YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Paranormal.Activity.2007.1080p.(CM).mp4

1.75 GB 1080p video/mp4 196 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Any Given Sunday
6.8

“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ စရိုက်ပျက်မှုတွေ၊သူတို့ရဲ့ အကျဘက်ကိုရောက်လာမှာကို ကြောက်တဲ့ကြောက်ရွံ့မှုတွေ၊အားကစားလောကထဲက ဓနရှင်တွေရဲ့ ခြယ်လှယ်မှုတွေ စသဖြင့် ဘောလုံးလောကကြီးထဲက လူတွေအကြောင်းကို ချပြထားတယ်။ ခပ်ပေါ့ပေါ့အားကစားဇာတ်ကားတွေလဲ နိုင်ခြင်း၊ရှုံးခြင်းကို အဓိကပြထားတာမဟုတ်ဘဲ လူတွေ၊ဘဝတွေကို အဓိကထားပြထားတာမျိုးပေါ့။ အကောင်းဆုံး(အမေရိကန်)ဘောလုံးဇာတ်ကားလို့ ညွှန်းကြတဲ့အပြင် IMDB လဲ 6.9 အထိ ရထားတာမို့ အချိန်ပေးကြည့်ရတာ တန်မယ့်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။ File size…(2.3 GB)/(2.0 GB)/(1 GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:38:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

Drama • History • Thriller • War
6.8 1999 162 mins
Any Given Sunday
The Distributors
6

ဇာတ်လမ်းအစမှာတော့ ဒိုယူဘင်းဆိုတဲ့ ကျောင်းဆရာက ကျောင်းသား နှစ်ယောက်ကို သူတစ်ပါး ခွင့်ပြုချက်မပါဘဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ‌ပုံတွေကို ရိုက်ကူးတဲ့အတွက် ပြစ်ဒဏ်ပေးတာနဲ့ စတင်ထားပါတယ်။ အပြစ်ပေးခံရတဲ့ထဲက တစ်ယောက်က ရိုးသားကြိုးစားဖိုးသခွားလေး ... ဆိုလ်းတက္ကသိုလ်ကို သွားမယ့်သူဆိုပြီးတော့ ဆရာတွေ နှုတ်ဖျားမှာ နာမည်ကြီးနေတဲ့ အန်ဂျီဟို ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယောက်ဖဖြစ်လာမဲ့ အင်ဆောင်းမင်းတို့ဖြစ်တယ်။ ဒိုယူဘင်းဆိုတဲ့ ကျောင်းဆရာက မကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သာယာတဲ့ အိမ်ထောင်ရေးဘဝလေးကို စိတ်ကူးယဉ်နေသူပါ။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူ ‌ကောင်းမှုကြောင့် လက်မထပ်ရသေးခင်မှာ ကလပ်မှာသွား ကောင်မလေး နှစ်ယောက်နဲ့ သာယာပြီး မမေ့နိုင်စရာကောင်းတဲ့ ညလေး တစ်ညဖြစ်ခဲ့တယ်။ ပျောက်ဆုံးသွားတဲ့ အဲ့ဒီညကမှတ်ဉာဏ်တွေနဲ့အတူ တစ်စုံတစ်ယောက်ဆီကနေ ဖုန်းဝင်လာတဲ့အခါ ... သာယာတဲ့ အိမ်ထောင်ရေးဘ၀‌လေးကို စိတ်ကူးယဉ်ခဲ့တဲ့ ဒိုယူဘင်း တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မှာလဲ? ဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri ကရေးပေးထားပါတယ်။) File Size          : 1.1GB, 458MB, 268MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 41mins Genre              : Thriller Translated by Hnin Win, Miri & Estel Encoded by Kinnov

Action • Thriller
6 2022 101 mins
The Distributors
Love Like the Falling Petals
7.9

(၁) ဓာတ်ပုံဟူသည် အသိဉာဏ်၊ နှလုံးသားနဲ့ စက္ခုကို မြင်ကွင်းတစ်ခုတည်းအောက် ထည့်ထားလိုက်ခြင်းပင်။ ဓာတ်ပုံဆရာဖြစ်ဖို့ ပါရမီနဲ့ အတတ်ပညာကိုလိုကောင်းလိုပေမဲ့ အရေးအကြီးဆုံးမှာ ဓာတ်ပုံဆရာ၏ နှလုံးသားဟုဆိုသည်။ ကင်မရာခလုတ်ကို နှိပ်လိုက်သောအချိန်တွင် ကိုယ့်နှလုံးသားက ဘာကိုဖမ်းယူချင်စိတ်ရှိလဲဆိုသော အချက်က ဓာတ်ပုံ၏ အနှစ်သာရပင်။ ဓာတ်ပုံတို့သည် အခိုက်အတန့်လေးများကို ထာ၀ရတည်တံ့အောင် ထိန်းသိမ်းပေးထားနိုင်စွမ်းရှိ၏။ သူမသည် ဓာတ်ပုံများထဲတွင်တော့ ဟိုအရင်လို မပြောင်းမလဲတမ်း ရှိနေသည်သာ။ နှလုံးသားသည် ပွင့်ဖတ်ကြွေလွင့်လို ဖူးလွယ်ကြေလွယ်သောအရာဟု ရှေးလူတို့ ပြောကြဖူးသည်။ ပသို့ပဲဆိုဆို ဓာတ်ပုံတို့ထဲတွင် ကျွန်တော့်အချစ်တို့ ကျွန်တော်တို့အတိတ်တို့ ထာ၀ရ တည်တံ့နေလိမ့်ဦးမည်။ (၂) ချယ်ရီတွေကို သယ်ဆောင်လာတဲ့ နွေဦးမှာ ကိုယ်မင်းနဲ့တွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်ဟာ အိပ်မက်တွေနောက်ကို ရဲရဲမလိုက်ရဲခဲ့တဲ့ ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပါပဲ။ ဓာတ်ပုံဆရာဖြစ်ချင်ခဲ့ပေမဲ့ ခက်ခဲလွန်းလို့ လက်လျှော့ခဲ့တဲ့သူပေါ့။ အစကတော့ အဲဒီနေ့ဟာ သာမန်နေ့တစ်နေ့ပါ။ မထူးခြားနား မိန်းကလေးတစ်ယောက်ရဲ့ သာမန်မဟုတ်တဲ့အပြုံးက တလောကလုံးကို လင်းကျင်းစေနိုင်တယ်လို့ ကိုယ် ဘယ်သိခဲ့ပါမလဲ။ ချယ်ရီတွေလို ပန်းနုရောင် အလင်းဟာ ဒီလိုနဲ့ပဲ ကိုယ့်တစ်ဘ၀လုံး လင်းကျင်းစေခဲ့ဖူးတယ်။ (၃) ကြယ်မမြင်နိုင် ညပေါင်းများစွာကို လင်းစေသော တစ်စုံတရာရှိလိမ့်မည်ဆိုပါက ထိုအရာသည်ချစ်ခြင်းမေတ္တာပင်ဖြစ်ပါလိမ့်မည်။ ဒုက္ခသစ္စာအပြည့်နဲ့ ကမ္ဘာကို လှပနိုင်စေသည်မှာ အနုပညာနဲ့ ချစ်ခြင်းမေတ္တာသာရှိသည်ကို ကျွန်တော်သေချာပါသည်။ သူမသည် ကင်မရာခလုတ်ကို ထပ်နှိပ်ဝံ့စေသော နှလုံးသားကို ကျွန်တော့်အား ပေးအပ်ခဲ့၏။ မင်းဟာ ကိုယ့်အိပ်မက်တွေကို ကိုယ်လက်မလျော့တတ်အောင် သင်ပေးခဲ့တာပေါ့။ ပန်းညများစွာကို ဖန်ဆင်းခဲ့သူဟာ ပြန်လည်း ဖျက်သိမ်းတတ်တယ်လို့ ကိုယ်ဘယ်မြင်နိုင်ခဲ့ပါ့မလဲ။ (၄) ရထားချင်းလမ်းလွှဲ ဘူတာချင်းကွဲခဲ့ချိန်တွင် အလွမ်းသည် ဗေဒါရောင်ဖြစ်သည်။ တစ်လွှာချင်းကွာကျသော ချယ်ရီပွင့်ဖတ်များ ရပ်တန့်သွားချိန်တွင် ပြန်မရခဲ့ရသော သူမသည် ပန်းနုကောင်းကင်ကလေးဖြစ်ခဲ့၏။ (၅) ဘေဘီ ခံစားချက်လမ်းပေါ်မှာ မျှော်လင့်ချက်ဆုံးနေလည်း သိပ်သိပ်ချစ်တဲ့ မြေကြီးနဲ့ကောင်းကင်ပဲ အချစ်ဆုံးနှစ်ယောက် ဝေးလေပြီ။ (၆) မင်းမရှ်ိတော့တာ နည်းနည်းတောင်ကြာခဲ့ပါပြီ။ အဲဒီနောက်ပိုင်းမှာ မင်းစွန့်ခွာသွားတဲ့အကြောင်းရင်း အမှန်တရားကို ကိုယ်သိခဲ့ရတယ်။ ကြာခဲ့ပါပြီ။ အဖြစ်မှန်ကို သိခဲ့ပေမဲ့ ကိုယ့်အတွက်အဖြေမှန်ကိုတော့ ကိုယ် အခုထိမသိခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ်ဆက်ကြိုးစားရှာနေဦးမှာပါပဲ။ ဒီလိုနွေဦးရောက်တိုင်းလည်း မင်းကို သတိရနေဦးမယ်။ ကိုယ့်အချစ်က ပွင့်ဖတ်ကြွေလို....... (၇) ဘေဘီ ခံစားချက်လမ်းပေါ်မှာ နင်ရယ်ငါ အသည်းနှလုံးကွဲအောင် ဝေးလေပြီ။ တို့ဟာ မြေကြီးနဲ့ကောင်းကင်ပဲ မျှော်လင့်ချက်ဆုံးနေလည်း အသည်းမကွဲဘူး။ (၈) ချယ်ရီကြွေသောလမ်းများ၊ တိုကျိုတာဝါ၊ ဆံပင်ညှပ်ဆိုင်ခုံကလေးများ၊ အတူသွားဖူးသော စားသောက်ဆိုင်၊ ရောင်နီများ၊ နေ၀င်ချိန်များ၊ သစ်ခြောက်ပင်များ၊ ချယ်ရီပန်းများ တစ်ခါက ဓာတ်ပုံများထဲ ကျန်ရှိနေသေးသည်။ မရှိတော့ပြီဖြစ်သော သူမသည် ဓာတ်ပုံတို့ထဲတွင် ထင်ကျန်နေသေးသည်။ သူမကို ကျွန်တော် ရှာရပါဦးမည်။ ဓာတ်ပုံများထဲပင်ဖြစ်စေ လမ်းဟောင်းလေးထဲတွင်ဖြစ်စေ ကျွန်တော် သူမကို ရှာနေမိဦးမည်။ ရှာရဦးမည်......။ ချယ်ရီတို့ဝေနေပြန်ပါပြီ... ကျွန်တော် သူမကို ရှာရဦးမည်။ ရှာရဦးမည်....။ စာကြွင်း - ရုပ်ရှင်ကောင်း ဟုတ်မဟုတ် ကျွန်တော်တို့ ဘာပေတံနဲ့ တိုင်းပြီး ဆုံးဖြတ်ကြတာလဲ။ ခန့်မှန်းရခက်တဲ့ Plot Twistတွေနဲ့လား၊ တစ်စုံတရာသော မက်ဆေ့နဲ့လား၊ တခြားအကြောင်းရင်းနဲ့လား၊ လူတစ်ကိုယ် မူတစ်မျိုးကွဲကြမှာပဲ။ ကျွန်တော်တော့ ကြည့်ပြီး ခံစားမှုတစ်ခုခုရရင် ရုပ်ရှင်ကောင်းလို့ သတ်မှတ်လိုက်တာပါပဲ။ အထူးသဖြင့် ဒါရိုက်တာရဲ့ နှလုံးသားကို‌ တွေ့ရတဲ့ ရုပ်ရှင်တွေကိုပေါ့။ Love Like Falling Petalsဟာ တစ်စုံတရာသော ခံစားမှုကိုပေးနိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ Color Me Trueကို ဇာတ်ညွှန်းရေးခဲ့တဲ့စာရေးဆရာမက ၀တ္တုကိုရေးထားပြီး Let Me Eat Your Pancreas ဇာတ်ညွှန်းဆရာမက ဇာတ်ညွှန်းရေးသားထားပါတယ်။ ရည်ညွှန်း- ၅၊ ၇ နင်ကကောင်းကင် ငါကမြေကြီး သုခမိန်လှိုင် ၊ နော်လီဇာ =================================== အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality….WEB-DL 1080p and 720p and 480p File size… Format…mp4 Duration…. Subtitle….Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.9 2022 128 mins
Love Like the Falling Petals
The One You Love
10

ချစ်သူဆိုတာ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကို ချစ်နေရတဲ့သူ ရယ်လို့ ရှိပါတယ်။ ချစ်ခဲ့ဖူးသူကလည်း ချစ်သူ ဖြစ်ခဲ့ဖူးတာပေါ့။ ချစ်ခဲ့ဖူးသူကိုလည်း ကိုယ်က တကယ်ချစ်ခဲ့ရတယ်။ ကိုယ့်ကို ချစ်လာတဲ့လူကိုလည်း ကိုယ်က ချစ်နေမိပြီ။ ဒါပေမယ့် ဒီလိုအချိန်မှာမှ ချစ်ခဲ့ဖူးသူ ရည်းစားဟောင်းက ကိုယ့်ဆီ ပြန်ရောက်လာတဲ့အခါမှာတော့ ..... ဒီဇာတ်လမ်းကတော့ ဒီလိုမျိုး ၃ ပွင့်ဆိုင်ပါပဲ။ အင်္ဂလန်မှာ ကြီးပြင်းပြီး အဲဒီမှာပဲ ကျောင်းတက်နေတဲ့ အင်္ဂလန်သားလေး''ဒန်နီ''နဲ့ ဟောင်ကောင်မှာမွေးပြီး အင်္ဂလန်မှာပဲ ကျောင်းလာတက်တဲ့ မင်းသမီးလေး ''ဒါနီ''၊ သူ့ရည်စားဟောင်း ''အဲလက်စ်''တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပေါ့ တိုက်ခန်းတစ်ခန်းထဲမှာ အတူတူ နေပေမယ့် မသိကြတဲ့ ''ဒန်နီ''နဲ့' 'ဒါနီ'' သူငယ်ချင်း ''ဂျီဂျီ'' မိတ်ဆက်ပေးမှ သိကြရာက ဖြစ်လာမယ့် သူတို့အချစ်ရေးကြောင့် လောလောလတ်လတ်မှာ အသည်းကွဲထားတဲ့ ''ဒါနီ''တစ်ယောက် ''ဒန်နီ''ကို ​ပြန်ချစ်နိုင်ပါ့မလား။ ဒါ့ပြင် ရည်စားဟောင်းက ပြန်လာတောင်းပန်တဲ့အခါ ''ဒါနီ'' ပြန်လက်ခံမလား ဘယ်လိုဖြစ်မလဲ သူတို့၂ယောက်ထဲက ဘယ့်သူ့ကို ရွေးမလဲ ဒါဟာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေပါပဲ။ ကိုယ်သာ ဆိုရင်ရော ဘယ်သူ့ကို ရွေးဖြစ်မယ် ထင်ပါသလဲ ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့အဖြစ်သနစ်ကို ချဉ်းနင်းလေ့လာ ခံစားကြည့်ရအောင်ပါ။ အာရှအချစ်ကားကောင်းကောင်းလေး ကြိုက်တတ်ရင်တော့ ဒီကားက ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pone Nyet Khaing ပဲ ဖြစ်ပါတယ်။ Genre.....Romance, Drama Quality….WEB-DL 720p and 480p Format…mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hardsub) Translator ..... Pone Nyet Khaing Encoder ..... August

Comedy • Horror
10 2019 85 mins
The One You Love
Once Upon a Time… in Hollywood
7.4

တစ်ခါတုန်းက ဟောလိဝုဒ်မှာ ဆိုတဲ့ ရုပ်ရှင်လေးကို တင်ပေးလိုက်ပါတယ်။ ဒါကတော့ ရုပ်ရှင် ၁၀ ကား ရိုက်ပြီးရင် အနားယူပါတော့မယ်ဆိုတဲ့ ဂန္ဓဝင်ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ ၉ ကားမြောက်ရုပ်ရှင်ပါပဲ။ အရင်ရှစ်ကားကတော့ Django Unchained (2012) ... The Hateful Eight (2015) ... Death Proof (2007) ... Inglourious Basterds (2009) ... Reservoir Dogs (1992) ... Kill Bill: Vol. ... Kill Bill: Vol. ... Jackie Brown (1997) ဆိုတဲ့ကားတွေပါပဲ။ ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်ခေတ်ဟောင်းကို ပြန်တမ်းတဖို့ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ခေတ်ဟောင်းကောင်းဘွိုင်ကားအကြောင်းတွေ၊ ဟောလိဝုအထာတွေ၊ အဲဒီခေတ်ရဲ့ ဟစ်ပီတွေနဲ့ ပုံဖော်ထားတာပါပဲ။ လီယိုနာဒို၊ ဘရက်ပစ်၊ မာဂေါ့ ရော်ဘီ တို့ အဓိက ပါဝင်ထားပါတယ်။ လီယိုနာဒိုကတော့ ရစ်ခ် ဒယ်တန်ဆိုတဲ့ နာမည်ကျဆင်းနေတဲ့ ဟောလိဝုဒ် မင်းသားပေါ့။ တစ်ချိန်ကတော့ ဂျိတ်ကေဟေးဆိုတဲ့ ကောင်းဘွိုင်ဇာတ်ကောင်နဲ့ ပေါက်ခဲ့ဖူးခဲ့သူပါ။ အခုတော့ ဇာတ်လမ်းတွဲလေးတွေမှာ ဗီလိန်လိုက်လုပ်ပေးနေရပါပြီ။ သူ့ရဲ့ စတန့်အရံကတော့ ကလစ်ဖ် ဘုသ် ( ပရက်ပစ်) ပါပဲ။ သူကတော့ ရစ်ခ်ရဲ့ မိတ်ဆွေကောင်းအဖြစ် အတူရုန်းကန်နေတဲ့သူပေါ့။ မာဂေါ့ရော်ဘီကတော့ ဟောလိဝုဒ်နာမည်ကျော် ဒါရိုက်တာ ရိုမန် ပိုလန်းစကီးရဲ့ မိန်းမအဖြစ် သရုပ်ဆောင်ထားပါတယ်။ မထင်ရှားသေးတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ အခြေအနေကိုလည်း ပြထားတာပေါ့။ သူတို့တွေကို အခြေခံပြီး ဟောလိဝုအထာ၊ ဟစ်ပီတွေ၊ အီတလီရုပ်ရှင်တွေနဲ့ ၁၉၆၀ ဝန်းကျင် ရွှေခေတ်ကို ပုံဖော်ပြထားတာလေးကို လှလှပပ ခံစားကြည့်ရမှာပါ။ ဘောနက်စ်အနေနဲ့တော့ ဘရုစ်လီဇာတ်ကောင်ကိုလည်း တွေ့ရပါလိမ့်ဦးမယ်။ ဘရုစ်ဖန်တွေတော့ နည်းနည်းထိရှမလားပဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်….

Action • Comedy • Romance
7.4 2019 162 mins
Once Upon a Time… in Hollywood
Escape from the Planet of the Apes
6.1

ရုပ်ရှင်တွေထဲမှာ ကမ္ဘာကျော် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ Star Wars, Star Treks စသည်ဖြင့်ပေါ့။ အဲဒီလိုပဲ အခုတင်ဆက်လိုက်တဲ့ Planet of the apes တွေကလည်း ဂန္ဓဝင်ပါပဲ။ စုစုပေါင်း ၅ ကား မူလထွက်ရှိခဲ့ပါတယ်။ နောက်ထပ် သုံးကားထွက်ရှိခဲ့ပါတယ်။ မူရင်း ၅ ကားကတော့ Planet of the Apes (1968) Beneath the Planet of the Apes (1970) Escape from the Planet of the Apes (1971) Conquest of the Planet of the Apes (1972) Battle for the Planet of the Apes (1973) တို့ဖြစ်ပြီး ချန်နယ်မြန်မာမှာ ငါးကားလုံးကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အခုကတော့ Beneath Of The Planet Of Apes ရဲ့နောက်ဆက်တွဲ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် အရင်ကားထဲမှာ ကမ္ဘာကြီးဟာ အကုမြူဗုံးကြီးပေါက်ကွဲသွားပြီး ပျက်ဆီးသွားခဲ့တာပါ အဲဒီကနေပြီးတော့ တေလာရဲ့ အာကာသယာဉ်ကို ပြင်ဆင်ပြီး ကော်နီးလီယပ်စ်ရယ် ဇီရာရယ် မိုင်လိုရယ်တို့ ၃ယောက်သားဟာ ထွက်ပြေးခဲ့ကြတာပေါ့ အဲဒီလိုပေါက်ကွဲတဲ့အချိန်မှာပဲ သူတို့ရဲ့ ယာဉ်ကြီးဟာ အချိန်နောက်ပြန်ရောက်သွားပြီးတော့ အမေရိကန်နိုင်ငံရဲ့ ကယ်လီဖိုးနီးယား ကမ်းလွန်ပြင်တစ်ခုမှာ ဆင်းသက်ခဲ့ကြပါတယ် အဲဒါကို ကင်းပတ်နေတဲ့ရဟတ်ယာဉ်ကတွေ့သွားပြီး ဆည်ယူလိုက်တာကနေ ယာဉ်ပေါ်မှာမျောက်တွေပါလာတာကို သိသွားခဲ့ကြတာပါ အဲဒီလိုနဲ့ ခေတ်တစ်ပတ်ပြောင်းပြန်လည်ပြီး မျောက်တွေစကားမပြောတတ်တဲ့ နေရာကိုပြန်ရောက်သွားတဲ့ သူတို့၃ယောက်ဟာ ဘာတွေဆက်ဖြစ်ကြမလဲ လူတွေကသူတို့ကိုဘယ်လိုဆက်ဆံကြမလဲ ပထမဆုံးကားမှာပါတဲ့ ဒေါက်တာ ဟတ်စလန်ဆိုတာဘယ်လိုလူမျိုးလဲ ဇီရာတို့ကိုရော ကူညီပေးတဲ့သူရှိပါ့မလား တစ်ခုထူးခြားတာက ဇီရာဟာ ဒီကားထဲမှာကိုယ်ဝန်ရှိနေခဲ့တာပါပဲ အဲဒီတော့ သူတို့ကလေးလေး ကိုရော ကောင်းကောင်းမွန်မွန်မွေးရပါ့လား လူတွေကဘယ်လောက်ထိရက်စက်နိုင်မလဲဆိုတာကို တဝကြီးကြည့်ရှုခံစားရဦးမှာပါ File size…(1.63gb)/(970gB)/(481MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre…Action / Sci-fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Planet of the Apes (1968) download link Beneath the Planet of the Apes (1970) download link Escape from the Planet of the Apes (1971) download link Conquest of the Planet of the Apes (1972) download link Battle for the Planet of the Apes (1973) download link

Action • Adventure • Science Fiction
6.1 1971
Escape from the Planet of the Apes
On your own street, We are
4

On your own street, we (너만의 거리에서, 우리는) (2022) Squid Game မှာတုန်းက တစ်ခန်းထဲပါပြီး Scene Stealer လုပ်သွားတဲ့ Lee Jung Joon နဲ့ WSJN ထဲက အချောလေး Eun Seo တို့ရဲ့ မူဗီအသစ်လေး ရပါပြီ ဝူယောင်းဝူလေးကို အပတ်တိုင်းစောင့်ကြည့်ခဲ့သူတွေအဖို့ကတော့ မသန်စွမ်းကလေးတွေရဲ့အမူအကျင့်တွေ၊ သူတို့ရဲ့သဘောသဘာဝတွေနဲ့စိမ်းမှာမဟုတ်ပါဘူး။ ဒီနေ့မှာတော့ မွေးရာပါ Autism ရောဂါသည်လေး “ဆွန်းမို” နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အထက်တန်းကျောင်းသားအရွယ် မွေးရာပါမသန်စွမ်းကောင်လေး “ဆွန်းမို” .. တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်တာမို့ မိဘတွေကလည်း ဆွန်းမိုကိုအရမ်းချစ်ကြသလို “မသန်စွမ်းကလေးရဲ့မိဘတွေမို့ ကိုယ့်ကလေးထက် တစ်ရက်လေးပဲ အသက်ပိုရှည်ချင်တဲ့ ဆန္ဒပဲ ရှိတာပါ” လို့ ပြောရအောင် ဆွန်းမိုရဲ့အနာဂတ်အရေးကိုပူပန်နေကြသူတွေပါ။ အထူးသဖြင့် အထက်တန်းကျောင်းသားအရွယ် ဆွန်းမို ကျောင်းပြီးလို့ အသက်မွေးဝမ်းကျောင်းအလုပ်လုပ်ရတဲ့အခါ သူများကလေးတွေနဲ့တန်းတူမလုပ်နိုင်မှာကိုလည်း မိဘတွေခမျာ ပူပန်နေရတာပေါ့။ “မသန်ပေမယ့် စွမ်းတဲ့” ဆွန်းမိုကတော့ ကော်ဖီဖျော်တဲ့နေရာမှာ ဆရာကြီးပါ။ ကော်ဖီစေ့အမျိုး ၅၀လောက်ကို အနံ့ခံရုံနဲ့အမျိုးအစားခွဲနိုင်ပြီး ကော်ဖီဖျော်တာကိုကျွမ်းကျင်ပေမယ့် သူတကယ်ဝါသနာပါတာက Barista အလုပ်မဟုတ်ဘဲ ပန်းချီဆွဲတာဖြစ်နေတဲ့အခါ ..။ တစ်နေ့မှာတော့ ဆွန်းမိုတို့ဦးလေးရဲ့ကော်ဖီဆိုင်ကို “ဘတ်ချာယောရာ” လို့ခေါ်တဲ့ အချိန်ပိုင်းအလုပ်သမလေး ရောက်လာပါတော့တယ်။ နာမည်ကအစထူးဆန်းနေတဲ့ ဘတ်ချာယောရာက အမြဲလွတ်လပ်ပေါ့ပါးနေတတ်ပြီး ကိုယ်မှန်တယ်ထင်ရင်ဘယ်သူ့ကိုမှမကြောက်သူ .. သူတစ်ပါးရဲ့ကိစ္စကိုလည်း ဝင်စွက်ဖက်တတ်ပြီး လမ်းမှားရောက်နေရင်လည်း လမ်းမှန်ပေါ်ပြန်ရောက်အောင်တည့်မတ်ပေးတတ်ပြန်တဲ့ “မစပ်စုလေး” ဖြစ်နေတဲ့အခါ ..။ ဘတ်ချာယောရာတစ်ယောက် ဆွန်းမိုရဲ့ဘဝကို ဘာတွေပြောင်းလဲပေးလိုက်နိုင်မလဲ .. သူကိုယ်တိုင်ကရော ဘယ်လိုအဖြစ်မျိုးတွေကြုံခဲ့ပြီး လက်ရှိပုံစံနဲ့ကောင်မလေးအဖြစ်ရှင်သန်နေရတာလဲ ..။ ဆွန်းမိုအဖြစ် “Lee Jung Joon” ကပါဝင်သရုပ်ဆောင်ထားပြီး ဘတ်ချာယောရာအဖြစ် မကြာသေးခင်ကကျင်းပခဲ့တဲ့ “Queendom S2” မှာအနိုင်ရရှိခဲ့တဲ့ WJSN အဖွဲ့က အလှလေး “Eunseo” ကပါဝင်သရုပ်ဆောင်ထားသလို လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ “ဝါသနာ နဲ့ အသက်မွေးဝမ်းကြောင်း” ကြားက ဒွိဟတွေ .. ကိုယ်ရွေးချယ်စရာမရှိဘဲ ရလာတဲ့ဘဝမှာဘယ်လိုမျိုးအကောင်းဆုံး အပျော်ရွှင်ဆုံးနေထိုင်သွားကြမလဲ .. စတာတွေကို ပုံဖော်ထားတဲ့ ပညာပေးဇာတ်လမ်းလေးမို့ ကြည့်ရတန်တဲ့ကားကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre…..Drama, Family Quality…. 1080p | 720p | 480p File size…673MB | 372MB | 172MB Format… mp4 Duration….1h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. August

Action • Adventure • Crime • Thriller
4 2022
On your own street, We are
Steve-O: Guilty as Charged
6.2

Steve-O: Guilty as Charged (2016) ======================== IMDb Rating – 6.2/10 လူတစ်ယောက်ရဲ့အကျင့်ကိုဖျောက်ဖို့ ဆိုတာ ဘေးကနေ မလုပ်နဲ့လို့ ပြောနေတာထက် ကိုယ်တိုင်အသိ၀င်ပြီးမှသာ ပြောင်းလဲလို့ရတာကို သိကြမှာပါ။ စတိဗ်-အိုရဲ့ ဒီ TV special မှာလည်း အဲဒီအချက်ကို အထင်းသားမြင်ရပါတယ်။ ပေါက်ကရစတန့်လုပ်ထားတဲ့ ဟာသဗီဒီယိုတွေ၊ YouTube ဟာသ ဗီဒီယိုအကြည့်များတဲ့သူတွေကတော့ စတိဗ်-အိုကို သေချာပေါက် သိကြမှာပါ။ သူဟာ reality comedy series Jackass နဲ့ Jackass ရုပ်ရှင်တွေနဲ့ လူသိများတဲ့ နာမည်ကျော် အမေရိကန်ဟာသဖျော်ဖြေ ရေးသမား၊ စတန့်သရုပ်ဆောင်နဲ့ YouTuber တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဒီ TV special မှာတော့ စတိဗ်-အိုရဲ့ ဘ၀ဖြစ်စဉ်နဲ့ အပြောင်းအလဲတွေကို ရယ်ရွှင်ဖွယ်ရှုမြင်နားဆင်ကြရမှာပါ။ ငယ်စဉ်ကတည်းက ပြဿနာအိုး‌၊ ဆေးသမားဖြစ်ခဲ့ပြီး တက္ကသိုလ်က ထုတ်ခံရတဲ့အထိ ဆိုးသွမ်းခဲ့သူပါ။ ဟာသဖျော်ဖြေရေးသမား၊ စတန့် သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေတဲ့ ကာလအတွင်း သူပေါက်ကရလုပ် ခဲ့တဲ့ အဖြစ်တွေ၊ သူ့ရဲ့ဆေးစွဲပြဿနာ၊ sex addict ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့လဲ၊ ပုထုဇဉ်လူသားပီပီ မကောင်းမှုမှာ ဘယ်လိုတွေမွေ့လျော်ခဲ့လဲဆိုတာတွေကို ဟာသနှောပြီး တင်ဆက် ထားပါတယ်။ တစ်ယောက်တည်း စင်ပေါ်တက်ပြောနေလို့ ပျင်းရမယ်တော့ မထင်ပါနဲ့၊ သူ့ရဲ့ တဲ့တိုးဆန်တဲ့ ဟာသစကားလုံးတွေ အမူအရာတွေကြားမှာ တခွီးခွီး ရယ်မောရင်း လိုက်မျောပါသွားမှာ သေချာပါတယ်။ သူဟာ သူများတွေလို ဘယ်နှစ်ယောက်ပေါင်းပြီး လောင်းကျော်တာမျိုးမဟုတ်ပါဘူး၊ သူတစ် ယောက်တည်းနဲ့ကို လောင်းကျော်နေသူပါ။ အဲဒါကြောင့် သူ့ရဲ့ဒီရုပ်ရှင်ဟာ ခဏတာရယ်မောရဖို့ အချိန်ပေးကြည့်ဖို့တန်ပါတယ်။ (18+ ဟာသတွေ တစ်ပြုံကြီးပါတာမို့ မိသားစုအတူမကြည့်သင့်ဘူးဆိုတာ တော့ ကြိုတင်သတိပေးပါရစေ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.06 GB) / (403 MB) Quality…………WEB-RIP 1080p / 720p Duration………50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….C’mon Encoder……….Zin Phyo Aung

Horror • Mystery • Thriller
6.2 2016
Steve-O: Guilty as Charged
Wonderwell
4.9

Wonderwell (2023) =============== လွယ်လွယ်ပြောရရင် ၁၂ နှစ်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ အိမ်ပြန်နိုင်ဖို့ ကြိုးစားတဲ့ဇာတ်လမ်းလေးပေါ့။ ဒါပေမဲ့ ဒီကောင်မလေး မှာ ထူးခြားတာက ပန်းပွင့်လေးတွေနဲ့ ပတ်သက်တဲ့ မှော်အစွမ်းတွေ ရှိနေတာပါပဲ။ ပန်းပွင့်လေးတွေကို ထိလိုက်တာနဲ့ သူ့ရဲ့လက်မှာ လာ ရစ်နွယ်သွားပြီး လက်ကောက်လေးတစ်ခုလို ဖြစ်သွားတတ်တယ်။ သူကတော့ ဒီအစွမ်းတွေကို လျှို့ဝှက်ထားရင်းနဲ့ပဲ နေလာခဲ့ပါတယ်။ တစ်ရက်မှာတော့ စုန်းမကြီးရှိတယ်လို့ နာမည်ကြီးတဲ့ တောအုပ်ကြီး ထဲက ရေတွင်းတစ်ခုဆီ ရောက်သွားခဲ့ပြီး အဲဒီရေတွင်းကနေ တခြား ကမ္ဘာတစ်ခုဆီ ရောက်ရှိသွားခဲ့ချိန်မှာတော့….ဒီလိုနဲ့ သူ့ရဲ့ အိမ်အပြန် ခရီးစဉ်ကို စတင်ရတော့တာပေါ့။ အိမ်ပြန်နိုင်ဖို့ ကြိုးစားတယ်ဆိုတော့ သူ့မိသားစုက နွေးထွေးတဲ့ မိသား စုလေးမို့လို့နေမယ်လို့ တွေးလိုက်မိရင်တော့ မှားသွားလိမ့်မယ်။ အချိန်ပြည့် ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တဲ့ အဖေဖြစ်သူရယ်၊ အရယ် အပြုံးမရှိတဲ့ အမေဖြစ်သူရယ်၊ မော်ဒယ်ရူးရူးနေတဲ့ အစ်မဖြစ်သူရယ် ဒီသုံးယောက်ရှိတဲ့ အိမ်ကိုပါတဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.4 GB) / (544 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family, Fantasy Translator……May Thet Khine Soe Encoder……….SWM

4.9 2023
Wonderwell
Sitting in Bars with Cake
6.5

“အခက်ခဲဆုံးအချိန်တွေမှာ ဘေးနားမှာရှိနေပေးတဲ့သူကမှ စစ်မှန်တဲ့သူငယ်ချင်း” ဆိုတဲ့အတိုင်းပဲ ကိုယ်ကောင်းစားနေတုန်းကတော့အနားမှာရှိနေပေမဲ့ အခက်အခဲကြုံလာတဲ့အခါ တကယ့်သူငယ်ချင်းစစ်စစ်ပဲကျန်ခဲ့ပြီး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြတဲ့ fake friend တွေနဲ့ကြုံဖူးကြမှာပါ ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားကစစ်မှန်တဲ့ သံယောဇဉ်ကိုအသားပေးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ် IMDb 6.5 ရရှိထားပြီး ဒီနှစ်အတွင်း ကြည့်ရှုသူဆက်တိုက်မြင့်တက်လာနေတဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့…. Jane နဲ့ Corrinne တို့ဟာငယ်ကတည်းကခင်လာခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်လာတဲ့အထိအတူတူကြီးပြင်းလာခဲ့ကြတာပါ Corrinne ကတော့အပြင်ထွက်ရတာကြိုက်ပြီးအပေါင်းအသင်းများပေမဲ့ Jane ကတော့အရှက်ကြီးတဲ့စာဂျပိုးတစ်ယောက်ဖြစ်ပါတယ် တစ်နေ့တော့ Corrinne ရဲ့မွေးနေ့အတွက်ဘားတစ်ခုမှာ သွားကဲကြရင်း ဘားမှာကိတ်မုန့်တွေကျွေးတာက Jane ကိုလူတွေစိတ်ဝင်စားလာစေတယ်ဆိုတာကို သတိထားမိသွားပါတော့တယ် ဒီလိုနဲ့သူတို့သူငယ်ချင်းတွေစုပြီး “Cakebarring” ဆိုတဲ့ဘားတွေကိုကိတ်မုန့်ယူသွားပြီး Jane အတွက်ကောင်လေးရှာပေးဖို့ ပရောဂျက်ကြီးကိုစတင်လိုက်ပါတော့တယ် အားလုံးအဆင်ပြေချောမွေ့နေခဲ့ပေမဲ့ ရုတ်တရက် Corrinne တစ်ယောက်ဦးနှောက်အကျိတ်ကြောင့်ဆေးရုံတင်လိုက်ရပြီး ကင်ဆာရောဂါဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့….. ကင်ဆာရောဂါကလူကိုတစ်စတစ်စတိုက်စားနေပေမဲ့ Corrinne ကတော့ဘေးမှာအမြဲရှိနေပေးတဲ့သူငယ်ချင်းကြောင့် လုံးဝ အားမငယ်ခဲ့ရပါဘူး Corinne တစ်ယောက်ကင်ဆာရောဂါကိုတိုက်ထုတ်ရင်း သူတို့ကတိပေးထားတဲ့ “Cakebarring” ပရောဂျက်ကိုပြီးဆုံးအောင်လုပ်နိုင်ပါ့မလား သူတို့သူငယ်ချင်းနှစ်ယောက်သား ခက်ခဲတဲ့အချိန်တွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတာကို ကြည့်ရှူရမှာပါ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Romance, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

6.5 2023
Sitting in Bars with Cake
If You Were the Last
6.3

If You Were the Last (2023) ~ IMDb – 6.3/10, Rotten Tomatoes – 85% ~ အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။ နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်‌ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ‌ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ဝါးလုံးကွဲမဟုတ်ရင်တောင် ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်း ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 985MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 32Min Genre – Comedy, Romance. Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

TV Movie • Comedy • Romance
6.3 2023
If You Were the Last
Hellhole
5.8

Hellhole [2022] (IMDb 5.8/10, RT 57%) ဇာတ်လမ်းအစမှာ ဖာသာတစ်ယောက် မွေးကင်းစကလေးတစ်ယောက်ကို ဓားနဲ့ထိုးပြီး သတ်ဖို့ ဟန်ပြင်နေတယ်… ဒီအခိုက်မှာပဲ ရဲတွေ ရောက်လာပြီး ဖမ်းစီးသွားခဲ့တယ်… ဇာတ်လမ်းဟာ ဒီကစပေမယ့် နောက်အနှစ် ၃၀အကြာကို ရောက်သွားပါတယ်… ဖာသာ မာရက်ကို ခရီးဦးကြိုပြုတာကနေ စတာပါပဲ… ဖာသာမာရက်ဟာ ပိုလန်ကျေးလက်တစ်နေရာက နာတာရှည်သမားတွေကို ကုသပေးနေတဲ့ ဘုန်းတော်ကြီးကျောင်းကို ရောက်လာခဲ့ပါတယ်… ရောက်တာနဲ့ သူ့ထဲက ပစ္စည်းတွေကို စစ်ဆေးပါတော့တယ်.. ပြင်ပကမ္ဘာက ပစ္စည်းတွေကြောင့် ကျောင်းတော်ထဲက ဟာမိုနီဖြစ်မှုကို ပျက်ပြားမှာစိုးလို့တဲ့လေ… သည်နောက်မှာတော့ ဖာသာ မာရက်ဟာ သူလာရခြင်း အကြောင်းအရင်းဖြစ်တဲ့ မကောင်းဆိုးဝါးနှင်တဲ့ ကိစ္စတွေမှာ ပါဝင်ပက်သက် ရပါတော့တယ်… တကယ်တော့ မာရက်ဟာ ဖာသာအစစ်မဟုတ်ပါဘူး… အယောင်ဆောင်ထားတဲ့ ရဲတစ်ယောက်သာ ဖြစ်ပါတယ်… ဒီကျောင်းတော်ရှိတဲ့ ဧရိယာမှာ မိန်းမငယ်‌ ၈ယောက်ပျောက်ဆုံးတာဟာ ဒီကျောင်းတော်ကို အပနှင်ဖို့ စေလွှတ်ခံရပြီးနောက် ပြန်ပေါ်မလာတာလို့ သတင်းပေးလာတဲ့အတွက် မာရက်ဟာ အသွင်ယူပြီး စုံစမ်းနေတာပဲ ဖြစ်ပါတယ်.. အထဲရောက်သွားမှ ဖြစ်စဉ်ဟာ သူထင်သလောက် မရိုးရှင်းသလို ထူးဆန်းမှုတွေလည်း အများကြီးပါနေပါတော့တယ်… မာရက်တစ်ယောက် ဘာဆက်ဖြစ်မလဲကတော့ ပရိတ်သက်ကြီးကိုယ်တိုင်သာ ရှုစားလိုက်ကြပါဦးခဗျာ အညွှန်းနဲ့ဘာသာပြန်ကတော့ Tun Aung Kyaw ပဲဖြစ်ပါတယ် Genre….. Horror, Mystery Quality…. 1080p | 720p File size… 682MB | 356MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.8 2022
Hellhole
Beautiful Rebel
6.4

ဒီရုပ်ရှင်လေးကတော့ အီတလီရဲ့ အအောင်မြင်ဆုံး Rock Starတစ်ယောက်ဖြစ်တဲ့ Gianna Nanniniရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပတ္တိဇာတ်ကားလေးပဲဖြစ်ပါတယ်….။ ငယ်စဥ်ကတည်းက ဂီတကိုရူးသွပ်ပေမယ့် မိသားစုရဲ့ အားပေးပံ့ပိုးမှုမရခဲ့တော့ အခက်အခဲမျိုးစုံကြားကနေ ကိုယ့်လမ်းကိုယ်ဖောက်ခဲ့တဲ့ အမျိုးသမီးရော့ခ်အဆိုရှင် တစ်ယောက်ယောက်အကြောင်းကိုမြင်တွေ့ရမှာပါ…။ ထိုခေတ်အခါက အီတလီဂီတလောကမှာက အမျိုးသမီးဆိုရင် ပေါ့ပ်အမျိုးအစားဆိုမှ..၊ကြွကြွရွရွလေးဝတ်စားနေထိုင်ပြမှဆိုတဲ့ ပုံစံခွက်ထဲကနေ သူ့ကိုယ်ပိုင် ရော့ခ်ဂီတ ရော့ခ်ဟန်ပန်တွေနဲ့ ထိုးဖောက်ခဲ့သူလည်းဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တဲ့ သူ့ရဲ့အကျင့်စရိုက်ကြောင့်လည်း အီတလီရောခ့်ဂီတမှာ ထိပ်တန်းကိုရောက်စေခဲ့တာလို့လည်း ပြောနိုင်ပါတယ်…။ အီတလီရော့ခ်စတားတစ်ဦးရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ခံစားရင်း သူ့ဘဝဇာတ်ကြောင်းကိုပါ ရှုစားရမယ့် ဇာတ်ကားလေး ဖြစ်တာမို့တင်ဆက်ပေးလိုက်ရပါတယ်ဗျာ….။ File size…1.84GB / 874MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Biography , Music , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.4 2024 114 mins
Beautiful Rebel
Atlas

ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။ ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ သိပ္ပံကားကြိုက်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။ File size…(4.2 GB)/ (1.96 GB)/ (1 GB ) Quality….Webrip 4K HEVC / 1080p / 720p Format…mp4 Duration….02:00:00 Genre…Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson And Ka Naung Translated by Mr. Anderson

TV Movie • Drama • History
0 2024
Atlas
Seven Cemeteries

ဒီတစ်ခါမှာတော့ စပိန် Supernatural နဲ့ Horror အရောကား‌‌တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲမှာ အစိုးရက နယ်စပ်ခိုးဖြတ်တဲ့လမ်းကို ပိတ်လိုက်ပြီးနောက် ဂိုဏ်းရာဇာတစ်ယောက်ဟာ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်ကို ခိုးဝင်ဖို့ ကာမယ်လာတို့ရဲ့ လယ်မြေကို သိမ်းချင်နေပါတယ်။ ကာမယ်လာရဲ့လယ်မြေအောက်မှာ ခိုးကူးလို့ရတဲ့ လျှို့ဝှက်တူးမြောင်းတွေရှိလို့ပါ။ ဒ ါကို ကာကွယ်ရင်းနဲ့ ကာမယ်လာရဲ့ ယောက်ျား မက်တဲရိုလည်း အသက်ပေးလိုက်ရပါတယ်။ ဒီလိုနဲ့ ကာမယ်လာဟာ ဂိုဏ်းရာဇာရဲ့ ယုတ်မာမှုကြောင့် ထောင်ကျနေရတဲ့ ဘရာဗို ထောင်ကလွတ်လာတဲ့အခါ ဂိုဏ်းရာဇာကို ရင်ဆိုင်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘရာဗိုလည်း လုပ်ကြံခံလိုက်ရပါတယ်။ ကံကောင်းတာက ဘရာဗိုကို စုန်းမတစ်ယောက်က ကယ်ထားပြီး လူသေတွေကို အသက်ပြန်သွင်းနိုင်တဲ့နည်း သင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဘရာဗိုဟာ သေသွားပြီးသား လူမိုက်ဟောင်းတွေကို လိုက်နှိုးပြီး ဂိုဏ်းရာဇာကို လက်တုံ့ပြန်ဖို့ ပြန်ရောက်လာပါတော့တယ်။ File size…(1.3 GB)/(801 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Winter May

Crime • Comedy
0 2024
Seven Cemeteries