ်ခါတလဲလဲ မက်လို့ပေါ့လေ။ တစ်မြို့လုံးက ကာလသားတွေကလည်း အရူးအမူး ဝိုင်းပိုးပန်းတာခံရပြီး အလှဂုဏ်လေးတဝင့်ဝင့်နဲ့ ရှိနေတဲ့သူ။ ဒီအချိန်မှာ လိုင်လာ့အချစ်ဆိုတဲ့ ပြိုင်ပွဲလေးထဲကို ဝင်ရောက်လာသူက သူများတွေနဲ့ မတူပဲ တစ်မူထူးခြားသူ ဖြစ်နေခဲ့တယ်။ မြို့မျက်နှာဖုံးရဲ့ သားတစ်ယောက်၊ ချမ်းသာကြွယ်ဝပြီး အလိုလိုက်ခံထားလို့ ပျက်စီးနေတယ်၊ မူးယစ်ဆေး မိန်းမ လောင်းကစား အကုန်လုပ်တယ် စသဖြင့် မကောင်းသတင်း ကောလဟာလတွေနဲ့ နာမည်ဆိုး ရထားသူ ကာစီပေါ့။ ဒီလိုနဲ့ ထူးခြားသစ်လွင်တဲ့ အချစ်ဇာတ်လမ်းလေး ဖူးပွင့်လာမယ့်အချိန်မှာ မိဘပတ်ဝန်းကျင် အခြေအနေ အဆင့်အတန်း အာဃာတ ပညတ်ချက် စတဲ့ ဒေဝါမုန်တိုင်းတွေ ဝင်ရောက်လာခဲ့ချိန်မှာတော့…….။ ကက်ရှမီးယားပြည်နယ်ရဲ့ သာယာလှပတဲ့ ရှုခင်းတွေ ရှုမငြီးလှတဲ့ မင်းသား မင်းသမီးလေးတွေကို သာယာနာပျော်ဖွယ် သံစဉ်လေးတွေနဲ့အတူ ချိုခါးခါး ဖျော်စပ်ထားတဲ့ အချစ်တစ်ခွက်ကို သောက်သုံးကြည့်လိုက်ရအောင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)

7.7 2018 139 mins
Laila Majnu
Patch Adams

ဒီရုပ်ရှင်လေးကတော့ အပြင်လောကမှာ တကယ်ရှိတဲ့ လူထူးလူဆန်း ဆရာဝန်ကြီးတစ်ယောက်ရဲ့ အဖြစ်လေးပါ။ သူဟာ ဆရာဝန်၊ လူရွှင်တော၊ ပရဟိတာသမား၊ စာရေးသူ တစ်ဦးဖြစ်ပြီး Gesundheit! Institute ဆိုတဲ့ အခမဲ့ဆေးကုသရေး အဖွဲ့အစည်းကြီးကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ သူနဲ့ ပရဟိတသမားတွေဟာ ကမ္ဘာအနှံ့က ဆေးရုံတွေ မိဘမဲ့ကျောင်းတွေကို လူရွှင်တော်ပုံစံ ဝတ်ဆင်ပြီး ဖျော်ဖြေတတ်ကြပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး အနည်းငယ် ပြောင်းလဲမှုတွေနဲ့ ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ ဟန်တာအဒမ်စ်ဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ချင်စိတ်ဖြစ်နေတဲ့အတွက် စိတ်ရောဂါကုဆေးရုံတစ်ခုမှာ ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ တက်ရောက်နေစဉ်အတွင်း စိတ်ရောဂါကုဆရာဝန်တွေရဲ့ လူနာတွေကို တကယ်နားလည်မပေးတာတွေ၊ သူကိုယ်တိုင်လည်း လူနာတွေကို ကူညီရင်းနဲ့ သတ်သေချင်စိတ်တွေ ပျောက်လာတာတွေကို ခံစားမိလာပါတယ်။ ဒါကြောင့် နောက်ဆုံးမှ ဆေးရုံကနေ ဆင်းလာပြီး ဆရာဝန်ဖြစ်လာဖို့ ဆေးကျောင်းတက်ပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဆရာဝန်တွေရဲ့ အမှောင်ခေတ်တစ်ခုကို ထည့်သွင်းရိုက်ကူးထားတာ တွေ့ရမှာပါ။ ဆရာဝန်ဆိုတာ လူနာတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ စွမ်းအားရှင်တွေ အဖြစ် မြင်နေကြပုံတွေ၊ သူနာပြုတွေကို အထင်အမြင်သေးကြတာကြောင့် အထက်အောက်မပြေလည်တာတွေ၊ လူနာတွေအပေါ် ရောဂါကုသဖို့ကလွဲပြီး ကျန်တာတွေ ဂရုမစိုက်ကြသေးတဲ့ ခေတ်တစ်ခုလိုမျိုး ပုံဖော်ပြထားပါတယ်။ အဒမ်စ်ကတော့ ဆရာဝန်ဆိုတာ လူနာရဲ့ရောဂါကိုသာမက ဘဝတစ်ခုလုံးကောင်းမွန်အဆင်ပြေဖို့ပါ ထည့်သွင်းကြိုးစားပေးရမယ်ဆိုတဲ့ အတွေးကို ဆုပ်ကိုင်ထားမိတဲ့ လူထူးဆန်းတစ်ယောက်လို ဖြစ်နေပါတယ်။ လူနာရောဂါတွေအကြောင်းမပြောခင် နာမည်လေးတော့ အရင်မေးလိုက်မယ်၊ ကုစရာဆေးမရှိတော့ရင်တောင် စိတ်ချမ်းသာအောင်လုပ်ပေးလိုက်မယ်ဆိုတဲ့ ဆရာဝန်မျိုးကို ပုံဖော်ထားတာပါ။ ပြီးတော့ ဆေးအာမခံမရှိလို့ မကုသနိုင်တဲ့ လူနာတွေအတွက် အခမဲ့ဆေးကုဆောင်ဖွင့်ဖို့ ကြိုးစားတဲ့အကြောင်းတွေ ပါပါတယ်။ အဆိုပါခေတ်ရဲ့ ဆရာတွေ ကျောင်းနေဖက်တွေနဲ့ ယုံကြည်မှုတွေ အရမ်းကွဲပြားလာတဲ့အခါမှာ နောက်ဆုံးတော့ ကျောင်းအုပ်ကြီးဟာ အဒမ်စ်ကို ကျောင်းထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားရဲ့ အဓိကနေရာကတော့ အဒမ်စ်နဲ့ ဆေးကောင်စီ ဘုတ်အဖွဲ့တွေရဲ့ အမေးအဖြေတွေလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဘာပဲပြောပြော ကြည့်သင့်တဲ့ ကားဟောင်းကားကောင်းလေးတစ်ခုမို့ ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်ဗျာ။ Littleneo ဘာသာပြန်သည်။ File size…(1.8 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

0 1998
Patch Adams
Tom and Jerry: Shiver Me Whiskers
6.4

ဒီဇာတ်ကားမှာတော့ တွမ်နဲ့ဂျယ်ရီတို့ နှစ်ကောင် ရတနာသိုက်ရှာပုံတော် ထွက်ကြမှာပဲဖြစ်ပါတယ်။ ဓါးပြညီနောင်၃‌ဦးထဲက အနီရောင်ဓါးပြကြီးရဲ့ သင်္ဘောသားတွေ ဖြစ်ကြတဲ့ တွမ်နဲ့ ဂျယ်ရီတို့ မထင်မှတ်ဘဲ ရတနာသိုက်မြေပုံ ပါတဲ့ ဖန်ပုလင်း တစ်ပုလင်းကို ကောက်ရခဲ့ပါတယ်။ အဲဒီမြေပုံက တခြားမဟုတ်ဘဲ ဓါးပြကြီး၃ယောက် ငယ်စဉ်ကတည်းက လိုက်ရှာ နေခဲ့တဲ့ စပန်းနစ်ရှ်မိန်းဆိုတဲ့ အဖိုးတန်ရတနာသိုက်ကြီးရဲ့ မြေပုံဖြစ်နေတာပါ။ တွမ်နဲ့ ဂျယ်ရီတို့တွေ မြေပုံရထားတာကိုသိသွားတဲ့နောက် ဓါးပြညီအစ်ကိုတွေရဲ့ မြေပုံလုပွဲတွေက ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမြေပုံက ဒီတိုင်း သာမန်မဟုတ်ဘဲ ကျိန်စာသင့်နေတဲ့မြေပုံဖြစ်ပြီး ရှာ‌တွေ့သူ မှန်သမျှကို ဒုက္ခပေးဖို့ ကျိန်ဆိုထားတဲ့မြေပုံ ဖြစ်နေပါတယ်။ ရတနာသိုက်ကိုလည်း ထောင်ချောက်အထပ်ထပ်နဲ့ ကာရံ ထားလို့ ရယူဖို့လည်း မလွယ်တဲ့အနေအထားပါ။ ဒီလိုမျိုး အန္တရာယ်များတဲ့ ရတနာသိုက်ကို တွမ် ဂျယ်ရီနဲ့ ဓါးပြတွေဘယ်သူပိုင်ဆိုင်သွားမလဲ၊ ဘယ်လိုအန္တရာယ်‌တွေနဲ့ ရင်ဆိုင် စွန့်စားသွားရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… 1.5 GB / 801 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

6.4 2006 74 mins
Tom and Jerry: Shiver Me Whiskers