YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Patience.S01E01.Paper.Mountain.Girl.Part.1.REPACK.720p.ALL4.WEB-DL (CM).mp4

306.01 MB N/A video/mp4 73 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mandao Returns
4.8

IMDb Rating - 7.2/10 Genre - Comedy, Horror ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Mandao of the Dead ရဲ့ အဆက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေမှာ အဓိက ဦးစားပေးထားတာကတော့ ကျွန်တော်တို့အရှေ့တိုင်း သားတွေနဲ့ မစိမ်းတဲ့ စိတ်ပြောင်းကိုယ်ခွာ ဒါမှမဟုတ် လိပ်ပြာ လွင့်တယ်ခေါ်မလား ဝိဉာဉ်လွှင့်တယ်ခေါ်မလား အဲဒီ အယူ အဆအပေါ် အခြေခံ ရိုက်ကူးထားတဲ့ ဟာသဆန်ဆန် ထိတ် လန့်သည်းဖိုပေါ့။ ၂၀၁၈ ရုပ်ရှင်ထဲမှာ ဂျေးတို့ အမျိုးတသိုက် ဟော်လိုဝေးပွဲထဲ လူတစ်ယောက်ကို အချိန်နောက်ပြန် ဝိဉာဉ်လွှင့်ပြီး ကယ်တင် ပြီးတဲ့နောက် ဂျက်ဆန်လုပ်လို့ အိမ်မီးလောင်ကာ ဝမ်းကဲဖြစ်တဲ့ အန်ဒီ့ဆီ ရောက်လာပါတယ်။ ဒီကားက ဒီမှာစတင်ပါတယ်။ အန်ဒီ့ဆီမှာနေနေတုန်း ဂျေးတစ်ယောက် ထူးဆန်းတဲ့အိပ်မက် တွေ မက်ပါတယ် ဒီ ဝိဉာဉ်လွှင့်တာကို ဆက်ပြီး မလုပ်တော့ဖို့ ပေါ့။ အဲဒီအချိန်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ကလည်း မူးယစ်ဆေးလွန်ပြီး သေတဲ့အထိ ဖြစ်ပျက်သွားခဲ့တယ်။ တိုက် တိုက်ဆိုင်ဆိုင်ပဲဆိုသလို ဒီမင်းသမီးရဲ့ မန်နေဂျာဖြစ်သူဟာ အန် ဒီ့ဆီကို (သူကလည်း ဝိဉာဉ်ဆိုင်ရာ စွမ်းအင်ရှိပါတယ်) တွေ့ချင် တယ်ပြောပြီး တမလွန်က မင်းသမီးနဲ့ စကားပြောချင်လို့ဆိုပြီး ချိန်းကြတော့... ပိုက်ဆံလိုအပ်နေတဲ့ အန်ဒီရယ် ဝိဉာဉ်မလွှင့်ချင် ပေမယ့် အရေးကြီးလို့ ဝင်ကူပေးရတဲ့ ဂျေးရယ် လက်ထောက် အူတူတူ ဂျက်ဆန်ရယ် ဘာတွေဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ ဝိဉာဉ်လွှင့်အယူအဆရယ် အချိန်ခရီးသွားတာရယ် ပေါင်းစည်းပြီး ဖန်တီးထားတဲ့ Comedy Horror ကားလေး တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(908 MB) / (314 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 10Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror Translator.......Thura Aung Encoder..........SWM

Action
4.8 2020 71 mins
Mandao Returns
The Amazing Maurice
6.9

IMDb Rating - 6.4/10 ဇာတ်လမ်းအကျဉ်းလေးကတော့ စကားပြောတတ်တဲ့ ကြွက်ကလေး တွေရယ်၊ ကိသ်ဆိုတဲ့ မိဘမဲ့ကောင်လေးရယ် ‌စကားပြောတတ်တဲ့ မော်ရိစ် ဆိုတဲ့ကြောင်လေးရယ်၊ သူတို့တွေက လူတွေဆီကပိုက်ဆံကို လိမ်ယူကြ တယ်။ လိမ်ပုံလိမ်နည်းကတော့ ကြွက်တွေကိုမြို့တစ်မြို့ဆီကို အရင်ဝင် ခိုင်းပြီး သောင်းကျန်းခိုင်းလိုက်တယ်။ ကြွက်တွေကြောင့်လူတွေဟာ အအိပ်ပျက် အစားပျက်နဲ့ ဒုက္ခတွေရော‌က်ကြတယ်။ပုလိပ်ရောဂါရမှာကိုလည်း စိုးရိမ်ကြတယ်။ အဲ့ဒီအချိန်ကျမှ ကယ်တင်ရှင်ကြီး‌အနေနဲ့ မော်ရိစ်ဟာ ကိသ်ကို The Piper ပု‌လွေသမားလေးပုံစံဟန်ဆောင်ပြီးပုလွေနဲ့သီချင်းတီးကာ ကြွက်တွေကိုမြို့နဲ့ ဝေးရာကိုခေါ်သွားစေတယ်။ ကြွက်တွေမရှိအောင်ဆောင်ရွက်ပေးတဲ့အတွက် လူတွေပိုက်ဆံတွေပေးကြတယ်။ ဒီလိုနဲ့တစ်မြို့ပြီးတစ်မြို့ပိုက်ရှာနေရင်းနဲ့ ဘက်လစ်ဇ်ဆိုတဲ့မြို့ကိုလိမ်ဖို့ရောက်လာကြတယ်။ မြို့ဟာ အချက်အခြာကြပြီး မြို့ကြီးမြို့ကောင်းဆိုပေမယ့် ထူဆန်းစွာနဲ့ တစ်မြို့လုံးဟာတိတ်ဆိတ်နေကြတယ်။ အကြောင်းကတော့ စားစရာမှန်သမျှဟာ တစ်ခုမကျန်ပျောက်ဆုံးနေပြီး တစ်မြို့ လုံးဟာ အငတ်ဘေးဆိုက်နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့လိမ်မယ်ဆိုတာကို စွန့်လွှတ်ပြီးတော့ မြို့တော်ဝန်သမီးနဲ့အတူ အဖြေလိုက် ရှာတဲ့အခါမှာတော့..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.71 GB) / (728 MB) / (436 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......Tin Myo Lwin Encoder...........Zin Phyo Aung

TV Movie • Thriller
6.9 2022 93 mins
The Amazing Maurice
King Tweety
6.9

Bugs Bunnyတို့ Daffy Duckတို့ Road Runnerတို့ Tweetyတို့ရဲ့ Looney Tunesကာတွန်းတွေကို ငယ်ငယ်က အားလုံးကြိုက်ဖူးကြမှာပါ။ လူနဲ့ရောရိုက်တာတွေရော ဂိမ်းတွေရော အများကြီးထွက်ထားတဲ့ နာမည်ကြီး ကာတွန်းစီးရီးပါပဲ။ ဒီနှစ်မှာတော့ ဖန်တွေအတွက် Tweetyရဲ့ အန်နီမေးရှင်း ရုပ်ရှင်အသစ် ထွက်လာပါတယ်။ ကနေရီငှက်ကလေးတွေနဲ့ ခွေးတွေ ယှဉ်တွဲနေတဲ့ ကနေရီကျွန်းက ဘုရင်မ ကနေရီငှက်ကလေး ပျောက်ချင်းမလှပျောက်သွားပြီးနောက် Tweetyဟာ ကနေရီကျွန်းရဲ့ ပျောက်ဆုံးနေတဲ့ တော်၀င်မျိုးဆက်လို့ ပြောလို့ရတဲ့ အချက်တွေရှိနေတာကြောင့် ကနေရီကျွန်းရဲ့ ဘုရင်ဖြစ်လာပါတယ် ။ ကျွန်းကို သွားပြီးတဲ့နောက် အရင်ဘုရင်မ ဘာလို့ပျောက်သွားသလဲနဲ့ ဘုရင်ဖြစ်ဖို့ Tweetyတစ်ယောက် ဘာအန္တရာယ်တွေနဲ့ ကြုံရမလဲ အသည်းတအေးအေးနဲ့ ကြည့်ရမှာပါ။ 90 ခုနှစ်တွေကို ပြန်လွမ်းမောဖို့ကောင်းတဲ့ 90ခုနှစ်က နာမည်ကြီးကာတွန်းဇာတ်ကောင်ရဲ့ ကားအသစ်မို့ ကလေးလေးတွေရော ကလေးကြီးတွေရော ကြည့်လို့ အဆင်ပြေကြမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.5GB) / (700MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:20:00 Type__Animation, Action, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Science Fiction
6.9 2022 81 mins
King Tweety
The Good Witch of Christmas
4.6

The Good Witch Of Christmas (2022) ========================== ကဲ အားလုံးပဲ ခရစ်စမတ်အချိန်အခါကို ရောက်ရှိလာပြီဆိုတော့ အိမ်မှာ ကလေးတွေနဲ့အတူတူ အနားယူရင်း ကြည့်လို့ရမယ့် ခရစ် စမတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်စမတ်ကာလရဲ့ နာမည်ကျော်သူခိုးကြီးတွေဖြစ်တဲ့ ဖရန့်ခ်နဲ့ တိုနီတို့ နှစ်ယောက်တို့ဟာ ဖရန့်ခ်ရဲ့ ညီဖြစ်သူက မွေးတဲ့ လီယမ်နဲ့ အိုလစ် ဗီယာဆိုတဲ့ ကလေးနှစ်ယောက်ကို ထိန်းပေးဖို့ရာ အကြောင်းဖန်လာ ပါတယ်။ ဆန်တာကလော့စ်နဲ့ ခရစ်စမတ်လက်ဆောင်တွေကို အရမ်းယုံကြည်တဲ့ အိုလစ်ဗီယာနဲ့ ခရစ်စမတ်ကို အယုံအကြည်မရှိတဲ့ လီယမ်တို့ဆီ ဆန်တာရဲ့ နတ်သူငယ်တစ်ပါးဖြစ်တဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပြီး၊သူတို့ရဲ့ မိဘတွေဆီကိုတော့ ဆန်တာကလော့စ်က ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိသွားတဲ့အခါမှာ… ခရစ်စမတ်ကာလတိုင်း မရိုးနိုင်တဲ့ မိသားစုဇာတ်လမ်းလေးကို ရယ်ရွှင်ဖွယ်ရာ များနဲ့အတူ ကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.3 GB) / (600 MB) / (311 MB) Quality…………WEB-RIP 1080p / 720p / 360p Duration………1Hr 27mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Family, Comedy Translator…….May Thet Khine Soe Encoder……….SWM

Action & Adventure • Drama • Sci-Fi & Fantasy
4.6 2022
The Good Witch of Christmas
The Antique Shop
5.7

The Antique Shop (2022) “ရှေးဟောင်းပစ္စည်းဆိုင်” ဆိုတဲ့ နာမည်အတိုင်းပါပဲ။ ရှေးဟောင်းပစ္စည်းဆိုင်က ပစ္စည်းတွေရဲ့ ဇာတ်လမ်း ၃ ပုဒ်ကို တင်ပြထားတာပါ။ ရှေးဟောင်းပစ္စည်းတွေမှာက ပိုင်ရှင်အဟောင်းတွေ ရှိတတ်တယ်။ အစောင့်အရှောက်တွေ ရှိတတ်တယ် ဆိုတဲ့ ဇာတ်လမ်းတွေ ပုံပြင်တွေ ကြားဖူးကြမှာပါ။ ဒါဆိုရင် ဒီဇာတ်လမ်းထဲမှာရော ဘာတွေ ဆက်ဖြစ်ကြမလဲ ကြည့်ကြရအောင်ပါ။ ဇာတ်လမ်းစပုံကတော့ ဒီလိုပါ။ စင်ကာပူသားတစ်ယောက် ထိုင်းနိုင်ငံက ရှေးဟောင်းပစ္စည်းဆိုင်ကို ရောက်တော့ ရှေးဟောင်းပစ္စည်းဆိုင်က ပြောပြတဲ့ ဇာတ်လမ်းတွေကို နားထောင်ရာကနေ စပါတယ်။ နံပါတ် (၁) ဇာတ်လမ်းကတော့ အင်ဒိုနီးရှားသရုပ်ဆောင် Rio Dewanto ရဲ့ “သေမိန့်ကျထိုင်ခုံ” နံပါတ် (၂) ဇာတ်လမ်းကတော့ စင်ကာပူမင်းသား Aloysius Pang ရဲ့ “‌‌လက်ကောက်ထဲကထောင်ချောက်” နံပါတ် (၃) ဇာတ်လမ်းကတော့ CIX member Bae Jinyoung၊ ထိုင်းမင်းသားချော Mean Phiravich တို့ရဲ့ “မွေးနေ့ပွဲ” ပါ။ ဒီပစ္စည်းတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိမလဲဆိုတာ တစိမ့်စိမ့်တွေးပြီး တရေးရေးကြောက်ဖို့ ဆိုင်ပိုင်ရှင်ပြောပြတဲ့ ဇာတ်လမ်းသုံးပုဒ်ကို စင်ကာပူသားနဲ့အတူ နားဆင်ကြည့်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size… 809MB | 437MB | 226MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

5.7 2022
The Antique Shop
[18+] The World of Adultery

The World of Adultery(2020) *************************** (18+ ကားမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…) လူတစ်စု တစ်အိမ်ထဲမှာနေပြီး ဖောက်လွှဲဖောက်ပြန်ဖြစ်ကြတယ်… တစ်ချို့က တစ်ယောက်က စပြီး တစ်ချို့အတွဲကြတော့ တစ်စုံလုံးစကြတယ်… ဒါတွေကိုအားကျပြီး တစ်စုံတရာက တစ်စုံတစ်ယောက်သောသူနဲ့ အိပ်ခန်းထဲဝင်သွားကြတယ်… တစ်ဖက်နဲ့ တစ်ဖက် …တစ်ချက်ချက်နဲ့ အချစ်ပွဲကို ဖဲမွေ့ရာပေါ်မယ် တစ်ဒုန်းဒုန်းဆင်နွဲကြတယ်.. လောကီရေးရာမှာ လိင်မှုကိစ္စရဲ့ တစ်စွန်းတစ်စ ဆိုးယုတ်မှုတွေကို တစ်ချက်တစ်ချက်စဉ်းစားရင်း တစ်ခုခုဖြစ်ချင်ကြရင်တော့ ဒီကားကိုကြည့်ကြပါ… File Size :(1.1GB) and (507MB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Adult , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Phyo Pyae

0 2020
[18+] The World of Adultery
Winter Sleep
8.1

ဒီဇာတ်ကားကတော့ IMDB 8.1 ရရှိထားတဲ့ တူရကီဇာတ်ကားတစ်ကားပါ။ ဒရာမာကားမျိုးဖြစ်တယ်ဆိုပေမဲ့ ကိုရီးယားဒရာမာမျိုးနဲ့ လုံးဝမတူတဲ့ခံစားချက်ကိုပေးတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ အိုင်ဒင်ဆိုတဲ့ လူကြီးတစ်ယောက်၊ သူနဲ့အသက်တော်တော်ကွာပြီး တွေးခေါ်ပုံမတူသလို ဆက်ဆံရေးအဆင်မပြေတဲ့ မိန်းမဖြစ်သူ နီဟယ်နဲ့ ယောကျာ်းဖြစ်သူနဲ့ ကွာရှင်းထားတာမကြာသေးတဲ့ အိုင်ဒင်ရဲ့ညီမဖြစ်သူ နယ်ရှလာတို့သုံးယောက်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်ကားက rating 8.1 အထိရထားရတဲ့အကြောင်းက ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်နဲ့ သူတို့ကြားထဲကဆက်ဆံရေးကို အကောင်းဆုံးနဲ့ အပြောင်မြောက်ဆုံးပုံဖော်သွားနိုင်တာကြောင့်ပါ။ ဇာတ်လမ်းက ခပ်အေးအေးနဲ့သွားတယ်ဆိုပေမဲ့လဲ ဇာတ်ကောင်နှစ်ယောက်ကြားက ငြင်းခုံရန်ဖြစ်ရင်း ပြောသွားတဲ့စကားတွေက သူတို့ရဲ့နစ်မြုပ်နေတဲ့ ခံစားချက်တွေကို တဖြည်းဖြည်းနဲ့ပေါ်လွင်လာစေပြီး ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာကို ခွဲခြားရခက်စေပါတယ်။ ဒရာမာဆိုတဲ့အတိုင်း တစ်ကားလုံးဒရာမာတွေနဲ့ပြည့်နေသလို ကြည့်ရှုသူကို တစ်ချိန်လုံးအတွေးနယ်ချဲ့နေအောင် လုပ်နိုင်တဲ့ဇာတ်ကားဖြစ်ပြီး ၃ နာရီ ၁၆ မိနစ်အထိကြာတာကြောင့် မိသားစုဒရာမာကြိုက်သူတွေအတွက် လက်လွှတ်မခံဘဲ ကြည့်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.19 GB / 875 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 3h 16m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

8.1 2014 196 mins
Winter Sleep
May December
7.4

May December (2023) ~ IMDb – 7.4/10, Rotten Tomatoes – 92% ~ May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို မွေးပေးခဲ့တယ်။ ဒီအမှုဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ ၂၀၀၄ထိ ထောင်ထဲနေခဲ့ရပြီး ၂၀၀၅မှာ ကျောင်းသားလေးနဲ့ လက်ထပ်ခဲ့တယ်။ ၂၀၁၉အထိ ၁၄နှစ် ပေါင်းသင်းခဲ့ကြတယ်။ ဒါကတော့ ဖြစ်ရပ်မှန်ပေါ့။ ဇာတ်ကားက ဒီအတိုင်းအတိအကျကြီးယူထားတာတော့ မဟုတ်ခဲ့ဘူး။ ဒီကားထဲတော့ ဂျူလီယန်မိုးရ်က အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ အလုပ်အတူတူလုပ်ရင်း သူ့သားရဲ့အခင်ဆုံးသူငယ်ချင်းကောင်လေးနဲ့ ဖောက်ပြန်တဲ့ ဂရေစီဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဇာတ်ကြောင်းပြောပြတဲ့ဆီမှာပဲ တွေ့နိုင်တော့မယ်။ ဒီကားက အဲဒီအဖြစ်တွေအလွန် အနှစ်နှစ်ဆယ်တာကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်မင်းသမီး အယ်လီဇဘက်ဘယ်ရီ တစ်ဖြစ်လဲ နာတာလီပေါ့မန်းဟာ ဂရေစီ့ဇာတ်ရုပ်နေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာတော့ ဂရေစီ့ကိုလေ့လာဖို့ ဂရေစီတို့အိမ်ကို လာလည်တယ်။ လာလည်တယ်ဆိုပေမဲ့ ခဏတဖြုတ်လာလည်တာမဟုတ်ဘဲ ဂရေစီ့ကိုလေ့လာဖို့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကချပေးတဲ့ ဘတ်ဂျက်ကျော်တဲ့အထိ နေခဲ့တယ်။ ဂရေစီ့ကိုရော ဒီအမှုနဲ့ ဆက်စပ်နေတဲ့လူတွေကိုရော အကုန်မေးမြန်းစုံစမ်းပြီး ဒီကိစ္စကြီးကို သေချာနားလည်နိုင်အောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ရင်း ထူးခြားစွာနဲ့ ဂရေစီဟာ အပြစ်ရှိစိတ်ရော နောင်တရော လုံးဝမခံစားရတာ သိလာတယ်။ ဒီလိုနဲ့ သူဟာ ဂရေစီ့ကို ပိုစိတ်ဝင်စားလာပြီး ဂရေစီ့ကို ပိုနားလည်လာအောင် သူ့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ပြီး ကြိုးစားကြည့်တဲ့အကြောင်းပေါ့။ အနှစ်နှစ်ဆယ်က ကိစ္စကြီးတစ်ခုရဲ့ သက်ရောက်မှုတွေကိုရော အနှစ်နှစ်ဆယ်က ကိစ္စကြီးကို ဇာတ်ကြောင်းပြန်ပြီးရော တငွေ့ငွေ့ချင်း အသက်သွင်းထားတာမို့ ဆွဲဆောင်အားတော့ တော်တော်လေးကောင်းတယ်။ နောက် သရုပ်ဆောင်တွေကလည်း ထိတ်ထိတ်ကြဲမင်းသမီး၂ယောက်အပြင် လက်သစ်ပေမဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အော်စကာဆန်ခါတင်ဝင်နိုင်တယ်ပါပြောနေကြတဲ့ Charles Melton အထိဆိုတော့ သရုပ်ဆောင်တွေရဲ့စကေးကိုလည်း ကောင်းကောင်းစောင့်ကြည့်လို့ရတယ်။ စီနီမာတိုဂရပ်ဖာကလည်း A24 ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ First Cow (2019), Mid90s (2018) တို့အပြင် Don’t Worry, He Won’t Get Far on Foot (2018), Emma (2020), Showing Up (2022) တို့ရဲ့ စီနီမာတိုဂရပ်ဖာ Christopher Blauvelt ကို သုံးထားတယ်။ သူက ခရစ္စတိုဖာ ဒွိုင်းလက်အောက်မှာလည်း အလုပ်လုပ်ဖူးတယ်။ ဒီကားဟာ ဒရာမာသက်သက်ပေမဲ့ အော်စကာဆန်ခါဝင်တွေ ဝင်နိုင်တဲ့ ဒီနှစ်ရဲ့အလန်းဆုံးကားတွေထဲက တစ်ကားဖြစ်လာနိုင်တယ်။ ‌မေဒီဇင်ဘာဆိုတဲ့နာမည်ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့ စုံတွဲတွေကို သုံးတဲ့စကားလုံးလို့ ဒါရိုက်တာက ဆိုထားတယ်။ မေဒီဇင်ဘာရဲ့ ဇာတ်လမ်းချဉ်းကပ်ပုံက ထူးတော့ ထူးတယ်ပြောရမှာပဲ။ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်အရ ဘယ်လိုမှကို လက်မခံနိုင်လောက်တဲ့ အမှားမျိုးကို လုပ်ထားတဲ့ လူတစ်ယောက်ကို နောက်လူတစ်ယောက်က ပြန်လေ့လာတာကို ပြထားတယ်။ ဒီလိုလေ့လာရင်း သူလည်း အဲဒီလိုလူမျိုးဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း ပြထားတယ်။ ဒါပေမဲ့ မတူတာက လူတွေဟာ ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတာမို့ တစ်ယောက်လိုလိုက်လုပ်တိုင်းလည်း အဲဒီတစ်ယောက်မဖြစ်လာနိုင်ဘူး။ ဂျူလီယန်မိုးရ်က သူလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်လုံကြောင်းပြောလိုက်ရင်း စိတ်မလုံနေတဲ့ နာတာလီပေါ့မန်းကို ခနဲ့လိုက်တဲ့အခန်းမှာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ဟာ အရမ်းသိသာသွားသလိုပေါ့။ တစ်ဖက်မှာလည်း ဂျူလီယန်မိုးရ်လုပ်ခဲ့တဲ့ကိစ္စကို နာတာလီပေါ့မန်းခြေရာကောက်ရင်း နားလည်သလိုလိုရှိလာတာကို ကျွန်တော်တို့တွေ့ထားရသလို သူကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေအရရော သူ့ခင်ပွန်းဖြစ်တဲ့ကောင်လေးရဲ့ စကားတွေအရရော သူ့လုပ်ရပ်ဟာ တရားဥပဒေအရတော့ အပြစ်ရှိပေမဲ့ သူတကယ်အပြစ်ရှိလား အပြစ်မရှိလား အကဲဖြတ်ဖို့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ဘူး။ May December ဟာ ဘာအကြောင်းလဲဆိုရင် ဒီလူ့ဘောင်ထဲက ကျင့်ဝတ်တွေနဲ့ လူ့ဆန္ဒကြားက ကျွန်တော်တို့နားမလည်နိုင်တဲ့ အကျိုးအကြောင်းတရားတွေကို တစေ့တစောင်းပြထားတဲ့ ရုပ်ရှင်သက်သက်လို့ ဆိုရမှာပဲ။ သူတို့ရဲ့အကြောင်းတရားတွေကိုတော့ ဇာတ်လမ်းမှာ လုံးစေ့ပတ်စေ့မရှင်းသွားသလို ဒါရိုက်တာအနေနဲ့ အဖြေတစ်ခုခုလည်း မပေးသွားပါဘူး။ Todd Haynes ဟာ ဒီတိုင်း သူတင်ပြချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုပဲ စိတ်ဝင်စားစရာကောင်းအောင် တင်ပြသွားခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2023
May December
Universal Soldier
6.1

90 ခုနှစ်​တွေက ထွက်​ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier​ ဇာတ်ကား​တွေကို ကြည့်ဖူးကြမှာပါ။ ၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ​ဒီဇာတ်ကားက​ Universal Soldier​ ရုပ်ရှင်​တွေရဲ့ ပထမဆုံး​ရုပ်ရှင်​ဖြစ်ပြီး​ Action/Sci-fi အမျိုးအစား​ဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့​နာမည်​ကျော်​ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေး​အရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှား​အာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်​အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့ ဗီယက်နမ်​စစ်ပွဲ​အတွင်း​မှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အ​ချင်း​များပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်​လုံး​သေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်​အစိုးရ​က ပြန်​အသက်​သွင်း​ပြီး မှတ်​ဉာဏ်​တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီး​ခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်​ဟောင်းတွေကို သတိရလာပြီး သတင်း​ထောက်​မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင်​ Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်​တွေပြန်ရရှိပြီး အထိန်း​အကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံး​ဖြတ်​ထားတဲ့ Andrew Scott က သူတို့​နောက်​ကိုလိုက်လာရာကနေ ရန်သူဟောင်းနှစ်​ဦးအားပြိုင်မှု ဖြစ်ပေါ်လာပါတော့တယ်။ ၉၂ ကထွက်ရှိခဲ့တဲ့ဒီဇာတ်ကားက အောင်​မြင်မှုရရှိခဲ့ပြီး နောက်​ဆက်​တွဲ​ဇာတ်ကား​များစွာ ထွက်​ရှိခဲ့ပါတယ်။ ၉၀ ခုနှစ်​ အက်ရှင်ဇာတ်ကားတွေရဲ့အငွေ့အသက်နဲ့အညီ ဖျော်ဖြေ​မှုကောင်းကောင်းပေးနိုင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ အက်​ရှင်ကြိုက်သူများ ဗန်ဒိန်းဖန်များ မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Thriller, Action, Science Fiction, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

6.1 1992
Universal Soldier
Lion of the Desert
8.3

IMDb 8.2, RT – 75% Old but gold ဖြစ်နေဆဲ ဂန္တဝင်မြောက် စစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကလည်း The messageကို ကိုင်တွယ်ခဲ့တဲ့ လက်ရာမြောက်ရုပ်ရှင်တွေကို ဖန်တီးလေ့ရှိတဲ့Moustapha Akkad ဖြစ်ပါတယ်။ ဒီရှင်ရှင်ရဲ့ဇာတ်လိုက်ကလည်း 90s bornတွေ အကုန်သိကြတဲ့ Oscars ဆု ၂ဆုပိုင်ရှင် မင်းသားကြီး Anthony Quinnက ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ အီတလီနိုင်ငံမှာ ဖက်ဆစ် တန်ခိုးကြီးထွားစင်ကာလပိုင်းခြားက ဖက်ဆစ်အီတလီတွေရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ဖြစ်ရပ်မှန်ပေါ်ကို အခြေပြုရိုက်ထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်တောင် မှန်သလဲဆိုရင် ၁၉၈၂ခုနှစ်မှာ “အီတလီရဲ့စစ်တပ်သိက္ခာကို စော်ကားတဲ့ရုပ်ရှင်”လို့သတ်မှတ်ပြီးတော့ကို ပိတ်ပင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀ရာစုမှာ ဥရောပနိုင်ငံကြီးတွေက စတင်နယ်ချဲ့ဖို့ကြိုးစားလာကြပါတော့တယ်။ အီတလီတွေကလည်း အမေကျော်ဒွေးတော်လွမ်းပြီး ရိုမန်အင်ပါရာကြီးကို ပြန်လည်ထူထောင်မယ်ဆိုပြီး နယ်ချဲ့မှုမှာ စတင်ပါဝင်လာတော့ပါတယ်။ နယ်ချဲ့တာက တန်ခိုးအာဏာ ဘုန်းတန်ခိုး ကြီးထွားချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နယ်ချဲ့ကြပေမယ့် နယ်ချဲ့ခံရတဲ့နိုင်ငံတွေက အကြီးကျယ် ဒုက္ခများရပါတော့တယ်။ အီတလီတွေ ပထမဆုံး နယ်ချဲ့တဲ့နိုင်ငံက မြေထဲပင်လယ်ထဲက အရေးပါတဲ့နိုင်ငံတစ်ခု ဖြစ်တဲ့ လစ်ဗျားနိုင်ငံကိုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း ဗြိတိသျှ ကျူးကျော်သိမ်းပိုက်ခံလိုက်ရတဲ့အတွက် သိမ်းပိုက်ခံလိုက်ရစဥ်ကတည်းက လွတ်လပ်ရေးမရခင်အထိ အင်္ဂလိပ်အစိုးရကို မျိုးဆက်အဆက်ဆက် တော်လှန်လာခဲ့ပါတယ်။ ထိုနည်းတူစွာပဲ လစ်ဗျားနိုင်ငံကလည်း အီတလီတွေကို တော်လှန်ခဲ့ပါတယ်။ လစ်ဗျားနိုင်ငံရဲ့တော်လှန်ရေးဖခင်ကြီးကတော့ အိုမာ မုခ်တာ ဖြစ်ပါတယ်။ တော်လှန်ရေးဖခင်ကြီး အိုမာ မုခ်တာက ဖက်ဆစ် အီတလီတွေကို ဘယ်လိုတော်လှန်မလဲ၊ ပြောက်ကျားစနစ်နဲ့ အီတလီတပ်တွေကို ဘယ်လိုခြေမှုန်းမလဲ၊ အီတလီတွေဘက်ကရော အိုမာ မုခ်တာနဲ့ တော်လှန်ရေးကိုခြေမှုန်းဖို့ ဘယ်လောက်ထိ ကြိုးစားကြမလဲ။ ဘယ်လို လူအခွင့်ရေးနဲ့မညီတဲ့ ယုတ်မာမှုတွေကို အီတလီတွေက ကျူးလွန်ခဲ့ကြလဲ။ အိုမာ မုခ်တာတို့ လစ်ဗျားတိုင်းရင်းသားတွေက ဘယ်လိုတော်လှန်ကြမလဲဆိုတာကို ဒီရုပ်ရှင်မှာပြည့်ပြည့်စုံစုံကြည့်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ထူးခြားချက်က သာမန်ရုပ်ရှင်လို ပေါ်လစီတွေ ထိုင်ပြောတာမျိုး၊ ဇာတိမာန်တွေကို ဒိုင်ယာလော့အနေနဲ့ ငြီးငွေ့နေအောင် ထိုင်ပြောတာမျိုး၊ ရန်သူလာရင် အော်ပြီး ထွက်ချတာမျိုးမဟုတ်ဘဲ ဗျူဟာကျကျနဲ့ စစ်ချီစစ်ချပုံစံတွေကို ဖော်ပြထားပါတယ်။ တော်လှန်ရေးဘက်က ဗျူဟာအမြင်တစ်ခုတည်းကိုပဲ မဟုတ်ဘဲ အီတလီတွေရဲ့စစ်ရေးဗျူဟာတွေကိုပါ ပြည့်ပြည့်စုံစုံ ရိုက်ကူးဖော်ပြထားတဲ့အတွက် ဒီရုပ်ရှင်က စစ်ကားကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(3.8 GB)/(2.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:53:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

8.3 1981 173 mins
Lion of the Desert
Novoland

ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့ နန်ဟွိုင်မြို့က ထူးဆန်းတဲ့လူသေမှုတွေကနေ အစချီပြောရမှာပဲ ။ ပထမဆုံးယွင်ကျိုးကနေလာတဲ့မှော်ဆရာတစ်ယောက်က ထူးထူးဆန်းဆန်း ကောင်းကင်ကအပေါက်ကြီးပေါ်လာပြီး သူလည်းသွေးအန်ပြီးသေဆုံးသွားခဲ့တာပါ ။ အဲဒီမှော်ဆရာရဲ့ဈာပနကိုတော့ သူ့မိတ်ဆွေမြေရှင်ချန်က ခမ်းခမ်းနားနားကျင်းပပေးခဲ့ပါတယ် ။ ဒါ့အပြင် နန်ဟွိုင်မြို့မှာ နောက်ထပ် မကောင်းတဲ့အရာတွေမကပ်အောင်လို့ မန္တန်တွေရွတ်ဖို့တခြားမှော်ဆရာတွေကိုပါဖိတ်ပြီး စားပွဲတစ်ခုပါကျင်းပခဲ့ပါတယ် ။ မထင်မှတ်ထားဘဲ အဲဒီဈာပနကျင်းပတဲ့ရက်မှာပဲ မြေရှင်ချန်ရော ဖိတ်ထားတဲ့မှော်ဆရာပါ ဆန်းကြယ်စွာသေဆုံးသွားပါတယ်။ နန်းတော်ကအစောင့်တပ်တွေစစ်ဆေးတဲ့အချိန်မှာ သေဆုံးသူရဲ့ဒဏ်ရာတွေက ထျန်းလော်ကြိုးမျှင်လို့ ခေါ်တဲ့လက်နက်ကြောင့်သေဆုံးခဲ့တာဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူ့ရဲ့ထျန်းလော်ကြိုးမျှင်လက်နက်ပျောက်သွားမှန်းတောင်မသိတဲ့ ယွင်ကျန့်ရယ် သူ့ဆရာဖြစ်သူရယ်က ဘာမှမသိလိုက်ဘဲ အဖမ်းခံလိုက်ရပါတော့တယ် ။ မဟုတ်မခံနဲ့ ဘာမဆိုဝင်‌ဖြေရှင်းတတ်တဲ့ယွင်ကျန့်တစ်ယောက် သူတို့ဆရာတပည့်အဖမ်းခံရတဲ့ကိစ္စကိုဘယ်လိုဖော်ထုတ်သွားမလဲ ? နောက်ကွယ်ကတရားခံကဘယ်သူဖြစ်နေမလဲ ? တခြားဘယ်လိုအမှုတွေရော ပါဝင်နေအုံးမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ ။

0 2024
Novoland
Marnie
7.1

၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marnie ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မင်းသမီးကြီး ‘Tippi’ Hedren နဲ့ မင်းသားကြီး Sean Connery တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မာနီက ဆွဲဆောင်မှုရှိတဲ့အပြင်ငယ်ရွယ်တဲ့အမျိုးသမီးလေးဖြစ်ပြီး နာမည်တုတွေအများကြီးနဲ့ ကုမ္ပဏီကြီးတွေမှာ အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ကာ အဲ့ဒီအလုပ်မှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ သူမအလုပ်သွားလျှောက်တဲ့ ရတ်ထ်လန်ကုမ္ပဏီရဲ့ သူဋ္ဌေး မက်ခ်ရတ်ထ်လန်က သူမကို မျက်စိကျပြီး အလုပ်ခန့်လိုက်ပြီးနောက် သူမရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး သူမကို အကြပ်ကိုင်ကာ သူ့ကို အတင်းအဓမ္မ လက်ထပ်စေပါတော့တယ်။ လက်ထပ်ပြီးသွားမှ သိလိုက်ရတာကတော့ မာနီက သူမကို ဘယ်ယောက်ျားသားကမှ ထိတွေ့တာကို မနှစ်သက်ပါဘူး။ မုန်တိုင်းတွေထန်တဲ့ညတွေမှာဆိုရင်လည်း အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတတ်ပါသေးတယ်။ ညဖက်တိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေတတ်တဲ့ မာနီ၊ မက်ခ်ကို သဘောကျပေမယ့် မက်ခ်ရဲ့ အထိအတွေ့ကို မနှစ်သက်တဲ့ မာနီ သူမဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲ။ မာနီကို ချစ်လွန်းလို့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်မှန်း သိလျက်နဲ့ လက်ထပ်ယူထားတဲ့ မက်ခ်ကရော သူမကို ကူညီပေးနိုင်ပါ့မလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Psychological thriller အမျိုးအစားဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre… Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Romance • Comedy • Science Fiction
7.1 1964 130 mins
Marnie
A Shine of Rainbows
7.1

သက်တန့်အလင်းရောင် “A Shine of Rainbows” ရတော့ ကြည်နူးစရာဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အိုင်ယာလန်က မိဘမဲ့ကလေး တောမတ်စ်ဟာ စရိုက်ကြမ်းတဲ့ မိဘမဲ့ဂေဟာတခုမှာ အထီးကျန်ဆန်စွာနေထိုင်ပြီး ဘဝကို ရင်ဆိုင်နေရတာပါ။ သူက လူကောင်‌သေးပြီး ရှက်ရွံ့တတ်သလို စကားထစ်တာကြောင့် ဂေဟာမှာ အနိုင်ကျင့်ခံနေရပါတယ်။ ‌ဒါပေမဲ့ အပြုံးအလှပိုင်ရှင် မိုင်ယာဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံတဲ့အခါမှာတော့ တောမတ်စ်ရဲ့ဘဝက တဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့စိတ်ဝိညာဉ်နဲ့ နှလုံးသားကို တောက်ပစေတဲ့ မိုင်ယာဟာ သူ့ကို သဘာဝကျွန်းတခုမှာ ခေါ်ယူမွေးစားပြီး ခင်မင်ရင်းနှီးမှု၊ လက်ခံမှုနဲ့ ချစ်ခြင်း မေတ္တာရဲ့စွမ်းအားတွေကို ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။ သဘာဝတရားနဲ့ သက်တန့်အလင်းရောင်ရဲ့ သာယာအေးချမ်းတဲ့ အလှအပတွေထဲမှာ တောမတ်စ်ဟာ အတိတ်က ဒဏ်ရာတွေကို ကုစားတတ်ဖို့ သင်ယူပြီး ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ကို ရှာဖွေနေပုံကို ကြည်နူးဆွတ်ပျံ့စွာခံစားရမယ့် မိသားစုဒရာမာဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…1.86GB / 869MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Romance • Fantasy • Horror
7.1 2009 101 mins
A Shine of Rainbows
CafĂŠ Daughter
5.6

ဒီဇာတ်ကားလေးကတော့ Dramaအမျိုးစားဖြစ်ပေမယ့် လူမျိုးရေးကိစ္စတွေလည်း အမျာကြီးပါပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကော်ဖီဆိုင်လေးဖွင့်ထားတဲ့ မိသားစုလေးတစ်စုမှာ စီးပွါးရေးအဆင်မပြေကြပါဘူး ဒီကြားထဲသူတို့မိသားစုက တရုတ်နဲ့ အင်ဒီးယန်း စပ်ထားတာပါ တရုတ်ဖြစ်တာကအဆင်ပြေပေမယ့် အင်ဒီးယန်းဆို အရမ်းလူမျိုးရေးခွဲခြားကြပါတယ် အဲ့ဒါကြောင့် အင်ဒီးယန်း မှန်းမသိအောင်နေထိုင်ခဲ့ရပါတယ် တစ်နေ့တော့ အမေဖြစ်တဲ့သူက နေမကောင်းဖြစ်တာကြောင့် သူ့အဖေဆီ သွားဖို့ဖြစ်လာပါတယ် သူတို့က အင်ဒီးယန်း မျိုးနွယ်တွေပါ အဲ့ကနေမှ လူမျိုးရေးခွဲခြားတဲ့အကြောင်းတွေနဲ့ မိသားစုလေးတစ်စုအကြောင်းကို ပေါ့ပေါ့ပါးပါးကြည့်လို့ရအောင် ရိုက်ပြထားတဲ့ပုံစံလေးဖြစ်ပါတယ် Dramaကြိုက်တဲ့သူတွေအတွက်တော့ အတော်အဆင်ပြေမယ်ထင်ပါတယ် ဇာတ်ကားနာမည်လေးက Cafe Daughterပါ File size…(1.7 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

5.6 2023 97 mins
CafĂŠ Daughter
Shell of Fear EnfermĂŠ
4.8

Shell of Fear (2024) IMDb Rating (4.8) ဒီဇာတ်လမ်းကတော့ Psychological Thriller ရုပ်ရှင်တွေ သဘောကျမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ဟာ တစ်ချိန်တုန်းက ဆမ်လို့ခေါ်တဲ့ အကြမ်းဖက်ဖောက်ခွဲရေးသမားတစ်ဦးဖြစ်ပြီး အဲဒီ အတိတ်ဆိုးတွေရဲ့ အရိပ်အောက်ကနေ ရုန်းမထွက်နိုင်ဖြစ်နေသူပါ။ ဒါကြောင့်သူဟာ ၅နှစ်ကြာတဲ့အထိ အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေနေပါတယ်။ သူ့ကို ပုံမှန်လာတွေ့သူတွေထဲမှာ သူ့ရဲ့စိတ်ကုဆရာဝန် သူ့ကိုသဘောကျနေတဲ့ လော်ရာဆိုတဲ့ ကောင်မလေး နဲ့ ပြည့်တန်ဆာမ တစ်ဦးဖြစ်တဲ့ ဒက်ဖနီတို့ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့အတိတ်က အကြမ်းဖက်သမားတွေ သူ့အိမ်ကို ရောက်လာပြီး ဗုံးဖောက်ခွဲဖို့ သူ့ကို အကျပ်ကိုင်ပါတော့တယ်။ သူတို့ ခိုင်းတာမလုပ်ရင် လော်ရာကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ပါတယ်။ အဲဒီညမှာပဲ ကောင်မလေးတစ်ယောက်ဟာ သူ့တိုက်ခန်းထဲခိုးဝင်လာပါတယ်။ ကောင်မလေးက သူ့ကို သတ်ချင်နေတဲ့သူတွေရှိနေတယ်လို့ဆိုပြီး အဲဒီသူက ဆမ်ကို အကျပ်ကိုင်တဲ့ ရန်သူပဲ ဖြစ်နေပါတယ်။ ဆက်လက်ပြီးတော့ သူတို့နှစ်ယောက်လုံးရဲ့ ဘုံရန်သူကို ဘယ်လို အတူတူရင်ဆိုင်ပြီး အခက်အခဲတွေကနေ ရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ တစ်ကားလုံးကို အခန်းကျဥ်းလေးတစ်ခုထဲမှာပဲ ဇာတ်အိမ်တည်ထားပြီး မထင်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.2 GB) / (480 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Thriller Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Marco

Action • Drama • History
4.8 2024 93 mins
Shell of Fear EnfermĂŠ