YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Para.Kang.Papa.Mo.2023.1080p.NF.YK(CM).mp4

1.24 GB N/A video/mp4 36 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Freeway
6.4

ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇ လူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။ အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိ တော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာ ဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲ အမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူက ဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျ သွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့ စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာ အဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့ အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေး လမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့ အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာ သတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်း စိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Adventure • Drama • Horror
6.4 1996 102 mins
Freeway
Nussa
6.7

ချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်လေးတွေဟာ ကြည့်တဲ့ သူတိုင်းကို စိတ်ကြည်နူးစေပါသတဲ့။ ဒီအင်ဒိုနီးရှား Animation လေးကတော့ ကြည်နူးစရာကောင်းတာထက် ပိုတယ်ဆိုရမလားပါပဲ။ နူဆာဟာ ခြေတစ်ဖက်မသန်တဲ့ ဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ပျော်စရာမိသားစု၊ ချစ်စရာသူငယ်ချင်းတွေရှိတဲ့ နူဆာဟာ ကျောင်းသိပ္ပံ ပြိုင်ပွဲတွေမှာအမြဲဆုရလေ့ရှိပါတယ်။ ဒုံးပျံလေးတွေဖန်တီးရင်း အာကာသ ထဲကို စိတ်ကူးနဲ့သွားနေတတ်သူပေါ့။ အဖေဖြစ်သူ အဝေးရောက်နေတာက လွဲပြီး သူ့ဘ၀လေးဟာ ပျော်စရာကောင်းလှပါတယ်။ ဒါ့အပြင် နူဆာ တစ်ယောက်  သူပြိုင်ရမယ့် သိပ္ပံပြိုင်ပွဲကြီးမှာ ဖခင်ပြန်လာဖို့အရေးကို စောင့်မျှော်နေပါတယ်။ အဲဒီအချိန် သူတို့ကျောင်းကို ဂျွန်နီဆိုတဲ့ကျောင်းသားသစ်လေးရောက်လာ ပါတယ်။ ဂျွန်နီဟာ နူဆာလိုပဲ ဒုံပျံလေးတွေဖန်တီးတဲ့ ဉာဏ်ကြီးရှင်ပါ။ ဂျွန်နီဟာ အရမ်းချမ်းသာပေမဲ့ အလုပ်များတဲ့မိဘတွေကြောင့် အမြဲအထီး ကျန်နေသူ၊ သူငယ်ချင်းလည်းမရှိသူလေးပါ။ သူကတော့ မိဘတွေရဲ့အာရုံ စိုက်မှုကို မျှော်နေသူလေးပေါ့။ ဒီလိုနဲ့ နူဆာနဲ့ဂျွန်နီတို့ဟာ ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံရပါတယ်။ ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ သူတို့နှစ်ယောက်အတွက် ရင်းနှီးခင်မင်စရာအကြောင်း ပေါ်ပေါက်လာတဲ့ တစ်နေ့မှာတော့... မိသားစုမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တွေကို ချစ်စရာကောင်းအောင် ပုံဖော် ထားပြီး တစ်ကားလုံးမပျင်းရတာမို့ Animation ချစ်သူတွေအကြိုက်တွေ့ကြမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.25 GB) / (520 MB) / (300 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 47mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animcation, Adventure, Comedy Translator.......C'mon Encoder..........SWM

Adventure • Animation • Comedy • Family
6.7 2021 107 mins
Nussa
Dead Man's Shoes
7.1

Old but Gold ဖြစ်တဲ့ British ကားကောင်းလေးတွေကို ရှာဖွေ ကြည့်ရှုတတ်သူတွေအတွက် အလွန်သင့်တော်တဲ့ ရုပ်ရှင်ကားလေး တစ်ကားကို ညွှန်းပေးရမယ်ဆိုရင် ဒီရုပ်ရှင်ကားလေးဟာ ရှေ့ဆုံးကနေ နေရာယူထားလောက်မှာလည်းဖြစ်ပါတယ်။ ဟိုးအရင်ကကားတွေကို အမူပိုတယ်လို့ ထင်တတ်တဲ့သူတွေတောင် ကြည့်ရအဆင်ပြေမယ့်ကားလေးတစ်ကားလည်းဖြစ်တဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ Drama/ Thriller အမျိုးအစားဖြစ်ပြီး Google Users ပေါင်း ၉၁% လောက် ကြိုက်နှစ်သက်ထားတဲ့ ကားကောင်း လေးပဲဖြစ်ပါတယ်။ နာမည်ကျော်ကြားပြီး ကောင်းမွန်လှတဲ့အင်္ဂလန်စီးရီးတွေဖြစ်တဲ့ This is England(2010/2011/2015), The Virtues နဲ့ A Room For Romeo Brass(1999) တို့ကို ရိုက်ကူးခဲ့တဲ့ အင်္ဂလန်ဒါရိုက်တာ Shane Meadows ရဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ အင်္ဂလန်ကား ကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ကားဟာ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တာနဲ့အညီ ၉၀ ခုနှစ်အငွေ့အသက်တွေ ရနေမှာ အန်တိုနီနဲ့ ရစ်ချက်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ဇာတ်အိမ်ကောင်းကောင်းနဲ့ တည်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် မလွတ်တမ်းအားပေးကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.63 GB) / (1.05 GB) / (569 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Horror Translator.......San Thu Aung Encoder..........SWM

Drama • Fantasy • Horror
7.1 2004 90 mins
Dead Man's Shoes
Yin and Yang Painted Skin
8

“လူသားလုလင်ပျိုနဲ့ မြွေမိစ္ဆာမလေးတို့ရဲ့ အချစ်အမုန်း အားပြိုင်မှုလေးတစ်ခု” သက်ရှိတွေအားလုံးကို ဆွဲဆောင်ညှို့ယူထားတဲ့ မြွေမိစ္ဆာမလေး လီချင်းတစ်ယောက် တောင်ပေါ်ကို ဆေးပင်လာခူးတဲ့ ဇနီးမယားရှိပြီးထားသူ ဝမ်ရှန်းကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါမှာတော့ ဇနီးမယားရှိတာကို အာရုံမထားပဲ ဝမ်ရှန်းကို ရယူသိမ်းပိုက်ဖို့ ပြင်ဆင်လာခဲ့ပါတော့တယ် ဝမ်ရှန်းရဲ့ အိမ်တော်ကို နည်းမျိုးစုံနဲ့ဝင်ရောက်ခဲ့ပြီး ဝမ်ရှန်းရဲ့ ဇနီးဖြစ်သူ ရွှီဖန့်နဲ့ လူအရေခွံလဲလှယ်ဖို့ ကြံစည်ခဲ့ပါတယ် လီချင်းရဲ့ အဘွားဖြစ်သူဟာ သူမကို ယောကျာ်းတွေရဲ့ ဝိဉာဥ်စွမ်းအား စုဆောင်းခိုင်းပေမဲ့လဲ အဘွားဖြစ်သူရဲ့ ဆန္ဒကို အတိုက်အခံလုပ်ကာ ဝမ်ရှန်းကို ရဖို့ အခေါက်ခေါက်အခါခါ စွန့်စားခဲ့ပါတယ် တစ်နေ့မှာ ဝမ်ရှန်းတစ်ယောက် လီချင်းသူ့ကို မောင်ပိုင်စီးဖို့ကြိူးစားနေတဲ့ အကြောင်း သိရှိသွားတဲ့အချိန်မှာတော့ - ❐ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေက ရှေ့ဆက်သွားလို့ရနိုင်ပါ့မလား ? ❐ မမျှော်လင့်ထားတဲ့ ဘယ်လို အတားအဆီးမျိုးတွေကိုရော ကြုံတွေ့ရဦးမှာလဲ ? ❐ လူသားနဲ့ မိစ္ဆာကြားက အချစ် အမုန်း အားပြိုင်မှုတွေကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ ဒီဇာတ်ကားလေးကို လက်မလွှတ်တမ်းကြည့်ရှုပေးပါဦးနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Action Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Comedy • Crime • Thriller
8 2022 76 mins
Yin and Yang Painted Skin
Jockey
6

~ IMDb - 6.5/10, Rotten Tomatoes - 93% ~ Jockey ဆိုတာကတော့ သိတဲ့လူလည်းသိကြမှာပါ။ အကြမ်းဖျဥ်းပြောရရင် မြင်းစီးသမားပဲဆိုပါစို့။ ဒါပေမဲ့ မြင်းစီးတဲ့လူတိုင်းကို ဂျော်ကီလို့မခေါ်ပါဘူး။ ကျွန်တော်တို့တချို့ရုပ်ရှင်တွေမှာ သူဌေးကြီးတွေမြင်းပွဲလောင်းတဲ့အခန်းမျိုး မကြာခဏမြင်ဖူးပါလိမ့်မယ်။ အဲဒီပြိုင်ပွဲဝင်မြင်းတွေရဲ့ ကျောပေါ်ကနေစီးနင်းပေးရတဲ့ကစားသမားကို ဂျော်ကီလို့ခေါ်တာပါ။ လူအများစုကတော့ မြင်းပွဲတစ်ပွဲမှာ အမြန်ဆုံးမြင်းကနိုင်တာပဲလို့ အကြမ်းဖျဥ်းသိထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲတစ်ပွဲမှာအနိုင်ရဖို့ ဂျော်ကီတစ်ယောက်ရဲ့အရည်အချင်းနဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါသလဲဆိုတာအပြင် တကယ့်လက်တွေ့မှာဂျော်ကီတွေရဲ့ဘဝကဘယ်လိုအနိမ့်အမြင့်တွေရှိမယ်၊ စွန့်စားရမှုတွေ၊ ဝါသနာအတွက်ပေးဆပ်ရမှုတွေကို ရုပ်ရှင်တစ်ကားဆိုတာထက် Documentary ဆန်ဆန်တင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားပါ။ အားကစားနောက်ခံဇာတ်ကားလို့လည်း ခေါ်နိုင်ပေမဲ့ အားကစားနောက်ခံကားတွေမှာ မြင်ရနေကျ ဒရာမာချိုးတဲ့အကွက်ကြီးတွေမပါပါဘူး။ အဓိကဇာတ်ဆောင်မင်းသားဟာ ကစားသမားဘဝရဲ့နေဝင်ချိန်ကိုနီးကပ်နေပြီဖြစ်တဲ့ ဝါရင့်ဂျော်ကီကြီးတစ်ယောက်ဖြစ်ပါတယ်။ ခုနကပြောခဲ့သလိုပဲ ဒီဇာတ်ကားဟာ သူ့ကိုတည်ပြီးတော့ သူ့ကစားသမားဘဝနေဝင်ချိန် အစိတ်အပိုင်းလေးတစ်ခုကို Documentary ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီဇာတ်ကားကို ကြည့်ပြီးရင် သင်ခန်းစာတို့ဘာတို့တော့မရနိုင်ပေမဲ့ ကိုယ်မသိခဲ့တဲ့နယ်ပယ်တစ်ခုအကြောင်းကိုတော့ အလုံးစုံမဟုတ်တောင် ထဲထဲဝင်ဝင်သိသွားမှာပါ။ အဓိကဇာတ်ဆောင်နေရာက မင်းသားကြီးရဲ့သရုပ်ဆောင်ချက်တွေကအပိုအလိုမရှိတဲ့အပြင် Drama တွေကလည်း Over acting တွေ ပေါကွက်တွေမပါပါဘူး။ ဒိုင်ယာလော့ဂ်တွေဆိုရင်လည်းမဆိုးဘူးဆိုတာထက်ကိုပိုပါတယ်။ နည်းနည်းတော့ပျင်းစရာကောင်းမယ်ထင်ရပေမယ့် ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားတစ်ကားဖြစ်မယ်လို့အာမခံကြောင်းပါခင်ဗျား... (ဒီဇာတ်ကားနဲ့အညွှန်းကို Min Khant Bo မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.2GB, 550MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 34Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Khant Bo Encoded by Y

Drama • Horror
6 2021 94 mins
Jockey
The Venus Effect
6.9

သာယာပျော်ရွှင်တဲ့မိသားစုလေးကနေ ဆင်းသက်လာတဲ့ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ relationship တစ်ခုကို ပိုင်ဆိုင်ထားတဲ့ကောင်မလေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားတဲ့ Comedy Romance Film လေးပဲ ဖြစ်ပါတယ်။ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ သာမာန်ဘဝလေးထဲက ကောင်မလေးတစ် ယောက်ရဲ့ စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်းရှိတဲ့အရာက ဘယ်အရာ ဖြစ်ပါလိမ့်မလဲ။ အချစ်ဆိုတဲ့အရာဟာ ထူးဆန်းပါတယ်။ stereotype တွေကို ဂရုမစိုက်ဘူး ချစ်ချင်ရင် ချစ်ခွင့်ရတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ခွင့်ရတာမျိုးက ကောင်းမွန် တဲ့ဘဝကို ပိုင်ဆိုင်ရခြင်းပါ။ ဒီဇာတ်ကားလေးမှာတော့ straight တစ်ယောက်ဖြစ်တဲ့ကောင်မလေးကနေ lesbian အဖြစ် coming out လုပ်ဖို့အတွက် အားယူရတဲ့ momentsတွေ struggles တွေကို ပုံဖော်ရိုက်ကူးပေးထားတာမို့ ပရိသတ်ကြီးအတွက် သဘာဝဆန်သော ဇာတ်ညွှန်းဇာတ်ကွက်များကိုပေးစွမ်းနိုင်တဲ့ ကားကောင်းလေးတစ်ကားဖြစ်တယ်လို့ ပြောပါရစေ။ ဒီကားလေးရဲ့အနှစ်သာရကတော့ Love itself is beautiful ပါပဲ။ 18+ scene တစ်ချို့ပါတာကိုလည်း ကြိုတင်သတိပေးပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah Theint ဖြစ်ပါတယ်) File Size - (2.02 GB) / (954 MB) / (631 MB) Quality – BluRay 1080p / 720p/480p Duration - 1h 45mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama, Romance Translator – Yoonwahwah Theint Encoder – SWM

Crime • Drama
6.9 2021 105 mins
The Venus Effect
Pacific Rim: Uprising
6.1

Pacific Rim: Uprising (2018) IMDb - 5.6/10_____Rotten - 43% Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf  5.6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက် လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ကြံစည်လာပါတယ်။ ဒီမှာ တရုတ်နိုင်ငံ “ရှောင်-စက်မှုလုပ်ငန်း” ကနေ နည်းပညာအသစ်တွေနဲ့ ရှာကြံပြီး လူတစ်ယောက်တည်းကသာ မောင်းနှင်နိုင်ပြီး အဝေးထိန်းနဲ့ ထိန်းချုပ်နိုင်တဲ့ ယေဂါဒရုန်းစက်ရုပ်ကြီးတွေကို ပိုင်းလော့ဒ်တွေရှာရတဲ့ဒုက္ခ ကိုင်ဂျူးတွေနဲ့ တိုက်ခိုက်ရင်း ပိုင်းလော့ဒ်တွေမသေအောင်ဆိုပြီး တီထွင်နိုင်လိုက်ပြီး တစ်ကမ္ဘာလုံးအနှံ့တပ်ဖြန့်ထားနိုင်အောင် လုပ်ဆောင်နေပါပြီ……. -ဒီလိုအဖက်ဖက် အဆင်သင့်ပြင်ထားပေမယ့် ကိုင်ဂျူးတွေဖက်ကရော ကျူးကျော်ဖို့ ဘာတွေဘယ်လိုပြင်ဆင်နေကြသလဲ -ကိုင်ဂျူးတွေအရင်က အကောင်သေးတွေကနေ တဖြည်းဖြည်း ဆင့်ကဲတိုးတက်လာလို့ အရင်က အဆင့်-၄ အဆင့်-၅ လောက်ရှိတဲ့အကောင်ကြီးတွေက အခုရောဘယ်အဆင့်ထိ သတ်မှတ်နိုင်တဲ့ ကိုင်ဂျူးအကောင်ကြီးမျိုးတွေဖြစ်လာမှာလဲ -ဒီကားထဲမှာ ယေဂါတွေထဲက နာမည်ကျော်စက်ရုပ်တွေဖြစ်တဲ့ ဂျစ်ပစီအဗန်းဂျား…နိုဝင်ဘာအေဂျက်….ဆေဗာအသီနာ…..ဂါးဒီးယမ်းဘရာဗို….ဘရေဇာဖီးနစ် အစရှိတဲ့ဧရာမစက်ရုပ်ကြီးတွေက ဘယ်လိုအစွမ်းအစရှိသလဲတာကို ကြည့်လိုက်ကြရအောင်..... File Size : (872 MB) Quality : BluRay 720p Running Time : 1hr 51min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Little Twinlay Encoded by Moe Myint Lwin

Comedy • Drama
6.1 2018 111 mins
Pacific Rim: Uprising
The Warrant: Breaker’s Law
5.5

MDB 5.5/10 April 18ရက်နေ့ကမှ စတင်ထွက်ရှိလာခဲ့တဲ့ ဒီကားဟာဆိုရင်ဖြင့် အက်ရှင် costume drama အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ Dermot Mulroney, Neal McDonough, Bruce Boxleitner, Amy Hargreavesတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဓိက ဇာတ်ဆောင်ဖြစ်သူ ဂျွန်ဘရိတ်ကာက သူ့ဖမ်းမိထားတဲ့ ဒက်ဒ်အိုင်းဆိုတဲ့ လူကို နိုင်ငံကိုဖြတ်ပြီး ပို့ပေးရမှာဖြစ်တယ်။ ဒါပေမယ့်အဲ့မြို့ကလေးကိုရောက်သွားတဲ့အခါမှာ အဲ့မြို့မှာ သောင်းကျန်း ဆူပူပြီး မြို့ထဲက ရှိသမျှ လူတိုင်းကို သတ်ဖြတ်ရမ်းကားနေတဲ့ ဂိုဏ်းတစ်ခိုင်းကို သူတို့ကနေပြီးတော့ ဘယ်လိုတွေရင်ဆိုင်ပြီး‌တော့ကာကွယ်သွားမလဲဆိုတာကိုရိုက်ပြသွားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် ကောင်းဘွိုင်းခေတ်မှာ ဇာတ်အိမ်တည်ထားတာမို့ အဲ့ခေတ်ကဇာတ်လမ်းကို ကြည့်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့‌ဆို အရမ်းကိုနှစ်သက်မှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(930 MB)/(470 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama, Thriller, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Comedy • Romance
5.5 2023
The Warrant: Breaker’s Law
Only
5.1

ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊ File size… 1.36 GB / 570 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama, Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Action • Adventure • Thriller • Crime
5.1 2019
Only
Wings of Desire
7.9

Wings of Desire (1987) ~ IMDb – 7.9/10, RT – 95%, Meta – 79% ~ Directed by “Wim Wenders” လူများစုကတော့ Wim Wenders ကို လက်ရှိပူပူနွေးနွေးထွက်ထားတဲ့ ဂျပန်ရုပ်ရှင် Perfect Days နဲ့ ပိုရင်းနှီးနေကြလောက်မလားမသိဘူး။ ဒါပေမဲ့ ဝန်ဒါးရဲ့ မာစတာပိစ်ရုပ်ရှင်ဆိုရင်တော့ Wings of Desire လို့ပဲ ပြောကြရမှာပဲ။ တစ်နည်းပြောရရင် Wenders ကိုယ်တိုင်ထက် သူ့ရုပ်ရှင် Wings of Desire နဲ့ WoD ရဲ့ Remake ဖြစ်တဲ့ City of Angels ကိုတောင် လူသိပိုများရင် များလောက်မယ်။ ဘာပြောပြော Wings of Desire ဟာ Greatest Movies of All Time တွေထဲက တစ်ကားဖြစ်ခဲ့တယ်။ Wings of Desire နဲ့ ဝန်ဒါးဟာ Cannes မှာရော European Film Awards မှာရော အကောင်းဆုံး ဒါရိုက်တာဆု ရထားခဲ့တယ်။ ဇာတ်ရဲ့အကြောင်းအရာကိုပြောပြရင်တောင် ဒီဇာတ်ရဲ့ အကြောင်းအရာဖြစ်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီရုပ်ရှင်ကရတဲ့ စီးကူးမှုဟာလည်း ဇာတ်ရဲ့အကြောင်းအရာ ဟုတ်မနေဘူး။ တာကော့စကီးရုပ်ရှင် ကြည့်နေသရသလား ထင်မှတ်မှားရလောက်အောင် ရုပ်ရှင်ကို Poetic Narrations တွေ ကဗျာတွေ Poetic ဆန်တဲ့အပြတွေနဲ့ အသက်သွင်းထားတယ်။ စတိလောက် ဇာတ်အကြောင်းအရာပြောရရင်တော့ ဘာလင်မြို့က တမန်တော်တစ်ယောက်ရဲ့ လူတွေရဲ့ဘဝတွေကို မြင်နေရခြင်း၊ လူတွေရဲ့အတွေးတွေကို ကြားနေရခြင်းတွေကနေ အဲဒီလူတွေရဲ့ ဝေဒနာတွေ ခံစားချက်တွေကို စီးကူးမိနေတဲ့ အကြောင်းပဲ။ ပြောရရင် အဲဒီတမန်တော်ဟာ စစချင်းမှာ ဒီလူတွေရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ကြားခံလိုမျိုးဖြစ်နေခဲ့တယ်။ သူ့ရှေ့က တမန်တော်ကားတွေမှာတော့ တမန်တော်တွေဟာ လူတွေဘဝရဲ့ အနည်းနဲ့အများတော့ ဝင်ရောက်စွက်ဖက် ပြုပြင်ပြောင်းလဲပေးနိုင်ပေမဲ့ Wings of Desire က တမန်တော်တွေကတော့ မြင်နေ ကြားနေ ဘေးက ကရုဏာသက်နေရုံကလွဲ ဘာမှမလုပ်ပေးနိုင်ဘူး။ It’s a Wonderful Life တို့လို ရုပ်ရှင်တွေထဲက တမန်တော်တွေကနေ ကွဲထွက်သွားတဲ့အရာပေါ့။ ပိုကွဲထွက်တာက ဒီမှာက တမန်တော်ဆိုတဲ့ ဖြစ်တည်မှုထက် လူရဲ့ လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ အရသာကို ခံစားနိုင်ခွင့်ရှိတာက ပိုအလေးသာကြောင်းပြောထားတာမျိုးတွေပဲ။ ကော်ဖီနဲ့စီးကရက်ကို တွဲဖက်သောက်သုံးရတဲ့ ဘာနဲ့မှမတူတဲ့အရသာမျိုးကို မင်းမြည်းစေချင်စမ်းတယ်ဆိုတာမျိုးတွေပေါ့။ ဘဝကို အရသာခံတယ်လို့ ပြောရမယ်။ ဒါက Perfect Days အရင်ကြည့်ထားတဲ့လူတွေဆို ကောင်းကောင်းသိမှာပဲ။ Perfect Days မှာ ရှင်သန်နေတဲ့ဘဝကို ကောင်းကောင်းကြီး အရသာခံပြထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ဇာတ်ကောင်တွေထဲမှာရော လိုကေးရှင်းမှာရော ဘာလင်တံတိုင်းကြီးလည်းပါထားတယ်။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ တံတိုင်းကြီးပေါ့။ ၁၉၆၁ကနေ စပိုင်းခြားထားတဲ့ ဒီတံတိုင်းကြီးဟာ Wings of Desire ထွက်ပြီး နှစ်နှစ်အကြာ ၁၉၈၉ မှပဲ ဖြိုချခဲ့တယ်။ Wings of Desire က တစ်ချို့လူတွေရဲ့ ဝေဒနာတွေဟာ ဒီပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးနဲ့ မကင်းတာကိုလည်း ကျွန်တော်တို့ မြင်နိုင်တယ်။ ဒီရုပ်ရှင်မှာ တမန်တော်တွေဟာ အရောင်တွေကို မမြင်နိုင်တဲ့အတွက် တမန်တော်ဘက်ခြမ်းအကုန်နီးပါးက အဖြူအမည်းနဲ့ပြထားပြီး နတ်သက်လျှောလူဖြစ်သွားတဲ့နောက် အရောင်နဲ့ပဲပြခဲ့တယ်။ စီနီမာတိုဂရပ်ဖာက Henri Alekan… သူလည်း သူ့ခေတ်ရဲ့ အကြီးကျယ်ဆုံး စီနီမာတိုဂရပ်ဖာတွေထဲပါတယ်။ ဒီရုပ်ရှင်ရဲ့ အပြတွေမှာ သူ့ကိုယ်ပိုင်တီထွင်မှုတွေနဲ့ ရိုက်ကူးထားတာတွေလည်း ပါခဲ့တယ်။ French New Wave ရဲ့ တစ်တပ်တစ်အားလည်းဖြစ်ခဲ့တယ်။ ဒီရုပ်ရှင်အတွက် သူသုံးခဲ့တဲ့ Filter ကလည်း တော်တော်လန်းတယ် သူ့အဘွားရဲ့ စတော်ကင်အစုတ်ကြီး။ နောက် ဒီရုပ်ရှင်မှာ Nick Cave & the Bad Seeds တို့ရဲ့ Concert တစ်ခုပါတယ်။ ဝန်ဒါးအဆိုအရတော့ နစ်ကေ့ပွဲမပါဘဲ ဘာလင်ကို သူမရိုက်ပြနိုင်ဘူးလို့ဆိုတယ်။ နတ်သက်ကြွေ တမန်တော်တွေဟာ ဒီရုပ်ရှင်ထဲတင် အများကြီးရှိကြောင်းပြောခဲ့သလို ရုပ်ရှင်ရဲ့အဆုံးမှာ ဝန်ဒါးက ” Dedicated to all the former Angels, but especially to Yasujiro, François, Andrei ” လို့ အပိတ်စာတန်းထိုးထားခဲ့တယ်။ ဒီသုံးယောက်ကတော့ သူ သဘောအကျဆုံး အလေးစားဆုံး ဒါရိုက်တာတွေဖြစ်တဲ့ Yasujiro Ozu, François Truffaut နဲ့ Andrei Tarkovsky တို့တွေပါပဲ။ ဒီတော့ သူပြောချင်တဲ့ တမန်တော်ဆိုတာ တမန်တော်ဟုတ်ရဲ့လားလို့တော့ မေးခွန်းထုတ်စရာရှိနေလိမ့်မယ်။ ဝန်ဒါးဟာ အိုဇုကို တော်တော်ချစ်တာကြောင့်ပဲ ဂျပန်ကားကို ဂျပန်ကားစစ်စစ်ဖြစ်အောင် ရိုက်ပြနိုင်ခဲ့သလို Wings of Desire ကိုယ်တိုင်ကလည်း Tarkovsky ရုပ်ရှင်တစ်ကားကြည့်ရတဲ့ အငွေ့အသက်တော်တော်လေးရနေတဲ့ ရုပ်ရှင်ပါပဲ။ Truffaut ရုပ်ရှင်တွေလို လူတွေရဲ့ဘဝကို မြင်စေနိုင်စွမ်းမျိုးလည်းပါနေတယ်လို့ဆိုတယ်။ Wings of Desire ဟာ ပြန်ပြောပြဖို့တော်တော်ခက်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျွန်တော် ပြန်ပြောပြတတ်သလောက်ပြောရရင်တော့ ဝန်ဒါးရဲ့ သူချစ်တဲ့ဒါရိုက်တာတွေကို Homage ပေးပြီး သူချစ်တဲ့ပိုင်းခြားခံထားရတဲ့ဘာလင်ကို၊ သူချစ်တဲ့နာကျင်ကြေကွဲနေကြတဲ့ ဘာလင်က လူတွေကို၊ သူချစ်တဲ့ ရှင်သန်ခြင်းရဲ့အရသာကို ရိုက်ပြထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 935MB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 8Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1987 128 mins
Wings of Desire
Bee Movie
6.1

Bee Movie (2007) **************** Cm Animation ပရိသတ်ကြီးကို ၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့ Bee Movie ဆိုတဲ့ ပျော်စရာကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်ကားလေးထဲမှာ ပျားကလေးတွေ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာကို ဗဟုသုတအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ပျားတွေနဲ့လူတွေသာ စကားပြောဖြစ်ကြရင် ဘယ်လိုတွေဖြစ်လာမလဲဆိုပြီး စိတ်ကူးယဉ်ဇာတ်လမ်းလေးဖွဲ့ထားတာပဲဖြစ်ပါတယ်… ပျားတွေဟာ နှစ်သန်းပေါင်း ၂၇နှစ် ကြာအောင် ကမ္ဘာပေါ်မှာ တစ်ရက်မှ မနားဘဲ အလုပ်လုပ်နေကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်… တစ်နေ့မှာ ဘယ်ရီဆိုတဲ့ ပျားကလေးတစ်ကောင်ဟာ ကျောင်းပြီးဘွဲ့ရလို့ အလုပ်ခွင်ဝင်ရမယ့် အချိန်ရောက်လာခဲ့ပေမယ့် ပျားတွေလုပ်ရမယ့် သာမန်အလုပ်ကို မလုပ်ချင်ဘဲ စူးစမ်းချင်စိတ်ရှိတဲ့ ဘယ်ရီဟာ ပျားအုံရဲ့အပြင်ကို ထွက်သွားမိရာကနေ … လူသားတွေနဲ့ တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုစွန့်စားမှုမျိုးတွေ ကြုံရမှာလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော် .. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်) File Size : 2.38GB / 1.03GB Quality : BluRay 1080p/ 720p Format…mp4 Duration…01:31:00 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by AHtet

6.1 2007
Bee Movie
Stone Cold
6.1

၁၉၉၁ ခုနှစ်က ထွက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ ပရိသတ်တွေ ရင်းနှီးတဲ့သူတော့မဟုတ်ပါဘူး။ တစ်ချိန်က အမေရိကန်ဖွတ်ဘော ကစားခဲ့တဲ့ကစားသမားဟောင်းဖြစ်ပြီး ဒီကားက သူရဲ့ရုပ်ရှင်သရုပ်ဆောင်ဘဝအစရဲ့ ပထမဆုံးကားဖြစ်ပါတယ်။ IMDb rating 6.1/10 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မစ္စစ္စပီပြည်နယ်တစ်ဝိုက်မှာ ညီအကိုများလို့ နာမည်ကြီးတဲ့ဆိုင်ကယ်စီးတဲ့ ဂိုဏ်းတစ်ခုက မကောင်းတဲ့အလုပ်တွေ အကုန်လုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေပါတယ်။ ဒါကို FBI က ဖြိုခွဲချင်တဲ့အတွက် ခပ်ကြမ်းကြမ်းနေတတ်တဲ့ရဲသား ဂျိုးဟဖ်(မင်းသား)ကို အဲဒီဂိုဏ်းထဲဝင်ခိုင်းပြီး ဂိုဏ်းကို ဖမ်းဖို့ အကွက်ဆင်တာ ဖြစ်ပါတယ်။ မင်းသားအနေနဲ့ ညီအကိုတွေရဲ့ ယုံကြည်မှုရအောင် လုပ်ဆောင်အပြီး တစ်ဂိုဏ်းလုံးကို ဖမ်းကာနီးမှာပဲ ဒုစရိုက်မှုပပျောက်အောင်လုပ်နေတဲ့ ခရိုင်ရှေ့နေ ဝှစ်ပါတန်ကိုပါ ညီအကိုတွေက လုပ်ကြံကြတော့မှာ ဖြစ်သလို သူ့ကိုလည်း သူလျှိုမှန်းသိသွားကြတဲ့အတွက် ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ အက်ရှင်တွေက ဒီဘက်ခေတ်လောက် သိပ်မကောင်းပေမယ့် အဲဒီခေတ်က အရမ်းပေါက်ခဲ့တဲ့ကားလေးပါ။ ခံစားကြည့်ကြပါ။ (ငယ်ငယ်က ဒီကားကို သမ္မတရုံမှာ ကြည့်ပြီး ဆိုင်ကယ်သမားဖြစ်ချင်ခဲ့တယ်။ မှတ်မှတ်ရရ ရုပ်ရှင်ရုံမှာ ချိတ်ထားတဲ့ပိုစတာကြီးက စိတ်ဝင်စားစရာ တစ်ကွက်မှမရှိတဲ့ မင်းသားကဖွတ်ကြီးကို ဖက်ထားတဲ့ပုံကြီးဗျ :D) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ Ko Nyi Nyi Kyaw Myint ပဲဖြစ်ပါတယ်။) File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:32:00 Genre… Action, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nyi Nyi Kyaw Myint

6.1 1991 92 mins
Stone Cold
Special Monster
5.2

ကမ္ဘာဦးသတ္တဝါတွေနဲ့ဝန်းရံထားတဲ့ ဆန်းကြယ်တဲ့ကျွန်းတစ်ကျွန်း…… စုန့်ခေတ်မှာ အာရပ်ကုန်သည်တစ်ယောက်ကကုန်ကူးဖို့သွားရင်းနဲ့ ပင်လယ်ပြင်မှာမုန်တိုင်းမိပြီးတော့ သူတို့ရဲ့သင်္ဘောဟာပျောက်သွားခဲ့တယ်။ အဲဒီသင်္ဘောပေါ်မှာရတနာတွေအများကြီးပါတယ်လို့ဒဏ္ဍာရီရှိတယ်။ နောက်နှစ်ပေါင်း (၇၀၀)ကျော်ကြာလာပြီး လက်ရှိခေတ်ရောက်တဲ့အထိ အဲဒီသင်္ဘောကိုရှာနေတဲ့သူတွေရှိပါတယ်။ တံငါသည်တစ်ချို့ရဲ့အပြောအရ ရတနာလှေသင်္ဘောကြီးဟာ ဆန်းကြယ်တဲ့ကျွန်းမှာရှိတယ်လို့ဆိုတယ်။ ဒီလိုနဲ့ ချန်ဝူရယ်ဆိုတဲ့လူတစ်ယောက်ဟာဦးဆောင်ပြီးတော့ ဇီဝသက်ရှိဗေဒပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင်နဲ့ လုံခြုံရေးတပ်ဖွဲ့ကိုခေါ်ပြီးတော့ ဆန်းကြယ်တဲ့ကျွန်းကိုရှာဖို့ခရီးစလိုက်ပါတယ်။ ပင်လယ်ပြင်မှာအန္တရာယ်တွေကျော်ဖြတ်ပြီးမှာ ဆန်းကြယ်တဲ့ကျွန်းကို ရောက်လာခဲ့ကြပေမယ့် မှန်းဆမရတဲ့နောက်ထပ်အန္တရာယ်တွေကသူတို့ကိုစောင့်ကြိုနေတဲ့အခါ……

Action • Adventure • Drama
5.2 2025
Special Monster
She’s All That

IMDb Rating 5.9/10 ဆယ်ကျော်သက်အချစ်ရုပ်ရှင်ကားတစ်ကားပေမဲ့ ပုံမှန်ဆယ်ကျော်သက်ကားတွေနဲ့ မတူညီတဲ့ ရှုထောင့်ကနေ ခံစားသက်ဝင်ပြီး ကြည့်ရှုရမယ့် She’s All That ……………. မင်းသားချောလေး Freddie Prinze Jr ပါဝင်ထားတဲ့ ကြည်နူးစရာအချစ်ကားလေးတစ်ကားဖြစ်ပြီး ဒီကားမှာ ဖရတ်ဒီက ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်…. ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာက Queen တေလာဗန်ဟာရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး အသဲကွဲနေသောအခါ… သူ့သူငယ်ချင်းတွေက အသဲကွဲနေတဲ့သူ့ကို နှစ်သိမ့်ကြရင်း အလောင်းအစားတစ်ခုကို လောင်းကြဖို့ အခြေအနေတစ်ခုဖြစ်လာပါတယ်…. အဲ့အလောင်းအစားကတော့ ဒီကျောင်းက တစ်ယောက်ယောက်ကို ရွေးချယ်ပြီး ဇက်ဆိုင်လာက Queen ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ် သူတို့ဖန်တီးပေးရမယ့် သားကောင်က ကျောင်းက လူထူးဆန်းမလေး လန်နီဖြစ်နေတဲ့အခါ…… သူ့ရဲ့အလောင်းအစားကို အနိုင်ရဖို့ ဇက်ဆိုင်လာက လန်နီကို ချဉ်းကပ်ခဲ့ရင်း တစ်ယောက်နဲ့ တစ်ယောက်နီးစပ်သွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ? ဇက်ဆိုင်လာက အလောင်းအစားမှာ အနိုင်ရနိုင်မလား??? ဒါမှမဟုတ် လန်နီကို တကယ်ချစ်မိသွားမလားဆိုတာကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဆယ်ကျော်သက်အချစ်ကား တစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Thriller • Mystery • Horror
0 1999
She’s All That